Thursday, June 2, 2016

အစာလည်းဆေး ဆေးလည်းအစာ

အသည်းကို သဘာဝနည်းဖြင့် သန့်စင်ပေးခြင်း




လူ့ခန္ဓာကိုယ်ထဲမှာ အသည်းဟာ အလုပ်အများဆုံး လုပ်ပေးရတဲ့ ကလီစာတစ်မျိုးဖြစ်နေပါတယ်။ ကျနော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်ထဲက အဆိပ်အတောက်များကို အသည်းက အမြဲတမ်း စစ်ထုတ်ပေးနေပါတယ်။ ဒါကြောင့် အသည်းကျန်းမာဖို့ သိပ်အရေးကြီးပါတယ်။

အသည်းအတွက် အကောင်းဆုံး သဘာဝအစားအစာကတော့ မန်ကျည်းသီးပဲဖြစ်ပါတယ်။

(၁) မန်ကျည်းသီးမှည့် လက်တစ်ဆုပ်ခန့်ကို ထန်းလျက်ခဲ သုံးလုံး၊ ဆားအနည်းငယ်နဲ့ အ၀ကျယ်ဖန်ပုလင်းထဲထည့်ပါ။
(၂) ရေနွေးပူပူ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။
(၃) နေ့လယ်လောက်မှာလုပ်ထားပြီး ညနေလောက်မှာ ရေစစ်နဲ့အရည်များကို ညှစ်ယူပါ။
(၄) အိပ်ရာမ၀င်ခင်မှာ ၄င်းမန်းကျည်းဖျော်ရည်ကို သံပရာစိတ်လေးညှစ်ထည့်ပြီး သောက်ပါ။

မနက်အိပ်ရာထရင် ၀မ်းသွားပါလိမ့်မယ်။ ၀မ်းမပျက်ပါ။ ပုံမှန်အတိုင်းပါပဲ။ အနည်းဆုံး တစ်ပတ်တစ်ခါလောက်သောက်ပေးပါ။
ဝမ်းဗိုက်ထဲက အဆိပ်အတောက်၊ အပူအပုပ်များ ကင်းစင်သွားပြီး အသည်းကောင်းသွားပြီဆိုရင် ဘီပိုး၊စီပိုးစတာတွေလည်း မဖြစ်တော့ပါဘူး။ အသားအရေလည်း စိုပြေလှပလာစေပါတယ်။

စောနွဲ့နေဆိုင် (ပူတာအို)
ကိုးကား  - အစွမ်းထက်သဘာဝဆေးနည်းများ။

အလွယ်ကူဆုံး ကျောက်ကပ်ဆေးနည်း
ကျောက်ကပ်ဟာ လူသားတွေအတွက် အရေးပါဆုံးအလုပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ နေ့စဉ် စားသောက်နေတဲ့အစားအစာများမှ အညစ်အကြေးများကို စစ်ထုတ်စွန့်ထုတ်ပေးရတယ်။
ယနေ့ခေတ် အစားအသောက်များကလည်း ဟိုအရင်လို သဘာဝအလျောက် တောထဲကရတဲ့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်က ရှားပါးသွားပြီး နည်းပညာအမျိုးမျိုးနဲ့ ထုတ်လုပ်တာကိုပဲ စားသုံးနေရပါတယ်။ အဆိပ်အတောက်မျိုးစုံလည်းပါဝင်နေပါတယ်။ ကြာလာတော့ ကျောက်ကပ်ကိုသွားထိပါတယ်။ ကျောက်ကပ်က မစစ်ထုတ်နိုင်တော့ အခဲဖြစ်ကျန်ရစ်ပြီး ကျောက်ကပ်မှာ ကျောက်တည်ရောဂါများဖြစ်လာကြပြီး ဆေးရုံတက်ခွဲနေကြသူတွေ မနည်းပါဘူး။
အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့စကားအတိုင်း ကျောက်ကပ်အတွက် အကောင်းဆုံးဟင်းတစ်ခွက်ကို ညွှန်းပေးလိုက်ပါတယ်။

(၁) ကြက်ရိုးကို ကြာကြာလေးပြုပ်ပါ။
(၂) ကျောက်ဖရုံသီး တစ်စိတ်ကို ခပ်သေးသေးတုံး၍ ထည့်ပြုပ်ပါ။
(၃) ငရုတ်ကောင်း ၅စေ့ခန့်ကို ထုထည့်ပါ။
(၄) ဟင်းကျက်ပြီဆိုရင် တရုတ်နံနံ အနေတော် သုံးပင်ခန့်ကို နုတ်နုတ်စင်း၍ ထည့်ပါ။
(၅) ပန်းကန်ထဲထည့်ပြီး သောက်ကာနီး သံပရာတစ်စိတ်ကို ညှစ်ထည့်ပြီး သောက်ပါ။ အရည်ရော အဖတ်ပါ စားပါ။ တစ်အိုးလုံး မကုန်မခြင်း နားနားပြီးစားပါ။
(၆) အနည်းဆုံး တစ်လတစ်ကြိမ်လောက် ကျောက်ဖရုံသီးဟင်းချိုကို ချက်သောက်ပါ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား - သဘာဝဆေးနည်းတိုများ

ဆီးအိမ်ကျောက်တည်အတွက် ဆေးနည်း




ဆီးအိမ်ကျောက်တည်ရောဂါအတွက် အစွမ်းထက်တဲ့ ရိုးရာဆေးနည်းတစ်ခုကိုညွှန်းပေးလိုက်ပါတယ်။
ဒီဆေးနည်းကတော့ စင်္ကာပူ၊မလေးရှား၊ထိုင်ဝမ်တို့မှာ နေထိုင်ကြတဲ့ တရုပ်လူမျိုးများရဲ့ ရိုးရာဆေးနည်းလို့ဆိုကြပါတယ်။
အလွန်လွယ်ကူတဲ့ ဆေးနည်းပါ။ Water Hyacinth လို့ခေါ်တဲ့ ဗေဒါပင်ကို ချက်စားရမှာဖြစ်ပါတယ်။

ဆေးနည်း
(၁) ဗေဒါပင်တစ်ပင်လုံးကို အမြစ်မှ အပွင့်ထိ တစ်ပင်လုံးကို ရေစင်အောင်ဆေးကြောပြီး နုတ်နုတ်စင်းပါ။
(၂) အဆီမပါတဲ့ ၀က်သားအနည်းငယ်နဲ့ အချိုချက်ချက်ပါ။ ငရုတ်သီးအစပ်မထည့်ရပါ။
(၃)ဗေဒါဝက်သားအချိုချက်ကို ဟင်းအဖြစ်စားသုံးပါ။ မကြာခဏစားသုံးပါ။
(၄) ဘီယာသောက်တတ်သူအမျိုးသားများဆိုရင် ဘီယာနဲ့ရောသောက်ရင် ပိုပြီးထိရောက်ပါတယ်။ ဆီးကိုရွှင်စေပါတယ်။ ကျောက်ကိုကြေစေပါတယ်။
(၅) ဘီယာမသောက်တတ်သူများကတော့ သံပရာရည်၊ အုန်းရည်စတဲ့ သောက်စရာတစ်ခုခုနဲ့တွဲသောက်လို့ရပါတယ်။ အရက်အမျိုးမျိုး၊ ၀ိုင်၊ ထန်းရည်တို့နဲ့မသောက်ရပါ။ ၀က်သားနဲ့ထန်းရည်က အခန့်မသင့်ရင် အော့အန်တာဖြစ်တတ်ပါတယ်။
(၆) တစ်ပင်လုံးကို အခြောက်လှန်းထားပြီး ရေနွေးကြမ်းခတ်သောက်ပါ။ ဆီးအိမ်မှကျောက်ကို ကြေကျသွားစေပါတယ်။

စောနွဲ့နေဆိုင် - ပူတာအို
အစွမ်းထက် သဘာဝဆေးနည်းများ

ကျောက်ကပ်မှာ ကျောက်တည်သူများအတွက် ဆေးနည်း


အင်္ဂလိပ်လို Amaranth လို့ခေါ်ပြီး နေရာ၊ ဒေသကွဲပြားသွားတာနဲ့ အပင်ရဲ့ပုံစံနဲ့အရွက်များကလည်း အနည်းငယ်စီ ကွဲပြားကြတဲ့အတွက် Red Amaranth, Green Amaranth စသဖြင့် ခေါ်ကြပါတယ်။ တကယ်တော့ ဟင်းနုနွယ် အမျိုးအနွယ်ထဲကပါပဲ။
အရွက်က ချောမွတ်မနေဘဲ ဆူးပေါက်ကလေးတွေပါနေလို့ ဟင်းနုနွယ်ဆူးပေါက်၊ ဟင်းနုနွယ်အရိုင်းပင် စသဖြင့်ခေါ်ကြပါတယ်။ စိုက်စရာမလိုဘဲ သဘာဝအတိုင်း အလိုအလျောက်ပေါက်နေကြပါတယ်။ အချို့ဒေသမှာ ၀က်စာအဖြစ် ချက်ကျွေးကြပါတယ်။

ကျောက်ကပ်အတွက် ဆေးနည်း
(၁) ဟင်းနုနွယ်အရိုင်းပင်ကို တစ်ပင်လုံး ရေစင်အောင်ဆေးကြောပြီး ခုတ်ထစ်ကို တစ်အိုးရအောင်ပြုပ်ပါ။
(၂) ရေအချိန်အဆကိုတော့ အပင်အကြီးအသေးပေါ်မူတည်ပြီး ထည့်ပါ။
(၃) ၄င်းပြုပ်ရည်ကို သောက်နိုင်ရုံ ဒိုဘာလာသကြားခဲထည့်၍ မနက်၊ နေ့၊ည လက်ဖက်ရည်ပန်းကန်လုံးခန့် တစ်နေ့ သုံးခွက်သောက်ပါ။
ကျောက်သေးလျှင် ၃၊၄ရက်အတွင်း ကြေသွားစေနိုင်ပါတယ်။ ကြီးလျှင် တစ်ပတ်ခန့် သောက်ပေးလျှင် ပျောက်ကင်းစေပါတယ်။ ဆီးပူ၊ ဆီးအောင့်၊ ဆီးကျင်စတဲ့ ဆီးရောဂါအမျိုးမျိုးအတွက်လည်း ကောင်းစေပါတယ်။


စောနွဲ့နေဆိုင် - ပူတာအို

Credit: စောနွဲ့နေဆိုင်(ပူတာအို)၏ Facebook Page

No comments: