Monday, May 9, 2022

ကွမ်းယာ စားမလား

 



မြန်မာ့ရိုးရာယဉ်ကျေးမှုသမိုင်းကိုလေ့လာသည့်အခါကွမ်းစားခြင်းအလေ့အထသည်လည်းအရေးပါသောကဏ္ဍတခု‌အနေဖြင့်တည်ရှ်ိနေပါသည် ။


ကွမ်းယာတွင် အဓိကအားဖြင့် ထုံး၊ ကွမ်းသီးနှင့် ကွမ်းရွက်တို့ ပါဝင်သည့်အပြင် ကွမ်းစားဆေး အမျိုးမျိုးနှင့် အခြားဟင်းခတ် အမွှေးအကြိုင် အမျိုးမျိုးကိုလည်း ထည့်၍ စားသုံးလေ့ ရှိသည်။


မြန်မာ့ရိုးရာ ကွမ်းစားဆေးအဖြစ် ကွမ်းယာထဲတွင် မြန်မာဆေးရွက်ကြီးကို ထည့်၍ စားသုံးလေ့ရှိကြသည်။ မြန်မာဆေးရွက်ကြီးတွင် အညိုနှင့် အမည်းဟူ၍ နှစ်မျိုးရှိပြီး အညိုမှာ အနည်းငယ်ပျော့၍ အရသာပိုချိုသည်။ ဆေးအမည်းမှာ အရသာ ပိုပြင်းပြီး ပို၍လည်း ခါးသည်။ ဆေးအညိုနှင့် ဆေးအမည်းတို့ အပြင် ဆေးရွက်ကြီးကို ပျားရည်၊ အရက်တို့နှင့် ရောစပ်၍ ဆေးပေါင်းဟု ခေါ်ဝေါ်သော ဆေးတစ်မျိုးကိုလည်း စားသုံးလေ့ ရှိကြသည်။


မြန်မာပြည်တွင် ကွမ်းယာစားသုံးသူများမှာ အိန္ဒိယမှ တင်သွင်းလာသော ဆေးမွှေးများကိုလည်း စားသုံးလေ့ ရှိကြသည်။ ထင်ရှားသော ဆေးမွှေးများမှာ စင်ကနယ်၊ ဟန်ဒရက်၊ မြေပုံ၊ ဆာဂါး၊ ဘာဘာ နှင့် နိုင်တီတူး တို့ ဖြစ်ကြသည်။ကွမ်းယာထဲတွင် ထည့်၍ စားသုံးလေ့ ရှိသော အခြားဟင်းခတ် အမွှေးအကြိုင်များမှာ စမုန်စပါး၊ ဖာလာ၊ လေးညှင်းပွင့်၊ ဂုန်ခါး၊ အုန်းသီးကြော်၊ မြေပဲဆံ၊ နွယ်ချို နှင့် သံပုရာသီးစိတ် တို့ ဖြစ်ကြသည်။




မြန်မာ့ယဉ်ကျေးမှုတွင် အရေးပါသောကွမ်း မြန်မာလူမျိုးတို့ ကျွေးမွေးဧည့်ခံ လောကဝတ်ပြုရာတွင် ကွမ်းဆေးလက်ဖက်မှာ မပါလျှင် မပြီးသလောက် ဖြစ်၏။ ဤသို့ အစဉ်အလာအားဖြင့် မြန်မာလူမျိုးတို့ မပယ်နိုင်သည့် ကွမ်းသည် မြန်မာမင်းများ လက်ထက်တော်၌ တိုင်းပြည် အုပ်ချုပ်မှု၊ အထူးသဖြင့်တရားစီ ရင်မှုတွင် ပိုမိုအရေးပါခဲ့၏။ ရာထူးဌာနန္တရ အဆင့် အ တန်းကိုလည်း ကွမ်းသုံးခွင့်ကို ကြည့်၍ ခွဲခြားနိုင်၏။ ထို့ပြင် ကွမ်းပင်သည် ဆေးဖက်လည်း ဝင်သေး။


မြန်မာနိုင်ငံ၌ ရှေးပုဂံခေတ်မတိုင်မီကပင် ကွမ်းစားခြင်း အလေ့ ရှိခဲ့ဟန်တူသည်။ တစ်ကောင်းမင်းများလက်ထက်က ကွမ်းလောင်းကြီး၊ ကွမ်းလောင်းငယ် အဆောင်အယောင်များ ရှိကြောင်းနှင့် အဆိုရှိသည်။ သက္ကရာဇ် ၆ဝ၃ ခုနှစ်တွင် ပုဂံပြည်မိဖုရားစော စိုက်ထူသော ကူနီဘုရားကျောက်စာတွင် စာသင်တိုက်ရှိ ရဟန်းတော်များအတွက် ကွမ်းဖိုးကွမ်းသီးဖိုး အဖြစ် စပါးများ လှူဒါန်းကြောင်း ရေးထိုးခဲ့သည်။ 


အခြား သော ကျောက်စာများတွင်လည်း ကွမ်းစားကြောင်း အထောက် အထားများ ရေးထိုးထားသည်ကို တွေ့ရသည်။ ထို့ကြောင့် ပုဂံ ခေတ်တွင် ကွမ်းကို ရှင်လူအများပင် စားသုံးနေကြ ပြီဖြစ် ကြောင်း သိသာနိုင်ပေသည်။ ထို့ပြင် ဗျတ်ဝိအား သထုံမြို့ဝန်က သတ်ဖြတ်ရာတွင် သေအောင်မသတ်နိုင်သည့်အတွက် သူ၏ချစ်သူ မအိုဇာအား ကွမ်းတရာ ရေတမှုတ် ကမ်းခိုင်းသည်ဟု ရာဇဝင်တွင် ပါရှိသည်။


 ထိုပုဂံရာဇဝင်တွင်ပင် အမတ်ကြီးရာဇသင်္ကြံအား အိမ်ရှေ့မင်း သီဟသူက ကွမ်းသွေးဖြင့် ထွေးဘူးကြောင်း ပါရှိသည်။ ရခိုင် ရာဇဝင်၌လည်း ရခိုင်ဘုရင် မင်းထီးသည် ကွမ်းစားပြီးနောက် နန်းတော်တိုင်ကို ထုံးတို့မိသဖြင့် မိမိထုတ်ပြန်ထားသော အမိန့် အတိုင်း မိမိလက်ညှိုးကို ကိုယ်တော်တိုင် ဖြတ်ပိုင်းဘူးကြောင်း ပါရှိသည်။ ဤအကြောင်းများကို ထောက်ရှုခြင်းအားဖြင့် ကွမ်း ကို ဘုရင်မင်းမြတ်မှအစ သူဆင်းရဲများအထိ အမြတ်တနိုး စားသုံးခဲ့ကြကြောင်း ထင်ရှားသည်။


မြန်မာဘုရင်မင်းမြတ်၏ လက်ဝဲလင်္ကျာမင်းခမ်းတော်များတွင် ကွမ်းခွက်များပါရှိသည်။ မြန်မာဘုရင်များ ကွမ်းတော်တည်သည့် ထင်ရှားသော ကွမ်း ခွက်များမှာ ဟင်္သာ ရုပ်ခံ ကွမ်းခွက်၊ ကရဝိက်ရုပ်ခံကွမ်းခွက်၊ နဂါးရုပ်ခံ ကွမ်းခွက်နှင့် ခြင်္သေ့ရုပ်ခံ ကွမ်းခွက်များ ဖြစ်ကြ၏။ မြန်မာမင်း⁠မင်းလက်ထက်က လွှတ်တော်၌ ခစားရသော မှူးတော်မတ်တော်များအနက် သတ်မှတ်ထားသော ဂုဏ်ထူး ဝိသေသရှိသူများသာ ကွမ်းသွေးထွေးရန် ကွမ်းသွေးပေါက် ရရှိကြလေသည်။ ထို့ပြင် ယုံမှတ်တော်မူသောသူများအား ကွမ်းရေတော်ကိုင်ရာထူးကို ချီးမြှင့်တော်မူလေ့ရှိ၏။ 




တရားမမှုများတွင် တရားဖြစ်သော ပစ္စည်း၏ ၁ဝ ရာခိုင် နှုန်း ကောက်ယူသောငွေကိုလည်းကောင်း၊ ရာဇဝတ်မှုများ၌ ဒဏ်ရိုက် သောငွေကိုလည်းကောင်း၊ ကွမ်းဖိုးဟု ခေါ်လေသည်။ ထိုကွမ်းဖိုး (အခွန် တော်)ငွေများ ကောက်ခံရန် ကွမ်းဖိုးထိန်းအရာရှိများ ခန့်ထား လေသည်။ ကွမ်းဖိုးငွေများကို ဘဏ္ဍာတော်သို့ တိုက်ရိုက်ထည့် သွင်းရသည့် အခါများလည်း ရှိသည်။ မိဖုရားခေါင်ကြီးအား အသေးသုံးရန်အတွက် ပေးရသည့်အခါများလည်း ရှိလေသည်။ တရားရုံးတော်များတွင် အမှုအခင်းများ ဆုံးဖြတ်စီရင်ပြီး သည့်အခါ အမှုပြီးပြတ်သည့် အထိမ်းအမှတ်ဖြင့် ၂ ဦး ၂ ဖက် အမှုသည်များ ကွမ်းလက်ဖက်စားလေ့ရှိကြသည်။


ကွမ်းရွက်နှင့် စပ်လျဉ်း၍ ဆေးအဘိဓာန်ကျမ်းတွင် ကွမ်း ရွက်သည် သလိပ်ကိုလည်းကောင်း၊ လေကိုလည်းကောင်း၊ သည်းခြေကိုလည်းကောင်း၊ သွေး ကိုလည်းကောင်း၊ ဖောက်ပြန်၍ဖြစ်သော အထူးထူးသော အနာတို့ကိုလည်းကောင်း အကြောင်းအားလျော်စွာ နိုင်၏ဟု ဆိုသည်။ ဓာတုရသကျမ်း၌ ကွမ်းရွက်သည် လေသလိပ်ကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ မျက်စိမှုန်သည် ကိုလည်းကောင်း၊ ငြိမ်းစေတတ်၏။ ကွမ်းပေါင်း(ပေါင်းပြီးသောကွမ်း) သည် လေကိုငြိမ်စေတတ်၏ဟု ဖော်ပြထား၏။ 


ထို့ကြောင့် များစွာသော မြန်မာဆေးကုထုံးများတွင် ကွမ်းရွက်နှင့် ကွမ်းရွက်ပြုတ်ရေများ ပါရှိကြသည်။ ထိုမှတစ်ပါး မြန်မာလူမျိုး တို့သည် ကွမ်းရွက်ကို မစားမီ အရင်းအဖျားများကို ဖြတ်ပယ် လေ့ရှိသည်။ ဤသို့ပြုလုပ်ခြင်းမှာ လောကနီတိကျမ်းတွင် 'ကွမ်းရွက်၏အရင်း၌ ဘီလူးစောင့်၏။ အဖျား၌ ကာလကဏ္ဏီ နတ်မိစ္ဆာ စောင့်၏။ အလယ်၌ ကုဝေရနတ် စောင့်၏။ထို့ကြောင့် အရင်းနှင့် အဖျားကို ဖြတ်၍စားငြားအံ့၊ ဘုန်းကျက် သရေ တိုးပွား၏ဟု ဆိုသောကြောင့် ဖြစ်ပေသည်။ 


မင်္ဂလာအခမ်းအနားများနှင့် အလှူပွဲများ၌ ကွမ်းလက်ဖက် တို့ဖြင့် ဧည့်ခံကျွေးမွေးခြင်းမှာ မြန်မာလူမျိုးတို့၏ ရိုးရာ ယဉ် ကျေးမှုတစ်ရပ် ဖြစ်ပေသည်။ မြန်မာတို့၏ အိမ်တိုင်း၌လိုလိုပင် ကွမ်းအစ်များထားရှိကြ၍ မိမိတို့အိမ်သို့ ကြွရောက်လာသူတို့ အား ကွမ်းအစ်တည်ခင်းပေးလေ့ရှိသည်။ ရုပ်လုံးများဖော်၍ ထုလုပ်မွမ်းမံထားသော ငွေကွမ်းအစ်ကြီးများနှင့် ပန်းချီအရုပ် များဖြင့် ရေးခြယ်ထားသော သရိုးကိုင် ယွန်းထည်ကွမ်းအစ် များသည် မြန်မာလူမျိုးတို့ အမြတ်တနိုးထားသော အိမ်သုံး အဆောင်အယောင်တွင် ပါဝင်၏။


ကွမ်းကို ဖွဲ့ဆိုသော တေးကဗျာ အမျိုးမျိုးများလည်းရှိရာ လူဦးမင်းနှင့် ဖိုးသူတော်ဦးမင်းတို့ စပ်ဆိုသော အောက်ပါဒွေးချိုး ၂ ပုဒ်မှာ ထင်ရှားသော ကွမ်းဖွဲ့များ ဖြစ်ကြသဖြင့် ကွမ်းနှင့် စပ်လျဉ်း၍ အလွယ်တကူ မှတ်သားနိုင်ပေသည်။


လူဦးမင်း၏ ကွမ်းဖွဲ့

တံတားဦးက ကွမ်းနုဝါ။

ငမြာကဆေး။ ။

ကွမ်းသီးတောင်ငူနှင့်၊

ကိုင်းထုံးဖြူ ပြည်ရှားငယ်။

သာဝါးလို့ထွေး။ ။

ဖိုးသူတော်ဦးမင်း၏ ကွမ်းဖွဲ့

ကွမ်းရွက်ကယ်ညှာကြွေ၊

ရေစိမ်တဲ့ဆေး။ ။

သန်းခေါက်လှိုင်⁠လှိုင်နဲ့။

ချိုင်လိုက်မယ်ထုံးဖြူခြောက်ကယ်၊

အာပေါက်မှထွေး။ ။


ကွမ်းစားခြင်းဓလေ့သည် မြန်မာနိုင်ငံတွင်းသာမက

အိန္ဒိယနိုင်ငံ၌လည်းကွမ်းစားခြင်းထုံးစံမှာ ရှေးနှစ်ပေါင်းများစွာ ကပင် ရှိသည်ဟု တွေးထင်ရသည်။ ကွမ်းအကြောင်းကို ဘုရား ဟောနိပါတ်တော်များတွင်လည်း တွေ့ရှိရသည်။ သီရိဓမ္မာ သောကမင်းကြီး၏ မိဖုရား အသန္ဓိမတ္တိသည် နန်းတော်၌ ကရဝိက်ငှက်၏ သာယာသောအသံကို ကြားရသဖြင့် အလွန်ပင် နှစ်သက်လှရကား ကရဝိက်ငှက်ကို အမှတ်တရအဖြစ်ဖြင့် ထိုငှက်သဏ္ဌာန် ရွှေကွမ်းအုပ် ပြုလုပ်ခဲ့ကြောင်းနှင့် ရွှေဘုံနိဒါန်း ကျမ်းများတွင် လာရှိသည်။ ဥရောပတိုက်မှ အရှေ့တိုင်းများသို့ ၁၃ ရာစုနှစ်က ရောက်ရှိလာသော ခရီး သည်ကြီး မာကိုပိုလို ၏ မှတ်တမ်းများတွင်လည်း အိန္ဒိယလူမျိုးများ ကွမ်းစားလေ့ရှိ ကြောင်းနှင့် ဖော်ပြပါရှိသည်။

crd# 

#winhlaingoo


မြန်မာ့ကွမ်းယာအချို ( ဖွာလူဒါကွမ်းယာ )နှင့်အိန္ဒိယမီးတောက်ကွမ်းယာ

wwwwwwwwwwwwwwwwwwwwwwwwwww




အချို့သောကွမ်းယာဆိုင်များတွင်ကွမ်းမစားဖူးသောသူများနှင့်အမျိုးသမီးတချို့ပါကြိုက်နှစ်သက်သောကွမ်းယာအချို ကိုလည်းရောင်းချတတ်ပါသည်။ ၎င်းကွမ်းယာကို ဖွာလူဒါကွမ်းယာဟုလည်းခေါ်ကြသည် ။

အချိုကွမ်းယာတယာတွင် အုန်းချိုမွှေး၊ကျောက်ဖရုံယို၊နာနတ်ယို၊ဖာလာ၊အာမွှေးစုံ၊စမုံစပါး၊အုန်းကြော်၊

အုန်းသီးစိမ်းတစိတ်၊ဘိန်းစေ့လှော်၊သီဟိုစေ့၊ထုံးအ နည်းငယ်၊ရှားစေးရည်တစက်၊ကွမ်းသီး၃ဈိတျ၊အာမှှေးအဆီခေါျအနီရောငျအခြိုရညျတို့ပါဝငျသညျ ။


ထိုသို့ကွမ်းယာမျိုးကိုဆိုင်တိုင်းတွင်မရောင်းသကဲ့သို့

ရောင်းသောဆိုင်တိုင်းတွင်လည်း အမျိုးစုံအောင်မရနိုင်ပေ ။နာမည်ကြီးကွမ်းယာဆိုင်အနည်းငယ်မျှတွင်သာဖော်ပြပါအမျိုးစုံကွမ်းယာချိုမျိုးဝယ်ယူနိုင်မည်ဖြစ်ပါသည် ။




အိန္ဒိယက နာမည်ကျော် မီးတောက်ကွမ်းယာ

အထူးအဆန်းကို မြည်းစမ်းချင်သူတွေက စားကြည့်ကြပါသည် ။

 

အိန္ဒိယနိုင်ငံရဲ့ ထူးခြားမှု များစွာထဲမှာ လူတိုင်းစိတ်ဝင်စားစရာတစ်ခု ရှိသည်။ အဲ့တာကတော့ မီးတောက်ကွမ်းယာပါ။ ကွမ်းရွက်ပေါ်မှာ ထုံး၊ ကွမ်းသီးနဲ့ ကွမ်းစားဆေးတို့ကို ထည့်ပြီးစားခြင်းဟာ အိန္ဒိယနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒါပေမဲ့ နယူးဒေလီမြို့တော်က မီးတောက်ကွမ်းယာကတော့ ထူးခြား၏။

 

Pradhuman Shukla တို့ မိသားစုဟာ နယူးဒေလီမြို့ရဲ့ လမ်းတစ်ခုမှာ မီးတောက်ကွမ်းယာကို ရောင်းချနေကြသည်။ ကွမ်းယာရောင်းခြင်းဟာ ၎င်းတို့မိသားစု အစဉ်အဆက်ရဲ့ စီးပွားရေးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်တည်းက ကွမ်းယာကို ရောင်းချလာခဲ့တာပါ။ နောက်ပိုင်းမှာတော့ ပိုထူးခြားတဲ့ကွမ်းယာဖြစ်အောင် မီးတောက်ကွမ်းယာကို ဖန်တီးရောင်းချခဲ့တယ်လို့ Pradhuman ဆိုသည်။




အထူးအဆန်းတွေကို ခံစားလိုသူ၊ သတ္တိရှိသူတွေကတော့ Pradhuman ရဲ့ မီးတောက်ကွမ်းယာကို လာရောက်မြည်းစမ်းကြပါ၏။ ကွမ်းယာကို ပါဝင်ပစ္စည်းတွေ ထည့်ပြီးနောက် မီးခြစ်လေးနဲ့ ခြစ်လိုက်တဲ့အခါ မီးတောက်တစ်ခု ထွက်ပေါ်လာပြီး မီးတောက်ကွမ်းယာစားတဲ့လူက ကိုယ်တိုင် ကိုင်ပြီးမစားရပါ။ ဆိုင်ရှင်က ကွမ်းယာကိုပြုလုပ်ပြီး မီးတောက်နဲ့အတူ စားသုံးသူရဲ့ပါးစပ်ထဲကို ခွံ့ပေးလိုက်တာဖြစ်ပါသည်။




မီးတောက်ကွမ်းယာကို စားသုံးသူတွေဟာ မကောင်းတဲ့အရိပ်အယောင်တစ်ခုခု ဖြစ်ပေါ်တာမျိုးတော့ မတွေ့ရပါ။ Pradhuman လိုမျိုး မီးတောက်ကွမ်း ယာဆိုင်တွေဟာ နယူးဒေလီမြို့မှာ အနည်းအကျဉ်းသာ ရှိတယ်လို့လည်း သိရပါသည်

#winhlaingoo                              

ref : Duwun

source : The Lads Hub

Friday, May 6, 2022

ပျားရည်သောက်ရန် သင့်သူများနှင့် မသင့်သူများ

 ပျားရည်သောက်ရန် သင့်သူများနှင့် မသင့်သူများ 

============================




            သမိုင်းရာဇ၀င်ကို လေ့လာကြည့်သော အခါ၊ ရှေးနှစ် ၁၀၀၀၀ ခန့်က စပိန်နိုင်ငံ ရှေးဟောင်းကျောက်ဂူတစ်ခု၏ နံရံပေါ် တွင် ကျောက်ခေတ်လူသားတစ်ဦးသည် ပျားအုံမှပျားရည်ကို အာသာငမ်းငမ်း စုပ်ယူစားသောက်နေပုံ ရေးဆွဲဖော်ပြထားသည် ကို သုတေသီများတွေ့ရှိခဲ့ကြသည်။ ၄င်းကိုအကြောင်းပြု၍ လူသားတို့သည် ပျားရည်ကို လွန်ခဲ့သော ရှေးနှစ် ၁၀,၀၀၀ မတိုင်မီ ကတည်းကစ၍ စားသုံးလာကြပြီးဖြစ်ကြောင်း လေ့လာမှတ်သားရပါသည်။


မြန်မာ့ပျားရည်။


          မြန်မာနိုင်ငံတွင် သြဂဲနစ်ပျားရည်စစ်စစ်ထွက်ရှိပြီး နိုင်ငံတကာတွင် ရောင်းပန်းလှသောကြောင့် အီးယူနိုင်ငံများကပါ စိတ် ၀င်စားလာကြပြီး မြန်မာ့ပျားရည်ကို လိုချင်သည့်အတွက် ကောင်းမွန်သော ပျားမွေးမြူရေးသင်တန်း၊ ကောင်းမွန်သော ပျားရည် ထုတ်လုပ်မှုသင်တန်းများကို အီးယူမှ ပညာရှင်များကိုယ်တိုင် လာရောက်သင်တန်းပေးမှုများ ရှိနေသည်။ ထို့ပြင် ဥရောပစျေး ကွက်မှ ၎င်းတို့နည်းပညာဖြင့် ထုတ်လုပ်သော ပျားရည်ကို အခြားသူများထက် စျေးနှစ်ဆပေးကာ ၀ယ်ယူကြောင်း မကွေးတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှသိရသည်။ နိုင်ငံခြားသို့ ပျားရည်ပို့နေသော ကုမ္ပဏီများမှာ ပျားရည်သန့်စင် စက်ရုံများတွင် သန့်စင်ပြီး နိုင်ငံခြားသို့ တင်ပို့ကြသည်။ ယခင်ပျားရည် စျေးကောင်းသော အချိန်များက  ပျားရည် တစ်ပိဿာလျှင် ကျပ် ၃,၅၀၀ ထိ စျေးရှိခဲ့ပြီး၊ ယခု COVID-19 ကာလတွင် ပျားရည် တစ်ပိဿာလျှင် ကျပ် ၂,၀၀၀ စျေးသာရှိကြောင်း သိရသည်။


ဆေးဖက်၀င် ပျားရည်။


ကမ္ဘာမြေပေါ်တွင် ကျန်းမာရေး နှင့် အညီညွတ်ဆုံး အစားအစာများထဲမှာ “ပျားရည်” သည်လည်း တစ်ခုအပါအ၀င် ဖြစ် ကြောင်းကို လူတိုင်းသိထားကြပြီးဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီးသူ လူတစ်ယောက်အတွက် ပျားရည်ကို တစ်နေ့လျှင် လက်ဖက်ရည်ဇွန်း နှစ်ဇွန်းထက်ပို၍ မသောက်သင့်ပေ။ နံက်စောစော အိပ်ယာထချိန်ဖြစ်သော ၀မ်းဗိုက်ထဲမှာ ဘာအစာမျှမရှိ သည့်အချိန်သည် ပျားရည်သောက်ရန် အသင့်တော်ဆုံးအချိန်ဖြစ်သည် (သို့မဟုတ်) အစာနှင့်ဝေးချိန်ဖြစ်သော ညနေခင်းပိုင်း (ညစာမစားခင် နှစ်နာရီခန့်အလို)မှာလည်း သောက်ပေးနိုင်ပါသည်။


ပျားအုံဖွပ်ပြီး တစ်နှစ်အတွင်းရှိသောပျားရည်ကို “ပျားရည်အသစ်” ဟု ခေါ်ပြီး၊ ထိုပျားရည်က လူကိုဝြဖိုးစေ၍ အသံ ကြည်လင် ကောင်းမွန်စေသည်။ ပျားအုံဖွပ်ပြီး တစ်နှစ်ကျော်ကြာသော ပျားရည်ကို “ပျားရည်အဟောင်း” ဟုခေါ်ပြီး၊ ထိုပျားရည် က လူကိုအဆီကျ အသားကျစ်လစ် ပိန်စေသည်။ ပျားရည်အဟောင်းက သွေးတိုး၊ လေငန်းသမားများအတွက် ဆေးကောင်း တစ်လက်ဖြစ်သည်။ သို့သော် များများစားပါက  ၀မ်းချုပ်စေတတ်သည်။


ပျားရည် နှင့် ရေးနွေးဖြူအစွမ်း။


ပျားရည်ကို ရေနွေးဖြင့် သောက်ခြင်းက အစွမ်းထက်မြက်သော မှိုသတ်ဆေးရည်၊ ပိုးသတ်ဆေးရည်၊ ဘက်တီးရီးယား သတ်ဆေးရည်အဖြစ် စွမ်းဆောင်နိုင်ခြင်း၊ ညဘက် ယမကာ အလွန်အကျွံ သောက်သုံးခဲ့သူများ နံနက်အိပ်ယာထ ပျားရည်နှင့် ရေနွေးပူဖျော်ရည်ကို သောက်သုံးပေးခြင်းဖြင့်  ခေါင်းမကြည်၊ ခေါင်းကိုက်၊ ဗိုက်အောင့် ဝေဒနာများ မခံစား ရနိုင်ပါ။ ပျားရည်က  ကျောက်ကပ်ထဲရှိ အရည်များကို စုပ်ယူပစ်၍ ညဘက်မကြာခဏ ဆီးထသွားခြင်းကို ထိန်းချုပ်ပေး နိုင်စွမ်းရှိပါသည်။ ထို့ကြောင့် ညဘက် ဆီးခဏခဏသွားသူများ ထိုဆေးဖျော်ရည်ကို ညနေခင်းပိုင်းမှာ သောက်ပေးခြင်း ဖြင့်  ကျောက်ကပ်ကို သိသိသာသာကောင်းကျိုးပြုသည်။ ဤဆေးဖျော်ရည်သောက်စမှာ ၀မ်းဗိုက် ဖောင်းလာကောင်း ဖောင်းလာနိုင်ပါသည်။ သို့သော် မစိုးရိမ်ပါနှင့်။ ဆက်လက်သောက်ပေါ။ ဤဆေးရည်က မစင်အိမ်ကို ဖောင်းကြွစေခြင်း အားဖြင့် ပျော့နူးစေပြီး နောက်ဆုံးမှာ ၀မ်း နှင့် လေအဖြစ် ဆင်းသက်ကာ ပေါ့ပါးလန်းဆန်းစေသည်။ လေလုံး၊ လေဖြင်း ရှိသူများအတွက်ကိုလည်း လွန်စွာဆေးဖက်၀င်ပါသည်။


ပျားရည် နှင့် သံပုရာရည်အစွမ်း။


ရေနွေးဖြူ တစ်ခွက်ထဲသို့ပျားရည် နှင့် သံပုရာရည်တို့အား လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျစီရော၍ နံက်အိပ်ယာထ ဗိုက် ထဲတွင် မည်သည့်အစာမျှ မရှိခင် သောက်ပေးရပါသည်။ အချိန်ကြာကြာ အအေးခံမထားသင့်ဘဲ ချက်ချင်း သောက်ပေး သင့်သည်။ ၄င်းဆေးပျားရည်ကို သောက်သုံးခြင်းဖြင့် တစ်နေ့တာလုံး အစာကျေညက်စေခြင်း၊ အဆုပ်ထဲရှိ အရိအရွဲကို သန့်စင်ပေးခြင်း၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားလာပြီး ချောင်းဆိုး၊ ရင်ကျပ်နာ၊ အသက်ရှုလေပြွန်ပွရောဂါ၊ အအေး မိရောဂါတို့မှ ကာကွယ်နိုင်ခြင်း၊ အစာချေလမ်းကြောင်းတလျောက် သွေးထွက်ခြင်းမှ ကာကွယ်ပေးရုံသာမက ထိုလမ်း ကြောင်းပေါ်ရှိ ကပ်ပါးပိုးများကိုလည်း သန့်စင်ပေးခြင်း၊ အူသိမ်အူမထဲမှ အချွဲအကျိ အရိအရွဲများကျစေခြင်း၊ အူမကြီးကို သန့်စင်ကျန်းမာစေခြင်း၊ အူမကြီးစိုစွတ်၍ လွယ်ကူစွာ ၀မ်းသက်စေခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ စိတ်ဖိစီးမှု ပြေ ပျောက်စေခြင်း၊ ဆီးပုပ်များသက်ဆင်း၍ ဆီးလမ်းကြောင်းသန့်စေခြင်း၊ ခံတွင်းရနံ့သင်းပျံ့ခြင်း၊ ခန္ဓာကိုယ် အနံ့ဆိုးထွက် ရှိမှု ကာကွယ်ပေးခြင်း၊ အသားအရေ ၀င်းပကြည်လင်ခြင်း စသည့် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ခံစားရရှိနိုင် မှာဖြစ်သည်။


ပျားရည်သောက်ရန် သင့်တော်သူများ။


·         မီးဖွားပြီးခါစ နှင့် နို့ချိုတိုက်ချိန်များတွင် ပျားရည်စားပေးသင့်သည်။ အထူးသဖြင့် မီးဖွားပြီးစ သွေးနုသားနုချိန် တွင် ပျားရည်ကို အရက်နှင့်ရော၍ သောက်ပါ။ အမျိုးသမီးများ ဓမ္မတာရာသီလာချိန်မှာလည်း ပျားရည် သောက် ပေးသင့်သည်။


·         အရိုးကင်ဆာ နှင့် အစာအိမ်ကင်ဆာ ဝေဒနာသည်များသည် သဘာ၀ နှစ်ချို့ပျားရည်စစ်စစ် နှင့် သစ်ကြပိုး ခေါက်မှုန့်တို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျပမာဏစီ ဆတူရော၍၊ ၄င်းဆေးညွှန်းအတိုင်း တစ်နေ့ သုံးကြိမ် နှုန်းဖြင့် အစာမစားမီ နာရီ၀က်ခန့်အလို (သို့မဟုတ်) အစာစားပြီးနောက် နာရီ၀က်အကြာမှာ သောက်သုံးပေးပါ။ အထူးသတ်ပြုရန်မှာ ဆေးသောက်ပြီးနောက်  သောက်ရေ အေးတစ်ဖန်ခွက် သောက်ပါ (ရေခဲရေ မဟုတ်ပါ)


·         ပျားရည်တွင် အပူဓာတ်ရှိ၍ ကိုယ်တွင်းအပူဓာတ်များသူတွေက ပျားရည်သောက်ရန် သင့်၊ မသင့် ဒွိဟဖြစ်နေကြ သည်။ အဖြေမှန်မှာ သောက်၍ရပါသည်။ အပူကန်လည်ချောင်းနာသူများသည် ပျားရည်ကို ရှောက်ရည်ညှစ်၍ သောက်သုံးခြင်း ဖြင့် အပူငြိမ်း၍ ရောဂါပျောက်စေသည်။


·         ချောင်းဆိုးနေသူများအတွက် ပျားရည်က ဆေးကောင်းတစ်ခွက်ဖြစ်သည်။ ရေနွေးဖြူ တစ်ဖန်ခွက်ထဲကို ပျား ရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်၍ ဖျော်သောက်ပါ။ နှာစေး၊ ချောင်းဆိုးခြင်းအတွက် ပျားရည်ကို ရှောက် ရည် (သို့မဟုတ်) သံပုရာရည်ဖြင့် ဆတူရော၍ သောက်ပါ။


·         ကလေးများအတွက် မျက်စိအားကောင်းစေသည်။ ကလေးငယ်များ ချွဲကြပ်ရင်ကြပ်ဖြစ်ပါက ပျားရည်ကို သံပုရာ ရည်ဖြင့် ဆတူရော၍တိုက်ပါ။ ကလေးငယ်များ ၀မ်းပျက်၊ ၀မ်းလျောခြင်းအတွက် ပျားရည် အနည်းငယ်ကျွေးပါ။ ပျားရည်က စိတ်ကိုထိန်းပေးနိုင်သော အစွမ်းသတ္တိရှိ၍ အိပ်ယာထဲ အပေါ့စွန့်တတ်သော ကလေးများကို ည အိပ်ယာ၀င်ခါနီး ပျားရည်ကျွေးပေးခြင်းဖြင့် အပေါ့အပါးမသွားအောင် ဟန့်တားနိုင်သည်။ သူငယ်နာအကြောဆွဲ ၍ သေလုမျောပါးဖြစ်နေသော ကလေးငယ်များကို ပျားရည်ကျွေးပေးခြင်းဖြင့် အသက်ချမ်းသာရာ ရစေနိုင် သည်။ တုတ်ကောင်၊ သန်ကောင်ရှိသော ကလေးငယ်များကို နာနတ်သီး နှင့် ပျားရည် နယ်၍ကျွေးပါ (သို့ မဟုတ်) ပျားရည် နှင့် အုန်းနို့ရောစပ်၍ တိုက်ပါ။


ပျားရည်သောက်ရန် မသင့်တော်သူများ။


·         ပျားရည်ထဲတွင် microorganisms (ခေါ်) Clostridium ဗက်တီးရီးယားပိုးငယ်လေးများ မြောက်များစွာပါရှိနေ ကြသည်။ အရွယ်ရောက်ပြီးသူများ၏ အစာချေလမ်းကြောင်းက ၄င်းဗက်တီးရီးယားများကို ကောင်းစွာ ချေဖျက် နိုင်သော်လဲဘဲ၊ ကလေးငယ်များအတွက်မှာမူ အစာချေလမ်းကြောင်းတွင် သွေးခဲ၍ အစာအဆိပ်သင့် ဝေဒနာကို ဖြစ်စေသည်။ ထို့ကြောင့်  အသက်တစ်နှစ်အောက် ရင်ခွင်ပိုက် ကလေးငယ်များကို ပျားရည် (လုံး၀) မကျွေး သင့်ပေ။


·         Botulinumtoxin (ခေါ်) ပျားရည်ထဲရှိ ဗက်တီးရီးယားပိုးမှ စွန့်ထုတ်ပစ္စည်း အဆိပ်တစ်မျိုးကြောင့် ကိုယ်၀န် သည်တွေ ပျားရည်သောက်ရန် သင့်၊ မသင့်ကို ဝေခွဲမရဖြစ်နေကြသည်။ အရွယ်ရောက်ပြီးသူ တစ်ယောက် ပျားရည်သောက်ပြီးနောက်၊ ခန္ဓာကိုယ်၏ ဇီ၀ကမ္မဖြစ်စဉ်က ပျားရည်ထဲရှိ botulinumtoxin အဆိပ်ကို အလို အလျောက် ဖယ်ရှား သုတ်သင်ပေးလေ့ရှိသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်များ ပျားရည်သောက်၍ ရပါသည်။ သန္ဓေသားကိုလည်း ဘေးဥပါသ် လုံး၀ မဖြစ်စေနိုင်ပါ။ သို့သော် မိခင်လောင်းအများစုသည် ကိုယ်၀န်ဆောင် နေစဉ် သွေးထဲရှိသကြားပမာဏ မြင့်တက်လာလေ့ရှိကြသည်။ ပျားရည်ထဲတွင်လည်း fructose သကြား ပမာဏ မြင့်မားစွာပါရှိနေသဖြင့် ကိုယ်၀န်သည်များအနေဖြင့် ပျားရည်မစားခြင်းက ဘေးအန္တရာယ်အကင်းဆုံး ဖြစ်သည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်စဉ် ပျားရည်မစားရန် စာရေးသူက အကြံပြုလိုပါသည်။


·         ပျားရည်ထဲတွင် fructose နှင့် glucose ဓာတ်များ ပြည့်၀တူညီစွာပါရှိနေကြသည်။ ထို့ကြောင့် ဆီးချို၊ သွေးချို ရောဂါသည်များ နှင့် သွေးထဲတွင် glucose ပြဿနာရှိနေသူများ  ပျားရည်စားသုံးခြင်းမှ အထူး ရှောင်ရှားသင့် သည်။


·         ပျားရည်နှင့် သကြားအညို(သဘာ၀သကြား) တို့ကို နှိုင်းယှဉ်ကြည့်ပါက လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ပမာဏ ရှိသော ပျားရည်ထဲတွင် ကယ်လိုရီ ၂၂ ပါရှိနေပြီး၊ အညိုရောင်သကြားထဲတွင် ကယ်လိုရီ ၁၆  ပါရှိနေသည်။ ထို့ ကြောင့် ပျားရည်သည် ကယ်လိုရီတက်စေသဖြင့် ကိုယ်အလေးချိန် လျော့ချလိုသူများအနေဖြင့် ပျားရည် မသောက်သင့်ပေ။


ပျားရည် နှင့် တွဲမစားသင့်သော အစားအစာများ။


ကြာစေ့၊ မုန်လာဥအဖြူ၊ ၀က်သား၊ ငါး၊ ခိုသား၊ ပဒုမ္မာကြာရွက်၊ ပိတ်ချင်းရွက်၊ ပိန္နဲသီး၊ ဥသျှစ်သီး၊ အုန်းရည်၊ ရှားစောင်း ကြီး တ်ို့ဖြစ်ကြသည်။


ပျားရည်အတု  နှင့် အစစ်ခွဲခြားနည်း။


ပျားရည်သည် ရှားပါး၍တန်ဖိုးကြီးသဖြင့် ပျားရည်စျေးကွက်တွင် အတုများရောင်းချလျက်ရှိနေကြသည်။ ပျားရည်အတု က အရောင်၊ အနံ့၊ အရသာ၊ အာနိသင် အားလုံး အစစ်နှင့်ကွာခြားသည်။ ပျားရည်စစ်စစ်၏ ဂုဏ်သတ္တိမှာ နှစ်ပေါင်းမည်မျှကြာ အောင်ထားသော်လည်း အရောင်ပြောင်းရုံမှအပ၊ မပုပ်မသိုး သဘာ၀ဓာတ်မပျက်ဘဲ မူလအရသာ အာနိသင်အတိုင်းရှိနေမြဲဖြစ် သည်။ ပျားရည် စစ်၊ မစစ်ကို သိလိုလျှင်-


·         ခွေးကျွေးကြည့်ပါ၊ ပျားရည်အစစ်ကို ခွေး မစားပေ။


·         ဝါဂွမ်းကို ပျားရည်နှစ်၍ မီးရှို့ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်ပါသည်။


·         ပျားတစ်ကောင်ကိုဖမ်း၍ ပျားရည်ထဲ နှစ်ကြည့်ပါ၊ အပေါ်သို့ကူးပြီး ပျံထွက်သွားလျှင် ပျားရည်စစ်သည်။


·         ယမ်းမီးခြစ်ဆံခေါင်းကို ပျားရည်တွင်စိမ်၍ မီးခြစ်ကြည့်ပါ၊ မီးလောင်လျှင် ပျားရည်စစ်သည်။


·         ပျားရည် တစ်စက်နှစ်စက်ကို ဌက်ပျောဖက်ပေါ်တင်ကြည့်ပါ၊ လျောမကျဘဲ လုံး၍ တင်ရှိနေလျှင် ပျားရည်စစ် သည်။


·         ပျားရည်တစ်ဇွန်း နှင့် နှမ်းဆီတစ်ဇွန်းရော၍ ချိန်ကြည့်ပါ။ တစ်ဇွန်းသာရလျှင် ပျားရည်စစ်ပါသညသို့သော် ထိုအရော အနှောကို မစားသင့်ပါ


(မေချိုချို)


(Zawgyi)

ပ်ားရည္ေသာက္ရန္ သင့္သူမ်ားႏွင့္ မသင့္သူမ်ား 

============================




            သမိုင္းရာဇ၀င္ကို ေလ့လာၾကည့္ေသာ အခါ၊ ေရွးႏွစ္ ၁၀၀၀၀ ခန္႔က စပိန္ႏိုင္ငံ ေရွးေဟာင္းေက်ာက္ဂူတစ္ခု၏ နံရံေပၚ တြင္ ေက်ာက္ေခတ္လူသားတစ္ဦးသည္ ပ်ားအုံမွပ်ားရည္ကို အာသာငမ္းငမ္း စုပ္ယူစားေသာက္ေနပုံ ေရးဆြဲေဖာ္ျပထားသည္ ကို သုေတသီမ်ားေတြ႕ရွိခဲ့ၾကသည္။ ၄င္းကိုအေၾကာင္းျပဳ၍ လူသားတို႔သည္ ပ်ားရည္ကို လြန္ခဲ့ေသာ ေရွးႏွစ္ ၁၀,၀၀၀ မတိုင္မီ ကတည္းကစ၍ စားသုံးလာၾကၿပီးျဖစ္ေၾကာင္း ေလ့လာမွတ္သားရပါသည္။


ျမန္မာ့ပ်ားရည္။


          ျမန္မာႏိုင္ငံတြင္ ၾသဂဲနစ္ပ်ားရည္စစ္စစ္ထြက္ရွိၿပီး ႏိုင္ငံတကာတြင္ ေရာင္းပန္းလွေသာေၾကာင့္ အီးယူႏိုင္ငံမ်ားကပါ စိတ္ ၀င္စားလာၾကၿပီး ျမန္မာ့ပ်ားရည္ကို လိုခ်င္သည့္အတြက္ ေကာင္းမြန္ေသာ ပ်ားေမြးျမဴေရးသင္တန္း၊ ေကာင္းမြန္ေသာ ပ်ားရည္ ထုတ္လုပ္မႈသင္တန္းမ်ားကို အီးယူမွ ပညာရွင္မ်ားကိုယ္တိုင္ လာေရာက္သင္တန္းေပးမႈမ်ား ရွိေနသည္။ ထို႔ျပင္ ဥေရာပေစ်း ကြက္မွ ၎တို႔နည္းပညာျဖင့္ ထုတ္လုပ္ေသာ ပ်ားရည္ကို အျခားသူမ်ားထက္ ေစ်းႏွစ္ဆေပးကာ ၀ယ္ယူေၾကာင္း မေကြးတိုင္း ေဒသႀကီး ပ်ားလုပ္ငန္း ဦးစီးဌာနမွသိရသည္။ ႏိုင္ငံျခားသို႔ ပ်ားရည္ပို႔ေနေသာ ကုမၸဏီမ်ားမွာ ပ်ားရည္သန္႔စင္ စက္႐ုံမ်ားတြင္ သန္႔စင္ၿပီး ႏိုင္ငံျခားသို႔ တင္ပို႔ၾကသည္။ ယခင္ပ်ားရည္ ေစ်းေကာင္းေသာ အခ်ိန္မ်ားက ပ်ားရည္ တစ္ပိႆာလွ်င္ က်ပ္ ၃,၅၀၀ ထိ ေစ်းရွိခဲ့ၿပီး၊ ယခု COVID-19 ကာလတြင္ ပ်ားရည္ တစ္ပိႆာလွ်င္ က်ပ္ ၂,၀၀၀ ေစ်းသာရွိေၾကာင္း သိရသည္။


ေဆးဖက္၀င္ ပ်ားရည္။


ကမာၻေျမေပၚတြင္ က်န္းမာေရး ႏွင့္ အညီၫြတ္ဆုံး အစားအစာမ်ားထဲမွာ “ပ်ားရည္” သည္လည္း တစ္ခုအပါအ၀င္ ျဖစ္ ေၾကာင္းကို လူတိုင္းသိထားၾကၿပီးျဖစ္သည္။ သို႔ေသာ္ အ႐ြယ္ေရာက္ၿပီးသူ လူတစ္ေယာက္အတြက္ ပ်ားရည္ကို တစ္ေန႔လွ်င္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္းထက္ပို၍ မေသာက္သင့္ေပ။ နံက္ေစာေစာ အိပ္ယာထခ်ိန္ျဖစ္ေသာ ၀မ္းဗိုက္ထဲမွာ ဘာအစာမွ်မရွိ သည့္အခ်ိန္သည္ ပ်ားရည္ေသာက္ရန္ အသင့္ေတာ္ဆုံးအခ်ိန္ျဖစ္သည္ (သို႔မဟုတ္) အစာႏွင့္ေဝးခ်ိန္ျဖစ္ေသာ ညေနခင္းပိုင္း (ညစာမစားခင္ ႏွစ္နာရီခန္႔အလို)မွာလည္း ေသာက္ေပးႏိုင္ပါသည္။


ပ်ားအုံဖြပ္ၿပီး တစ္ႏွစ္အတြင္းရွိေသာပ်ားရည္ကို “ပ်ားရည္အသစ္” ဟု ေခၚၿပီး၊ ထိုပ်ားရည္က လူကိုျဝဖိုးေစ၍ အသံ ၾကည္လင္ ေကာင္းမြန္ေစသည္။ ပ်ားအုံဖြပ္ၿပီး တစ္ႏွစ္ေက်ာ္ၾကာေသာ ပ်ားရည္ကို “ပ်ားရည္အေဟာင္း” ဟုေခၚၿပီး၊ ထိုပ်ားရည္ က လူကိုအဆီက် အသားက်စ္လစ္ ပိန္ေစသည္။ ပ်ားရည္အေဟာင္းက ေသြးတိုး၊ ေလငန္းသမားမ်ားအတြက္ ေဆးေကာင္း တစ္လက္ျဖစ္သည္။ သို႔ေသာ္ မ်ားမ်ားစားပါက ၀မ္းခ်ဳပ္ေစတတ္သည္။


ပ်ားရည္ ႏွင့္ ေရးေႏြးျဖဴအစြမ္း။


ပ်ားရည္ကို ေရေႏြးျဖင့္ ေသာက္ျခင္းက အစြမ္းထက္ျမက္ေသာ မႈိသတ္ေဆးရည္၊ ပိုးသတ္ေဆးရည္၊ ဘက္တီးရီးယား သတ္ေဆးရည္အျဖစ္ စြမ္းေဆာင္ႏိုင္ျခင္း၊ ညဘက္ ယမကာ အလြန္အကြၽံ ေသာက္သုံးခဲ့သူမ်ား နံနက္အိပ္ယာထ ပ်ားရည္ႏွင့္ ေရေႏြးပူေဖ်ာ္ရည္ကို ေသာက္သုံးေပးျခင္းျဖင့္ ေခါင္းမၾကည္၊ ေခါင္းကိုက္၊ ဗိုက္ေအာင့္ ေဝဒနာမ်ား မခံစား ရႏိုင္ပါ။ ပ်ားရည္က ေက်ာက္ကပ္ထဲရွိ အရည္မ်ားကို စုပ္ယူပစ္၍ ညဘက္မၾကာခဏ ဆီးထသြားျခင္းကို ထိန္းခ်ဳပ္ေပး ႏိုင္စြမ္းရွိပါသည္။ ထို႔ေၾကာင့္ ညဘက္ ဆီးခဏခဏသြားသူမ်ား ထိုေဆးေဖ်ာ္ရည္ကို ညေနခင္းပိုင္းမွာ ေသာက္ေပးျခင္း ျဖင့္ ေက်ာက္ကပ္ကို သိသိသာသာေကာင္းက်ိဳးျပဳသည္။ ဤေဆးေဖ်ာ္ရည္ေသာက္စမွာ ၀မ္းဗိုက္ ေဖာင္းလာေကာင္း ေဖာင္းလာႏိုင္ပါသည္။ သို႔ေသာ္ မစိုးရိမ္ပါႏွင့္။ ဆက္လက္ေသာက္ေပါ။ ဤေဆးရည္က မစင္အိမ္ကို ေဖာင္းႂကြေစျခင္း အားျဖင့္ ေပ်ာ့ႏူးေစၿပီး ေနာက္ဆုံးမွာ ၀မ္း ႏွင့္ ေလအျဖစ္ ဆင္းသက္ကာ ေပါ့ပါးလန္းဆန္းေစသည္။ ေလလုံး၊ ေလျဖင္း ရွိသူမ်ားအတြက္ကိုလည္း လြန္စြာေဆးဖက္၀င္ပါသည္။


ပ်ားရည္ ႏွင့္ သံပုရာရည္အစြမ္း။


ေရေႏြးျဖဴ တစ္ခြက္ထဲသို႔ပ်ားရည္ ႏွင့္ သံပုရာရည္တို႔အား လက္ဖက္ရည္ဇြန္း တစ္ဇြန္းက်စီေရာ၍ နံက္အိပ္ယာထ ဗိုက္ ထဲတြင္ မည္သည့္အစာမွ် မရွိခင္ ေသာက္ေပးရပါသည္။ အခ်ိန္ၾကာၾကာ အေအးခံမထားသင့္ဘဲ ခ်က္ခ်င္း ေသာက္ေပး သင့္သည္။ ၄င္းေဆးပ်ားရည္ကို ေသာက္သုံးျခင္းျဖင့္ တစ္ေန႔တာလုံး အစာေက်ညက္ေစျခင္း၊ အဆုပ္ထဲရွိ အရိအ႐ြဲကို သန္႔စင္ေပးျခင္း၊ ကိုယ္ခံစြမ္းအားကို တိုးတက္ျမင့္မားလာၿပီး ေခ်ာင္းဆိုး၊ ရင္က်ပ္နာ၊ အသက္ရႈေလႁပြန္ပြေရာဂါ၊ အေအး မိေရာဂါတို႔မွ ကာကြယ္ႏိုင္ျခင္း၊ အစာေခ်လမ္းေၾကာင္းတေလ်ာက္ ေသြးထြက္ျခင္းမွ ကာကြယ္ေပး႐ုံသာမက ထိုလမ္း ေၾကာင္းေပၚရွိ ကပ္ပါးပိုးမ်ားကိုလည္း သန္႔စင္ေပးျခင္း၊ အူသိမ္အူမထဲမွ အခြၽဲအက်ိ အရိအ႐ြဲမ်ားက်ေစျခင္း၊ အူမႀကီးကို သန္႔စင္က်န္းမာေစျခင္း၊ အူမႀကီးစိုစြတ္၍ လြယ္ကူစြာ ၀မ္းသက္ေစျခင္း၊ ကိုယ္အေလးခ်ိန္ က်ေစျခင္း၊ စိတ္ဖိစီးမႈ ေျပ ေပ်ာက္ေစျခင္း၊ ဆီးပုပ္မ်ားသက္ဆင္း၍ ဆီးလမ္းေၾကာင္းသန္႔ေစျခင္း၊ ခံတြင္းရနံ႔သင္းပ်ံ႕ျခင္း၊ ခႏၶာကိုယ္ အနံ႔ဆိုးထြက္ ရွိမႈ ကာကြယ္ေပးျခင္း၊ အသားအေရ ၀င္းပၾကည္လင္ျခင္း စသည့္ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားစြာကို ခံစားရရွိႏိုင္ မွာျဖစ္သည္။


ပ်ားရည္ေသာက္ရန္ သင့္ေတာ္သူမ်ား။


· မီးဖြားၿပီးခါစ ႏွင့္ ႏို႔ခ်ိဳတိုက္ခ်ိန္မ်ားတြင္ ပ်ားရည္စားေပးသင့္သည္။ အထူးသျဖင့္ မီးဖြားၿပီးစ ေသြးႏုသားႏုခ်ိန္ တြင္ ပ်ားရည္ကို အရက္ႏွင့္ေရာ၍ ေသာက္ပါ။ အမ်ိဳးသမီးမ်ား ဓမၼတာရာသီလာခ်ိန္မွာလည္း ပ်ားရည္ ေသာက္ ေပးသင့္သည္။


· အ႐ိုးကင္ဆာ ႏွင့္ အစာအိမ္ကင္ဆာ ေဝဒနာသည္မ်ားသည္ သဘာ၀ ႏွစ္ခ်ိဳ႕ပ်ားရည္စစ္စစ္ ႏွင့္ သစ္ၾကပိုး ေခါက္မႈန္႔တို႔ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းက်ပမာဏစီ ဆတူေရာ၍၊ ၄င္းေဆးၫႊန္းအတိုင္း တစ္ေန႔ သုံးႀကိမ္ ႏႈန္းျဖင့္ အစာမစားမီ နာရီ၀က္ခန္႔အလို (သို႔မဟုတ္) အစာစားၿပီးေနာက္ နာရီ၀က္အၾကာမွာ ေသာက္သုံးေပးပါ။ အထူးသတ္ျပဳရန္မွာ ေဆးေသာက္ၿပီးေနာက္ ေသာက္ေရ ေအးတစ္ဖန္ခြက္ ေသာက္ပါ (ေရခဲေရ မဟုတ္ပါ)


· ပ်ားရည္တြင္ အပူဓာတ္ရွိ၍ ကိုယ္တြင္းအပူဓာတ္မ်ားသူေတြက ပ်ားရည္ေသာက္ရန္ သင့္၊ မသင့္ ဒြိဟျဖစ္ေနၾက သည္။ အေျဖမွန္မွာ ေသာက္၍ရပါသည္။ အပူကန္လည္ေခ်ာင္းနာသူမ်ားသည္ ပ်ားရည္ကို ေရွာက္ရည္ညႇစ္၍ ေသာက္သုံးျခင္း ျဖင့္ အပူၿငိမ္း၍ ေရာဂါေပ်ာက္ေစသည္။


· ေခ်ာင္းဆိုးေနသူမ်ားအတြက္ ပ်ားရည္က ေဆးေကာင္းတစ္ခြက္ျဖစ္သည္။ ေရေႏြးျဖဴ တစ္ဖန္ခြက္ထဲကို ပ်ား ရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းထည့္၍ ေဖ်ာ္ေသာက္ပါ။ ႏွာေစး၊ ေခ်ာင္းဆိုးျခင္းအတြက္ ပ်ားရည္ကို ေရွာက္ ရည္ (သို႔မဟုတ္) သံပုရာရည္ျဖင့္ ဆတူေရာ၍ ေသာက္ပါ။


· ကေလးမ်ားအတြက္ မ်က္စိအားေကာင္းေစသည္။ ကေလးငယ္မ်ား ခြၽဲၾကပ္ရင္ၾကပ္ျဖစ္ပါက ပ်ားရည္ကို သံပုရာ ရည္ျဖင့္ ဆတူေရာ၍တိုက္ပါ။ ကေလးငယ္မ်ား ၀မ္းပ်က္၊ ၀မ္းေလ်ာျခင္းအတြက္ ပ်ားရည္ အနည္းငယ္ေကြၽးပါ။ ပ်ားရည္က စိတ္ကိုထိန္းေပးႏိုင္ေသာ အစြမ္းသတၱိရွိ၍ အိပ္ယာထဲ အေပါ့စြန္႔တတ္ေသာ ကေလးမ်ားကို ည အိပ္ယာ၀င္ခါနီး ပ်ားရည္ေကြၽးေပးျခင္းျဖင့္ အေပါ့အပါးမသြားေအာင္ ဟန္႔တားႏိုင္သည္။ သူငယ္နာအေၾကာဆြဲ ၍ ေသလုေမ်ာပါးျဖစ္ေနေသာ ကေလးငယ္မ်ားကို ပ်ားရည္ေကြၽးေပးျခင္းျဖင့္ အသက္ခ်မ္းသာရာ ရေစႏိုင္ သည္။ တုတ္ေကာင္၊ သန္ေကာင္ရွိေသာ ကေလးငယ္မ်ားကို နာနတ္သီး ႏွင့္ ပ်ားရည္ နယ္၍ေကြၽးပါ (သို႔ မဟုတ္) ပ်ားရည္ ႏွင့္ အုန္းႏို႔ေရာစပ္၍ တိုက္ပါ။


ပ်ားရည္ေသာက္ရန္ မသင့္ေတာ္သူမ်ား။


· ပ်ားရည္ထဲတြင္ microorganisms (ေခၚ) Clostridium ဗက္တီးရီးယားပိုးငယ္ေလးမ်ား ေျမာက္မ်ားစြာပါရွိေန ၾကသည္။ အ႐ြယ္ေရာက္ၿပီးသူမ်ား၏ အစာေခ်လမ္းေၾကာင္းက ၄င္းဗက္တီးရီးယားမ်ားကို ေကာင္းစြာ ေခ်ဖ်က္ ႏိုင္ေသာ္လဲဘဲ၊ ကေလးငယ္မ်ားအတြက္မွာမူ အစာေခ်လမ္းေၾကာင္းတြင္ ေသြးခဲ၍ အစာအဆိပ္သင့္ ေဝဒနာကို ျဖစ္ေစသည္။ ထို႔ေၾကာင့္ အသက္တစ္ႏွစ္ေအာက္ ရင္ခြင္ပိုက္ ကေလးငယ္မ်ားကို ပ်ားရည္ (လုံး၀) မေကြၽး သင့္ေပ။


· Botulinumtoxin (ေခၚ) ပ်ားရည္ထဲရွိ ဗက္တီးရီးယားပိုးမွ စြန္႔ထုတ္ပစၥည္း အဆိပ္တစ္မ်ိဳးေၾကာင့္ ကိုယ္၀န္ သည္ေတြ ပ်ားရည္ေသာက္ရန္ သင့္၊ မသင့္ကို ေဝခြဲမရျဖစ္ေနၾကသည္။ အ႐ြယ္ေရာက္ၿပီးသူ တစ္ေယာက္ ပ်ားရည္ေသာက္ၿပီးေနာက္၊ ခႏၶာကိုယ္၏ ဇီ၀ကမၼျဖစ္စဥ္က ပ်ားရည္ထဲရွိ botulinumtoxin အဆိပ္ကို အလို အေလ်ာက္ ဖယ္ရွား သုတ္သင္ေပးေလ့ရွိသည္။ ထို႔ေၾကာင့္ ကိုယ္၀န္ေဆာင္မ်ား ပ်ားရည္ေသာက္၍ ရပါသည္။ သေႏၶသားကိုလည္း ေဘးဥပါသ္ လုံး၀ မျဖစ္ေစႏိုင္ပါ။ သို႔ေသာ္ မိခင္ေလာင္းအမ်ားစုသည္ ကိုယ္၀န္ေဆာင္ ေနစဥ္ ေသြးထဲရွိသၾကားပမာဏ ျမင့္တက္လာေလ့ရွိၾကသည္။ ပ်ားရည္ထဲတြင္လည္း fructose သၾကား ပမာဏ ျမင့္မားစြာပါရွိေနသျဖင့္ ကိုယ္၀န္သည္မ်ားအေနျဖင့္ ပ်ားရည္မစားျခင္းက ေဘးအႏၲရာယ္အကင္းဆုံး ျဖစ္သည္။ ထို႔ေၾကာင့္ ကိုယ္၀န္ေဆာင္စဥ္ ပ်ားရည္မစားရန္ စာေရးသူက အႀကံျပဳလိုပါသည္။


· ပ်ားရည္ထဲတြင္ fructose ႏွင့္ glucose ဓာတ္မ်ား ျပည့္၀တူညီစြာပါရွိေနၾကသည္။ ထို႔ေၾကာင့္ ဆီးခ်ိဳ၊ ေသြးခ်ိဳ ေရာဂါသည္မ်ား ႏွင့္ ေသြးထဲတြင္ glucose ျပႆနာရွိေနသူမ်ား ပ်ားရည္စားသုံးျခင္းမွ အထူး ေရွာင္ရွားသင့္ သည္။


· ပ်ားရည္ႏွင့္ သၾကားအညိဳ(သဘာ၀သၾကား) တို႔ကို ႏႈိင္းယွဥ္ၾကည့္ပါက လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ ပမာဏ ရွိေသာ ပ်ားရည္ထဲတြင္ ကယ္လိုရီ ၂၂ ပါရွိေနၿပီး၊ အညိဳေရာင္သၾကားထဲတြင္ ကယ္လိုရီ ၁၆ ပါရွိေနသည္။ ထို႔ ေၾကာင့္ ပ်ားရည္သည္ ကယ္လိုရီတက္ေစသျဖင့္ ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်လိုသူမ်ားအေနျဖင့္ ပ်ားရည္ မေသာက္သင့္ေပ။


ပ်ားရည္ ႏွင့္ တြဲမစားသင့္ေသာ အစားအစာမ်ား။


ၾကာေစ့၊ မုန္လာဥအျဖဴ၊ ၀က္သား၊ ငါး၊ ခိုသား၊ ပဒုမၼာၾကာ႐ြက္၊ ပိတ္ခ်င္း႐ြက္၊ ပိႏၷဲသီး၊ ဥသွ်စ္သီး၊ အုန္းရည္၊ ရွားေစာင္း ႀကီး တ္ို႔ျဖစ္ၾကသည္။


ပ်ားရည္အတု ႏွင့္ အစစ္ခြဲျခားနည္း။




ပ်ားရည္သည္ ရွားပါး၍တန္ဖိုးႀကီးသျဖင့္ ပ်ားရည္ေစ်းကြက္တြင္ အတုမ်ားေရာင္းခ်လ်က္ရွိေနၾကသည္။ ပ်ားရည္အတု က အေရာင္၊ အနံ႔၊ အရသာ၊ အာနိသင္ အားလုံး အစစ္ႏွင့္ကြာျခားသည္။ ပ်ားရည္စစ္စစ္၏ ဂုဏ္သတၱိမွာ ႏွစ္ေပါင္းမည္မွ်ၾကာ ေအာင္ထားေသာ္လည္း အေရာင္ေျပာင္း႐ုံမွအပ၊ မပုပ္မသိုး သဘာ၀ဓာတ္မပ်က္ဘဲ မူလအရသာ အာနိသင္အတိုင္းရွိေနၿမဲျဖစ္ သည္။ ပ်ားရည္ စစ္၊ မစစ္ကို သိလိုလွ်င္-


· ေခြးေကြၽးၾကည့္ပါ၊ ပ်ားရည္အစစ္ကို ေခြး မစားေပ။


· ဝါဂြမ္းကို ပ်ားရည္ႏွစ္၍ မီးရႈိ႕ၾကည့္ပါ၊ မီးေလာင္လွ်င္ ပ်ားရည္စစ္ပါသည္။


· ပ်ားတစ္ေကာင္ကိုဖမ္း၍ ပ်ားရည္ထဲ ႏွစ္ၾကည့္ပါ၊ အေပၚသို႔ကူးၿပီး ပ်ံထြက္သြားလွ်င္ ပ်ားရည္စစ္သည္။


· ယမ္းမီးျခစ္ဆံေခါင္းကို ပ်ားရည္တြင္စိမ္၍ မီးျခစ္ၾကည့္ပါ၊ မီးေလာင္လွ်င္ ပ်ားရည္စစ္သည္။


· ပ်ားရည္ တစ္စက္ႏွစ္စက္ကို ဌက္ေပ်ာဖက္ေပၚတင္ၾကည့္ပါ၊ ေလ်ာမက်ဘဲ လုံး၍ တင္ရွိေနလွ်င္ ပ်ားရည္စစ္ သည္။


· ပ်ားရည္တစ္ဇြန္း ႏွင့္ ႏွမ္းဆီတစ္ဇြန္းေရာ၍ ခ်ိန္ၾကည့္ပါ။ တစ္ဇြန္းသာရလွ်င္ ပ်ားရည္စစ္ပါသညသို႔ေသာ္ ထိုအေရာ အေႏွာကို မစားသင့္ပါ


Credit ေမခ်ိဳခ်ိဳမွ်ေဝသည္


Wednesday, May 4, 2022

ချစ်စရာ🍒 မွန်းသီး 🍒လေးတွေ

 ရွှေဖီချိန်နဲ့အတူ ပွင့်သီးလာကြတဲ့ 

ချစ်စရာ🍒 မွန်းသီး 🍒လေးတွေ




မြန်မာအမည်(‌ဒေသအခေါ် ) - မွန်းသီးကြီး

ပအိုဝ့်လို                 - တသင်;ရာ;

တရုတ်လို               - Yangmei (ရမ်မိန်း)

ဂျပန်လို                 - Mountain Peach

Botanical Name    - Myrica rubra

Common Names - Chinese bayberry,        

                                 Japanese bayberry,

                                 red bayberry,

                                 yumberry, waxberry,

                                Chinese strawberry

Species:               - M. rubra

Family:                 - Myricaceae


ရှမ်းတောင်တန်းတွေပေါ်မှာ သဘာဝအတိုင်း

ပေါက်‌ရောက်ကြပီး ပွင့်ကြ၊ သီးကြတဲ့ ပန်းပင်တွေသစ်သီးပင်တွေ အများကြီးရှိပါတယ်။

သဘာဝကပေးတဲ့အလှအပတွေနဲ့ အဖိုးတန် အာဟာရတွေပါပဲ။

ဒီနေ့ဖော်ပြပေးမဲ့ အသီးလေးကတော့ ရှမ်းပြည်ဒေသအခေါ် #မွန်းသီးကြီး လို့ခေါ်တဲ့ ချစ်စရာ အသီးလေး အကြောင်းပဲ ဖြစ်ပါတယ်။ ပအိုဝ့်လို

တသင်,ရာ; လို့ ခေါ်ကြပါတယ်။


#မွန်းသီးကြီး အပင်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း

ပအို့ဝ်ဒေသဖြစ်တဲ့ ဟိုပုံးမြို့နယ်ထဲက မဲနယ်တောင်ပတ်ဝန်းကျင်၊ လွယ်မှိုင်းတောင်ပတ်ဝန်းကျင်နဲ့

ပင်လောင်ဒေသပတ်ဝန်းကျင်တွေမှာ အလေ့ကျအပင်အဖြစ် ပေါက်ရောက်ကြပါတယ်။ ရွာငံမြို့နယ်ထဲက တောတောင်တွေမှာလဲ ပေါက်ရောက်တယ်လို့ သိရပါတယ်။ အပင်ကြီး အမျိုးအစားဖြစ်ပါတယ်။ ၃၃-၆၆ ပေအမြက့်အထိ ကြီးထွားနိုင်ပါတယ်။  ရာသီဥတုအနေနဲ့ အပူအအေး မျှတတဲ့နေရာတွေမှာ ရှင်သန်ကြီးထွားနိုင်ပါတယ်။


ခုလိုနွေရာသီ မတ်လနဲ့ ဧပရယ်လတွေဟာ ရွှေဖီချိန်ဖြစ်ပါတယ်။ ပင်လောင်းဒေသဘက်မှာတော့ လက်ဖက်ခူးချိန်ပေါ့ဗျာ။ ဒီချိန် ဒီရာသီခူးတဲ့ လက်ဖက်ဟာ အကောင်းဆုံးလို့ ဆိုပါတယ်။ ပင်လောင်းဘက်က လက်ဖက်စိုက်တဲ့ ပအိုဝ့်၊

ပလောင်တိုင်းရင်းသားတွေဟာ လက်ဖက်ခူးသွားရင်း ဒီမွန်းသီးကြီးတွေ ခူးစားရတာဟာ အရမ်းပျော်စရာကောင်းတယ်လို့ ပြောကြပါတယ်။ မွန်းသီးကြီး ရဲ့ အရသာကတော့ ချိုချိုချဉ်ချဉ် အရသာလေးဖြစ်ပါတယ်။ မွန်းသီးကြီးအမှည့်နီရဲရဲလေးရဲ့ ချိုချဉ်အရသာလေးက တကယ်နှစ်လိုဖွယ် ကောင်းလှပါတယ်။ အသီးရဲ့အရွယ်အစားက ၁ လက်မအချင်းခန့်ရှိပါတယ်။ အသီးမျက်နှာပြင်မှာ နူးညံ့တဲ့

ဂျယ်လီအဖုလေးတွေရှိပါတယ်။ မှည့်တဲ့အသီးက အနီရဲရဲနဲ့ ခရမ်းရောင် အသီးတွေအဖြစ်တွေ့နိုင်ပါတယ်။


#မွန်းသီးကြီး ကို အာရှနဲ့ဥရောပမှာတော့ နာမည်အမျိုးမျိုး ခေါ်ကြပါတယ်။ တရုတ်နိုင်ငံမှာ အများဆုံး စိုက်ပျိုးကြတယ်လို့လဲ သိရပါတယ်။ ဂျပန်နဲ့ တရုတ်နိုင်ငံတွေမှာ လမ်းဘေးအလှဆင်အပင်အဖြစ်လည်းကောင်း၊ ပန်းခြံများတွင် အလှပင်အဖြစ်လည်း စိုက်ပျိုးကြပါတယ်။ သုတေသနပြုချက်တွေအရ လူအများအသိအမှတ်ပြုတဲ့နာမည်က Chinese bayberry ဖြစ်ပါတယ်။ တချို့နေရာတွေမှာ wax berry လို့လဲခေါ်ကြပါတယ်။ wax berry ‌အခေါ်ဟာ တရုတ်နိုင်ငံမှာ ဘွန်းဆိုင်းအဖြစ်စိုက်ပျိုးကြတဲ့ Arbutus ဆိုတဲ့ အသီးပင်လေးနဲ့ (mistranslation) မှားယွင်းဘာသာပြန်ခြင်း ဖြစ်တယ်လို့ wikipedia မှာ ဖော်ပြထားပါတယ်။ 




#အသုံးဝင်ပုံ

လတ်ဆတ်သောသစ်သီးအဖြစ် စားသုံးနိုင်သည်။အခြောက်လှန်း၍ (dried fruit)အဖြစ်စားသုံးနိုင်သည်။

စည်သွတ်ထားသော baijiu (တရုတ်အရက်)တွင်

စိမ်ထားနိုင်သည်။

ဝိုင်၊ ဘီယာ သို့မဟုတ် ကော့တေးများကဲ့သို့သော အရက်အဖျော်ယမကာများတွင် စိမ်ထားနိုင်သည်။  သစ်သီးခြောက်များကို ရှောက်သီး huamei (prunus mume ကဲ့သို့ အနံ့အရသာရှိသော ရှောက်ချိုသီး သို့မဟုတ် ဆားငံပြာရည်) ဖြင့် ပြင်ဆင်စားသုံးနိုင်သည်။

ဖျော်ရည်ကို ဥရောပတွင် ကုန်သွယ်မှုအမှတ်တံဆိပ်အမည်ဖြင့် အမှတ်တံဆိပ်အမည် "Yumberry" အောက်တွင် စီးပွားဖြစ်ရောင်းသည်ဟု သိရပါသည်။ 

ဖိလစ်ပိုင်တွင် ၎င်းတို့ကို ဆားရည်နှင့် ရှာလကာရည်ဖြင့် အခြောက်လှန်းထားပြီး တရုတ် huamei ၏ ဒေသထွက်ဗားရှင်းဖြစ်သော Champóy အဖြစ် ပြုလုပ်‌‌ရောင်းချကြသည်။




#အာဟာရဆိုင်ရာအချက်များ- 

ဗီတာမင်များ၊ သတ္တုဓာတ်များနှင့် Phytochemical အစိတ်အပိုင်းများပါဝင်သည်။


Chinese Bayberry တွင် သကြား-အက်ဆစ် မျှတမှု အားကောင်းပြီး thiamine၊ riboflavin၊ carotene၊ သတ္တုဓာတ်၊ အမျှင်ဓာတ်နှင့် ဗီတာမင် C မြင့်မားစွာ ပါဝင်ပါသည်။


anthocyanins အပြင်၊ flavonols၊ ellagitannins နှင့် gallic acid၊ quercetin hexoside၊ quercetin deoxyhexoside နှင့် quercetin ကဲ့သို့သော phenolic ဒြပ်ပေါင်းများပါရှိသည်။  rhamnose၊ arabinose၊ mannose၊ ဂလူးကို့စ်နှင့် galactose ကဲ့သို့သော Monosaccharides များကို ဤအသီးတွင် တွေ့ရသည့်အပြင် ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်၊ သံနှင့် ကြေးနီကဲ့သို့သော သတ္တုအိုင်းယွန်းများ ကြွယ်ဝစွာပါဝင်သည်။


Chinese Bayberry တွင် အစွမ်းထက်ဆုံး

free-radical-scavenging antioxidants အမျိုးအစားဖြစ်သော oligomeric proanthocyanidins (OPCs) ကြွယ်ဝစွာပါဝင်သည်။  OPCs များသည် ခန္ဓာကိုယ်တွင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဖိစီးမှုများကို ကာကွယ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ ဇီဝဖြစ်စဉ်အားလုံးကို ပံ့ပိုးပေးသည်ဟု သုတေသနပြုချက်များအရ သိရှိသည်။


ဗီတာမင်စီထက် အဆနှစ်ဆယ်ပိုအားကောင်းပြီး ဗီတာမင် E ထက် အဆ ၅၀ ပိုအစွမ်းထက်သော OPCs များသည် နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးသည်ဟု ဆိုကြသည်။


OPCs များသည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန်၊ သွေးဖိအားကို ကျဆင်းစေပြီး LDL ကိုလက်စထရောအဆင့်ကို လျှော့ချရန် ကူညီပေးသည်။  OPCs များသည် အိုမင်းမှုကို နှေးကွေးစေပြီး သွေးကြောများ၏ ခိုင်ခံ့မှုနှင့် ပျော့ပျောင်းမှုကို တိုးမြင့်စေပြီး အရေပြားကို တင်းမာစေကာ ကင်ဆာဆဲလ်များ

ကြီးထွားမှုကို ဟန့်တားပေးသည်။




#ကျန်းမာရေးအကျိုးကျေးဇူးများ-

သိပ္ပံနည်းကျ လေ့လာမှုများအပေါ် အခြေခံ၍ ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများ


အစာခြေစွမ်းအားကို တိုးမြှင့်ပေးသည်။

ပင်စည်အခေါက်ကို အာဆင်းနစ်အဆိပ်သင့်ခြင်း၊ အရေပြားရောဂါများနှင့် အနာများကို

ကုသရာတွင် အသုံးပြုသည်။

အစေ့ကို ချွေးစေးများတဲ့ ခြေဖဝါးတွေကို ကုသရာမှာ အသုံးပြုပြီး အသီးကို ကာလဝမ်းရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါတွေကို ကုသရာမှာ အသုံးပြုပါတယ်။


Chinese Bayberry သည် အစွမ်းထက်ဆုံး antioxidants များထဲမှ တစ်ခုဖြစ်သောကြောင့်ဦးနှောက်နှင့် အာရုံကြောစနစ်ကို ကောင်းမွန်စေသည်။


အတွင်းတိမ်၊ အရေပြားအိုမင်းခြင်းကို ကာကွယ်နိုင်ပြီး အဆစ်အမြစ်ရောင်ခြင်းကို သက်သာ‌ေစသည်။

သွေးဖိအားကို လျှော့ချရန်၊ သွေးကြောများ၏ ပျော့ပျောင်းမှုကို ပြန်လည်ရရှိရန်ပင် အသုံးပြုနိုင်သည်။  ဆီးချိုရောဂါအတွက် ကုသမှုတစ်ခုအနေဖြင့် bayberry ဖျော်ရည်သည် ဆဲလ်များကို

ပုံမှန်ဖြစ်စေပြီး ပန်ကရိယကို ကာကွယ်ပေးသည်။


မကြာသေးမီက လေ့လာမှုများအရ အရွက်မှ ထုတ်ယူရရှိသော အဆီများနှင့် အဆီများသည် acaricidal၊ ပိုးသတ်ဆေး၊ ပိုးသတ်ဆေး၊ နှင့် arthropod တို့ကို တွန်းလှန်နိုင်သော ဂုဏ်သတ္တိများရှိကြောင်း ဖော်ပြထားသည်။


Sai Win Min

24 April 2022


Reference : Wikipedia & healthline.com

All photos are copy from internet & fb

Tuesday, May 3, 2022

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း

တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း




စာရေးသူ Dr. Thant Zin မှ ရေးသားသည်။

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

#တက်တူး ထိုးရာမှ ရောဂါပိုးဝင်ခြင်း
တက်တူး ထိုးခြင်းဟာ နောက်ပိုင်းမှာ လူငယ်ပိုင်းရော လူလတ်ပိုင်းမှာပါ စိတ်ဝင်စားလာတဲ့အရာ ဖြစ်ပါတယ်။ ယခင်က တက်တူးထိုးခြင်းဟာ အေအိုင်ဒီအက်စ်ရောဂါအပါအဝင် ရောဂါတချို့ကို ကူးစက်နိုင်ခြေရှိတာကြောင့် လူအများက စိုးရိမ်မှုတွေ ရှိခဲ့ကြပေမယ့် နောက်ပိုင်းမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နည်းစနစ်တွေကြောင့် ရောဂါပိုးကူးစက်ဖို့ကို စိတ်ပူစရာ မလိုတော့ပါဘူး။

ဒါပေမယ့် တက်တူး ထိုးခြင်းကြောင့် ရောဂါပိုးဝင်ပြီး အနာဖြစ်နိုင်ခြေ ရှိနေတုန်းပါပဲ။ တခါသုံးပစ္စည်းတွေကြောင့် တခြားသူဆီကနေ ရောဂါမကူးစက်တော့ပေမယ့် တက်တူးထိုးတဲ့အပ်ကြောင့် ပတ်ဝန်းကျင်က ရောဂါပိုးများဝင်ရောက်နိုင်ခြေ၊ ရောဂါပိုးဝင်နိုင်ခြေတော့ ရှိပါသေးတယ်။

#တက်တူးကနေ ရောဂါပိုးဝင်ရင် ဘယ်လိုသိနိုင်သလဲ
အမြင်သာဆုံးကတော့ တက်တူးတဝိုက်မှာ နီရဲရောင်ရမ်းလာတာပါပဲ။ အပ်နဲ့ထိုးထားတဲ့ နေရာမှာ နာကျင်မှုဟာ တော်တော်နဲ့ မပျောက်ဘဲ ရှိတတ်ပါတယ်။ ရက်အနည်းငယ်လောက်ဆိုရင် နီရဲရောင်ရမ်းခြင်း၊ နာကျင်ခြင်းဟာ ပျောက်သွားသင့်ပါတယ်။ တပတ်လောက်နေလို့မှ မပျောက်ရင်တော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဒါ့အပြင် အောက်ပါလက္ခဏာအချို့ကို တွေ့မြင်ရရင်တော့ ဆရာဝန်နဲ့ ချက်ချင်းပြသသင့်ပါတယ်။

– အဖျားတက်ခြင်း

– ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ချမ်းတုန်ခြင်း

– တက်တူးထိုးထားသည့်နေရာမှာ ဖောင်းလာခြင်း၊ ပြည်ထွက်လာခြင်း

– တက်တူးထိုးထားသည့်နေရာ မာနေခြင်း

#ဘယ်လိုရောဂါပိုးတွေ ကူးစက်တတ်သလဲ
များသောအားဖြင့် Staph ဘက်တီးရီးယား ဝင်တတ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားပိုးဝင်ခြင်းဟာ ကုသလို့ပျောက်ကင်းနိုင်ပေမယ့် တခါတရံမှာ ပဋိဇီဝဆေးယဉ်ခြင်းကြောင့် ဆေးဝါးများသောက်သုံးရာမှာ မထိရောက်ဘဲ ဖြစ်တတ်ပါတယ်။ ဆေးယဉ်တဲ့ ဘက်တီးရီးယားတွေ သွေးထဲကို ရောက်သွားတဲ့အခါ သွေးဆိပ်တက်ခြင်း၊ အဆစ်ရောင်ခြင်း စတာတွေ ကြုံနိုင်ပါတယ်။

Staph ပိုးဝင်ရာမှာ တွေ့ရများတဲ့ လက္ခဏာအချို့ကတော့
– ရေအလွန်ငတ်ခြင်း

– အရိုးများ၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း

– အဖျားတက်ခြင်း (၁၀၂ ဒီဂရီဖာရင်ဟိုက်အထက်)

– ရောဂါပိုးဝင်သည့်နေရာ ရောင်ရမ်းနေခြင်း

– ပြည်များ၊ အရည်များ စုနေခြင်း

– အနီဖုများ အကွက်များ ပေါ်လာခြင်း

– ဝမ်းပျက်ခြင်း စတာတွေ ဖြစ်ပါတယ်။

#ဘယ်လိုကုသမလဲ
သာမန်အနာဖြစ်တာလောက်ကို သန့်ရှင်းရေးလုပ်ခြင်း၊ ပဋိဇီဝလိမ်းဆေးများလိမ်းခြင်း၊ ဆေးထည့်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့လက္ခဏာပေါ်လာပြီး ပြည်တည်နာလိုဖြစ်လာရင်တော့ ဆရာဝန်ပြသဖို့ လိုပါတယ်။ ပဋိဇီဝဆေးသောက်သုံးရုံအပြင် အနာကို ဖောက်ထုတ်ပစ်ဖို့ လိုပါတယ်။ အနာဝန်းကျင်က တစ်သျှူးများမကောင်းတော့ရင် လှီးဖြတ်ဖယ်ထုတ်ဖို့ လိုပါတယ်။ တက်တူးနေရာမှာ ဖောင်းပြီး ယားယံနေခြင်းဟာ တော်တော်နဲ့ မပျောက်ရင် မိုင်ကိုဘက်တီးရီးယားကြောင့် ဖြစ်နိုင်ပါတယ်။ ပဋီဇီဝဆေးကို အချိန်ကြာကြာ စွဲသောက်ဖို့ လိုနိုင်ပါတယ်။

သင့်အနေနဲ့ တက်တူးထိုးပြီးချိန်မှာ နီရဲရောင်ရမ်းခြင်း၊ ယားယံခြင်း၊ ဖျားနာခြင်း စတာတွေကြုံလာရရင် ရောဂါပိုးဝင်ခြင်းဖြစ်နိုင်တာမို့ မိမိဖာသာ မဖြေရှင်းဘဲ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ ပဋိဇီဝဆေးများဟာ ဆရာဝန်ညွှန်ကြားချက်နဲ့ပဲ သုံးစွဲသင့်တဲ့အပြင် လိုအပ်ရင် အနာကို ဖောက်ထုတ်ခြင်း၊ လှီးထုတ်ခြင်း စတာတွေ ပြုလုပ်သင့်လို့ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

တက္တူး ထိုးရာမွ ေရာဂါပိုးဝင္ျခင္း




စာေရးသူ Dr. Thant Zin မွ ေရးသားသည္။ 


Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


#တက္တူး ထိုးရာမွ ေရာဂါပိုးဝင္ျခင္း

တက္တူး ထိုးျခင္းဟာ ေနာက္ပိုင္းမွာ လူငယ္ပိုင္းေရာ လူလတ္ပိုင္းမွာပါ စိတ္ဝင္စားလာတဲ့အရာ ျဖစ္ပါတယ္။ ယခင္က တက္တူးထိုးျခင္းဟာ ေအအိုင္ဒီအက္စ္ေရာဂါအပါအဝင္ ေရာဂါတခ်ိဳ႕ကို ကူးစက္ႏိုင္ေျခရွိတာေၾကာင့္ လူအမ်ားက စိုးရိမ္မႈေတြ ရွိခဲ့ၾကေပမယ့္ ေနာက္ပိုင္းမွာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ နည္းစနစ္ေတြေၾကာင့္ ေရာဂါပိုးကူးစက္ဖို႔ကို စိတ္ပူစရာ မလိုေတာ့ပါဘူး။


ဒါေပမယ့္ တက္တူး ထိုးျခင္းေၾကာင့္ ေရာဂါပိုးဝင္ၿပီး အနာျဖစ္ႏိုင္ေျခ ရွိေနတုန္းပါပဲ။ တခါသုံးပစၥည္းေတြေၾကာင့္ တျခားသူဆီကေန ေရာဂါမကူးစက္ေတာ့ေပမယ့္ တက္တူးထိုးတဲ့အပ္ေၾကာင့္ ပတ္ဝန္းက်င္က ေရာဂါပိုးမ်ားဝင္ေရာက္ႏိုင္ေျခ၊ ေရာဂါပိုးဝင္ႏိုင္ေျခေတာ့ ရွိပါေသးတယ္။


#တက္တူးကေန ေရာဂါပိုးဝင္ရင္ ဘယ္လိုသိႏိုင္သလဲ

အျမင္သာဆုံးကေတာ့ တက္တူးတဝိုက္မွာ နီရဲေရာင္ရမ္းလာတာပါပဲ။ အပ္နဲ႔ထိုးထားတဲ့ ေနရာမွာ နာက်င္မႈဟာ ေတာ္ေတာ္နဲ႔ မေပ်ာက္ဘဲ ရွိတတ္ပါတယ္။ ရက္အနည္းငယ္ေလာက္ဆိုရင္ နီရဲေရာင္ရမ္းျခင္း၊ နာက်င္ျခင္းဟာ ေပ်ာက္သြားသင့္ပါတယ္။ တပတ္ေလာက္ေနလို႔မွ မေပ်ာက္ရင္ေတာ့ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။


ဒါ့အျပင္ ေအာက္ပါလကၡဏာအခ်ိဳ႕ကို ေတြ႕ျမင္ရရင္ေတာ့ ဆရာဝန္နဲ႔ ခ်က္ခ်င္းျပသသင့္ပါတယ္။


– အဖ်ားတက္ျခင္း


– ပူလိုက္ေအးလိုက္ျဖစ္ျခင္း၊ ခ်မ္းတုန္ျခင္း


– တက္တူးထိုးထားသည့္ေနရာမွာ ေဖာင္းလာျခင္း၊ ျပည္ထြက္လာျခင္း


– တက္တူးထိုးထားသည့္ေနရာ မာေနျခင္း


#ဘယ္လိုေရာဂါပိုးေတြ ကူးစက္တတ္သလဲ

မ်ားေသာအားျဖင့္ Staph ဘက္တီးရီးယား ဝင္တတ္ပါတယ္။ အဆိုပါ ဘက္တီးရီးယားပိုးဝင္ျခင္းဟာ ကုသလို႔ေပ်ာက္ကင္းႏိုင္ေပမယ့္ တခါတရံမွာ ပဋိဇီဝေဆးယဥ္ျခင္းေၾကာင့္ ေဆးဝါးမ်ားေသာက္သုံးရာမွာ မထိေရာက္ဘဲ ျဖစ္တတ္ပါတယ္။ ေဆးယဥ္တဲ့ ဘက္တီးရီးယားေတြ ေသြးထဲကို ေရာက္သြားတဲ့အခါ ေသြးဆိပ္တက္ျခင္း၊ အဆစ္ေရာင္ျခင္း စတာေတြ ႀကဳံႏိုင္ပါတယ္။


Staph ပိုးဝင္ရာမွာ ေတြ႕ရမ်ားတဲ့ လကၡဏာအခ်ိဳ႕ကေတာ့

– ေရအလြန္ငတ္ျခင္း


– အ႐ိုးမ်ား၊ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း


– အဖ်ားတက္ျခင္း (၁၀၂ ဒီဂရီဖာရင္ဟိုက္အထက္)


– ေရာဂါပိုးဝင္သည့္ေနရာ ေရာင္ရမ္းေနျခင္း


– ျပည္မ်ား၊ အရည္မ်ား စုေနျခင္း


– အနီဖုမ်ား အကြက္မ်ား ေပၚလာျခင္း


– ဝမ္းပ်က္ျခင္း စတာေတြ ျဖစ္ပါတယ္။


#ဘယ္လိုကုသမလဲ

သာမန္အနာျဖစ္တာေလာက္ကို သန႔္ရွင္းေရးလုပ္ျခင္း၊ ပဋိဇီဝလိမ္းေဆးမ်ားလိမ္းျခင္း၊ ေဆးထည့္ျခင္း စတဲ့နည္းလမ္းေတြနဲ႔ ကုသႏိုင္ပါတယ္။ ေရာဂါပိုးဝင္တဲ့လကၡဏာေပၚလာၿပီး ျပည္တည္နာလိုျဖစ္လာရင္ေတာ့ ဆရာဝန္ျပသဖို႔ လိုပါတယ္။ ပဋိဇီဝေဆးေသာက္သုံး႐ုံအျပင္ အနာကို ေဖာက္ထုတ္ပစ္ဖို႔ လိုပါတယ္။ အနာဝန္းက်င္က တစ္သွ်ဴးမ်ားမေကာင္းေတာ့ရင္ လွီးျဖတ္ဖယ္ထုတ္ဖို႔ လိုပါတယ္။ တက္တူးေနရာမွာ ေဖာင္းၿပီး ယားယံေနျခင္းဟာ ေတာ္ေတာ္နဲ႔ မေပ်ာက္ရင္ မိုင္ကိုဘက္တီးရီးယားေၾကာင့္ ျဖစ္ႏိုင္ပါတယ္။ ပဋီဇီဝေဆးကို အခ်ိန္ၾကာၾကာ စြဲေသာက္ဖို႔ လိုႏိုင္ပါတယ္။


သင့္အေနနဲ႔ တက္တူးထိုးၿပီးခ်ိန္မွာ နီရဲေရာင္ရမ္းျခင္း၊ ယားယံျခင္း၊ ဖ်ားနာျခင္း စတာေတြႀကဳံလာရရင္ ေရာဂါပိုးဝင္ျခင္းျဖစ္ႏိုင္တာမို႔ မိမိဖာသာ မေျဖရွင္းဘဲ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။ ပဋိဇီဝေဆးမ်ားဟာ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔ပဲ သုံးစြဲသင့္တဲ့အျပင္ လိုအပ္ရင္ အနာကို ေဖာက္ထုတ္ျခင္း၊ လွီးထုတ္ျခင္း စတာေတြ ျပဳလုပ္သင့္လို႔ ျဖစ္ပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Monday, May 2, 2022

မိုးကုတ်ဆရာတော် ဘုရားကြီး

 ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိ




သက္ကရာဇ် ၁၂၆၁ ခုနှစ်၊ နတ်တော်လပြည့်ကျော် (၁၁) ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည် (၂) နာရီ မိနစ် သုံးဆယ်အချိန်တွင် ဥယျာဉ်တော်ရွာ၌ မိုးကုတ် ဆရာတော်ဘုရားကြီး၏ အလောင်း အလျာဖြစ်သော သတို့သား ရတနာကို ဖွားမြင်တော်မူပါသည်။ 

ခမည်းတော်မှာ ဦးအောင်ထွန်းဖြစ်၍၊ မယ်တော်မှာ ဒေါ်ရွှေအိတ် ဖြစ်ပါသည်။ ခမည်းတော် မယ်တော် တို့မှာ ဒေသအလျောက် တောင်သူလယ်သမား မျိုးရိုးဖြစ်ကြ၍ သမ္မအာဇိ၀ လုပ်ငန်းဖြင့် လုပ်ကိုင်နေထိုင်သူများ ဖြစ်ကြလေသည်။ 


၂။ မွေးဖွားရာဇာတိမြေ (ဥယျာဉ်တော်ရွာ)


ဥယျာဉ်တော်ရွာကား၊ အမရပူရမြို့တည် နန်းတည် ဗဒုံးမင်းခေတ် ဘိုးတော်ဦးဝိုင်းလက်ထက် တော်အခါက သီးပင်မျိုးစုံ စိုက်ပျိုးထားသော (မဟာသီရိနန္ဒာဝံ) ခေါ် ဥယျာဉ်နေရာ ဖြစ်ခဲ့ဖူးလေ သည်။ 

အမရပူရခေတ်မှ မန်းရတနာပုံခေတ်သို့ ရောက်ရှိလေသောအခါ ဥယျာဉ်တော်သည် ရွာအဖြစ် သို့ ရောက်ရှိလာခဲ့လေသည်။ယခု မန္တလေးတိုင်း၊ မြစ်ငယ်မြို့နယ် (ဒုဋ္ဌဝတီ) ခေါ် မြစ်ငယ်မြစ်၏ တစ်ဖက်ကမ်းတွင် တည်ရှိနေပါသည်။ 

မယ်တော် ဒေါ်ရွှေအိတ်သည် ဆရာတော် အလောင်းအလျာကို ဖွားမြင်သည်အထိ (ကိုးပါး သီလ) စောင့်ထိန်းကာ တရားစာပေဖြင့်သာ အချိန်ကုန်လွန်စေသည်။ 

ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်တော်မူသောကြောင့် နေ့သင့်နံသင့်အားဖြင့် သတို့သား၏နာမည်ကို (မောင်လှဘော်) ဟု အမည်ကင်ပွန်းတပ်ကြလေသည်။


၃။ ကျောင်းအပ်မင်္ဂလာ ချိန်အခါ


မောင်လှဘော်သည် လေးနှစ်သားအရွယ်သို့ ရောက်ရှိသောအခါ၊ ဥယျာဉ်တော်ရွာရှိ မူလတန်း ကျောင်း၌ ကျောင်းဆရာကြီး "ဦးစံရ" ထံတွင် အပ်နှံထားရှိ၍၊ ၄ တန်းအထိမျှသာ ပညာသင်ကြား ရလေသည်။ 


၄။ ရှင်သာမဏေပြုခြင်း


အသက် (၉) နှစ်သားအရွယ်သို့ ရောက်ရှိသောအခါ ဥယျာဉ်တော်ရွာရှိ ဂွေးပင်တောရကျောင်း ဆရာတော် ဦးဇာဂရအရှင်မြတ်ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ သွတ်သွင်းချီးမြှောက်ကြ လေသည်။ဘွဲ့တော်မှာ ဗုဒ္ဓဟူးသားဖြစ်၍ ရှင်ဝိမလဟု မှည့်ခေါ်စေလေသတည်း။ သဒ္ဒါ၊ သင်္ဂြိုဟ်စသော အခြေခံစာဝါများကို ကြိုးစားသင်ယူ၍ ဆရာဝတ်များကိုလည်း ကျေပွန်လှ၏။ အဟောအပြော ငယ်ငယ်ကပင် ကောင်းမွန်လှ၍ လာဘ်လာဘပေါများပြီး ငယ်ငယ်ရွယ်ရွယ်နှင့် ဘုန်းကြီးနေသဖြင့် ဆရာဘုန်းတော်ကြီးနှင့် ရပ်သူရွာသား ဒါယိကာ၊ ဒါယိကာမ များက ကိုရင်သီဝလိဟုပင် ခေါ်စမှတ်ပြုကြလေသည်။


၅။ သင်္ကန်းတော်ကို ပျားစွဲခြင်း (ပထမအကြိမ်) 

ကိုရင်ဝိမလ (၁၂) နှစ်အရွယ်သို့ ရောက်ရှိသောနှစ် တစ်နေ့သော အချိန်တွင် ဥယျာဉ်တော်ရွာ၊ ဂွေးပင်တောရကျောင်းပေါ်တွင် ကိုရင်၏ သင်္ကန်းများကို တန်းပေါ်တွင် ခေါက်တင်ထားရာ သင်္ကန်းများကို ပျားကောင်များသည် ဝိုင်းအုံလာပြီးလျှင် သိုက်အုံဖွဲ့ကာ စွဲနေကြတော့သည်။ 

ဤပျားများစွဲခြင်းအကြောင်းကို သိရှိရသော ဂွေးပင်တောရဆရာတော်ကြီးက"သာမဏေ သည် နောင်သောအခါတွင် ဘုန်းကံကြီးမားသော အကျော်အမော် ဆရာတော်တစ်ပါး ဖြစ်လိမ့်မည်၊ တပည့် ဒါယကာ ဒါယိကာမ အသိုက်အဝန်းကြီးမား၍ လူများစွာ၏ မှီခိုအားထားရာဖြစ်ပေလိမ့်မည်" ဟု နိမိတ်ဖတ်ကြားတော်မူလေသည်။


၆။ အမရပူရမြို့ မင်္ဂလာတိုက်သို့ ပညာသင်ကြားရန် တစ်ကိုယ်တော် ခရီးထွက်ခဲ့ခြင်း။


အချိုတွင် ပျားသကာ တရားတွင် အဘိဓမ္မာရှင်ဝိမလသည် မိမိ၏ဘုန်းတော်ကြီး အိုမင်းမစွမ်းရှိလာသည်နှင့် စာဝါများအချိန်မှန်မှန် သင်ကြားခွင့်မရတော့ပေ။ ဒီအတိုင်းနေသွားရလျှင် စာတတ်တော့မှာ မဟုတ်ဘူးဟု ပူပန်နေ၏။ အစ်မကြီးအရင်းဖြစ်သူ သီလရှင် ဒေါ်သုစာရီသည် အမရပူရမြို့ မင်္ဂလာကျောင်းတိုက်၌ အဘိဓမ္မအရာတွင် လွန်စွာထင်ရှားသော ပထမ ကျော်ဆရာကြီး ဦးအုန်းထံမှောက်၌ ပညာသင်ရောက် လျက် ရှိနေလေသည်။ 

အစ်မဖြစ်သူ၏ ပြောစကားအရ ရှင်ဝိမလသည် မြို့တက်လာ အဘိဓမ္မသင်လိုစိတ်များ တဖွားဖွားဖြစ်ပေါ်လျက်ရှိလေသည်။ 

မိဘနှင့် ဆရာသမားများအား ခွင့်ပန်လျှောက်ထားရာ နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ခွင့်မပြုကြ၍ အမရပူရသို့ တိတ်တဆိတ် တစ်ကိုယ်တော် ထွက်လာခဲ့လေတော့သည်။ မိဘများ သတင်းကြားကြ၍ လိုက်ခေါ်ကြသော်လည်း ပြန်မလိုက်တော့ဘဲ တရားဟောကာသာ ပြန်လွှတ်လိုက် လေတော့သည်။ 

အစ်မ သီလရှင်ဆရာနှင့် ဒေါ်ပုည၊ ဒေါ်ဝိစာရီတို့က မင်္ဂလာတိုင် ဆရာတော်ကြီး ဦးသုဇာတ အထံတော်သို့ အပ်နှံကြလေသည်။ ကိုရင်ဝိမလသည် မင်္ဂလာတိုက် မကုဋကျောင်းငယ်တွင် နေထိုင် ရလေသည်။ မကုဋဟူသည်ကား အထွတ်အထိပ်ပင်တည်း။


မင်္ဂလာတိုက်


မင်္ဂလာတိုက်ကား သာမညဌာန မဟုတ်ပါချေ။ ဘူမိနက်သန် အောင်မြေမှန်သော နေရာဖြစ် လေသည်။ 

အမရပူရတွင် ဘိုးတော်ဦးဝိုင်း နန်းတည်မည်ရှိသောအခါ အမတ်ကြီး ဦးပေါ်ဦးနှင့်တကွ မင်းကြီးလေးပါး၊ မြင်းသည်တော်များနှင့် ဗိသုကာ တစ်ရာကျော်တို့ စခန်းချတည်းခိုကာ မင်္ဂလာ အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသော နေရာဌာနဖြစ်သည့်အပြင် ရှေးမင်းများလက်ထက်တော်အခါက နာမည်ကျော်ကြက်သွန်ခင်း တောရကျောင်းတိုက် နေရာဟောင်းလည်း ဖြစ်လေသည်။ 

သီလဝိသောဓနိကျမ်း၌ ကြက်သွန်ခင်း ဆရာတော်သည် ပဋိပတ်အရာ၌ ထင်ရှားကျော်စော သော ဆရာတော်တစ်ပါးဖြစ်ကြောင်း၊ အကျင့်သိက္ခာနှင့်လည်းကောင်း၊ မင်းစိုးရာဇာ စသည်တို့နှင့် ဆက်ဆံရာတွင်လည်းကောင်း တင်းတင်းရင်းရင်းရှိလှ၍ ဆရာတော်၏ အရှိန်အဝါသည် အလွန်တရာ ကြီးမားတော်မူလေသည်။ 

ပဋိပတ်အရာတွင် အရွယ်တူ ဆရာတော်များကပင် လျှောက်ထားရသော ဆရာတော်တစ်ပါး ဖြစ်လေသည် စသည်ဖြင့် ရေးသားထားသည်ကိုတွေ့ရှိ ရလေသည်။ 

ရှင်ဝိမလကား မိမိနေရာဟောင်း ကြက်သွန်ခင်းကျောင်းတိုက်သို့ ပြန်ရောက်လာခြင်းပေလော။ 

ရှင်ဝိမလသည် မင်္ဂလာတိုက် ဆရာတော်နှင့် မင်းတုန်း၊ သီပေါ၊ ဗြိတိသျှခေတ်သုံးခေတ်တွင် အဘိဓမ္မာပညာများကို ကြိုးစား၍ သင်ယူလေတော့သည်။ 

ရှင်ဝိမလ၏ ဥပုသ်ဇရပ်များတွင် တရားဟောကောင်းသည်ဟု တစ်စတစ်စနှင့် ကျော်ကြား လာသဖြင့် ပညာရေးနှောင့်နေမည်ကို စိုးသောကြောင့် ဆရာတော်ကြီးက တရားဟောမှုကို ပိတ်ပင်ထားရ လေသည်။ 

ကိုရင်ဘဝနှင့်ပင် ဆရာကြီးဦးအုန်း၏ အဘိဓမ္မာအမွေကို အတွင်း ကျကျရရှိထားသူ ဖြစ်လေ တော့သည်။


၇။ ဒုတိယအကြိမ် ပျားစွဲရခြင်း


ရှင်ဝိမလ သက်တော် (၂၀) ရှိလေသောအခါ၊ ၁၂၈၁ ခု၊ ဝါဆိုလဆန်း (၈) ရက်နေ့တွင် မင်္ဂလာတိုက် ဆရာတော်ဘုရားကြီးအား ဥပဇ္ဈာယ်ပြု၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော် မူလေသည်။ 

ရဟန်းဒါယကာများမှာ အမရပူရမြို့၊ အိုးတော်ရပ်၊ ကုန်သည်ကြီး ဦးဝမ်းနှင့် ဇနီးဒေါ်ဒေါ်စော တို့ ဖြစ်ကြလေသည်။ 

ရဟန်းခံယူသောနေ့၊ သိမ်မှထွက်တော်မူကာ မိမိနေထိုင်ရာ မကုဋကျောင်းပေါ်တွင် (ယခုစင်္ကြ ကျောင်း မြောက်ဘက်ဘုံကျောင်းနေရာ) သင်္ကန်းများ ချွေးစိုရွှဲနေသဖြင့် ခဏတစ်ဖြုတ် တန်းပေါ်တွင် တင်လှမ်းထားရာ မိနစ်ပိုင်းအတွင်းမှာပင် ပျားပေါင်းများစွာ ပျံသန်းလာပြီးလျှင် အသိုက်အအုံလုပ်ကာ ဝဲကြပျံကြလေသည်။ (ဒုတိယမ္ပိ သင်္ကန်းများကို ပျားစွဲခြင်း ဖြစ်သည်)။ 

လူတို့အတွက် အကောင်းဆုံးသော အချိုမြိန်ဆုံးသော ဆေးအာဟာရကို ဖြည့်စွမ်းပေးနိုင်ကြ သူများမှာ ပျားသတ္တဝါတို့ပင် မဟုတ်ပါလော။ 

ထိုဖြစ်ရပ်ကို ကိုယ်တွေ့ကြုံရသော အမရပူရမြို့ အောင်ခြင်းရှစ်ပါးဆရာတော်ကြီးက ပုဗ္ဗနိမိတ် ဖတ်တော်မူသည်မှာ "ယခုဘဝတွင်မှာပင် တရားထူးတရားမြတ်များကို ရရှိနိုင်သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်ရလိမ့်မယ်"ဟု ဖွင့်ဟမိန့်ဆိုတော်မူခဲ့လေသည်။


၈။ ဒုတိယအကြိမ် သိမ်ထပ်သိက္ခာတင် မင်္ဂလာ


၁၂၈၃ ခုနှစ်တွင် အစ်မဖြစ်သူ သီလရှင် ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သော (မိုးကုတ်မြို့သူ) သီလရှင် ဒေါ်ဝိစာရီတို့က သိမ်ထပ် မင်္ဂလာပြုကြပြန်သည်။ ဤအချက်သည်ပင်လျှင် မိုးကုတ် ဆရာတော်ဟူသော အမည်တော်ကို ခေါ်ဝေါ်နိုင်ရန် အခြေခံအကြောင်းတစ်းရပ် ဖြစ်ခဲ့ရလေသည်။ 

ထိုအချိန်အခါတွင် ပထမကျော်ဆရာကြီးဦးအုန်းက မိမိကိုယ်စား ဦးပဉ္စင်း ဦးဝိမလအား အဘိဓမ္မာညဝါများကို စမ်းသပ်ပို့ချခိုင်းလေသည်။ နေ့လည်အခါတွင်မူ မန္တလေးမြို့သို့ ရထားဖြင့်သွား ရောက်ကာ စာပေ ပဋိကတ်တော်များ သင်ယူတော်မူရလေသည်။စာဝါလိုက်ခဲ့ရသော ဆရာတော်ကြီးများအား ခေမာသီဝံကျောင်းတိုက် ဆရာတော်၊ ဘုန်းကြီး ကျောင်းတိုက် ဆရာတော် ဦးခန္တီနှင့် ဆရာတော် ဦးကြည်တို့ဖြစ်ကြလေသည်။


၉။ ကျောင်းထိုင်စာချ ဘုန်းကြီး


၁၂၈၆ ခုနှစ်တွင် မင်္ဂလာကျောင်းတိုက်အတွင်း အလယ်ပိဋကတ် တိုက်ကျောင်းကြီး၌ ကျောင်းထိုင်စာချ ဖြစ်တော်မူကာ နှစ်ပေါင်းသုံးဆယ်ကျော်မျှ အထူးသဖြင့် အဘိဓမ္မာညဝါကျမ်းများ ကို ပို့ချတော်မူလေသည်။ 

မာတိကာ၊ ဓာတုကထာနှင့် ယမိုက်ပဋ္ဌာန်း သုံးကျမ်းတို့ကို တစ်နှစ်လျှင် သုံးကြိမ်စီ ပို့ချတော် မူလေရာ၊ စာလိုက် သံဃာများမှာ ၃၀၀-၄၀၀ ပင် ရှိကြသဖြင့် ကျောင်းပေါ်၌ နေရာထိုင်ခင်းမလုံ လောက်တော့၍ ကျောင်းဘေးရှိ မယ်ဇယ်ပင်များ၏ အရိပ်အာဝါသကို ခိုလှုံကာ စာဝါများကို လိုက်နာကြရလေသည်။စာချဆရာတော် ဦးဝိမလနှင့် အဘိဓမ္မာညဝါသတင်းများသည် တစ်ပြည်လုံးရှိ သံဃာ့လောက ၌ မသိသူမရှိသလောက် ထင်ပေါ်ကျော်ကြားသွားလေတော့သည်။ 

တောင်မြို့မှာ မနေဖူးလျှင် အဘိဓမ္မ မတတ်ဟုပင် ဆိုစမှတ်ပြုကြလေသည်။


ထို့နောက် ဆရာတော် ဦးဝိမလသည် ပထမကျော်ဆရာကြီးဦးအုန်း လက်စမသတ်ခဲ့ရသော နာမည်ကျော် အဘိဓမ္မာ တံခွန်ကျမ်းကြီးကိုလည်း လက်စသတ် ရေးသားတော်မူလေသည်။ 

၎င်းင်းနောက် ဆရာတော်ဦးဝိမလသည် ယမကမဉ္စရီကျမ်းနှင့် ပုထုဇနအလင်းပြ ကျမ်းများကို လည်း ပြုစုတော်မူလေသည်။ 

မိုးကုတ်ဆရာတော်ဦးဝိမလ၏ အဘိဓမ္မာပျားလဘို့တို့သည် ယနေ့တိုင်အောင်ပင် သောက်စို့၍ မကုန်နိုင်ပါချေတကား။


၁၀။ စာချ ဓမ္မကထိက ဦးဝိမလ


ဆရာတော် ဦးဝိမလသည် စာသင်သား ရဟန်းတော်များအား စာပေပို့ချတော်မူလျက်ပင် တစ်ဖက်မှလည်း လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မာတရားများကို ဟောကြားပြသတော်မူ လေသည်။ လူဒါယကာ၊ ဒါယိကာမများအား အဘိဓမ္မတရားများကို ဟောကြားပြသတော်မူလေသည်။ 

လူဒါယကာ အချို့က တရားနာရုံမျှ အားမရသေးဘဲ၊ ရဟန်းတော်များအား ပို့ချတော်မူသော အဘိဓမ္မာညဝါများကိုပင် လာရောက်နာယူကြလေသည်။


၁၁။ ဆရာတော်ဘုရားကြီးများ၏ မိန့်ခွန်းတော်


"မောင်ပဉ္စင်း စာချရတာဟာ ကုသိုလ်ရရုံပဲရှိတယ်၊ တရားဟောရတာလဲ ကုသိုလ်ရရုံလောက်ပဲ ရှိတယ်၊ မိမိကိုယ်တိုင် ဦးစွာပထမ ဝိဇ္ဇာအသိဉာဏ်နဲ့ ကိစ္စပြီးအောင် ဆောင်ရွက်လုပ်ကိုင်ပါဦး၊ နောက်ကျမှ ဟောမှုပြောမှုတို့ကို ပြုလုပ်တာပေါ့" ဟု ...သင်္ကန်းပျားစွဲနိမိတ်ကို ဖတ်ကြားတော်မူခဲ့သော အောင်ခြင်း ရှစ်ပါးဆရာတော်ကြီးက နောင် အနာဂတ်အရေးကို မျှော်တွေးထောင့်ချင့်တော်မူလျက် တရားဟောခြင်းနှင့် စာချနေခြင်းတို့ကို ဟန့်တားတော်မူလေသည်။ 

အောင်ခြင်းရှစ်ပါးဆရာတော်ကြီး၏ ဆုံးမသြဝါဒကို မမျှော်လင့်ဘဲနှင့် ဖြုန်းခနဲကြားလိုက်ရ သောအခါ ဦးပဉ္စင်းဦးဝိမလ၏ စိတ်ထဲ၌နင့်ခနဲ ဖြစ်သွားကာ သံဝေဂÓဏ်များ ဝင်ရောက်လာလေ တော့သည်။ 

ထိုအချိန်မှစတင်ကာ ညဉ့်အခါများ၌ အချိန်ထားတော်မူကာ ဝိပဿနာဘာဝနာအလုပ်ကို အားထုတ်ကြိုးစားတော်မူရလေသည်။ 

သိတတ်သူများအဖို့ သတိပေးရသည်မှာ လွယ်ကူလှပါပေသည်။ မင်္ဂလာတရားတော်၌ သောဝစ္စဿတာ ဂုဏ်ဆိုသည်မှာ ဤကဲ့သို့သော နားထောင်လွယ်သော ဂုဏ်မင်္ဂလာပင်ဖြစ်လေသည်။ 

အဟောကောင်း အပြောကောင်း စာချကောင်းဟူသော ယာယီအကောင်းများကို မရှောင်လွှဲသာ သေးသဖြင့် အားလပ်သောအချိန် မရှိလှ၍ ကျိန်းစက်ချိန်မှ ဖဲ့ယူတော်မူကာ ပဓာနအလုပ်ခေါ် ဝိပဿနာ အလုပ်ကိုလုပ်မိအောင် လုပ်ယူနေရတော့၏။ 

ထိုအချိန် ထိုအခါလောက်ကပင် ဆရာတော်၏ ဝိပဿနာÓဏ် အဆင့်သည် တဗ္ဗော" ဟူသော ရှင်တော်မြတ်ဘုရား၏ ဝိပဿနာအရာ ဆရာကောင်း ရှာမှီးရမည်ဟူသော ထုံးကို နှလုံး၌ ထားတော်မူလျက် ကလျာဏမိတ္တ စစ်မှန်သော ဆရာကောင်း ဆရာမွန်များကို မန္တလေး၊ မုံရွာ၊ မင်းကွန်းစသော နေရာဌာနများသို့ တရားရှာမှီးသွားရောက်ကာ တရားဘာဝနာလုပ်ငန်းများကို ကြိုးပမ်းအားထုတ်တော်မူလေသည်။ 


၁၂။ ဆရာတော်၏ ဟောဟန်များ


ဆရာတော်သည် လူတို့၏စရိုက်အထာ သက္ကာယဒိဋ္ဌိကို များစွာပေါ်လွင်အောင် အညှီအတွယ် များ ရှင်းလင်းအောင် ကြိုတင်ခွာနိုင်သမျှ ခွာပေးတော်မူလေ့ရှိသည်။ 

မည်ကဲ့သို့ပင် ဂုဏ်ရှိရှိ ညှာတာထောက်ထားတော်မူလေ့ရှိတော်မမူဘဲ၊ တင်းတင်းရင်းရင်း တိုက်ရိုက်ပင် လက်ညှိုးထိုးကာ ဟောပြောလေ့ရှိသည်။ 

ဝိပဿနာအလုပ် မခိုင်သေးမီ တစ်သံသရာလုံးက စွဲချက် နာလာခဲ့ရသော ဒိဋ္ဌိများကို အရင်ခွာလှီးတော်မူလေသည်။ သို့မှလည်း တရားခရီးပေါက်သည်ဟု ယူဆတော်မူလေသည်။ 

ဒိဋ္ဌိကိုမခွာဘဲ ဒိဋ္ဌိတန်းလန်းနဲ့ ဝိပဿနာရှုလျှင် (ဒုဗ္ဗလဝိပဿနာ) အားနည်းသော ဝိပဿနာ ဖြစ်၍ မဂ်ဖိုလ် မရောက်နိုင်။ ထိုဒိဋ္ဌိအစွဲမှာလည်း ပဋိစ္စသမုပ္ပါဒ်ကိုသာ နာနာဖိ၍ ထပ်ချည်တလဲလဲ နားစွဲအီသွားအောင် ဟောတော်မူလေသည်။ 

ပဋိစ္စသမုပ္ပါဒ်တရားတော်ကို မိုးကုတ်ဆရာတော်ရဲ့ တရားစာအုပ်တွေကို ဖတ်ကြည့်မိတော့မှ ပဲ နားလည်တော့တယ်ဟု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးများကပင် ချီးကျူးရလောက်အောင် ရှင်းလင်း လှပါပေ၏။ 

မိလိန္ဒမင်းကြီး လက်ထက်တော်အခါတွင် ရဟန္တာ အများပင်ရှိသော်လည်း "ရှင်နာဂသိန်" သည်သာလျှင် ဥပမာ၊ ဥပမေယျ၊ ယုတ္တိ သာဓကတို့ဖြင့် ဖြေရှင်းနိုင်သကဲ့သို့ပင် ရှိတော့သည်။ 

အပြောအဟော အကတ်အသတ် နေရာများကိုပင် ရှင်းလင်းလွယ်ကူအောင် ဟောပြပေးတော် မူတတ်သဖြင့် ဒီခေတ် မြန်မာနိုင်ငံ၏ "အရှင်ကုမာရကဿပ" ပင်ဖြစ်၍ သာလွန်သူကို မဆိုထားဘိ အလားတူပေါ်ထွက်ရန်ပင် မလွယ်ပါချေ ... ဟု ယနေ့ထင်ရှားနေသော စာမျက်နှာ ၆၈၀ ခန့်ရှိ မြန်မာနိုင်ငံ ပဋိပတ္တိသာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများတွင် တအံ့တသြချီးကျူးထားသည်ကို ဖတ်ရှုရပါသည်။ 


၁၃။ မင်းကွန်းကမိုးကုတ်ချောင်း


ဆရာတော်သည် ၁၂၈၆ ခုနှစ်မှစ၍ အစ်မကြီး ဒေါ်သုစာရီနှင့် စာသင်ဖက်ဖြစ်သူ ဒေါ်ဝိစာရီ တို့၏ ပင့်လျှောက်ချက်ကို လက်ခံတော်မူကာ ဆောင်းရာသီလေးလတွင် မင်းကွန်းမိုးကုတ်ချောင်း၌ စာဝါများပို့ ချတော်မူလေသည်။ ထိုမင်းကွန်း မိုးကုတ်ချောင်း၌ ဆရာတော်ကို အစွဲပြုလျက် ဇရပ်တန်ဆောင်း၊ ဂူကျောင်းပြာသာဒ်၊ ရေတွင်းရေကန်များ တစ်နေ့တစ်ခြား စည်ကားလာလေတော့ သည်။ 


၁၄။ လယ်တီဆရာတော်ကြီး၏ ပလ္လင်ပေါ်သို့ မိုးကုတ်ဆရာတော် ရောက်ရှိခြင်း


အချိန်ကား အောက်ပြည်အောက်ရွာ ဒေသများတွင် အဘိဓမ္မာ တရားပွဲကြီးများ အလွန်ခေတ် စားလာသော အချိန်အခါ ဖြစ်လေသည်။ လယ်တီဆရာတော်နှင့်တကွ တပည့်ကြီးများဖြစ်ကြသော လယ်တီဦးပဒုမ သေက္ချတောင် ဦးတိလောကစသော နိုင်ငံကျော် ဓမ္မကထိက မထေရ်ကြီးများ တစ်ပါးဆင်း တစ်ပါးတက်ဖြင့် ဟောကြားတော်မူလေ့ရှိကြသည်။ 

၁၂၉၁ ခုနှစ်တွင်မူ၊ ညောင်လေးပင်မြို့ ပြည်လုံးချမ်းသာဘုရား၌ နှစ်စဉ်ကျင်းပမြဲ အဘိဓမ္မာ တရားပွဲအတွက် စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် လယ်တီဦးပဒုမဆရာတော်အား လာရောက်ပင့်ကြ ရာ ဆရာတော် ဦးဒုမက "ငါ့မှာ သွက်ချာပါဒဖြစ်နေပြီ၊ ငါတရားမဟောနိုင်တော့ဘူး၊ ဒါပေမယ့် မင်းတို့ အဘိဓမ္မာတရားပွဲနှင့် ထိုက်တန်တဲ့ ကိုယ်တော်လေး တစ်ပါးတော့ ငါတွေ့ထားတယ်၊ ဝါကတော့ ၁၀-ဝါ လောက်ပဲရှိသေးတယ်" ဟုဆိုကာ မိုးကုတ်ဆရာတော်ကို ညွှန်ကြားလိုက်လေတော့ သည်။ နောက်နှစ် ၁၂၉၂ ခုနှစ်ကစတင်၍ နှစ်စဉ်တပေါင်းလဆန်း ၈ ရက်နေ့တိုင်း ညောင်လေးပင် တရားပွဲကြီးသို့ ကြွရောက် ချီးမြှောက်တော်မူရလေသည်။


ညောင်လေးပင်တရားပွဲတွင်


ဘုန်းကြီးက စာပေကိုသာ ပို့ချနေတာပါ၊ ယခုလို မဏ္ဍပ်ကြီးတွေ ထိုးပြီး မဟောဖူးသေး ပါဘူး" ဟု ခပ်ရို့ရို့ဖြင့် စတင်ပွဲထွက်လာခဲ့သော်လည်း "မိုးကုတ်ဆရာတော်၏ အဘိဓမ္မာပန်းဝတ် ရည်" ကို ညောင်လေးပင် ဒါယကာ ဒါယိကာမများနှင့်တကွ တရားနာပရိသတ် အားလုံးတို့သည် စွဲမှတ်၍သာ နေကြလေတော့၏။ 

မူလပဏ္ဏာသမဟာဂေါသိင်္ဂသုတ်၌ အဘိဓမ္မာကို ဆွေးနွေးဟောကြားနိုင်သော ရဟန်းသည် သာလျှင် အင်ကြင်းတော ပမာသာသနာတော်အား တင့်တယ်စေနိုင်သူဖြစ်သည်ဟု အရှင်မောဂ္ဂလာန် ကိုယ်တော်ကြီးက သူ၏ ထင်မြင်ချက်ကို ဟောပြတော်မူဖူး၏။ 

အဋ္ဌကထာ ဆရာကလည်း အဘိဓမ္မာသဘာဝကို ဟောပနိုင်သော ဓမ္မကထိကသာလျှင် သာသနာ့ကျက်သရေဆောင် ဓမ္မကထိကအစစ် ဖြစ်ကြောင်းကို ဖွင့်ဆိုတော်မူလေသည်။ 

ရှေးအခါက အဆိုပါညောင်လေးပင်မြို့ တရားပွဲကား နှစ်စဉ်နှစ်တိုင်း ဇာတ်ရုပ်သေးများဖြင့် ကျင်းပလေ့ရှိကြရာ လယ်တီဆရာတော် ဘုရားကြီးက ... 

"တစ်နှစ် တစ်ခါ ငရဲရှာ လူ့ရွာဘုရားပွဲ မလုပ်ကြပါနဲ့ကွာ" ဟု မိန့်ဆိုတော်မူရာမှ ပေါ်ပေါက် လာခဲ့သော အဘိဓမ္မာတရားပွဲကြီး ဖြစ်လေသည်။ စင်စစ် ထိုပလ’င်သည်ကား လယ်တီဆရာတော် ဘုရားကြီး၏ တစ်ခုတည်းသော ဓမ္မာသနတရားပလ’င်တော်ပင် ဖြစ်လေသည်။ 

အစားထိုး၍ မရလောက်တော့ဘူးဟု ထင်မှတ်နေကြရာမှ မိုးကုတ်ဆရာတော်သည် လယ်တီ ဆရာတော်ကြီး၏ အဘိဓမ္မာအမွေအနှစ် ပဋိပတ်အမွေကို ဆက်လက်လွှဲပြောင်းယူလိုက်ကာ နိုင်ငံကျော်ဓမ္မကထိကအဖြစ်သို့ တစ်ဟုန်ထိုးအရှိန်မြှင့်ကာ ရောက်လာခဲ့ပေသည်။ 

ထိုအချိန်မှစ၍ ဝနပ္ပဂုမ္ဗေသုံးထွေပိဋကတ် ငါးရပ်နိကာယ် ရောင်စုံခြယ်သော အသွယ်သွယ် အဖုံဖုံ ပန်းရဂုံမှ ထုံနံ့သင်းကြည်ပန်းဝတ်ရည်တို့ကို ကိုယ်တော်တိုင် ဝအီအောင် သောက်စို့ပြီးကာမှ ဝေနေယျများစွာတို့အတွက် အဘိဓမ္မာပျားလဘို့ရည်တို့ကို သောက်စို့မကုန်အောင် တည်ခင်း၍ ကျွေးတော်မူလေသတည်း။


၁၅။ မိုးကုတ်ဆရာတော်၏ ဉာဏဒဿန ဝိသုဒ္ဓိ 

၁၂၉၄ ခုနှစ်မှစတင်ကာ ဆရာတော်သည် မိုးကုတ်မြို့မှ ကျောင်းဒါယကာကြီး ဦးလယ်+ ဇနီး ဒေါ်သိုင်းခြုံတို့၏ ပင့်လျှောက်ချက်အရ နှစ်စဉ်ပင် <ကရောက်တော်မူကာ တရားဟောတော်မူရသည်။ တရားနာ ပရိသတ်များ တစ်နေ့တစ်ခြား များပြားကာ ပန်ချာပီ၊ ဂူဂျာရတိစသော လူမျိုးခြားများပင် ဝိပဿနာစခန်းသို့ ဝင်ရောက်လာကြလေသည်။ 

၁၃၁၆ ခုနှစ်တွင် ဆရာတော်အား ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံတို့က မိုးကုတ်မြို့တွင် "မင်္ဂလာတိုက်" ဟု ကမ္ပည်းထိုးကာ တိုက်ကျောင်းဆောက်လုပ်လှူဒါန်းတော်မူ၏။ 

(၁၃၀၃ ခုနှစ်မှစ၍ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မိုးကုတ်မြို့၌ သီတင်းသုံး နေထိုင်တော်မူ လေသည်)။ 

ဆရာတော်သည် မည်သည့်မြို့၌ပင် သီတင်းသုံးသုံးနေ့စဉ်အချိန်ဇယားကို အတိအကျ ရေးဆွဲ နေထိုင်လေ့ရှိ၏။ ဘုရားဝတ်ပြုချိန်၊ တရား ဘာဝနာပွားများချိန်၊ တရားဟောနေချိန်၊ စာချချိန်၊ လမ်းလျှောက်ချိန်၊ ဆွမ်းဘုန်းပေးချိန်များကို အတိအကျပင် ပြုလုပ်တော်မူသည်မှာ အလွန်ထူးခြား တော်မူလှသည်။ 

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက မိုးကုတ်မြို့ သုဿာန်ကျောင်း၌ ခေတ္တမျှ သီတင်းသုံးတော်မူ ကာ စစ်ဘေးစစ်ဒဏ်မှ ပို၍ စိတ်ချရန် မိုးကုတ်မြို့နှင့် ၄ မိုင်ခန့် ဝေးသောဘော်ဘတန့်ရွာသို့ <ကရောက်သီတင်းသုံးရပြန်လေသည်။ 

ဘောဘတန့်ရွာသည် ပေ ၄၀၀၀ ကျော်မြင့်သော တောင်ပေါ်ရွာကလေး ဖြစ်သည်။ သဘာ၀ အလျှောက် ဖြစ်နေသော ကျောက်လိုဏ်ဂူများရှိလေရာ ဆရာတော်အတွက် အခွင့်ကောင်းကြီးတစ်ခု ဖြစ်နေတော့၏။ 

ဒေါ်ဒေါ်အုံ၊ ဒေါ်ဒေါ်ဖုံစသော ဆွမ်းဒါယိကာမများကလည်း တရားနာရင်း တရားထိုင်ရင်း ဝတ်ပြုရင်း ထိုရွာကလေးသို့ ပြောင်းရွှေ့လာကြပြန်ရာ၊ နတ်တို့ဖန် ရေကန်အသင့် ကြာအသင့်ဆို သကဲ့သို့ ဖြစ်သွားတော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက သေကြ ကြေကြ ငတ်ကြ လုကြ စားရမယ့်သောက်ရမယ့် ဝတ်ရမယ့် ဝိပတ္တိကာလဆိုးကြီးကား ဆရာတော်အတွက် သမ္ပတ္တိဆိုက်လျက်ရှိတော့သည်။ 

အချိန်အခါနှင့် ဘဝတန်ဖိုးကို သိကြသူတို့အတွက် ခေတ်ကြီးသည် အမြဲတမ်းကောင်းနေတော့ ၏။ ကံပေးသမျှ မိမိတို့နေထိုင်ရသော ဌာနသည်လည်း နိဗ္ဗာန်ဆိပ်ဦးပင် ဖြစ်တော့၏။ 

ဘော်ဘတန့်ရွာရှိ သယံဇာတကျောက်ဂူကြီးသည်လည်း ဆရာတော်၏ နိဗ္ဗာန်ဆိပ်ဦး တရားထူးရရာဌာနကြီးတစ်ခု ဖြစ်ခဲ့ရလေသည်။ 

စာချရမှု၊ ဟောပြောရမှု၊ သံဃာအုပ်ချုပ်ရမှု စသော ပလိဗောဓ အနှောင်အဖွဲ့တို့ကြောင့် ဝိပဿနာလုပ်ငန်းအလုပ် မတွင်ခဲ့သော ဆရာတော်အား ဒုတိယကမ္ဘာစစ်ကြီးသည် ဓားထမ်း၍ စောင့်ပေးနေသကဲ့သို့ ရှိတော့၏။ 

ဒုတိယကမ္ဘာစစ်ကြီးသာ အကယ်၍မဖြစ်ခဲ့သော် ဆရာတော်၏ ရဟန်းကိစ္စသည် ထိုမျှစောစီး စွာ ပြီးကောင်းမှပြီးတန်ရာ၏။ 

၁၆။ ဆရာတော်၏ ထူးဆန်းသောအိပ်မက် 

ဒုတိယကမ္ဘာစစ်ကြီး ပြီးစအချိန် တစ်ခုသောညတွင် ဆရာတော်သည် အိမ်မက်တစ်ခုကို မက်လေသည်။ 

"သီဟိုဠ်ကျွန်းသို့ ကောင်းကင်မှပျံ<ကကာ မဟာစေတီကြီးကို ဖူးမြော်ကန်တော့၍ စေတီတော် ကြီးကို ပြုပြင်သန့်ရှင်းလျက် သာသနာပြုရသည်" ဟု မြင်မက်တော်မူလေသည်။ 

များမကြာမှီမှာပင် သီဟိုဠ်ကျွန်း မဟာစေတီ ဂေါပကအဖွဲ့မှ ဆရာတော်ထံသို့ တောင်းပန် လျှောက်ထားသော စာတစ်စောင် ရောက်ရှိလာ၏။ ထိုစာ၏ အဓိပ္ပါယ်မှာကား၊ ချမ်းသာ<ကယ်ဝသော အရှင်ဘုရား၏ ဒါယကာများအား ဟောပြောကာ စိန်ဖူးတော်ကပ်လှူရန် အကြောင်းပင်ဖြစ်လေသည်။ အဖိုးအနဂ္ဃ ထိုက်တန်သော စိန်ဖူးတော်ကြီးကို ကျောက်မျက်ရတနာများ စီခြယ်ကာ တင်လှူနိုင်ခဲ့၏။ 

၁၃၀၇ ခုနှစ်တွင် ညောင်လေးပင်၊ အမရပူရ၊ မန္တလေးနှင့်အထူးသဖြင့် မိုးကုတ်က တပည့် ဒါယကာ၊ ဒါယိကာမများကို နှိုးဆော်ကာ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီတော်၌လည်း ရတနာစိန် ဖူးတော်ကို တင်လှူတော်မူခဲ့လေသည်။ ထိုအချိန်မှစ၍ ဆရာတော်၏အိပ်မက်အတိုင်း အထွဋ်အထိပ် သို့ ဆိုက်ရောက်တော်မူကာ သာသနာပြုနိုင်သော အရည်အချင်းများ လုံးဝဥဿုံပြီးပြည့်စုံ သွားလေ တော့သည်။ 

၁၃၁၄ ခုနှစ်တွင် အမရပူရသို့ပြန်<ကတော်မူကာ သံဃာမွေးမြူ စာချမှုများကို ရပ်ဆိုင်းတော်မူ ၍ တရားဟောမှုကိုသာ ဦးစားပေးလျက် ပဋိစပတ္တိသာသနာကို ပြုတော်မူလေသည်။ 

မင်္ဂလာမဂ္ဂင်ရိပ်သာဟုပင် ကမ္ပည်းတပ်ကာ တရားဌာနကြီးတစ်ခုဖွင့်တော်မူ၏။ ယောဂီများ အတွက် နေရာကျောင်းကန် ဇရပ်များလည်း သူ့ထက်ငါ အပြိုင်အဆိုင် ဆောက်လုပ်လှူဒါန်းကြလေ သည်။ 

ဆရာတော်၏ တရားပွဲတိုင်းတွင်ကား၊ ကားကြီးကားငယ်တို့ဖြင့် တရားနာပရိသတ်ကြိတ် ကြိတ်တိုးကာ ဘုရားပွဲတော်ကြီးတမျှ စည်ကားနေလေတော့၏။ 


၁၇။ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံရရှိတော်မူခြင်း


၁၃၂၄ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် (၈-၇-၆၂) နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ တော် တော်လှန်ရေးအစိုးရ သာသနာရေးဦးစီးဌာနမှ လှူဒါန်းဆက်ကပ်သည့် (၁၉၆၂) ခုနှစ် အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို အလှူခံတော်မူသည်။ 

ရန်ကုန်မြို့သို့ <ကရောက်ရာ၌ လမ်းခရီးတွင် ညောင်လေးပင်မြို့မှ ဒါယကာ ဒါယိကာမများ လည်း လိုက်ပါလျက်ရှိရာ ရှေးယခင်နှစ်များ ကဲ့သို့ပင် တရားဟော ကြွရောက်တော်မူပါရန် လျှောက်ထားကြသောအခါ ...။ 

]]အေး ... ငါ့ရဲ့ရုပ်နာမ် မပြိုကွဲသေးလို့ အကြောင်းညီညွတ်လျှင် ချီးမြှင့်ရမှာပေါ့၊ အမြန်ဆုံး တရားပေါက်အောင် အားထုတ်ကြ၊ ခန္ဓာကိုယ်ကြီးကဖြင့် သေဘက်ကို ဒုန်းစိုင်းနေပြီ}} ဟု ဆုံးမတော်မူ၏။ 

ရန်ကုန်မြို့သို့ရောက်ရှိခိုက် တရားများကိုလည်း ယခင်ကကဲ့သို့ပင် ဟောပြောချီးမြှောက်တော် မူလေသည်။ 

တစ်နေ့သောအခါ မြန်အောင် ဦးတင်၊ ဟင်္သာတ ဦးမြတို့နှင့် လမ်းလျှောက်<ကတော်မူရာ ဟင်္သာတ ဦးမြအေး "ဝေဒနာကျော်အောင်လုပ်ထား၊ အသေက ဦးသွားလိမ့်မယ်နော်၊ လိုရင်းကိုပြော နေတယ်"ဟု သတိပေးတော်မူ၏။ 

ထိုနှစ် အမရပူရမြို့ ပုထိုးတော်ကြီးအနီး စင်္ကြံလျှောက်သွားရင်း နောက်ကအတူပါလာသော ဦးစောမောင်အား "ငါရန်ကုန်က ပြန်လာတာ တစ်လပဲရှိသေးတယ်၊ ဟင်္သာတဦးမြ တစ်ယောက်တော့ သေပြီ"ဟု မိန့်တော်မူ၏။ 

ဦးမြကား "တပည့်တော်လို ပန်းနာသမားက သေခဲပါတယ်"ဟုပင် လျှောက်ထားလိုက်သေး ၏။ (သူတော်ကောင်း ပုဂ္ဂိုလ်ကြီးတို့၏ မနောအဇ္ဈသယကား သိဖို့ခက်ခဲလှသည်။ အနီးကပ်နေသော် လည်း သိချင်မှသိကြသည်။ ဗြောင်ဖွင့်၍ပြောသော်လည်း မရိပ်စားမိကြ)။ 

မောင်စောမောင်၊ သူတော်ကောင်းများ ပြောတဲ့စကားကို လေးလေးနက်နက်မှတ်နော်၊ အကြောင်းမဲ့ မပြောဘူး။ 

"ရန်ကုန်က ဒါယကာ ဒါယိကာမတွေ ငါ့ဆီအရောက် နောက်ကျသကွာ}}ဟု လမ်းလျှောက်ရင်း အမိန့်ရှိရာ ... 

ဦးစောမောင်က ... "အရှင်ဘုရား ရှေ့နှစ်ရန်ကုန်ကြွဦးမှာလား" ဟု လျှောက်ထားသောအခါ ... 

"ဒါကတော့ ငါ့ခန္ဓာကိုယ်က ပြောပါလိမ့်မယ်ကွာ"ဟု မိန့်တော်မူ၏။ 

ထိုနှစ် တော်သလင်းလဆန်းပိုင်းတွင် (ညီ) ဝမ်းကွဲတော်စပ်သူ (ဦးဘတုတ်) အား ရိပ်သာအတွင်း ဈေးထောင့်လမ်းမှာ အနည်းငယ် ပျက်ယွင်းနေသဖြင့် "မောင်ဘတုတ် ဒီလမ်းကို ကောင်းကောင်းမွန်မွန် ပြင်ထားတာ မြင်သွားချင်တယ်၊ မြန်မြန်ဂရိုက်ပြင်စမ်း" ဟု ဆရာတော်သည် စကားအဆန်းများကို မိန့်တော်မူလေသည်။ 

ညတစ်ညတွင် တပည့် ၅ ယောက်အား ဝတ်ဖြည့်ခံတော်မူစဉ် ... 

"မောင်လှဘူး၊ ငါ့အခန်းထဲမှာ ေ>မတစ်ကောင်ရှိတယ်၊ မင်းဖမ်းပြီး ဘေးကင်းရာသို့ သွားလွှတ်ချေ" ဟု မိန့်တော်မူသည်။ 

အခန်းတံခါးကို လှည့်ပတ်ရှာဖွေရာ မတွေ့ဘဲရှိနေ၍ ဆရာတော်က "ဒီမှာ မင်းမမြင်ဘူး လားကွ၊ အဲဒီလက်ကိုင်ကွင်းမှာ" ဟု ထပ်မံ၍ မိန့်တော်မူပြန်သည်။ 

ဝတ်ဖြည့်နေသူ တပည့် ၅ ဦးတို့ ဘယ်သူတစ်ဦးတစ်ယောက်ကမျှ ေ>မကိုမမြင်တွေ့မိကြချေ။ 

ဦးလှဘူးသည် လက်ကိုင်ကွင်းကို သွားရောက်ကြည့်ရှုသောအခါ ေ>မမှာ မာန်ဖီနေသည်ကို တွေ့မြင်ရလေသည်။ 

ေ>မတစ်ကောင်လုံး ရဲရဲနီနေ၍ ဆေးဝါးကုသရာ၌ အဆိပ်ကိုပင်နိုင်လှသော ဦးလှဘူးသည်ပင် ထိတ်လန့်သွားတော့၏။ 

အလွန်ရှားပါး၍ အဆိပ်ပြင်းထန်သော အရပ်အခေါ် (မြွေပဒါး) မျိုးဖြစ်သည်။ ဦးလှဘူးလည်း အိုးတစ်လုံးတွင်ထည့်ကာ လွှတ်လိုက်ရလေသည်။ 

နောက်မှ စဉ်းစားမိသည်ကား အထက်ပါမြွေသည် အလွန်ပြောင်ချောနေသော အခန်းတံခါးကို ဘယ်လိုများ တက်ရောက်နေနိုင်ပါသလဲ။ 

(မာန်နတ်၏ကိုယ်စားလှယ် နဂါးမင်းလာရောက်၍ ပင့်လျှောက်ခြေင်းပင်ဖြစ်ပါလိမ့်မည်။ စင်စစ်ကိုမြွေသည် နဂါးပင်တည်း။)

တော်သလင်းလကုန်လောက်တွင် ကျောင်းဒါယကာ ဦးကျော်သိန်းအား "မောင်ကျော်သိန်း မင်းလဲ ဒီလိုလာနေဦး၊ အခြားအရောင်းအဝယ်တွေ ကိစ္စတွေကို ဘာမှမလုပ်နဲ့ဦး၊ ကဲ ... လာ မောင်ကျော်သိန်း၊ ဒီရိပ်သာအတွင်းက အဆောက်အအုံတွေ လျှောက်ကြည့်ရအောင်"ဟု ခေါ်သွားကာ လျှောက်ကြည့်တော်မူရင်း "ဒီအဆောက်အအုံတွေ အမြန်ပြီးအောင်လုပ်၊ ငါကြည့်သွားချင်တယ်" ဓမ္မာရုံအပေါ်ထပ်သို့ ပြန်ရောက်သည့်အခါတွင်လည်း "ဒီအဆောက်အအုံတွေ ပြီးစီးပြီး နေသားတကျရှိ နေတာကို ငါကြည့်သွားချင်တယ်" ဟု ပန်းရန်ဆရာ ဦးလှနှင့် ဦးကျော်သိန်းတို့အား မိန့်တော်မူ၏ ဆရာတော်ကား ကျန်းမာဝြဖိုးလျက်ပင် ရှိသည်။ ရန်ကုန်ကြွမည်ဟု ထင်ကြ၏။ 


၁၈။ သီတင်းကျွတ်လပြည့်နေ့


သီတင်းကျွတ်လပြည့်နေ့ တရားဟောတော်မူရာ "သီတင်းကျွတ်ပြီဆိုတာ သေခါနီးသွားတာပဲ လို့ မှတ်ပါ" ဟု ဆုံးမတော်မူ၏။ "သစ္စာသိတဲ့ပုဂ္ဂိုလ်တွေ ဆွမ်းသွတ်ရားလိုသေးသလား၊ ကိုယ့်ကိုယ် ကို သိအောင်လုပ်ပါ၊ သိလို့ရှိရင် အိမ်ကိုမှာခဲ့၊ ငါသေရင် ဆွမ်းမသွတ်နဲ့ဟေ့လို့၊ သေမှ အရှက်ကွဲမခံ နှင့်" စသည်ဖြင့် "သပိတ်သွတ်လွတ် တရားလို့မှတ်" ဟု ဆိုကာ သေခြင်းဘေးကြီးကို ညွှန်ပြတော်မူ ၏။ ထို့နောက် "ဒကာ ဒကာမတွေ ဒီကျောင်းပေါ်မှာ အလောင်းကောင် အသုဘကြီး တင်ထားရင် ဘာတွေထွက်လာမလဲ" ဟု လပြည့်နေ့တရားကို ဟောကြားတော်မူ၏။ 

၁၉။ သီတင်းကျွတ် လပြည့်ကျော် (၁) ရက်


ည (၁၂) နာရီ အချိန်တွင် ဆရာတော်အခန်းတွင်းမှ တစ်စုံတစ်ယောက်နှင့် စကားပြောနေသံ ကို မသဲမကွဲကြားနေရ၏။ အခန်းအပြင်ဘက်တွင် အိပ်နေသော ဦးလှဘူးက နားစွင့်နေခိုက် ဆရာတော်၏ အခန်းတွင်းမှ အလင်းရောင်ကြီးများ ပေါ်ထွက်လာသည်ကို တွေ့ရသဖြင့် ပို၍အံ့အား သင့်ကာ ရှိနေ၏။ သို့နှင့် ဦးလှဘူးက နောက်ညတွင် ဝတ်ပြုသူအား သတိဝီရိယထား၍ စောင့်ကြည့် ကြရန် မှာထားတိုင်ပင်ကြ၏။ 

၂၀။ သီတင်းကျွတ် လပြည့်ကျော် (၂)


ရန်ကုန်မှ ဝန်ကြီးဟောင်းများဖြစ်ကြသော မြန်အောင်ဦးတင် ဦးအောင်ဇံဝေနှင့် ကျားပျံ ဦးသန်းမောင်တို့လည်း ရောက်ရှိလာကြရာ အထူးဦးစားပေးဟောပြောတော်မူ၏။ 

"ဦးတင် ဘာပူစရာရှိသတုံး၊ ဦးသန်းမောင်လဲ အသက်တော်တော် ကြီးပြီ၊ ဦးတင်လဲ အသက်ကြီးပြီ၊ ဦးအောင်ဇံဝေ ဘုန်းကြီးတို့လဲကြီးပြီ၊ နောက်ကို ဒီသာသနာမရှိတော့ဘူး၊ ကွယ်တော့မယ်၊ ဘယ့်နှယ်ကြောင့် ကွယ်ရသတုံး ဘုရားလို့မေးလို့ရှိရင် ကွယ်ချိန်တန်လို့ ကွယ်တာပေါ့၊ ရထားကထွက်ခါနီးနေပြီ၊ မီရုံကလေးရှိတယ်၊ တက်မိရုံကလေးရှိတယ်၊ ရထားထွက်လု နီးပြီဆိုတာ ရိပ်မိကြပလား၊ ဒီသနာမရှိကြတော့ဘူး၊ ကွယ်တော့မယ်" ဟူ၍လည်းကောင်း ဟောတော် မူပြန်သည်။ 

ည (၁၂) နာရီအချိန်တွင် ဝင်းထိန်သောအလင်းရောင်ကို တွေ့မြင်ရပြန်သည်။ အခန်းတွင်းမှ လည်း စကားပြောသံကြားရ၍ ဦးလှဘူးက အခန်းတံခါးကိုဖွင့်ကြည့်ရာ ဆရာတော်အား ထိုင်လျက် ပင်ဖူးတွေ့ရ၏။ 

ဦးလှဘူးက "ဆရာတော် ဘယ်သူနှင့်စကားပြောနေတာလဲဘုရား" ဟု လျှောက်ထားသော အခါ "လှဘူးရာ၊ မင်းကလဲ သိရက်သားနှင့် ထပ်မေးနေပြန်ပါပြီ" ဟုသာ မိန့်တော်မူလေသည်။ 

ဦးလှဘူးစိတ်ထဲတွင် မတင်မကျရှိသော်လည်း နောက်ထပ် မလျှောက်ဝံ့ဘဲ အခန်းအပြင်ဘက် သို့ ထွက်လာခဲ့ရ၏။ ဆရာတော်ကား ခန္ဓာဝန်ချတော့မည်၊ နတ်ဗြဟ္မာတို့ကပင် နှုတ်ခွန်းဆက် တရားနာလာနေပါပြီကော။ 

၂၁။ သီတင်းကျွတ် လပြည့်ကျော် (၃) ရက်


မိုးကုတ်မြို့မှ ဦးချစ်လှနှင့် ဇနီးတို့ရောက်ရှိလာကြ၏။ (၃) ရက်နေ့ သားရှင်ပြု (၄) ရက်နေ့ ကထိန်ခင်းရန်ဖြစ်သည်။ ကျောင်းတိုက် ဇရပ်တိုင်းတွင် ဧည့်သည်များ ပြည့်ညပ်လျက်ရှိသည်။ 

ထိုညတွင်လည်း ဆရာတော်၏ ကျောင်းပေါ်သို့ မီးလုံးကြီးများဆင်းသွားရာ မကြာမီ ဝင်းခနဲ အရောင်ကြီးပျံတက်သွားသည်ကို ကထိန်အတွက် ချက်ပြုတ်နေကြသူများ တွေ့မြင်ကြရပြန်၏။ 

ညပိုင်း ခပ်စောစောက ဆရာတော်အား ဝတ်ပြုပြီးအချိန်တွင် ဦးတင်ငွေ၊ ဦးကြည်၊ ဦးချစ်စိန်၊ ဦးတင်တို့အား "မနက်ဖြန် သီတင်းကျွတ် လဆုတ် (၄) ရက်နေ့ နံနက် (၅) နာရီအရောက် အားလုံး လာခဲ့ကြ ဘယ်ကလောက်အရေးကြီးကြီး အကြောင်းရှိတယ်" ဟု မိန့်တော်မူ၍ ဦးတင်ငွေ အိမ်ရောက်လျှင်ရောက်ခြင်း ဦးစောမောင်ကိုပြောရာ (၄) ရက်နေ့ နံနက်ပိုင်းတွင် ဦးစောမောင်တို့ အိမ်သားအားလုံးဆရာတော်ထံ ရောက်ရှိလာကြတော့၏။ 

၂၂။ သီတင်းကျွတ် လပြည့်ကျော် (၄) ရက်

 ဆရာတော်၏ နောက်ဆုံး တစ်နေ့တာ




ဤနေ့သည်ကား ဆရာတော်၏ နောက်ဆုံးနေ့ဖြစ်၏။ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်၊ ဗုဒ္ဓဟူးနေ့။ 

ရှင်ပြုကထိန်ပွဲရှိနေ၍ မင်္ဂလာတိုက်၌ ရဟန်းရှင်လူအစည်ကားဆုံးနေ့ဖြစ်သည်။ ဆရာတော်က ယမန်နေ့ကပင် ကြိုတင်ရေစက်ချပေးကာ တစ်နာရီခန့်တရားဟောခဲ့ပြီးဖြစ်သည်။ နံနက် (၅) နာရီခန့် တွင် ကျောင်း အစ်မကလေး ဒေါ်တင်လှနှင့် ဒေါ်ဥမ္မာတို့ ကွေကာအုပ်ဖျော်၍ ဆရာတော်ကျောင်းသို့ ၀င်လာကြသည်။

ကျောင်းအစ်မ ဒေါ်တင်လှအား "ဟဲ့ ... တင်လှ၊ သွား ... ငါ့အိပ်ရာပြင်ထားချေစမ်း" ဟု အချိန်မဟုတ် မခိုင်းစဖူးခိုင်း၍ ဒေါ်တင်လှ အံ့အားသင့်နေ၏။ လူတွေကရှုပ် ပင်ပန်းလှသဖြင့် အနားယူချင်၍ဟု သာထင်သည်။ 

"တင်လှ နင်တို့အသက်အများကြီးငယ်သေးတယ်၊ လောကဓံတိုက်ခတ်ဖို့ အများကြီးရှိသေး တယ်" စသည်ဖြင့် သံသရာခရီးသည် အကြောင်းနှင့် မှီခိုအားထားရာ သစ်ပင်ကြီးအကြောင်းဟောရင်း ပြောရင်း "ဟဲ့ တင်လှ၊ သစ်ပင်အိုကြီးဟာ ဘယ်သူနဲ့တူသလဲ" ဟု မေးလေသည်။ 

ဒေါ်တင်လှက "မှန်ပါ၊ သစ်ပင်အိုကြီးဟာ ဆရာတော်ဘုရား အမိန့်ရှိဖူးတဲ့အတိုင်း ဆရာတော် ဘုရားနှင့်တူပါတယ် ဘုရား" ဟု လျှောက်ထားရ၏။ 

တစ်ဖန် ကိုကျော်သိန်းကိုခေါ်၍ "ကျော်သိန်း လာ ...၊ ဒီရှေ့တိုးဦး၊ မင်း သေသေချာချာ နားထောင်၊ မင်း ငါမရှိတဲ့နောက် မင်းမှာ လောကဓံအမျိုးမျိုး အတိုက်ခံရလိမ့်မယ်၊ မနိုင် နိုင်အောင် တရားကိုရှုပေးထား၊ မင်းမှာ ရှိသမျှပစ္စည်းများကို Óဏ်နှင့်စွန့်လွှတ်ထား၊ ပေးစရာ ရှိတဲ့အေ<ကးများ လဲ ပေးလိုက်ကြားလား၊ လောကဓံလှိုင်းပိမယ်" ဟု မိန့်တော်မူရာ နားမရှင်းသော်လည်း ဘာမျှ ပြန်လှန်၍ မလျှောက်ထားဝံ့ကြ။ ရုပ်လက္ခဏာနှင့် အသံတော်သည် အရင်ကအတိုင်းပင်ရှိ၍ မည်သို့ ဟု မထင်တက်အောင် ရှိနေကြ၏။ 

သို့နှင့်ပြန်လာပြီးလျှင် (အမြဲ၀တ်ပြုနေသူ) ရှေ့မီနောက်မီ ဦးသာဆိုင်အား အကျိုးအကြောင်း ကို ပြောပြရာ "ဆရာတော် ရန်ကုန်<ကမလို့ ဖြစ်မှာပေါ့" ဟုသာ မှတ်ချက်ချလေသည်။ 

မှန်ပါပေ၏။ ဆရာတော်ကား ရန်ကုန်ဌာနသို့ <ကပေတော့မည်။ ဆရာတော်သည် ကွေကာ အုပ်ဘုန်းပေးပြီးနောက် သင်္ကန်းလဲကာ ကထိန်ဆွမ်းကျွေးအတွက် <ကသွားလေသည်။ 

မိုးကုတ်မြို့မှ ဦးချစ်လှ ဒေါ်သောင်းတို့က သားရှင်ပြုကထိန် ဆွမ်းကျွေးအတွက် နံနက် (၆) နာရီမှာစ၍ မင်္ဂလာရာမကျောင်းတိုက်တွင် သံဃာတော် အပါး (၂၀၀) ဆွမ်းကပ်လှူကြ၏။ ဆရာတော်ကား မဘုန်းပေး။ ဆရာတော်ကြီးများအပါးတွင် တရားအာရုံဖြင့် နေထိုင်တော်မူလေသည်။ 

သံဃာတော်များ ဆွမ်းဘုန်းပေးပြီးလျှင် ဆရာတော်ကိုယ်တိုင် လှူဖွယ်ပစ္စည်းများကို လိုက်၍ လိုက်၍ ဆက်ကပ်ပြီး ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ပြန်<ကမည်ဖြစ်ရာ ဆရာတော်သည် တိုက်ကျောင်းပေါ်မှဆင်းလျက် တစ်ပါးပြီးတစ်ပါး လိုက်လံ၍ တွဲပို့၀တ်ပြုကာ ကားများ အပေါ်သို့ အရောက် ရွှင်လန်း၀မ်းမြောက်စွာ အခေါက်ခေါက်အခါခါ သွားချည်ပြန်လှည့် နှုတ်ဆက်တော်မူ လေသည်။ 

အလှူပွဲကြီးပြီးလျှင် တပည့်ကြီး ဦးလှဘူးအား ခေါ်၍ ရိပ်သာဘက်သို့ ကူးလာ၏။"အင်း ... ငါ့ခန္ဓာကိုယ်ကြီးကတော့ လေးလှပြီ"ဟု မိန့်တော်မူရာ ဦးလှဘူးက နားမလည်၍ "မင်းတယ်အတဲ့ကောင်ပဲ"ဟုသာ ပြုံး၍ မိန့်တော်မူလေသည်။ 

နောက် ဒေါ်တင်လှအား ကော်ဖီကပ်ရန် အမိန့်ရှိသဖြင့် ဒေါ်တင်လှ ရောက်လာ၏။ ကော်ဖီ ဘုဉ်းပေးပြီးလျှင် – တင်လှ ခုရက်ပိုင်း နင်အိပ်မက်များ ထူးထူးထွေထွေ မမက်ဖူးလား" ဟု မေးတော်မူ၏။

ဒေါ်တင်လှက ရိပ်သာထဲမှာ စေတီကြီးတစ်ဆူအနီး၌ ဆရာတော် တရားရှုမှတ်နေရာ စေတီကြီးမှာ မီးခိုးများအူ၍ ဖောင်းရစ်မှ တအိအိ ပြိုကျလာရာ ဆရာတော်အပေါ်ပိကျသော်လည်း ဆရာတော်မှာ မည်သို့မျှ မဖြစ်ကြောင်း လေဆာက်ထားလေသည်။ 

ထိုအခါ ဆရာတော်က "ဟ ... တင်လှရ၊ နင့်အိပ်မက်က တယ်စမ်းပါကလား၊ ပုဗ္ဗနိမိတ်ဆို တာ ဒီလိုဖြစ်ပေါ်စမြဲပဲ၊ ငါ့လို ခံနိုင်ရည်ရှိအောင် တရားကိုနာနာဖိပြီး အားထုတ်ကြ" ဟု အမိန်ရှိလေ သည်။ ထို့နောက် ခဏစောင့်ဦးဟု ပြောကာ အခန်းတွင်းသို့ <ကသွား၏။ ပြီးလျှင် သင်္ကန်းလဲကာ စောစောက၀တ်ရုံထားသော ဧကသီသင်းပိုင်နှင့် အံသကိုဋ်တစ်ထည်ကို ကိုင်လျက်ထွက်လာ၏။ 

"ရော့ ... ဒီသင်္ကန်းတွေ နင့်ဇရပ်ယူသွားပြီး၊ သိမ်းထား၊ ရေလျှော်မပစ်နှင့်"ဟု မိန့်ကာ ပေးတော်မူလိုက်လေသည်။ 

၎င်းင်းနေ့နံနက်ပိုင်း (၁၁) နာရီခွဲတွင် ကော်ဖီနှင့် ဆွတ်ပြုတ် ဘုဉ်းပေးတော်မူသေး၏။ ဆရာတော်သုံးပါးနှင့်အတူ ဘုဉ်းပေးပုံကို ဓါတ်ပုံအရိုက်ခံတော်မူသေးသည်။ ဆရာတော် ဟောပြော သော စကားများကို နားမလည်ရှာကြ၊ အံ့အားသင့်စရာတွေချည်း ဖြစ်နေတော့၏။ 

ဆရာ၀န်ခေါ်ရန် ဒကာများက လျှောက်ထားကြရာ " ကိစ္စမရှိပါဘူး မနေ့က ပန်ကာလေမိ သွားလို့ အခိုးနည်းနည်းငုပ်တာပါ၊ အဲလေ ဆရာ၀န်ပင့်ချင်လဲ တစ်နာရီခွဲမှ ပင့်ကြ" ဟု မိန့်တော်မူ၏ ရုပ်လက္ခဏာနှင့် အသံတော်ကား ပကတိအတိုင်းပင်။ 

ခန္ဓာ၀န်ကြီး တယ်ပြီးလေးတာပဲ၊ "ကဲ ... ဦးသန်းမောင်၊ ကျုပ်ကို ၀မ်းချူပေးစမ်းပါဦး" ဟု ဆိုကာ ကုဋီသို့ ကိုယ်တိုင်<ကတော်မူသည်။ အတန်ကြာသောအခါ ပရိသတ်အများအပြား ကျောင်းပေါ် သို့ ရောက်လာကြ၏။ 

၁၂ နာရီ ကျော်ကျော်လောက်တွင် ဒေါက်တာဆိုနီနှင့် ဆရာ၀န်ကြီး စောမြမောင်တို့လည်း ရောက်ရှိလာကြ၏။ "ကဲ ... နောက်ထပ် ဆေးထိုးစရာရှိရင် ထိုးကြ၊ အချိန်မရှိတော့ဘူး၊ မင်းတို့ဆေးလဲ ဘာမျှမတတ်နိုင်ပါဘူး"


အချိန်ကား နေ့တစ်နာရီရှိလေပြီ 

အားငယ်သော မျက်နှာများနှင့် ရဟန်းရှင်လူများ စိုးရိမ်တကြီး ကြည့်ရှုဖူးမြော်နေကြစဉ် "ကဲ ... အားလုံး ဦးပဉ္စင်းများရော၊ ဒကာ ဒကာမတွေရော ခန္ဓာရှိသူတိုင်း ခံစားရမယ့် ဝေဒနာကို ကြည့်ထားကြ၊ ဒီခန္ဓာရှိရင် ဒီဝေဒနာကို သတ္တဝါအပေါင်းတိုင်းခံစားရမယ်" ဟု မိန့်တော်မူပြီးလျှင် 

ခပ်သိမ်းသတ္တဝါ၊ များသူငါကား၊ မရဏမင်း၊ သူ့လက်တွင်းသို့၊ မယွင်းမှန်စွာ၊ အနိစ္စချည်း၊ ကာလဘယ်ခါ၊ ဘယ်နေ့မှာဟု ချိန်ခါနေ့ရက် ချိန်းအချက်လျှင်၊ သက်သက်ဘယ်မှာ၊ မရှိပါခဲ့၊ မှန်စွာ မုချ၊ သေကြရလိမ့်၊ မြင်ကြခုပင်၊ သေပွဲ၀င်ခဲ့၊ ယခင်ရှေးခါ၊ ထိုနည်းသာတည်း၊ သတ္တဝါထုံးတမ်း၊ စဉ်လာလမ်းမို့ ဖြောင့်တန်းသေချာ၊ မလွတ်ပါတည်း - 

ဟူသော "ဓမ္မသံဝေဂ" ရှိခဲ့သော်လည်း ... 

အရိယာသခင် အရှင်သူမြတ်တို့သည် ဒီဘ၀ ဒီခန္ဓာ၌ အစွဲအလမ်း ကင်းတော်မူကြ၏။ အကယ်၍ ထိုစွဲလမ်းမှု ဥပါဒါန်ရှိသေးလျှင်သာ နောင်ဘ၀ နောက်ခန္ဓာသည် ဇာတိဟူသော ဖြစ်ပေါ်မှု ဥပါဒါန်ဖြစ်ပေါ်ရန် ထင်ရှားပေသည်။ လောင်စာသိမ်း၍ ငြိမ်းလေပြီးသော မီးသည် အဘယ်အရပ်သို့ ရောက်သွားသည်ဟု မဆိုရလေသကဲ့သို့ ... 

မိုးကုတ်ဆရာတော် ဘုရားကြီးသည်လည်း ခန္ဓာနှင့် ဥပါဒါန်အ<ကင်း အကျန်မရှိတော့ဘဲ ... 

၁၃၂၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ နေ့တစ်နာရီ မိနစ် (၂၀) အချိန်တွင် (အနုပါဒိသေသ) ခန္ဓာဇာတ်သိမ်း၍ အ<ကင်းမဲ့ အေးငြိမ်းတော်မူခြင်းသာ ဖြစ်ပါသတည်း။ 

၂၃။ နောက်ဆက်တွဲထူးခြားချက်များ


(က) သီတင်းကျွတ်လပြည့်ကျော် (၄) ရက်နေ့ ည (၉) နာရီအချိန်တွင် ဥတုဇရုပ်ကလာပ် တော်အတွင်းသို့ ဆေးများသွင်းရာ ပေါင်ရင်း သွေးကြောမှ ပကတိ အရှင်ကောင်ကဲ့သို့ သွေးစိမ်းများ တရှင်ရှင်ထွက်၍ အပေါ်သို့ လေးလက်မခန့် ထောင်ပန်းနေခြင်းများ။ 

ဆက်လက်၍ (၇) ရက်လုံးလုံး ဆေးများသွင်းရာ သွေးများပန်းထွက်နေပြန်ခြင်း။ 

(ခ) ၁၃၂၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၁၀) ရက် နေ့ နိဗ္ဗာန်ကျောင်းချကာ၊ ၁၃၂၄ ခု၊ ပြာသိုလဆန်း (၉) ရက်နေ့ (၁၂) နာရီအချိန် နိဗ္ဗာန်ကျောင်းမှ သာဓုကိဠနသဘင်သို့ အလောင်း တော်ကို ပို့ဆောင်ကြသည်။ 

၂၄။ တတိယအကြိမ် ပျားစွဲပြန်ခြင်း


၁၃၂၄ ခုနှစ်၊ ပြာသိုလဆန်း (၁၄) ရက်နေ့ ညနေ (၂) နာရီ အချိန်တွင် ရုပ်ကလာပ်တော်ကို ဗဟိုမဏ္ဍပ်မှ ဦးကျော်သိန်း - ဒေါ်တင်လှတို့၏ ဧည့်ခံမဏ္ဍပ်သို့ ပင့်ဆောင်လာကြစဉ် လူအုပ်ကြီး အပေါ်မှ ပျားကောင်များပျံသန်းလိုက်လာပြီးလျှင် ရုပ်ကလာပ်မရောက်မီ အချိန်ပိုင်းတွင် မဏ္ဍပ်မုတ်ဆိပ်တွင် ပျားစွဲပြန်သည်။ (အလောင်းတော် မကြွလာမီ ၂ မိနစ်အတွင်းဖြစ်သည်။) 

မိုးကုတ်ဆရာတော်နှင့်ပျားသည် တတိယအကြိမ်မြောက် အမှတ်အသားကြီး တစ်ခုဖြစ်လာ သည်။ 

ပြာသိုလဆန်း (၁၅) ရက် (လပြည့်နေ့) ညနေ (၂း၃၀) နာရီအချိန်တွင် မီးသင်္ဂြိုဟ်မည်ရှိရာ ရုပ်ကလာပ်တော်မှာ ပကတိကျိန်းစက်နေသကဲ့သို့ အသားအရေများ ဝါ၀င်းပျော့အိနေပြီး မျက်လုံး တော်မှာ ပကတိအတိုင်း အကြည်ဓာတ်မပျက်ဘဲ တည်ရှိနေလေသည်။ 

၂၅။ မီးသင်္ဂြိုဟ်ခြင်း


လပြည့်နေ့တွင် မီးသင်္ဂြိုဟ်ရာ လူထုပရိသတ်မှာ နှစ်သိန်းနီးပါးရှိသည်။ ဤကဲ့သို့ ရှိနေသော ကြောင့် ရုပ်ကလာပ်တော်ကို မီးမသင်္ဂြိုဟ်ရက်ဘဲရှိနေကြရာ၊ သံဃာတော်များ တစ်ထပ်၊ မီးသတ်ရဲ ဘော်များ တစ်ထပ်၊ ပြည်သူ့ရဲတပ်ဖွဲ့တစ်ထပ် ဤကဲ့သို့ အထပ်ထပ် ၀န်းရံ၍ မီးသင်္ဂြိုဟ်နံ့သာထင်း များကို ရုပ်တရက်မီးမစွဲဘဲရှိနေပြန်၏။ 

ထိုအခြေအနေတွင် သံဃာတော်တစ်ပါးက ဓာတ်ဆီပုံးလိုက်ပက် ဖြန်းလိုက်သောအခါ မီးတောက်တက်မလာဘဲ မီးခိုးလုံးများသာ ဝုန်းခနဲ ထွက်လာပြီးနောက် အချိန်အတော်ကြာမှ ဖြုန်းခနဲ မီးထတောက်သဖြင့် သံဃာတော်များ အုတ်ပလ’င်ပေါ်မှ ဆင်းပြေးရလေတော့သည်။ 

၂၆။ ရုပ်ကလာပ်မှ အပုပ်နံ့မထွက်ခြင်း


ဆရာတော်၏ ရုပ်ကလာပ်တို့ကို မီးသင်္ဂြိုဟ်ရန် စီစဉ်နေသော်လည်း အပုပ်နံ့လုံး၀မထွက်ဘဲ ရှိနေ၏။ 

နိက္ကိလေသာနံ မတသရီရမ္ပိ ဒုဂ္ဂန္ဓံ န ဟောတိ။ (သုတ္တနိပါတ် အဋ္ဌကထာ၊ အာမဂန္ဓ နှာ – ၃၀၃) 

နိက္ကိလေသာနံ၊ အာသဝေါကင်းကွာ ရဟန္တာအရှင်မြတ်တို့၏။ မတသရီရမ္ပိ၊ ပရိနိဗ္ဗာန်စံပြီး သော အတ္တဘောကိုယ်သည်လည်း၊ ဒုဂ္ဂန္ဓံ၊ အပုပ်နံ့သည်။ နဟောတိ၊ မထွက်ပါချေ။ထို့ကြောင့် ရဟန္တာသေလျှင် အပုပ်နံ့မထွက်။ 

၂၇။ ဓာတ်တော်များတွေ့ရှိခြင်း


ည (၉) နာရီ အချိန်လောက် အပူဓါတ်လျော့ချိန်တွင် အုတ်ပလ္လင်မှ တွေ့ရှိရသမျှသော အရာ၀တ္ထုများကို သိမ်းကျုံးကာ အိတ်များနှင့်ထည့်ပြီးလျှင် ဦးအောင်ကျော် ယခု (အဖွဲ့ချုပ်ဥက္ကဋ္ဌကြီး) တို့မှ ကြီးမှူး၍ ကျောင်းတိုက်သို့ လုံခြုံရေးအတွက် အမြန်ပို့လိုက်ရ၏။ 

နံနက်လင်းသောအခါ အထူးကြပ်မတ်ပြီး အစောင့်များချထားသော်လည်း ဓါတ်တော်များ ဖူးတွေ့ရသဖြင့် လူထုကြီးမှာ အလုအယက် တိုးဝှေ့ယူကြရာ အုတ်ပလ’င်ပါ ပျက်စီးသွားတော့သည်။ 

ဓါတ်တော်များ ကျတော့မှပဲ ရဟန္တာမှန်း သိရှိကြတော့၏။ ရဟန္တာ အရှင်မြတ်တို့မှာ ဤမျှလောက်ပင် သိုသိပ်တော်မူကြပါပေ၏။


၂၈။ ပြာသိုလပြည့်ကျော် (၃) ရက်


ရိပ်သာကျောင်းအတွင်း ပို့ထားသော ပစ္စည်းများကို တပည့် ဒါယကာ၊ ဒါယိကာမများနှင့်ရဟန်းသံဃာတော်များ ရှေ့မှောက်တွင် ရှာဖွေကြသောအခါ မီးမစွဲဘဲကျန်နေသော သူငယ်အိမ်မပျက် မျက်လုံးတော်အစုံနှင့် ချိတ်ဆက်ဆက်နေသော လက်ဆစ်အရိုးတော်များ ဓာတ်တော်များ၊ သွးတော် များကို ဖူးတွေ့ရလေသည်။ 

ထိုအခါကျတော့မှပင် လွန်ခဲ့သော (၇)လခန့်က မိန့်ဆိုတော်မူခဲ့သော စကားတော်တရား တော်များကိုလည်းကောင်း၊ သီတင်းကျွတ် လပြည့်နေ့က ဟောကြားတော်မူသော "ငါသေလျှင် သပိတ် မသွတ်နှင့်" ဟူသော တရားတော်၏ အဓိပ္ပါယ်ကိုလည်းကောင်း နှလုံးပိုက်မိကြတော့သည်။


ရဟန်းရှင်လူတို့သည် ထိုအခါကျမှပင် အလွန်ကျေးဇူးများမြတ်သော လောကုတ္တရာ ရတနာ မြတ်ကြီးဖြစ်ကြောင်း အလေးအနက် ယုံကြည်၍ ဝိုင်းအုံပူဇော်၍မပြီး ချီးကျူးတသ၍ မကုန် ကျေးဇူး ဂုဏ်ကို အောက်မေ့၍ မဆုံးနိုင်အောင် ရှိကြတော့သည်။


စာကြွင်း ။     ။ မူလဘူတ မျှဝေသူ မသိသောကြောင့် ဘယ်သူဘယ်ဝါဆိုတာ မရည်ညွှန်းနိုင်တာပါ။ စာလုံးပေါင်း Fonts အမှားများ ပါခဲ့ရင်လည်း တောင်းပန်ပါတယ်ခင်ဗျ။