ပွဲဦးထွက်မှာ AIDS ကြောင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးမှာ ကသိကအောက် ဖြစ်စရာတွေ၊ အချင်းချင်းယုံကြည် နားလည်မှုတွေ ခေါင်းပါးလာစေတာတွေ ဖြစ်ခဲ့ရတယ်။ ဒါနဲ့ တစ်ချိန်တည်းမှာလိုလိုပဲ တွေ့ရတဲ့ ဂယက်ကတော့ AIDS ရောဂါကို တားချင်တယ်ဆိုတဲ့ သဘောနဲ့ ဥပဒေ၊ စည်းကမ်းတားမြစ်ချက် ချုပ်ချယ်မှုတွေ ပေါ်လာတဲ့ အကြောင်းပဲ။ အခြေအမြစ်မရှိတဲ့ အကြောင်းတွေပေါ်မှာ မူတည်ပြီး လူလူချင်း ခွဲခြားမှု၊ ဖယ်ကြဉ်မှု၊ နောက်ဆုံး ကိုယ်ထိလက်ရောက် ရန်မှုတဲ့ အထိ ဖြစ်လာကြတယ်။
ဒါတွင် မကသေးဘူး အထက်က ဖော်ပြခဲ့သလို သွားရေး လာရေး၊ အလုပ် လုပ်ကိုင်ရေး၊ အိမ်ငှားရေး စတဲ့ နေ့စဉ်နေမှု ထိုင်မှု ကိစ္စတွေမှာတောင် တဘက်စောင်းနင်းကျတဲ့ မူဝါဒတွေ ကျင့်သုံးတာကို တွေ့လာရတယ်။ တစ်နေရာမှာဆိုရင် AIDS ဗိုင်းရပ်စ် မရှိပေးမယ့် “ဂေး” ဆိုတာနဲ့ အလုပ်ဖြုတ်ပစ်တယ်။ ရဲတို့ မီးသတ်သမားတို့က AIDS လူနာကို မကိုင်တွယ်ချင်တာ၊ အလုပ်မလျှောက်ခင် AIDS ပိုး ရှိမရှိ စစ်ရမယ်လို့ ပြောတာ ရှိခဲ့တယ်။ ဘရာဇီးမှာဆိုရင် ဆေးရုံတစ်ခုက AIDS လူနာဆို မကုဘူးလို့ ငြင်းဆန်လို့ လူနာတွေ သေကြရတယ်တဲ့။
ဒီလိုပဲ အခြား ပြည်တွေမှာလည်း ဖြစ်ခဲ့သေးတယ်။တစ်ချို့နေရာတွေ
ဆေးလုပ်သားတချို့က အကြောက် လွန်ပြီး၊ ဆေးလုပ်သားတို့ ထားသင့်ထားအပ်တဲ့ တာဝန်တွေကို မေ့လျော့လိုက်ကြပေမယ့် ဆေးပညာလေကက ဆေးဝန်ထမ်း အဖွဲ့အစည်းတွေကတော့ ဒီလို မပြုမူသင့်ဘူးဆိုတာ သိနားလည်ပြီး လမ်းညွှန်မှု ကြေညာစာတမ်းတွေ ထုတ်ခဲ့တယ်။ AIDS ပိုးတွေ့လို့ ဖြစ်စေ၊ AIDS ရောဂါ ဖြစ်နေလို့ ဖြစ်စေ ဒါကို အကြောင်းပြပြီး လူနာကို မကုဘဲ မနေထိုက်။ အကယ်၍ ကုဖို့ ငြင်းဆိုမယ်ဆိုရင် ငြင်းဆိုသူတွေဟာ ဆရာဝန်တွေ ထားအပ်တဲ့ ကတိသစ္စာ ထုံးတမ်းကို ကျူးလွန်လို့ အပြစ်ရှိတယ်လို့ ယူဆရမယ်လို့ ဆေးလုပ်သား အသင်းအဖွဲ့ကြီးတွေဖြစ်တဲ့ ဗြိတိသျှ ဆေးပညာအသင်း (British Medical Association) အမေရိကန် ဆေးပညာအသင်း (American Mdedical Association) နဲ့ ဗြိတိသျှတော်ဝင် သူနာပြုကောလိပ် (British Royal College of Nursing) တို့က ကြေညာစာတမ်း ထုတ်ခဲ့တယ်။
ဒါပေမယ့်လည်း အချို့ဆေးလုပ်သားနဲ့ ကျန်းမာရေး လုပ်သားတွေက AIDS ကို ကြောက်ကြပြီး ဒီလူနာတေါနဲ့ ဆက်ဆံရမှာကို မလိုလား ဖြစ်နေကြသေးတယ်။ AIDS လူနာတွေကို ဆရာဝန်တွေတင် မကသေးဘူး မိသားစုတွေ ဆေးမျိုးတေါကလည်း ပယ်ကြတာပဲ။ အရှေ့အိန္ဒိယကျွန်းစု (East Indies) တစ်ခုမှာဆိုရင် အိမ်က မစောင့်ရှောက်ချင်တော့တဲ့ AIDS လူနာတွေကို ကမ္ဘာကျော် ကာသိုလစ် မယ်သီလရင်ကြီး မားသားထရီဇာ (Mother Teresa) ကြီးမှူးတဲ့ ဂိုဏ်းကထောင်ထားတဲ့ ခိုးကိုးရာမဲ့လူတွေ ကြည့်ပေးနေတဲ့ ရုံအဝမှာ လာလာပြီး ချသွားထားခဲ့တာ တွေ့ရှိတယ်။ ၁၉၉၀ ခု အလယ်ပိုင်းလောက်တုန်းကလည်း အိန္ဒိယ ဂိုးအားမြို့ရှိ AIDS လူနာတစ်ယောက်ဟာ ဘယ်သူ ဘယ်ဆွေးမျိုးကမှ လက်မခံတော့လို့ မြို့ထဲက လမင်းပေါ် ရောက်သွားတယ်လို့ အိန္ဒိယ သတင်းစာထဲမှာ ပါလာတယ်။
AIDS ပြဿနာ ကျယ်ဝန်းလာပြီဆိုတော့ ကမ္ဘာရှိ အပြည်ပြည်တို့ရဲ့ နိုင်ငံရှိ အစိုးရအာဏာပိုင်တွေနဲ့ပြည်သူလူ
ဒီတော့ ဒီအစပျိုးတတ်တဲ့ အုပ်စုတွေကို ကြပ်မတ်ထိန်းထားဖို့အတွက် သူတို့ကို ချုပ်ချယ်ထားမယ့် ဥပဒေ စသည်တို့ ထုတ်ပြီး ရောဂါကို တန့်စေမယ်။ ကျန်တဲ့ လူတွေကိုလည်း ဒီအုပ်စုတွေနဲ့ ဒီလူတွေနဲ့ မဆက်ဆံနိုင်အောင် လုပ်ထားမယ်။ ဒါကြောင့် “ဂေး”၊ ပြင်ပနိုင်ငံသား စသည့်ဖြင့် စိုးရိမ်ဖွယ်ရာ အုပ်စုလို့ သတ်မှတ်တဲ့ အုပ်စုတွေကို ပစ်မှတ်အဖြစ် ထားပြီး အရေးယူကြတယ်။
အခြား အမြင်တခုကတော့ AIDS မှာ “စိုးရိမ်ဖွယ်” အုပ်စုနဲ့ ကျန်တဲ့လူတွေလို့ သတ်မှတ်ပြီး ၂ အုပ်စုလို့ အပြတ်ခွဲလို့ မရတော့ပါဘူး။ တချို့အုပ်စုမှာ အစဖြစ်ခဲ့သော ကပ်ရောဂါတို့ သဘောအရ နောက်မှာတော့ ဒီရောဂါကတော့ လူသားတစ်ရပ်လုံးကို ထိတဲ့ရောဂါ ပြဿနာပါ။ အစမှာဖြစ်တဲ့ အုပ်စုဆိုတာက ဒီရောဂါရဲ့ တစ်စိတ်တစ်ဒေသ တပိုင်းတစပါ။ ဒီရောဂါရဲ့ နောက်ဆုံး ပတ်မှတ်ကတော့ လူသားအားလုံးပါပဲ။ ဒီလိုဆိုတော့ ရန်သူအစစ်ဟာ ဒီ စဖြစ်တဲ့အုပ်စု မဟုတ်ပါဘူး။ ရန်သူ အစစ်ဟာ ဗိုင်းရပ်စ်ပိုးပါ။ ဒါကြောင့် လူတိုင်းလူတိုင်းရဲ့ တာဝန်ကတော့ ကျန်ရှိတဲ့ လူသားအားလုံးကို ဒီရန်သူ ဗိုင်းရပ်စ်ရဲ့ ဘေးက ကာကွယ်ဖို့ပဲ။ AIDS ရောဂါ ရှိသူက တစ်ဘက် ကျန်တဲ့ လူတွေက တစ်ဘက် ဆိုပြီး ၂ ခြမ်းခွဲနေစရာ မလိုဘူး။ ဒီလို လုပ်ရင်တော့ ဗိုင်းရပ်စ်က လူသားတေါကို အနိုင်ယူမှာ ဖြစ်တယ်။ အစမှာတော့ ဒီလို စဉ်းစားတဲ့ နိုင်ငံတွေက ပြေပလောက်အောင် မရှိခဲ့ဘူး။
အခုအခြေအနေမှာတော့ တိုင်းပြည်အချို့တွေမှာ AIDS နဲ့ ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ထားတဲ့ ကန့်သတ်မှု ဥပဒေတွေ ရှိပါတယ်။ ဥပမာတွေ ပြရရင် သြစတြေးလျ၊ ဂွာတီမာလာ၊ အစ္စရေး၊ တောင်ကိုရီးယားမှာ ပြည့်တန်ဆာတွေဟာ AIDS ပိုး ရှိ၊ မရှိ မစစ်မနေရလို့ ပြဌာန်း ထားတယ်။ သြစတြေးလျမှာဆိုရင် ၆ ပတ်တစ်ခါ စစ်ကြည့်တယ်။ ရှိတာတွေ့ရင် လိုင်စင်သိမ်းပစ်တယ်။ ဒါပေမယ့် ဒီလိုလိုင်စင် သိမ်းသူတွေက အစိုးရဆီက ပင်စင်လျှောက်လို့ ရတယ်။ ဂျာမဏီမှာ သေးစစ်လို့ ပိုးရှိကြောင်းတွေ့သူကို ခွဲထားလို့ ရတယ်ဆိုတဲ့ ဥပဒေ ရှိတယ်။
အီရတ်မှာ နိုင်ငံခြားက ပြန်လာသူ အားလုံးကို စစ်တယ်လို့ ဆိုတယ်။ တောင်အာဖရိကကတော့ နိုင်ငံခြားသားတွေထဲမှာ လိုအပ်မယ်ထင်တဲ့ လူတွေကို စစ်မယ်တဲ့။ တွေ့ရင် ပြည်နှင်ဒဏ် ပေးနိုင်တယ်။ ဆီးရီးယား ကတော့ နိုင်ငံခြားက ပြန်လာတဲ့ ကျောင်သားအားလုံးကို စစ်တယ်။ ဒီလိုပဲ နိုင်ငံအမျိုးမျိုးမှာ အမျိုးမျိုးရှိ ကြတယ်။ “ခွဲထားတယ်” ဆိုတာ quarantine (ကွာရန်တိုင်း) လို့ ခေါ်တယ်။ ဒီစကားကို ကြားဖူးကြမှာပေါ့။ လူတွေတွင် မကဘူး သစ်ပင် တိရစ္ဆာန်တွေကိုလည်း လုပ်လေ့ လုပ်ထ ရှိတယ်။
ရောဂါကို ပြည်ထဲ မဝင်လာအောင်ဆိုတဲ့ ရည်ရွယ်ချက်ပါ။ လူတွေမှာ ဒီကွာရန်တိုင်း လုပ်ရတဲ့ အကြောင်းကတော့ အထူးကူးစက်မြန် ရောဂါတွေဟာ သိပ်ပြီး လွယ်လွယ်ကူးနိုင်တယ်။ လူနာက ချောင်းဆိုး နှာချေလိုက်ရင် လူနာကို ထိမိရင်၊ သူသုံးနေတဲ့ ပစ္စည်း အဝတ်အစားတွေကို ကိုင်မိရင် ကူးစက်နိုင်တယ်။ ဒါကြောင့် ဒီလိုရောဂါရှင်တွေကို ပြင်ပလောကနဲ့ မဆက်သွယ်ဘဲ ခွဲထားရမယ်ဆိုတဲ့ ဥပဒေတွေ သတ်သတ် ထုတ်ကြတယ်။ ဒီလိုခွဲထားရမယ့် အချိန်ကာလအပိုင်းအခြား ဘယ်လောက်ရှိရမယ် ဆိုတာကတော့ ရောဂါ မကူးစက်နိုင်တဲ့ အချိန်အထိ ဖြစ်တယ်။ ဒါကို ကွာရန်တိုင်းလို့ ခေါ်တာ။
AIDS ရောဂါဟာ အထူးကူးစက်မြန် ရောဂါလို့ မသတ်မှတ်နိုင်ပါဘူး။ လူနာကို ထိရုံ သူ့ပစ္စည်းကိုင်ရုံနဲ့လည်း မကူးစက်နိုင်ဘူး။ လူလူချင်း ဆက်သွယ်ရေးမှာ ဆိုရင်လည်း လိင်စပ်ယှက်ခြင်း ကြောင့်သာလျှင် AIDS ကူးစက်နိုင်တာ။ ဒါပေမယ့် အထက်က တင်ပြခဲ့တဲ့ အတိုင်း ကွာရန်တိုင်းကို ကျင့်သုံးနေတဲ့ တိုင်းပြည်တွေ ရှိနေသေးပါတယ်။ ကျူးဘူးမှာဆိုရင် ဗိုင်ရပ်စ်စစ်လို့ ပိုးတွေ့နေသူတိုင်းကို “ကွာရန်တိုင်း” လုပ်ထားတယ်လို့ ဆိုတယ်။ အိန္ဒိယပြည် “တာမဲ(လ)နာဒူး” (Tamil Nadu) ပြည်နယ်မှာ ပြည့်တန်ဆာတစ်စုကို အကျယ်ချုပ် ချုပ်ထားခဲ့တယ်။
သူတို့ရဲ့ ဖြစ်အင်ကို မရှုသာတဲ့ လူမှုအခွင့်အရေး အုပ်စုတစ်စုကနေ ပြည်နယ်အစိုးရကို ဖွဲ့စည်းပုံဥပဒေအရ ဒီလိုလုပ်နိုင်ခွင့် မရှိဘူးဆိုပြီး ရုံးတင် တရားစွဲတယ်။ တရားရုံးက ပြည်နယ်အစိုးရဟာ ဒီအမျိုးသမီးတွေကို ခွဲထားတာဟာ တရားမဝင်ဘူလို့ အဆုံးအဖြတ် ပေးလိုက်မှ သူတို့ လွတ်သွားတယ်။ သမိုင်းက ကွာရန်တိုင်း အတွေ့အကြုံ တစ်ခုကတော့ ပထမ ကမ္ဘာစစ်ကြီးတုန်းက အမေရိကန်မှာ ဆစ်ဖလစ် မပွားဖို့အတွက် ရည်သန်ပြီး ဒီရောဂါပွားသူ ဒီရောဂါကိုယ်စလှယ်တွေ ဖြစ်တဲ့ ပြည့်တန်ဆာ အမျိုးသမီးတွေကို ကွာရန်တိုင်း လုပ်ခဲ့တယ်။
ပေါင်း ၂၀၀၀၀ ကျော်ကို စခန်းတွေဖွဲ့ပြီး ခွဲထားခဲ့တယ်။ နောက်တွေ့ရတာကတော့ ဒီလို လုပ်တဲ့အတွက် ရောဂါပွားနှုန်းမှာတော့ မထူးခြားပါဘူးတဲ့။ ဒီလို ဥပဒေတွေနဲ့ အတင်းအကြပ်လုပ်ပေမယ့် လုပ်တိုင်းလည်း မအောင်မြင်ပါဘူးဆိုတာ သက်သေထူစရာ သမိုင်းတစ်လျှောက်မှာ အများကြီး ရှိခဲ့ပါတယ်။ ပြင်သစ်ပြည် ဆစ်ဖလစ်ရောဂါ စပေါ်တဲ့ အချိန်မှာ ပြင်သစ်ပါလီမန်ကနေ ၁၄၉၇ ခုနှစ်မှာ ထုတ်လိုက်တဲ့ ဥပဒေကတော့ ဆစ်ဖလစ် ရှိသူအားလုံးဟာ ပြင်ပကမ္ဘာနဲ့ ဆက်ဆံမှု အလုံးစုံကို ဖြတ်တောက်ပစ်ရမယ်၊ ဒီဥပဒေကို ချိုးဖောက်ရင် သေဒဏ်လို့ ဆိုတယ်။
ဒီသူတွေကို စိန့်ဂျာမိန်ဆိုတဲ့ နေရာမှာ ခွဲထားတာ မကြာခင် ပြည့်လျှံသွားလို့ ထားစရာမရှိတော့ဘူး။ နောက် ဥပဒေတစ်ခုက ဒီရောဂါရှိပြီး သိရက်နဲ့ ထိန်ချန် ဖုံးကွယ်ထားသူတွေကို ပဲရစ်မြို့ရှိ “စိန်ါ်” မြစ်ထဲမှာ ရေနစ်ပြီး သေစေမယ်တဲ့။ ဒီလောက် ကြပ်တည်းလှတဲ့ ဥပဒေကတော့ ဘယ်အကောင်အထည်ဖော်လို့ ရမှာလဲ။ စာရွက်ပေါ်က ဥပဒေအဖြစ်ပဲ တည်ရှိနေခဲ့တယ်။ ဥပဒေဆိုတာဟာ လူတစ်ဦး တစ်ယောက်ရဲ့ အခွင့်အရေးကို အလွန်တရာ ဆုံးရှုံးစေတဲ့ မတရားမှုမျိုး မဖြစ်ထိုက်ပါဘူး။
ဒါပြင်လည်း ဘယ်ဥပဒေဖြစ်ဖြစ် ဘာပညတ်ပဲ ဖြစ်ဖြစ် လိုက်နာဖို့ လွယ်လေလေ ပီပြင်စွာ လိုက်နာလေပဲ။ လိုက်နာဖို့ ခက်လေလေ ချိုးဖောက်သူ ဦးရေများလေ ဖြစ်မှာပဲ။ ဒါကတော့ ဆန့်ကျင်လို့ မရတဲ့ သဘာဝပါ။ ဥပဒေတစ်ခု ထုတ်ရင် ဘယ်လို ဒီဥပဒေကို လိုက်နာအောင် လုပ်ရမလဲ ဆိုတာကိုလည်း ထည့်စဉ်းစားရမှာပါ။ ဥပဒေထုတ်လိုက်ရတဲ့ ပထမဆုံး ဦးတည်ချက် ရည်မှန်းချက်ကို မေ့မပစ်ထိုက်ဘူး။ ဥပဒေနည်း ဖြစ်ဖြစ် အခြားနည်းဖြစ်ဖြစ် ဘယ်နည်းကိုပဲ ကျင့်သုံးပါစေ ထိရောက်ဖို့က အဓိက အကျဆုံးပါ။
ဒီလို ဥပဒေတွေထုတ်ရုံနဲ့ ပြီးရောတဲ့လား၊ ထိရောက်မှာလား၊ လိုက်နာနိုင်မှာလား၊ လိုက်ကောက် လိုက်နာကြပါ့မလား။ ဒီလောက် လူ့အနာဂတ် တစ်ခုလုံးကို ထိခိုက်မယ့် ကပ်ကြီးနဲ့ ကြုံနေတဲ့အခါမှာ ကာကွယ်မှု အလုပ်လုပ်ဖြစ်ဖို့က နံပါတ်တစ် အရေးကြီးဆုံးပဲ။ ဒါကြောင့် ဥပဒေတွေ လုပ်ရင်လည်း သေသေချာချာ စဉ်းစားပြီး ပြဿနာကို အရင်းအမြစ်ကျကျ ဖြေရှင်းတဲ့ ဥပဒေမျိုးသာ ဖြစ်ထိုက်တယ်။ အမြင်ကျယ်ရမယ်။ ရေရှည်ကို ကြည့်ထိုက်တယ်။
ရောဂါရှိနေသူတွေအပေါ် ရောဂါမရှိတဲ့သူ
(မရှိသေးတဲ့သူ) တွေက ဘယ်လို တုံ့ပြန်ခဲ့တယ် ဆိုတာတော့ သိကြရပြီ။ ရောဂါရှင်တွေ
အပေါ်မှာတော့ AIDS ရောဂါရဲ့ ဂယက်က ဘယ်လိုရှိသလဲ။ ဒီမှာ စဉ်းစားပြီး နားလည်ထားဖို့
လိုတာကတော့ ဘယ်သူမဆို အင်မတန်မှ ကြီးကျယ်တဲ့ ဆုံးရှုံးမှုကြီး တစ်ခုနဲ့ ဖြုန်းခနဲ
ရင်ဆိုင်ရတဲ့ အခါမှာ သူရဲ့ စိတ်ဓာတ်တွေဟာ ဘယ်လို ထိခိုက်ပြီး ပုံမှန်အနေနဲ့ ဘယ်လို
တုံ့ပြန်မှုမျိုးတွေ လုပ်တတ်သလဲ ဆိုတာ စိတ္တဗေဒ အခြေခံရှု့ထောင့်ကနေ လေ့လာပြီး
သိထားထိုက်တယ် ဆိုတာပဲ ဖြစ်တယ်။
ဒီလို အရင်ခံကျတဲ့
စိတ်ဓာတ်ပိုင်းဆိုင်ရာ အမြင်ပေါ်မူတည်တဲ့ အတွေးအခေါ်မျိုးမရှိရင် ဒီလူတွေရဲ့ အပြုအမူ
လုပ်ဆောင်ချက်တွေကို သဘောပေါက် နားလည်မှာ မဟုတ်ဘူး။ သဘောမပေါက်ရင် လက်တွေ့မှာ
တကယ်အစွမ်းထက်တဲ့ ထိရောက်မှု အဖြေကို ရှာရမှာ မဟုတ်ဘူး။ ဒီရန်ကို ဖြိုရာမှာ
အဖြေကောင်း အဖြေမှန်ရဖို့က အရေးကြီးတာ မဟုတ်လား။ ဒါဟာ လူမှုပြဿနာ တစ်ခုဖြစ်တယ်။
လူမှုပြဿနာဆိုတာက နက်ရှိုင်းတဲ့ ပြဿနာမျိုးပါ။ လွယ်လွယ် အပေါ်ယံ ကြောကြည့်ပြီး
ဆုံးဖြတ်ချက်ပေးလို့ ရတာမျိုး မဟုတ်ပါဘူး။
"AIDS ဖြစ်နေပြီတဲ့" လို့
သိလိုက်တာနဲ့ ဘဝနဲ့ အသက်ပါ ဆုံးရှုံးရတောမယ့် အရေးအခင်းကြီးနဲ့
ပက်ပင်းတွေ့ကြရတော့တာပဲ။ ဘယ်လောက်ပူဆွေး ဒုက္ခရောက်ပြီး ကြောက်လိုက်မလဲ။
စိတ်ဝင်စားပြီး မျှော်လင့်ချက် ကုန်ခမ်း ရပြီမို့ ရပ်တည်ရာမရ ဖြစ်လိုက်မလဲ။ ဒီတော့
သူရဲ့အတွင်းစိတ်ဓာတ်က ပထမဆုံး တုံ့ပြန်လိုက်တာက ဒါကို ငါလက်မခံနိုင်ဘူး၊
လက်မခံဘူး။ ဘယ်လက်ခံ ချင်ပါ့မလဲ၊ သူရဲ့ ဆုံးရှုံးမှုကြီးကိုလည်း ကြည့်ပါအုံး။
ငါ့ကိုမှ ဘာလို့ လာဖြစ်ရတာလဲ၊ တစ်ခြားသူတွေတော့ ဘာလို့မဖြစ်သလဲ၊ ဒါမတရားဘူး။
လောကကြီးဟာ မတရားဘူး ဆိုပြီး သောက စိတ်ကနေ ဒေါသစိတ်၊ မခံချင်စိတ်၊ အာဃာတတွေအထိ
ဖြစ်သွားတယ်။
ငါအပြစ်နဲ့ ငါပဲ၊ ခံရမှာပေါ့၊
ကျန်တဲ့သူတွေက ဒဏ်ခတ်မယ်ဆိုလည်း ခံထိုက်ပါတယ်။ သူတို့အဆိုး မဟုတ်ပါဘူး။ ငါ့အဆိုးပါ
ဆိုပြီး ညင်သာနူးညံ့တဲ့ စိတ်တွေနဲ့ တရားနဲ့ ဖြေတာမျိုးဟာ တကယ်လက်တွေ့လောကမှာ
မရှိသလောက် ရှားလှပါတယ်။ ဝတ္ထု၊ ရုပ်ရှင်ဇာတ်လမ်း စသည်တို့ထဲက စိတ်ကူးမှုက ဖန်တီးထားတဲ့
ဇာတ်ကောင်တွေမှာသာ ရှိချင်ရှိမှာ။ ဒါကြောင့်မို့ တင်းစာတွေထဲမှာ ပါလာကြတာ ရှိတယ်
မဟုတ်လား။
အင်္ဂလန်မှာ လူတစ်ယောက်ဟာ သူ့မှာ AIDS
ရှိနေမှန်း သိရက်နဲ့ မျိုးသမီး ၁၀ယောက်ကျော်နဲ့ စပ်ယှက်ပြီး AIDS ရောဂါကို
ပေးခဲ့တယ်။ အဲဒီထဲမှာ ၁၀ ယောက်ဟာ ဆက်ကျော်သက် အရွယ်ငယ်ငယ်ကလေးတွေပဲ ရှိသေးတယ်။
အကြောင်းသိရက်သားနဲ့ ဘာလို့ ဒီိလိုလုပ်တာလဲလို့ မေးတော ကျုပ်ကိုလည်း AIDS ရောဂါကို
တစ်ပါးသူတစ်ယောက်က ပေးလိုက်တာပဲ မဟုတ်လားလို့ ပြောတယ်။ ကလဲ့စားချေချင်တဲ့
သဘောပေါ့။ သူ့ကို သွားပြီး အပြစ်တင်ဝေဖန် စိတ်ဆိုးနေလို့လည်း အလကားပဲ။
ကိုယ့်စိတ် ထိခိုက်ရုံမှအပ
ဘာမှအရာမရောက်ဘူး၊ ကိုယ်က ဘယ်လိုထင်ထင်၊ ကိုယ်က အမှန်တရားဘက်က ရပ်တည်နေတယ်လို့
ယူဆပေမယ့် အခြားသူတွေကလည်း သူ့အယူသူ့ခံစားချက်နဲ့ ရှိကြဦးမှာပဲ။ မှားတာ မှန်တာမှ
အပ ဒီလိုဖြစ်နေတဲ့ လူ့သဘာဝကိုတော့ လက်ခံရလိမ့်မယ်။ ဘယ်သူက ဘယ်လိုထင်ထင် သူ့ဖာသာသူ
သူလုပ်ချင်တာတွေ ဆက်ပြီးလုပ်မယ့်သူတွေ ဒီကမ္ဘာမှာ ရှိကြတယ်ဆိုတာ အကြိမ်ကြိမ်
တွေ့ခဲ့ပြီးသား မဟုတ်လား။
ဆိုကြပါစို့ AIDS ရောဂါလူနာတွေဟာ
သူတို့ကိုယ်သူတို့ တို့တတွေဟာ ဘဝဆုံးပြီးသားပါ။ တစ်ပါးသူတို့တတွေကလည်း
ဖယ်ကြဉ်ထားကြတယ်။ အပယ်ခံဘဝမှာတော့ သူတို့က ဖိနှိပ်ရင် ဖိနှိပ်ပါစေ။ တို့ကလည်း
လုပ်ချင်တာ လုပ်မှာပဲလို့ ယူဆရင် ဘယ်လို ရှိမလဲ။ အခြေအနေ ပိုဆိုးနိုင်တာပေါ့။ AIDS
ရောဂါသည် ဦးရေ များလာတော့ ဒီလိုကတ်ဖဲ့လုပ်တဲ့လူတွေ များလာခဲ့ရင် ထိန်းသိမ်လို့
မခက်ပေဘူးလား။ အပြစ်ပေး ဒဏ်ပေးလို့ ဆိုချင်ဆိုမယ် အားလုံးစုံစေ့အောင်
ဖမ်းမိပါ့မလား။
ဒဏ်ပေးတာလဲ မကြောက်ဘူး၊ တို့ဟာ
အဝအစွန်ဆုံး ရောက်နေပြီပဲလို့ သူတို့ကလည်း ထင်ကြမှာပေါ့။ ရလဒ်ကတော့
ရောဂါပွားနိုင်မယ့် အလားအလာပဲ။ စဉ်းစားစရာပါ။ ဒါလည်း ဖြစ်တတ်တဲ့ ကိစ္စ။ အရင်က
အနာကြီးရောဂါသည်တွေကို ပုံစံပြလို့ ရပါတယ်။ သူတို့လည်း ဒီလိုပဲ ခံယူပြီး
ပြင်ပလောကကို စိတ်ဆိုးစိတ်နာပြီး သူတို့ကို ဖယ်ကြဉ်သူတွေကို ကလဲ့စားချေ
ရန်မှုလိုတဲ့ စိတ်တွေ ရှိခဲ့ကြတယ်။ ဒီလိုစိတ်မျိုးဟာ အထက်ဆိုခဲ့သလိုပဲ တရားသလား
သဘာဝကျသလားလို့တော့ မမေးနေနဲ့ ဖြစ်တာဟာ ဖြစ်တာပဲ။
အနားကြီးရောဂါသည်တွေဟာ ဒုစရိုက်တွေ
လုပ်ကြတယ်။ အရက်ချက်ရောင်းစား စသည်ပေါ့။ သူတို့ကိုလည်း အုပ်စုအဖြစ် ခွဲထားတော့
သူတို့အုပ်စုထဲရောက်သွားတဲ့ အနာကြီးရောဂါသည် မဟုတ်သူတွေကို ရန်ရှာတယ်။
ရိုက်မောင်း၊ ပုတ်မောင်းတောင် လုပ်တာမျိုးတွေ ရှိတယ်။ AIDS မှာလည်း
ဒီလိုဖြစ်မလာဘူးလို့ မပြောနိုင်ဘူး။ အခုတောင် အနောက်နိုင်ငံမှာ ရောဂါရှင် ဂေး
အုပ်စုတချို့မှာ ဒီလိုပဲ အကြမ်းဖက်ချင်တဲ့ လူတွေ ရှိလာကြပြီ။ တစ်ခုတော့ရှိတယ်
သူတို့က ရိုးရိုးတန်းတန်း ဆန္ဒပြရင်လည်း ရဲစသည့် စည်းကမ်းထိန်းသိမ်းမှု အရာရှိတွေက
သူတို့အပေါ် လူလူချင်း ခွဲခြားမှု အပြုအမူ အသုံးအနှုန်းတွေ ရှိခဲ့တယ်။
ဥပမာဆိုရင် တစ်ခါက ဒီဆန္ဒပြသူတွေကို
လူစုခွဲရာမှာ ပုလိပ်တွေက ဒီဂေးတွေ AIDS ရောဂါရှိသူတွေ ဆိုပြီး
လက်အိတ်ကြီးတွေစွပ်ပြီး ကိုင်ကြတယ်။ PWA (Persons with AIDS) (AIDS ရှိသူများ)
ဆိုတဲ့ အုပ်စုတွေကလည်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေ လုပ်ပြီဆိုရင်
ဆန္ဒပြကြတယ်။ AIDS သုတေသနလုပ်ဖို့အတွက် ဘဏ္ဍငွေများများ ထုတ်ပေးဖို့၊ သူတို့ လူမှုအခွင့်အရေး
မဆုံးစေဖို့ စတဲ့ တောင်းဆိုမှုတွေ တောင်းကြတယ်။ အမေရိကန်မှာဆိုရင် သူတို့ဦးရေ
များလာတာနဲ့ အမျှ စည်းရုံးရေးတွေလုပ်ပြီး နိုင်ငံရေး ဆွဲဆောင်မှု အာဏာကို
စသုံးလာကြတယ်။
ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ
ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။
No comments:
Post a Comment