Friday, February 12, 2010

Do you want to bite Ladyfingers?

ရုံးပတီသီး (Okra)

အကျိုးကျေးဇူးများ

-           အရိုးကိုသန်မာစေသည်။

-           နှလုံးကိုကာကွယ်ပေးသည်။

-           အဆစ်အမျက်ရောင်ရမ်းခြင်းကို သက်သာလျော့ပါးစေသည်။

-           သွေးပေါင်ချိန်ကိုထိန်းပေးသည်။

-           သွေးစီးဆင်းမှုကို ပိုကောင်းစေသည်။

ကမ္ဘာတစ်လွှားမှာ ရုံးပတီသီးတွေ ဘယ်လိုပြန့်ပွားပြီး ဟင်းအဖြစ်စားနိုင်တာဟာ နှယ်နှယ်ရရဇာတ်လမ်းတစ်ပုဒ်တော့ မဟုတ်ပါဘူးတဲ့။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာတုန်းက လူတွေဟာပထမဦးဆုံး ရုံးပတီသီးမျိုးစေ့တွေကို အာဖရိကတိုက်မှာ စိုက်ပျိုးခဲ့တယ်ဟု ဆို၏။ ထိုမှတစ်ဆင့် အရှေ့အလယ်ပိုင်း၊ အိန္ဒိယနှင့် အာရှဒေသများသို့ ကျွန်ကုန်ကူးရင်းနှင့် ပျံ့နှံ့သွား ခဲ့သည်။ ထိုကမှတစ်ဆင့် ကမ္ဘာ့အနှံ့အပြားသို့ ရောက်ရှိလာသည်။ အချို့သောသမိုင်းဆရာတွေ ပြောခဲ့ကြတာကတော့ မြောက်အမေရိကသားတွေဟာ The French Creoles of Louisiana ကို ကျေးဇူးတင်ထိုက်တယ်လို့ဆိုသည်။ ဘာ့ကြောင့် လဲဆိုတော့ရုံးပတီသီးကို အရသာရှိတဲ့ ဟင်းပွဲများစွာတွင် ရေပန်းစားတဲ့ ပါဝင်ပစ္စည်းတစ်ခုအဖြစ် ထည့်သုံးချက်ပြုတ်ပေး လို့ဖြစ်တယ်လို့ဆိုသည်။ သင်ဟာရုံးပတီသီးကြိုက်တဲ့သူဆိုရင် ရုံးပတီသီးခြောက်၊ ရုံးပတီဆီ၊ ရုံးပတီသီးအစေ့ကို ကော်ဖီ အစားထိုးပစ္စည်းအဖြစ် သုံးကြည့်နိုင်ပါသည်။

ရုံးပတီသီးကို ဘယ်နေရာမှာမဆိုဝယ်ယူနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးဖြစ်ရုံသာမက ခရမ်းချဉ်သီးနှင့် ချက်စားရင်ပို တောင် အရသာကောင်းသည်။ မြန်မာနိုင်ငံတွင် တို့စရာအဖြစ်လည်းကောင်း၊ ပဲကုလားအချဉ်ဟင်းရည်တွင်လည်းကောင်း ထည့်၍ ချက်စားလေ့ရှိသည်။

ရုံးပတီသီးတွင် ပိုတက်စီယမ်၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်ဓာတ်တို့များစွာကြွယ်ဝသည်။ ထို့ကြောင့် ရုံးပတီသီးသည် နှလုံးရောဂါ၊ အရိုးကျီးပေါင်းတက်ရောဂါနှင့် အရိုးပါးရောဂါ ကာကွယ်ရန် အစွမ်းအာနိသင်ရှိသော လက်နက်တစ်ခု ဖြစ်စေသည်။

ရုံးပတီသီးကပေးတဲ့ ကျန်းမာရေး ၃မျိုး

(၁)     နှလုံးရောဂါကာကွယ်သည်

နှလုံးရောဂါကို ပါဝါ၃မျိုးဖြင့်ကာကွယ်နိုင်သည်။ (၁) ရုံးပတီသီးမှာ အင်တီအောက်စီးဒင့်များပါဝင်သဖြင့် သွေးကြောနံရံများ မာတောင့်ခြင်းကို ကာကွယ်သည်။ သွေးကြောနံရံများမာလာရင် သွေးစီးနှုန်းနှေးပြီး စေးပျစ်ကာ သွေးခဲစေသဖြင့် အန္တရာယ် ရှိသည်။ ရုံးပတီသီးရှိ ဗီတာမင်စီဓာတ်သည် ထိပ်တန်းအင်တီအောက်စီးဒင့်ဖြစ်ကာ နှလုံးရောဂါဖြစ်နိုင်ခြေ အန္တရာယ်ကို လျော့ပါးစေသည်။ ရုံးပတီသီး လက်ဖက်ရည်တစ်ပန်းကန်စာသည် ခရမ်းချဉ်သီး လက်ဖက်ရည်တစ်ပန်းကန်စာထက် ဗီတာမင်စီဓာတ်ပမာဏပိုများသည်။

ထို့ပြင် ဖောလိတ်ဓာတ်သည်လည်း ထိုလက်ဖက်ရည်တစ်ပန်းကန်စာတွင် သင်နေ့စဉ်လိုအပ်ချက်၏ ၄၀ရာခိုင်နှုန်းပါ ၀င်ပြန်သည်။ ဖောလိတ်ဟုခေါ်သော ဗီတာမင်ဘီတစ်မျိုးချို့တဲ့ပါက သင့်ခန္ဓာကိုယ်တွင် ဟိုမိုစစ်စတင်းခေါ် အမိုင်နို အက်စစ်များထွက်လာပြီး သွေးထဲမှာ ဟိုမိုစစ်စတင်းတွေ သိပ်များလာပါက သွေးကြောများကျဉ်းစေသည်။ နှလုံးသွေး ကြောကျဉ်းရောဂါနှင့် လေဖြတ်ရောဂါဖြစ်စေသည်။ ဒါကြောင့် ရုံးပတီသီးစားပေးလျှင် နှလုံးနှင့်သွေးကြောများကို ကာ ကွယ်နိုင်သည်။

ထို့အတူ ပိုတက်စီယမ်၊ မဂ္ဂနီဆီယမ်တို့ကြွယ်ဝသဖြင့် သွေးပေါင်ချိန်ကိုနည်းစေသည်။ ဤရုံးပတီသီးကိုစားခြင်းဖြင့် သွေးတိုးရောဂါရှိလျှင် လျှော့ချကာကွယ်နိုင်ပြီး ကိုယ်အလေးချိန်လျှော့လိုသူတွေအတွက်လည်းကောင်းသည်။ မဂ္ဂနီဆီယမ်သည် ကိုလက်စထရောနှင့် သွေးတိုးရောဂါကို ထိန်းချုပ်ပေးသည်။ နှလုံးခုန်စီးချက်နရီမှန်စေခြင်းဖြင့် နှလုံးရောဂါနှင့် နှလုံးတိုက်ခိုက်ခံရခြင်းမှ ကာကွယ်ပေးသည်။

(၂)     အရိုးပါးရောဂါ ကာကွယ်ရန် ရုံးပတီသီးစားကြစို့

အမျိုးသမီးတွေ သွေးဆုံးလျှင် အရိုးပါးရောဂါအဖြစ်များတတ်တာမို့ အသက်၄၀ကျော်တာနဲ့ ရုံးပတီသီးနေ့စဉ်စားဖို့ပြင်ထား ပါ။ ရုံးပတီသီးမှာ အရိုးပါးရောဂါတိုက်ထုတ်ပေးမယ့်ဖိုက်တာ ၄မျိုးတောင်ပါသည်။ (၁) ပိုတက်စီယမ်၊ (၂) ဗီတာမင်စီ၊ (၃) မဂ္ဂနီစီယမ်နှင့် (၄) ဘီတာကာရိုတင်းတို့ ဖြစ်သည်။ ဤဓာတ်၎မျိုးမြင့်မားစွာပါအောင် စားနိုင်တဲ့လူတွေမှာ အရိုးထိခိုက်ပျက် စီးမှုနှေးသွားသည်ဟု ယူကေသုတေသနတွေအရတွေ့ရှိခဲ့သည်။ ကယ်လလ်စီယမ်ဓာတ်ပြီးလျှင် အရိုးတည်ဆောက်ရာ တွင် အရေးကြီးဆုံးသော သတ္ထုဓာတ်ဆားအားလုံးရဲ့ နေ့စဉ်လိုအပ်ချက်၏ ၁၀ရာခိုင်နှုန်းရုံးပတီသီးမှာပါသည်ဟုဆို၏။

(၃)     အရိုးကျီးပေါင်းတက်ခြင်းကို သက်သာလျော့ပါးစေသည်

အသက်ရလာတာနဲ့အမျှ ဖြစ်ပွားလေ့ရှိသော အရိုးကျီးပေါင်းတက်ရောဂါကို သက်သာစေသည်ဟုဆိုသည်။ အဆစ် အမျက်များတွင် အဖြစ်များလေ့ရှိသည်။ ရုံးပတီသီးမှာပါတဲ့ အဟာရဓာတ်များက အဆစ်အမျက်နှင့် အရိုးနုပွန်းစား ခြင်းများကို သက်သာလျော့ပါးစေသည်။ အထူးသဖြင့် အရိုးနုတွင် မရှိမဖြစ်လိုအပ်သောအစိတ်အပိုင်း မဂ္ဂနီးကြောင့် ဟုဆို၏။

ဈေးဝယ်လမ်းညွှန်

ရုံးပတီသီးလတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုများကို ဈေးမှဝယ်ပြီး နေ့ချင်းချက်ပြုတ်စားနိုင်လျှင် ပို၍အဟာရဓာတ်ကောင်း စေသည်။ ကြေး၊သံ၊ကြေးနီဖြင့် ပြုလုပ်ထားတဲ့ အိုးနှင့်ချက်လျှင် မဲသွားတတ်ပါသည်။ ဒန်ဖြင့် ပြုလုပ်ထားတဲ့ အိုးမှာ ရေပွက် ပွက်ဆူအောင်တည်ပြီး ရုံးပတီသီးကို ထိပ်ဖြတ်၍ ရေစင်စင်ဆေးပြီးထည့်ပါ။ ထည့်ပြီး ၁မိနစ်အတွင်း ပြန်ဆယ်ယူ၍ အတုံး လေးများပိုင်းကာ ခရမ်းချဉ်သီးချက်ဖြင့် တွဲစားပါ။ ရုံးပတီသီးကို ခပ်ပါးပါးလှီး၍ ကြော်စားနိုင်သည်။ ခရမ်းချဉ်သီးမှည့်ဖြင့် လည်း ချက်စားနိုင်သည်။ ပဲချဉ်ဟင်းတွင်ကုလားပဲခြမ်းပြုတ် သို့မဟုတ် ပဲစင်းငုံပြုတ်ပြီးနှင့် ရုံးပတီသီး၊ ခရမ်း၊ ဘူးသီး၊ ရွှေဖရုံသီး၊မုန်လာဥ၊ ပျဉ်းတော်သိမ်ရွက် စသည်တို့နှင့် ဆီသပ်ပြီး မန်ကျည်းမှည့်ထည့်ခပ် ချက်စားနိုင်သည်။

ဒေါက်တာရည်ညွန့်မေ

Ref: Health Digest Journal – Vol.7 No (8) – Dec .2 .2009

No comments: