Tuesday, October 1, 2019

''ခန္ဓာကိုယ်ခုခံအားစနစ်အကြောင်း သိကောင်းစရာ"


[Zawgyi]
Q: ဒီကနေ့မှာအဖြစ်များလာတဲ့ ကူးစက်ရောဂါအမျိုးမျိုးအတွက်ခုခံအားစနစ်ကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဆေးပညာရှင်တွေက မကြာခဏပြောဆိုနေကြတော့ ဒီကနေ့ ဒီအကြောင်းအရာလေးကို ဆွေးနွေးချင်ပါတယ် ဆရာ.. ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုတာ ဘာလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ..

A: ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးပညာအရတော့ Immune system လို့ခေါ်ပါတယ်.. ဆရာတို့လူအပါအဝင် သက်ရှိသတ္တဝါအားလုံးသာမကဘဲ အပင်တွေမှာပါ သူတို့ကိုဖျက်ဆီးမယ့် တစ်နည်းအားဖြင့် ရောဂါတွေဖြစ်စေမယ့် အကြောင်းအရာတွေကို တွန်းလှန်ပေးဖို့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အရာတွေနဲ့ သူတို့ရဲ့လုပ်ငန်းစဉ်တွေ (Biological structure and process) ကို စုစည်းထားတဲ့ အဖွဲ့အစည်းကိုခေါ်တာဖြစ်ပါတယ်..

Q: ခုခံအားစနစ်ဘယ်နှစ်မျိုးရှိပါသလဲ.. ကျွန်မကြားဖူးထားတာကတော့ ခုခံအားစနစ်အမျိုးမျိုးရှိပြီး တစ်ခုနဲ့တစ်ခုလည်း မတူညီကြဘူးလို့ သိရပါတယ်.. အဲ့ဒါနည်းနည်းရှင်းပြပေးပါ..

A: အဓိကအုပ်စုကြီးနှစ်ခုရှိပါတယ်.. မွေးကတည်းကလူတိုင်းမှာပါလာတဲ့ မွေးရာပါခုခံအားစနစ် (Innate immune system) နဲ့အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူတွေ့ကြုံဖြတ်သန်းခဲ့တဲ့ ရောဂါအခြေအနေပေါ်မူတည်ပြီး ခန္ဓာကိုယ်ကနေ ထပ်မံထုတ်လုပ်လိုက်တဲ့ (Adaptive immune system) ဆိုပြီးဖြစ်ပါတယ်.. အုပ်စုတစ်ခုစီမှာမှ ထပ်မံပြီးသွေးရည်ကြည်ထဲရှိ အင်တီဘော်ဒီများနဲ့ ဆိုင်ရာခုခံအားစနစ် (Humoral immunity) နဲ့ ဆဲလ်ပိုင်းဆိုင်ရာခုခံအားစနစ် (Cell-mediatedimmunity) ဆိုပြီး ထပ်ခွဲထားပါတယ်.. အဲ့ဒီစနစ်တွေအားလုံးညီညီညာညာအလုပ်လုပ်ပါမှ ကောင်းမွန်တဲ့ ခုခံအားစနစ်ကိုရရှိမှာဖြစ်ပြီး ရောဂါအပေါင်းကနေ ကင်းဝေးစေမှာဖြစ်ပါတယ်..

Q: ခန္ဓာကိုယ်ထဲမှာရောဂါပိုးတစ်မျိုးဝင်လာခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ကဘယ်နည်းဘယ်ပုံကာကွယ်တိုက်ဖျက်တယ်ဆိုတာလည်းရှင်းပြပေးပါ..

A: ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူဝင်ရောက်လာခြင်း မရှိစေဖို့ ခုခံတားဆီးရာမှာအဆင့်ဆင့်ရှိပါတယ်.. Layered defense လို့ခေါ်ပါတယ်.. အစပိုင်းမှာ တိကျမှုသိပ်မရှိတဲ့အတွက် ခုခံအားစနစ်နဲ့ ကာကွယ်ပြီး အတွင်းပိုင်းကိုရောက်လေလေ ပိုပြီးတိကျလေလေဖြစ်ပါတယ်..

ဥပမာ ခန္ဓာကိုယ်ကိုဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်ပိုးတစ်မျိုး ထိုးဖောက်ဝင်ရောက်ရင် စပြီးတွေ့မယ့် ခုခံအားအဖွဲ့ကတော့ Innate immune system ပဲဖြစ်ပါတယ်.. သူကတော့ ကိုယ့်ခန္ဓာကိုယ်ရဲ့ဆဲလ်မဟုတ်ဘူးဆိုရင် ချက်ချင်းတွန်းလှန် တိုက်ခိုက်ပါလိမ့်မယ် (Immediate, but non-specific response).. ဒါပေမဲ့ ရန်သူကိုတိတိကျကျ ပစ်မှတ်ထားပြီး တိုက်ခိုက်တာမဟုတ်တော့ အောင်မြင်တဲ့အခါရှိသလိုမအောင်မြင်တဲ့အခါလည်းရှိပါတယ်.. အောင်မြင်သွားလို့ ရန်သူရောဂါပိုးတွေ သေကုန်ရင်တော့ ဒီမှာတင်ပြီးပါတယ်.. တကယ်လို့ ရောဂါပိုးတွေဟာအနိုင်ရခဲ့ရင် ခန္ဓာကိုယ်ထဲကို ဆက်ပြီးထိုးဖောက်ဝင်ရောက်လာမှာဖြစ်ပါတယ်.. အဲ့ဒီအခါမှာ ဒုတိယအဆင့်ခုခံအားစနစ်ဖြစ်တဲ့ Adaptive immune system နဲ့တွေ့ပါတယ်.. အဲ့ဒီအခါမှာဝင်လာတဲ့ရောဂါပိုးကိုတိတိကျကျ ရှာဖွေတိုက်ဖျက်တဲ့အလုပ်ကို ဒီစနစ်ကလုပ်ဆောင်ပါတယ်.. ခန္ဓာကိုယ်ကနေ အင်တီဘော်ဒီလို့ခေါ်တဲ့ ရောဂါပိုးကိုတိုက်ခိုက်ချေမှုန်းနိုင်တဲ့ ပရိုတင်းတွေထုတ်ပြီး တွန်းလှန်ပါတယ် (Humoral immunity) ဒါတင်မက သွေးဖြူဥတွေကနေ ရောဂါပိုးတွေကိုစားသောက်ဖျက်ဆီးပါတယ် (Phagocytosis) အဲ့ဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်နဲ့ ဝင်လာတဲ့ရန်သူရောဂါပိုးကိုခွဲခြားနိုင်မှုဟာခုခံအားစနစ်ရဲ့ အရေးပါတဲ့ တာဝန်တစ်ရပ် ဖြစ်ပါတယ်.. အကယ်၍ ခုခံအားစနစ်အောင်ခဲ့ရင်ရောဂါပိုးတွေ သေဆုံးကုန်ပြီးလူလည်းကျန်းမာလာမှာ ဖြစ်ပါတယ်.. အဲ့ဒီရောဂါပိုးကို ခန္ဓာကိုယ်ကနေမှတ်သားလိုက်တဲ့အတွက် နောက်တစ်ကြိမ် အဲ့ဒီပိုးသာဝင်ရောက်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အသင့်ရှိနေပြီးဖြစ်လို့ ဝင်ရောက်ဖို့ သိပ်မလွယ်တော့ပါဘူး.. အကယ်၍ မိမိမှာခုခံအားနစ်မကောင်းခဲ့ရင် ရောဂါပိုးတွေကို မတွန်းလှန်နိုင်တဲ့အတွက် ဝင်လာတဲ့ပိုးပေါ်မူတည်ပြီး ရောဂါတွေရမှာဖြစ်ပါတယ်.. ဥပမာတီဘီပိုးဆိုရင် တီဘီရောဂါ၊ တိုက်ဖွိုက်ပိုးဆိုရင် တိုက်ဖွိုက်ရောဂါ၊ တုပ်ကွေးဗိုင်းရပ်စ်ဆိုရင်လည်းတုပ်ကွေးရောဂါရမှာဖြစ်ပါတယ်..

Q: မွေးကင်းစကလေးတွေမှာခုခံအားစနစ်ဟာအရေးပါတယ်လို့ ဖတ်ဖူးပါတယ် ဆရာ..အဲ့ဒါနဲ့ပတ်သတ်လို့လည်း ရှင်းပြပေးပါ..

A: မွေးကင်းစကလေးရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ ကျန်းမာရေးဟာမိခင်ပေါ်မှာများစွာမူတည်နေပါတယ်.. ကိုယ်ဝန်ဆောင် စဉ်ကတည်းက မိခင်ဖြစ်သူဟာ အာဟာရဓာတ်ပြည့်ဝစွာစားမှ ကလေးကလည်း အာဟာရဓာတ်ပြည့်ဝပြီး ခုခံအားစနစ်လည်းကောင်းစွာဖွံ့ဖြိုးလာမှာဖြစ်ပါတယ်.. နောက်တစ်ခုကမိခင်မှာရောဂါပိုးဝင်ရောက်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်က အင်တီဘော်ဒီ (IgG antibody) တွေထွက်ခဲ့ရင် အဲ့ဒီအင်တီဘော်ဒီတွေဟာအချင်းကနေတစ်ဆင့် ကလေးရဲ့ ခန္ဓာကိုယ်ထဲကိုရောက်သွားပါတယ်.. အဲ့ဒီကလေးဟာမွေးလာပြီးအရင်တုန်းကမိခင်မှာဝင်ခဲ့တဲ့ ရောဂါပိုးဝင်ရောက်ခဲ့ရင် သူ့ကိုတွန်းလှန်နိုင်တဲ့ (IgG antibody)တွေရှိနေတာကြောင့် တွန်းလှန်နိုင်တဲ့အခြေအနေကောင်းကို ရရှိမှာဖြစ်ပါတယ်..

မွေးပြီးတဲ့နောက်ပိုင်းမှာလည်းမိခင်နို့တိုက်တဲ့ကလေးတွေဟာမိခင်နို့မှာပါတဲ့ ခုခံအားစနစ်ရဲ့ အင်တီဘော်ဒီတွေက ကလေးရဲ့အူလမ်းကြောင်းကို ဝင်ရောက်သွားပြီး ကလေးကိုခုခံအားတက်စေပါတယ်.. ကိုယ်ဝန်ဆောင်စဉ် အချင်းကနေမဖြတ်သန်းနိုင်တဲ့ အင်တီဘော်ဒီတွေဟာမိခင်နို့ရည်ထဲကနေအလွယ်တကူဖြတ်သန်းနိုင်ပါတယ်.. ပြီးရင် မိခင်နို့ရည်ထဲမှာပရိုဘိုင်အိုတစ် လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဟာ ကလေးဆီရောက်ပြီးကလေးရဲ့အူထဲမှာ ဆက်လက်ပွားများပါတယ်.. ပြီးရင် မိခင်နို့ရည်တိုက်ကျွေးမှုကြောင့် ပိုပြီးပွားများလာပါတယ်.. အဲ့ဒီအကျိုးပြု ပရိုဘိုင်အိုတစ်တွေဟာရောဂါပိုးတွေကိုကာကွယ်တိုက်ဖျက်ရာမှာလွန်စွာအရေးပါလှပါတယ်.. ဒါမျိုးက နို့မှုန့်တိုက်တဲ့ ကလေးတွေမှာမရနိုင်ပါ.. ဒါ့ကြောင့် မိခင်နို့တိုက်တဲ့ ကလေးနဲ့ နို့ဗူးတိုက်တဲ့ကလေး နှစ်ယောက်ကိုနှိုင်းယှဉ်ရင် မိခင်နို့တိုက်တဲ့ကလေးကကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်တာတွေ့ရပါတယ်.. ဒါ့ကြောင့်လည်း မွေးပြီးကလေးတွေကို ၆ လ အထိမိခင်နို့ရည်ကို တိုက်ကျွေးစေခြင်းဖြစ်ပါတယ်..


Q: ကာကွယ်ဆေးထိုးရင် ထိုးထားတဲ့ဆေးနဲ့ပတ်သတ်တဲ့ ရောဂါတွေကိုကာကွယ်နိုင်တယ်ဆိုတော့ အဲ့ဒါကျတော့ရော ခုခံအားစနစ်နဲ့ ဆိုင်ပါသလားဆရာ..

A: ကာကွယ်ဆေးထိုးခြင်းကိုVaccination or Immunizationလို့ခေါ်ပါတယ်.. အဓိကအနေနဲ့ ရောဂါဖြစ်စေတဲ့ပိုးကို သတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အန္တရာယ်မရှိအောင်ပြုလုပ်ပြီးဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ထဲကိုထိုးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကသူ့ကိုတိုက်ခိုက်မယ့် ပဋိပစ္စည်းတွေထွက်လာအောင် လှုံ့ဆော်ပေးခြင်းဖြစ်တယ်.. ရောဂါပိုးကတော့ အန္တရာယ်မရှိအောင် ပြုလုပ်ထားလို့ လူကိုဒုက္ခမပေးနိုင်ပါဘူး.. ထွက်လာတဲ့အင်တီဘော်ဒီတွေဟာ အဲ့ဒီထိုးလိုက်တဲ့ရောဂါပိုးအတွက် တိတိကျကျဒီဇိုင်းလုပ်ပြီး ထုတ်လုပ်လိုက်တာဖြစ်လို့ နောင်တစ်ခါဒီပိုးမျိုးအရှင်တွေဝင်လာခဲ့ရင် ပမာဏနည်းနည်းဘဝမှာပဲသတ်ပစ်လိုက်ပါတယ်.. ပွားများခွင့်မရတဲ့အတွက် အဲ့ဒီရောဂါကနေကာကွယ်ပြီးဖြစ်ပါတယ်.. ဒီလိုကာကွယ်နိုင်ဖို့ လုံလောက်တဲ့ အင်ဒီဘော်ဒီထွက်ဖို့ တချို့ကာကွယ်ဆေးတွေမှာတစ်ကြိမ်တည်းထိုးရုံနဲ့ ရနိုင်သလို အချို့ကျတော့လည်း သုံးကြိမ်လောက် လခြားပြီးထိုးပေးရပါတယ်.. ထွက်လာတဲ့ အင်တီဘော်ဒီတွေဟာလည်းတချို့က ၅ နှစ်ခံတာရှိသလိုတချို့ကျတော့လည်း တစ်သက်လုံးခံပါတယ်.. ၅ နှစ်ပဲခံရင် ၅ နှစ်တစ်ခါ Booster dose ထပ်ထိုးဖို့လိုပါတယ်.. အချို့ကာကွယ်ဆေးတွေကျတော့ ဘက်တီးရီးယားသို့မဟုတ် ဗိုင်းရပ်စ် တစ်ကောင်လုံးမဟုတ်ဘဲရောဂါဖြစ်စေတဲ့ အစိတ်အပိုင်းဒါမှမဟုတ် အဆိပ်သင့်စေတဲ့ အစိတ်အပိုင်းကို အန္တရာယ်မရှိအောင်ပြုပြင်ပြီး ထိုးပေးရတာလည်း ရှိပါတယ်.. ဒီလိုကာကွယ်ဆေးထိုးထားတဲ့အတွက် ကူးစက်ရောဂါအများစုကနေကာကွယ်နိုင်ခဲ့ပြီး ဆေးပညာရဲ့အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်..

Q: လူတစ်ယောက်အနေနဲ့ ခုခံအားစနစ်ကောင်းမွန်အောင် ဘာတွေလုပ်ရမလဲဆိုတာ ရှင်းပြပေးပါ..

A: လူတစ်ယောက် ခုခံအားစနစ်ကောင်းဖို့ဆိုရင် အနေအထိုင်အစားအသောက် မှန်ကန်မျှတနေဖို့ အရေကြီးပါတယ်.. အဓိကလိုအပ်ချက်တွေအနေနဲ့

(၁) အာဟာရပြည့်ဝအောင်စားသုံးခြင်း
လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အုပ်စုကြီး (၇) ခုရှိပါတယ်.. ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေဖြစ်ပါတယ်.. လူ့ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်ချက်တွေပြည့်စုံအောင် စားရမှာဖြစ်သလိုမလိုဘဲနဲ့ အများကြီးပိုပြီးစားလို့လည်းမကောင်းပါ.. ဥပမာထမင်းစားရင် ထမင်းကိုသုံးပုံတစ်ပုံ၊ ဟင်းကိုသုံးပုံတစ်ပုံနဲ့ ဟင်းသီးဟင်းရွက်ကိုသုံးပုံတစ်ပုံ မျှတအောင်စားရပါမယ်.. ကျန်တဲ့အချိန်မှာသစ်သီးလေးတွေ စားပေးရပါမယ်.. ခုခံအားကိုထိခိုက်ကျဆင်းစေမယ့် ဓာတုဆိုးဆေးပါတဲ့ အစားအစာတွေ၊ တူးအောင်ကင်ထားတဲ့အကင်တွေ၊ မီးဖုတ်တွေ၊ ဆီကြော်တွေ၊ မှိုတက်စာတွေကို ရှောင်ရပါမယ်.. အဓိကအနေနဲ့ သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေးအစားအစာတွေကိုအဓိကစားရပါမယ်..

(၂) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
အနည်းဆုံးတစ်နေ့ ၃၀ မိနစ်လောက် လမ်းလျှောက်တာဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့အားကစားတစ်ခုခုလုပ်တာတွေ ပြုလုပ်ပေးရပါမယ်..အကောင်းဆုံးကတော့ မနက်ခင်းနေထွက်စနေရောင်ခြည်အောက်မှာလမ်းလျှောက်ရင် နေရောင်ခြည်ရဲ့အာနိသင်ပါ တစ်ခါတည်းရပြီးဖြစ်လို့ပိုကောင်းပါတယ်..နေရောင်ခြည်ဟာဗီတာမင် ဒီကိုရစေပြီးသူ့ကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုပိုမိုတိုးတက်ကောင်းမွန်စေပါတယ်.. အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းတွေအရ ဗီတာမင်ဒီဟာ တုပ်ကွေးရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးတယ်လို့ ဆိုပါတယ်.. နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လူပေါင်း ၁၁၀ဝ၀ ကျော်ကို လေ့လာခဲ့တဲ့ သုတေသနစာတမ်း ၂၅ ခုကို အခြေခံပြီး ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်..
● ဗီတာမင်ဒီ ပုံမှန်သောက်သူဟာ Influenza နဲ့ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်မှုမှာ ဆေးမသောက်တဲ့သူတွေထက် များစွာလျော့နည်းပါတယ်..
● ပြောင်းပြန် ပြန်ပြောရာင် ဗီတာမင်ဒီ လျော့နည်းသူတွေမှာ Influenza  ပိုဖြစ်တတ်တယ်ပေါ့..

(၃) လေကောင်းလေသန့်ရှူခြင်း
မကောင်းတဲ့လေတစ်နည်းအားဖြင့် ညစ်ညမ်းတဲ့လေဟာခုခံအားစနစ်ကိုထိခိုက်စေပါတယ်..ဥပမာမော်တော်ကားမီးခိုးတွေ၊ မီးစက်ကထွက်တဲ့မီးခိုးတွေ၊ ဆေးလိပ်မီးခိုး၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ စက်ရုံတွေကထွက်တဲ့မီးခိုးတွေအားလုံးဟာပါဝင်တဲ့အဆိပ်အတောက်တွေကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုကျဆင်းစေပါတယ်..ဒါ့ကြောင့် ဆေးလိပ်ပုံမှန်သောက်တဲ့သူတွေဟာ
ခုခံအားစနစ်မကောင်းတော့ မကြာခဏဆိုသလိုရောဂါပိုးတွေ ဝင်ရောက်တတ်ပါတယ်..အဲ့ဒီအခါမှာကုသရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်းခုခံအားစနစ်ကိုပိုမိုကျဆင်းစေပါတယ်..ဒါ့ကြောင့် လေကောင်းလေသန့်ရဖို့ အရေးကြီးပါတယ်..

(၄) လုံလောက်သောအိပ်စက်အနားယူခြင်း
တစ်နေ့တာအလုပ်တွေလုပ်ပြီးရင် ညဘက်မှာအိပ်စက်အနားယူပါမှ ခန္ဓာကိုယ်ကတာရှည်အသုံးပြုနိုင်မှာဖြစ်ပါတယ်..အိပ်စက်အနားယူတဲ့အချိန်မှာ ခန္ဓာကိုယ်မှာပျက်စီးသွားတဲ့တစ်သျှူးတွေကိုပြုပြင်တဲ့အလုပ် (Repair process) ကိုလုပ်ရပါတယ်.. အိပ်စက်ချိန်ကိုအနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်အထိထားဖို့ လိုပါတယ်..ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကာယလုပ်သားတွေဆိုရင် ပိုပြီးလိုပါတယ်..သက်ကြီးရွယ်အိုတွေဆိုရင် ဇရာကြောင့် ခန္ဓာကိုယ်ပျက်စီးမှု များလာနေတဲ့အတွက် နေ့လည်ဘက်မှာတစ်ရေးအိပ်ဖို့လိုပါတယ်..လုံလောက်တဲ့ အိပ်စက်အနားယူခြင်းပြုပါမှ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်မှာဖြစ်ပါတယ်..

(၅) ခုခံအားစနစ်ကိုကျဆင်းစေမည့် အနေအထိုင်အပြုအမူများကို ရှောင်ရှားခြင်း
ဥပမာအားဖြင့် အရက်အလွန်အကျွံသောက်တာ၊ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ လုပ်ငန်းခွင်မှာအဆိပ်အတောက်တွေနဲ့ ထိတွေ့တာ၊ စိတ်ပူပင်သောကတွေများနေတာ၊ ရက်လွန်အစားအစာတွေစားတာ၊ ပဋိဇီဝဆေးတွေ ခဏခဏသောက်ရတာ၊ ဆေးအပြင်းတွေသောက်ရတာအစရှိတဲ့ကိစ္စတွေကလည်းခုခံအားစနစ် ကိုကျဆင်းစေလို့ ရှောင်ကြဉ်ရမှာဖြစ်ပါတယ်..

(၆) ခန္ဓာကိုယ်တွင်းပရိုဘိုင်အိုတစ်တွေ များပြားအောင်ပြုလုပ်ခြင်း
ပရိုဘိုင်အိုတစ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးလေးတွေ ဖြစ်ပါတယ်.. အဓိကအနေနဲ့ အူနဲ့အစာလမ်းကြောင်းမှာနေပြီးလူတွေရဲ့ကျန်းမာရေးကိုများစွာအထောက်အကူပြုနေတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်..ဘက်တီးရီးယားမျိုးစိတ်ပေါင်းများစွာရှိပြီးအမျိုးအစားတစ်ခုချင်းစီကသူ့တာဝန်နဲ့သူထမ်းဆောင်ပါတယ်..အချို့က အစာချေဖျက်တဲ့နေရာမှာလုပ်ပါတယ်..အချို့က အစာတွေကိုစုပ်ယူရာမှာကူညီပေးပါတယ်..အချို့က ရောဂါပိုးတွေမပေါက်ပွားရအောင် ကာကွယ်တားဆီးပေးပါတယ်..အချို့က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်ကအစဦးနှောက်အဆုံးလုပ်ငန်းတွေပုံမှန်ဖြစ်အောင် ကူညီဆောင်ရွက်ပေးပါတယ်..ဒါ့ကြောင့် ခုခံအားစနစ်ကိုကောင်းအောင်ပြုလုပ်ပေးတဲ့ ပရိုဘိုင်အိုတစ် ဘက်တီးရီးယားလေးတွေကိုအမြဲတမ်းတိုးတက်များပြားနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အရေးကြီးပါတယ်..

Q: ဆရာခုနကပြောသွားတဲ့အထဲမှာ ရှေ့ပိုင်းကပြောသွားတဲ့ အကြောင်းအရာတွေကတော့ အားလုံးသိဖူးကြားဖူးကြမယ်လို့ ထင်ပါတယ်..အခုနောက်ဆုံးပြောသွားတဲ့ ပရိုဘိုင်အိုတစ် နဲ့ပတ်သတ်လို့ နည်းနည်းထပ်ရှင်းပြစေချင်ပါတယ်..ဘယ်လိုမျိုးပရိုဘိုင်အိုတစ်အမျိုးအစားတွေကခုခံအားစနစ်ကိုကောင်းစေတယ်ဆိုတာရယ်၊ သူတို့တွေများလာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ရှင်းပြပေးပါ..

A: ခန္ဓာကိုယ်ခုခံအားစနစ်ကိုကောင်းမွန်အောင်ပြုလုပ်ပေးတဲ့ ပရိုဘိုင်အိုတစ် အဓိက (၃) မျိုးရှိပါတယ်..အဲ့ဒါတွေကတော့
(၁) Lactobacillus rhamnosus
(၂) Bifidobacterium bifidum
(၃) Streptococcus thermophilesတို့ပဲဖြစ်ပါတယ်..

ဒီပရိုဘိုင်အိုတစ်ဘက်တီးရီးယားတွေကိုစစ်သူကြီး (၃) ယောက်နဲ့တင်စားခေါ်ဆိုလေ့ရှိပါတယ်.. ခန္ဓာကိုယ်ထဲကိုရောဂါပိုးတွေဝင်လာခဲ့ရင် သူတို့ဆီကနေပဋိဇီဝပစ္စည်းတွေ ဥပမာအားဖြင့် Bacitracin, Thermophylinလိုပစ္စည်းမျိုးတွေထုတ်ပြီးရောဂါပိုးတွေကိုသတ်ဖြတ်နှိမ်နှင်းပါတယ်..ပြီးရင် အူနံရံတစ်လျှောက် ခုခံအားစနစ်တွေကိုလှုံ့ဆော်ပေးတာ၊ သွေးထဲမှာအင်တီဘော်ဒီတွေထွက်လာအောင် လှုံ့ဆော်ပေးတာတွေ လုပ်လိုက်တော့ ခုခံအားစနစ်တွေ နိုးကြားလာပြီးဝင်လာတဲ့ရောဂါပိုးကိုဝိုင်းဝန်းတိုက်ခိုက်နှိမ်နင်းလိုက်ခြင်းဖြစ်ပါတယ်..ဒါ့ကြောင့် ဒီပရိုဘိုင်အိုတစ်ဘက်တီးရီးယား (၃) မျိုးကို ခန္ဓာကိုယ်ထဲမှာများနေအောင်ပြုလုပ်ဖို့ အရေးကြီးလှပါတယ်..ဒီလိုလုပ်ဖို့ဆိုရင် သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မကြာခဏစားပေးရပါမယ်..ဥပမာဒိန်ချဉ်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးမျိုးစုံတို့ဖြစ်ပါတယ်.. သူတို့တွေဟာအယ်လ်ကိုဟော (အရက်) နဲ့ထိတွေ့ရင် သေဆုံးကုန်တာမို့ အရက်ကိုလုံးဝရှောင်ရပါမယ်..ပဋိဇီဝဆေးတွေသောက်ရင် သူတို့တွေပါ သေဆုံးကုန်တဲ့အတွက် သူတို့တွေနဲ့ပြုလုပ်ထားတဲ့ ပရိုဘိုင်အိုတစ်ဖြည့်စွက်ဆေးဝါးတွေ ဖြည့်စွက်သောက်ဖို့လိုအပ်ပါတယ်..ဒါ့ကြောင့် ပဋိဇီဝဆေး(Antibiotic) သောက်ပြီးတိုင်းပရိုဘိုင်အိုတစ် (Probiotic) သောက်ရခြင်းဟာဒီကနေ့ ဆေးပညာရဲ့အသစ်တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်.. အချို့ခုခံအားကျဆင်းနေတဲ့သူတွေဆိုရင်တော့ အဲ့ဒီဘက်တီးရီးယား ၃ ကောင်ပါဝင်တဲ့ ပရိုဘိုင်အိုတစ်ကိုအမြဲပုံမှန်သောက်သုံးပေးသင့်ပါတယ်..

Q: အခုဆိုရင် ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေ အတော်လေး ပြည့်ပြည့်စုံစုံသိရပါပြီဆရာ..ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်ကြီးကိုဘာများပြောချင်ပါသေးလဲဆရာ..

A: ဒီနေ့အချိန်အခါမှာကူးစက်ရောဂါမျိုးစုံဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ဖို့ကြိုးစားနေကြပါတယ်..ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက်စသဖြင့်ပေါ့..ဒီလိုမျိုးကူးစက်ရောဂါတွေကိုမဖြစ်အောင်ကြိုတင်ကာကွယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ မိမိရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးထားခြင်းဖြစ်ပါတယ်..ဒီလိုမြှင့်တင်နိုင်ဖို့အတွက် ဒီကနေ့ပြောဆိုဆွေးနွေးခဲ့သလိုလုပ်ကိုင်ဆောင်ရွက်ဖို့ရာလည်းမခက်ခဲလှတာကြောင့် လူတိုင်းလိုက်နာဆောင်ရွက်ကြပြီးကျန်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ
ပို့သအပ်ပါတယ်..

[Unicode]

Q: ဒီကနေ့မှာ အဖြစ်များလာတဲ့ ကူးစက်ရောဂါအမျိုးမျိုးအတွက် ခုခံအားစနစ်ကောင်းမွန်ဖို့ လိုအပ်တယ်လို့ ဆေးပညာရှင်တွေက မကြာခဏပြောဆိုနေကြတော့ ဒီကနေ့ ဒီအကြောင်းအရာလေးကို ဆွေးနွေးချင်ပါတယ် ဆရာ.. ပထမဆုံးအနေနဲ့ ခန္ဓာကိုယ်ခုခံအားစနစ်ဆိုတာ ဘာလဲဆိုတာ အရင်ဆုံး ရှင်းပြပေးပါ..

A: ခန္ဓာကိုယ်ခုခံအားစနစ်ကို ဆေးပညာအရတော့ Immune system လို့ခေါ်ပါတယ်.. ဆရာတို့ လူအပါအဝင် သက်ရှိသတ္တဝါအားလုံးသာမကဘဲ အပင်တွေမှာပါ သူတို့ကိုဖျက်ဆီးမယ့် တစ်နည်းအားဖြင့် ရောဂါတွေဖြစ်စေမယ့် အကြောင်းအရာတွေကို တွန်းလှန်ပေးဖို့ ဖွဲ့စည်းတည်ဆောက်ထားတဲ့အရာတွေနဲ့ သူတို့ရဲ့လုပ်ငန်းစဉ်တွေ (Biological structure and process) ကို စုစည်းထားတဲ့ အဖွဲ့အစည်းကို ခေါ်တာဖြစ်ပါတယ်..

Q: ခုခံအားစနစ်ဘယ်နှစ်မျိုးရှိပါသလဲ.. ကျွန်မကြားဖူးထားတာကတော့ ခုခံအားစနစ်အမျိုးမျိုးရှိပြီး တစ်ခုနဲ့တစ်ခုလည်း မတူညီကြဘူးလို့ သိရပါတယ်.. အဲ့ဒါနည်းနည်းရှင်းပြပေးပါ..

A: အဓိကအုပ်စုကြီးနှစ်ခုရှိပါတယ်..မွေးကတည်းက လူတိုင်းမှာပါလာတဲ့ မွေးရာပါခုခံအားစနစ် (Innate immune system) နဲ့ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သူတွေ့ကြုံဖြတ်သန်းခဲ့တဲ့ ရောဂါအခြေအနေပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေထပ်မံထုတ်လုပ်လိုက်တဲ့ (Adaptive immune system) ဆိုပြီးဖြစ်ပါတယ်.. အုပ်စုတစ်ခုစီမှာမှ ထပ်မံပြီး သွေးရည်ကြည်ထဲရှိ အင်တီဘော်ဒီများနဲ့ ဆိုင်ရာခုခံအားစနစ် (Humoral immunity) နဲ့ ဆဲလ်ပိုင်းဆိုင်ရာခုခံအားစနစ် (Cell-mediatedimmunity) ဆိုပြီး ထပ်ခွဲထားပါတယ်.. အဲ့ဒီစနစ်တွေအားလုံး ညီညီညာညာအလုပ်လုပ်ပါမှ ကောင်းမွန်တဲ့ခုခံအားစနစ်ကိုရရှိမှာဖြစ်ပြီး ရောဂါအပေါင်းကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်..

Q: ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးတစ်မျိုးဝင်လာခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ကဘယ်နည်းဘယ်ပုံ ကာကွယ်တိုက်ဖျက်တယ်ဆိုတာ လည်း ရှင်းပြပေးပါ..

A: ကျွန်တော်တို့ရဲ့ လူ့ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်ပိုးတွေ အလွယ်တကူ ဝင်ရောက်လာခြင်း မရှိစေဖို့ ခုခံတားဆီးရာမှာ အဆင့်ဆင့်ရှိပါတယ်.. Layered defense လို့ခေါ်ပါတယ်.. အစပိုင်းမှာ တိကျမှုသိပ်မရှိတဲ့အတွက် ခုခံအားစနစ်နဲ့ ကာကွယ်ပြီး အတွင်းပိုင်းကိုရောက်လေလေ ပိုပြီးတိကျလေလေ ဖြစ်ပါတယ်..

ဥပမာ ခန္ဓာကိုယ်ကို ဘက်တီးရီးယား ဒါမှမဟုတ် ဗိုင်းရပ်ပိုးတစ်မျိုး ထိုးဖောက်ဝင်ရောက်ရင် စပြီးတွေ့မယ့် ခုခံအား အဖွဲ့ကတော့ Innate immune system ပဲဖြစ်ပါတယ်.. သူကတော့ကိုယ့်ခန္ဓာကိုယ်ရဲ့ဆဲလ်မဟုတ်ဘူးဆိုရင် ချက်ချင်း တွန်းလှန်တိုက်ခိုက်ပါလိမ့်မယ် (Immediate, but non-specific response).. ဒါပေမဲ့ ရန်သူကိုတိတိကျကျ ပစ်မှတ်ထားပြီး တိုက်ခိုက်တာမဟုတ်တော့ အောင်မြင်တဲ့အခါရှိသလို မအောင်မြင်တဲ့အခါလည်းရှိပါတယ်.. အောင်မြင်သွားလို့ ရန်သူရောဂါပိုးတွေ သေကုန်ရင်တော့ ဒီမှာတင်ပြီးပါတယ်.. တကယ်လို့ ရောဂါပိုးတွေဟာ အနိုင်ရခဲ့ရင် ခန္ဓာကိုယ်ထဲကို ဆက်ပြီးထိုးဖောက် ဝင်ရောက်လာမှာဖြစ်ပါတယ်.. အဲ့ဒီအခါမှာ ဒုတိယအဆင့်ခုခံအားစနစ်ဖြစ်တဲ့ Adaptive immune system နဲ့တွေ့ပါတယ်.. အဲ့ဒီအခါမှာ ဝင်လာတဲ့ရောဂါပိုးကို တိတိကျကျ ရှာဖွေတိုက်ဖျက်တဲ့အလုပ်ကို ဒီစနစ်ကလုပ်ဆောင်ပါတယ်.. ခန္ဓာကိုယ်ကနေ အင်တီဘော်ဒီလို့ခေါ်တဲ့ ရောဂါပိုးကို တိုက်ခိုက်ချေမှုန်းနိုင်တဲ့ ပရိုတင်းတွေ ထုတ်ပြီးတွန်းလှန်ပါတယ် (Humoral immunity) ဒါတင်မက သွေးဖြူဥတွေကနေ ရောဂါပိုးတွေကို စားသောက်ဖျက်ဆီးပါတယ် (Phagocytosis) အဲ့ဒီအခါမှာ မိမိရဲ့ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်နဲ့ ဝင်လာတဲ့ရန်သူရောဂါပိုးကို ခွဲခြားနိုင်မှုဟာ ခုခံအားစနစ်ရဲ့ အရေးပါတဲ့ တာဝန်တစ်ရပ်ဖြစ်ပါတယ်.. အကယ်၍ ခုခံအားစနစ်အောင်ခဲ့ရင် ရောဂါပိုးတွေသေဆုံးကုန်ပြီး လူလည်း ကျန်းမာလာမှာဖြစ်ပါတယ်..အဲ့ဒီရောဂါပိုးကို ခန္ဓာကိုယ်ကနေ မှတ်သားလိုက်တဲ့အတွက် နောက်တစ်ကြိမ် အဲ့ဒီပိုးသာ ဝင်ရောက်ခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အသင့်ရှိနေပြီးဖြစ်လို့ ဝင်ရောက်ဖို့ သိပ်မလွယ်တော့ပါဘူး.. အကယ်၍ မိမိမှာ ခုခံအားနစ်မကောင်းခဲ့ရင် ရောဂါပိုးတွေကို မတွန်းလှန်နိုင်တဲ့ အတွက် ဝင်လာတဲ့ပိုးပေါ်မူတည်ပြီး ရောဂါတွေရမှာဖြစ်ပါတယ်.. ဥပမာ တီဘီပိုးဆိုရင် တီဘီရောဂါ၊ တိုက်ဖွိုက်ပိုးဆိုရင် တိုက်ဖွိုက်ရောဂါ၊ တုပ်ကွေးဗိုင်းရပ်စ်ဆိုရင်လည်း တုပ်ကွေးရောဂါရမှာဖြစ်ပါတယ်..

Q: မွေးကင်းစကလေးတွေမှာ ခုခံအားစနစ်ဟာ အရေးပါတယ်လို့ ဖတ်ဖူးပါတယ် ဆရာ.. အဲ့ဒါနဲ့ပတ်သတ်လို့လည်း ရှင်းပြပေးပါ..

A: မွေးကင်းစကလေးရဲ့ ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ ကျန်းမာရေးဟာ မိခင်ပေါ်မှာ များစွာမူတည်နေပါတယ်.. ကိုယ်ဝန် ဆောင်စဉ်ကတည်းက မိခင်ဖြစ်သူဟာ အာဟာရဓာတ်ပြည့်ဝစွာစားမှကလေးကလည်း အာဟာရဓာတ်ပြည့်ဝပြီး ခုခံအား စနစ်လည်း ကောင်းစွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်.. နောက်တစ်ခုက မိခင်မှာရောဂါပိုးဝင်ရောက်ပြီး ခန္ဓာကိုယ်ခုခံအားစနစ်က အင်တီဘော်ဒီ (IgG antibody) တွေထွက်ခဲ့ရင် အဲ့ဒီအင်တီဘော်ဒီတွေဟာ အချင်းကနေတစ်ဆင့် ကလေးရဲ့ခန္ဓာကိုယ်ထဲကို ရောက်သွားပါတယ်.. အဲ့ဒီကလေးဟာ မွေးလာပြီး အရင်တုန်းကမိခင်မှာဝင်ခဲ့တဲ့ ရောဂါပိုးဝင်ရောက်ခဲ့ရင် သူ့ကိုတွန်းလှန်နိုင်တဲ့ (IgG antibody) တွေရှိနေတာကြောင့် တွန်းလှန်နိုင်တဲ့အခြေအနေကောင်းကို ရရှိမှာဖြစ်ပါတယ်..

မွေးပြီးတဲ့နောက်ပိုင်းမှာလည်း မိခင်နို့တိုက်တဲ့ကလေးတွေဟာ မိခင်နို့မှာပါတဲ့ ခုခံအားစနစ်ရဲ့ အင်တီဘော်ဒီတွေက ကလေးရဲ့ အူလမ်းကြောင်းကိုဝင်ရောက်သွားပြီး ကလေးကို ခုခံအားတက်စေပါတယ်.. ကိုယ်ဝန်ဆောင်စဉ် အချင်းကနေ မဖြတ်သန်းနိုင်တဲ့ အင်တီဘော်ဒီတွေဟာ မိခင်နို့ရည်ထဲကနေ အလွယ်တကူဖြတ်သန်းနိုင်ပါတယ်..ပြီးရင် မိခင်နို့ရည်ထဲမှာ ပရိုဘိုင်အိုတစ် လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေဟာ ကလေးဆီရောက်ပြီး ကလေးရဲ့အူထဲမှာ ဆက်လက်ပွားများပါတယ်..ပြီးရင် မိခင်နို့ရည်တိုက်ကျွေးမှုကြောင့် ပိုပြီးပွားများလာပါတယ်.. အဲ့ဒီအကျိုးပြုပရိုဘိုင်အိုတစ်တွေဟာ ရောဂါပိုးတွေကို ကာကွယ် တိုက်ဖျက်ရာမှာ လွန်စွာအရေးပါလှပါတယ်.. ဒါမျိုးက နို့မှုန့်တိုက်တဲ့ကလေးတွေမှာမရနိုင်ပါ.. ဒါ့ကြောင့် မိခင်နို့တိုက်တဲ့ ကလေး နဲ့ နို့ဗူးတိုက်တဲ့ကလေး နှစ်ယောက်ကိုနှိုင်းယှဉ်ရင် မိခင်နို့တိုက်တဲ့ကလေးက ကိုယ်ခံအားစနစ် ပိုမိုကောင်းမွန်တာ တွေ့ရပါတယ်.. ဒါ့ကြောင့်လည်း မွေးပြီးကလေးတွေကို ၆ လ အထိ မိခင်နို့ရည်ကို တိုက်ကျွေးစေခြင်းဖြစ်ပါတယ်..

Q: ကာကွယ်ဆေးထိုးရင် ထိုးထားတဲ့ဆေးနဲ့ပတ်သတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်တယ်ဆိုတော့ အဲ့ဒါကျတော့ရော ခုခံအားစနစ်နဲ့ ဆိုင်ပါသလား ဆရာ..

A: ကာကွယ်ဆေးထိုးခြင်းကို Vaccination or Immunization လို့ခေါ်ပါတယ်.. အဓိကအနေနဲ့ ရောဂါဖြစ်စေတဲ့ ပိုးကို သတ်ပြီးတော့ပဲဖြစ်ဖြစ်၊ အန္တရာယ်မရှိအောင်ပြုလုပ်ပြီးဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ထဲကို ထိုးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က သူ့ကိုတိုက်ခိုက်မယ့် ပဋိပစ္စည်းတွေထွက်လာအောင် လှုံ့ဆော်ပေးခြင်းဖြစ်တယ်.. ရောဂါပိုးကတော့ အန္တရာယ် မရှိအောင် ပြုလုပ်ထားလို့ လူကိုဒုက္ခမပေးနိုင်ပါဘူး.. ထွက်လာတဲ့အင်တီဘော်ဒီတွေဟာ အဲ့ဒီထိုးလိုက်တဲ့ရောဂါပိုးအတွက် တိတိကျကျဒီဇိုင်းလုပ်ပြီး ထုတ်လုပ်လိုက်တာဖြစ်လို့ နောင်တစ်ခါ ဒီပိုးမျိုးအရှင်တွေဝင်လာခဲ့ရင် ပမာဏနည်းနည်းဘဝမှာပဲ သတ်ပစ်လိုက်ပါတယ်.. ပွားများခွင့်မရတဲ့အတွက် အဲ့ဒီရောဂါကနေ ကာကွယ်ပြီးဖြစ်ပါတယ်.. ဒီလိုကာကွယ်နိုင်ဖို့ လုံလောက်တဲ့ အင်ဒီဘော်ဒီထွက်ဖို့ တချို့ကာကွယ်ဆေးတွေမှာ တစ်ကြိမ်တည်းထိုးရုံနဲ့ ရနိုင်သလို အချို့ကျတော့လည်း သုံးကြိမ်လောက် လခြားပြီး ထိုးပေးရပါတယ်.. ထွက်လာတဲ့ အင်တီဘော်ဒီတွေဟာလည်း တချို့က ၅ နှစ်ခံတာရှိသလို တချို့ကျတော့လည်း တစ်သက်လုံးခံပါတယ်..၅ နှစ်ပဲခံရင် ၅ နှစ်တစ်ခါ Booster dose ထပ်ထိုးဖို့လိုပါတယ်..အချို့ကာကွယ်ဆေးတွေကျတော့ ဘက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ် တစ်ကောင်လုံးမဟုတ်ဘဲ ရောဂါဖြစ်စေတဲ့ အစိတ်အပိုင်း ဒါမှမဟုတ် အဆိပ်သင့်စေတဲ့ အစိတ်အပိုင်းကို အန္တရာယ်မရှိအောင်ပြုပြင်ပြီး ထိုးပေးရတာလည်းရှိပါတယ်.. ဒီလိုကာကွယ်ဆေးထိုးထားတဲ့အတွက် ကူးစက် ရောဂါအများစုကနေ ကာကွယ်နိုင်ခဲ့ပြီး ဆေးပညာရဲ့အောင်မြင်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်..

Q: လူတစ်ယောက်အနေနဲ့ ခုခံအားစနစ်ကောင်းမွန်အောင် ဘာတွေလုပ်ရမလဲဆိုတာ ရှင်းပြပေးပါ..

A: လူတစ်ယောက် ခုခံအားစနစ်ကောင်းဖို့ဆိုရင် အနေအထိုင်အစားအသောက် မှန်ကန်မျှတနေဖို့ အရေကြီးပါတယ်.. အဓိကလိုအပ်ချက်တွေအနေနဲ့

(၁) အာဟာရပြည့်ဝအောင်စားသုံးခြင်း
လူ့ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်အုပ်စုကြီး (၇) ခုရှိပါတယ်..ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်း၊ အဆီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နဲ့ ရေဓာတ်တွေဖြစ်ပါတယ်.. လူ့ခန္ဓာကိုယ်အတွက် တစ်နေ့တာလိုအပ်ချက်တွေပြည့်စုံအောင် စားရမှာဖြစ်သလို မလိုဘဲနဲ့ အများကြီးပိုပြီး စားလို့လည်းမကောင်းပါ.. ဥပမာ ထမင်းစားရင် ထမင်းကိုသုံးပုံတစ်ပုံ၊ ဟင်းကို သုံးပုံတစ်ပုံနဲ့ ဟင်းသီးဟင်းရွက်ကို သုံးပုံတစ်ပုံ မျှတအောင်စားရပါမယ်.. ကျန်တဲ့အချိန်မှာ သစ်သီးလေးတွေ စားပေးရပါမယ်.. ခုခံအားကို ထိခိုက်ကျဆင်းစေမယ့် ဓာတုဆိုးဆေးပါတဲ့ အစားအစာတွေ၊ တူးအောင်ကင်ထားတဲ့အကင်တွေ၊ မီးဖုတ်တွေ၊ ဆီကြော်တွေ၊ မှိုတက်စာတွေကို ရှောင်ရပါမယ်.. အဓိကအနေနဲ့ သန့်သန့်ရှင်းရှင်း၊ လတ်လတ်ဆတ်ဆတ် ပူပူနွေးနွေး အစားအစာတွေကို အဓိကစားရပါမယ်..

(၂) ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
အနည်းဆုံး တစ်နေ့ ၃၀ မိနစ်လောက် လမ်းလျှောက်တာ ဒါမှမဟုတ် ကိုယ်ဝါသနာပါတဲ့ အားကစားတစ်ခုခုလုပ်တာတွေ ပြုလုပ်ပေးရပါမယ်.. အကောင်းဆုံးကတော့ မနက်ခင်းနေထွက်စ နေရောင်ခြည်အောက်မှာ လမ်းလျှောက်ရင် နေရောင်ခြည်ရဲ့ အာနိသင်ပါ တစ်ခါတည်းရပြီးဖြစ်လို့ ပိုကောင်းပါတယ်..နေရောင်ခြည်ဟာ ဗီတာမင် ဒီ ကိုရစေပြီး သူ့ကြောင့် ခန္ဓာကိုယ်ခုခံအား စနစ်ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်.. အခုနောက်ဆုံးပြုလုပ်ခဲ့တဲ့ သုတေသန စာတမ်းတွေအရ ဗီတာမင်ဒီဟာ တုပ်ကွေးရောဂါအမျိုးမျိုးကနေ ကာကွယ်ပေးတယ်လို့ဆိုပါတယ်.. နိုင်ငံပေါင်း ၁၂ နိုင်ငံမှာ လူပေါင်း ၁၁၀ဝ၀ ကျော်ကို လေ့လာခဲ့တဲ့ သုတေသနစာတမ်း ၂၅ ခုကို အခြေခံပြီး ကမ္ဘာကျော် TIME မဂ္ဂဇင်းကြီးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်..
● ဗီတာမင်ဒီ ပုံမှန်သောက်သူဟာ Influenza နဲ့ အသက်ရှုလမ်းကြောင်းရောဂါပိုးဝင်မှုမှာ ဆေးမသောက်တဲ့ သူတွေထက် များစွာလျော့နည်းပါတယ်..
●    ပြောင်းပြန် ပြန်ပြောရာင် ဗီတာမင်ဒီ လျော့နည်းသူတွေမှာ Influenza ပိုဖြစ်တတ်တယ်ပေါ့..

 (၃) လေကောင်းလေသန့်ရှူခြင်း
မကောင်းတဲ့လေ တစ်နည်းအားဖြင့် ညစ်ညမ်းတဲ့လေဟာ ခုခံအားစနစ်ကို ထိခိုက်စေပါတယ်.. ဥပမာ မော်တော်ကားမီးခိုးတွေ၊ မီးစက်ကထွက်တဲ့မီးခိုးတွေ၊ ဆေးလိပ်မီးခိုး၊ ခြင်ဆေးခွေ၊ အမွှေးတိုင်၊ စက်ရုံတွေကထွက်တဲ့မီးခိုးတွေအားလုံးဟာ ပါဝင်တဲ့ အဆိပ်အတောက်တွေကြောင့် ခန္ဓာကိုယ်ခုခံအားစနစ်ကို ကျဆင်းစေပါတယ်.. ဒါ့ကြောင့် ဆေးလိပ်ပုံမှန်သောက်တဲ့သူတွေဟာ ခုခံအားစနစ်မကောင်းတော့ မကြာခဏဆိုသလို ရောဂါပိုးတွေ ဝင်ရောက်တတ်ပါတယ်.. အဲ့ဒီအခါမှာ ကုသရတဲ့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကလည်း ခုခံအားစနစ်ကို ပိုမိုကျဆင်းစေပါတယ်.. ဒါ့ကြောင့် လေကောင်းလေသန့်ရဖို့ အရေးကြီး ပါတယ်..

(၄) လုံလောက်သောအိပ်စက်အနားယူခြင်း
တစ်နေ့တာအလုပ်တွေလုပ်ပြီးရင် ညဘက်မှာအိပ်စက်အနားယူပါမှ ခန္ဓာကိုယ်က တာရှည်အသုံးပြု နိုင်မှာဖြစ်ပါတယ်.. အိပ်စက်အနားယူတဲ့အချိန်မှာ ခန္ဓာကိုယ်မှာ ပျက်စီးသွားတဲ့တစ်သျှူးတွေကို ပြုပြင်တဲ့အလုပ် (Repair process) ကို လုပ်ရပါတယ်.. အိပ်စက်ချိန်ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်အထိထားဖို့ လိုပါတယ်..ပင်ပင်ပန်းပန်းလုပ်ရတဲ့ ကာယလုပ်သားတွေဆိုရင် ပိုပြီးလိုပါတယ်..သက်ကြီးရွယ်အိုတွေဆိုရင် ဇရာကြောင့် ခန္ဓာကိုယ်ပျက်စီးမှု များလာနေတဲ့အတွက် နေ့လည်ဘက်မှာ တစ်ရေးအိပ်ဖို့လိုပါတယ်..လုံလောက်တဲ့ အိပ်စက်အနားယူခြင်းပြုပါမှ ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်မှာ ဖြစ်ပါတယ်..

(၅) ခုခံအားစနစ်ကို ကျဆင်းစေမည့် အနေအထိုင်အပြုအမူများကို ရှောင်ရှားခြင်း
ဥပမာအားဖြင့် အရက်အလွန်အကျွံသောက်တာ၊ ကွမ်းစားတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ လုပ်ငန်းခွင်မှာ အဆိပ်အတောက်တွေနဲ့ ထိတွေ့တာ၊ စိတ်ပူပင်သောကတွေများနေတာ၊ ရက်လွန်အစားအစာတွေစားတာ၊ ပဋိဇီဝဆေးတွေ ခဏခဏသောက်ရတာ၊ ဆေးအပြင်းတွေသောက်ရတာ အစရှိတဲ့ကိစ္စတွေကလည်း ခုခံအားစနစ် ကိုကျဆင်းစေလို့ ရှောင်ကြဉ် ရမှာဖြစ်ပါတယ်..

(၆) ခန္ဓာကိုယ်တွင်းပရိုဘိုင်အိုတစ်တွေ များပြားအောင်ပြုလုပ်ခြင်း
ပရိုဘိုင်အိုတစ်ဆိုတာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးလေးတွေ ဖြစ်ပါတယ်.. အဓိကအနေနဲ့ အူနဲ့အစာလမ်းကြောင်း မှာနေပြီး လူတွေရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုနေတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်.. ဘက်တီးရီးယားမျိုးစိတ် ပေါင်း  များစွာရှိပြီး အမျိုးအစားတစ်ခုချင်းစီက သူ့တာဝန်နဲ့သူ ထမ်းဆောင်ပါတယ်.. အချို့က အစာချေဖျက်တဲ့နေရာမှာ လုပ်ပါတယ်.. အချို့က အစာတွေကိုစုပ်ယူရာမှာ ကူညီပေးပါတယ်.. အချို့က ရောဂါပိုးတွေ မပေါက်ပွားရအောင် ကာကွယ် တားဆီးပေးပါတယ်.. အချို့က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ အသည်း၊ ကျောက်ကပ်၊ နှလုံး၊ အဆုတ်ကအစ ဦးနှောက် အဆုံး လုပ်ငန်းတွေပုံမှန်ဖြစ်အောင် ကူညီဆောင်ရွက်ပေးပါတယ်..ဒါ့ကြောင့် ခုခံအားစနစ်ကို ကောင်းအောင်ပြုလုပ်ပေးတဲ့ ပရိုဘိုင်အိုတစ် ဘက်တီးရီးယားလေးတွေကို အမြဲတမ်းတိုးတက်များပြားနေအောင် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ အရေးကြီး ပါတယ်..

Q: ဆရာခုနကပြောသွားတဲ့အထဲမှာ ရှေ့ပိုင်းကပြောသွားတဲ့ အကြောင်းအရာတွေကတော့ အားလုံးသိဖူးကြားဖူးကြမယ်လို့ ထင်ပါတယ်.. အခုနောက်ဆုံးပြောသွားတဲ့ ပရိုဘိုင်အိုတစ် နဲ့ပတ်သတ်လို့ နည်းနည်းထပ်ရှင်းပြစေချင်ပါတယ်.. ဘယ်လိုမျိုးပရိုဘိုင်အိုတစ်အမျိုးအစားတွေက ခုခံအားစနစ်ကိုကောင်းစေတယ်ဆိုတာရယ်၊ သူတို့တွေများလာအောင် ဘယ်လို လုပ်ရမယ်ဆိုတာ ရှင်းပြပေးပါ..

A: ခန္ဓာကိုယ်ခုခံအားစနစ်ကို ကောင်းမွန်အောင်ပြုလုပ်ပေးတဲ့ ပရိုဘိုင်အိုတစ် အဓိက (၃) မျိုးရှိပါတယ်.. အဲ့ဒါတွေကတော့
(၁) Lactobacillus rhamnosus
(၂) Bifidobacterium bifidum
(၃) Streptococcus thermophiles တို့ပဲဖြစ်ပါတယ်..

ဒီပရိုဘိုင်အိုတစ်ဘက်တီးရီးယားတွေကို စစ်သူကြီး (၃) ယောက်နဲ့တင်စားခေါ်ဆိုလေ့ရှိပါတယ်.. ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ ဝင်လာခဲ့ရင် သူတို့ဆီကနေ ပဋိဇီဝပစ္စည်းတွေ ဥပမာအားဖြင့် Bacitracin, Thermophylin လိုပစ္စည်းမျိုးတွေထုတ်ပြီး ရောဂါပိုး တွေကို သတ်ဖြတ်နှိမ်နှင်း ပါတယ်.. ပြီးရင် အူနံရံတစ်လျှောက် ခုခံအားစနစ်တွေကို လှုံ့ဆော်ပေးတာ၊ သွေးထဲမှာအင်တီဘော်ဒီ တွေထွက်လာအောင် လှုံ့ဆော်ပေးတာတွေ လုပ်လိုက်တော့ ခုခံအားစနစ်တွေ နိုးကြားလာပြီး ဝင်လာတဲ့ရောဂါပိုးကို ဝိုင်းဝန်း တိုက်ခိုက်နှိမ်နင်းလိုက်ခြင်းဖြစ်ပါတယ်.. ဒါ့ကြောင့် ဒီပရိုဘိုင်အိုတစ်ဘက်တီးရီးယား (၃) မျိုးကို ခန္ဓာကိုယ်ထဲမှာ များနေအောင် ပြုလုပ်ဖို့ အရေးကြီးလှပါတယ်.. ဒီလိုလုပ်ဖို့ဆိုရင် သူတို့ကြိုက်နှစ်သက်တဲ့ အစားအစာတွေ မကြာခဏစားပေးရ ပါမယ်.. ဥပမာ ဒိန်ချဉ်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်မျိုးစုံ၊ သစ်သီးမျိုးစုံတို့ဖြစ်ပါတယ်.. သူတို့တွေဟာ အယ်လ်ကိုဟော (အရက်) နဲ့ထိတွေ့ရင် သေဆုံးကုန်တာမို့ အရက်ကိုလုံးဝရှောင်ရပါမယ်..ပဋိဇီဝဆေးတွေသောက်ရင် သူတို့တွေပါ သေဆုံးကုန်တဲ့အတွက် သူတို့တွေနဲ့ပြုလုပ်ထားတဲ့ ပရိုဘိုင်အိုတစ်ဖြည့်စွက်ဆေးဝါးတွေ ဖြည့်စွက်သောက်ဖို့လိုအပ်ပါတယ်.. ဒါ့ကြောင့် ပဋိဇီဝဆေး (Antibiotic) သောက်ပြီးတိုင်း ပရိုဘိုင်အိုတစ် (Probiotic) သောက်ရခြင်းဟာ ဒီကနေ့ ဆေးပညာရဲ့အသစ်တွေ့ရှိချက်တစ်ခု ဖြစ်ပါတယ်.. အချို့ခုခံအားကျဆင်း နေတဲ့သူတွေဆိုရင်တော့ အဲ့ဒီဘက်တီးရီးယား ၃ ကောင်ပါဝင်တဲ့ ပရိုဘိုင်အိုတစ်ကို အမြဲပုံမှန် သောက်သုံးပေးသင့်ပါတယ်..

Q: အခုဆိုရင် ခန္ဓာကိုယ်ခုခံအားစနစ်နဲ့ပတ်သတ်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေ အတော်လေး ပြည့်ပြည့်စုံစုံသိရပါပြီ ဆရာ.. ဆရာ့အနေနဲ့ မြဝတီရုပ်မြင်သံကြားပရိသတ်ကြီးကို ဘာများ ပြောချင်ပါသေးလဲ ဆရာ..

A: ဒီနေ့အချိန်အခါမှာ ကူးစက်ရောဂါမျိုးစုံဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ဝင်ရောက်ဖို့ကြိုးစား နေကြပါတယ်.. ရာသီတုပ်ကွေး၊ ကြက်ငှက်တုပ်ကွေး၊ ဝမ်းလျှောဝမ်းပျက်စသဖြင့်ပေါ့.. ဒီလိုမျိုးကူးစက်ရောဂါတွေကို မဖြစ်အောင်ကြိုတင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ မိမိရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကို မြှင့်တင်ပေးထားခြင်းဖြစ်ပါတယ်.. ဒီလိုမြှင့်တင်နိုင်ဖို့အတွက် ဒီကနေ့ပြောဆိုဆွေးနွေးခဲ့သလို လုပ်ကိုင်ဆောင်ရွက်ဖို့ရာလည်း မခက်ခဲလှတာကြောင့် လူတိုင်း လိုက်နာ ဆောင်ရွက်ကြပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ
ပို့သအပ်ပါတယ်..

မူလတင်ဆက်စာမျက်နှာ - ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals) 

No comments: