Monday, February 15, 2010

Anti-aging Cream တွေဝယ်မယ်ဆိုရင်

အရွယ်တော်တဆိတ်ဟိုင်းလာပြီဆိုရင် မျက်နှာပေါ်မှာ အရေးအကြောင်းလေးတွေပေါ် အရောင်အသွေး လေးတွေ ညှိုးနွမ်း လာကြပါပြီ။ ဒီတော့အလှကုန် အထူးသဖြင့် အစိုဓာတ်ထိန်းခရင်မ်တွေ ၀ယ်ယူလိမ်း ခြယ်ကြရာမှာ မိမိနှင့်သင့်တော်တာ လေးတွေရွေးချယ်ဝယ်ယူယုံဖြင့် မလုံလောက်သလို ကိုယ်ဝယ်ယူလာ တဲ့တံဆိပ်အပေါ်မှာ ယုံကြည်စိတ်ချရမှုကလည်း လိုအပ်ပါတယ်။ နာမည်ကြီးတံဆိပ်ပေမယ့် ကိုယ်နဲ့သင့်တော်ချင်မှသင့်တော်မှာလေ။ လိမ်းလိုက်ခြင်းဖြင့် ရရှိလာမည့် အဖြေဟာ ကောင်းမွန်ဖို့လိုပါမယ်။ဒါကြောင့် နုပျိုမှုကိုဆက်လက်ထိန်းသိမ်းပေးမဲ့ ခရင်မ်တွေ ၀ယ်ယူရာမှာ သတိပြုရမယ့် အချက်လေးတွေကို ပြောပြပါရစေ။

(၁)        Collagen, Elastin, Hyaluronic acid တို့ဟာ အသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်တွေဖြစ်ပါတယ်။ အရေပြားအသစ်ဖွံ့ဖြိုးဖြစ်ပေါ်စေဖို့ အတွက် အရေးကြီးပါတယ်။ Collagen နဲ့ Elastin အမျှင်တွေဟာ အရေပြားအတွက် ကြံ့ခိုင်သန်စွမ်းမှုကို ပေးစွမ်းပါတယ်။

(၂)        Cynergy TK နဲ့ Wakame Kelp ဟာ အရေပြားဆဲလ်သစ်ကြီးထွားဖို့အတွက် ကောင်းစွာအထောက်အကူပြုပေး နိုင်တဲ့အမယ်တွေဖြစ်ပါတယ်။

(၃)        Peptides နဲ့ Enzymes တို့ပါဝင်ရောစပ်ပြုလုပ်ထားတဲ့ အလှကုန်ဟာလည်း ရွေးချယ်ဝယ်ယူသင့်တဲ့ အလှကုန် ပစ္စည်းဖြစ်ပါတယ်။ Peptides ဟာ anti-aging လုပ်ငန်းဆောင်တာမှာ မရှိမဖြစ်လိုအပ်တဲ့အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အလှကုန်တော်တော်များများဟာ Peptides 2-5 ရာခိုင်နှုန်းပဲ ပါဝင်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Peptides ဟာဈေးကြီးတဲ့ အမယ်ဖြစ်နေလို့ပါပဲ။

(၄)        သဘာဝမှ ထုတ်ယူထားတဲ့ သဘာဝဖြစ်ပစ္စည်းတွေ ပါဝင်သင့်ပါတယ်။ Collagen extracts အပြင် Matrixyl 3000 နဲ့ Natural cream base တို့လည်း ပါဝင်သင့်ပါတယ်။

(၅)        Phytessence Wakame ပါဝင်မှုရှိ၊ မရှိကြည့်ပါ။ Wakame သည် ပင်လယ်ရေညှိတစ်မျိုးဖြစ်သည်။ ဗီတာမင်နှင့် သတ္ထုဓာတ်ပေါင်းများစွာပါဝင်သည်။ ကယ်လ်စီယမ်ပါဝင်မှုနှုန်းသည် နွားနို့တစ်ခွက်သောက်ခြင်းထက် ၁၅ဆဖြစ်သည်။

(၆)        HE Q 10 ပါ၊ မပါကြည့်ပါ။ HE Q 10 သည်လွန်စွာအစွမ်းထက်သော နုပျိုမှုပေးစွမ်းစေနိုင်သည့် antioxidant နှစ်မျိုးဖြင့် ဖော်စပ်ပြုလုပ်ထားခြင်းကိုဖော်ညွှန်းသည်။ ယင်းအန်တီအောက်ဆီဒန့်စ် နှစ်မျိုးမှာ Coenzyme Q10 နှင့် သဘာဝစစ်စစ် ဗီတာမင်အီးတို့ပဲဖြစ်သည်။

Cream ကောင်းတစ်ခုဟာ အောက်ပါအကျိုးရလာဒ်များကိုပေးစွမ်းပါတယ်။

(၁)        မျက်လုံးအောက်ဧရိယာတစ်ဝိုက်ညိုမည်းခြင်းမှ ဖယ်ရှားသန့်စင်ပေးသည်။

(၂)        အရေပြားဆဲလ်များအား ပြန်လည်မွေးဖွားစေရန် လှုံ့ဆော်ပေးသည်။

(၃)        အရေပြားရင့်ရော်မှုကို တားဆီးပေးသည်။

(၄)        ပျိုမြစ်မှုကိုထိန်းထားပေးသည်။

သတိပြုရမည့်အချက်များ

(၁)        အကျိုးရလာဒ်ကို တစ်ပတ်မှသုံးပတ်အတွင်းပေါ်လာအောင်စောင့်ပြီးမှ ကောင်း မကောင်းသုံးသပ်သင့်ပါတယ်။

(၂)        အလှကုန်ပစ္စည်းတစ်ခုပိုင်ဆိုင်ထားသော ဈေးနှုန်းသည် ယင်းအလှကုန်ပစ္စည်း၏ အရည်အသွေးကို ပြည့်စုံစွာ ကိုယ်စားမပြုပေ။ အလှကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရာတွင် ပါဝင်သည့်ပစ္စည်းပစ္စယများနှင့် လုပ်ငန်းဆောင်တာတို့သည် ကုန်ကျစရိတ်ကြီးမြင့်သည်။ ထို့ကြောင့် အရည်အသွေးမြင့်သော အလှကုန်တို့သည် ကုန်ကျစရိတ်ကြီးမြင့်ခြင်းကြောင့် ဈေးကြီးကြသည်။ ယင်းအချက်ကိုအားသာချက်အဖြစ် အသုံးပြုကာ တရားမ၀င်အလှကုမ္ပဏီတချို့နှင့် ပေါချောင်ကောင်း အလှကုန်ကုမ္ပဏီတို့မှ ဈေးမြှင့်ပြီး အရည်အသွေးကောင်းမွန်ဟန် ကြော်ငြာကာထုတ်လုပ်ကြခြင်းဖြစ်သည်။

(၃)        တစ်စုံတစ်ယောက်အတွက် သုံးလို့ကောင်းတဲ့ ဟာမိမိအတွက် ကောင်းမွန်ခြင်းရှိချင်မှရှိပါလိမ့်မယ်။

(၄)        ဈေးပေါတဲ့ အလှကုန်တချို့ဟာလည်း ကောင်းမွန်တဲ့အကျိုးရလာဒ်ပေးစွမ်းနိုင်တာမျိုးရှိပါတယ်။

ဒါကြောင့်ဈေးပေါတိုင်း လျစ်လျူမရှုသင့်သလို၊ ဈေးကြီးတိုင်းလည်း အထင်မကြီးသင့်ပါဘူး။ သင့်တော်မှန်ကန်တဲ့ အမျိုး အစားကို ပါဝင်တဲ့အမယ်တွေကိုကြည့်ရှုပြီးမှသာ ၀ယ်ယူသုံးစွဲကြပါရန် မူဟန်မပျက် နုပျိုမှုကိုထိန်းသိမ်းနိုင်ကြစေဖို့ စေတနာဖြင့် မောင်းထုလိုက်ရပါတယ်။


No comments: