သဘင္ထဲကဗိသုကာ [ အစ/အဆုံး]
ျမန္မာသဘင္တြင္ ဗိသုကာပညာရပ္သည္ အဓိကက်ေသာ အခန္းကဏၭတစ္ရပ္ကေန အခိုင္အမာေထာက္ပံ့ေပးေနပါသည္။ ထိုေၾကာင့္ သဘင္ႏွင့္ဗိသုကာလို့ဆိုလိုက္ရင္ လူေတာ္ေတာ္မ်ားမ်ားက "အႏုပညာနဲ႔ေဆာက္လုပ္ေရးပညာ"သည္ ဘာမွဆက္စပ္မွုမရွိဘူး ဟုေျပာၾက ထင္ၾက ယူဆၾကမွာ အမွန္ပင္ျဖစ္၏။ကဲ အဲလိုဆိုရင္ ယခုရွုေထာင့္ကေန ေတြးၾကည့္လိုက္ၾကရေအာင္...။
ျမန္မာဇာတ္သဘင္ဘဲျဖစ္ျဖစ္ တျခားေသာေဖ်ာ္ေျဖေရးအစီအစဥ္ေတြဘဲျဖစ္ျဖစ္ မက်င္းပခင္မွာ ဇာတ္ခုံမ်ား(stages)၊ယာယီဇာတ္႐ုံမ်ား(temporary theatres)ကို အရင္ဆုံးတည္ေဆာက္ရပါတယ္။ထိုေနာက္ ဇာတ္လုပ္ငန္းခြင္အတြက္ လိုအပ္သည့္ ဆက္တင္ပစၥည္းမ်ား(Set facilities)မ်ားကို ဇာတ္သဘင္အတက္ပညာရွင္မ်ားက တီထြင္ဖန္တီးရပါတယ္။အဲဒိအျပင္ အႏုပညာရွင္မ်ားေနဖို့အတြက္ အဝတ္စားလဲခန္းမ်ား(Dressing Room)၊မိက္ကပ္ခန္းမ်ား(Make-up Room)မ်ားႏွင့္ ပရိသတ္မ်ားၾကည့္ရွုဖို့အတြက္ ေနရာထိုင္ခင္းမ်ား(auditorium)စသည့္တို့ကို ေနရာခ်အရင္ခ်ရသည္။ဤအရာမ်ားသည္ သဘင္တြကို ဗိသုကာပညာရပ္မ်ားက ပံ့ပိုးေပးေနသည္ အေသအခ်ာပင္ျဖစ္ေပသည္။
ျမန္မာသဘင္
နိုင္ငံတစ္နိုင္၊လူမ်ိဳးတစ္မ်ိဳးဆီတိုင္းမွာ ရိုးရာယဥ္ေက်းမွုအႏုပညာဆိုတာ ရွိၾကပါသည္။စာေရးသူတို့နိုင္ငံမွာလည္းရွိပါတယ္။အဲဒါကေတာ့ သဘင္ဘဲျဖစ္ပါသည္။သဘင္မွာ အနိမ့္သဘင္ႏွင့္ အျမင့္သဘင္ရယ္လို့ ႏွစ္မ်ိဳး ရွိပါတယ္။အျမင့္သဘင္မွာ ႐ုပ္ေသး႐ုပ္မ်ားကို ႀကိဳးျဖင့္ဆြဲ၍ ကျပရေသာ ေဖ်ာ္ေျဖတင္ဆက္မွုျဖစ္ၿပီး အနိမ့္သဘင္ကေတာ့ သဘင္ပညာရွင္မ်ားကိုယ္တိုင္ ကျပေဖ်ာ္ေျဖရေသာ တင္ဆက္မွုဘဲ ျဖစ္ပါတယ္။အနိမ့္သဘင္တြင္ ဇာတ္သဘင္ႏွင့္ အၿငိမ့္သဘင္ ႏွစ္မ်ိဳးခြဲထားပါသည္။ေနာင္တြင္ အၿငိမ့္သဘင္မွ ျပန္႔ပြားလာေသာ ပေဒသာကပြဲမ်ား၊ေတးသ႐ုပ္ေဖာ္ကပြဲမ်ားစသည့္ေဖ်ာ္ေျဖေရးအဖြဲ႕မ်ားလည္း ထြက္ေပၚလာခဲ့ပါသည္။ ဤတြင္ ဇာတ္ႏွင့္အၿငိမ့္ရဲ့ကြဲျပားပုံကို အနည္းငယ္ရွင္းျပပါရေစ။ဇာတ္မွာ မင္းသားေခါင္းေဆာင္ကျပရၿပီး အၿငိမ့္မွာ မင္းသမီးေခါင္းေဆာင္ကျပရေသာ အဖြဲ႕အစည္းမ်ားသာျဖစ္ပါသည္။ပေဒသာကပြဲသည္ ပဏမဘုရားကန္ေတာ့ခန္းအစဥ္မွစ၍ အၿငိမ့္ခန္းေရာက္သည့္တိုင္ေအာင္ ေခါင္းေဆာင္မင္းသမီးက ဦးေဆာင္ကျပရၿပီး ႏွပါးသြား၊ျပဇာတ္၊ေနာက္ပိုင္းမ်ားကိုေတာ့ အဖြဲ႕ထဲမွဟာသလူရြင္ေတာ္တစ္ေယာက္က ေခါင္းေဆာင္၍ဆက္လက္ကျပရပါတယ္။သဘင္တြင္ တျခားေသာေဖ်ာ္ေျဖေရးမ်ားျဖစ္ေသာ မ်က္လွည့္ပြဲမ်ား၊ဆပ္ကပ္မ်ားသည္လည္း သဘင္ႏွင့္ ေရာေႏွာ ႏြယ္ယွက္လာပါသည္။
ဇာတ္သဘင္သမိုင္းႏွင့္ဇာတ္အျပင္အဆင့္ဆင့္ ဖြံ့ၿဖိဳးလာမွု
သမိုင္းေၾကာင္းအရၾကည့္လၽွင္ ေရွးျမန္မာဘုရင္မ်ားလက္ထပ္ကတည္းက သဘင္ပညာရွင္ အႏုပညာရွင္တို့သည္ ေပ်ာ္ပြဲသဘင္၊ကပြဲသဘင္၊မင္းပြဲသဘင္မ်ားတြင္ ကျပအသုံးေတာ္ခံရသည္။ရတနာပုံေခတ္ ဘဝရွင္မင္းတုန္းမင္းတရာႀကီးလက္ထပ္တြင္ နန္းေတာ္တြင္းတြင္ ကပြဲ႐ုံမ်ားတည္ေဆာက္ေပး၍ သဘင္ပညာရွင္မ်ားကိုေျမာက္စားခဲ့သည္။
ျမန္မာ့ဇာတ္သဘင္တြင္ သဘင္ပညာရွင္မ်ားသည္ ပထမဦးစြာ ေျမဝိုင္းစနစ္ျဖင့္ စတင္ျပခဲ့ၾကသည္။ေျမဝိုင္းစနစ္သည္ သဘင္သည္မ်ားက ေျမႀကီးေပၚတြင္ ဖ်ာၾကမ္းခင္း၍ ကျပရေသာ စနစ္တစ္ခုျဖစ္ေပသည္။ ေထာင့္ေလးေထာင့္တြင္ ေရနံဆီမီးတိုင္မ်ားစိုက္ထားသည္။သစ္သားျဖင့္ျပဳလုပ္ထားေသာ ဆိုင္းဝိုင္းႀကီးတစ္ပါဝင္သည္(ထိုေခတ္က မွန္စီေရႊခ်ထားေသာဆိုင္းမွးမွာ ျမန္မာနန္းတြင္မွာသာ ထားရွိသည္)။အရပ္ရွစ္မ်က္ႏွာတြင္လူအမ်ားဝိုင္းၿပီထိုင္၍ၾကည့္ၾကသည္။တခ်ိဳ့မွာ မိမိပါလာေသာ လွည္းေပၚမွ ထိုင္၍ၾကည့္ၾကသည္။ကိုလိုနီေခတ္ေရာက္ေသာအခါ နန္းတြင္းတြင္ ကျပခဲ့ေသာ ဇာတ္မင္းသာႀကီးအီေနာင္ေမာင္စံတုတ္သည္ ဇာတ္႐ုံကို အေစာဆုံးတီထြင္ဖန္တီးကာ တည္ေဆာက္ခဲ့သည္။သူတည္ေဆာက္ခဲ့ေသာဇာတ္႐ုံတြင္ ဇာတ္ခုံမပါရွိေပ။ကျပသူမွာ ေျမဝိုင္းေခတ္ကဲ့သို့ ေျမႀကီးေပၚတြင္ ကျပရသည္။စာေရးသူအျမင္ေျပာရလၽွင္ ထိုဇာတ္႐ုံသည္အမိုးအကာပါေသာ ယာယီ အေဆာက္အဦးတစ္ခုရယ္လို့သတ္မွတ္ရလိမ့္မည္ျဖစ္သည္။ထိုေနာ္ ျမန္မာဇာတ္ခုံကို စတင္ ဖန္တီး၍ကျပခဲ့သူတစ္ဦးရွိသည္။ထိုသူမွာ ဇာတ္မင္းသားႀကီး ဦးဘစင္ဘဲ ျဖစ္သည္။
ဤသို့ဇာတ္သဘင္ဟာ တစ္ျဖည္းျဖည္းတိုးတက္လာခဲ့ရာ ဝဏၰေက်ာ္ထင္ ဂရိတ္ဦးဖိုးစိန္(စိန္မဟာသဘင္)ေခတ္သို့ေရာက္ရွိခဲ့သည္။ဂရိတ္ဦးဖိုးစိန္ေခတ္တြင္ လိုအပ္ေသာ ဇာတ္ပစၥည္းမ်ားႏွင့္settingပစၥည္းမ်ားကိုဖန္တီးခဲ့သည္။ဂရိတ္ဦးဖိုးစိန္အိႏၵိယမွျပန္လာၿပီးေနာက္ ယာယီရြက္ထည္႐ုံႀကီးတစ္႐ုံကိုဝယ္ယူခဲ့ၿပီး ျမန္မာျပည္တြင္ စတင္အသုံးခဲ့သည္။အဲအျပင္ ေအာက္လင္းမီးအိမ္မ်ား(Stormlantern)ျဖင့္ကျပေနရာမွ လသာမွန္အိမ္မ်ား(hanging Lanterns)ျဖင့္ေျပာင္းလဲ ကျပမွုကိုလည္း စတင္တီထြင္ခဲ့သည္။ထိုေနာ္သူ၏ျဖစ္သူဇာတ္မင္းသားႀကီးဦးကဲနက္စိန္ကို ဇာတ္သဘင္ပညာရပ္(Troupe Subject) သင္ယူရန္ နိုင္ငံျခားသို့ ပညာေတာ္သင္ေစလႊတ္ခဲ့သည္။ဦးကဲနက္စိန္ ျမန္မာျပည္ျပန္ေရာက္လာေသာအခါ ပ်ဴေစာထီးေအာ္ပရာထဲက ရွုးပ်ံဆိုသည့္ ေခါင္းသုံးလုံး သတၱဝါႀကီးကိုလည္း ဆက္တက္ပညာျဖင့္ ဖန္တီးခဲ့ရာ ပရိသတ္မ်ား လြန္စြာ သေဘာက်ႏွစ္ၿခိဳက္ခဲ့ၾကသည္။ထိုေခတ္ကို ဇာတ္သဘင္စိန္ေခတ္ဟု မွတ္တမ္းတင္အပ္ပါသည္။
( ၂ )
ဇာတ္သဘင္စိန္ေခတ္တြင္ ဂရိတ္ဦးဖိုးစိန္ဟာ ေယာက်ာ္းမင္းသမီး မယ္ေအာင္ဗလႏွင့္တြဲဖက္၍ ယကၡမယ္ဆိုသည့္ ေနာက္ပိုင္းဇာတ္ေတာ္ကို စက္သီးႏွင့္ ႀကိဳးအသုံးျပဳ၍ လူကို ေလေပၚတြင္ပ်ံသန္းေအာင္ ဖန္းတီခဲ့သည္။
ဤေနရာတြင္ ဦးဖိုးစိန္တို့ ဦးစိန္ကတုံးတို့ႏွင့္ တြဲဖက္ကျပခဲ့ေသာ ေယာက္်ားမင္းသမီး မယ္ေအာင္ဗလမွာ LGBT တစ္ေယာက္မဟုတ္ေပ။သူတြင္ ဇနီးႏွင့္သားသမီးမ်ားရွိေသာ ေယာက်ာ္းစစ္စစ္ တစ္ေယာက္သာ ျဖစ္ပါသည္။ ဦးဖိုးစိန္ႏွင့္ ဦးစိန္ကတုံးတို့ဟာ ေရွးျမန္မာႏွစ္ပါးသြားမ်ားတြင္ ကျပခဲ့သာ ပုဝါတကမ္း လက္တစ္လွမ္းဆိုသည့္စနစ္ကို အသြင္တစ္မ်ိဳးေျပာင္းခ်င္ခဲ့သည္။ မင္းသမီးေနရာတြင္ သဘင္အမ်ိဳးသမီးစစ္စစ္မ်ားကို အသုံးျပဳလၽွင္ ျမန္မာအမ်ိဳးသမီးမ်ားအိေျႏၵဂုဏ္သိကၡာကို ထိခိုက္နိုင္သျဖင့္ မင္းသမီးအတက္တြင္ တဖက္ကမ္းခပ္ တက္ေျမႇာက္ေသာ ေယာက္်ာ္းမင္းသမီး မယ္ေအာင္ဗလကို အသုံးျပဳခဲ့သည္။
၁၂၈၀ျပည့္ နတ္ေတာ္လျပည့္ေက်ာ္၄ရက္ ၁၉၁၈ခုႏွစ္ ဒီဇင္ဘာလ စေနေန႔တြင္ ျမန္မာနိုင္ငံ၏သဘင္ေလာကကို အရွိန္အဟုန္ျမႇင့္တင္ေပးခဲ့တဲ့ လူတစ္ဦးေမြးဖြားလာခဲ့ပါသည္။ ထိုသူကား အလကၤာေက်ာ္စြာ ေရႊမန္းဦးတင္ေမာင္ဘဲ ျဖစ္ပါသည္။ ေရႊမန္းဦးတင္ေမာင္သည္ အသက္၁၃ႏွစ္မွ စ၍ မင္းသားအေနျဖင့္ ကျပလာခဲ့ရာ အသက္၁၈ႏွစ္အရြယ္တြင္ မိမိ၏ကိုယ္ပိုင္ဇာတ္အဖြဲ႕ျဖစ္ေသာ သစၥာ ေမတၱာ ေရႊမန္းသဘင္အဖြဲ႕ႀကီးကို စတင္ အုတ္ျမစ္ခ်ခဲ့ပါသည္။ ၁၉၃၈ခုႏွစ္တြင္ မင္းသားႀကီးဦးစိန္ကတုံး၏ မန္ေနဂ်ာျဖစ္ေသာ ဦးေက်ာက္ဒြန္းဆီမွ ရြက္ထည္႐ုံႀကီးကို ျပန္လည္ဝယ္ယူၿပီးကျပခဲ့ပါသည္။
ဤေနရာတြင္ ထိုေခတ္က ကျပခဲ့ေသာ ရြက္ထည္႐ုံႀကီးအေၾကာင္းကိုလည္းရွင္းျပပါရေစ။ ရြက္ထည္႐ုံဆိုသည္မွာ- အသင့္ေဆာက္လုပ္ရန္လြယ္ကူေသာ ဇာတ္႐ုံတစ္႐ုံသာ ျဖစ္ပါသည္။ထိုဇာတ္႐ုံ၏ အမိုးႏွင့္အကာမ်ားကို ေရွးကရြက္သေဘၤာမ်ားတြင္ အသုံးျပဳေသာ ရြက္ဖ်င္ပိတ္စျဖင့္ ခ်ဳပ္လုပ္ထားသည္။ ဇာတ္႐ုံ၏အမိုးကိုေတာ့ (A)ပုံသ႑န္ရွိေသာ ျမင္းမိုရ္ပိတ္အမိုး(Gable Roof)ျဖင့္မိုးထားသည္။တခ်ိဳ့ေသာရြက္ထည္႐ုံမ်ားတြင္ ညီညာျပန္ျပဴးေသာအမိုး(Flat Roof)မ်ားကိုလည္း မိုးကားထားသည္။
ဇာတ္႐ုံ၏အကာသည္ အမိုးမွာေျမျပင္ေပၚ (ဇာတ္အျပင္ဘက္)သို့ ေလ်ာ့ေဇာက္ပုံ ျပန္႔ကားထြက္ေနသည္။ဇာတ္႐ုံ၏အမိုးအစြန္း( တံစက္ၿမိတ္) ၏ပိတ္စေပၚတြင္ အေပါက္ေဖာက္၍ ကြင္းမ်ားတပ္ဆင္ထားသည္။ထိုကြင္းမ်ားႏွင့္ ဇာတ္႐ုံ အျပင္ဘက္တြင္စိုက္ထားေသာ ငုတ္တိုင္တို့ကို ႀကိဳးျဖင့္တင္းတင္းဆြဲကာ ခ်ိတ္ဆက္ေပးၿပီး ဇာတ္႐ုံကိုေတာင့္တင္း ခ်ိတ္ဆက္ေပးထားသည္။ဇာတ္ခုံအတြင္းရွိ တိုင္မ်ား (Column )၊ ရက္မမ်ား (Beam)ကိုေတာ့ ဝါးပိုးဝါးမ်ားကို အသုံးျပဳထားပါသည္။
ဇာတ္ခုံ (Main Stage)ရဲ့ ဘယ္ဘက္ျခမ္းႏွင့္ ညာဘက္ျခမ္းတြင္ အသားပိုဇာတ္ခုံမ်ား(Side Stages) ကို သစ္သားျဖင့္ ေဆာက္လုပ္ထားပါသည္။ ထိုအသားပိုဇာတ္ခုံမ်ားကို မူလဇာတ္ခုံႏွင့္ အျမင့္ ညီေအာင္ တေျပးတည္းျပဳလုပ္ရပါသည္။ ယခင္ကခဲ့ေသာ အက်ယ္ (၁၂)စတုရန္းေတာင္ အျမင့္၂ေပရွိေသာဇာတ္ခုံသည္ ေရွ႕မ်က္ႏွာစာ အလ်ားေပ ၃၀ အနံအေရွ႕ေပ၅၀ အျမင့္၂ေပခြဲျဖင့္ ေျပာင္းလဲတည္ေဆာင္လာခဲ့ပါသည္။ ပေဒသာပြဲတြင္ တီးဝိုင္းကို ဇာတ္ခုံေရွ႕တြင္ထားရသျဖင့္ ပြဲၾကည့္သူမ်ားျမင္ရေအာင္ ဇာတ္ခုံအျမင့္ ၅ေပတည္ေဆာက္ဖန္းတီးခဲ့ၾကသည္။
ျမန္မာဇာတ္သဘင္သည္ တစ္ႏွစ္ပတ္လုံး နယ္လွည္ခရီးသြားကျပရေသာ အဖြဲအစည္းမ်ားျဖစ္သျဖင့္ ဇာတ္႐ုံသည္ သဘင္အႏုပညာရွင္တို့ ဒုတိယအိမ္ပင္ျဖစ္ပါသည္။
(၃)
ျမန္မာဇာတ္သဘင္သည္ တစ္ႏွစ္ပတ္လုံး နယ္လွည့္ခရီးသြားကျပရေသာ အဖြဲအစည္းမ်ားျဖစ္သျဖင့္ ဇာတ္႐ုံသည္ သဘင္အႏုပညာရွင္တို့၏ ဒုတိယအိမ္ပင္ျဖစ္ပါသည္။ ထိုေၾကာင့္ ဇာတ္အဖြဲ႕သားမ်ားသားေနရန္အတြက္ အခန္းမ်ားကို သပ္ရပ္စြာ ဖြဲ႕စည္းေပးရပါသည္။ စာေရးသူတို့နိုင္ငံတြင္ တျခားနိုင္ငံမ်ားကဲ့သို့ Make-up Roomနဲ႔ Dressing Roomကို သီးျခားခြဲမထားေပ။ ဇာတ္သမားတစ္ဦးအတြက္ အခန္းတစ္ခန္းသည္ အဝတ္အစားလဲဖို့ Make-up လိမ္းဖို့ ေနဖို့အတြက္ပါ ဘက္စုံအသုံးျပဳရန္ ဖန္တီးေပးထားသည္။ အခန္းတစ္ခန္းကိုေတာ့ ပိတ္ကားႀကီးမ်ားျဖင့္ အခန္းကန္းေပးထားသည္။ယခုေနာက္ပိုင္းတြင္ ခန္းစီးလိုက္ကာမ်ားကို အသုံးျပဳသည္။
ပါဠိဘာသာအရ ဇာတ္ဆိုသည္မွာ စည္း(စည္းကမ္း)၊ သဘင္ဆိုသည္မွာအဖြဲ႕အစည္းျဖစ္သည္။အနက္အဓိပၸါယ္အရ စည္းကမ္းရွိေသာ အဖြဲ႕အစည္းျဖစ္သျဖင့္ ေဖ်ာ္ေျဖတင္ဆက္ရာတြင္လည္း စည္းကမ္းရွိသလို အခန္းမ်ားဖြဲ႕စည္းရာတြင္လည္း စည္းစနစ္က်လွေပသည္။ဇာတ္အဖြဲ႕တြင္ ေယာက်ာ္းေလးမ်ားသည္ မိန္းကေလးအခန္းမ်ားသို့ ကူးလူးသြားလာခြင့္မရွိသျဖင့္ အခန္းတိုင္းကို အေပၚအမိုးမွစ၍ ေအာက္ေျခေျမျပင္ထိတိုင္ေအာင္ ပိတ္ကားႀကီးမ်ားျဖင့္ကာထားသည္။ယခုအခ်ိန္တြင္ အခန္းမ်ား၏အျမင့္သည္ ၉ေပ သာရွိၾကေတာ့သည္။ ဇာတ္ခုံ၏ညာဘက္ (ပရိသတ္ဘက္ကၾကည့္လၽွင္ ဘယ္ဘက္)တြင္ ဘုရားခန္းပါဝင္သည္။ ထိုဘုရားခန္းေသာညာဘက္ျခမ္းတြင္ လင္စုံမယားဖက္ တြဲ၍ေနပိုင္ခြင့္မရွိေပ။ေနလၽွင္ ဇာတ္တြင္ ျပႆနာ တစ္တစ္ရာျဖစ္ေပၚတက္သည္ဟု အယူအဆမ်ား ရွိေသာေၾကာင့္ျဖစ္၏။ ထိုေၾကာင့္ ဇာတ္အဖြဲ႕တြင္ အတူတူတြဲ၍အလုပ္လုပ္ကိုင္ေနေသာ ဇနီးေမာင္ႏွံမ်ားပါခဲ့လၽွင္ ထိုသူတို့အတြက္ ဇာတ္ခုံ၏အေနာက္ဘက္ႏွင့္ ဘယ္ဘက္ျခမ္းတြင္ သီးသန္႔ခန္းမ်ားစီစဥ္ေပးရသည္။ ထိုအျပင္ တျခားေသာ သီးသန္႔ခန္းမ်ားေသာ ေခါင္းေဆာင္မင္းသားခန္း၊ ေခါင္းေဆာင္မင္းသမီးခန္း၊ လူရႊင္ေတာ္ေခါင္းေဆာင္ေနေသာ အခန္းမ်ားစသည္ တို့ပါဝင္သည္။ထိုသီးသန္႔ခန္းမ်ား၏အက်ယ္အဝန္းသည္ ၉ေပပတ္လည္မွစ၍ေနထိုင္ေသာ ပုဂၢိဳလ္၏ ရာထူးအဆင့္အတန္း၊ဇာတ္တြင္အေရးပါမွု ေပၚမူတည္ၿပီး ၁၂ေပ၁၃ေပထိက်ယ္ဝန္းသည္။
တျခားေသာ ယိမ္းမင္းသမီးမ်ား၊မင္းသားမ်ား၊ဇာတ္အဖြဲ႕သားမ်ားေနရန္အတြက္ လူအေယာက္၃၀ဆန္႔ေသာ ဘုံအခန္း(hallပုံစံ) တည္ေဆာက္ေပးထားသည္။ထိုhallခန္းတြင္ ဇာတ္သူဇာတ္သားတစ္ဦးလၽွင္ အိပ္ယာတစ္ခု Make-up လိမ္းရန္ေနရာ အဝတ္ေသတၱာမ်ားထားေသာေနရာ မ်ားပါဝင္သည္။တစ္ခ်ိဳ့ဇာတ္အမ်ားသည္ လူတစ္ဦးလၽွင္ အခန္းတစ္ခန္းေပး၍ ေနေစသည္။ဇာတ္အဖြဲ႕လၽွင္ လူအင္အား၁၀၀ေက်ာ္ ပါဝင္သျဖင့္ အခန္းမ်ားလည္း မ်ားစြာရွိသည္။ထိုအခန္းမ်ားကို သြားလာရန္အတြက္ အလည္ေလၽွာက္လွမ္းမ်ားကို ဝကၤပါပုံစံဖန္တီးထားသည္။ ေလ်ာက္လမ္း၏ေဘးတစ္ဖက္ တစ္ခ်က္တြင္ ဘုံအဝတ္အစားမ်ားထည့္ထားေသာ ဇာတ္ေသတၱာမ်ားထားရွိသည္။ ဘုံအဝတ္အစားဆိုသည္မွာ ဝန္းႀကီးမ်ားေဆာင္းေသာ ေဗာင္းေတာ္(ဦးထုတ္)မ်ား၊ရာဇဝင္ႏွင့္ဆိုင္ေသာဝတ္႐ုံမ်ား၊ပုလိပ္ဝတ္စုံ၊စစ္သားဝတ္စုံမ်ားစသည္တို့ျဖစ္သည္။ထိုဝတ္စုံမ်ားကိုဇာတ္အဖြဲ႕မ်ားလိုအပ္လၽွင္အလြယ္တကူထားရွိေပးထားျခင္းျဖစ္သည္။ထိုအရာအားလုံးသည္ ဇာတ္႐ုံ၏အရိပ္အျမဳံအတြင္းတြင္ ရွိသည္။ဇာတ္႐ုံ၏အေနာက္ဘက္သီးျခားခြဲထြက္ေနေသာ အေဆာက္အဦးမွာ စားဖိုေဆာင္သာျဖစ္သည္။
ထိုစာဖိုးေဆာင္တြင္ စားဖိုမွူးမ်ားထားရွိေသာ ဇာတ္အဖြဲ႕မ်ားရွိသလို တခ်ိဳ့ဇာတ္သဘင္မ်ားတြင္ ေရွးအခါက ဇာတ္သမားမ်ားဝိုင္းဖြဲ႕ၿပီး ခ်က္ျပဳတ္စားေသာက္ေသာ ဟင္းလွည့္စနစ္ကိုလည္း က်င့္သုံးသည္။ဟင္းလွည့္စနစ္ လူရႊင္ေတာ္ဟင္းလွည့္၊ မင္းသမီးဟင္းလွည့္၊ မင္းသားဟင္းလွည့္၊ကားဆြဲ႕အဖြဲ႕၊ မီးအဖြဲ႕စသည့္ျဖင့္ ၇ရက္စာအတြက္ ဇာတ္ဆရာမွ အဖြဲ႕၇ဖြဲ႕ေပးထားၿပီး အလွည့္က် တာဝန္ယူခ်က္ရသည္။ လက္ရွိ သဘင္တြင္ ထိုစနစ္ကိုက်င့္သုံးေသာ အဖြဲ႕ေတာ္ေတာ္ေလး ရွားပါးသြားသည္။ ထိုစားဖိုေဆာင္၏အက်ယ္မွာ ေယဘုယ်အားျဖင့္ ၁၅ေပပတ္လည္ခန္႔ ရွိသည္။
ထို့အျပင္ ရြက္ထည္စုံ႐ုံ၏အျပင္ဘက္တြင္ မီးမ်ားျဖင့္အလွဆင္ထားသည္။ဇာတ္႐ုံ၏အေရွ႕ဘက္ Gate Show(ပရိသက္မ်ားဝင္ေသာအေပါက္)တြင္ ကျပမည့္ အႏုပညာရွင္မ်ား၏ ဓာတ္ပုံမ်ား၊ဇာတ္အဖြဲ႕နာမည္မ်ားကို ပန္းခ်ီေရးျခင္း ပိုစတာျပဳလုပ္ျခင္းမ်ားျဖင့္ေက်ာ္ျငာၾကသည္။ထိုေခတ္က ဗီနိုင္းမေပၚေသးေပ။
အလကၤာေက်ာ္စြာေရႊမန္း(ဦး)တင္ေမာင္ လက္ထက္သို့ေရာက္ေသာအခါ အခန္းဖြဲ႕စည္းမွုတြင္ အဖြဲ႕သားဗဟုသုတရေစရန္အတြက္ရည္ရြယ္ၿပီး ဇာတ္႐ုံတြင္ စာၾကည့္တိုက္ကိုပါ ထည့္သြင္းခဲ့သည္။ ။
ပိုင္သီရိထက္
(Unicode)
သဘင်ထဲကဗိသုကာ [ အစ/အဆုံး]
မြန်မာသဘင်တွင် ဗိသုကာပညာရပ်သည် အဓိကကျသော အခန်းကဏ္ဌတစ်ရပ်ကနေ အခိုင်အမာထောက်ပံ့ပေးနေပါသည်။ ထိုကြောင့် သဘင်နှင့်ဗိသုကာလို့ဆိုလိုက်ရင် လူတော်တော်များများက "အနုပညာနဲ့ဆောက်လုပ်ရေးပညာ"သည် ဘာမှဆက်စပ်မှုမရှိဘူး ဟုပြောကြ ထင်ကြ ယူဆကြမှာ အမှန်ပင်ဖြစ်၏။ကဲ အဲလိုဆိုရင် ယခုရှုထောင့်ကနေ တွေးကြည့်လိုက်ကြရအောင်...။
မြန်မာဇာတ်သဘင်ဘဲဖြစ်ဖြစ် တခြားသောဖျော်ဖြေရေးအစီအစဉ်တွေဘဲဖြစ်ဖြစ် မကျင်းပခင်မှာ ဇာတ်ခုံများ(stages)၊ယာယီဇာတ်ရုံများ(temporary theatres)ကို အရင်ဆုံးတည်ဆောက်ရပါတယ်။ထိုနောက် ဇာတ်လုပ်ငန်းခွင်အတွက် လိုအပ်သည့် ဆက်တင်ပစ္စည်းများ(Set facilities)များကို ဇာတ်သဘင်အတက်ပညာရှင်များက တီထွင်ဖန်တီးရပါတယ်။အဲဒိအပြင် အနုပညာရှင်များနေဖို့အတွက် အဝတ်စားလဲခန်းများ(Dressing Room)၊မိက်ကပ်ခန်းများ(Make-up Room)များနှင့် ပရိသတ်များကြည့်ရှုဖို့အတွက် နေရာထိုင်ခင်းများ(auditorium)စသည့်တို့ကို နေရာချအရင်ချရသည်။ဤအရာများသည် သဘင်တွကို ဗိသုကာပညာရပ်များက ပံ့ပိုးပေးနေသည် အသေအချာပင်ဖြစ်ပေသည်။
မြန်မာသဘင်
နိုင်ငံတစ်နိုင်၊လူမျိုးတစ်မျိုးဆီတိုင်းမှာ ရိုးရာယဉ်ကျေးမှုအနုပညာဆိုတာ ရှိကြပါသည်။စာရေးသူတို့နိုင်ငံမှာလည်းရှိပါတယ်။အဲဒါကတော့ သဘင်ဘဲဖြစ်ပါသည်။သဘင်မှာ အနိမ့်သဘင်နှင့် အမြင့်သဘင်ရယ်လို့ နှစ်မျိုး ရှိပါတယ်။အမြင့်သဘင်မှာ ရုပ်သေးရုပ်များကို ကြိုးဖြင့်ဆွဲ၍ ကပြရသော ဖျော်ဖြေတင်ဆက်မှုဖြစ်ပြီး အနိမ့်သဘင်ကတော့ သဘင်ပညာရှင်များကိုယ်တိုင် ကပြဖျော်ဖြေရသော တင်ဆက်မှုဘဲ ဖြစ်ပါတယ်။အနိမ့်သဘင်တွင် ဇာတ်သဘင်နှင့် အငြိမ့်သဘင် နှစ်မျိုးခွဲထားပါသည်။နောင်တွင် အငြိမ့်သဘင်မှ ပြန့်ပွားလာသော ပဒေသာကပွဲများ၊တေးသရုပ်ဖော်ကပွဲများစသည့်ဖျော်ဖြေရေးအဖွဲ့များလည်း ထွက်ပေါ်လာခဲ့ပါသည်။ ဤတွင် ဇာတ်နှင့်အငြိမ့်ရဲ့ကွဲပြားပုံကို အနည်းငယ်ရှင်းပြပါရစေ။ဇာတ်မှာ မင်းသားခေါင်းဆောင်ကပြရပြီး အငြိမ့်မှာ မင်းသမီးခေါင်းဆောင်ကပြရသော အဖွဲ့အစည်းများသာဖြစ်ပါသည်။ပဒေသာကပွဲသည် ပဏမဘုရားကန်တော့ခန်းအစဉ်မှစ၍ အငြိမ့်ခန်းရောက်သည့်တိုင်အောင် ခေါင်းဆောင်မင်းသမီးက ဦးဆောင်ကပြရပြီး နှပါးသွား၊ပြဇာတ်၊နောက်ပိုင်းများကိုတော့ အဖွဲ့ထဲမှဟာသလူရွင်တော်တစ်ယောက်က ခေါင်းဆောင်၍ဆက်လက်ကပြရပါတယ်။သဘင်တွင် တခြားသောဖျော်ဖြေရေးများဖြစ်သော မျက်လှည့်ပွဲများ၊ဆပ်ကပ်များသည်လည်း သဘင်နှင့် ရောနှော နွယ်ယှက်လာပါသည်။
ဇာတ်သဘင်သမိုင်းနှင့်ဇာတ်အပြင်အဆင့်ဆင့် ဖွံ့ဖြိုးလာမှု
သမိုင်းကြောင်းအရကြည့်လျှင် ရှေးမြန်မာဘုရင်များလက်ထပ်ကတည်းက သဘင်ပညာရှင် အနုပညာရှင်တို့သည် ပျော်ပွဲသဘင်၊ကပွဲသဘင်၊မင်းပွဲသဘင်များတွင် ကပြအသုံးတော်ခံရသည်။ရတနာပုံခေတ် ဘဝရှင်မင်းတုန်းမင်းတရာကြီးလက်ထပ်တွင် နန်းတော်တွင်းတွင် ကပွဲရုံများတည်ဆောက်ပေး၍ သဘင်ပညာရှင်များကိုမြောက်စားခဲ့သည်။
မြန်မာ့ဇာတ်သဘင်တွင် သဘင်ပညာရှင်များသည် ပထမဦးစွာ မြေဝိုင်းစနစ်ဖြင့် စတင်ပြခဲ့ကြသည်။မြေဝိုင်းစနစ်သည် သဘင်သည်များက မြေကြီးပေါ်တွင် ဖျာကြမ်းခင်း၍ ကပြရသော စနစ်တစ်ခုဖြစ်ပေသည်။ ထောင့်လေးထောင့်တွင် ရေနံဆီမီးတိုင်များစိုက်ထားသည်။သစ်သားဖြင့်ပြုလုပ်ထားသော ဆိုင်းဝိုင်းကြီးတစ်ပါဝင်သည်(ထိုခေတ်က မှန်စီရွှေချထားသောဆိုင်းမှးမှာ မြန်မာနန်းတွင်မှာသာ ထားရှိသည်)။အရပ်ရှစ်မျက်နှာတွင်လူအများဝိုင်းပြီထိုင်၍ကြည့်ကြသည်။တချို့မှာ မိမိပါလာသော လှည်းပေါ်မှ ထိုင်၍ကြည့်ကြသည်။ကိုလိုနီခေတ်ရောက်သောအခါ နန်းတွင်းတွင် ကပြခဲ့သော ဇာတ်မင်းသာကြီးအီနောင်မောင်စံတုတ်သည် ဇာတ်ရုံကို အစောဆုံးတီထွင်ဖန်တီးကာ တည်ဆောက်ခဲ့သည်။သူတည်ဆောက်ခဲ့သောဇာတ်ရုံတွင် ဇာတ်ခုံမပါရှိပေ။ကပြသူမှာ မြေဝိုင်းခေတ်ကဲ့သို့ မြေကြီးပေါ်တွင် ကပြရသည်။စာရေးသူအမြင်ပြောရလျှင် ထိုဇာတ်ရုံသည်အမိုးအကာပါသော ယာယီ အဆောက်အဦးတစ်ခုရယ်လို့သတ်မှတ်ရလိမ့်မည်ဖြစ်သည်။ထိုနော် မြန်မာဇာတ်ခုံကို စတင် ဖန်တီး၍ကပြခဲ့သူတစ်ဦးရှိသည်။ထိုသူမှာ ဇာတ်မင်းသားကြီး ဦးဘစင်ဘဲ ဖြစ်သည်။
ဤသို့ဇာတ်သဘင်ဟာ တစ်ဖြည်းဖြည်းတိုးတက်လာခဲ့ရာ ဝဏ္ဏကျော်ထင် ဂရိတ်ဦးဖိုးစိန်(စိန်မဟာသဘင်)ခေတ်သို့ရောက်ရှိခဲ့သည်။ဂရိတ်ဦးဖိုးစိန်ခေတ်တွင် လိုအပ်သော ဇာတ်ပစ္စည်းများနှင့်settingပစ္စည်းများကိုဖန်တီးခဲ့သည်။ဂရိတ်ဦးဖိုးစိန်အိန္ဒိယမှပြန်လာပြီးနောက် ယာယီရွက်ထည်ရုံကြီးတစ်ရုံကိုဝယ်ယူခဲ့ပြီး မြန်မာပြည်တွင် စတင်အသုံးခဲ့သည်။အဲအပြင် အောက်လင်းမီးအိမ်များ(Stormlantern)ဖြင့်ကပြနေရာမှ လသာမှန်အိမ်များ(hanging Lanterns)ဖြင့်ပြောင်းလဲ ကပြမှုကိုလည်း စတင်တီထွင်ခဲ့သည်။ထိုနော်သူ၏ဖြစ်သူဇာတ်မင်းသားကြီးဦးကဲနက်စိန်ကို ဇာတ်သဘင်ပညာရပ်(Troupe Subject) သင်ယူရန် နိုင်ငံခြားသို့ ပညာတော်သင်စေလွှတ်ခဲ့သည်။ဦးကဲနက်စိန် မြန်မာပြည်ပြန်ရောက်လာသောအခါ ပျူစောထီးအော်ပရာထဲက ရှုးပျံဆိုသည့် ခေါင်းသုံးလုံး သတ္တဝါကြီးကိုလည်း ဆက်တက်ပညာဖြင့် ဖန်တီးခဲ့ရာ ပရိသတ်များ လွန်စွာ သဘောကျနှစ်ခြိုက်ခဲ့ကြသည်။ထိုခေတ်ကို ဇာတ်သဘင်စိန်ခေတ်ဟု မှတ်တမ်းတင်အပ်ပါသည်။
( ၂ )
ဇာတ်သဘင်စိန်ခေတ်တွင် ဂရိတ်ဦးဖိုးစိန်ဟာ ယောကျာ်းမင်းသမီး မယ်အောင်ဗလနှင့်တွဲဖက်၍ ယက္ခမယ်ဆိုသည့် နောက်ပိုင်းဇာတ်တော်ကို စက်သီးနှင့် ကြိုးအသုံးပြု၍ လူကို လေပေါ်တွင်ပျံသန်းအောင် ဖန်းတီခဲ့သည်။
ဤနေရာတွင် ဦးဖိုးစိန်တို့ ဦးစိန်ကတုံးတို့နှင့် တွဲဖက်ကပြခဲ့သော ယောက်ျားမင်းသမီး မယ်အောင်ဗလမှာ LGBT တစ်ယောက်မဟုတ်ပေ။သူတွင် ဇနီးနှင့်သားသမီးများရှိသော ယောကျာ်းစစ်စစ် တစ်ယောက်သာ ဖြစ်ပါသည်။ ဦးဖိုးစိန်နှင့် ဦးစိန်ကတုံးတို့ဟာ ရှေးမြန်မာနှစ်ပါးသွားများတွင် ကပြခဲ့သာ ပုဝါတကမ်း လက်တစ်လှမ်းဆိုသည့်စနစ်ကို အသွင်တစ်မျိုးပြောင်းချင်ခဲ့သည်။ မင်းသမီးနေရာတွင် သဘင်အမျိုးသမီးစစ်စစ်များကို အသုံးပြုလျှင် မြန်မာအမျိုးသမီးများအိန္ဒြေဂုဏ်သိက္ခာကို ထိခိုက်နိုင်သဖြင့် မင်းသမီးအတက်တွင် တဖက်ကမ်းခပ် တက်မြှောက်သော ယောက်ျာ်းမင်းသမီး မယ်အောင်ဗလကို အသုံးပြုခဲ့သည်။
၁၂၈ဝပြည့် နတ်တော်လပြည့်ကျော်၄ရက် ၁၉၁၈ခုနှစ် ဒီဇင်ဘာလ စနေနေ့တွင် မြန်မာနိုင်ငံ၏သဘင်လောကကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့တဲ့ လူတစ်ဦးမွေးဖွားလာခဲ့ပါသည်။ ထိုသူကား အလင်္ကာကျော်စွာ ရွှေမန်းဦးတင်မောင်ဘဲ ဖြစ်ပါသည်။ ရွှေမန်းဦးတင်မောင်သည် အသက်၁၃နှစ်မှ စ၍ မင်းသားအနေဖြင့် ကပြလာခဲ့ရာ အသက်၁၈နှစ်အရွယ်တွင် မိမိ၏ကိုယ်ပိုင်ဇာတ်အဖွဲ့ဖြစ်သော သစ္စာ မေတ္တာ ရွှေမန်းသဘင်အဖွဲ့ကြီးကို စတင် အုတ်မြစ်ချခဲ့ပါသည်။ ၁၉၃၈ခုနှစ်တွင် မင်းသားကြီးဦးစိန်ကတုံး၏ မန်နေဂျာဖြစ်သော ဦးကျောက်ဒွန်းဆီမှ ရွက်ထည်ရုံကြီးကို ပြန်လည်ဝယ်ယူပြီးကပြခဲ့ပါသည်။
ဤနေရာတွင် ထိုခေတ်က ကပြခဲ့သော ရွက်ထည်ရုံကြီးအကြောင်းကိုလည်းရှင်းပြပါရစေ။ ရွက်ထည်ရုံဆိုသည်မှာ- အသင့်ဆောက်လုပ်ရန်လွယ်ကူသော ဇာတ်ရုံတစ်ရုံသာ ဖြစ်ပါသည်။ထိုဇာတ်ရုံ၏ အမိုးနှင့်အကာများကို ရှေးကရွက်သင်္ဘောများတွင် အသုံးပြုသော ရွက်ဖျင်ပိတ်စဖြင့် ချုပ်လုပ်ထားသည်။ ဇာတ်ရုံ၏အမိုးကိုတော့ (A)ပုံသဏ္ဍန်ရှိသော မြင်းမိုရ်ပိတ်အမိုး(Gable Roof)ဖြင့်မိုးထားသည်။တချို့သောရွက်ထည်ရုံများတွင် ညီညာပြန်ပြူးသောအမိုး(Flat Roof)များကိုလည်း မိုးကားထားသည်။
ဇာတ်ရုံ၏အကာသည် အမိုးမှာမြေပြင်ပေါ် (ဇာတ်အပြင်ဘက်)သို့ လျော့ဇောက်ပုံ ပြန့်ကားထွက်နေသည်။ဇာတ်ရုံ၏အမိုးအစွန်း( တံစက်မြိတ်) ၏ပိတ်စပေါ်တွင် အပေါက်ဖောက်၍ ကွင်းများတပ်ဆင်ထားသည်။ထိုကွင်းများနှင့် ဇာတ်ရုံ အပြင်ဘက်တွင်စိုက်ထားသော ငုတ်တိုင်တို့ကို ကြိုးဖြင့်တင်းတင်းဆွဲကာ ချိတ်ဆက်ပေးပြီး ဇာတ်ရုံကိုတောင့်တင်း ချိတ်ဆက်ပေးထားသည်။ဇာတ်ခုံအတွင်းရှိ တိုင်များ (Column )၊ ရက်မများ (Beam)ကိုတော့ ဝါးပိုးဝါးများကို အသုံးပြုထားပါသည်။
ဇာတ်ခုံ (Main Stage)ရဲ့ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းတွင် အသားပိုဇာတ်ခုံများ(Side Stages) ကို သစ်သားဖြင့် ဆောက်လုပ်ထားပါသည်။ ထိုအသားပိုဇာတ်ခုံများကို မူလဇာတ်ခုံနှင့် အမြင့် ညီအောင် တပြေးတည်းပြုလုပ်ရပါသည်။ ယခင်ကခဲ့သော အကျယ် (၁၂)စတုရန်းတောင် အမြင့်၂ပေရှိသောဇာတ်ခုံသည် ရှေ့မျက်နှာစာ အလျားပေ ၃၀ အနံအရှေ့ပေ၅၀ အမြင့်၂ပေခွဲဖြင့် ပြောင်းလဲတည်ဆောင်လာခဲ့ပါသည်။ ပဒေသာပွဲတွင် တီးဝိုင်းကို ဇာတ်ခုံရှေ့တွင်ထားရသဖြင့် ပွဲကြည့်သူများမြင်ရအောင် ဇာတ်ခုံအမြင့် ၅ပေတည်ဆောက်ဖန်းတီးခဲ့ကြသည်။
မြန်မာဇာတ်သဘင်သည် တစ်နှစ်ပတ်လုံး နယ်လှည်ခရီးသွားကပြရသော အဖွဲအစည်းများဖြစ်သဖြင့် ဇာတ်ရုံသည် သဘင်အနုပညာရှင်တို့ ဒုတိယအိမ်ပင်ဖြစ်ပါသည်။
(၃)
မြန်မာဇာတ်သဘင်သည် တစ်နှစ်ပတ်လုံး နယ်လှည့်ခရီးသွားကပြရသော အဖွဲအစည်းများဖြစ်သဖြင့် ဇာတ်ရုံသည် သဘင်အနုပညာရှင်တို့၏ ဒုတိယအိမ်ပင်ဖြစ်ပါသည်။ ထိုကြောင့် ဇာတ်အဖွဲ့သားများသားနေရန်အတွက် အခန်းများကို သပ်ရပ်စွာ ဖွဲ့စည်းပေးရပါသည်။ စာရေးသူတို့နိုင်ငံတွင် တခြားနိုင်ငံများကဲ့သို့ Make-up Roomနဲ့ Dressing Roomကို သီးခြားခွဲမထားပေ။ ဇာတ်သမားတစ်ဦးအတွက် အခန်းတစ်ခန်းသည် အဝတ်အစားလဲဖို့ Make-up လိမ်းဖို့ နေဖို့အတွက်ပါ ဘက်စုံအသုံးပြုရန် ဖန်တီးပေးထားသည်။ အခန်းတစ်ခန်းကိုတော့ ပိတ်ကားကြီးများဖြင့် အခန်းကန်းပေးထားသည်။ယခုနောက်ပိုင်းတွင် ခန်းစီးလိုက်ကာများကို အသုံးပြုသည်။
ပါဠိဘာသာအရ ဇာတ်ဆိုသည်မှာ စည်း(စည်းကမ်း)၊ သဘင်ဆိုသည်မှာအဖွဲ့အစည်းဖြစ်သည်။အနက်အဓိပ္ပါယ်အရ စည်းကမ်းရှိသော အဖွဲ့အစည်းဖြစ်သဖြင့် ဖျော်ဖြေတင်ဆက်ရာတွင်လည်း စည်းကမ်းရှိသလို အခန်းများဖွဲ့စည်းရာတွင်လည်း စည်းစနစ်ကျလှပေသည်။ဇာတ်အဖွဲ့တွင် ယောကျာ်းလေးများသည် မိန်းကလေးအခန်းများသို့ ကူးလူးသွားလာခွင့်မရှိသဖြင့် အခန်းတိုင်းကို အပေါ်အမိုးမှစ၍ အောက်ခြေမြေပြင်ထိတိုင်အောင် ပိတ်ကားကြီးများဖြင့်ကာထားသည်။ယခုအချိန်တွင် အခန်းများ၏အမြင့်သည် ၉ပေ သာရှိကြတော့သည်။ ဇာတ်ခုံ၏ညာဘက် (ပရိသတ်ဘက်ကကြည့်လျှင် ဘယ်ဘက်)တွင် ဘုရားခန်းပါဝင်သည်။ ထိုဘုရားခန်းသောညာဘက်ခြမ်းတွင် လင်စုံမယားဖက် တွဲ၍နေပိုင်ခွင့်မရှိပေ။နေလျှင် ဇာတ်တွင် ပြဿနာ တစ်တစ်ရာဖြစ်ပေါ်တက်သည်ဟု အယူအဆများ ရှိသောကြောင့်ဖြစ်၏။ ထိုကြောင့် ဇာတ်အဖွဲ့တွင် အတူတူတွဲ၍အလုပ်လုပ်ကိုင်နေသော ဇနီးမောင်နှံများပါခဲ့လျှင် ထိုသူတို့အတွက် ဇာတ်ခုံ၏အနောက်ဘက်နှင့် ဘယ်ဘက်ခြမ်းတွင် သီးသန့်ခန်းများစီစဉ်ပေးရသည်။ ထိုအပြင် တခြားသော သီးသန့်ခန်းများသော ခေါင်းဆောင်မင်းသားခန်း၊ ခေါင်းဆောင်မင်းသမီးခန်း၊ လူရွှင်တော်ခေါင်းဆောင်နေသော အခန်းများစသည် တို့ပါဝင်သည်။ထိုသီးသန့်ခန်းများ၏အကျယ်အဝန်းသည် ၉ပေပတ်လည်မှစ၍နေထိုင်သော ပုဂ္ဂိုလ်၏ ရာထူးအဆင့်အတန်း၊ဇာတ်တွင်အရေးပါမှု ပေါ်မူတည်ပြီး ၁၂ပေ၁၃ပေထိကျယ်ဝန်းသည်။
တခြားသော ယိမ်းမင်းသမီးများ၊မင်းသားများ၊ဇာတ်အဖွဲ့သားများနေရန်အတွက် လူအယောက်၃ဝဆန့်သော ဘုံအခန်း(hallပုံစံ) တည်ဆောက်ပေးထားသည်။ထိုhallခန်းတွင် ဇာတ်သူဇာတ်သားတစ်ဦးလျှင် အိပ်ယာတစ်ခု Make-up လိမ်းရန်နေရာ အဝတ်သေတ္တာများထားသောနေရာ များပါဝင်သည်။တစ်ချို့ဇာတ်အများသည် လူတစ်ဦးလျှင် အခန်းတစ်ခန်းပေး၍ နေစေသည်။ဇာတ်အဖွဲ့လျှင် လူအင်အား၁ဝဝကျော် ပါဝင်သဖြင့် အခန်းများလည်း များစွာရှိသည်။ထိုအခန်းများကို သွားလာရန်အတွက် အလည်လျှောက်လှမ်းများကို ဝင်္ကပါပုံစံဖန်တီးထားသည်။ လျောက်လမ်း၏ဘေးတစ်ဖက် တစ်ချက်တွင် ဘုံအဝတ်အစားများထည့်ထားသော ဇာတ်သေတ္တာများထားရှိသည်။ ဘုံအဝတ်အစားဆိုသည်မှာ ဝန်းကြီးများဆောင်းသော ဗောင်းတော်(ဦးထုတ်)များ၊ရာဇဝင်နှင့်ဆိုင်သောဝတ်ရုံများ၊ပုလိပ်ဝတ်စုံ၊စစ်သားဝတ်စုံများစသည်တို့ဖြစ်သည်။ထိုဝတ်စုံများကိုဇာတ်အဖွဲ့များလိုအပ်လျှင်အလွယ်တကူထားရှိပေးထားခြင်းဖြစ်သည်။ထိုအရာအားလုံးသည် ဇာတ်ရုံ၏အရိပ်အမြုံအတွင်းတွင် ရှိသည်။ဇာတ်ရုံ၏အနောက်ဘက်သီးခြားခွဲထွက်နေသော အဆောက်အဦးမှာ စားဖိုဆောင်သာဖြစ်သည်။
ထိုစာဖိုးဆောင်တွင် စားဖိုမှူးများထားရှိသော ဇာတ်အဖွဲ့များရှိသလို တချို့ဇာတ်သဘင်များတွင် ရှေးအခါက ဇာတ်သမားများဝိုင်းဖွဲ့ပြီး ချက်ပြုတ်စားသောက်သော ဟင်းလှည့်စနစ်ကိုလည်း ကျင့်သုံးသည်။ဟင်းလှည့်စနစ် လူရွှင်တော်ဟင်းလှည့်၊ မင်းသမီးဟင်းလှည့်၊ မင်းသားဟင်းလှည့်၊ကားဆွဲ့အဖွဲ့၊ မီးအဖွဲ့စသည့်ဖြင့် ရရက်စာအတွက် ဇာတ်ဆရာမှ အဖွဲ့ရဖွဲ့ပေးထားပြီး အလှည့်ကျ တာဝန်ယူချက်ရသည်။ လက်ရှိ သဘင်တွင် ထိုစနစ်ကိုကျင့်သုံးသော အဖွဲ့တော်တော်လေး ရှားပါးသွားသည်။ ထိုစားဖိုဆောင်၏အကျယ်မှာ ယေဘုယျအားဖြင့် ၁၅ပေပတ်လည်ခန့် ရှိသည်။
ထို့အပြင် ရွက်ထည်စုံရုံ၏အပြင်ဘက်တွင် မီးများဖြင့်အလှဆင်ထားသည်။ဇာတ်ရုံ၏အရှေ့ဘက် Gate Show(ပရိသက်များဝင်သောအပေါက်)တွင် ကပြမည့် အနုပညာရှင်များ၏ ဓာတ်ပုံများ၊ဇာတ်အဖွဲ့နာမည်များကို ပန်းချီရေးခြင်း ပိုစတာပြုလုပ်ခြင်းများဖြင့်ကျော်ငြာကြသည်။ထိုခေတ်က ဗီနိုင်းမပေါ်သေးပေ။
အလင်္ကာကျော်စွာရွှေမန်း(ဦး)တင်မောင် လက်ထက်သို့ရောက်သောအခါ အခန်းဖွဲ့စည်းမှုတွင် အဖွဲ့သားဗဟုသုတရစေရန်အတွက်ရည်ရွယ်ပြီး ဇာတ်ရုံတွင် စာကြည့်တိုက်ကိုပါ ထည့်သွင်းခဲ့သည်။ ။
ပိုင်သီရိထက်