Friday, February 5, 2010

Chit Thu Yel...Ngar Kyay Nat Tal

ချစ်သူရယ် ငါကျေနပ်တယ်

ဘယ်လိုအမေး
   ဘယ်လိုအတွေးတွေနဲ့
   ကျန်ခဲ့စေလဲ ချစ်သူ. .
   နင်မ၇ှိတဲ့အဝေး
  ငါဆွေးနေမှာသိလျက်နဲ့
  ရှောင်ဖယ်ပြေးခဲ့ရက်ပုံများ
  သြချလောက်ပါရဲ့...။

   မခံနိုင်အင်အားမဲံ
   လဲပြိုမှာလည်း အသိသားနဲ့
   တွဲလက်တွေ နင်ဖြုတ်ခဲ့တာ
   နင်မကြင်နာတဲ့အသည်း
   ကွဲလည်း ကွဲစေလို့များ
   ကြံ၇ွယ်လေသလား...။

   မစာနာချန်ရစ်သူအား
  ပြန်လာပါမဆိုဝံ့ခဲ့လည်း
   အပြုံးတစ်ချက်နဲ့
  နောက်ပြန်လှည့် နှစ်သိမ့်တတ်ခဲ့၇င်. . .
  ဒဏ်ရာတွေနဲ့ မပြုံးတတ်ပေမယ့်
  ကမ္ဘာဆုံးတောင် အမုန်းမဖက်ဘဲ
  ငါကျေနပ်နေပါ့မယ်..။


No comments: