Wednesday, April 22, 2020

ဆိတ္ေမြးျမဴေရး

ဆိတ္ေမြးျမဴေရး
   
   
ဆိတ္ႏွင့္သိုးမ်ားကို ႏွစ္ေပါင္းမ်ားစြာကပင္အိမ္ေမြးတိရစၦာန္ျဖစ္ ေမြးျမဴခဲ့ၾက သည္။ ဆိတ္ေမြးျမဴျခင္း၏ အဓိကရည္ရြယ္ခ်က္မွာ ႏို႔၊ အသားႏွင့္သားေရရရွိရန္ ပင္ျဖစ္သည္။ ဆိတ္တစ္ေကာင္၏ ကိုယ္အေလးခ်ိန္သည္ ႏြား တစ္ေကာင္၏ ကိုယ္အေလးခ်ိန္၏ရွစ္ပံုတစ္ပံုခန္႔သာျဖစ္ေသာ္လည္း ႏို႔တစ္ပိသာထြက္ရွိႏိုင္ သျဖင့္ ဆိတ္မွာႏြားထက္ႏို႔ထြက္ႏႈန္း ပိုမိုေကာင္းသည္ဟု ဆိုႏိုင္သည္။

 ဆိတ္ႏို႔သည္ ႏြားႏို႔ထက္ ပရိုတိန္းႏွင့္ အဆီဓာတ္ပါ၀င္မႈပိုမိုမ်ားေသာ္ လည္း ဆိတ္ႏို႔အဆီရွိ အဆီခဲကေလးမ်ားသည္ ပိုမိုေသးငယ္သျဖင့္ အစာေၾက လြယ္သည္။သို႔ျဖစ္၍ ဆိတ္ႏို႔သည္ ႏြားႏို႔ထက္ကေလးငယ္မ်ား၊အသက္အရြယ္ ႀကီးရင့္သူမ်ားႏွင့္ လူနာမ်ားအတြက္ ပိုမိုသင့္ေလ်ာ္သည္။ ထို႔ျပင္ ဆိတ္ႏို႔တြင္ ဘက္တီးရီးယားပါ၀င္မႈႏႈန္းသည္ ႏြားႏို႔ထက္ပို၍ နည္းသည္။ ထို႔ျပင္ ဆိတ္ သည္ ႏို႔ညွစ္ရလြယ္ကူသည့္အျပင္ သဘာ၀အရလည္း အၾကမ္းခံႏိုင္၍ အစာ မေရြး စားႏိုင္သည္။ ျမက္၊ သစ္ရြက္အမ်ိဳးမ်ိဳးႏွင့္ သစ္ပင္မ်ား၏ အေခါက္မ်ားကို ခြာ၍ စားတတ္သည္။ ဇီးပင္အပါအ၀င္ဆူးပင္ မ်ားကို ႀကိဳက္ႏွစ္သက္သည္။ ဆိတ္၏အစာအိမ္သည္ အမွ်င္ၾကမ္းမ်ား (လစ္ဂနစ္)ကို ေခ်ဖ်က္ႏိုင္စြမ္းရွိသည္။ သို႔ျဖစ္၍ ဆိတ္မ်ားကို စားက်က္မေကာင္း ေသာ္လည္း ေကာင္းစြာေမြးျမဴႏိုင္ သည္။ ထို႔ျပင္ဆိတ္သည္မ်ိဳးေအာင္ျမင္မႈ ေကာင္းသျဖင့္ ေကာင္ေရပြားမ်ားႏွဳန္းမ်ားသည္။

 ဆိတ္ႏို႔သည္သာ အဟာရဓာတ္မ်ားျပည့္၀သည္မဟုတ္ဘဲ ဆိတ္သား သည္လည္း အရသာရွိ၍ လူတို႔ႀကိဳက္ႏွစ္သက္ၾကသည္။ ထို႔အျပင္ ဆိတ္ သားေရ မွာလည္း ဘိနပ္၊ လက္အိတ္၊ လက္ဆြဲအိတ္၊ ဂ်ာကင္အက်ႌစသည္ျဖင့္ အသံုးျပဳႏိုင္ျခင္းေၾကာင့္ ဆိတ္ေမြးျမဴေရးသည္ ကုန္က်စရိတ္နည္းနည္းျဖင့္ အက်ိဳးအျမတ္မ်ားမ်ားရရွိႏိုင္သည့္ စီးပြားျဖစ္ေမြးျမဴေရးလုပ္ငန္းတစ္ခု ျဖစ္သည္။

ဆိတ္မ်ိဳးမ်ား
ထိန္စမ္းမ်ိဳး
         မႏၲေလးတိုင္းေဒသႀကီး၊ပုပၸားနယ္တစ္၀ုိက္၊  ေကြးတိုင္းေဒသႀကီး၊ ေခ်ာက္ၿမိဳ႕နယ္၊ နတ္ေမာက္ၿမိဳ႕နယ္မ်ားတြင္ ေမြးျမဴေလ့ရွိသည္။ အလံုးအရပ္ ထြားက်ိဳင္းသည္။ ကိုယ္လံုျဖဴ၍ ဦးေခါင္းမဲသည္။ ႏွာေခါင္းပိုင္းအေမြးျဖဴတတ္ သည္။ မုတ္ဆိတ္ဖားၿပီး နားရြက္ရွည္၍ တြဲေလာင္းက်သည္။ ဦးခ်ိဳေနာက္ဖက္ လန္သည္။ ပ်မ္းမွ်ကိုယ္အေလးခ်ိန္အထီး - ၅၀ ကီလို( ၃၇ ပိသာ)၊ အမ - ၂၉ ကီလို(၂၀ ပိသာ)

ဂ်ိတ္နီမ်ိဳး
       မႏၲေလးတိုင္းေဒသႀကီး၊ တံတားဦး၊ စဥ့္ကိုင္၊ ေက်ာက္ဆည္နယ္တြင္  ေမြးျမဴေလ့ရွိသည္။ အရြယ္အစားႀကီးမားသည္။ နီညိဳေရာင္၊ အုန္းခြံေရာင္၊ မန္က်ီးေစ့ေရာင္ရွိသည္။ ကိုယ္အေလးခ်ိန္ အထီး ၅၀ ကီလို (၃၇ ပိသာ)၊ အမ ၄၂ ကီလို(၂၉ ပိသာ)

ေ၀သာလီမ်ိဳး
 မေကြးတိုင္း၊ ပခုကၠဴ၊ ေရစႀကိဳ၊ ေပါက္၊ ၿမိဳင္တစ္၀ိုက္တြင္ ေမြးျမဴေလ့ ရွိသည္။

ဆိတ္တင္းကုပ္ေဆာက္လုပ္ျခင္း

(က) ဆိတ္တင္းကုပ္၏အခင္းကို ေျမႀကီးျဖင့္ ထားမည္ဆိုပါကမာ၍ ေျခာက္ေသြ႔ရမည္ အညစ္အေၾကးမ်ား အလြယ္တကူသိမ္းဆည္း ႏိုင္ရမည္။ မိုးေရႏွင့္အညစ္အေၾကးမ်ား စီးဆင္းႏိုင္ရမည္။
(ခ) ဆိတ္မ်ားနားေနရန္အတြက္ လံုေလာက္ေသာအက်ယ္အ၀န္းရွိ သင့္ သည္။
(ဂ) အမိုးသည္ မိုးေရလံု၍  သက္ကယ္မိုးျဖစ္ပါက တံစက္ၿမိတ္ အနည္းဆံုး(၆)ေပ ရွိသင့္ၿပီး ေခါင္အျမင့္(၁၀)ေပရွိသင့္သည္။ အဓိကမွာ အမိုးကိုဆိတ္ဆြဲ ၍ မစားႏိုင္ေစရန္ျဖစ္သည္။
(ဃ) အခင္းေျခာက္ေသြ႔ေစရန္ႏွင့္သန္႔ရွင္းေရးျပဳလုပ္ရန္ လြယ္ကူမည္။
(င) လံုေလာက္ေသာအလင္းေရာင္ရရွိေစရမည္။
(စ) အစာခြက္၊ ေရခြက္မ်ားစနစ္တက်ထားရွိရမည္။
(ဆ) မိုးမ်ား၍ စိုစြတ္ေသာအရပ္ေဒသမ်ားတြင္ အခင္းကို၀ါးၾကမ္းခင္း သုိ႔မဟုတ္ သစ္သားၾကမ္းခင္းျဖင့္ တည္ေဆာက္ရန္လိုသည္။ အဂၤေတျဖင့္ အခင္းခင္းပါက ေကာက္ရိုး၊ ျမက္ေျခာက္စသည္ျဖင့္ ခင္းေပးရန္လိုအပ္သည္။
(ဇ) ေလစိမ္းမတိုက္ေစရန္ အကာရွိရန္လိုသည္။

ေမြးျမဴေရးနည္းစနစ္မ်ား
(က) ျခံေလွာင္စနစ္(Intensive System)။ မိုးရြာလြန္ေသာအရပ္ေဒသႏွင့္ ရာသီဥတု အလြန္ေအးေသာအရပ္တို႔တြင္ အသံုးျပဳေလ့ရွိ ၾကသည္။ ဤစနစ္တြင္ အဓိကအေရးႀကီးသည့္အခ်က္မ်ားမွာ တိရစၧာန္မ်ားကို အရြယ္အစား ခြဲျခားေမြးျမဴေရး အစာေရစာလံု ေလာက္စြာ ေကြ်းေမြးေရးႏွင့္ သင့္ေလ်ာ္သည့္ ေနရာအက်ယ္ အ၀န္းရွိေရးပင္ျဖစ္သည္။

(ခ) တစ္၀က္လႊတ္ေက်ာင္းစနစ္(Semi Intensive System)။ဆိတ္ေမြးျမဴ ေရးအတြက္ အသင့္ေလ်ာ္ဆံုးျဖစ္သည္။

(ဂ) လႊတ္ေက်ာင္းစနစ္(Free ranged system)။ လႊတ္ေက်ာင္းျခင္းျဖင့္ ေလေကာင္းေလသန္႔ရသည္။ က်န္းမာေရးႏွင့္ျပည့္စံုေစသည္။ ေအးသည့္ အရပ္ တြင္ ဆိတ္ကုိလႊတ္ေက်ာင္းထားႏုိင္ေသာ္ လည္း မုိးေရထဲတြင္ လႊတ္ေက်ာင္းထား၍ မျဖစ္ေပ။

အစာေရစာေကၽြးေမြးျခင္း
      ဆိတ္မ်ားသည္ ျမက္၊ သစ္ရြက္၊ သစ္ေခါက္၊ ျခံဳပင္၊ ဆူးပင္စသည္ျဖင့္ အစာမေရြးစားတတ္သျဖင့္ ဆိတ္စာအတြက္ ပူစရာမလုိဟု အၾကမ္းဖ်င္း ယူဆ၍ ရေသာ္လည္း၊ ထုတ္လုပ္မႈႏႈန္း ျမင့္မားေစေရးအတြက္ အစာ၊ ေရစာ စနစ္တက်ေကၽြးေမြးရန္ လုိအပ္သည္။

 - မည္သည့္အစာမ်ိဳးကုိပင္ ေကၽြးသည္ျဖစ္ေစ၊ အစာခြက္ အတြင္းရွိ အစာေဟာင္းမ်ားကုိ ဖယ္ရွားေပးျပီးမွ အစာသစ္ ထည့္ရမည္။
-  ဆိတ္မ်ား၏ သဘာဝမွာ အစာဝေသာအခါ က်န္ေသာအစာမ်ားကုိ ဖ်က္ဆီး တတ္သျဖင့္ ေမြးျမဴေရးသမား အေနျဖင့္ ဆိတ္ဝေလာက္ ေသာ အစာကုိသာ ခ်င့္ခ်ိန္၍ ေကၽြးသင့္သည္။
-  အခ်ိန္မွန္မွန္အစာေကၽြးျခင္းျဖင့္ ခံတြင္းေကာင္းၿပီး အစာကုိ မက္ေမာ စြာစားေစႏုိင္ပါသည္။
-  ကိုယ္အေလးခ်ိန္ (၁၀၀)ေပါင္ (၃၅ပိႆာ)ခန့္ရွိေသာ ဆိတ္တစ္ ေကာင္အတြက္ တစ္ေန႔လွ်င္ အနည္းဆုံးေအာက္ပါ အစာပမာဏ ခန္႔ ေကၽြးေမြးသင့္သည္-

(၁)   သစ္ရြက္စိမ္းအမ်ိဳးမ်ိဳး ၈၂ က်ပ္သား
(၂)   ေကာက္ရုိး သုိ႔မဟုတ္ ျမက္ေျခာက္  ၈၂ က်ပ္သား
(၃)   အစာႏု               ၂၇.၅    က်ပ္သား   (၁)ေပါင္
မွတ္ခ်က္။ ႏို႔ထြက္ေနေသာ ဆိတ္မမ်ားတြင္ ထြက္ရွိေသာႏို႔အေလးခ်ိန္ ၏ သံုးပံုတစ္ပံု အစာႏုကို ထပ္ေဆာင္း၍ ေကြ်းေမြးရန္လို အပ္သည္။ ထို႔အတူအသားတိုးႏွင့္ ႀကီးထြားမႈအတြက္ အစာႏုကို အထက္ပါပမာဏထက္တစ္ဆခြဲတိုး၍ ေကြ်းရန္ လိုအပ္ပါသည္။

ေရတိုက္ျခင္း
       ခႏၶာကိုယ္ႀကီးထြားဖြံ႔ၿဖိဳးမႈအစာေၾကညက္မႈအတြက္ ေရသည္ အေရး တႀကီးလိုအပ္သည္။ ရာသီဥတုအေျခအေနေပၚမူတည္၍ ေရလိုအပ္ခ်က္ ေျပာင္းလဲေသာ္လည္း ဆိတ္တစ္ေကာင္အတြက္ တစ္ေန႔လွ်င္ အနည္းဆံုး ေသာက္ေရတစ္ဂါလံ လိုအပ္သည္။

ထိန္းသိမ္းေစာင့္ေရွာက္ျခင္း
(က)   ကိုယ္၀န္ေဆာင္ဆိတ္မမ်ားအား ျပဳစုေစာင့္ေရွာက္ျခင္း
 ဆိတ္မမ်ားသည္(၈)လခန္႔တြင္အရြယ္ေရာက္သည္။ မိတ္လိုက္၍ သား ေအာင္ေသာ ဆိတ္မသည္ ပဋိသေႏၶကာလ(၅)လခန္႔တြင္ ဆိတ္ကေလး ေမြးသည္။ဆိတ္မ၏ ကုိယ္ဝန္ေဆာင္ကာလမွာ ပွ်မ္းမွ်(၁၅၀)ရက္ခန္႔ျဖစ္သည္။ ကုိယ္ဝန္ႏုစဥ္ကာလတြင္ အျခားဆိတ္မ်ားႏွင့္ ေရာ၍ လႊတ္ေက်ာင္းႏုိင္သည္။ ဇီးရင့္လာလွ်င္ကား၊ ေမြးဖြားခါနီး တစ္ပတ္အလုိခန္႔တြင္ လႊတ္ေက်ာင္းရာ သုိ႔
မထည့္ဘဲ ဆိတ္တင္းကုပ္တြင္ထားသင့္သည္။

     သားေပါက္ကာနီး ေမြးဖြားရက္ေစ့ခ်ိန္တြင္ အစာေလွ်ာ့၍ ေကၽြးသင့္သည္။

ဝမ္းေပ်ာ့ေစမည့္အစားအစာမ်ားျဖစ္သည့္ ေဂၚဖီရြက္၊ ဆလတ္ရြက္ စသည့္ ဟင္းရြက္အစိမ္းမ်ားပုိမုိေကၽြးေမြးသင့္သည္။ ဆားသည္လည္း ဆိတ္ မ်ားအဖုိ႔ အေရးၾကီးသည္။ တစ္ေန႔ ဆိတ္တစ္ေကာင္လွ်င္ ဆား(၂)က်ပ္ သားခန္႔ေကၽြးသင့္သည္။ ဆိတ္မဇီးရင့္၍ သားေပါက္ကာနီးလွ်င္ အစာစားရပ္ ျခင္း၊ အမ တန္စာအဂၤါစပ္ေရာင္ရမ္းျခင္း၊ ဂဏွာမျငိမ္ျဖစ္ျခင္း၊ ေအာ္ဟစ္ျခင္း၊ လဲေလ်ာင္းျခင္း၊ ႏုိ႔အုံမ်ားႏုိ႔ျပည့္၍မာတင္းလာျခင္း၊ညွစ္၍ၾကည့္ပါက ႏို႔ရည္ျပစ္မ်ားထြက္ျခင္းစသည္တုိ႔ကိုေတြ႔ရွိရသည္။

(ခ) ဆိတ္ငယ္ကေလးမ်ားျပဳစုေစာင့္ေရွာက္ျခင္း
 ေမြးစဆိတ္ငယ္ကေလးမ်ားသည္ မ်ားေသာအားျဖင့္ သန္မာသည္။
 ေမြးဖြားျပီးနာရီပုိင္းအေတာ္ၾကာသည့္အထိ မိခင္ႏုိ႔မစုိ႔ဘဲ ဆိတ္ငယ္မ်ား ခံႏုိင္ ရည္ရွိေသာ္လည္း ေမြးဖြားျပီးလွ်င္ျပီးခ်င္း နာရီပုိင္းအတြင္းမိခင္ႏုိ႔စုို႕ႏိုင္  ေစရန္ ေဆာင္ရြက္ေပးသင့္သည္။ ႏုိ႔ဦးရည္သည္ ဆိတ္ငယ္ကေလးအတြက္ မရွိမျဖစ္လုိအပ္သည္။ ႏုိ႔ဦးရည္သည္ ဆိတ္ငယ္ကေလးမ်ား၊ သာမန္ေရာဂါ မ်ား ခံႏုိင္စြမ္းရွိသည့္ မိခင္၏ ကုိယ္ခံစြမ္းအားမ်ား ပါရွိလာသည့္နည္းတူ ဆိတ္ငယ္အား ဝမ္းေပ်ာ့ေပ်ာ့သြားေစႏုိင္ျခင္းျဖင့္ မိခင္၏ ဝမ္းတြင္း၌ ရွိေနစဥ္ရွိေနမည့္ ငယ္ေခ်းမ်ားပါသြားမည္ျဖစ္သည္။

 အခ်ိဳ႕ဆိတ္မမ်ား တစ္ခါတစ္ရံတြင္သုံးေကာင္ေမြးတတ္သည္။ ဆိတ္မ ၏ ႏုိ႔အုံတြင္ ႏုိ႔တံ (၂) ေခ်ာင္းသာရွိသျဖင့္ ဆိတ္ငယ္မ်ား အလွည့္က် ႏုိ႔စုိ႔ႏိုင္ေစရန္ အလွည့္က်လႊတ္ေပးရမည္။ဆိတ္ငယ္မ်ား ႏွစ္ပတ္သားမွစ၍ အစာႏုႏွင့္ျမက္မ်ားစတင္၍ အေလ့အက်င့္ျပဳလုပ္ေကၽြးေမြးရသည္။ မ်ား ေသာ အားျဖင့္ အသက္(၆)ပတ္သားတြင္ႏုိ႔ခြဲေလ့ရွိရာ၊ အစာႏုစားသည့္ အေလ့ အက်င့္ရျပီးျဖစ္သျဖင့္ ဆိတ္ငယ္မ်ား၏ ၾကီးထြားဖြံ႔ျဖိဳးမႈ အေႏွာင့္အယွက္ မျဖစ္ေတာ့ေပ။


ႏုိ႔စားဆိတ္ႏွင့္အသားစားဆိတ္
ဆိတ္သည္ခႏၶာကိုယ္ေသးငယ္ေသာ္လည္း ႏုိ႔ထြက္ႏႈန္းေကာင္းသည္။ ႏြားနွင့္ ႏိွုင္းင္းယွဥ္လွ်င္ အစာအနည္းငယ္သာေကၽြးရျပီး တန္ဘုိးရွိသည့္နုိ႔ကုိ ေပးစြမ္းနုိင္သျဖင့္ ႏုိ႔စားဆိတ္မ်ား စနစ္တက် ေရြးခ်ယ္ ေမြးျမဴသင့္္သည္။ ဆိတ္သား သည္လည္း ႏူးညံ့ျခင္း၊ အရသာရွိျခင္းေၾကာင့္ လူတုိ႔ႀကိဳက္နွစ္သက္ ၾကသည္။ သုိ႔ျဖစ္၍ေမြးျမဴသူမ်ားအေနျဖင့္ မိမိေမြးျမဴမည့္ရည္ရြယ္ခ်က္ အေပၚ မူတည္၍ စနစ္တက် ေရြးခ်ယ္ေမြးျမဴသင့္သည္။

(က) ႏုိ႔စားဆိတ္။ ႏုိ႔စားဆိတ္မ်ားစြာ ရွိသည္။ ဂ်မနာပါရီ (Jamunapari)၊
 ႏူဘီယံ (Nubian)၊ ဆာနန္ (Saanen)ႏွင့္ အယ္လ္ပုိင္း (Alpine) မ်ိဳးတုိ႔ ျဖစ္သည္။ ႏုိ႔စားဆိတ္သည္ နဖူးက်ယ္၍ ႏႈတ္သီးခၽြန္ရ၏။ မ်က္ႏွာရွည္၍ ဦးခ်ိဳမ်ား ေသးသြယ္ခၽြန္ထက္သည္။ မ်က္လုံးျပဴး၍ အေရာင္ေတာက္ကာ၊ သြက္လက္ ဖ်တ္လတ္ေနသင့္သည္။ ကုိယ္လံုးရွည္လ်ားျပီး ရင္ေခါင္းခ်ိဳင့္ဝွမ္း သြယ္ရမည္၊ ႏုိ႔ထြက္ ေကာင္းေသာ ဆိတ္မ၏ ႏုိ႔အံုသည္ၾကီးမားရုံသာမက ႏူးညံ့ေပ်ာ့ ေျပာင္းရမည္။ အေရခြံပါးရမည္။ ႏုိ႔တံမ်ားသည္ အရြယ္အစားညီ၍ ေသးသြယ္ျပီးတစ္ခုႏွင့္တစ္ခု ခပ္ကြာကြာ ရွိသင့္သည္။

(ခ) အသားစားဆိတ္။ ဆိတ္တုိင္း အသားစား၍ရေသာ္လည္း အသား စား ဆိတ္ဆုိသည္မွာ အသားတုိးႏႈန္းေကာင္းျခင္း၊ အသားႏူးညံ့ျခင္း၊အရသာရွိျခင္း စသည့့္ အရည္အခ်င္းမ်ားႏွင့္ ျပည့္စုံရန္ လုိအပ္သည္။ အသားစားဆိတ္မ်ိဳး အျဖစ္ ဘုိဝါး(Boer)မ်ိဳးႏွင့္ စပိန္မ်ိဳး(Spanish)တုိ႔ကုိ အသုံးျပဳၾကသည္။ အသား စားဆိတ္တြင္ အေကာင္ၾကီးျခင္း၊ ရင္အုပ္က်ယ္ျခင္း၊ အသားတုိးႏႈန္း၊ၾကီးထြား ႏႈန္းျမန္ျခင္း၊ သားေပါက္ေကာင္းျခင္း၊ အသားထြက္ႏႈန္းသည္ အသက္ရွင္စဥ္ အေလးခ်ိန္၏ (၄၅)မွ (၆၂)ရာခိုုင္ႏႈန္းရွိျခင္းစသည့္ အရည္အခ်င္းမ်ားျပည့္စုံရန္ လုိအပ္သည္။

ဆိတ္ေရာဂါမ်ား
(က) အစာမေၾကေရာဂါ (Indigestion)။ အစာစားသုံးျခင္းေလ်ာ့နည္းလာ သည္။ဝမ္းခ်ဳပ္သည္။ က်င္ႀကီး မာေန တတ္သည္။ ဝမ္းေလွ်ာ၍ အရည္ မ်ား သြားတတ္သည္။ တိရစၦာန္ ေငးမိႈင္ ေနတတ္သည္။ ဝမ္းခ်ဳပ္ပါကဝမ္းသြား ေစရန္ ဆားခါးမဂၢနီဆီယမ္ဆာ လဖိတ္) ၆၀-၁၂၀ ဂရမ္ တုိက္ေကၽြးသင့္သည္။ ဝမ္းသြားပါကဝမ္းပိတ္ ေဆးတုိက္ေကၽြးရန္လုိအပ္သည္။

(ခ)  ႏုိ႔အုံေရာင္ေရာဂါ (Mastitis)။ ကုိယ္အပူခ်ိန္တက္ျခင္း၊ ႏုိ႔ထြက္ႏႈန္းရုတ္တရက္က်ဆင္းျခင္း၊ ႏုိ႔သည္အရည္က်ဲလာျခင္းႏွင့္ ေသြးစေသြးနပါလာ ျခင္း၊ ႏုိ႔ညွစ္ရာတြင္နာက်င္ျခင္း၊ ပင္နယ္စလင္ပဋိဇီဝေဆးႏွင့္ စထရက္တုိ မုိင္ဆင္ေဆးေရာ၍၊ ႏုိ႔အုံတြင္းသုိ႔ ေဆးထုိး၍ ကုသရသည္။

(ဂ) ေဒါင့္သန္းေရာဂါ (Anthrax)။ ကၽြဲ၊ ႏြား၊ သုိးႏွင့္ဆိတ္တုိ့တြင္ ျဖစ္ပြား တတ္သည္။ ဘက္ဆီလပ္စ္အန္သရာဆစ္ (Baccillus Anthracis) ေခၚ ဘက္တီးရီးယားေၾကာင့္ ေရာဂါျဖစ္ပြားရသည္။ အလြန္ျပင္းထန္သည့္ အမ်ိဳး အစားျဖစ္ပြားပါက လကၡဏာတစ္စုံ တစ္ရာမျပဘဲ ေသဆုံးသြားတတ္သည္။

 ေသဆုံးျပီးပါက စအုိ၊ ႏွာေခါင္းေပါက္ႏွင့္ အမအဂၤါဇာတ္ တုိ႔မွ ေသြးမဲ မ်ား ထြက္လာျပီးမခဲေခ်။ ကုိယ္ဝန္ေဆာင္တိရစၦာန္မ်ားတြင္ျဖစ္ပြားပါက ဇီးေလွ်ာ တတ္သည္။ ေရာဂါျဖစ္ပြားပါက ပဋိဇီဝေဆးအခ်ိန္အဆမ်ားမ်ားသုံး၍ ကုသ တတ္ သည္။ ေဒါင့္သန္းေရာဂါကာကြယ္ေဆးကုိ သုိး/ဆိတ္တစ္ေကာင္ လွ်င္(၀.၅)စီစီ ထုိးႏွံေပးရမည္။ ေဆးထုိးေပးျပီး(၂-၃)ပတ္ၾကာေသာအခါတြင္
 ေရာဂါခံႏုိင္ရည္ စြမ္းအားျဖစ္ေပၚလာျပီး ခံႏုိင္ရည္စြမ္းအားမွာ တစ္ႏွစ္ခံပါ သည္။ ေသဆုံးေသာ တိရစၦာန္မ်ားကုိ ခြဲစိတ္ျခင္းမျပဳရေပ။ ေျမၾကီးအတြင္း တြင္းနက္နက္တူး၍ ထံုးစေသာ ပုိးသတ္ေဆးျဖန္း၍ ျမွဳပ္ပစ္ရမည္။ သုိ႔မဟုတ္ မီးရႈိ႕ရမည္။

(ဃ) သုိး/ဆိတ္လည္ေခ်ာင္းကြဲေရာဂါ။ ပတ္စက်ဳရဲလား မာတုိဆီဒါး အမွတ္ (၂) (Pasturella Multocida Type-2)ေခၚဘက္တီးရီးယားပိုး ေၾကာင့္ျဖစ္ပြားရသည္။ ႏွာရည္ယုိျခင္း၊ ေခ်ာင္းဆုိးျခင္း၊ ပါးစပ္မွ အျမွဳပ္ထြက္ ျခင္းမ်ား ျဖစ္ လာသည္။အသက္ရွဴႏႈန္းႏွင့္ေသြးခုန္ႏႈန္းျမန္လာျပီး ကုိယ္အပူခ်ိန္ ၁၀၇ ဖာရင္ဟုိက္ အထိျမင့္တက္လာသည္။အစာစားသုံးမႈ ေလ်ာ့သြားျပီး (၁-၂) ရက္အတြင္း ေသဆုံးမႈျဖစ္ႏုိင္ သည္။ ကုသေဆးအျဖစ္ပင္နယ္စလင္ကုိ အသုံးျပဳ ကုသ၍ရသည္။

(င) ခြာနာလွ်ာနာေရာဂါ (Foot and Mouth Disease)။ ဗုိင္းရပ္ေၾကာင့္
 ေရာဂါျဖစ္ပြားရျခင္းျဖစ္ျပီး လွ်ာ၊ ႏွာေခါင္းႏွင့္ ေျခေခ်ာင္းကေလးမ်ားအၾကားႏွင့္ အေရျပားႏွင့္ ခြာအစပ္တုိ႔တြင္ အနာကေလးမ်ား ျဖစ္လာတတ္သည္။ ကုိယ္အပူခ်ိန္ျမင့္တက္သည္။ အာေခါင္၊ ပါးစပ္ႏွင့္ လွ်ာတုိ႔တြင္ အရည္ၾကည္ဖု ကေလးမ်ား ေပါက္လာမည္။ေရာဂါျဖစ္ပြားတတ္ေသာ္လည္း မျပင္းထန္ေပ။
အနာမ်ားကုိ ပုိးသတ္ေဆးအေပ်ာ့မ်ားလိမ္းေပးျခင္းျဖင့္ အျခားေရာဂါ ပုိးမ်ား ဝင္ေရာက္မႈမွ ကာကြယ္ရမည္။

(စ) သုိးဆိတ္ေက်ာက္ေပါက္နာ (Peste des Petits Ruminants)။
 ေက်ာက္ ေပါက္နာသည္ သုိးဆိတ္ႏွစ္မ်ိဳးစလံုး၌ ဗိုင္းရပ္ပုိးေၾကာင့္ ျဖစ္ပြားႏုိင္ သည္မွန္ေသာ္လည္း ဗုိင္းရပ္အမ်ိဳးအစားမတူေပ။ ကုိယ္အပူခ်ိန္ျမင့္မားလာ သည္။မ်က္စိႏွင့္ႏွာေခါင္းမွ မ်က္ရည္ႏွင့္ႏွာရည္မ်ားစီးက်လာသည္။အေမႊး မရွိ
ေသာ အေရျပားေနရာမ်ားႏွင့္ အာေခါင္ႏွင့္ ႏွာေခါင္းတုိ႔တြင္ ေတြ႔ရတတ္သည္။ သုိးႀကီးမ်ားတြင္ျဖစ္ပြားပါက ေက်ာက္ေပါက္နာကုိအၿမီးေအာက္တြင္ ေတြ႔ရ သည္။ေက်ာက္ေပါက္နာမ်ားကုိပုိးသတ္ေဆးျဖင့္ေဆးေၾကာျခင္း၊ ဆာလ္ဖာ သုိ႔မဟုတ္ ပဋိဇီဝေဆးရည္ျပစ္မ်ား သုတ္လိမ္းေပးရမည္။

(ဆ) ကူးစက္တတ္ေသာ ျပည္တည္နာ။  ကူးစက္ျမန္ျပီး ဗုိင္းရပ္ပုိးတစ္မ်ိဳးေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္သည္။ ႏႈတ္ခမ္းေထာင့္မ်ားမွ အနာစတင္ျဖစ္ေပၚလာၿပီး ႏႈတ္ခမ္းႏွင့္ ႏႈတ္သီးတစ္ေလွ်ာက္ႏွင့္ ႏွာေခါင္းဆီသုိ႔ျပန္႔၍ သြားသည္။

အမမ်ားတြင္ စအုိပတ္လည္ႏွင့္ အမတန္ဆာ၌ လည္းေကာင္း၊ အထီးမ်ား၌ ကပ္ပယ္အိတ္တြင္လည္းေကာင္း ျဖစ္ပြားတတ္သည္။ အနာကုိကုသရာ၌ အနာေဖးမ်ားကုိခြာပစ္၍ ပဋိဇီဝေဆးမ်ားလိမ္း ေပးရမည္။ အျခားေရာဂါမ်ား မဝင္ ေရာက္ေစရန္ ဆာလဖာလိမ္းေဆး၊ ပဋိဇီဝ လိမ္းေဆးမ်ား သုတ္လိမ္း ေပးသင့္သည္။

(ဆ) သန္ေကာင္ေရာဂါမ်ား
     (၁) အသည္းေနသန္ျပား
     (၂) အစာေခ်အဖြဲ႔အတြင္းေနသန္ျပား
      ကာဗြန္တက္ထရာကလုိရုိဒ္ (Carbon tetrachloride)ေဆး အားဆိတ္ႏွင့္ သုိးမ်ားတြင္ ကုိယ္အေလးခ်ိန္ေပါင္(၁၀၀) အတြက္ (၁)စီစီမွ (၂) စီစီအထိ သတၱဳဆီမ်ားႏွင့္ ေရာ၍ တုိက္ေကြ်းႏုိင္သည္။

သုိးဆိတ္ေမြးျမဴေရးအပါအဝင္  မည္သည့္ေမြးျမဴေရးတြင္မဆုိ  သန္႔ရွင္းေရး စနစ္တက်ေဆာင္ရြက္ျခင္း၊ သန္႔ရွင္းလတ္ဆတ္ေသာ အစာအဟာရ စနစ္တက်ေကၽြးေမြးျခင္း၊ မွန္ကန္သည့္ထိန္းသိမ္းေစာင့္ေရွာက္မႈ ျပဳလုပ္ျခင္း
 ႏွင့္ ေရာဂါကာကြယ္မႈမ်ားကုိ မ်က္ေျခမျပတ္ အစဥ္တစုိက္ေဆာင္ရြက္မည္ ဆုိပါက ေအာင္ျမင္သည့္ ေမြးျမဴေရးလုပ္ငန္းတစ္ခုအျဖစ္ အၿမဲရပ္တည္ႏုိင္ မည္ျဖစ္ပါသည္။

(Unicode)

ဆိတ်မွေးမြူရေး
   

      ဆိတ်နှင့်သိုးများကို နှစ်ပေါင်းများစွာကပင်အိမ်မွေးတိရစ္ဆာန်ဖြစ် မွေးမြူခဲ့ကြ သည်။ ဆိတ်မွေးမြူခြင်း၏ အဓိကရည်ရွယ်ချက်မှာ နို့၊ အသားနှင့်သားရေရရှိရန် ပင်ဖြစ်သည်။ ဆိတ်တစ်ကောင်၏ ကိုယ်အလေးချိန်သည် နွား တစ်ကောင်၏ ကိုယ်အလေးချိန်၏ရှစ်ပုံတစ်ပုံခန့်သာဖြစ်သော်လည်း နို့တစ်ပိသာထွက်ရှိနိုင် သဖြင့် ဆိတ်မှာနွားထက်နို့ထွက်နှုန်း ပိုမိုကောင်းသည်ဟု ဆိုနိုင်သည်။

 ဆိတ်နို့သည် နွားနို့ထက် ပရိုတိန်းနှင့် အဆီဓာတ်ပါဝင်မှုပိုမိုများသော် လည်း ဆိတ်နို့အဆီရှိ အဆီခဲကလေးများသည် ပိုမိုသေးငယ်သဖြင့် အစာကြေ လွယ်သည်။သို့ဖြစ်၍ ဆိတ်နို့သည် နွားနို့ထက်ကလေးငယ်များ၊အသက်အရွယ် ကြီးရင့်သူများနှင့် လူနာများအတွက် ပိုမိုသင့်လျော်သည်။ ထို့ပြင် ဆိတ်နို့တွင် ဘက်တီးရီးယားပါဝင်မှုနှုန်းသည် နွားနို့ထက်ပို၍ နည်းသည်။ ထို့ပြင် ဆိတ် သည် နို့ညှစ်ရလွယ်ကူသည့်အပြင် သဘာဝအရလည်း အကြမ်းခံနိုင်၍ အစာ မရွေး စားနိုင်သည်။ မြက်၊ သစ်ရွက်အမျိုးမျိုးနှင့် သစ်ပင်များ၏ အခေါက်များကို ခွာ၍ စားတတ်သည်။ ဇီးပင်အပါအဝင်ဆူးပင် များကို ကြိုက်နှစ်သက်သည်။ ဆိတ်၏အစာအိမ်သည် အမျှင်ကြမ်းများ (လစ်ဂနစ်)ကို ချေဖျက်နိုင်စွမ်းရှိသည်။ သို့ဖြစ်၍ ဆိတ်များကို စားကျက်မကောင်း သော်လည်း ကောင်းစွာမွေးမြူနိုင် သည်။ ထို့ပြင်ဆိတ်သည်မျိုးအောင်မြင်မှု ကောင်းသဖြင့် ကောင်ရေပွားများနှုန်းများသည်။

 ဆိတ်နို့သည်သာ အဟာရဓာတ်များပြည့်ဝသည်မဟုတ်ဘဲ ဆိတ်သား သည်လည်း အရသာရှိ၍ လူတို့ကြိုက်နှစ်သက်ကြသည်။ ထို့အပြင် ဆိတ် သားရေ မှာလည်း ဘိနပ်၊ လက်အိတ်၊ လက်ဆွဲအိတ်၊ ဂျာကင်အင်္ကျီစသည်ဖြင့် အသုံးပြုနိုင်ခြင်းကြောင့် ဆိတ်မွေးမြူရေးသည် ကုန်ကျစရိတ်နည်းနည်းဖြင့် အကျိုးအမြတ်များများရရှိနိုင်သည့် စီးပွားဖြစ်မွေးမြူရေးလုပ်ငန်းတစ်ခု ဖြစ်သည်။

ဆိတ်မျိုးများ
ထိန်စမ်းမျိုး
         မန္တလေးတိုင်းဒေသကြီး၊ပုပ္ပားနယ်တစ်ဝိုက်၊  ကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ နတ်မောက်မြို့နယ်များတွင် မွေးမြူလေ့ရှိသည်။ အလုံးအရပ် ထွားကျိုင်းသည်။ ကိုယ်လုံဖြူ၍ ဦးခေါင်းမဲသည်။ နှာခေါင်းပိုင်းအမွေးဖြူတတ် သည်။ မုတ်ဆိတ်ဖားပြီး နားရွက်ရှည်၍ တွဲလောင်းကျသည်။ ဦးချိုနောက်ဖက် လန်သည်။ ပျမ်းမျှကိုယ်အလေးချိန်အထီး - ၅၀ ကီလို( ၃၇ ပိသာ)၊ အမ - ၂၉ ကီလို(၂၀ ပိသာ)

ဂျိတ်နီမျိုး
       မန္တလေးတိုင်းဒေသကြီး၊ တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တွင်  မွေးမြူလေ့ရှိသည်။ အရွယ်အစားကြီးမားသည်။ နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျီးစေ့ရောင်ရှိသည်။ ကိုယ်အလေးချိန် အထီး ၅၀ ကီလို (၃၇ ပိသာ)၊ အမ ၄၂ ကီလို(၂၉ ပိသာ)

ဝေသာလီမျိုး
 မကွေးတိုင်း၊ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ မြိုင်တစ်ဝိုက်တွင် မွေးမြူလေ့ ရှိသည်။

ဆိတ်တင်းကုပ်ဆောက်လုပ်ခြင်း

(က) ဆိတ်တင်းကုပ်၏အခင်းကို မြေကြီးဖြင့် ထားမည်ဆိုပါကမာ၍ ခြောက်သွေ့ရမည် အညစ်အကြေးများ အလွယ်တကူသိမ်းဆည်း နိုင်ရမည်။ မိုးရေနှင့်အညစ်အကြေးများ စီးဆင်းနိုင်ရမည်။
(ခ) ဆိတ်များနားနေရန်အတွက် လုံလောက်သောအကျယ်အဝန်းရှိ သင့် သည်။
(ဂ) အမိုးသည် မိုးရေလုံ၍  သက်ကယ်မိုးဖြစ်ပါက တံစက်မြိတ် အနည်းဆုံး(၆)ပေ ရှိသင့်ပြီး ခေါင်အမြင့်(၁၀)ပေရှိသင့်သည်။ အဓိကမှာ အမိုးကိုဆိတ်ဆွဲ ၍ မစားနိုင်စေရန်ဖြစ်သည်။
(ဃ) အခင်းခြောက်သွေ့စေရန်နှင့်သန့်ရှင်းရေးပြုလုပ်ရန် လွယ်ကူမည်။
(င) လုံလောက်သောအလင်းရောင်ရရှိစေရမည်။
(စ) အစာခွက်၊ ရေခွက်များစနစ်တကျထားရှိရမည်။
(ဆ) မိုးများ၍ စိုစွတ်သောအရပ်ဒေသများတွင် အခင်းကိုဝါးကြမ်းခင်း သို့မဟုတ် သစ်သားကြမ်းခင်းဖြင့် တည်ဆောက်ရန်လိုသည်။ အင်္ဂတေဖြင့် အခင်းခင်းပါက ကောက်ရိုး၊ မြက်ခြောက်စသည်ဖြင့် ခင်းပေးရန်လိုအပ်သည်။
(ဇ) လေစိမ်းမတိုက်စေရန် အကာရှိရန်လိုသည်။


မွေးမြူရေးနည်းစနစ်များ
(က) ခြံလှောင်စနစ်(Intensive System)။ မိုးရွာလွန်သောအရပ်ဒေသနှင့် ရာသီဥတု အလွန်အေးသောအရပ်တို့တွင် အသုံးပြုလေ့ရှိ ကြသည်။ ဤစနစ်တွင် အဓိကအရေးကြီးသည့်အချက်များမှာ တိရစ္ဆာန်များကို အရွယ်အစား ခွဲခြားမွေးမြူရေး အစာရေစာလုံ လောက်စွာ ကျွေးမွေးရေးနှင့် သင့်လျော်သည့် နေရာအကျယ် အဝန်းရှိရေးပင်ဖြစ်သည်။

(ခ) တစ်ဝက်လွှတ်ကျောင်းစနစ်(Semi Intensive System)။ဆိတ်မွေးမြူ ရေးအတွက် အသင့်လျော်ဆုံးဖြစ်သည်။

(ဂ) လွှတ်ကျောင်းစနစ်(Free ranged system)။ လွှတ်ကျောင်းခြင်းဖြင့် လေကောင်းလေသန့်ရသည်။ ကျန်းမာရေးနှင့်ပြည့်စုံစေသည်။ အေးသည့် အရပ် တွင် ဆိတ်ကိုလွှတ်ကျောင်းထားနိုင်သော် လည်း မိုးရေထဲတွင် လွှတ်ကျောင်းထား၍ မဖြစ်ပေ။

အစာရေစာကျွေးမွေးခြင်း
      ဆိတ်များသည် မြက်၊ သစ်ရွက်၊ သစ်ခေါက်၊ ခြုံပင်၊ ဆူးပင်စသည်ဖြင့် အစာမရွေးစားတတ်သဖြင့် ဆိတ်စာအတွက် ပူစရာမလိုဟု အကြမ်းဖျင်း ယူဆ၍ ရသော်လည်း၊ ထုတ်လုပ်မှုနှုန်း မြင့်မားစေရေးအတွက် အစာ၊ ရေစာ စနစ်တကျကျွေးမွေးရန် လိုအပ်သည်။

 - မည်သည့်အစာမျိုးကိုပင် ကျွေးသည်ဖြစ်စေ၊ အစာခွက် အတွင်းရှိ အစာဟောင်းများကို ဖယ်ရှားပေးပြီးမှ အစာသစ် ထည့်ရမည်။
-  ဆိတ်များ၏ သဘာဝမှာ အစာဝသောအခါ ကျန်သောအစာများကို ဖျက်ဆီး တတ်သဖြင့် မွေးမြူရေးသမား အနေဖြင့် ဆိတ်ဝလောက် သော အစာကိုသာ ချင့်ချိန်၍ ကျွေးသင့်သည်။
-  အချိန်မှန်မှန်အစာကျွေးခြင်းဖြင့် ခံတွင်းကောင်းပြီး အစာကို မက်မော စွာစားစေနိုင်ပါသည်။
-  ကိုယ်အလေးချိန် (၁၀၀)ပေါင် (၃၅ပိဿာ)ခန့်ရှိသော ဆိတ်တစ် ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံးအောက်ပါ အစာပမာဏ ခန့် ကျွေးမွေးသင့်သည်-

(၁)   သစ်ရွက်စိမ်းအမျိုးမျိုး ၈၂ ကျပ်သား
(၂)   ကောက်ရိုး သို့မဟုတ် မြက်ခြောက်  ၈၂ ကျပ်သား
(၃)   အစာနု               ၂၇.၅    ကျပ်သား   (၁)ပေါင်
မှတ်ချက်။ နို့ထွက်နေသော ဆိတ်မများတွင် ထွက်ရှိသောနို့အလေးချိန် ၏ သုံးပုံတစ်ပုံ အစာနုကို ထပ်ဆောင်း၍ ကျွေးမွေးရန်လို အပ်သည်။ ထို့အတူအသားတိုးနှင့် ကြီးထွားမှုအတွက် အစာနုကို အထက်ပါပမာဏထက်တစ်ဆခွဲတိုး၍ ကျွေးရန် လိုအပ်ပါသည်။

ရေတိုက်ခြင်း
       ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအစာကြေညက်မှုအတွက် ရေသည် အရေး တကြီးလိုအပ်သည်။ ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေလိုအပ်ချက် ပြောင်းလဲသော်လည်း ဆိတ်တစ်ကောင်အတွက် တစ်နေ့လျှင် အနည်းဆုံး သောက်ရေတစ်ဂါလံ လိုအပ်သည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်း
(က)   ကိုယ်ဝန်ဆောင်ဆိတ်မများအား ပြုစုစောင့်ရှောက်ခြင်း
 ဆိတ်မများသည်(၈)လခန့်တွင်အရွယ်ရောက်သည်။ မိတ်လိုက်၍ သား အောင်သော ဆိတ်မသည် ပဋိသန္ဓေကာလ(၅)လခန့်တွင် ဆိတ်ကလေး မွေးသည်။ဆိတ်မ၏ ကိုယ်ဝန်ဆောင်ကာလမှာ ပျှမ်းမျှ(၁၅၀)ရက်ခန့်ဖြစ်သည်။ ကိုယ်ဝန်နုစဉ်ကာလတွင် အခြားဆိတ်များနှင့် ရော၍ လွှတ်ကျောင်းနိုင်သည်။ ဇီးရင့်လာလျှင်ကား၊ မွေးဖွားခါနီး တစ်ပတ်အလိုခန့်တွင် လွှတ်ကျောင်းရာ သို့
မထည့်ဘဲ ဆိတ်တင်းကုပ်တွင်ထားသင့်သည်။

     သားပေါက်ကာနီး မွေးဖွားရက်စေ့ချိန်တွင် အစာလျှော့၍ ကျွေးသင့်သည်။

ဝမ်းပျော့စေမည့်အစားအစာများဖြစ်သည့် ဂေါ်ဖီရွက်၊ ဆလတ်ရွက် စသည့် ဟင်းရွက်အစိမ်းများပိုမိုကျွေးမွေးသင့်သည်။ ဆားသည်လည်း ဆိတ် များအဖို့ အရေးကြီးသည်။ တစ်နေ့ ဆိတ်တစ်ကောင်လျှင် ဆား(၂)ကျပ် သားခန့်ကျွေးသင့်သည်။ ဆိတ်မဇီးရင့်၍ သားပေါက်ကာနီးလျှင် အစာစားရပ် ခြင်း၊ အမ တန်စာအင်္ဂါစပ်ရောင်ရမ်းခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ အော်ဟစ်ခြင်း၊ လဲလျောင်းခြင်း၊ နို့အုံများနို့ပြည့်၍မာတင်းလာခြင်း၊ညှစ်၍ကြည့်ပါက နို့ရည်ပြစ်များထွက်ခြင်းစသည်တို့ကိုတွေ့ရှိရသည်။

(ခ) ဆိတ်ငယ်ကလေးများပြုစုစောင့်ရှောက်ခြင်း
 မွေးစဆိတ်ငယ်ကလေးများသည် များသောအားဖြင့် သန်မာသည်။
 မွေးဖွားပြီးနာရီပိုင်းအတော်ကြာသည့်အထိ မိခင်နို့မစို့ဘဲ ဆိတ်ငယ်များ ခံနိုင် ရည်ရှိသော်လည်း မွေးဖွားပြီးလျှင်ပြီးချင်း နာရီပိုင်းအတွင်းမိခင်နို့စို့နိုင်  စေရန် ဆောင်ရွက်ပေးသင့်သည်။ နို့ဦးရည်သည် ဆိတ်ငယ်ကလေးအတွက် မရှိမဖြစ်လိုအပ်သည်။ နို့ဦးရည်သည် ဆိတ်ငယ်ကလေးများ၊ သာမန်ရောဂါ များ ခံနိုင်စွမ်းရှိသည့် မိခင်၏ ကိုယ်ခံစွမ်းအားများ ပါရှိလာသည့်နည်းတူ ဆိတ်ငယ်အား ဝမ်းပျော့ပျော့သွားစေနိုင်ခြင်းဖြင့် မိခင်၏ ဝမ်းတွင်း၌ ရှိနေစဉ်ရှိနေမည့် ငယ်ချေးများပါသွားမည်ဖြစ်သည်။

 အချို့ဆိတ်မများ တစ်ခါတစ်ရံတွင်သုံးကောင်မွေးတတ်သည်။ ဆိတ်မ ၏ နို့အုံတွင် နို့တံ (၂) ချောင်းသာရှိသဖြင့် ဆိတ်ငယ်များ အလှည့်ကျ နို့စို့နိုင်စေရန် အလှည့်ကျလွှတ်ပေးရမည်။ဆိတ်ငယ်များ နှစ်ပတ်သားမှစ၍ အစာနုနှင့်မြက်များစတင်၍ အလေ့အကျင့်ပြုလုပ်ကျွေးမွေးရသည်။ များ သော အားဖြင့် အသက်(၆)ပတ်သားတွင်နို့ခွဲလေ့ရှိရာ၊ အစာနုစားသည့် အလေ့ အကျင့်ရပြီးဖြစ်သဖြင့် ဆိတ်ငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှု အနှောင့်အယှက် မဖြစ်တော့ပေ။

နို့စားဆိတ်နှင့်အသားစားဆိတ်
ဆိတ်သည်ခန္ဓာကိုယ်သေးငယ်သော်လည်း နို့ထွက်နှုန်းကောင်းသည်။ နွားနှင့် နှိုင်းင်းယှဉ်လျှင် အစာအနည်းငယ်သာကျွေးရပြီး တန်ဘိုးရှိသည့်နို့ကို ပေးစွမ်းနိုင်သဖြင့် နို့စားဆိတ်များ စနစ်တကျ ရွေးချယ် မွေးမြူသင့်သည်။ ဆိတ်သား သည်လည်း နူးညံ့ခြင်း၊ အရသာရှိခြင်းကြောင့် လူတို့ကြိုက်နှစ်သက် ကြသည်။ သို့ဖြစ်၍မွေးမြူသူများအနေဖြင့် မိမိမွေးမြူမည့်ရည်ရွယ်ချက် အပေါ် မူတည်၍ စနစ်တကျ ရွေးချယ်မွေးမြူသင့်သည်။

(က) နို့စားဆိတ်။ နို့စားဆိတ်များစွာ ရှိသည်။ ဂျမနာပါရီ (Jamunapari)၊
 နူဘီယံ (Nubian)၊ ဆာနန် (Saanen)နှင့် အယ်လ်ပိုင်း (Alpine) မျိုးတို့ ဖြစ်သည်။ နို့စားဆိတ်သည် နဖူးကျယ်၍ နှုတ်သီးချွန်ရ၏။ မျက်နှာရှည်၍ ဦးချိုများ သေးသွယ်ချွန်ထက်သည်။ မျက်လုံးပြူး၍ အရောင်တောက်ကာ၊ သွက်လက် ဖျတ်လတ်နေသင့်သည်။ ကိုယ်လုံးရှည်လျားပြီး ရင်ခေါင်းချိုင့်ဝှမ်း သွယ်ရမည်၊ နို့ထွက် ကောင်းသော ဆိတ်မ၏ နို့အုံသည်ကြီးမားရုံသာမက နူးညံ့ပျော့ ပြောင်းရမည်။ အရေခွံပါးရမည်။ နို့တံများသည် အရွယ်အစားညီ၍ သေးသွယ်ပြီးတစ်ခုနှင့်တစ်ခု ခပ်ကွာကွာ ရှိသင့်သည်။

(ခ) အသားစားဆိတ်။ ဆိတ်တိုင်း အသားစား၍ရသော်လည်း အသား စား ဆိတ်ဆိုသည်မှာ အသားတိုးနှုန်းကောင်းခြင်း၊ အသားနူးညံ့ခြင်း၊အရသာရှိခြင်း စသည့် အရည်အချင်းများနှင့် ပြည့်စုံရန် လိုအပ်သည်။ အသားစားဆိတ်မျိုး အဖြစ် ဘိုဝါး(Boer)မျိုးနှင့် စပိန်မျိုး(Spanish)တို့ကို အသုံးပြုကြသည်။ အသား စားဆိတ်တွင် အကောင်ကြီးခြင်း၊ ရင်အုပ်ကျယ်ခြင်း၊ အသားတိုးနှုန်း၊ကြီးထွား နှုန်းမြန်ခြင်း၊ သားပေါက်ကောင်းခြင်း၊ အသားထွက်နှုန်းသည် အသက်ရှင်စဉ် အလေးချိန်၏ (၄၅)မှ (၆၂)ရာခိုင်နှုန်းရှိခြင်းစသည့် အရည်အချင်းများပြည့်စုံရန် လိုအပ်သည်။

ဆိတ်ရောဂါများ
(က) အစာမကြေရောဂါ (Indigestion)။ အစာစားသုံးခြင်းလျော့နည်းလာ သည်။ဝမ်းချုပ်သည်။ ကျင်ကြီး မာနေ တတ်သည်။ ဝမ်းလျှော၍ အရည် များ သွားတတ်သည်။ တိရစ္ဆာန် ငေးမှိုင် နေတတ်သည်။ ဝမ်းချုပ်ပါကဝမ်းသွား စေရန် ဆားခါးမဂ္ဂနီဆီယမ်ဆာ လဖိတ်) ၆၀-၁၂၀ ဂရမ် တိုက်ကျွေးသင့်သည်။ ဝမ်းသွားပါကဝမ်းပိတ် ဆေးတိုက်ကျွေးရန်လိုအပ်သည်။

(ခ)  နို့အုံရောင်ရောဂါ (Mastitis)။ ကိုယ်အပူချိန်တက်ခြင်း၊ နို့ထွက်နှုန်းရုတ်တရက်ကျဆင်းခြင်း၊ နို့သည်အရည်ကျဲလာခြင်းနှင့် သွေးစသွေးနပါလာ ခြင်း၊ နို့ညှစ်ရာတွင်နာကျင်ခြင်း၊ ပင်နယ်စလင်ပဋိဇီဝဆေးနှင့် စထရက်တို မိုင်ဆင်ဆေးရော၍၊ နို့အုံတွင်းသို့ ဆေးထိုး၍ ကုသရသည်။

(ဂ) ဒေါင့်သန်းရောဂါ (Anthrax)။ ကျွဲ၊ နွား၊ သိုးနှင့်ဆိတ်တို့တွင် ဖြစ်ပွား တတ်သည်။ ဘက်ဆီလပ်စ်အန်သရာဆစ် (Baccillus Anthracis) ခေါ် ဘက်တီးရီးယားကြောင့် ရောဂါဖြစ်ပွားရသည်။ အလွန်ပြင်းထန်သည့် အမျိုး အစားဖြစ်ပွားပါက လက္ခဏာတစ်စုံ တစ်ရာမပြဘဲ သေဆုံးသွားတတ်သည်။

 သေဆုံးပြီးပါက စအို၊ နှာခေါင်းပေါက်နှင့် အမအင်္ဂါဇာတ် တို့မှ သွေးမဲ များ ထွက်လာပြီးမခဲချေ။ ကိုယ်ဝန်ဆောင်တိရစ္ဆာန်များတွင်ဖြစ်ပွားပါက ဇီးလျှော တတ်သည်။ ရောဂါဖြစ်ပွားပါက ပဋိဇီဝဆေးအချိန်အဆများများသုံး၍ ကုသ တတ် သည်။ ဒေါင့်သန်းရောဂါကာကွယ်ဆေးကို သိုး/ဆိတ်တစ်ကောင် လျှင်(ဝ.၅)စီစီ ထိုးနှံပေးရမည်။ ဆေးထိုးပေးပြီး(၂-၃)ပတ်ကြာသောအခါတွင်
 ရောဂါခံနိုင်ရည် စွမ်းအားဖြစ်ပေါ်လာပြီး ခံနိုင်ရည်စွမ်းအားမှာ တစ်နှစ်ခံပါ သည်။ သေဆုံးသော တိရစ္ဆာန်များကို ခွဲစိတ်ခြင်းမပြုရပေ။ မြေကြီးအတွင်း တွင်းနက်နက်တူး၍ ထုံးစသော ပိုးသတ်ဆေးဖြန်း၍ မြှုပ်ပစ်ရမည်။ သို့မဟုတ် မီးရှို့ရမည်။

(ဃ) သိုး/ဆိတ်လည်ချောင်းကွဲရောဂါ။ ပတ်စကျုရဲလား မာတိုဆီဒါး အမှတ် (၂) (Pasturella Multocida Type-2)ခေါ်ဘက်တီးရီးယားပိုး ကြောင့်ဖြစ်ပွားရသည်။ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ပါးစပ်မှ အမြှုပ်ထွက် ခြင်းများ ဖြစ် လာသည်။အသက်ရှူနှုန်းနှင့်သွေးခုန်နှုန်းမြန်လာပြီး ကိုယ်အပူချိန် ၁၀၇ ဖာရင်ဟိုက် အထိမြင့်တက်လာသည်။အစာစားသုံးမှု လျော့သွားပြီး (၁-၂) ရက်အတွင်း သေဆုံးမှုဖြစ်နိုင် သည်။ ကုသဆေးအဖြစ်ပင်နယ်စလင်ကို အသုံးပြု ကုသ၍ရသည်။

(င) ခွာနာလျှာနာရောဂါ (Foot and Mouth Disease)။ ဗိုင်းရပ်ကြောင့်
 ရောဂါဖြစ်ပွားရခြင်းဖြစ်ပြီး လျှာ၊ နှာခေါင်းနှင့် ခြေချောင်းကလေးများအကြားနှင့် အရေပြားနှင့် ခွာအစပ်တို့တွင် အနာကလေးများ ဖြစ်လာတတ်သည်။ ကိုယ်အပူချိန်မြင့်တက်သည်။ အာခေါင်၊ ပါးစပ်နှင့် လျှာတို့တွင် အရည်ကြည်ဖု ကလေးများ ပေါက်လာမည်။ရောဂါဖြစ်ပွားတတ်သော်လည်း မပြင်းထန်ပေ။
အနာများကို ပိုးသတ်ဆေးအပျော့များလိမ်းပေးခြင်းဖြင့် အခြားရောဂါ ပိုးများ ဝင်ရောက်မှုမှ ကာကွယ်ရမည်။

(စ) သိုးဆိတ်ကျောက်ပေါက်နာ (Peste des Petits Ruminants)။
 ကျောက် ပေါက်နာသည် သိုးဆိတ်နှစ်မျိုးစလုံး၌ ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားနိုင် သည်မှန်သော်လည်း ဗိုင်းရပ်အမျိုးအစားမတူပေ။ ကိုယ်အပူချိန်မြင့်မားလာ သည်။မျက်စိနှင့်နှာခေါင်းမှ မျက်ရည်နှင့်နှာရည်များစီးကျလာသည်။အမွှေး မရှိ
သော အရေပြားနေရာများနှင့် အာခေါင်နှင့် နှာခေါင်းတို့တွင် တွေ့ရတတ်သည်။ သိုးကြီးများတွင်ဖြစ်ပွားပါက ကျောက်ပေါက်နာကိုအမြီးအောက်တွင် တွေ့ရ သည်။ကျောက်ပေါက်နာများကိုပိုးသတ်ဆေးဖြင့်ဆေးကြောခြင်း၊ ဆာလ်ဖာ သို့မဟုတ် ပဋိဇီဝဆေးရည်ပြစ်များ သုတ်လိမ်းပေးရမည်။

(ဆ) ကူးစက်တတ်သော ပြည်တည်နာ။  ကူးစက်မြန်ပြီး ဗိုင်းရပ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ နှုတ်ခမ်းထောင့်များမှ အနာစတင်ဖြစ်ပေါ်လာပြီး နှုတ်ခမ်းနှင့် နှုတ်သီးတစ်လျှောက်နှင့် နှာခေါင်းဆီသို့ပြန့်၍ သွားသည်။

အမများတွင် စအိုပတ်လည်နှင့် အမတန်ဆာ၌ လည်းကောင်း၊ အထီးများ၌ ကပ်ပယ်အိတ်တွင်လည်းကောင်း ဖြစ်ပွားတတ်သည်။ အနာကိုကုသရာ၌ အနာဖေးများကိုခွာပစ်၍ ပဋိဇီဝဆေးများလိမ်း ပေးရမည်။ အခြားရောဂါများ မဝင် ရောက်စေရန် ဆာလဖာလိမ်းဆေး၊ ပဋိဇီဝ လိမ်းဆေးများ သုတ်လိမ်း ပေးသင့်သည်။

(ဆ) သန်ကောင်ရောဂါများ
     (၁) အသည်းနေသန်ပြား
     (၂) အစာချေအဖွဲ့အတွင်းနေသန်ပြား
      ကာဗွန်တက်ထရာကလိုရိုဒ် (Carbon tetrachloride)ဆေး အားဆိတ်နှင့် သိုးများတွင် ကိုယ်အလေးချိန်ပေါင်(၁၀၀) အတွက် (၁)စီစီမှ (၂) စီစီအထိ သတ္တုဆီများနှင့် ရော၍ တိုက်ကျွေးနိုင်သည်။

သိုးဆိတ်မွေးမြူရေးအပါအဝင်  မည်သည့်မွေးမြူရေးတွင်မဆို  သန့်ရှင်းရေး စနစ်တကျဆောင်ရွက်ခြင်း၊ သန့်ရှင်းလတ်ဆတ်သော အစာအဟာရ စနစ်တကျကျွေးမွေးခြင်း၊ မှန်ကန်သည့်ထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်ခြင်း
 နှင့် ရောဂါကာကွယ်မှုများကို မျက်ခြေမပြတ် အစဉ်တစိုက်ဆောင်ရွက်မည် ဆိုပါက အောင်မြင်သည့် မွေးမြူရေးလုပ်ငန်းတစ်ခုအဖြစ် အမြဲရပ်တည်နိုင် မည်ဖြစ်ပါသည်။

Monday, April 20, 2020

Samsung Galaxy S20+ Review

(Zawgyi)

Samsung Galaxy S20+ : Where Repeated Refinements Wear Off


Impression တက္ၿပီး ဘာမွဆက္မေရးခ်င္၊ မလုပ္ခ်င္ျဖစ္တဲ့ဖုန္းေတြကို Review ေရးရတာ ေတာ္ေတာ္ေလးခက္ပါတယ္။ တေလာတုန္းက realme 6i ကေတာ့ Daily မသုံးျဖစ္ေပမယ့္ Samsung Galaxy S20+ ကိုေတာ့ SIM Card ပါထည့္ၿပီး Primary အေနနဲ႔ Daily ေတာ္ေတာ္ေလးကို သုံးျဖစ္ခဲ့တာပါ။ အရင္တုန္းက Galaxy Note 9 ၊ S10 ေတြလိုမ်ိဳးပဲ ဒီ S20+ ကလည္း Daily သုံးႏိုင္တဲ့ Android ဖုန္းတစ္လုံးျဖစ္ေနေတာ့…။

ဒါေပမယ့္ ဒီလိုမ်ိဳး သုံးေနၿပီးေတာ့ ေျပာစရာစကားေပ်ာက္တဲ့ဖုန္းေတြထဲမွာ Galaxy S20+ က ဒီႏွစ္ Flagship ဖုန္းေတြထဲမွာ ထိပ္ဆုံးကပါပါတယ္။ ဘာ Feature မွ Point Out ျပစရာမရွိတဲ့ Mid Range ဖုန္းတစ္လုံးလိုမ်ိဳး ေျပာစရာစကားေပ်ာက္ေနတာထက္ အကုန္ကလည္း အဆင္ေျပေနတယ္၊ သုံးရတာေကာင္းတဲ့အဆင့္ေရာက္ေနၿပီးေတာ့ ပိုေကာင္းသင့္တယ္ဆိုၿပီး လုံးဝအထြန္႔တက္တာမ်ိဳး၊ ဒါမွမဟုတ္ Stand Out ျဖစ္ေနတာမ်ိဳး မရွိတဲ့ Just a Great Android Flagship ဖုန္းျဖစ္ေနတာေၾကာင့္ဆိုရင္ ပိုမွန္ပါတယ္။

ဘာပဲျဖစ္ျဖစ္ ေရးျဖစ္တယ္ရွိေအာင္ Galaxy S20+ ကို ျမင္တဲ့အျမင္တစ္ခ်ိဳ႕ကို ေျပာျဖစ္ပါတယ္။ တစ္ခုရွိတာက In-Depth နာမည္တပ္ထားေပမယ့္ Specs ေတြနဲ႔ တခ်ိဳ႕ Samsung Flagship ေတြရဲ႕ ပ်င္းစရာေကာင္းတဲ့ Feature ေတြကိုေတာ့ ေက်ာ္သြားျဖစ္ပါလိမ့္မယ္။

ကဲ… စၾကတာေပါ့။

Design



မွန္တယ္ – Galaxy S20+ ရဲ႕ Design က S10+ နဲ႔ယွဥ္မယ္ဆိုရင္ Camera Layout ကလြဲၿပီး လုံးဝထူးထူးျခားျခားေျပာင္းသြားတာမ်ိဳးမဟုတ္ဘူး။ ၿပီးေတာ့ S10+ ထက္ Improve ျဖစ္လာတယ္လို႔ ေျပာဖို႔က ဖုန္းေနာက္ေက်ာဘက္တစ္ခုကိုပဲ ၾကည့္မယ္ဆိုရင္ သိပ္မဟုတ္ေသးဘူးလို႔ေတာင္ ပိုေျပာလို႔ရပါတယ္။ Square Camera Design ကို ေထာင့္ပို႔လိုက္တာက Camera Bump က S20 Ultra ေလာက္မဟုတ္ဘူးဆိုေပမယ့္ စားပြဲမွာခ်ထားရင္ S10+ ေလာက္ Balanced မျဖစ္ေနတာကိုေတာ့ သိပ္မႀကိဳက္။

ဒါေပမယ့္ ကိုင္ရတဲ့ Feeling က 20:9 Display ေၾကာင့္ ပိုရွည္ေမ်ာေမ်ာျဖစ္သြားတယ္ – လက္တဖက္ထဲကိုင္ရတာပိုေကာင္းတယ္ – ဒါက လက္ေသးတဲ့သူတစ္ေယာက္ျဖစ္ေတာ့ သိသာတယ္။ 6.7″ Display ဖုန္းတစ္ခုေပမယ့္ လက္ထဲမွာ အရမ္းႀကီးေနတယ္လို႔ မခံစားရတာ၊ အရမ္းမေလးေနတာက အခ်ိန္ၾကာၾကာဖုန္းသုံးေနမယ္ဆိုရင္ အဆင္ေတာ္ေတာ္ေျပတယ္။ ေျပာရရင္ Cover မတပ္ပဲသုံးေနရင္ေတာင္ Insecure ျဖစ္တာမ်ိဳး ေတာ္ေတာ္ေလးနည္းတဲ့ဖုန္းပါ။

Loving those lines
ေနာက္ထပ္ႀကိဳက္တာက Volume Key ေတြမွာ Frame နဲ႔ Glass Merge လုပ္သြားတဲ့ Line ေတြ၊ ၿပီးေတာ့ လုံးဝနီးပါး Curved မျဖစ္ေတာ့တဲ့ Display ပါ – S20+ ကို ကိုင္ထားရတာ ပိုစိတ္ခ်ရတယ္၊ Video ေတြၾကည့္တဲ့အခ်ိန္မွာ ပိုသေဘာက်လာတယ္ဆိုတဲ့ ခံစားခ်က္က ဒီ Display ပုံစံေျပာင္းလိုက္တာေၾကာင့္လည္းပါပါတယ္။

က်န္တဲ့အပိုင္းဆိုရင္ Selfie Camera ကို ပိုၿပီး Wide ျဖစ္လာတာမ်ိဳးလည္းမဟုတ္သလို အလည္ထက္ အရင္ကလို ေထာင့္ပို႔ထားတာကို ပို Prefer ျဖစ္တယ္ဆိုတာကလြဲရင္ အရမ္းေတာ့ အျပစ္ရွာမရ – ေထာင့္မွာဆိုရင္ Ultrawide Secondary Sensor တစ္ခုပါ တပ္လို႔ရႏိုင္ဦးမလားေပါ့။

အေရာင္အေနနဲ႔ကေတာ့ သုံးျဖစ္တဲ့အေရာင္က Gray ျဖစ္ေနတယ္ – ေျပာရရင္ အျပာေရာင္ကိုပါ စမ္းျဖစ္တယ္၊ ပိုႀကိဳက္မယ္ထင္ေပမယ့္ တကယ္တမ္း Gray ကို ေတာ္ေတာ္ေလးသေဘာက်သြားတယ္ – အရင္တုန္းက OnePlus 5T လိုမ်ိဳးလည္းမဟုတ္၊ Bladerunner Style ျဖစ္ေနတယ္ပဲေျပာရမလား။ မြဲေျခာက္ေျခာက္နဲ႔ Interest အရမ္းလိုက္ရွာေနတယ္ Fancy Color မဟုတ္ေနသလို Boring Black လည္းမဟုတ္ေတာ့ တစ္မ်ိဳးဆန္းေနတယ္။

အဲ့ေတာ့ Design ပိုင္းမွာ Galaxy S20+ က အျပစ္ေျပာဖို႔ေတာ္ေတာ္ေလးကို ခက္တယ္ – ကိုင္ထားရတာကအစ အကုန္လုံးနီးပါးမွာ အဆင္ေျပတဲ့ Galaxy S Series ဖုန္းတစ္လုံးဆိုတာ သိသာတယ္။

ဒါေပမယ့္ – တကယ္လို႔ S20+ ကို မႏွစ္တုန္းက S10+ (အထူးသျဖင့္ Ceramic White) လိုဖုန္းနဲ႔ လုံးဝ Blind Test လုပ္ၿပီး ပိုႀကိဳက္တဲ့ Design ေ႐ြးပါဆိုရင္ေတာ့ S20+ ကို ေ႐ြးျဖစ္မယ့္ Chance ၊ S20+ က လုံးဝပိုေကာင္းတယ္ဆိုတဲ့ Chance က ေတာ္ေတာ္ေလးကိုနည္းမယ္ထင္တယ္။

အဲ့ေတာ့ သေဘာက်မိတဲ့ Display

ဒါမွမဟုတ္ Samsung Flagship တိုင္းရဲ႕ Winning Card.

ဒီ Display ပိုင္းမွာက ထုံးစံအတိုင္း Brightness ေတာ္ေတာ္ကိုေကာင္းတဲ့ 6.7″ Dynamic AMOLED Panel ၊ Color ပိုင္း မႏွစ္ကထက္ Side by Side ယွဥ္မွပိုသိသာတဲ့အထိ Natural ပိုျဖစ္လာတယ္၊ ၿပီးေတာ့ အခုနကေျပာသလို Curved မျဖစ္ေတာ့တာက ၾကည့္ရတဲ့ Experience မွာလည္း ပိုၿပီး ပုံမွန္ Curved ျဖစ္သြားေနၾကေထာင့္ေတြမွာ ပိုအဆင္ေျပလာတယ္။

But Quality က ေျပာရရင္ S20+ မွာ ေျပာေနစရာမလိုတဲ့ကိစၥတစ္ခုပါ – မႏွစ္က S10+ သုံးေနတာမ်ိဳးမဟုတ္ရင္ ေတာ္ေတာ္ကိုေကာင္းေနၿပီးသား Flagship Quality က ရွိၿပီးသား။ ဒါေပမယ့္လည္း တစ္ဖက္မွာ အမွီလိုက္ႏိုင္တဲ့ Display ေတြ – ေျပာရရင္ Mi CC9 Pro လိုဖုန္းေတြမွာရွိေနၿပီဆိုေတာ့ Samsung အေနနဲ႔ Display Quality ကို ဒီႏွစ္မွာေတာ့ ပိုေကာင္းေနေသးတယ္ဆိုေပမယ့္ ေနာက္ႏွစ္ေတြမွာ Winning Card အေနနဲ႔ဆက္သုံးႏိုင္ပါ့မလားဆိုတာကေတာ့ စိတ္ဝင္စားဖို႔ေကာင္းတယ္။

ဒီ S20+ မွာထူးျခားခ်က္အေနနဲ႔ 120Hz Refresh Rate Display ကို Support လုပ္တယ္။ ဒါေပမယ့္ Full HD Resolution မွာပဲ Support လုပ္ေနတာပါ။

အဲ့အခ်က္က ေတာ္ေတာ္ေလးကို အာ႐ုံစားတယ္ – ပုံမွန္ Facebook ၊ Twitter ၊ Instagram လိုမ်ိဳးသုံးေနတာမ်ိဳးဆိုရင္ 120Hz ကေန ရလာတဲ့ Refresh Rate က မတရားကို သိသာၿပီး 60Hz ျပန္မသြားခ်င္ေလာက္ေအာင္ျဖစ္ေနတယ္။ ဒါေပမယ့္ S20+ ကို Primary သုံးေနတာ ေျပာရရင္ Facebook သုံးဖို႔မွမဟုတ္တာဆိုၿပီး ျပန္ေျပာရမလိုျဖစ္ေနတာကတစ္ခု။

ဘာေၾကာင့္လဲဆိုရင္ အရင္ထဲက Samsung QHD+ Display ပါတဲ့ Flagship ဖုန္းေတြကို သုံးေနျဖစ္တာက အၿမဲၾကည့္ေနျဖစ္တဲ့ Netflix ၊ YouTube Video ေတြကို QHD နဲ႔ၾကည့္ခ်င္လို႔ပါ။ မွန္တယ္ – Laptop နဲ႔ယွဥ္ရင္ Screen Size ကေတာ့ ေသးေနတုန္းပဲ။ ဒါေပမယ့္ Color ပိုင္း၊ Brightness ပိုင္းသိသိသာသာပိုေကာင္းတာေရာ ေနာက္ၿပီး QHD Quality ကို အနီးကပ္ၾကည့္ရင္လည္း သေဘာက်ဖို႔ေကာင္းတာေတြေရာဆိုေတာ့ ဒီ 120Hz မလိုတဲ့ Video ၾကည့္တဲ့ Multimedia ကိစြေတြမွာ FHD Resolution နဲ႔ျဖစ္ေနတာႀကီးက ေတာ္ေတာ္ဆိုးတယ္။

အဲ့ေတာ့ QHD+ ေျပာင္းလိုက္ရတာပဲမဟုတ္ဘူးလားဆိုတဲ့ေမးခြန္းက ေမးခ်င္စရာပါ – ဒီေနရာက Galaxy S20+ ရဲ႕ အႀကီးဆုံးအားနည္းခ်က္ျဖစ္လာတယ္ဆိုရင္လည္း မမွားဘူး။ မွန္တယ္ – Facebook ကေန YouTube ဝင္ေနၿပီး QHD နဲ႔ ၾကည့္ခ်င္လို႔ Setting ေျပးသြားၿပီးေတာ့ QHD+ ေျပာင္းလို႔ရတယ္။ ဒါေပမယ့္ တစ္ခုရွိတာက ၾကည့္ေနတဲ့ YouTube App ကို ျပန္ထြက္ၿပီး ျပန္ဝင္ရမယ္။ ဒါက Screen Resolution ထက္ Refresh Rate ေၾကာင့္ျဖစ္ေနတာပိုျဖစ္ႏိုင္တယ္ – ဘာေၾကာင့္လဲဆိုေတာ့ ေျပာင္းျပန္အေနနဲ႔ Facebook App ထဲဝင္ၿပီး QHD+ ကေန FHD+ 120Hz ေျပာင္းလိုက္လည္း Resolution ေျပာင္းေပမယ့္ Facebook App ကို ျပန္ထြက္ၿပီး ျပန္မဝင္မခ်င္း Refresh Rate က 120Hz ကို မေျပာင္းသြားဘူး။

ဒီအခ်က္က မတရားဆိုးပါတယ္။ Samsung က ဒီ High Refresh Rate Game ကို ဝင္ခ်င္ေပမယ့္ Auto ထားႏိုင္ဖို႔ေနေနသာသာ Manual ေတာင္ တိုင္ပတ္ေနတာ အရင္တုန္းက Iris Scanner ေတြတိုင္ပတ္တဲ့အတိုင္းကို S20+ မွာႀကဳံေနရတာပါ။ မျဖစ္သင့္သလို ၾကားထဲမွာ QHD+ နဲ႔ 120Hz မရႏိုင္ေတာင္ Compromise အေနနဲ႔ 90Hz Option မရွိေနေတာ့ ဒါက ေတာ္ေတာ္ေလးကို ပိုလက္မခံႏိုင္စရာျဖစ္ေနတယ္။ ၾကည့္ေနတဲ့၊ ဖတ္ေနတဲ့ YouTube Video ဒါမွမဟုတ္ Facebook Post တစ္ခုကို ၾကားျဖတ္ App လုံးဝျပန္ထြက္ၿပီးမွ ဒီ Refresh Rate/Resolution ေျပာင္းလဲမႈကို သိႏိုင္ေနတာ ေတာ္ေတာ္ကိုအလုပ္မဟုတ္ဘူး။

Maybe ဒီလိုအတင္း Complain တက္ေနျဖစ္တာက S20+ မတိုင္ခင္ တူညီတဲ့ QHD+ Resolution မွာပဲ 60Hz နဲ႔ 90Hz ကို မတရားခုန္ဆင္း၊ ခုန္တက္ေနတဲ့ Pixel 4 XL သုံးျဖစ္တာေၾကာင့္လည္းျဖစ္ႏိုင္တယ္။ ဒါေပမယ့္ Pixel 4 XL က In-App အတြင္းမွာတင္ Subtle အျဖစ္ဆုံးေျပာင္းလဲေနေတာ့ ဒါက 60Hz ျဖစ္ေနတာလား၊ 90Hz ျဖစ္သြားတာလား ခန္႔မွန္းေနရတဲ့အခ်ိန္မွာ S20+ က လုံးဝ Software Implantation မႏိုင္ပဲ 120Hz ျဖစ္ၿပီးေရာ ဆိုၿပီး အတင္းထည့္တာနဲ႔သြားတူေနတယ္။

အဲ့ေတာ့ Galaxy S20+ ထက္ Display ကိုပဲ Samsung Flagship ဖုန္းျဖစ္ေနတာပဲ၊ ေကာင္းမွာပဲဆိုၿပီး စဥ္းစားေနရင္ ပို Refine လုပ္လာသင့္တဲ့ Note 20+ ကိုပဲ ေစာင့္တာပိုေကာင္းမယ္။ ဒါမွမဟုတ္ အဲ့ဒီအခ်ိန္မွာ S20+ ကို Software Update လုပ္လာမလားေတာ့ မေျပာတတ္။

ေနာက္ထပ္ အဓိက Factor တစ္ခုကို ဆက္သြားတာေပါ့။

Camera


Galaxy S20 Ultra ရွိေနတဲ့အခ်ိန္မွာ ေျပာရရင္ S20+ ရဲ႕ Camera က Refinement တစ္ခုဆိုတာထက္ ဘာမွမပိုပါဘူး။ ေျပာရရင္ Same Formula သုံးထားၿပီး Dual Aperture လို Gimmick ကို ျဖဳတ္ထားတဲ့ 12MP Primary Sensor အတြက္ကေတာ့ Refinement ဆိုတာ အသုံးသင့္ဆုံးစကားလုံးပါ။ Details ပိုေကာင္းလာတယ္၊ မ်က္ႏွာကို Soften လုပ္ေနတုန္းပဲ၊ Color နည္းနည္း Accurate ပိုျဖစ္လာတယ္၊ Dynamic Range က ေကာင္းတယ္ဆိုေပမယ့္ ထုံးစံအတိုင္း ပုံမွန္ထက္ပိုလင္းေနတယ္လို႔ ထင္ေနတုန္းပဲ။ ၿပီးေတာ့ S10 တုန္းက Night Mode ကို Bixby က Scene Recognition အစား သီးသန္႔ ပိုေကာင္းတဲ့ Mode တစ္ခုအေနနဲ႔ iPhone ေတြလို အခ်ိန္ ၁၀ စကၠန္႔ေလာက္ထိ႐ိုက္လို႔ရလာတယ္ – Quality ကေတာ့ Samsung အေနနဲ႔ ေတာ္ေတာ္ေလးကို Improve ျဖစ္လာတယ္ဆိုေပမယ့္ အရမ္းအားရတဲ့အဆင့္ေတာ့မေရာက္ေသး။


12MP Primary Sensor – Colors are Quite Good
ပိုႀကိဳက္မိလာတာက Ultrawide Camera ေတာ္ေတာ္ေလးကို ပိုၿပီးအဆင္ေျပလာတယ္ – Primary Sensor ထက္ေတာင္ သိသိသာသာ Bixby ကို ပိတ္ထားရင္ Over Saturated ျဖစ္ေနတာမ်ိဳး နည္းသြားတယ္။ Night Photo ေတြမွာေတာ့ ထုံးစံအတိုင္း ေကာင္းတယ္ေျပာဖို႔ခက္တုန္းပဲ။


မႀကိဳက္တာ နံပါတ္ပိုမ်ားရင္ၿပီးေရာ ဆိုတဲ့အေတြးကလြဲရင္ ဘာစိတ္ကူးနဲ႔ထည့္မွန္းမသိတဲ့ 64MP Primary မက်တက် Sensor – ျဖစ္ႏိုင္တာက 8K Video အတြက္သုံးတာဆိုတာကလြဲရင္ Crop လုပ္ခ်တဲ့ 3x Zoom ဓါတ္ပုံက 2x Optical Zoom ပါတဲ့ဖုန္းကို 3x Digital တိုးသုံးတာေလာက္ကို အဆင္မေျပ၊ ၿပီးေတာ့ 20x နဲ႔ 30x က 10x ကြာရမယ့္အစား တူတူနီးပါးျဖစ္ေနတာႀကီးက နားလည္ရခက္တယ္ :3

S20+ ျဖစ္ေနေတာ့ ToF DepthVision Camera ပါလာတယ္ – ဒီ AR Emoji ေတြ၊ Sticker ေတြကေတာ့ ထည့္မေျပာခ်င္ေပမယ့္ AR Measure လိုမ်ိဳး တိုင္းတာတဲ့ေနရာေတြမွာ ေတာ္ေတာ္ေလးကို ျမန္တယ္၊ ပိုတိက်တယ္ – အၿမဲတမ္းလိုတဲ့ Feature ေတာ့မဟုတ္ေပမယ့္ ဒီ DepthVision Sensor ပါလာတာက Pixel 3 မွာ Google Measure App ထည့္သုံးေနတာထက္ အမ်ားႀကီးပိုျမန္ၿပီး ပိုတိက်တယ္ဆိုတာကိုေတာ့ ျငင္းလို႔မရပါဘူး။


အဲ့ေတာ့ Maybe Samsung အတြက္ကေတာ့ ဒီ S20+ က ေနာက္ဆုံးေသာ 12MP Sensor ကို Refine လုပ္ထားတဲ့ဖုန္းျဖစ္လာႏိုင္ပါတယ္။ Dual Aperture ကို ျဖဳတ္လိုက္တာက ပို Consistent ျဖစ္ၿပီး Natural ဘက္ပိုသြားတဲ့ ဓါတ္ပုံေတြရလာတယ္၊ အထူးသျဖင့္ ပိုေကာင္းတဲ့ Night Mode ကို႐ိုက္လို႔ရတာက Flagship Level တစ္ခုအေနနဲ႔ရပ္တည္ႏိုင္တယ္။ တကယ္လို႔ Samsung ကေန မႏွစ္တုန္းက S10e လိုမ်ိဳး S20e ကို ဒီ Primary Sensor ၊ ဒီ Ultrawide Sensor ၂ လုံးထဲနဲ႔ Dual Camera နဲ႔ ထုတ္လာမယ္ဆိုရင္ အေကာင္းဆုံး Camera ပါတဲ့ Compact Flagship ဖုန္းလို႔ေတာင္ ေျပာမိဖို႔မ်ားတယ္။

12MP Primary Sensor

64MP Mode – 64MP Sensor
ဒါေပမယ့္ အခုေျပာေနတာ S20+ ဆိုေတာ့ 64MP Sensor က Primary Sensor ေကာင္းတာကို လိုက္ဖ်က္ေနတယ္ဆိုတာထက္ ေျပာစရာမရွိျဖစ္သြားတယ္။ နံပါတ္အရသာ ပိုႀကီးတယ္၊ Camera မွာလည္း 64MP Mode ဆိုၿပီးထည့္ထားေပမယ့္ File Size ႀကီးတာကလြဲရင္ ပုံမွန္ 12MP Primary Sensor ထက္ Details ၊ Dynamic Range ၊ Color ေတြအကုန္ပိုစုတ္ေနေတာ့ 8K လို Gimmick အတြက္နဲ႔ Telephoto အေယာင္ေဆာင္ Sensor အစုတ္ထည့္ေပးသလိုျဖစ္တာႀကီးကေတာ့ Camera ပိုင္းမွာ အဆိုးဆုံးအခ်က္တစ္ခုျဖစ္သြားတယ္။

ဒါနဲ႔ Single Take လို Feature ၾကေတာ့ Maybe သူငယ္ခ်င္းေတြနဲ႔အားတိုင္း႐ိုက္ျဖစ္ေနတာမဟုတ္ရင္ေတာ့ Gimmick ျဖစ္ဖို႔က ပိုၿပီး Chance မ်ားပါတယ္။

Video ပိုင္းကေတာ့ ေကာင္းတယ္၊ 8K လည္း႐ိုက္လို႔ရတယ္၊ Dynamic Range လည္း Android ဖုန္းေတြထဲမွာ ေတာ္ေတာ္ေကာင္းတယ္ဆိုေပမယ့္ ဖုန္းနဲ႔ Video ႐ိုက္မယ္ဆိုရင္ေတာ့ iPhone ကိုပဲေ႐ြးတာပိုမွန္ဦးမွာပါ။

ေနာက္ဆုံး Controversial အျဖစ္ဆုံးကိစၥ –

Performance

ဒီကိုဝင္တဲ့ဖုန္းေတြက Exynos 990 5G မပါတဲ့ Chipset ေတြကိုပဲသုံးထားတယ္။ ေျပာရရင္ Antutu Benchmark လိုမ်ိဳး Benchmark ေတြယွဥ္မ Run သလို ထည့္လည္းထည့္မသုံးေတာ့ က်ိန္းေသေျပာႏိုင္တာတစ္ခုက Exynos ျဖစ္ေနေပမယ့္ Daily သုံးလို႔အဆင္ေျပေနတယ္။ ေျပာရရင္ Game ပိုင္း၊ Web Browsing ၊ Camera ဒါေတြအကုန္လုံးနီးပါးမွာ Flagship ဖုန္းတစ္လုံးျဖစ္ေနဆဲပဲလို႔ ေျပာႏိုင္တဲ့ Performance တစ္ခုရွိေနတယ္။

တစ္ဖက္ကေျပာရင္ေတာ့ ဒါက Exynos 990 နဲ႔ SD865 S20+ ၂ လုံးကို ယွဥ္မသုံးျဖစ္တာေၾကာင့္ပိုျဖစ္ႏိုင္တယ္။ ၿပီးေတာ့ သုံးထားတဲ့ UI မတူတဲ့ SD865 ပါတဲ့ဖုန္းနဲ႔ၾကေတာ့လည္း တိုက္႐ိုက္မယွဥ္ျဖစ္၊ မယွဥ္သင့္တာေၾကာင့္လည္းျဖစ္လိမ့္မယ္။ ဒါေပမယ့္ က်ိန္းေသေျပာႏိုင္တာတစ္ခုက မႏွစ္တုန္းက S10+ ၊ Note 10 ဖုန္းေတြသုံးျဖစ္သလိုမ်ိဳးပဲ ဒီ S20+ မွာလည္း Performance ပိုင္းမွာ ဆိုးဆိုး႐ြား႐ြား ဒီေစ်းမွာ မျဖစ္သင့္တဲ့ Lag တာေတြ၊ Hang တာေတြမရွိေနဘူး။ အဲ့ေတာ့ က်ိန္းေသ Benchmark ယွဥ္ေနတာမ်ိဳး၊ Side by Side ယွဥ္တာမ်ိဳးကလြဲရင္ မသိႏိုင္တဲ့ကိစၥတစ္ခုဆိုတာ အမွန္ဆုံးဝန္ခံခ်က္ျဖစ္ပါလိမ့္မယ္။

Heat ကေတာ့ Mobile Data နဲ႔ GPS သုံးေနတာမ်ိဳး၊ ဒါမွမဟုတ္ Game ေတာ္ေတာ္ၾကာၾကာေဆာ့ေနတာမ်ိဳးဆိုရင္ေတာ့ နည္းနည္းသိသာလာတယ္။ ဒါေပမယ့္ မသုံးႏိုင္ေလာက္ေအာင္ဆိုးေနတာမ်ိဳးမဟုတ္ဘူး။ တစ္ခုရွိတာက QHD+ ထက္ 120Hz မွာ သိသိသာသာကို ပို Heat ရွိတယ္၊ Heat တက္တာလည္းပိုျမန္တယ္။

အဲ့ေတာ့ Maybe Snapdragon Version က ပိုသာလိမ့္မယ္… But We don’t really have a choice in this country?

Battery



Battery ပိုင္းကေတာ့ ေျပာရခက္တယ္ – S20+ မွာ အသုံးအမ်ားဆုံးက QHD+ 60Hz နဲ႔ပဲသုံးျဖစ္တာပိုမ်ားတယ္။ High Refresh Rate ကို Prefer ျဖစ္တယ္ဆိုေပမယ့္ Extra Resolution ကို အၿမဲတမ္းလိုလို ပိုသုံးျဖစ္ေနတာမ်ားတာေၾကာင့္ – ၿပီးေတာ့ Setting ထဲအၿမဲဝင္ေျပာင္းလိုက္၊ သုံးေနတဲ့ App ကို ျပန္ထြက္ၿပီး ျပန္ဝင္လိုက္မလုပ္ခ်င္တာေၾကာင့္။

အဲ့ေတာ့ QHD+ 60Hz မွာ OST က Average ၆ နာရီကေန ၇ နာရီဝန္းက်င္ေလာက္အထိရတယ္၊ ဒါေပမယ့္ FHD+ 120Hz မွာၾကေတာ့ ၆ နာရီ Average – တခါတေလ Wi-Fi အစား Mobile Data ကိုဆင္းမယ္ဆိုရင္ ၆ နာရီေအာက္အထိကို ေရာက္သြားတာမ်ိဳးရွိတယ္။ FHD+ 60Hz ကေတာ့ အဓိပၸါယ္မရွိတဲ့ Option ျဖစ္သြားၿပီ။

ေျပာရရင္ QHD+ မွာ S20+ ရဲ႕ 4500mAh Battery က အရင္တုန္းက Samsung S10+/Note 10 ဖုန္းေတြ FHD+ ဆင္းသုံးတာေလာက္ကို အသုံးခံလာတယ္။ အဲ့ေတာ့ ကိုယ္က Battery အားၾကာၾကာခံခ်င္ၿပီး Video ပဲၾကည့္ျဖစ္တာပိုမ်ားတယ္ဆိုရင္ေတာ့ QHD+ က ပိုေ႐ြးသင့္တဲ့ Option ျဖစ္လိမ့္မယ္။

အားသြင္းတာကေတာ့ Samsung ကေန 25W Charger မေပး – ဘာ Charger မွမေပးေတာ့ ပုံမွန္ 18W နဲ႔ကေတာ့ ၂ နာရီနီးပါးၾကာတယ္။ ဒါေပယ့္ 25W နဲ႔ဆိုရင္ေတာ့ ၁ နာရီ ၁၅ မိနစ္ေလာက္နဲ႔ အားျပည့္လိမ့္မယ္ (ဒါက ေနာက္မွအသိတစ္ေယာက္ဖုန္းနဲ႔စမ္းျဖစ္တာ)

Battery ပိုင္းကေတာ့ S20+ က အားရဖို႔ေကာင္းတယ္မဟုတ္ရင္ေတာင္ အရင္ Samsung ဖုန္းေတြ၊ အထူးသျဖင့္ Note 10 လိုဖုန္းကေနဆိုရင္ သိသိသာသာကို ပိုေကာင္းလာတယ္။ တစ္ရက္ေကာင္းေကာင္းသုံးလို႔ရလာတယ္။

Messed up Charging
တစ္ခုက USB-PD or 15W & Above အတြက္ Fast Charging ၊ 25W အတြက္ Super Fast Charging နဲ႔ Fast Wireless Charging ဆိုၿပီး Battery Option ကို ဘာက ဘာအတြက္ဆိုၿပီး မရွင္းျပထားပဲ Enable/Disable လုပ္ႏိုင္တဲ့ Option ထားတာကေတာ့ သိပ္မမိုက္။ ၿပီးေတာ့ Adaptive Battery ပုံစံ Usage Learning လုပ္တာ ၄၈ နာရီေလာက္ၾကာေပမယ့္ Learning လုပ္ၿပီးတဲ့အခ်ိန္ၾကေတာ့ ဘယ္ App က Battery စားေနတယ္ဆိုတာကလြဲရင္ ဘာမွ Adaptive Battery Saving မလုပ္ႏိုင္တာကိုလည္း အားမရ။

က်န္တာဘာရွိမလဲ….


အမွန္အတိုင္းေျပာရရင္ Speaker Quality ကို အားမရပါဘူး။ S10 တုန္းက ေတာ္ေတာ္ေလးေကာင္းခဲ့တယ္၊ အခု S20+ မွာလည္း ပိုေကာင္းလာတယ္ဆိုေပမယ့္ Mi 10 လိုဖုန္းမ်ိဳးနဲ႔ယွဥ္ရင္ အားမရတဲ့အဆင့္တစ္ခုကို ဆင္းတယ္။ Samsung အေနနဲ႔ Refine လုပ္႐ုံပဲဆိုေပမယ့္ ဒီထက္ပိုၿပီးေကာင္းလာသင့္တယ္လို႔ျမင္မိတယ္။

Software ကေတာ့ OneUI 2.1 က Android 10 Gesture ေတြျဖစ္လာတယ္ – Daily သုံးႏိုင္တဲ့ UI တစ္ခုဆိုေပမယ့္ Icon Design ေတြကိုေတာ့ အခုထက္ပို Subtle ျဖစ္လာသင့္တယ္လို႔ ျမင္မိ။ ဘာပဲျဖစ္ျဖစ္ သုံးျဖစ္တဲ့အခ်ိန္မွာေတာ့ Bugs ေတြ၊ ေႏွးသြားတာမ်ိဳးေတြမရွိဘူး သုံးရတာအဆင္ေျပတယ္။ Curved လည္းမျဖစ္ေတာ့တဲ့အခ်ိန္မွာ ျဖဳတ္သင့္ေနၿပီလို႔ေျပာရမယ့္ Edge Display ႀကီးကို ဆက္ထည့္ထားတာကိုေတာ့ သိပ္နားမလည္။

Software ပိုင္းမွာ OneUI ထက္ပိုၿပီး သိခ်င္မိတဲ့တစ္ခုက Samsung တစ္ေယာက္ Microsoft နဲ႔ Integration ဘယ္ေလာက္ထိရွိေနသလဲဆိုတာပါ။ ပုံမွန္ဖုန္းမွာ Your Phone App ရွိမွ Windows PC နဲ႔ ခ်ိတ္လို႔ရေပမယ့္ S20+ မွာ လုံးဝ System Noti Bar မွာကိုက Link to Windows ဆိုၿပီးပါေနတယ္။ ပုံမွန္ Your Phone ထက္ Feature ေတြလည္း ပိုလုပ္ႏိုင္တယ္ဆိုေပမယ့္ တကယ္လို႔ မသုံးခ်င္၊ မလိုခ်င္တဲ့သူရွိတယ္ဆိုရင္ ဒီ Feature က လုံးဝျဖဳတ္မရတဲ့ System Feature ႀကီးျဖစ္ေနတယ္။

ၿပီးေတာ့ Google Photos Auto Backup က ဒီ S20+ မွာ အရင္တုန္းက Samsung Flagship ေတြလို Background Sync က ေကာင္းေကာင္းအလုပ္မလုပ္ဘူး။ ၿပီးေတာ့ Default Gallery App မွာ OneDrive နဲ႔ခ်ိတ္ၿပီး Samsung Account ထဲမွာ Sync ေနတာကေန လုံးဝအကုန္လုံးကို OneDrive နဲ႔ Sync ဖို႔အထိ Connect လုပ္လို႔ရေနတယ္။ ဒါက တကယ္လို႔ OneDrive Sync မပါတဲ့ Samsung Mid Range ဖုန္းမွာဆိုရင္ဘယ္လိုျဖစ္သြားႏိုင္မလဲဆိုတာက နည္းနည္းေတြးစရာျဖစ္လာတယ္။ Microsoft ရဲ႕ Link to Windows/Your Phone ၊ MS 365 ေတြကိုသုံးေနတဲ့သူတစ္ေယာက္ျဖစ္ေနေပမယ့္ ဓါတ္ပုံေတြကို Sync ဖို႔က OneDrive App က သာမန္ Gallery App ေတြကိုေတာင္ မမွီေတာ့ ဒီ Samsung နဲ႔ Microsoft တို႔ Cooperation ႀကီးက ဘယ္ေလာက္အထိသြားမလဲဆိုတာကို ေတြးမိၿပီး သိပ္မႀကိဳက္သလို ျဖစ္မိလာတယ္။

Galaxy S20+ ဘက္ျပန္သြားရမယ္ဆိုရင္ In-display Fingerprint Sensor တိုးတက္မႈမရွိ၊ Haptics ကေတာ့ နည္းနည္းေလး မသိမသာပိုေကာင္းလာတယ္။ Headphone Audio ကေတာ့ USB-C Earphone မရွိေတာ့တဲ့အတြက္ နားမေထာင္ျဖစ္။

အဲ့ေတာ့ အဆုံးသတ္ၾကတာေပါ့။

Samsung Galaxy S20+ က S10 Series ကေန S20 Series ဆိုၿပီး ခုန္ေက်ာ္ခဲ့ေပမယ့္ တကယ္တမ္းၾကေတာ့ S7 ကေန S8 ၊ S8 ကေန S9 ကိုေရာက္လာသလိုမ်ိဳးပဲ S10+ ကေန ပိုေကာင္းသလား၊ ပိုဆိုးသလားမေသခ်ာတဲ့ Camera Design ေျပာင္းလဲမႈတစ္ခုနဲ႔ပဲ Refined လုပ္လာတဲ့ ထပ္တလဲလဲ Galaxy S Series ဖုန္းတစ္လုံးပါ။

Maybe Samsung အေနနဲ႔ ဒီထက္ပိုၿပီး Generation တစ္ခုမွာ Refined ဆိုတာထက္ Leap မလုပ္သင့္ဘူးလို႔ ယူဆတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္တယ္။ က်ိန္းေသတာတစ္ခုက Galaxy S20+ က ပ်င္းဖို႔အေကာင္းဆုံး သုံးရတာေကာင္းတဲ့ Flagship ဖုန္းဆိုတာကလြဲၿပီး ေျပာစရာစကားလည္းမရွိပါဘူး။ Display ၊ Camera ၊ Design ၊ Battery လိုမ်ိဳး Overall အကုန္လုံးၿခဳံၾကည့္ရင္ တျခားဖုန္းေတြထက္ေတာင္ ပိုေ႐ြးသင့္တဲ့ထဲပါတယ္ – ဒါေပမယ့္ တစ္ခုခ်င္းစီမွာ ပိုေကာင္းမလားလုပ္မိတဲ့ Feature အသစ္ေတြက Gimmick ေတြ၊ ပိုေကာင္းသင့္တဲ့အစား ပိုဆိုးတာေတြျဖစ္ေနတယ္။ ဒါေပမယ့္လည္း တစ္ဖက္မွာ Overall ဆိုတာႀကီးနဲ႔ ခ်ိန္ထိုးရင္ သူ႔ထက္ပိုေ႐ြးသင့္တဲ့ Flagship ဖုန္းဆိုတာက Brand နဲ႔ ရမယ့္ Warranty လို Extra Service ေတြ၊ Google Apps, Service အျပင္ Link to Windows လိုမ်ိဳး တကယ္ Windows Laptop တစ္လုံးနဲ႔အလုပ္လုပ္ေနတဲ့သူေတြအတြက္ အသုံးဝင္တဲ့ Feature ေတြ၊ Galaxy Buds+ ကစၿပီး Gear Smartwatch ၊ TV ကေန အသုံးအေဆာင္အကုန္လုံးအထိ ပစ္ဝင္လို႔ရတဲ့ Ecosystem တစ္ခု – ဒါေတြက Galaxy S20+ ကို မတန္ဘူးဆိုၿပီး ေျပာဖို႔ေတာ္ေတာ္ကို ခက္သြားတယ္။ Yes – Snapdragon မျဖစ္တာေတြ၊ 5G မပါတာေတြထည့္တြက္ရင္ေတာင္ပါ။

ဒါေပမယ့္ ဒီႏွစ္ Mi 10 Pro လိုမ်ိဳး၊ OnePlus 8 Pro လိုမ်ိဳးဖုန္းေတြရွိလာတယ္ – အထူးသျဖင့္ Samsung ရဲ႕ ေျပာေနၾက Overall တို႔၊ All-Rounder ဆိုတာေတြထက္ ဖုန္းအေနနဲ႔ ယွဥ္မယ္၊ Feature တစ္ခုခ်င္းအေနနဲ႔ ယွဥ္မယ္ဆိုရင္ ယွဥ္ႏိုင္တာထက္ ပိုသာလာတဲ့ဖုန္းေတြရွိလာတဲ့အခ်ိန္မွာ တကယ္ကို Samsung ကို ေနာက္ႏွစ္ Galaxy S21+ မွာ Refine ဆက္လုပ္ေနမယ္ဆိုရင္ေတာ့ ဆက္ၿပီးေတာင္ ၫႊန္းဖို႔ေတာ္ေတာ္ခက္သြားလိမ့္မယ္။ Samsung S Series ဖုန္းဆိုၿပီး တစ္ခုခုနဲ႔ ျပန္ၿပီး တျခားသူလိုက္မမွီေအာင္လုပ္ဖို႔က လိုအပ္ေနပါၿပီ။

So, that it is.
#TechGadgetMM


(Unicode)

Samsung Galaxy S20+ : Where Repeated Refinements Wear Off




Impression တက်ပြီး ဘာမှဆက်မရေးချင်၊ မလုပ်ချင်ဖြစ်တဲ့ဖုန်းတွေကို Review ရေးရတာ တော်တော်လေးခက်ပါတယ်။ တလောတုန်းက realme 6i ကတော့ Daily မသုံးဖြစ်ပေမယ့် Samsung Galaxy S20+ ကိုတော့ SIM Card ပါထည့်ပြီး Primary အနေနဲ့ Daily တော်တော်လေးကို သုံးဖြစ်ခဲ့တာပါ။ အရင်တုန်းက Galaxy Note 9 ၊ S10 တွေလိုမျိုးပဲ ဒီ S20+ ကလည်း Daily သုံးနိုင်တဲ့ Android ဖုန်းတစ်လုံးဖြစ်နေတော့…။

ဒါပေမယ့် ဒီလိုမျိုး သုံးနေပြီးတော့ ပြောစရာစကားပျောက်တဲ့ဖုန်းတွေထဲမှာ Galaxy S20+ က ဒီနှစ် Flagship ဖုန်းတွေထဲမှာ ထိပ်ဆုံးကပါပါတယ်။ ဘာ Feature မှ Point Out ပြစရာမရှိတဲ့ Mid Range ဖုန်းတစ်လုံးလိုမျိုး ပြောစရာစကားပျောက်နေတာထက် အကုန်ကလည်း အဆင်ပြေနေတယ်၊ သုံးရတာကောင်းတဲ့အဆင့်ရောက်နေပြီးတော့ ပိုကောင်းသင့်တယ်ဆိုပြီး လုံးဝအထွန့်တက်တာမျိုး၊ ဒါမှမဟုတ် Stand Out ဖြစ်နေတာမျိုး မရှိတဲ့ Just a Great Android Flagship ဖုန်းဖြစ်နေတာကြောင့်ဆိုရင် ပိုမှန်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရေးဖြစ်တယ်ရှိအောင် Galaxy S20+ ကို မြင်တဲ့အမြင်တစ်ချို့ကို ပြောဖြစ်ပါတယ်။ တစ်ခုရှိတာက In-Depth နာမည်တပ်ထားပေမယ့် Specs တွေနဲ့ တချို့ Samsung Flagship တွေရဲ့ ပျင်းစရာကောင်းတဲ့ Feature တွေကိုတော့ ကျော်သွားဖြစ်ပါလိမ့်မယ်။

ကဲ… စကြတာပေါ့။

Design

မှန်တယ် – Galaxy S20+ ရဲ့ Design က S10+ နဲ့ယှဥ်မယ်ဆိုရင် Camera Layout ကလွဲပြီး လုံးဝထူးထူးခြားခြားပြောင်းသွားတာမျိုးမဟုတ်ဘူး။ ပြီးတော့ S10+ ထက် Improve ဖြစ်လာတယ်လို့ ပြောဖို့က ဖုန်းနောက်ကျောဘက်တစ်ခုကိုပဲ ကြည့်မယ်ဆိုရင် သိပ်မဟုတ်သေးဘူးလို့တောင် ပိုပြောလို့ရပါတယ်။ Square Camera Design ကို ထောင့်ပို့လိုက်တာက Camera Bump က S20 Ultra လောက်မဟုတ်ဘူးဆိုပေမယ့် စားပွဲမှာချထားရင် S10+ လောက် Balanced မဖြစ်နေတာကိုတော့ သိပ်မကြိုက်။

ဒါပေမယ့် ကိုင်ရတဲ့ Feeling က 20:9 Display ကြောင့် ပိုရှည်မျောမျောဖြစ်သွားတယ် – လက်တဖက်ထဲကိုင်ရတာပိုကောင်းတယ် – ဒါက လက်သေးတဲ့သူတစ်ယောက်ဖြစ်တော့ သိသာတယ်။ 6.7″ Display ဖုန်းတစ်ခုပေမယ့် လက်ထဲမှာ အရမ်းကြီးနေတယ်လို့ မခံစားရတာ၊ အရမ်းမလေးနေတာက အချိန်ကြာကြာဖုန်းသုံးနေမယ်ဆိုရင် အဆင်တော်တော်ပြေတယ်။ ပြောရရင် Cover မတပ်ပဲသုံးနေရင်တောင် Insecure ဖြစ်တာမျိုး တော်တော်လေးနည်းတဲ့ဖုန်းပါ။


နောက်ထပ်ကြိုက်တာက Volume Key တွေမှာ Frame နဲ့ Glass Merge လုပ်သွားတဲ့ Line တွေ၊ ပြီးတော့ လုံးဝနီးပါး Curved မဖြစ်တော့တဲ့ Display ပါ – S20+ ကို ကိုင်ထားရတာ ပိုစိတ်ချရတယ်၊ Video တွေကြည့်တဲ့အချိန်မှာ ပိုသဘောကျလာတယ်ဆိုတဲ့ ခံစားချက်က ဒီ Display ပုံစံပြောင်းလိုက်တာကြောင့်လည်းပါပါတယ်။

ကျန်တဲ့အပိုင်းဆိုရင် Selfie Camera ကို ပိုပြီး Wide ဖြစ်လာတာမျိုးလည်းမဟုတ်သလို အလည်ထက် အရင်ကလို ထောင့်ပို့ထားတာကို ပို Prefer ဖြစ်တယ်ဆိုတာကလွဲရင် အရမ်းတော့ အပြစ်ရှာမရ – ထောင့်မှာဆိုရင် Ultrawide Secondary Sensor တစ်ခုပါ တပ်လို့ရနိုင်ဦးမလားပေါ့။

အရောင်အနေနဲ့ကတော့ သုံးဖြစ်တဲ့အရောင်က Gray ဖြစ်နေတယ် – ပြောရရင် အပြာရောင်ကိုပါ စမ်းဖြစ်တယ်၊ ပိုကြိုက်မယ်ထင်ပေမယ့် တကယ်တမ်း Gray ကို တော်တော်လေးသဘောကျသွားတယ် – အရင်တုန်းက OnePlus 5T လိုမျိုးလည်းမဟုတ်၊ Bladerunner Style ဖြစ်နေတယ်ပဲပြောရမလား။ မွဲခြောက်ခြောက်နဲ့ Interest အရမ်းလိုက်ရှာနေတယ် Fancy Color မဟုတ်နေသလို Boring Black လည်းမဟုတ်တော့ တစ်မျိုးဆန်းနေတယ်။

အဲ့တော့ Design ပိုင်းမှာ Galaxy S20+ က အပြစ်ပြောဖို့တော်တော်လေးကို ခက်တယ် – ကိုင်ထားရတာကအစ အကုန်လုံးနီးပါးမှာ အဆင်ပြေတဲ့ Galaxy S Series ဖုန်းတစ်လုံးဆိုတာ သိသာတယ်။

ဒါပေမယ့် – တကယ်လို့ S20+ ကို မနှစ်တုန်းက S10+ (အထူးသဖြင့် Ceramic White) လိုဖုန်းနဲ့ လုံးဝ Blind Test လုပ်ပြီး ပိုကြိုက်တဲ့ Design ရွေးပါဆိုရင်တော့ S20+ ကို ရွေးဖြစ်မယ့် Chance ၊ S20+ က လုံးဝပိုကောင်းတယ်ဆိုတဲ့ Chance က တော်တော်လေးကိုနည်းမယ်ထင်တယ်။

အဲ့တော့ သဘောကျမိတဲ့ Display

ဒါမှမဟုတ် Samsung Flagship တိုင်းရဲ့ Winning Card.

ဒီ Display ပိုင်းမှာက ထုံးစံအတိုင်း Brightness တော်တော်ကိုကောင်းတဲ့ 6.7″ Dynamic AMOLED Panel ၊ Color ပိုင်း မနှစ်ကထက် Side by Side ယှဥ်မှပိုသိသာတဲ့အထိ Natural ပိုဖြစ်လာတယ်၊ ပြီးတော့ အခုနကပြောသလို Curved မဖြစ်တော့တာက ကြည့်ရတဲ့ Experience မှာလည်း ပိုပြီး ပုံမှန် Curved ဖြစ်သွားနေကြထောင့်တွေမှာ ပိုအဆင်ပြေလာတယ်။

But Quality က ပြောရရင် S20+ မှာ ပြောနေစရာမလိုတဲ့ကိစ္စတစ်ခုပါ – မနှစ်က S10+ သုံးနေတာမျိုးမဟုတ်ရင် တော်တော်ကိုကောင်းနေပြီးသား Flagship Quality က ရှိပြီးသား။ ဒါပေမယ့်လည်း တစ်ဖက်မှာ အမှီလိုက်နိုင်တဲ့ Display တွေ – ပြောရရင် Mi CC9 Pro လိုဖုန်းတွေမှာရှိနေပြီဆိုတော့ Samsung အနေနဲ့ Display Quality ကို ဒီနှစ်မှာတော့ ပိုကောင်းနေသေးတယ်ဆိုပေမယ့် နောက်နှစ်တွေမှာ Winning Card အနေနဲ့ဆက်သုံးနိုင်ပါ့မလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းတယ်။

ဒီ S20+ မှာထူးခြားချက်အနေနဲ့ 120Hz Refresh Rate Display ကို Support လုပ်တယ်။ ဒါပေမယ့် Full HD Resolution မှာပဲ Support လုပ်နေတာပါ။

အဲ့အချက်က တော်တော်လေးကို အာရုံစားတယ် – ပုံမှန် Facebook ၊ Twitter ၊ Instagram လိုမျိုးသုံးနေတာမျိုးဆိုရင် 120Hz ကနေ ရလာတဲ့ Refresh Rate က မတရားကို သိသာပြီး 60Hz ပြန်မသွားချင်လောက်အောင်ဖြစ်နေတယ်။ ဒါပေမယ့် S20+ ကို Primary သုံးနေတာ ပြောရရင် Facebook သုံးဖို့မှမဟုတ်တာဆိုပြီး ပြန်ပြောရမလိုဖြစ်နေတာကတစ်ခု။

ဘာကြောင့်လဲဆိုရင် အရင်ထဲက Samsung QHD+ Display ပါတဲ့ Flagship ဖုန်းတွေကို သုံးနေဖြစ်တာက အမြဲကြည့်နေဖြစ်တဲ့ Netflix ၊ YouTube Video တွေကို QHD နဲ့ကြည့်ချင်လို့ပါ။ မှန်တယ် – Laptop နဲ့ယှဥ်ရင် Screen Size ကတော့ သေးနေတုန်းပဲ။ ဒါပေမယ့် Color ပိုင်း၊ Brightness ပိုင်းသိသိသာသာပိုကောင်းတာရော နောက်ပြီး QHD Quality ကို အနီးကပ်ကြည့်ရင်လည်း သဘောကျဖို့ကောင်းတာတွေရောဆိုတော့ ဒီ 120Hz မလိုတဲ့ Video ကြည့်တဲ့ Multimedia ကိစွတွေမှာ FHD Resolution နဲ့ဖြစ်နေတာကြီးက တော်တော်ဆိုးတယ်။

အဲ့တော့ QHD+ ပြောင်းလိုက်ရတာပဲမဟုတ်ဘူးလားဆိုတဲ့မေးခွန်းက မေးချင်စရာပါ – ဒီနေရာက Galaxy S20+ ရဲ့ အကြီးဆုံးအားနည်းချက်ဖြစ်လာတယ်ဆိုရင်လည်း မမှားဘူး။ မှန်တယ် – Facebook ကနေ YouTube ဝင်နေပြီး QHD နဲ့ ကြည့်ချင်လို့ Setting ပြေးသွားပြီးတော့ QHD+ ပြောင်းလို့ရတယ်။ ဒါပေမယ့် တစ်ခုရှိတာက ကြည့်နေတဲ့ YouTube App ကို ပြန်ထွက်ပြီး ပြန်ဝင်ရမယ်။ ဒါက Screen Resolution ထက် Refresh Rate ကြောင့်ဖြစ်နေတာပိုဖြစ်နိုင်တယ် – ဘာကြောင့်လဲဆိုတော့ ပြောင်းပြန်အနေနဲ့ Facebook App ထဲဝင်ပြီး QHD+ ကနေ FHD+ 120Hz ပြောင်းလိုက်လည်း Resolution ပြောင်းပေမယ့် Facebook App ကို ပြန်ထွက်ပြီး ပြန်မဝင်မချင်း Refresh Rate က 120Hz ကို မပြောင်းသွားဘူး။

ဒီအချက်က မတရားဆိုးပါတယ်။ Samsung က ဒီ High Refresh Rate Game ကို ဝင်ချင်ပေမယ့် Auto ထားနိုင်ဖို့နေနေသာသာ Manual တောင် တိုင်ပတ်နေတာ အရင်တုန်းက Iris Scanner တွေတိုင်ပတ်တဲ့အတိုင်းကို S20+ မှာကြုံနေရတာပါ။ မဖြစ်သင့်သလို ကြားထဲမှာ QHD+ နဲ့ 120Hz မရနိုင်တောင် Compromise အနေနဲ့ 90Hz Option မရှိနေတော့ ဒါက တော်တော်လေးကို ပိုလက်မခံနိုင်စရာဖြစ်နေတယ်။ ကြည့်နေတဲ့၊ ဖတ်နေတဲ့ YouTube Video ဒါမှမဟုတ် Facebook Post တစ်ခုကို ကြားဖြတ် App လုံးဝပြန်ထွက်ပြီးမှ ဒီ Refresh Rate/Resolution ပြောင်းလဲမှုကို သိနိုင်နေတာ တော်တော်ကိုအလုပ်မဟုတ်ဘူး။

Maybe ဒီလိုအတင်း Complain တက်နေဖြစ်တာက S20+ မတိုင်ခင် တူညီတဲ့ QHD+ Resolution မှာပဲ 60Hz နဲ့ 90Hz ကို မတရားခုန်ဆင်း၊ ခုန်တက်နေတဲ့ Pixel 4 XL သုံးဖြစ်တာကြောင့်လည်းဖြစ်နိုင်တယ်။ ဒါပေမယ့် Pixel 4 XL က In-App အတွင်းမှာတင် Subtle အဖြစ်ဆုံးပြောင်းလဲနေတော့ ဒါက 60Hz ဖြစ်နေတာလား၊ 90Hz ဖြစ်သွားတာလား ခန့်မှန်းနေရတဲ့အချိန်မှာ S20+ က လုံးဝ Software Implantation မနိုင်ပဲ 120Hz ဖြစ်ပြီးရော ဆိုပြီး အတင်းထည့်တာနဲ့သွားတူနေတယ်။

အဲ့တော့ Galaxy S20+ ထက် Display ကိုပဲ Samsung Flagship ဖုန်းဖြစ်နေတာပဲ၊ ကောင်းမှာပဲဆိုပြီး စဥ်းစားနေရင် ပို Refine လုပ်လာသင့်တဲ့ Note 20+ ကိုပဲ စောင့်တာပိုကောင်းမယ်။ ဒါမှမဟုတ် အဲ့ဒီအချိန်မှာ S20+ ကို Software Update လုပ်လာမလားတော့ မပြောတတ်။

နောက်ထပ် အဓိက Factor တစ်ခုကို ဆက်သွားတာပေါ့။

Camera



Galaxy S20 Ultra ရှိနေတဲ့အချိန်မှာ ပြောရရင် S20+ ရဲ့ Camera က Refinement တစ်ခုဆိုတာထက် ဘာမှမပိုပါဘူး။ ပြောရရင် Same Formula သုံးထားပြီး Dual Aperture လို Gimmick ကို ဖြုတ်ထားတဲ့ 12MP Primary Sensor အတွက်ကတော့ Refinement ဆိုတာ အသုံးသင့်ဆုံးစကားလုံးပါ။ Details ပိုကောင်းလာတယ်၊ မျက်နှာကို Soften လုပ်နေတုန်းပဲ၊ Color နည်းနည်း Accurate ပိုဖြစ်လာတယ်၊ Dynamic Range က ကောင်းတယ်ဆိုပေမယ့် ထုံးစံအတိုင်း ပုံမှန်ထက်ပိုလင်းနေတယ်လို့ ထင်နေတုန်းပဲ။ ပြီးတော့ S10 တုန်းက Night Mode ကို Bixby က Scene Recognition အစား သီးသန့် ပိုကောင်းတဲ့ Mode တစ်ခုအနေနဲ့ iPhone တွေလို အချိန် ၁၀ စက္ကန့်လောက်ထိရိုက်လို့ရလာတယ် – Quality ကတော့ Samsung အနေနဲ့ တော်တော်လေးကို Improve ဖြစ်လာတယ်ဆိုပေမယ့် အရမ်းအားရတဲ့အဆင့်တော့မရောက်သေး။

12MP Primary Sensor – Colors are Quite Good
ပိုကြိုက်မိလာတာက Ultrawide Camera တော်တော်လေးကို ပိုပြီးအဆင်ပြေလာတယ် – Primary Sensor ထက်တောင် သိသိသာသာ Bixby ကို ပိတ်ထားရင် Over Saturated ဖြစ်နေတာမျိုး နည်းသွားတယ်။ Night Photo တွေမှာတော့ ထုံးစံအတိုင်း ကောင်းတယ်ပြောဖို့ခက်တုန်းပဲ။

 မကြိုက်တာ နံပါတ်ပိုများရင်ပြီးရော ဆိုတဲ့အတွေးကလွဲရင် ဘာစိတ်ကူးနဲ့ထည့်မှန်းမသိတဲ့ 64MP Primary မကျတကျ Sensor – ဖြစ်နိုင်တာက 8K Video အတွက်သုံးတာဆိုတာကလွဲရင် Crop လုပ်ချတဲ့ 3x Zoom ဓါတ်ပုံက 2x Optical Zoom ပါတဲ့ဖုန်းကို 3x Digital တိုးသုံးတာလောက်ကို အဆင်မပြေ၊ ပြီးတော့ 20x နဲ့ 30x က 10x ကွာရမယ့်အစား တူတူနီးပါးဖြစ်နေတာကြီးက နားလည်ရခက်တယ် :3

S20+ ဖြစ်နေတော့ ToF DepthVision Camera ပါလာတယ် – ဒီ AR Emoji တွေ၊ Sticker တွေကတော့ ထည့်မပြောချင်ပေမယ့် AR Measure လိုမျိုး တိုင်းတာတဲ့နေရာတွေမှာ တော်တော်လေးကို မြန်တယ်၊ ပိုတိကျတယ် – အမြဲတမ်းလိုတဲ့ Feature တော့မဟုတ်ပေမယ့် ဒီ DepthVision Sensor ပါလာတာက Pixel 3 မှာ Google Measure App ထည့်သုံးနေတာထက် အများကြီးပိုမြန်ပြီး ပိုတိကျတယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။

အဲ့တော့ Maybe Samsung အတွက်ကတော့ ဒီ S20+ က နောက်ဆုံးသော 12MP Sensor ကို Refine လုပ်ထားတဲ့ဖုန်းဖြစ်လာနိုင်ပါတယ်။ Dual Aperture ကို ဖြုတ်လိုက်တာက ပို Consistent ဖြစ်ပြီး Natural ဘက်ပိုသွားတဲ့ ဓါတ်ပုံတွေရလာတယ်၊ အထူးသဖြင့် ပိုကောင်းတဲ့ Night Mode ကိုရိုက်လို့ရတာက Flagship Level တစ်ခုအနေနဲ့ရပ်တည်နိုင်တယ်။ တကယ်လို့ Samsung ကနေ မနှစ်တုန်းက S10e လိုမျိုး S20e ကို ဒီ Primary Sensor ၊ ဒီ Ultrawide Sensor ၂ လုံးထဲနဲ့ Dual Camera နဲ့ ထုတ်လာမယ်ဆိုရင် အကောင်းဆုံး Camera ပါတဲ့ Compact Flagship ဖုန်းလို့တောင် ပြောမိဖို့များတယ်။

12MP Primary Sensor

64MP Mode – 64MP Sensor
ဒါပေမယ့် အခုပြောနေတာ S20+ ဆိုတော့ 64MP Sensor က Primary Sensor ကောင်းတာကို လိုက်ဖျက်နေတယ်ဆိုတာထက် ပြောစရာမရှိဖြစ်သွားတယ်။ နံပါတ်အရသာ ပိုကြီးတယ်၊ Camera မှာလည်း 64MP Mode ဆိုပြီးထည့်ထားပေမယ့် File Size ကြီးတာကလွဲရင် ပုံမှန် 12MP Primary Sensor ထက် Details ၊ Dynamic Range ၊ Color တွေအကုန်ပိုစုတ်နေတော့ 8K လို Gimmick အတွက်နဲ့ Telephoto အယောင်ဆောင် Sensor အစုတ်ထည့်ပေးသလိုဖြစ်တာကြီးကတော့ Camera ပိုင်းမှာ အဆိုးဆုံးအချက်တစ်ခုဖြစ်သွားတယ်။

ဒါနဲ့ Single Take လို Feature ကြတော့ Maybe သူငယ်ချင်းတွေနဲ့အားတိုင်းရိုက်ဖြစ်နေတာမဟုတ်ရင်တော့ Gimmick ဖြစ်ဖို့က ပိုပြီး Chance များပါတယ်။

Video ပိုင်းကတော့ ကောင်းတယ်၊ 8K လည်းရိုက်လို့ရတယ်၊ Dynamic Range လည်း Android ဖုန်းတွေထဲမှာ တော်တော်ကောင်းတယ်ဆိုပေမယ့် ဖုန်းနဲ့ Video ရိုက်မယ်ဆိုရင်တော့ iPhone ကိုပဲရွေးတာပိုမှန်ဦးမှာပါ။

နောက်ဆုံး Controversial အဖြစ်ဆုံးကိစ္စ – 

Performance

ဒီကိုဝင်တဲ့ဖုန်းတွေက Exynos 990 5G မပါတဲ့ Chipset တွေကိုပဲသုံးထားတယ်။ ပြောရရင် Antutu Benchmark လိုမျိုး Benchmark တွေယှဥ်မ Run သလို ထည့်လည်းထည့်မသုံးတော့ ကျိန်းသေပြောနိုင်တာတစ်ခုက Exynos ဖြစ်နေပေမယ့် Daily သုံးလို့အဆင်ပြေနေတယ်။ ပြောရရင် Game ပိုင်း၊ Web Browsing ၊ Camera ဒါတွေအကုန်လုံးနီးပါးမှာ Flagship ဖုန်းတစ်လုံးဖြစ်နေဆဲပဲလို့ ပြောနိုင်တဲ့ Performance တစ်ခုရှိနေတယ်။

တစ်ဖက်ကပြောရင်တော့ ဒါက Exynos 990 နဲ့ SD865 S20+ ၂ လုံးကို ယှဥ်မသုံးဖြစ်တာကြောင့်ပိုဖြစ်နိုင်တယ်။ ပြီးတော့ သုံးထားတဲ့ UI မတူတဲ့ SD865 ပါတဲ့ဖုန်းနဲ့ကြတော့လည်း တိုက်ရိုက်မယှဥ်ဖြစ်၊ မယှဥ်သင့်တာကြောင့်လည်းဖြစ်လိမ့်မယ်။ ဒါပေမယ့် ကျိန်းသေပြောနိုင်တာတစ်ခုက မနှစ်တုန်းက S10+ ၊ Note 10 ဖုန်းတွေသုံးဖြစ်သလိုမျိုးပဲ ဒီ S20+ မှာလည်း Performance ပိုင်းမှာ ဆိုးဆိုးရွားရွား ဒီစျေးမှာ မဖြစ်သင့်တဲ့ Lag တာတွေ၊ Hang တာတွေမရှိနေဘူး။ အဲ့တော့ ကျိန်းသေ Benchmark ယှဥ်နေတာမျိုး၊ Side by Side ယှဥ်တာမျိုးကလွဲရင် မသိနိုင်တဲ့ကိစ္စတစ်ခုဆိုတာ အမှန်ဆုံးဝန်ခံချက်ဖြစ်ပါလိမ့်မယ်။

Heat ကတော့ Mobile Data နဲ့ GPS သုံးနေတာမျိုး၊ ဒါမှမဟုတ် Game တော်တော်ကြာကြာဆော့နေတာမျိုးဆိုရင်တော့ နည်းနည်းသိသာလာတယ်။ ဒါပေမယ့် မသုံးနိုင်လောက်အောင်ဆိုးနေတာမျိုးမဟုတ်ဘူး။ တစ်ခုရှိတာက QHD+ ထက် 120Hz မှာ သိသိသာသာကို ပို Heat ရှိတယ်၊ Heat တက်တာလည်းပိုမြန်တယ်။

အဲ့တော့ Maybe Snapdragon Version က ပိုသာလိမ့်မယ်… But We don’t really have a choice in this country?

Battery

Battery ပိုင်းကတော့ ပြောရခက်တယ် – S20+ မှာ အသုံးအများဆုံးက QHD+ 60Hz နဲ့ပဲသုံးဖြစ်တာပိုများတယ်။ High Refresh Rate ကို Prefer ဖြစ်တယ်ဆိုပေမယ့် Extra Resolution ကို အမြဲတမ်းလိုလို ပိုသုံးဖြစ်နေတာများတာကြောင့် – ပြီးတော့ Setting ထဲအမြဲဝင်ပြောင်းလိုက်၊ သုံးနေတဲ့ App ကို ပြန်ထွက်ပြီး ပြန်ဝင်လိုက်မလုပ်ချင်တာကြောင့်။

အဲ့တော့ QHD+ 60Hz မှာ OST က Average ၆ နာရီကနေ ၇ နာရီဝန်းကျင်လောက်အထိရတယ်၊ ဒါပေမယ့် FHD+ 120Hz မှာကြတော့ ၆ နာရီ Average – တခါတလေ Wi-Fi အစား Mobile Data ကိုဆင်းမယ်ဆိုရင် ၆ နာရီအောက်အထိကို ရောက်သွားတာမျိုးရှိတယ်။ FHD+ 60Hz ကတော့ အဓိပ္ပါယ်မရှိတဲ့ Option ဖြစ်သွားပြီ။

ပြောရရင် QHD+ မှာ S20+ ရဲ့ 4500mAh Battery က အရင်တုန်းက Samsung S10+/Note 10 ဖုန်းတွေ FHD+ ဆင်းသုံးတာလောက်ကို အသုံးခံလာတယ်။ အဲ့တော့ ကိုယ်က Battery အားကြာကြာခံချင်ပြီး Video ပဲကြည့်ဖြစ်တာပိုများတယ်ဆိုရင်တော့ QHD+ က ပိုရွေးသင့်တဲ့ Option ဖြစ်လိမ့်မယ်။

အားသွင်းတာကတော့ Samsung ကနေ 25W Charger မပေး – ဘာ Charger မှမပေးတော့ ပုံမှန် 18W နဲ့ကတော့ ၂ နာရီနီးပါးကြာတယ်။ ဒါပေယ့် 25W နဲ့ဆိုရင်တော့ ၁ နာရီ ၁၅ မိနစ်လောက်နဲ့ အားပြည့်လိမ့်မယ် (ဒါက နောက်မှအသိတစ်ယောက်ဖုန်းနဲ့စမ်းဖြစ်တာ)

Battery ပိုင်းကတော့ S20+ က အားရဖို့ကောင်းတယ်မဟုတ်ရင်တောင် အရင် Samsung ဖုန်းတွေ၊ အထူးသဖြင့် Note 10 လိုဖုန်းကနေဆိုရင် သိသိသာသာကို ပိုကောင်းလာတယ်။ တစ်ရက်ကောင်းကောင်းသုံးလို့ရလာတယ်။

Messed up Charging
တစ်ခုက USB-PD or 15W & Above အတွက် Fast Charging ၊ 25W အတွက် Super Fast Charging နဲ့ Fast Wireless Charging ဆိုပြီး Battery Option ကို ဘာက ဘာအတွက်ဆိုပြီး မရှင်းပြထားပဲ Enable/Disable လုပ်နိုင်တဲ့ Option ထားတာကတော့ သိပ်မမိုက်။ ပြီးတော့ Adaptive Battery ပုံစံ Usage Learning လုပ်တာ ၄၈ နာရီလောက်ကြာပေမယ့် Learning လုပ်ပြီးတဲ့အချိန်ကြတော့ ဘယ် App က Battery စားနေတယ်ဆိုတာကလွဲရင် ဘာမှ Adaptive Battery Saving မလုပ်နိုင်တာကိုလည်း အားမရ။

ကျန်တာဘာရှိမလဲ….

အမှန်အတိုင်းပြောရရင် Speaker Quality ကို အားမရပါဘူး။ S10 တုန်းက တော်တော်လေးကောင်းခဲ့တယ်၊ အခု S20+ မှာလည်း ပိုကောင်းလာတယ်ဆိုပေမယ့် Mi 10 လိုဖုန်းမျိုးနဲ့ယှဥ်ရင် အားမရတဲ့အဆင့်တစ်ခုကို ဆင်းတယ်။ Samsung အနေနဲ့ Refine လုပ်ရုံပဲဆိုပေမယ့် ဒီထက်ပိုပြီးကောင်းလာသင့်တယ်လို့မြင်မိတယ်။

Software ကတော့ OneUI 2.1 က Android 10 Gesture တွေဖြစ်လာတယ် – Daily သုံးနိုင်တဲ့ UI တစ်ခုဆိုပေမယ့် Icon Design တွေကိုတော့ အခုထက်ပို Subtle ဖြစ်လာသင့်တယ်လို့ မြင်မိ။ ဘာပဲဖြစ်ဖြစ် သုံးဖြစ်တဲ့အချိန်မှာတော့ Bugs တွေ၊ နှေးသွားတာမျိုးတွေမရှိဘူး သုံးရတာအဆင်ပြေတယ်။ Curved လည်းမဖြစ်တော့တဲ့အချိန်မှာ ဖြုတ်သင့်နေပြီလို့ပြောရမယ့် Edge Display ကြီးကို ဆက်ထည့်ထားတာကိုတော့ သိပ်နားမလည်။


Software ပိုင်းမှာ OneUI ထက်ပိုပြီး သိချင်မိတဲ့တစ်ခုက Samsung တစ်ယောက် Microsoft နဲ့ Integration ဘယ်လောက်ထိရှိနေသလဲဆိုတာပါ။ ပုံမှန်ဖုန်းမှာ Your Phone App ရှိမှ Windows PC နဲ့ ချိတ်လို့ရပေမယ့် S20+ မှာ လုံးဝ System Noti Bar မှာကိုက Link to Windows ဆိုပြီးပါနေတယ်။ ပုံမှန် Your Phone ထက် Feature တွေလည်း ပိုလုပ်နိုင်တယ်ဆိုပေမယ့် တကယ်လို့ မသုံးချင်၊ မလိုချင်တဲ့သူရှိတယ်ဆိုရင် ဒီ Feature က လုံးဝဖြုတ်မရတဲ့ System Feature ကြီးဖြစ်နေတယ်။

ပြီးတော့ Google Photos Auto Backup က ဒီ S20+ မှာ အရင်တုန်းက Samsung Flagship တွေလို Background Sync က ကောင်းကောင်းအလုပ်မလုပ်ဘူး။ ပြီးတော့ Default Gallery App မှာ OneDrive နဲ့ချိတ်ပြီး Samsung Account ထဲမှာ Sync နေတာကနေ လုံးဝအကုန်လုံးကို OneDrive နဲ့ Sync ဖို့အထိ Connect လုပ်လို့ရနေတယ်။ ဒါက တကယ်လို့ OneDrive Sync မပါတဲ့ Samsung Mid Range ဖုန်းမှာဆိုရင်ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာက နည်းနည်းတွေးစရာဖြစ်လာတယ်။ Microsoft ရဲ့ Link to Windows/Your Phone ၊ MS 365 တွေကိုသုံးနေတဲ့သူတစ်ယောက်ဖြစ်နေပေမယ့် ဓါတ်ပုံတွေကို Sync ဖို့က OneDrive App က သာမန် Gallery App တွေကိုတောင် မမှီတော့ ဒီ Samsung နဲ့ Microsoft တို့ Cooperation ကြီးက ဘယ်လောက်အထိသွားမလဲဆိုတာကို တွေးမိပြီး သိပ်မကြိုက်သလို ဖြစ်မိလာတယ်။

Galaxy S20+ ဘက်ပြန်သွားရမယ်ဆိုရင် In-display Fingerprint Sensor တိုးတက်မှုမရှိ၊ Haptics ကတော့ နည်းနည်းလေး မသိမသာပိုကောင်းလာတယ်။ Headphone Audio ကတော့ USB-C Earphone မရှိတော့တဲ့အတွက် နားမထောင်ဖြစ်။


အဲ့တော့ အဆုံးသတ်ကြတာပေါ့။

Samsung Galaxy S20+ က S10 Series ကနေ S20 Series ဆိုပြီး ခုန်ကျော်ခဲ့ပေမယ့် တကယ်တမ်းကြတော့ S7 ကနေ S8 ၊ S8 ကနေ S9 ကိုရောက်လာသလိုမျိုးပဲ S10+ ကနေ ပိုကောင်းသလား၊ ပိုဆိုးသလားမသေချာတဲ့ Camera Design ပြောင်းလဲမှုတစ်ခုနဲ့ပဲ Refined လုပ်လာတဲ့ ထပ်တလဲလဲ Galaxy S Series ဖုန်းတစ်လုံးပါ။

Maybe Samsung အနေနဲ့ ဒီထက်ပိုပြီး Generation တစ်ခုမှာ Refined ဆိုတာထက် Leap မလုပ်သင့်ဘူးလို့ ယူဆတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျိန်းသေတာတစ်ခုက Galaxy S20+ က ပျင်းဖို့အကောင်းဆုံး သုံးရတာကောင်းတဲ့ Flagship ဖုန်းဆိုတာကလွဲပြီး ပြောစရာစကားလည်းမရှိပါဘူး။ Display ၊ Camera ၊ Design ၊ Battery လိုမျိုး Overall အကုန်လုံးခြုံကြည့်ရင် တခြားဖုန်းတွေထက်တောင် ပိုရွေးသင့်တဲ့ထဲပါတယ် – ဒါပေမယ့် တစ်ခုချင်းစီမှာ ပိုကောင်းမလားလုပ်မိတဲ့ Feature အသစ်တွေက Gimmick တွေ၊ ပိုကောင်းသင့်တဲ့အစား ပိုဆိုးတာတွေဖြစ်နေတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာ Overall ဆိုတာကြီးနဲ့ ချိန်ထိုးရင် သူ့ထက်ပိုရွေးသင့်တဲ့ Flagship ဖုန်းဆိုတာက Brand နဲ့ ရမယ့် Warranty လို Extra Service တွေ၊ Google Apps, Service အပြင် Link to Windows လိုမျိုး တကယ် Windows Laptop တစ်လုံးနဲ့အလုပ်လုပ်နေတဲ့သူတွေအတွက် အသုံးဝင်တဲ့ Feature တွေ၊ Galaxy Buds+ ကစပြီး Gear Smartwatch ၊ TV ကနေ အသုံးအဆောင်အကုန်လုံးအထိ ပစ်ဝင်လို့ရတဲ့ Ecosystem တစ်ခု – ဒါတွေက Galaxy S20+ ကို မတန်ဘူးဆိုပြီး ပြောဖို့တော်တော်ကို ခက်သွားတယ်။ Yes – Snapdragon မဖြစ်တာတွေ၊ 5G မပါတာတွေထည့်တွက်ရင်တောင်ပါ။

ဒါပေမယ့် ဒီနှစ် Mi 10 Pro လိုမျိုး၊ OnePlus 8 Pro လိုမျိုးဖုန်းတွေရှိလာတယ် – အထူးသဖြင့် Samsung ရဲ့ ပြောနေကြ Overall တို့၊ All-Rounder ဆိုတာတွေထက် ဖုန်းအနေနဲ့ ယှဥ်မယ်၊ Feature တစ်ခုချင်းအနေနဲ့ ယှဥ်မယ်ဆိုရင် ယှဥ်နိုင်တာထက် ပိုသာလာတဲ့ဖုန်းတွေရှိလာတဲ့အချိန်မှာ တကယ်ကို Samsung ကို နောက်နှစ် Galaxy S21+ မှာ Refine ဆက်လုပ်နေမယ်ဆိုရင်တော့ ဆက်ပြီးတောင် ညွှန်းဖို့တော်တော်ခက်သွားလိမ့်မယ်။ Samsung S Series ဖုန်းဆိုပြီး တစ်ခုခုနဲ့ ပြန်ပြီး တခြားသူလိုက်မမှီအောင်လုပ်ဖို့က လိုအပ်နေပါပြီ။

So, that it is.


(မူလ ေရးသားတင္ဆက္ေသာ Tech Gadget Myanmar စာမ်က္ႏွာအား TechGadgetMM တြင္ လင့္ခ္ခ်ိတ္ထားတယ္ေနာ္)

Sunday, April 19, 2020

ကိုဗစ်ကာလမှာ အလုပ်ခွင်ပြန်ဝင်ရမယ့်သူတွေ ဂရုစိုက်နိုင်စေဖို့


ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားတဲ့ COVID_19 ဟာ ကူးစက်မှုမြန်ဆန်စွာနဲ့ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နေပါတယ်။ ရောဂါဖြစ်သူတွေမှာ နေပြန်ကောင်းလာသူတွေရှိသလို သေဆုံးသူတွေလည်းရှိနေပါတယ်။ ဒီပြင်းထန်းလှတဲ့ရောဂါအတွက် ကာကွယ်ဆေးက စမ်းသပ်နေဆဲဖြစ်သလို ကုသနိုင်တဲ့ဆေးရယ်လို့လည်း တိတိကျကျ ရှိမနေပါဘူး။

ဒီတော့ အကောင်းဆုံးနည်းလမ်းက “ Prevention is Better than Cure” (ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တယ်) ဆိုတဲ့စကားအတိုင်း မဖြစ်ခင်က ကြိုတင်ကာကွယ်တာပါပဲ။ ကာလရှည် ပိတ်ရက်နဲ့ Work from Home ကာလတွေပြီးလို့ မဖြစ်မနေ ရုံးပြန်တက်ရတော့မယ်။ ကိုယ်တိုင်လည်း ရောဂါ ကူးစက်ခံရမှာ စိုးရိမ်တယ် မိသားစုကိုလည်း ကိုယ့်ကြောင့် ရောဂါမကူးစက်စေချင်ဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေအတိုင်း ကိုဗစ်ကို ကာကွယ်လိုက်ပါ။

ကိုဗစ်ကာလမှာ အလုပ်ခွင် ပြန်ဝင်ရမယ့်သူလေးတွေ လိုက်နာဖို့လိုမယ့် အချက်တွေက ဘာတွေများလဲ……….
အလုပ်သွားတဲ့အခါ သတိထားလုပ်ဆောင်ရမှာတွေက

အလုပ်ခွင်ရောက်တာနဲ့ လက်ဆေးပါ

အလုပ်ခွင်ကို ရောက်ပြီဆိုတာနဲ့ ဘာကိုမှ ကိုင်တွယ်ထိတေါ့မှုမပြုခင် လက်ဆေးဘေစင်ဆီကို အရင်သွားလို့ ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ သေချာလေး လက်ဆေးပါ။ ပြီးမှ အလုပ်စားပွဲကို ကိုယ်တွယ်ထိတွေ့တာမျိုးလုပ်ပါ။

ကိုင်ဆောင်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ပါ

စပရေးဗူးတစ်ခုထဲကို အရက်ပြန် ဒါမှမဟုတ် အစွန်းချွတ်ဆေးကို အရည်ဖျော်လို့ထည့်ထားပြီး ကိုင်ဆောင်လာတဲ့ ပစ္စည်းတွေကို ပိုးသတ် သန့်စင်ပါ။

အလုပ်စားပွဲကို ပိုးသတ်ပါ

အလုပ်စားပွဲကိုလည်း ပိုးသတ်ဖို့မမေ့ပါနဲ့။ အရက်ပြန် ဂွမ်းစကို သုံးလို့ရသလို Dettol လိုမျိုး ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ဆေးရည်နဲ့ ရေကိုရောစပ်လို့ အဝတ်စသန့်သန့်နဲ့ တိုက်ပေးလို့လည်းရပါတယ်။ လက်ပ်တော့ နဲ့ ဖုန်းတွေကိုပါ သန့်စင်ပါ။

သန့်စင်မှုတွေပြီးတိုင်း လက်ဆေးပါ

ဒီလိုမျိုး ပိုးသတ်သန့်စင်မှုတွေ လုပ်ပြီးတိုင်းမှာ လက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး သေချာ စွာ သန့်စင်ဆေးကြောပါ။

ကော်ဖီခွက်၊ ရေခွက်တွေကို သီးခြားထားပါ

အလုပ်ခွင်မှာ အသုံးပြုတဲ့ ကော်ဖီခွက်ရေခွက်တွေကို အခြားသူတွေရဲ့ ကော်ဖီခွက်တွေ ရေခွက်တွေနဲ့ ရောမထားပါနဲ့။ သီးသန့်ထားပါ။ မလွယ်ကူဘူးဆိုရင် အသုံးပြုခါနီးတိုင်း ရေနဲ့ဆပ်ပြာအသုံးပြုဆေး​ကြောပြီးမှ သောက်ပါ။ ခွက်တွေကို လုပ်ဖော်ကိုင်ဖက်အချင်းချင်း မျှဝေသုံးစွဲတာမျိုး မလုပ်ပါနဲ့။

ရေများများသောက်ပါ

အလုပ်များနေသည့်တိုင် ကျန်းမာရေးအတွက် အရေးကြီးတဲ့ ရေဓာတ် လိုအပ်ချက်ကို ပြည့်ဝအောင် ဖြည့်ပါ။ ရေခဏခဏ ထသောက်ရမှာ အဆင်မပြေဘူးဆိုရင် ရေဗူးနဲ့ထည့်ထားပြီး သောက်ပါ။

လက်ဆွဲနှုတ်ဆက်မှုကို ရှောင်ပါ

အလုပ်ခွင်မှာ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးမှုအရ နှုတ်ဆက်တဲ့အခါမျိုးမှာ လက်ဆွဲနှုတ်ဆက်တာမျိုး မလုပ်ပါနဲ့။ ရောဂါပိုးတွေ ကူးစက်နိုင်ခြေ များတဲ့ အပြုအမူတစ်ရပ်ဖြစ်နေတာကြောင့်ပါ။ ဒါကြောင့် လက်ဆွဲနှုတ်ဆက်မှုအစား အခြားနည်းလမ်းတွေဖြစ်တဲ့ လက်အုပ်ချီပြီး နှုတ်ဆက်တာမျိုး၊ ပြုံးပြနှုတ်ဆက်တာမျိုး၊ ခေါင်းညိတ် အသိအမှတ်ပြုတာမျိုးတွေကို အစားထိုး အသုံးပြုပါ။ Good Morning ပါလို့ အော်ပြီး နှုတ်ဆက်ရင်တောင် အဆင်ပြေပါတယ်နော်။

အစားမစားခင် လက်ဆေးပါ

နေ့လယ်စားစားတော့မယ်ဆိုရင် ထမင်းဗူးဆိုရင်တော့ ထမင်းဗူးရဲ့ အပြင်ဘက်ကို ရေနဲ့ဆပ်ပြာအသုံးပြုဆေးကြောလို့ တစ်သျှူးနဲ့ ခြောက်အောင်သုတ်ပါ။ ထမင်းဗူးကို အိတ်နဲ့ထည့်လာတာဆိုရင်တော့ လက်ကို သေချာဆေးပြီး ထုတ်လိုက်ရုံပါ။ wet tissue အသုံးပြုပြီး ထမင်းဗူးအပြင်ဘက်ကို သန့်စင်ပေးလို့လည်းရပါတယ်။ ဇွန်းနဲ့ထည့်စားမယ့် ပန်းကန်၊ လက်တွေကို ဆပ်ပြာနဲ့ရေအသုံးပြုလို့ သေချာစွာဆေးကြောပြီးမှာ သုံးဆောင်ပါ။

အချိုရည်ဗူးတွေ

အချိုရည်သောက်တတ်တယ်ဆိုရင်တော့ အချိုရည်ဗူးကို မသောက်ခင်မှာ ရေနဲ့ဆပ်ပြာ အသုံးပြုဆေးကြောပြီး တစ်သျှူးနဲ့ ခြောက်အောင် သုတ်ပြီးမှ သောက်သုံးပါ။

လူစုလူဝေးကိုရှောင်ပါ

အစည်းအဝေးခန်းမှာတောင် ဖြစ်နိုင်ရင် တစ်ယောက်နဲ့ တစ်ယောက် ၃ ပေခွာပြီး နေပါ။ လူစုလူဝေးဖြစ်နေတဲ့နေရာတွေကို မသွားဘဲ ရှောင်ပါ။ အလုပ်ခွင်ထဲမှာ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်မနေကြပါနဲ့။

မျက်နှာကို လက်နဲ့မကိုင်ပါနဲ့

COVID_19 ဗိုင်းရပ်စ်က မျက်နှာပြင်တွေအပေါ်မှာ ၇၂ နာရီကြာ ရှင်သန်နေနိုင်တာကြောင့် ဖုန်းတွေ၊ လက်ပ်တော့ကီးဘုတ်တေါနဲ့ အခြားသောအသုံးအဆောင်တွေကို ကိုင်တွယ်ဖိတွေ့ပြီး မျက်နှာကို ကိုင်တွယ်ထိတွေ့တာက တော်တော်လေး အန္တရာယ်များပါတယ်။ဒါကြောင့် မျက်နှာကို လက်နဲ့ ထိတွေ့မှုမဖြစ်အောင် ဂရုစိုက်ပါ။

နှာချေ၊ချောင်းဆိုးတဲ့အခါ သတိထားပါ

နှာချေ၊ချောင်းဆိုးတဲ့အခါ နှာခေါင်း နဲ့ ပါးစပ်ကို တစ်သျှူးစနဲ့အုပ်ထားပြီး ဆိုးပါ။ ပြီးတာနဲ့ တစ်သျှူးစကို အမှိုက်ပုံးထဲ သေချာစွာ စွန့်ပစ်ပါ။ တစ်သျှူး အလွယ်တကူမရှိတဲ့အခါ တံတောင်ကွေးထဲကို ချေလို့ ရပါတယ်။

နှာခေါင်းစည်းသုံးပါ

အလုပ်ကြောင့် မဖြစ်မနေလူထူတဲ့နေရာကို သွားရမယ် ဒါမှမဟုတ် ရုံးဆင်းရုံးတက်ကို အများပြည်သူသုံး သယ်ယူပို့ဆာင်ရေးစနစ်ကို သုံးတဲ့အခါမျိုးမှာ နှာခေါင်းစည်းကို သေချာစွာတပ်ဆင်ရပါမယ်။

အိမ်ထဲမဝင်ခင် ပိုးသတ်ပါ!
အလုပ်ကနေ အိမ်ပြန်လာတဲ့အခါ ကိုယ့်ကြောင့် မိသားစုဝင်တွေကို ရောဂါပိုး ကူးစက်တာမျိုး မဖြစ်စေဖို့ဆိုရင်

ဘာကိုမှ မထိပါနဲ့ – အိမ်ကိုပြန်ရောက်ရောက်ချင်းမှာ ဘာကိုမှ မထိမိစေဖို့ သတိထားပါ။ အကြောင်းက လက်အပါအဝင် တစ်ကိုယ်လုံးမှာ ရောဂါပိုးတွေ ကပ်ပါလာနိုင်တာကြောင့်ပါ။ လက်ကို အရင်ဆေးဖို့ လုပ်ပါ။

ဖိနပ်ကို အိမ်အပြင်ဘက်မှာ ချွတ်ပါ – ဖိနပ်က နေရာအနှံ့ကို နင်းထားတာကြောင့် COVID_19 အပါအဝင် အမျိုးမျိုးသော ရောဂါတွေ ကပ်ပါလာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဖိနပ်ကို အိမ်ခန်းအပြင်ဘက်မှာ ချွတ်ပါ။

အိတ်တွေကို အဝင်ဝမှာ ခဏလောက်ထားပေးပါ – ရုံးသွားတဲ့အခါ ယူဆောင်သွားတဲ့ အိတ်တွေ နဲ့ ထမင်းချိုင့်စတဲ့ အသုံးအဆောင်တွေကို အဝင်ဝမှာ ခြင်းတစ်လုံးထားလို့ ခဏ စုထည့်ထားပေးပါ။ ကားသော့၊ ပိုက်ဆံအိတ်ပါမကျန်ပေါ့။ နာရီဝက်လောက် ဖြစ်ဖြစ်ပေါ့။ ပြီးရင်တော့ ရေမလိုလက်သန့်ဆေးလို အရာနဲ့ ပိုးသတ်ပြီးမှ အထဲကို ယူဖို့လုပ်ပါ။ အရက်ပြန်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

လက်ကိုင်ဖုန်းကို သန့်စင်ပါ – တစ်နေ့တာမှာ ထိတွေ့ထားတဲ့ ဖုန်းကိုလည်း သန့်စင်ဖို့ မမေ့ပါနဲ့။ လက်ပ်တော့ကိုရောပေါ့။ သန့်စင်ဆေးရည်နဲ့ သေချာလေး သန့်စင်ပေးပါ။ မျက်မှန်ကို သန့်စင်ဖို့လည်း မမေ့ပါနဲ့။

လက်ဆေးပါ – အပြင်ကပြန်လာတိုင်း ဘာကိုမှ ကိုင်တွယ်ထိတွေ့တာမျိုးမလုပ်ပါနဲ့ဦး။ ကိုယ့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေး တွေကိုတောင် မထိတွေ့ပါနဲ့ဦး။ လက်ကို ရေနဲ့ ဆပ်ပြာသုံးလို့ စက္ကန့် ၂၀ ကြာ သေချာလေး ဆေးကြောပါ။

အဝတ်အစား ချက်ချင်းလဲပါ – အဝတ်အစားတွေမှာလည်း ရောဂါပိုးတွေ ကပ်ညှိလာနိုင်ပါတယ်။ ဒါကြောင့် အိမ်ရောက်ပြီဆိုတာနဲ့ ရေချိုးပြီး အဝတ်အစားကိုလဲဖို့လည်း ချက်ချင်းဆိုသလို လုပ်သင့်ပါတယ်။ ဖြစ်နိုင်ရင် ချွတ်လိုက်တဲ့ အဝတ်အစားကို ချက်ချင်း ဆပ်ပြာရည်စိမ်လိုက်ပါ။

နှာခေါင်းစည်းတွေ လက်အိတ်တွေကို သေချာစွန့်ပစ်ပါ – အများသုံး သယ်ယူဖို့ဆောင်ရေး စနစ်ကို အသုံးပြုနေရတယ်၊ ရောဂါပိုးတွေ ကူးစက်မှာစိုးလို့ ကာကွယ်တဲ့အနေနဲ့ နှာခေါင်းစည်းတပ်တယ်၊ လက်အိတ်တွေ သုံးတယ်ဆိုရင်တော့ အိမ်ထဲကို မဝင်ခင်မှာ အမှိုက်ပုံးထဲကို သေချာလေး စွန့်ပစ်ပါ။

တစ်ကိုယ်ရေသန့်ရှင်းရေးသုံး ပစ္စည်းတွေကို သီးသန့်ခွဲထားပါ

သွားပွတ်တံ၊ တဘက်ကစလို့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အသုံးပြုတဲ့ ပစ္စည်းတွေကို သီးခြား ခွဲထားပေးပါ။ အခြားမိသားစုဝင်တွေရဲ့ ပစ္စည်းတွေနဲ့ ရောမထားပါနဲ့။

ဒီအချက်တွေအပြင် အာဟာရပြည့်ဝအောင်စားမယ်၊ တစ်ကိုယ်ရေ သန့်ရှင်းရေးဂရုစိုက်မယ်၊ သွားလေရာကို ရေမလိုလက်သန့်ဆေးရည်ယူသွားလို့ လိုအပ်တဲ့အခါတိုင်း လက်ကို သန့်စင်မယ်၊ အိပ်ရေးဝဝအိပ်မယ်၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်မယ်ဆိုရင် ကိုဗစ်ကို ထိုက်သင့်သလောက် ကာကွယ်နိုင်မှာပါ။

Org. တင္ဆက္သူ - Hello ဆရာ၀န္

(Zawgyi)

ကိုဗစ္ကာလမွာ အလုပ္ခြင္ျပန္ဝင္ရမယ့္သူေတြ ဂ႐ုစိုက္ႏိုင္ေစဖို႔


ေရးသားသူ Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ထားတဲ့ COVID_19 ဟာ ကူးစက္မႈျမန္ဆန္စြာနဲ႔ လူတစ္ဦးကေန တစ္ဦးကို ကူးစက္ေနပါတယ္။ ေရာဂါျဖစ္သူေတြမွာ ေနျပန္ေကာင္းလာသူေတြရွိသလို ေသဆုံးသူေတြလည္းရွိေနပါတယ္။ ဒီျပင္းထန္းလွတဲ့ေရာဂါအတြက္ ကာကြယ္ေဆးက စမ္းသပ္ေနဆဲျဖစ္သလို ကုသႏိုင္တဲ့ေဆးရယ္လို႔လည္း တိတိက်က် ရွိမေနပါဘူး။

ဒီေတာ့ အေကာင္းဆုံးနည္းလမ္းက “ Prevention is Better than Cure” (ကာကြယ္ျခင္းက ကုသျခင္းထက္ ပိုထိေရာက္တယ္) ဆိုတဲ့စကားအတိုင္း မျဖစ္ခင္က ႀကိဳတင္ကာကြယ္တာပါပဲ။ ကာလရွည္ ပိတ္ရက္နဲ႔ Work from Home ကာလေတြၿပီးလို႔ မျဖစ္မေန ႐ုံးျပန္တက္ရေတာ့မယ္။ ကိုယ္တိုင္လည္း ေရာဂါ ကူးစက္ခံရမွာ စိုးရိမ္တယ္ မိသားစုကိုလည္း ကိုယ့္ေၾကာင့္ ေရာဂါမကူးစက္ေစခ်င္ဘူးဆိုရင္ေတာ့ ဒီနည္းလမ္းေလးေတြအတိုင္း ကိုဗစ္ကို ကာကြယ္လိုက္ပါ။

ကိုဗစ္ကာလမွာ အလုပ္ခြင္ ျပန္ဝင္ရမယ့္သူေလးေတြ လိုက္နာဖို႔လိုမယ့္ အခ်က္ေတြက ဘာေတြမ်ားလဲ……….
အလုပ္သြားတဲ့အခါ သတိထားလုပ္ေဆာင္ရမွာေတြက

အလုပ္ခြင္ေရာက္တာနဲ႔ လက္ေဆးပါ

အလုပ္ခြင္ကို ေရာက္ၿပီဆိုတာနဲ႔ ဘာကိုမွ ကိုင္တြယ္ထိေတါ့မႈမျပဳခင္ လက္ေဆးေဘစင္ဆီကို အရင္သြားလို႔ ေရနဲ႔ ဆပ္ျပာသုံးၿပီး စကၠန႔္ ၂၀ ၾကာ ေသခ်ာေလး လက္ေဆးပါ။ ၿပီးမွ အလုပ္စားပြဲကို ကိုယ္တြယ္ထိေတြ႕တာမ်ိဳးလုပ္ပါ။

ကိုင္ေဆာင္လာတဲ့ ပစၥည္းေတြကို ပိုးသတ္ပါ

စပေရးဗူးတစ္ခုထဲကို အရက္ျပန္ ဒါမွမဟုတ္ အစြန္းခြၽတ္ေဆးကို အရည္ေဖ်ာ္လို႔ထည့္ထားၿပီး ကိုင္ေဆာင္လာတဲ့ ပစၥည္းေတြကို ပိုးသတ္ သန႔္စင္ပါ။

အလုပ္စားပြဲကို ပိုးသတ္ပါ

အလုပ္စားပြဲကိုလည္း ပိုးသတ္ဖို႔မေမ့ပါနဲ႔။ အရက္ျပန္ ဂြမ္းစကို သုံးလို႔ရသလို Dettol လိုမ်ိဳး ပိုးမႊားေတြကို ဖယ္ရွားေပးႏိုင္တဲ့ေဆးရည္နဲ႔ ေရကိုေရာစပ္လို႔ အဝတ္စသန႔္သန႔္နဲ႔ တိုက္ေပးလို႔လည္းရပါတယ္။ လက္ပ္ေတာ့ နဲ႔ ဖုန္းေတြကိုပါ သန႔္စင္ပါ။

သန႔္စင္မႈေတြၿပီးတိုင္း လက္ေဆးပါ

ဒီလိုမ်ိဳး ပိုးသတ္သန႔္စင္မႈေတြ လုပ္ၿပီးတိုင္းမွာ လက္ကို ေရနဲ႔ ဆပ္ျပာ အသုံးျပဳၿပီး ေသခ်ာ စြာ သန႔္စင္ေဆးေၾကာပါ။

ေကာ္ဖီခြက္၊ ေရခြက္ေတြကို သီးျခားထားပါ

အလုပ္ခြင္မွာ အသုံးျပဳတဲ့ ေကာ္ဖီခြက္ေရခြက္ေတြကို အျခားသူေတြရဲ႕ ေကာ္ဖီခြက္ေတြ ေရခြက္ေတြနဲ႔ ေရာမထားပါနဲ႔။ သီးသန႔္ထားပါ။ မလြယ္ကူဘူးဆိုရင္ အသုံးျပဳခါနီးတိုင္း ေရနဲ႔ဆပ္ျပာအသုံးျပဳေဆး​ေၾကာၿပီးမွ ေသာက္ပါ။ ခြက္ေတြကို လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း မွ်ေဝသုံးစြဲတာမ်ိဳး မလုပ္ပါနဲ႔။

ေရမ်ားမ်ားေသာက္ပါ

အလုပ္မ်ားေနသည့္တိုင္ က်န္းမာေရးအတြက္ အေရးႀကီးတဲ့ ေရဓာတ္ လိုအပ္ခ်က္ကို ျပည့္ဝေအာင္ ျဖည့္ပါ။ ေရခဏခဏ ထေသာက္ရမွာ အဆင္မေျပဘူးဆိုရင္ ေရဗူးနဲ႔ထည့္ထားၿပီး ေသာက္ပါ။

လက္ဆြဲႏႈတ္ဆက္မႈကို ေရွာင္ပါ

အလုပ္ခြင္မွာ တစ္ဦးနဲ႔တစ္ဦး ယဥ္ေက်းမႈအရ ႏႈတ္ဆက္တဲ့အခါမ်ိဳးမွာ လက္ဆြဲႏႈတ္ဆက္တာမ်ိဳး မလုပ္ပါနဲ႔။ ေရာဂါပိုးေတြ ကူးစက္ႏိုင္ေျခ မ်ားတဲ့ အျပဳအမူတစ္ရပ္ျဖစ္ေနတာေၾကာင့္ပါ။ ဒါေၾကာင့္ လက္ဆြဲႏႈတ္ဆက္မႈအစား အျခားနည္းလမ္းေတြျဖစ္တဲ့ လက္အုပ္ခ်ီၿပီး ႏႈတ္ဆက္တာမ်ိဳး၊ ၿပဳံးျပႏႈတ္ဆက္တာမ်ိဳး၊ ေခါင္းညိတ္ အသိအမွတ္ျပဳတာမ်ိဳးေတြကို အစားထိုး အသုံးျပဳပါ။ Good Morning ပါလို႔ ေအာ္ၿပီး ႏႈတ္ဆက္ရင္ေတာင္ အဆင္ေျပပါတယ္ေနာ္။

အစားမစားခင္ လက္ေဆးပါ

ေန႔လယ္စားစားေတာ့မယ္ဆိုရင္ ထမင္းဗူးဆိုရင္ေတာ့ ထမင္းဗူးရဲ႕ အျပင္ဘက္ကို ေရနဲ႔ဆပ္ျပာအသုံးျပဳေဆးေၾကာလို႔ တစ္သွ်ဴးနဲ႔ ေျခာက္ေအာင္သုတ္ပါ။ ထမင္းဗူးကို အိတ္နဲ႔ထည့္လာတာဆိုရင္ေတာ့ လက္ကို ေသခ်ာေဆးၿပီး ထုတ္လိုက္႐ုံပါ။ wet tissue အသုံးျပဳၿပီး ထမင္းဗူးအျပင္ဘက္ကို သန႔္စင္ေပးလို႔လည္းရပါတယ္။ ဇြန္းနဲ႔ထည့္စားမယ့္ ပန္းကန္၊ လက္ေတြကို ဆပ္ျပာနဲ႔ေရအသုံးျပဳလို႔ ေသခ်ာစြာေဆးေၾကာၿပီးမွာ သုံးေဆာင္ပါ။

အခ်ိဳရည္ဗူးေတြ

အခ်ိဳရည္ေသာက္တတ္တယ္ဆိုရင္ေတာ့ အခ်ိဳရည္ဗူးကို မေသာက္ခင္မွာ ေရနဲ႔ဆပ္ျပာ အသုံးျပဳေဆးေၾကာၿပီး တစ္သွ်ဴးနဲ႔ ေျခာက္ေအာင္ သုတ္ၿပီးမွ ေသာက္သုံးပါ။

လူစုလူေဝးကိုေရွာင္ပါ

အစည္းအေဝးခန္းမွာေတာင္ ျဖစ္ႏိုင္ရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ ၃ ေပခြာၿပီး ေနပါ။ လူစုလူေဝးျဖစ္ေနတဲ့ေနရာေတြကို မသြားဘဲ ေရွာင္ပါ။ အလုပ္ခြင္ထဲမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ ပူးပူးကပ္ကပ္မေနၾကပါနဲ႔။

မ်က္ႏွာကို လက္နဲ႔မကိုင္ပါနဲ႔

COVID_19 ဗိုင္းရပ္စ္က မ်က္ႏွာျပင္ေတြအေပၚမွာ ၇၂ နာရီၾကာ ရွင္သန္ေနႏိုင္တာေၾကာင့္ ဖုန္းေတြ၊ လက္ပ္ေတာ့ကီးဘုတ္ေတါနဲ႔ အျခားေသာအသုံးအေဆာင္ေတြကို ကိုင္တြယ္ဖိေတြ႕ၿပီး မ်က္ႏွာကို ကိုင္တြယ္ထိေတြ႕တာက ေတာ္ေတာ္ေလး အႏၲရာယ္မ်ားပါတယ္။ဒါေၾကာင့္ မ်က္ႏွာကို လက္နဲ႔ ထိေတြ႕မႈမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။

ႏွာေခ်၊ေခ်ာင္းဆိုးတဲ့အခါ သတိထားပါ

ႏွာေခ်၊ေခ်ာင္းဆိုးတဲ့အခါ ႏွာေခါင္း နဲ႔ ပါးစပ္ကို တစ္သွ်ဴးစနဲ႔အုပ္ထားၿပီး ဆိုးပါ။ ၿပီးတာနဲ႔ တစ္သွ်ဴးစကို အမႈိက္ပုံးထဲ ေသခ်ာစြာ စြန႔္ပစ္ပါ။ တစ္သွ်ဴး အလြယ္တကူမရွိတဲ့အခါ တံေတာင္ေကြးထဲကို ေခ်လို႔ ရပါတယ္။

ႏွာေခါင္းစည္းသုံးပါ

အလုပ္ေၾကာင့္ မျဖစ္မေနလူထူတဲ့ေနရာကို သြားရမယ္ ဒါမွမဟုတ္ ႐ုံးဆင္း႐ုံးတက္ကို အမ်ားျပည္သူသုံး သယ္ယူပို႔ဆာင္ေရးစနစ္ကို သုံးတဲ့အခါမ်ိဳးမွာ ႏွာေခါင္းစည္းကို ေသခ်ာစြာတပ္ဆင္ရပါမယ္။

အိမ္ထဲမဝင္ခင္ ပိုးသတ္ပါ!
အလုပ္ကေန အိမ္ျပန္လာတဲ့အခါ ကိုယ့္ေၾကာင့္ မိသားစုဝင္ေတြကို ေရာဂါပိုး ကူးစက္တာမ်ိဳး မျဖစ္ေစဖို႔ဆိုရင္

ဘာကိုမွ မထိပါနဲ႔ – အိမ္ကိုျပန္ေရာက္ေရာက္ခ်င္းမွာ ဘာကိုမွ မထိမိေစဖို႔ သတိထားပါ။ အေၾကာင္းက လက္အပါအဝင္ တစ္ကိုယ္လုံးမွာ ေရာဂါပိုးေတြ ကပ္ပါလာႏိုင္တာေၾကာင့္ပါ။ လက္ကို အရင္ေဆးဖို႔ လုပ္ပါ။

ဖိနပ္ကို အိမ္အျပင္ဘက္မွာ ခြၽတ္ပါ – ဖိနပ္က ေနရာအႏွံ႔ကို နင္းထားတာေၾကာင့္ COVID_19 အပါအဝင္ အမ်ိဳးမ်ိဳးေသာ ေရာဂါေတြ ကပ္ပါလာႏိုင္ပါတယ္။ ဒါေၾကာင့္ အေကာင္းဆုံးက ဖိနပ္ကို အိမ္ခန္းအျပင္ဘက္မွာ ခြၽတ္ပါ။

အိတ္ေတြကို အဝင္ဝမွာ ခဏေလာက္ထားေပးပါ – ႐ုံးသြားတဲ့အခါ ယူေဆာင္သြားတဲ့ အိတ္ေတြ နဲ႔ ထမင္းခ်ိဳင့္စတဲ့ အသုံးအေဆာင္ေတြကို အဝင္ဝမွာ ျခင္းတစ္လုံးထားလို႔ ခဏ စုထည့္ထားေပးပါ။ ကားေသာ့၊ ပိုက္ဆံအိတ္ပါမက်န္ေပါ့။ နာရီဝက္ေလာက္ ျဖစ္ျဖစ္ေပါ့။ ၿပီးရင္ေတာ့ ေရမလိုလက္သန႔္ေဆးလို အရာနဲ႔ ပိုးသတ္ၿပီးမွ အထဲကို ယူဖို႔လုပ္ပါ။ အရက္ျပန္ကို အသုံးျပဳေပးလို႔လည္း ရပါတယ္။

လက္ကိုင္ဖုန္းကို သန႔္စင္ပါ – တစ္ေန႔တာမွာ ထိေတြ႕ထားတဲ့ ဖုန္းကိုလည္း သန႔္စင္ဖို႔ မေမ့ပါနဲ႔။ လက္ပ္ေတာ့ကိုေရာေပါ့။ သန႔္စင္ေဆးရည္နဲ႔ ေသခ်ာေလး သန႔္စင္ေပးပါ။ မ်က္မွန္ကို သန႔္စင္ဖို႔လည္း မေမ့ပါနဲ႔။

လက္ေဆးပါ – အျပင္ကျပန္လာတိုင္း ဘာကိုမွ ကိုင္တြယ္ထိေတြ႕တာမ်ိဳးမလုပ္ပါနဲ႔ဦး။ ကိုယ့္ရဲ႕ အိမ္ေမြးတိရစာၦန္ေလး ေတြကိုေတာင္ မထိေတြ႕ပါနဲ႔ဦး။ လက္ကို ေရနဲ႔ ဆပ္ျပာသုံးလို႔ စကၠန႔္ ၂၀ ၾကာ ေသခ်ာေလး ေဆးေၾကာပါ။

အဝတ္အစား ခ်က္ခ်င္းလဲပါ – အဝတ္အစားေတြမွာလည္း ေရာဂါပိုးေတြ ကပ္ညႇိလာႏိုင္ပါတယ္။ ဒါေၾကာင့္ အိမ္ေရာက္ၿပီဆိုတာနဲ႔ ေရခ်ိဳးၿပီး အဝတ္အစားကိုလဲဖို႔လည္း ခ်က္ခ်င္းဆိုသလို လုပ္သင့္ပါတယ္။ ျဖစ္ႏိုင္ရင္ ခြၽတ္လိုက္တဲ့ အဝတ္အစားကို ခ်က္ခ်င္း ဆပ္ျပာရည္စိမ္လိုက္ပါ။

ႏွာေခါင္းစည္းေတြ လက္အိတ္ေတြကို ေသခ်ာစြန႔္ပစ္ပါ – အမ်ားသုံး သယ္ယူဖို႔ေဆာင္ေရး စနစ္ကို အသုံးျပဳေနရတယ္၊ ေရာဂါပိုးေတြ ကူးစက္မွာစိုးလို႔ ကာကြယ္တဲ့အေနနဲ႔ ႏွာေခါင္းစည္းတပ္တယ္၊ လက္အိတ္ေတြ သုံးတယ္ဆိုရင္ေတာ့ အိမ္ထဲကို မဝင္ခင္မွာ အမႈိက္ပုံးထဲကို ေသခ်ာေလး စြန႔္ပစ္ပါ။

တစ္ကိုယ္ေရသန္႔ရွင္းေရးသုံး ပစၥည္းေတြကို သီးသန႔္ခြဲထားပါ

သြားပြတ္တံ၊ တဘက္ကစလို႔ တစ္ကိုယ္ေရ သန႔္ရွင္းေရးအတြက္ အသုံးျပဳတဲ့ ပစၥည္းေတြကို သီးျခား ခြဲထားေပးပါ။ အျခားမိသားစုဝင္ေတြရဲ႕ ပစၥည္းေတြနဲ႔ ေရာမထားပါနဲ႔။

ဒီအခ်က္ေတြအျပင္ အာဟာရျပည့္ဝေအာင္စားမယ္၊ တစ္ကိုယ္ေရ သန႔္ရွင္းေရးဂ႐ုစိုက္မယ္၊ သြားေလရာကို ေရမလိုလက္သန႔္ေဆးရည္ယူသြားလို႔ လိုအပ္တဲ့အခါတိုင္း လက္ကို သန႔္စင္မယ္၊ အိပ္ေရးဝဝအိပ္မယ္၊ သင့္တင့္တဲ့ ကိုယ္လက္လႈပ္ရွားမႈလုပ္မယ္ဆိုရင္ ကိုဗစ္ကို ထိုက္သင့္သေလာက္ ကာကြယ္ႏိုင္မွာပါ။

Org. တငၦက္သဴ - Hello ဆရာ၀ႏ္ 

Saturday, April 18, 2020

မုဒိတာဦးေဏွာက္ျဖင့္ မုဒိတာတိုင္းျပည္ကို တည္ေဆာက္ျခင္း - (တတိယပိုင္း) - အပိုင္း(၂)

မုဒိတာဦးေႏွာက္ရွိတဲ့ပုဂၢိဳလ္က
သူမ်ားႀကီးပြားတာကိုၾကည့္ၿပီးေတာ့
ေၾကာက္စိတ္မျဖစ္ဘူး
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးေဏွာက္ျဖင့္ မုဒိတာတိုင္းျပည္ကို တည္ေဆာက္ျခင္း - (တတိယပိုင္း) - အပိုင္း(၄)


★ ဒိန္းမတ္နိုင္ငံမွာ ကေလးေတြကို အတန္းေက်ာင္းမွာ stress သိပ္မ်ားေအာင္ မလုပ္ဖူး။ မလုပ္႐ုံတင္မကဘူး ျပႆနာနဲ႔ ေတြ႕တဲ့အခါမွာ resilience - စိတ္ဓါတ္ႀကံ့ခိုင္မွု ရွိေအာင္ ၆ႏွစ္သားကေန ၁၆ႏွစ္သားထိ တစ္ပတ္ကိုတစ္ခါ ျပႆနာအေၾကာင္းေဆြးေႏြးၾကတယ္၊ေက်ာင္းမွာ ပုံမွန္ အဲလိုေဆြးေႏြးၾကတယ္။

★ အိမ္မွာလည္း အဲဒီအက်င့္ေကါင္းနဲ႔ အဲလိုေဆြးေႏြးတယ္။ အဲဒီလို ေဆြးေႏြးတဲ့အတြက္ေၾကာင့္မို့လို့ ျပႆနာအေၾကာင္း ေဆြးေႏြးၿပီဆိုရင္ သူတို့ရဲ့ေက်ာင္းသားေတြက ဦေႏွာက္ထဲက ဒီ amygdala active မျဖစ္ဘူး။ ျပႆနာ အေၾကာင္း အႀကိတ္အနယ္ ေဆြးေႏြးလည္း Hippocampus ပဲ active ျဖစ္ေနတုန္းရွိေသးတယ္။

★ အဲဒါေၾကာင့္ ပညာေရးမွာ သူမ်ားက ၂ႏွစ္သင္ရမယ့္ဟာ သူတို့က ၁ႏွစ္နဲ႔ရခ်င္ရမယ္ အဲဒီလိုလူမ်ိဳးေတြက၊ သူမ်ား ၃ႏွစ္ေလာက္သင္ရတဲ့ဟာ သူတို့ ၁ႏွစ္နဲ႔ရခ်င္ရမယ္။ EQ နဲ႔ IQ ႏွစ္ခု ဆက္စပ္ၿပီး အလုပ္လုပ္ပုံေလးကို ေျပာပါတယ္။

★ အခု ဦးေႏွာက္ထဲက Hippocampus အားေကာင္းေအာင္၊  ACC အားေကာင္းေအာင္ဆိုရင္ အခု ဘုန္းဘုန္းတို့ ေကာင္းတာေတြကို ျပန္ေတြးၿပီးေတာ့ မုဒိတာျဖစ္တယ္ဆိုတာ စိတ္ထဲမွာ ဂုဏ္ယူစရာရွိတာကို ဂုဏ္ယူရင္ စိတ္က အဲဒီလို ေပ်ာ္ေနရင္ စိတ္ထဲမွာ အလိုလိုေနရင္းနဲ႔ လုံျခဳံတယ္လို့ ခံစားရတယ္၊ secure ျဖစ္တယ္။

★ ကိုယ့္ရဲ့စိတ္ထဲမွာ secure ျဖစ္တဲ့လူက တျခားလူေတြကို ေျပာင္ေလွာင္တာေတြ၊ အထင္ေသးတာေတြ၊ အက်ိဳးမဲ့ေအာင္ လုပ္တာေတြ၊ မလုပ္ေတာ့ဘူး။ ဘာျဖစ္လို့တုန္းဆိုေတာ့ သူ႔ကိုယ္၌ကကိုယ္က အလိုုလိုေနရင္း ေပ်ာ္ရႊင္ေနလို့။

★ စိတ္ထဲမွာ ပူေလာင္ေနတဲ့လူ၊ ပူေလာင္ေနမွန္းလည္း မသိတဲ့လူ၊ emotional turmoil ဆိုတာ စိတ္ခံစားမွုပိုင္းဆိုင္ရာမွာ ေယာက္ယက္ခတ္ေနတဲ့ လူေတြကမွ သူမ်ားကိုဒုကၡေပးတာ။

★ အဲဒီလူေတြ လူႀကီးေတြျဖစ္သြားရင္ သူတို့က emotional stability - စိတ္ခံစားမွုတည္ၿငိမ္ျခင္း မရွိတဲ့အခါက်ေတာ့ တျခားလူေတြ၊ သူနဲ႔အတူ အလုပ္လုပ္တဲ့လူေတြကို ဒုကၡေပးတယ္။

★ ဒုကၡေပးခ်င္လို့ ဒုကၡေပးတာ မဟုတ္ဘူး။ စိတ္ပုတ္လို့ ဒုကၡေပးေနတာ မဟုတ္ဘူး။ Stress ကို မကိုင္တြယ္တတ္တာနဲ႔ စၿပီးေတာ့ ဦးေႏွာက္က ေျပာင္းသြားတာ။

So we need to change our brain.
 ဦးေႏွာက္ကိုေျပာင္းရမယ္။

ဦးေႏွာက္ကို ေျပာင္းဖို့အတြက္ ဘာလိုတုန္း။
You need to change our emotions.

★ Emotion ကို positive emotion ျဖစ္ေအာင္လုပ္ရမယ္။ ဒါေၾကာင့္ ၿပီးခဲ့တဲ့ ႏွစ္(၂၀)ေလာက္ကစၿပီးေတာ့ ဟားဗဒ္ကေနစလုပ္လိုက္တဲ့ Positive pyschology အခု ေနရာတိုင္းလုပ္တယ္။ Positive ျဖစ္တဲ့ value ေတြကို အားေပးတာ၊ preserve လုပ္တာေပ့ါ။

★ ေက်းဇူးတရားသိတာတို့၊ ေကာင္းတာေတြ ေတြးၿပီးေတာ့ စိတ္ထဲမွာ ပီတိျဖစ္တာတို့  အထူးသျဖင့္ တျခားလူေတြရဲ့ ေကာင္းကြက္ကို ျဖစ္နိုင္ရင္ အခက္ဆုံးကေတာ့ ကိုယ့္နဲ႔ မတည့္တဲ့လူ ကိုယ့္နဲ႔ ဘာမွ အက်ိဳးစီးပြား မဆက္စပ္တဲ့လူ အဲဒီလူရဲ့ေကာင္းကြက္ကို ျမင္နိုင္တယ္ဆိုရင္ ဒီလူရဲ့ဦးေႏွာက္က ဒီေရွ႕က ဦးေႏွာက္က အရမ္းအားေကာင္းသြားၿပီ။

★ သူမ်ားက သူ႔ကို ဘာမွ မဟုတ္တာေလးနဲ႔ လာၿပီးေတာ့ jealous ျဖစ္ရင္၊ ကိုယ့္ကို လာၿပီးေတာ့ေဝဖန္တယ္ဆိုရင္ မတုန္လွုပ္ေတာ့ဘူး။

★ ဘာျဖစ္လို့တုန္းဆိုေတာ့ သူရဲ့ amygdala က မႀကီးဘူး။ ဒီ amygdala က ႀကီးတဲ့အခါက်မွ ဒီေႏွာက္က ႀကီးတဲ့အခါက်မွ သူက နည္းနည္းေလး အေျပာခံရတာနဲ႔ ေဆြ႕ေဆြ႕ခုန္ုခုန္ျဖစ္ေနတာ။

★ ဒါေၾကာင့္ မုဒိတာဦးေႏွာက္လို့ ဘုန္းဘုန္းေျပာတာက ACC နဲ႔ Hippocampus ဒါေရွ႕ဦးေႏွာက္။ ACC - A က Anterior, C က Cingulate, ေနာက္ထပ္ C က Cortex ။ Anterior Cingulate Cortex and Hippocampus အဲဒီႏွစ္ေနရာ အားေကာင္းတဲ့ဦးေႏွာက္က မုဒိတာဦးေႏွာက္။

★ မုဒိတာဦးေႏွာက္ရွိတဲ့ ပုဂၢိဳလ္က တျခားလူေတြရဲ့ ေပ်ာ္ရႊင္မွုကိုၾကည့္ၿပီး အလိုလိုေနရင္း သူ႔စိတ္ထဲမွာ They don’t feel threaten. ေၾကာက္စိတ္မဝင္ဘူး။

★ သူမ်ားႀကီးပြားတာကို ၾကည့္ၿပီးေတာ့ ေၾကာက္စိတ္ဝင္တယ္ဆိုတာ ကိုယ္ကိုယ္၌ကကိုယ္က ကိုယ့္ရဲ့ေအာင္ျမင္မွုကို ဂုဏ္မယူနိုင္လို့၊ ဂုဏ္မယူေသးလို့။

★ ကိုယ့္ေအာင္ျမင္မွုကို ဂုဏ္ယူတယ္ဆိုရင္၊ ၿပီးေတာ့ ကိုယ့္သူငယ္ခ်င္းေအာင္ျမင္မွုကိုလည္း ဂုဏ္ယူတယ္ဆိုရင္ ဒီလူ သူ႔စိတ္ထဲမွာ လုံလုံျခဳံျခဳံရွိတယ္။

ဆက္လက္ေဖာ္ျပပါမည္။

ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန္ကုန္နည္းပညာတကၠသိုလ္တြင္ က်င္းပခဲ့ေသာ တရားသင္တန္း (ပထမေန႔-  တတိယအခ်ိန္) တြင္ ေဟာၾကားေတာ္မူခဲ့ေသာ “မုဒိတာ ဦးေဏွာက္ျဖင့္ မုဒိတာ တိုင္းျပည္ကို တည္ေဆာက္ျခင္း – Building A Joyous Nation with A Happy Brain” တရားေတာ္မွ ေရးသားပူေဇာ္ပါသည္။

မုဒိတာဦးေႏွာက္ ဖန္တီးဖို့အတြက္
ေသးငယ္တဲ့အရာေလးေတြကို အထင္မေသးနဲ႔
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးေဏွာက္ျဖင့္ မုဒိတာတိုင္းျပည္ကို တည္ေဆာက္ျခင္း - (တတိယပိုင္း) - အပိုင္း(၅)

★ မုဒိတာဦးေႏွာက္ရွိတဲ့ ပုဂၢိဳလ္က တျခားလူေတြရဲ့ ေပ်ာ္ရႊင္မွုကိုၾကည့္ၿပီး အလိုလိုေနရင္း သူ႔စိတ္ထဲမွာ They don’t feel threaten. ေၾကာက္စိတ္မဝင္ဘူး။ သူမ်ားႀကီးပြားတာကို ၾကည့္ၿပီးေတာ့ ေၾကာက္စိတ္ဝင္တယ္ဆိုတာ ကိုယ္ ကိုယ္၌ကကိုယ္က ကိုယ့္ရဲ့ေအာင္ျမင္မွုကို ဂုဏ္မယူနိုင္လို့၊ ဂုဏ္မယူေသးလို့။

★ ကိုယ့္ေအာင္ျမင္မွုကို ဂုဏ္ယူတယ္ဆိုရင္ ကိုယ့္သူငယ္ခ်င္းေအာင္ျမင္မွုကို ဂုဏ္ယူတယ္ဆိုရင္ ဒီလူ သူ႔စိတ္ထဲမွာ လုံလုံျခဳံျခဳံရွိတယ္။ ဒါေၾကာင့္ ဘုန္းဘုန္းတို့ ဒီ exercise ေလးလုပ္မယ္။ Exercise ေလးမလုပ္ခင္မွာ video clip ေနာက္တစ္ခုၾကည့္မယ္။ ဒီေန႔အတြက္ ေနာက္ဆုံးတစ္ခု။

★ ဒီဟာကေတာ့ ဒီစာအုပ္ကို ေရးတဲ့ ပုဂၢိဳလ္ Hardwiring Happiness ဆိုၿပီးေတာ့ ေရးတယ္။ ဒါ Buddha’s Brain ေရးတဲ့ ဆရာတစ္ဦးပါ။

 ★ ေကာင္းတာေတြကို မ်ားမ်ားေတြးပါတဲ့။ ေကာင္းတာကို မ်ားမ်ားေတြးရင္ ဦးေႏွာက္ထဲမွာရွိတဲ့ Negativity Bias လို့ေခၚတဲ့ မေကာင္းတာကိုပဲ သတိထားမိတဲ့စိတ္က ေျပာင္းလဲသြားလိမ့္တဲ့။ ေကာင္းတာေတြကို ခံစားရလိမ့္မယ္တဲ့။

★ သူ ဥပမာေလးနဲ႔ ျပလိမ့္မယ္။ သူ ဦးေႏွာက္ပုံစံေလး ဆြဲျပတယ္။ အဲဒီထဲမွာ အနီေရာင္အလုံးေတြ အမ်ားႀကီးရွိတယ္။ အနီေရာင္အလုံးေတြက amygdala ၊ အစိမ္းေရာင္က Hippocampus နဲ႔ ACC ၊ ပထမဆုံး ေတြ႕ရမယ့္ဟာက်ေတာ့ အနီေရာင္အလုံးေတြ အမ်ားႀကီးရွိမယ္။ လူတိုင္းလူတိုင္းက စိုးရိမ္စိတ္ေတြ ေၾကာက္စိတ္ေတြမ်ားတယ္။

★ အဲဒီအနီေရာင္အလုံးေတြ နည္းနည္းသြားၿပီးေတာ့ အစိမ္းေရာင္အလုံးေတြ မ်ားသြားေအာင္ဆိုရင္ #မုဒိတာမ်ားမ်ား လုပ္ေပးရမယ္။

★ သူရဲ့ ဘဝကေန စၿပီးေတာ့ ေျပာပါတယ္။ သူရဲ့ဘဝကေတာ့ ငယ္ငယ္နဲ႔ အတန္းေက်ာ္တဲ့ စာေတာ္တဲ့လူဆိုေတာ့ေလ သူ႔ထက္ႀကီးတဲ့လူေတြက သူ႔ကိုေလွာင္ေျပာင္ၾကတယ္။

★ အားကစားလုပ္တယ္ဆိုရင္လည္း မေခၚဘူး။ တစ္ခုခုလုပ္တယ္ဆိုလည္း ေက်ာင္းမွာ သူ႔ကို အေဖာ္မလုပ္ခ်င္ဘူး။  အဲဒီလိုနဲ႔ သူက မေက်နပ္တဲ့စိတ္ေတြ အားငယ္တဲ့စိတ္ေတြျဖစ္တယ္။ ဒါေပမဲ့ အိမ္မွာ ေႏြးေထြးတဲ့အတြက္ေၾကာင့္မို့လို့ သူမ်ားေလာက္ေတာ့ မဆိုးဘူးေပါ့။

★ အဲဒါတကၠသိုလ္ ေရာက္သြားတဲ့အခါက်ေတာ့ တကၠသိုလ္ကလူေတြက ပိုၿပီးေတာ့ mature ျဖစ္တယ္ဆိုေတာ့ သူ႔ကို ေခၚၾကေျပာၾကတယ္တဲ့။ အဲလို ေခၚျပတဲ့အခါမွာ ေႏြးေထြးတဲ့စိတ္ေလးေတြ ျဖစ္လာတယ္၊ ေပ်ာ္ရႊင္ဖြယ္ ျဖစ္လာတယ္။ စိတ္ေျပာင္းသြားတယ္။

★ အမွန္က စိတ္ေျပာင္းသြားတာ မဟုတ္ဘူး။ စိတ္ေလာက္ပဲ ေျပာင္းသြားတာ မဟုတ္ဘူးတဲ့၊ သူ႔ ဦးေႏွာက္က ေျပာင္းသြားတယ္လို့ ႀကီးလာတဲ့အခါက်ေတာ့ Neuropsychologist ျဖစ္လာတဲ့အခါက်ေတာ့ သူ အဲဒါေလး နားလည္တယ္တဲ့။

★ အဲလိုျဖစ္ေအာင္ဆို ဘယ္လိုလုပ္ရမွာတုန္းဆို ျမတ္စြာဘုရားေဟာထားတဲ့ ဓမၼပဒထဲမွာရွိတဲ့ စာပိုဒ္ နံပါတ္ (၁၂၂) သူကိုးကားၿပီးေတာ့ အဲဒီ ဓမၼပဒပါဠိေတာ္ကို ဘယ္လိုျမင္တုန္းဆိုေတာ့ The Law of Little Things တဲ့ - ေသးငယ္တဲ့အရာမ်ားရဲ့ နိယာမ။

★ မနက္ကေျပာသလို စိတ္ဖိစီးမွုက နည္းနည္းနဲ႔ သူကအမ်ားႀကီး ျဖစ္သြားတယ္။ အခုဟာလည္းပဲ ေပ်ာ္ရႊင္မွုဟာ နည္းနည္းနဲ႔ေလး အမ်ားႀကီးျဖစ္သြားတယ္။ ေသးငယ္တဲ့အရာေတြ အားရွိတယ္။  မိေထြးေတာ္ေဂၚတမီ ၀တၳဳ မနက္က ဘုန္းဘုန္း ေျပာသလို။

★ အဲဒီအေၾကာင္း မ်ားမ်ားေတြးရင္ ဥပမာ လူသားေတြက ဘာေကာင္းတာတုန္း၊ ဘာေတာ္တာတုန္းဆို ေကာင္းတဲ့အေတြ႕အၾကဳံကို ဖန္တီးတဲ့ေနရာမွာ ဟင္းေကာင္းေအာင္ ခ်က္မယ္၊ အဝတ္စားေကာင္းေကာင္း ခ်ဳပ္ဝတ္မယ္၊  အရမ္းလွတဲ့ေနရာမွာ selfie ရိုက္ၿပီးေတာ့ Facebook ေပၚတင္တယ္။ အဲဒါေတာ္တာ။

★ ဒါေပမဲ့ အဲဒီေကာင္းတဲ့ အေတြ႕အၾကဳံေတြကို စိတ္ထဲမွာ တည္ျမဲေအာင္ လုပ္တာေတာ့ ျမန္တယ္တဲ့။ သူအသုံးျပဳတဲ့စကား -

We are very good at learning from bad things and very bad learning from good things.

★ ေကာင္းတဲ့အရာအေၾကာင္း ေလ့လာတဲ့ေနရာမွာေတာ့ ည့ံတယ္တဲ့။ ညံ့တဲ့အရာ ေလ့လာတဲ့ေနရာမွာက်ေတာ့ ေတာ္တယ္တဲ့။ သူစကားလုံးကို ေျပာင္းျပန္သုံးၿပီးေတာ့ ကဗ်ာဆန္ဆန္ သူေျပာလိ္မ္မယ္။

★ အဲဒီထဲမွာ သူေျပာတဲ့နည္းက Heal - ကုစားတာ။ ဒဏ္ရာကို ကုစားတာ၊ အျပင္ဒဏ္ရာ အတြင္းဒဏ္ရာ ကုစားတာ။

H - have a good experience
E - Enrich
A - Absorb
L - Link

Have a good experience - ေကာင္းတဲ့အေတြ႕အၾကဳံ ဖန္တီးပါ၊ ရွာပါ။

ၿပီးရင္ Enriching -  အဲဒီအေၾကာင္းကို ခဏခဏေတြးပါ။

Absorbing - မသိစိတ္ထဲေရာက္ေအာင္ အခ်ိန္ေပးပါ။

Linking - အဲဒီလိုစိတ္ထဲမွာ ေကာင္းတာေတြ အမ်ားႀကီးေရာက္လာၿပီဆိုရင္ ပီတိေတြ အမ်ားႀကီး ေရာက္လာၿပီဆိုရင္ အဲဒီေကာင္းတဲ့ဟာေတြနဲ႔ ကိုယ့္ရဲ့ဘဝထဲမွာ မေကာင္းတဲ့အရာေတြႏွိုင္းယွဥ္ၿပီးေတာ့ ၾကည့္ပါ။ မေကာင္းတဲ့အရာေတြရဲ့ effect က သူ႔ဟာသူ နည္းသြားလိမ့္မယ္။ ဒါ မုဒိတာဦးေႏွာက္ကို ဖန္တီးဖို့အတြက္။

★ သူေျပာတာ အႀကီးအေသးအေနနဲ႔ဆိုရင္ ဥပမာ ဘုန္းဘုန္းတို့ အခု ဇန္နဝါရီလ ၄ရက္ေန႔က ႏွစ္သက္ကူး၊ ႏွစ္တခါသစ္တဲ့အခါက်မွ ႏွစ္သစ္တစ္ခါေရာက္လာတဲ့အခါက်မွ လူေတြက ေပ်ာ္ၾကရႊင္ၾက အဲဒီလိုျဖစ္တယ္ဆိုရင္ ဒါ ေပ်ာ္ရႊင္စရာ အႀကီးႀကီးေရာက္လာတဲ့အခါက်မွ ကိုယ္ကကိုယ္ေပ်ာ္ရႊင္တယ္။

★ သူ႔ထက္ငယ္တာ ဂ႐ုစိုက္ၿပီးေတာ့ ေပ်ာ္ရႊင္တယ္ဆိုရင္ ဥပမာ ႏွစ္ထက္ငယ္တာ လ၊ လအသစ္တခါေရာက္လာတိုင္း ကိုယ္ေပ်ာ္ရႊင္တယ္ဆိုရင္ ၁၂ႀကိမ္ေပ်ာ္တယ္။

★ ႏွစ္ဆိုရင္ ရက္ေပါင္း ၃၆၅ရက္ၾကာမွ တခါေပ်ာ္နိုင္တယ္။ သူ႔ထက္ ေသးငယ္တဲ့အရာေတြကို ၾကည့္ၿပီးေတာ့ ေပ်ာ္ရႊင္နိုင္တယ္ဆိုရင္ေတာ့ ရက္ေပါင္း ၃၆၅ရက္ထဲမွာ ၁၂ႀကိမ္ေပ်ာ္နိုင္တယ္။

★ အဲဒီထက္ပိုၿပီးေတာ့ ေသးတဲ့ အရာကို ေသးငယ္တဲ့ experience ေလး positive experience အဲဒါေလးကို ျမင္ေအာင္ၾကည့္ၿပီးေတာ့ ေပ်ာ္ရႊင္နိုင္တယ္ဆိုရင္ေတာ့ လထက္ေသးတာက ရက္သတၱပတ္ဆိုရင္ တစ္လကို ေလးႀကိမ္ေပ်ာ္နိုင္တယ္။ ေလးဆျဖစ္သြားတယ္။

★ တစ္ႏွစ္ကို ၁၂ႀကိမ္ေပ်ာ္နိုင္တာကေန တစ္ႏွစ္ကို အႀကိမ္ေပါင္း ၄၈ႀကိမ္ေပ်ာ္နိုင္တယ္။ သူ႔ထက္ငယ္တာက ရက္ ၃၆၅။ ဒါေၾကာင့္ ေသးငယ္တဲ့အရာေလးေတြကို အထင္မေသးနဲ႔။

★ “ဥဒဗိႏၵဳ နိပါေတန၊ ဥဒကုေမၻာပိ ပူရတိ” တစ္စက္စက္စီ က်လာတဲ့ေရ အိုးႀကီးကို ျပည့္ေစတယ္။ တစ္ရက္ဆိုတဲ့ဟာက်ေတာ့  ရက္ေပါင္း ၃၆၅ တစ္ေန႔ကို တစ္ႀကိမ္ေပ်ာ္နိုင္ရင္ ဒီေရွ႕ကဦးေႏွာက္က အားေကာင္းသြားတယ္ တစ္ေန႔ကို တစ္ႀကိမ္ေပ်ာ္နိုင္ရင္။

ဆက္လက္ေဖာ္ျပပါမည္။

ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန္ကုန္နည္းပညာတကၠသိုလ္တြင္ က်င္းပခဲ့ေသာ တရားသင္တန္း (ပထမေန႔-  တတိယအခ်ိန္) တြင္ ေဟာၾကားေတာ္မူခဲ့ေသာ “မုဒိတာ ဦးေဏွာက္ျဖင့္ မုဒိတာ တိုင္းျပည္ကို တည္ေဆာက္ျခင္း – Building A Joyous Nation with A Happy Brain” တရားေတာ္မွ ေရးသားပူေဇာ္ပါသည္။

မုဒိတာဦးေႏွာက္ အားေကာင္းဖို့ဆိုတာ
ကိုယ့္လက္ထဲမွာပဲ ရွိတယ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးေဏွာက္ျဖင့္ မုဒိတာတိုင္းျပည္ကို တည္ေဆာက္ျခင္း
(တတိယပိုင္း) - အပိုင္း(၆)

★ “ဥဒဗိႏၵဳ နိပါေတန၊ ဥဒကုေမၻာပိ ပူရတိ” တစ္စက္စက္စီ က်လာတဲ့ေရ အိုးႀကီးကို ျပည့္ေစတယ္။ တစ္ရက္ဆိုတဲ့ဟာက်ေတာ့  ရက္ေပါင္း ၃၆၅ တစ္ေန႔ကို တစ္ႀကိမ္ေပ်ာ္နိုင္ရင္ ဒီေရွ႕ကဦးေႏွာက္က အားေကာင္းသြားတယ္ တစ္ေန႔ကို တစ္ႀကိမ္ေပ်ာ္နိုင္ရင္။

★ အဲဒီထက္ ေသးငယ္တဲ့အရာေလးေတြကို ျမင္တဲ့ပုဂၢိဳလ္က်ေတာ့ ဥပမာ ေရေသာက္ခ်င္တဲ့အခါ ေရပုလင္းအနားမွာရွိတယ္။ ကိုယ္ကိုယ္တိုင္ ေရတြင္းလည္း မတူးတတ္ဘူး။ ေရေတြကို သြယ္တဲ့ေနရာမွာလည္း ကိုယ္ကိုယ္တိုင္က အလုပ္လုပ္ၿပီးေတာ့ ဒီထဲမွာ တိုက္ရိုက္ contribute လုပ္တာ မပါေသးဘူး။

★ ဒါေပမဲ့ ဒီေရ ကိုယ္လိုအပ္တဲ့အခ်ိန္မွာ ကုန္က်မွုနည္းနည္းနဲ႔ ဒီေရက ကိုယ္လိုအပ္တဲ့အခ်ိန္မွာ ရွိေနတယ္။ ဒါက ေပ်ာ္ရႊင္မွုကို လၽွပ္တျပတ္ေတြးတတ္လို့ျမင္တာ။ အဲဒီထက္ ပိုၿပီးေတာ့ ေတြးတတ္ရင္ ဒီေရသန႔္ဗူး ကိုယ့္ေရွ႕မွာေရာက္ေအာင္ ရင္းႏွီးျမႇုပ္ႏွံတဲ့လူေတြ ရွိတယ္။

★ ေရဘက္ဆိုင္ရာ အင္ဂ်င္နီယာေတြရွိတယ္၊ စက္႐ုံလုပ္တဲ့လူေတြ ရွိတယ္။ နည္းပညာကို လုပ္ထားတဲ့လူေတြရွိတယ္။  အဲဒီလူေတြဆီကို စိတ္ေရာက္သြားရင္ တစ္မိနစ္ေလာက္ပဲ ၾကာတယ္။ အဲဒီ တစ္မိနစ္အတြင္းမွာ ဒီေရကို ေသာက္ရတဲ့အတြက္ေၾကာင့္မို့လို့ ရရွိတဲ့ေပ်ာ္ရႊင္မွုက အမ်ားႀကီႀကီးသြားတယ္။

★ ဘာျဖစ္လို့တုန္း ကိုယ့္ရဲ့ေအာင္ျမင္မွုတင္ မကေတာ့ဘူး၊ ကိုယ့္ရဲ့လုပ္အားေတြ ကိုယ္က ဂုဏ္ယူသလို၊ တျခားသူအမ်ားရဲ့ လုပ္အားကိုလည္း ကိုယ္က ဂုဏ္ယူတယ္။ ဘုန္းဘုန္း ဒီေန႔  ဒီဟာေတြ ရွင္းျပနိုင္ေအာင္ဆိုရင္ ၾကည့္ စားပြဲေပၚမွာ  စာအုပ္ေတြအမ်ားႀကီး။

★ အဲဒီဆရာေတြ တခ်ိဳ့စာအုပ္ေတြက articles သုံးဆယ္ေက်ာ္တယ္။ တစ္ခုတစ္ခုကို တစ္ခါဆိုရင္ တခ်ိဳ့ဟာေတြဆိုရင္ ပါေမာကၡႏွစ္ေယာက္ေလာက္ေရးတယ္။ အဲဒီ ပါေမာကၡႀကီးေတြ ပါေမာကၡျဖစ္သည္အထိဆိုရင္ သူတို့ အၾကာႀကီးစာသင္ရတာ၊ ေလ့လာရတာ။

★ သူ႔ကို လူေတြအမ်ားႀကီးက ေထာက္ပ့ံၿပီးေတာ့မွ သူက အဲဒီကိုေရာက္တယ္။ သူကလည္း တကယ့္ကို ႀကိဳးစားတာ။ အဲဒါေၾကာင့္ ဒီစာအုပ္ေလးေတြ ကိုယ့္နားမွာ ရွိေနတဲ့အခါက်ေတာ့ ကိုယ့္အက်ိဳးေက်းဇူးကို လိုလားတဲ့ ပညာရွိေတြက အျမဲတမ္း ကိုယ့္ကိုေစာင့္ေရွာက္တယ္လို့ စိတ္ထဲမွာ ေႏြးေထြးတယ္။ သြားၿပီးေတာ့ link လုပ္လိုက္တာကိုး။

★ အဲဒီလို စိတ္ကိုေလ့က်င့္ထားတယ္ဆိုရင္ေတာ့တဲ့ တစ္ႏွစ္ကို ရက္သုံးရာနဲ႔ေျခာက္ဆယ့္ငါး ရွိတယ္၊ အႀကိမ္ေပါင္း ၃၆၅ ၀မ္းသာတဲ့ပုဂၢိဳလ္က တစ္ႏွစ္မွာ New year တစ္ရက္ပဲ ၀မ္းသာတဲ့ပုဂၢိဳလ္ရဲ့ ဦးေႏွာက္နဲ႔ဆိုရင္ အဆေပါင္း ဘယ္ေလာက္ကြာတုန္း၊ ၃၆၅ဆ ေပ်ာ္ရႊင္နိုင္စြမ္း၊ ဦးေႏွာက္ရဲ့ size ကြာတယ္။

★ ဒါက တစ္ေန႔ကို တစ္ႀကိမ္ပဲ ေျပာတယ္။ တစ္ကယ္လို့ တစ္နာရီကို တစ္ႀကိမ္ေပ်ာ္နိုင္တယ္ဆိုရင္ေတာ့ အမ်ားႀကီးျဖစ္သြားၿပီ။ အခုဟာက နာရီနဲ႔ေျပာတာေလ။ time နဲ႔ ေျပာတာ။ time နဲ႔ မေျပာဘဲနဲ႔ social connection နဲ႔ ေျပာမယ္ဆိုရင္ ခုနတုန္းက ေရအေၾကာင္းေျပာတယ္။

★ အခု ဒီမွာ ပန္းေလးေတြ လွလွေလးေတြ လုပ္ထားတာ။ ဒီမွာ ပန္းလာထိုးတဲ့ ဆရာမေတြက ကိုယ္တိုင္စိုက္ထားတာ မဟုတ္ဘူး။ သူမ်ားစိုက္ထားတဲ့ ပန္းကို သူတို့က မေန႔ညက ဘုန္းဘုန္းၾကားတယ္ မနက္၁နာရီခြဲထိ ပန္းထိုးတယ္။

★ ပန္းထိုးတယ္ဆိုေတာ့ ထိုးတတ္တဲ့ပညာရယ္၊ ဒီပန္းေတြကို ၀ယ္ၿပီးေတာ့ ေငြကုန္ေၾကးက်ဝယ္ၿပီးေတာ့ ယူလာၿပီးေတာ့ ထိုးတာေလ၊ ကိုယ့္ဟာကိုယ္ ျပန္ေတြးရင္ မုဒိတာျဖစ္စရာ။

★ ကိုယ့္ရဲ့မုဒိတာ ပိုၿပီးေတာ့ ႀကီးေအာင္ဆိုရင္ ပန္းစိုက္တဲ့လူေတြလည္း သတိရရမယ္၊ ဂ႐ုစိုက္ရမယ္။ သူ႔ကိုလည္း သြားၿပီးေတာ့ သတိရ။ အဲဒီပန္းကို စိုက္ၿပီးေတာ့ ေန႔တိုင္းေန႔တိုင္း ေရေလာင္းတာေလ၊ ဘယ္သူပဲျဖစ္ျဖစ္ ဒီပန္းကို လိုအပ္တဲ့အခ်ိန္မွာ လာဝယ္သြားရင္ စိတ္ခ်မ္းသာပါေစ အဲဒီစိတ္နဲ႔။

★ ကိုယ့္ကိုသိၿပီးေတာ့ ကိုယ့္အတြက္ လုပ္ထားတာလည္း မဟုတ္ဘူး။ သူ႔ဝမ္းစာအတြက္ လုပ္ထားတာ ဟုတ္တာေပါ့။ ဒါေပမဲ့ ပန္းကို လွလွပပလုပ္တယ္ဆိုေတာ့ ပေရာ္ဖက္ရွင္နယ္ျဖစ္တယ္။ စိတ္ေကာင္းနဲ႔ လုပ္တာ။ အဲဒီပန္းက ဒီကိုေရာက္လာေအာင္ ပန္းက ဘယ္ႏွစ္မ်ိဳးေတာင္ရွိတုန္းဆို ပန္းေတြ အမ်ိဳးစုံပဲ။

★ တစ္မ်ိဳးတစ္မ်ိဳးကို ေျမဘယ္ေလာက္ေလာက္လိုမွာတုန္း ေျမအမ်ားႀကီးလိုမွာ။ အမ်ိဳးေပါင္း မ်ားတာကိုး။ အဲဒီပန္းေတြ ဒီထဲမွာ လာေရာင္းတာ စိုက္တဲ့လူကိုယ္တိုင္ လာေရာင္းတာလည္း ျဖစ္ခ်င္ျဖစ္မယ္။ ၾကားထဲက ကုန္သည္ေတြက သြားဝယ္ၿပီးေတာ့ လာေရာင္းတာလည္း ျဖစ္ရင္ျဖစ္မယ္။ အဲဒါက် သူတို့ရဲကအခန္းက႑ပါ ပါလိမ့္မယ္။

★ ၿခံထဲကေနၿပီးေတာ့ ရန္ကုန္ၿမိဳ့ထဲေရာက္ေအာင္ ဒီပန္းေတြကို သယ္လာတဲ့ စက္ေတြလည္းရွိတယ္၊ Mechaninal အင္ဂ်င္နီယာေတြ အခန္းက႑ရွိေသးတယ္။ Investors ေတြ share-holders ေတြ အခန္းက႑ရွိမယ္။

★ လူတိုင္းလူတိုင္းက ကိုယ္ဒီေနရာကိုေရာက္ေအာင္ လမ္းေလၽွာက္လာေအာင္ လမ္းေတြခင္းေပးတယ္ တံတားေတြခင္းေပးတယ္။ အဲလိုစိတ္ထဲမွာ ခံစားရတယ္။  အဲဒီလိုလုပ္ရင္ ဒီပန္းရဲ့တန္ဖိုးက အဆေပါင္းမေျမာက္ျမားစြာ တက္သြားတယ္။ ရက္ေပါင္း ၃၆၅ရက္ထိ ေစာင့္ဖို့မလိုေတာ့ဘူး ဒီမွာတင္ အဆေပါင္းေျမာက္မ်ားစြာ။

★ အဲဒီလို Emotion ရဲ့ အခန္းက႑ကို ၾကည့္လိုက္တဲ့အခါမွာ ကိုယ့္ရဲ့ emotion က ဘယ္ေနရာမွာ သူက boundary ေတြ ျဖစ္္တတ္တုန္း၊ တံတိုင္းေတြျခားတတ္တုန္းဆိုရင္ ကိုယ္နဲ႔ရင္းႏွီးတဲ့လူ၊ ပန္းထိုးတဲ့အခါက်မွ ကိုယ္က ၀မ္းသာနိုင္တယ္ဆိုရင္ အဲဒါ ပန္းထိုးတဲ့လူနဲ႔ မသိရင္ ကိုယ့္ဝမ္းသာနိုင္တဲ့အစြမ္းက ပီတိျဖစ္နိုင္တဲ့အစြမ္းက ေသးသြားမယ္။

★ ကိုယ္နဲ႔ မတည့္တဲ့လူ ပန္းထိုးတာေတာင္မွ အဲဒီအလွကို ျမင္နိုင္တယ္ဆိုရင္ေတာ့ ကိုယ့္ရဲ့ ၀မ္းသာနိုင္စြမ္းက အရမ္းကို ႀကီးမားသြားၿပီ။

🔺ဒါေၾကာင့္ မုဒိတာဦးေႏွာက္က တစ္ေယာက္နဲ႔တစ္ေယာက္ size ခ်င္း မတူဘူးတဲ့။ ဒါေပမဲ့ ဒီမုဒိတာ ဦးေႏွာက္က ဘယ္ေလာက္ႀကီးတယ္ဆိုတာ ကိုယ့္လက္ထဲမွာ ရွိတယ္။ It is all in your hands. ကိုယ့္လက္ထဲမွာရွိတယ္။

ဆက္လက္ေဖာ္ျပပါမည္။

ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန္ကုန္နည္းပညာတကၠသိုလ္တြင္ က်င္းပခဲ့ေသာ တရားသင္တန္း (ပထမေန႔-  တတိယအခ်ိန္) တြင္ ေဟာၾကားေတာ္မူခဲ့ေသာ “မုဒိတာ ဦးေဏွာက္ျဖင့္ မုဒိတာ တိုင္းျပည္ကို တည္ေဆာက္ျခင္း – Building A Joyous Nation with A Happy Brain” တရားေတာ္မွ ေရးသားပူေဇာ္ပါသည္။

စိတ္ေကာင္းထားတတ္မွ ေပ်ာ္ရႊင္တယ္
▬▬▬▬▬▬▬▬▬▬▬▬▬▬▬
မုဒိတာဦးေဏွာက္ျဖင့္ မုဒိတာတိုင္းျပည္ကို တည္ေဆာက္ျခင္း - (တတိယပိုင္း) - အပိုင္း(၇)

★ ဘုန္းဘုန္းက စာအုပ္တစ္အုပ္ကို ၾကည့္တယ္ဆိုရင္ ဒီစာအုပ္ထဲမွာ Hardwiring Happines, သူကိုးကားတဲ့အထဲမွာ အေစာဆုံးကေတာ့ ႏွစ္ေပါင္း ၂၆၀၀ က ဗုဒၶျမတ္စြာဘုရားကို ကိုးကားထားတယ္။ ဒီေရွ႕ဆုံးမွာ ကိုးကားထားတယ္။

★ အဲဒီေနာက္ ဒီေနာက္မွာလည္းတခါ သူကိုကားထားတဲ့ videography က စာမ်က္ႏွာ ၁၅မ်က္ႏွာေလာက္ရွိတယ္။ အဲဒီဆရာႀကီးေတြရဲ့ ဗဟုသုတကို မွီျငမ္းၿပီးေတာ့ သူ ဒီဟာေတြကို develope လုပ္ထားတာ။

The New Brain Science of Contentment, Calm, and Confidence.

★ ဒီလိုလုပ္ထားတယ္ဆိုရင္ေတာ့ Happiness ကိုယ့္ရဲ့ဦးေႏွာက္ထဲမွာ မုဒိတာက Hardwire လုပ္ထားတာ။ အေသခ်ည္ထားတာ။ ႀကိဳးေသးေသးေလးနဲ႔ ခ်ည္ထားတာေပါ့ေနာ္။ အေသခ်ည္ထားတာ က်က်နနခ်ည္ထားတာ။ အဲဒီလို မုဒိတာ ဦးေႏွာက္နဲ႔ ေရတစ္ခြက္ေသာက္ရင္ အဲဒီေရ မုဒိတာစိတ္ ပိုၿပီးေတာ့ျဖစ္နိုင္တယ္။

★ ခႏၶာကိုယ္ ပိုၿပီးေတာ့ က်န္းမာေစတယ္။ Oxytocin သူက အဲဒီ ေဟာ္မုန္းထုတ္ေပးတာကိုး။ ဒိုဖာမင္ (dopamine) အဲဒီ ေဟာ္မုန္း ထုတ္ေပးတာကိုး။ တစ္ျခားလူတစ္ေယာက္ ေရဆာလို့ သူေရေသာက္တာၾကည့္ၿပီးေတာ့ ကိုယ္က မုဒိတာျဖစ္ေနတာေပါ့။

★ ခႏၶာကိုယ္က လိုအပ္တဲ့ေရကို လိုအပ္တဲ့အခ်ိန္မွာ သူ ဒီေရေတြေသာက္နိုင္တယ္။ ကိုယ့္ပိုက္ဆံေတာင္ မကုန္ရဘူး။ ဒီမွာ မုဒိတာတရား အလိုလိုေနရင္းျဖစ္တာ။ မုဒိတာ ဦးေႏွာက္က အလိုလိုေနရင္းနဲ႔ အားေကာင္းတယ္။ ဒါ စိတ္ထားတတ္တယ္။ ဒါ စိတ္ေကာင္းထားတတ္တယ္။

★ အဲဒီလိုမဟုတ္ရင္ အဲဒီလိုမလုပ္ရင္ စိတ္က ဒီတိုင္းမေနပါဘူး၊ အလိုလိုေနရင္းနဲ႔ ေအာင္ျမင္တဲ့လူေတြကို အျမင္ကတ္တယ္။ ဒီလူက အခုမွ ဒီလို။ အဲဒါမ်ိဳးေပါ့။

★ ဘာျဖစ္လို့ အဲဒီလိုလုပ္တာတုန္း။ Because you feels threaten.  သူတို့ေအာင္ျမင္မွုက ကိုယ့္ကိုလာၿပီးေတာ့ ၿခိမ္းေျခာက္ေနတယ္လို့ စိတ္ထဲမွာ ခံစားရလို့၊ ေၾကာက္စိတ္ျဖစ္ေနလို့။

★ အဲဒါကို “ဣႆာမစၧိရိယ” လို့ေခၚတယ္။ သူတို့က အဘိဓမၼာထဲမွာ ဒီ Buddhist Psychology ထဲမွာ ေဒါသရဲ့အုပ္စုထဲမွာပါတယ္။ Destructive ျဖစ္တဲ့ အုပ္စုထဲမွာ ပါတယ္။ မုဒိတာဦးေႏွာက္ရွိသမၽွ ေကာင္းတဲ့ဦးေႏွာက္ေတြ ကို destroy လုပ္တယ္တဲ့  ဣႆာမစၧိရိယ က။

★ ဟင္းေကာင္းေရွ႕မွာရွိရဲ့နဲ႔ ဟင္းေကာင္းအရသာ မျမင္နိုင္ဘူး။ အရမ္းေစ်းႀကီးတဲ့ အဝတ္အစားဝတ္ထားလည္း စိတ္ထဲမွာ ေပ်ာ္ရႊင္မွု မရွိဘူး။ လုံျခဳံတယ္လို့ မခံစားရဘူး။ ဘာျဖစ္လို့ အဲဒီ Emotional burden ေတြျဖစ္ေနတာတုန္းဆိုေတာ့  မုဒိတာ ဦးေႏွာက္ မရွိလို့တဲ့။

★ မုဒိတာဦးေႏွာက္ မရွိလို့ သြားၿပီးေတာ့ ဟားမတိုက္နဲ႔။ ငါတို့က မုဒိတာဦးေႏွာက္ရွိတယ္၊ သူတို့က မုဒိတာဦးေႏွာက္မရွိဘူး ဆိုၿပီးေတာ့ အဲဒီလို သြားမျမင္နဲ႔။ မုဒိတာ ဦးေႏွာက္မရွိေသးတဲ့လူေတြကို က႐ုဏာထားရမယ္။

★ အဲဒီလိုလုပ္တဲ့အခါက်မွ ကိုယ့္ရဲ့မုဒိတာဦးေႏွာက္က ေနာက္ဆုတ္မသြားဘူး။ ေသးမသြားဘူး။ တျခားလူေတြ မေပ်ာ္နိုင္တာကို ၾကည့္ၿပီးေတာ့ ကိုယ္က ၀မ္းသာရင္ ကိုယ့္ေပ်ာ္ရႊင္မွုလည္း အလိုအေလ်ာက္ ေပ်ာက္သြားတယ္။

★ ဒါေၾကာင့္ ေပ်ာ္ရႊင္မွုဆိုတာ စိတ္ေကာင္းေပၚမွာ မူတည္တယ္။ စိတ္ေကာင္းထားတတ္မွ ေပ်ာ္ရႊင္တယ္။ စိတ္ေကာင္းထားတယ္ဆိုတဲ့ ပါဠိစကားကို “ေယာနိေသာမနသိကာရ” လို့ေခၚတယ္။ ေယာနိေသာမနသိကာရ စိတ္ထားတတ္တာ။

★ အဲဒီစိ္တ္ထားတယ္ဆိုတဲ့ ေယာနိေသာမနသိကာရ မပါဘဲနဲ႔ ဘာကုသိုလ္မွ မျဖစ္ဘူးတဲ့။ ျမတ္စြာဘုရားတိုက္ရိုက္ မိန႔္တဲ့စကား။

★ ဒါေၾကာင့္ ဒီဗီဒီယိုေလးၾကည့္မယ္။

https://youtu.be/jpuDyGgIeh0
Hardwiring happiness: Dr. Rick Hanson at TEDxMarin 2013

ေနာက္ဆုံးမွာ ဗုဒၶမိန႔္ ဓမၼပဒဂါထာကို ကိုးကားသြားတယ္။

Do not think lightly of good, saying, it will not come to me. Drop by drop is the water pot filled.

Likewise, the wise one, gathering it little by little, fills oneself with good.

ဓမၼပဒ ဂါထာ ၁၂၂။

ဆက္လက္ေဖာ္ျပပါမည္။

ေက်းဇူးေတာ္ရွင္ေအာက္စဖို့ဒ္ဆရာေတာ္
ပါေမာကၡ ေဒါက္တာအရွင္ဓမၼသာမိ
🙏🙏🙏

(၄.၁.၂၀၂၀) ရန္ကုန္နည္းပညာတကၠသိုလ္တြင္ က်င္းပခဲ့ေသာ တရားသင္တန္း (ပထမေန႔-  တတိယအခ်ိန္) တြင္ ေဟာၾကားေတာ္မူခဲ့ေသာ “မုဒိတာ ဦးေဏွာက္ျဖင့္ မုဒိတာ တိုင္းျပည္ကို တည္ေဆာက္ျခင္း – Building A Joyous Nation with A Happy Brain” တရားေတာ္မွ ေရးသားပူေဇာ္ပါသည္။