Saturday, August 24, 2019

၀န္ထမ္းေလာင္းတစ္ေယာက္ကို အင္တာဗ်ဴးဖို႕နည္းလမ္းေကာင္းမ်ား


===================
ေရးသားသူ- ပိုင္စိုး (Management)
PSM Business Institute

အင္တာဗ်ဴးဆိုတာ အေၾကာင္းအရာတစ္ခုခုအတြက္ ရည္ရြယ္ျပီး အျပန္အလွန္ ေျပာဆိုေဆြးေႏြးတဲ့ စကား၀ိုင္းတစ္ခုလို႕ ေယဘုယ်အားျဖင့္ ဆိုလိုႏိုင္ပါတယ္။ လုပ္ငန္းခြင္မွာ လုပ္ေလ့လုပ္ထရွိတဲ့ အင္တာဗ်ဴးေတြကေတာ့ ၀န္ထမ္းအသစ္ တစ္ဦးေရြးခ်ယ္ခန္႕ထားဖို႕လိုအပ္တဲ့အခါမွာလုပ္တဲ့ Job interview၊ စည္းမ်ဥ္း
စည္းကမ္းဆိုင္ရာမူ၀ါဒေတြကိုအေကာင္အထည္ေဖၚတဲ့အခါမွာ လိုအပ္ရင္ စည္းကမ္းေဖာက္ဖ်က္သူေတြနဲ႕ ေခၚယူေဆြးေႏြးတုိင္ပင္ရတဲ့ Discipline interview၊ ၀န္ထမ္းေတြရဲ႕ လုပ္ငန္းစြမ္းေဆာင္ရည္စီမံခန္႕ခြဲမႈေတြလုပ္ရတဲ့အခါမွာ အကဲျဖတ္ရမွတ္ေတြနဲ႕ ပတ္သက္ျပီး ေျပာဆိုေဆြးေႏြးတဲ့ Appraisal interview နဲ႕ ၀န္ထမ္းေတြအလုပ္ထြက္ တဲ့အခါမွာေမးျမန္းေဆြးေႏြးတဲ့  Exit interview ေတြျဖစ္ပါတယ္။ အင္တာဗ်ဴးစြမ္းရည္ တိုးတက္လာေစမယ့္္နည္းလမ္းတခ်ိဳ႕ကို ေဖၚျပလုိပါတယ္။

• Do your homework. ၾကိဳတင္ေလ့က်င့္ထားပါ။ အင္တာဗ်ဴးတစ္ခုကို ၾကိဳတင္ျပင္ဆင္ မထားဘူးဆိုရင္ အင္တာဗ်ဴးအတြက္ သံုးသင့္တဲ့ အခ်ိန္ထက္ ပိုသံုးလိုက္ရတာေတြျဖစ္တတ္ပါတယ္။ အင္တာဗ်ဴးမလုပ္ခင္မွာ အင္တာဗ်ဴး လုပ္ရတဲ့ရည္ရြယ္ခ်က္ကို တိတိက်က်သိေနဖို႕လိုအပ္သလို သက္ဆိုင္ရာ စာရြက္စာတမ္း၊ အေထာက္အထားေတြ၊ ေမးခြန္းေတြ ၾကိဳတင္ျပင္ဆင္ထားရွိ ရပါမယ္။

• Put the interviewee at ease. မိမိအင္တာဗ်ဴးမယ့္သူေတြကို သက္ေတာင့္ သက္သာအေျခအေနရွိေအာင္ဖန္တီးထားပါ။  အင္တာဗ်ဴးေတြဟာ ေျဖဆိုသူေတြအတြက္ အနည္းနဲ႕အမ်ားေတာ့ ဖိအားျဖစ္ေစတတ္ပါတယ္။ ဖိအားျဖစ္ေနတဲ့အေျခအေနေတြဟာ စိတ္လႈပ္ရွားမႈေတြ ရွိေနတာျဖစ္လို႕ ေျဖဆိုသူေတြအေနနဲ႕ ျဖစ္သင့္ျဖစ္ထိုက္တဲ့ အေျဖမ်ိဳးကို တတ္သိနားလည္ ျပီးသားျဖစ္ေသာ္လည္း မွားယြင္းေျဖၾကားတတ္ပါတယ္။ သက္ေတာင့္ သက္သာရွိတဲ့ အင္တာဗ်ဴးအခန္း၊ ေႏြးေထြးပ်ဴငွာမႈရွိတဲ့ ၾကိဳဆိုမႈ၊ ႏႈတ္ဆက္ပ်ဴငွာမႈေတြဟာ အင္တာဗ်ဴးသူနဲ႕ ေျဖၾကားသူအၾကား ရင္းနီးကြၽမ္း၀င္မႈတစ္ခုျဖစ္ေစျပီး သင့္တင့္မွန္ကန္တဲ့ အေျဖေတြ ရရွိႏိုင္ပါတယ္။

• Remain focused on your objective. မိမိအင္တာဗ်ဴးတဲ့ ရည္မွန္းခ်က္၊ စံသတ္မွတ္ေတြအေပၚမွာသာ အာရံုထားပါ။ အင္တာဗ်ဴးမလုပ္ခင္မွာ အင္တာဗ်ဴးကတဆင့္ ဘယ္လိုအခ်က္အလက္ေတြ၊ ဘယ္လိုအေၾကာင္းအရာ ေတြသိရွိလိုတယ္၊ ရလိုတယ္ဆိုတာကို တိတိက်က် ၾကိဳတင္သိရွိထားရပါမယ္။ အင္တာဗ်ဴးေမးခြန္းေတြကိုလည္း မိမိလိုခ်င္တဲ့ ရည္မွန္းခ်က္စံႏႈန္းေတြအေပၚ မွာမူတည္ျပီး ပံုစံသတ္မွတ္ရပါမယ္။ လက္ေတြ႕အင္တာဗ်ဴးတဲ့အခါမွာ ၾကံဳေတြ႕တတ္တာက အာတာဗ်ဴးေမးျမန္းတဲ့သူေတြက အင္တာဗ်ဴး ရည္မွန္းခ်က္ထက္ သူတို႕ရဲ႕ အထင္အျမင္၊ ယူဆခ်က္၊ ခံယူခ်က္ေတြ အေပၚမွာ အာရံုစိုက္တာမ်ိဳးျဖစ္သြားတတ္ပါတယ္။  တခါတေလၾက ေတာ့လည္း အင္တာဗ်ဴးေျဖဆိုသူေတြရဲ႕ စကားေတြထဲမွာ ေမ်ာပါသြားတာမ်ိဳးျဖစ္တတ္ပါတယ္။ အင္တာဗ်ဴးတစ္ခုဟာ တိက်တဲ့ စံသတ္မွတ္ခ်က္၊ ရည္မွန္းခ်က္ေတြအေပၚမွာ အာရံုစိုက္ လုပ္ေဆာင္တာမဟုတ္ဘဲ အင္တာဗ်ဴးေမးျမန္းသူ၊ ေျဖဆိုသူေတြရဲ႕ အေတြးအေခၚ၊ အယူအဆေတြအေပၚမွာ အာရံုစိုက္မိတာမ်ိဳး  ျဖစ္ခဲ့ရင္ အင္တာဗ်ဴးရဲ႕ အႏွစ္သာရေပ်ာက္သြားတတ္ပါတယ္။

• Keep the initiative. အင္တာဗ်ဴးကို မိမိလိုခ်င္တဲ့ဆီကို ဆြဲေခၚသြားပါ။ မိမိဟာ အင္တာဗ်ဴးေမးျမန္းသူတစ္ဦးျဖစ္တဲ့အတြက္  အင္တာဗ်ဴး အေျခအေနေတြအားလံုးကို အဓိက ထိန္းခ်ဳပ္ႏိုင္မယ့္သူဟာ မိမိသာျဖစ္ပါတယ္။ စာေရးသူတို႕အဓိကေဆြးေႏြးခ်င္တဲ့ အေၾကာင္းအရာ ရည္မွန္းခ်က္ေတြဆီကို ေျဖဆိုသူပါလာေအာင္ ဆြဲေခၚသြားဖို႕လိုအပ္ပါတယ္။ အင္တာဗ်ဴးသူေတြအဓိကဦးတည္ရမွာက အင္တာဗ်ဴးရည္ရြယ္ခ်က္နဲ႕အတူ ေျဖဆိုသူေတြကိုလည္း သူတို႕ရဲ႕ အထင္အျမင္ယူဆ နားလည္မႈေတြကို ပြင့္ပြင့္လင္းလင္းေျပာဆိုေဆြးေႏြးလာေအာင္ အားေပးဖို႕ျဖစ္ပါတယ္။

• Ask the right questions. အင္တာဗ်ဴးေမးခြန္းေတြေမးတဲ့ေနရာမွာ အပိတ္ေမးခြန္းေတြျဖစ္တဲ့ Yes or No ေျဖရံုသက္သက္ေမးခြန္းေတြကို တတ္ႏိုင္သမွ်နည္းေအာင္ စီစဥ္ထားသင့္ပါတယ္။ အေျဖ ၂ ခု သို႕မဟုတ္ ၃ ခု ထဲက အေျဖတစ္ခု ေရြးခုိင္းတဲ့ေမးခြန္းမ်ိဳးကိုလည္း ေရွာင္ႏိုင္သမွ်ေရွာင္ သင့္ပါတယ္။ ဒီလိုေမးခြန္းေတြဟာ အင္တာဗ်ဴး ရည္မွန္းခ်က္အတြက္ ေက်နပ္ဖြယ္ေကာင္းတဲ့ အေျဖမ်ိဳး မျဖစ္တတ္ပါဘူး။ ဘာေၾကာင့္၊ ဘယ္လိုလုပ္မလဲ၊ ဘယ္အခ်ိန္ေတြမွာ လုပ္သင့္လဲ စတဲ့ေမးခြန္းေတြေမး တာဟာ ပိုမိုေကာင္းမြန္မ်ားျပားတဲ့ အေျဖေတြ ရွိလာႏိုင္ပါတယ္။ အင္တာဗ်ဴး ေျဖဆိုသူေတြ ဘက္က ျပန္လည္ေျဖၾကားလာတဲ့အေျဖေတြမွာလည္း မေသခ်ာတာ၊ ထင္ေယာင္ထင္မွားျဖစ္ႏိုင္တာမ်ိဳးရွိပါက ထပ္မံေမးပါ။
Follow up လုပ္ပါ။

• Keep the interviewee talking. အင္တာဗ်ဴးေျဖဆိုသူကို ဆက္ေျပာပါေစ။ တခါတေလမွာ ျဖစ္တတ္တာက အင္တာဗ်ဴးေတြ လုပ္တဲ့အခါမွာ ေမးျမန္းရမယ့္ Interviewer က စကားေတြအမ်ားၾကီး၊ အေျဖေတြအမ်ားၾကီး ေျပာေနျပီး ေျဖၾကားရမယ့္သူ Interviewee ေတြက စကားနည္းေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ စာေရးသူၾကံဳဖူးတာတစ္ခုက Interviewer က ေမးခြန္းေရာ အေျဖပါ သူတစ္ဦးတည္းသာ တျပိဳင္နက္ လုပ္ေဆာင္သြားပါတယ္။ ဒါေတြဟာ ထိန္းခ်ဳပ္လို႕ရႏိုင္တဲ့ လြဲေခ်ာ္မႈေတြပါပဲ။ အင္တာဗ်ဴးလုပ္ေနရင္းနဲ႕ တခါတေလမွာ ဘာမွေမးစရာ ေျဖစရာ အေျဖမရွိဘဲ conversation gap ျဖစ္ေန မွာမစိုးရိမ္ပါနဲ႕။ ေျဖဆိုသူဟာ သူေျဖဆိုစရာ စကားေတြျပီးလို႕ ဆက္မေျဖေတာ့ရင္ေတာင္မွ စာေရးသူတုိ႕က ေမးခြန္းတစ္ခုထဲမွာပဲ တစ္ခုထက္ပိုတဲ့ အေျဖေတြလိုခ်င္တဲ့အခါမ်ိဳးမွာ ဘာမွမေျပာဘဲ  ျငိမ္သက္ နားေထာင္ေနလို႕အဆင္ေျပပါတယ္။ Interviewer ေတြရဲ႕ ျငိမ္သက္မႈဟာ ေျဖဆိုသူေတြဆီက အေျဖေတြထပ္လိုအပ္တယ္လို႕ ေမွ်ာ္လင့္ေနတာကို ညႊန္ျပေနပါတယ္။

• Be aware of legal issues. ႏိုင္ငံေတာ္က ျပဌာန္းသတ္မွတ္ထားတဲ့ ဥပေဒ ေတြကိုလည္းသိရွိနားလည္ဖို႕လိုအပ္ပါတယ္။ သက္ဆိုင္ရာ အလုပ္အကိုင္နဲ႕ ပတ္သက္တဲ့ ေျဖဆိုသူေတြရဲ႕ စြမ္းေဆာင္ရည္ အရည္အခ်င္းေတြနဲ႕ မဆိုင္တဲ့ အေၾကာင္းအရာေတြ (ဥပမာ- အိမ္ေထာင္ကြဲလား၊ ဘာေၾကာင့္ကြဲသြားတာလဲ။ ဘာ ဘာသာကို ကိုးကြယ္တာလဲ။ အဲဒီကိုးကြယ္တဲ့ ဘာသာကေရာ မွန္ကန္တယ္လို႕ ယံုၾကည္တာလား။ ေနာက္ႏွစ္ ခေလးယူဖို႕ ရွိ၊ မရွိ စတာ) ေတြကို မေမးသင့္ပါဘူး။ လုပ္ငန္းတာ၀န္တစ္ခုအတြက္ လိုအပ္တဲ့ ကြၽမ္းက်င္မႈ အရည္အေသြးေတြအေပၚမွာ အေျခမခံဘဲ အျခားမသက္ဆိုင္တဲ့ အသက္အရြယ္၊ က်ား၊မ၊ မိးသားစု၊ လူမ်ိဳး၊ ဘာသာ၊ ႏိုင္ငံသား၊ အသားအေရာင္ စတာေတြနဲ႕ပတ္သက္ျပီး ခြဲျခားဆက္ဆံတာမ်ိဳး မရွိေစရဆိုတဲ့ ဥပေဒ တခ်ိဳ႕ႏိုင္ငံေတြမွာ ရွိပါတယ္။ စာေရးသူတို႕ ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ဆယ္ မရွိေသးေပမယ့္ မၾကာခင္ေတာ့တဲ့ အခ်ိန္အခါေတြမွာ ရွိလာႏိုင္ပါတယ္။

• Take notes. အင္တာဗ်ဴးစဥ္မွာ ေျဖၾကားသူေတြရဲ႕ အေျဖေတြဟာ တစ္ဦးနဲ႕ တစ္ဦးမတူႏိုင္ပါဘူး။ လိုအပ္တဲ့ notes ေတြကို မွတ္သားထားပါ။

• Anayse and act  on your information. လိုအပ္တဲ့အင္တာဗ်ဴး အေမးအေျဖေတြ ျပီးသြားတဲ့အခါမွာ မိမိတို႕ေရးသားမွတ္ထားခဲ့တဲ့ notes ေတြ၊ ေျဖၾကားသူရဲ႕အေျဖေတြ၊ သက္ဆိုင္တဲ့ မွန္ကန္တဲ့အခ်က္အလက္ေတြ ကို ျပန္လည္ဆန္းစစ္အကဲျဖတ္ပါ။ ဒီလိုေျဖၾကားခ်က္ေတြ notes ေတြနဲ႕ အင္တာဗ်ဴးရဲ႕ ရည္မွန္းခ်က္ေတြနဲ႕ ကိုက္ညီမႈရွိတာေတြကို လုပ္ေဆာင္ရမွာ ကေတာ့ Interviewer ေတြရဲ႕ တာ၀န္ပဲျဖစ္ပါတယ္။

အၾကံျပဳခ်က္မ်ား
=========
• အင္တာဗ်ဴးတဲ့အခါမွာ အေႏွာက္အယွက္ကင္းေအာင္ ၾကိဳတင္ျပင္ဆင္ထားပါ။ အင္တာဗ်ဴးအခန္းအနားမွာ ဆူညံေနတာ၊ အင္တာဗ်ဴးေနစဥ္ ဖုန္း၀င္လာတာ၊ အလုပ္ကိစၥမျပတ္လို႕ ခဏခဏ ၀န္ထမ္းတစ္ေယာက္၀င္လာျပီး လက္မွတ္ ထိုးခိုင္းတာေတြဟာ အင္တာဗ်ဴးတစ္ခုကို အက်ည္းတန္ေစပါတယ္။

• မိမိရဲ႕ နာရည္ကို တၾကည့္ၾကည့္မလုပ္ပါနဲ႕။ အင္တာဗ်ဴးေျဖၾကားသူကိုလည္း မလိုလားတဲ့ခံစားခ်က္၊ အျပဳအမူေတြ မျပသင့္ပါ။

• နားေထာင္ပါ၊ အကဲခတ္ပါ။

• မိမိရဲ႕ အကဲျဖတ္ခ်က္ေတြဟာ မိမိရဲ႕ ခံစားခ်က္သီးသန္႕မျဖစ္သင့္ပါ။

• ေသခ်ာျပီးသားအေျဖေတြအတြက္ ထပ္ခါထပ္ခါေမးျပီး အခ်ိန္ မျဖဳန္းသင့္ပါ။

• အင္တာဗ်ဴးေျဖဆိုသူကို ပြင့္ပြင့္လင္းလင္းမေ၀ဖန္သင့္ပါ။

• မိမိၾကိဳက္ႏွစ္သက္သည္ျဖစ္ေစ၊ မၾကိဳက္ႏွစ္သက္သည္ျဖစ္ေစ ရင္းနီးေဖၚေရြမႈ အျပံဳးနဲ႕သာ အင္တာဗ်ဴးတစ္ခုကိုအဆံုးသတ္ပါ။

Ref; The Management Bible by Neil Flanagan & Jarvis Finger

Friday, August 23, 2019

💢💢💢 workout မလုပ္သင့္သည့္ ေန႔မ်ား 💢💢💢


🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Tom Burmese 

💢 gym ကို သြားရန္ႀကိဳက္သည့္ gym ေပ်ာ္၊ gym crazy မ်ား ရွိ သကဲ့သို႔ gym ေၾကာက္သူမ်ား၊ မေပ်ာ္သူမ်ားရွိ ပါမည္။ gym ကစားသူတိုင္း တစ္ပတ္လွ်င္ အနည္းဆုံး တစ္ရက္ နားသင့္ပါသည္။ ေဘာ္ဒီ သို႔ မာဆယ္ကို အနားေပးရန္လည္း လိုအပ္ပါသည္။ အထူးသျဖင့္ မာဆယ္ႀကီးခ်င္သူမ်ား၊ ေဘာ္ဒီအရြယ္အစား ပိုထႊားခ်င္သူမ်ား လုံေလာက္ေသာ အနားယူမူလိုအပ္ ပါသည္။

💢 မည့္သည့္ အေျခအေနတြင္ workout မလုပ္သင့္သနည္း ဟု မၾကာခဏ အေမးခံရပါသည္။ အေျဖမွာ။ ။

1️⃣ you are coughing or wheezing
မိုးတြင္းကာလတြင္ ႏွာေစး ေခ်ာင္းဆိုး ျဖစ္သည္မွာ ရာသီစာ ပင္ျဖစ္သည္။ နည္းနည္း ပါးပါး ျဖစ္သည့္ အေျခအေနတြင္ ေပါ့ပါးေသာ workout လုပ္ႏိုင္ပါသည္။ ထိုသို႔ လုပ္ေပးျခင္းျဖင့္ သက္သာ သြားႏိုင္ပါသည္။ သို႔ေသာ္ လည္ပင္းေအာက္ပိုင္း ျဖစ္သည့္ ရင္ဘက္ဝန္းက်င္တြင္ အသက္႐ူ၍ မ ဝ ျဖစ္လွ်င္ workout မလုပ္ သင့္ပါ။ ထိုအေျခအေနျဖစ္လွ်င္ ေဘာ္ဒီကို အနား ေပး ေပးပါ။ ကိုယ္ခံစြမ္းအားပိုေကာင္းၿပီး ဆင္ တုပ္ေကြး မျဖစ္ေအာင္ gym ပုံမွန္ ကစားပါ။

2️⃣ past midnight, planing to hit the at 6 am
gym ကစားသမားမ်ား အေနျဖင့္ အိပ္ခ်ိန္ ၆ နာရီမွ ၈ နာရီ အိပ္ႏိုင္ပါက အေကာင္းဆုံး ျဖစ္သည္။ တခါတရံ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ည ၁၂ နာရီေက်ာ္သြား ေသာ္လည္း အိပ္၍ မရျဖစ္ျခင္း ၾကဳံဖူးၾကမည္ ထင္ပါသည္။ နံနက္ေစာေစာ ၆ နာရီတြင္  gym သြားၿပီး၊ ကစားရန္ ျပင္ဆင္ထားေသာ္လည္း၊ အိပ္ခ်ိန္ နည္းလြန္းလွ်င္၊ workout မလုပ္ပဲ၊ အနားယူေပးပါ။ သို႔မဟုတ္  တစ္ျခား အခ်ိန္ေျပာင္းၿပီး ကစားပါ။ night out ရန္ ႀကိဳက္ေသာ gym သမားမ်ား သတိထားသင့္သည္။


3️⃣ you’re running a fever
သင့္ ဖ်ားေနသည့္ အခ်ိန္တြင္ (ကိုယ္အပူခ်ိန္မ်ားလွ်င္) workout မလုပ္ပါႏွင့္။ workout ေၾကာင့္ ကိုယ္တြင္းအပူ ပိုမ်ားလာႏိုင္၍၊ ျပန္လည္ေနေကာင္းလာရန္ အခ်ိန္ၾကာတတ္သည္ ကို သတိထားပါ။ တုပ္ေကြးလကၡဏာ မ်ားျဖစ္သည့္ ခ်မ္းျခင္း၊ ကိုယ္ခႏၶာကိုက္ျခင္းျဖစ္လွ်င္ ေျပးစက္ေပၚ အစား အိပ္ယာေပၚတြင္သာ ေနသင့္ပါသည္။

4️⃣ your muscles still hurt from yesterday’s workout
ယမန္ေန႔က ျပင္းထန္စြာ ကစားထားေသာ workout မွ မာဆယ္နာက်င္ျခင္း သို႔ DOMS delayed-onset muscle soreness ျဖစ္တတ္သည္။ ျဖည့္စြက္စားမ်ား မသုံးသည့္ ကစားသမားမ်ားႏွင့္ nutrition ပိုင္း ပိုင္ႏိုင္စြာ မေကြ်းတတ္သည့္ ကစားသမားမ်ားတြင္ ပိုျဖစ္တတ္သည္။ ထို႔သို႔ recover မျဖစ္ေသးလွ်င္ အနားယူသင့္သည္။ မဟုတ္လွ်င္ ၎ DOMS ျဖစ္ျခင္း မွ injury ထပ္ၿပီး ရလာႏိုင္ပါသည္။

5️⃣ your knee or foot aches every time you go for a jog
ႂကြက္သားမ်ား ခဏတာ နာက်င္ျခင္းမဟုတ္ပဲ၊ ထိုနာက်င္ျခင္းမွာ အခ်ိန္ တခု ထိ မေပ်ာက္ပါက ကၽႊမ္းက်င္သည့္ therapist မ်ားႏွင့္ျပသင့္ပါသည္။ ထို႔သို႔ ဒဏ္ရာ မေပ်ာက္ျခင္းမွာ workout မလုပ္ရန္ မီး နီ ျပျခင္းျဖစ္ပါသည္။

6️⃣ you’ve been running on empty for weeks now
တခါတရံ ကိုယ္ခႏၶာ ေလးလံထိုင္းမႈိင္း ေနလွ်င္ workout ျဖင့္ ေခၽႊးထုတ္လိုက္ပါက ေပါ့ပါး သက္သာသြားတတ္သည္။ ေလ့က်င့္ခန္းေၾကာင့္ ေဘာ္ဒီ energy ပိုတက္ လာျခင္း ျဖစ္ပါသည္။ သို႔ေသာ္ တစ္ပတ္မွ ႏွစ္ပတ္ အထိ workout လုပ္တိုင္း ပင္ပန္းလြန္းၿပီး စိတ္မပါ ျဖစ္ပါက၊ workout မလုပ္ပါႏွင့္။ ကၽႊမ္းက်င္သူမ်ားႏွင့္ ျပသသင့္ပါသည္။

💢 အမ်ဳိးသမီးမ်ား၏ လစဥ္ျဖစ္သည့္ အခ်ိန္အတြင္း workout လုပ္ျခင္း နားသင့္ပါသလား။
နားသင့္သည္ဟု သိပၸံနည္းက် ေျပာ ထားသည့္ အခ်က္မရွိပါ။ အခ်ဳိ႕မွာ နားၾကၿပီး၊ အခ်ဳိ႕မွာ ေပါ့ပါးေသာ ေလ့က်င့္ခန္း ဥပမာ။ Yoga, Pilates မ်ား ကစားၾကပါသည္။ period အတြင္း ကစားပါက ေသြးလည္ပတ္အား ပိုေကာင္းေစ၍ နာက်င္ကိုက္ခဲျခင္း သက္သာတတ္သည္ဟု ဆိုသည္။ ထို႔အတူ workout လုပ္ျခင္းမွ endorphins ေဟာ္မုန္း ထုတ္လႊတ္၍ စိတ္ၾကည္လင္ျခင္းကို ျဖစ္ေစပါသည္။ ျပင္းထန္ေသာ workout လုပ္ျခင္းႏွင့္ sprints ခုန္ေပါက္ ကစားနည္းမ်ားကို ေလွ်ာ့ ခ်ၿပီး ကစားသင့္ပါသည္။

💢 သင့္မိတ္ေဆြမ်ားအတြက္ အသုံးဝင္ပါက like & share လုပ္ေပးဖို႔ မေမ့နဲအုံးေနာ္ အမ်ဳိးတို႔ေရ။ copy & paste လုပ္ခ်င္သူမ်ား crd# ေပးၿပီး စိတ္ႀကိဳက္သုံးႏိုင္ပါေၾကာင္း။

ျမန္မာျပည္ႀကီးလည္း ေရေဘး၊ စစ္ေဘးမွ ကင္းၿပီး က်န္းမာပါေစဗ်ာ။

🙏 have a healthy & happy day 🙏

အားလုံးက်န္းမာၾကပါေစ။ “Health is Wealth”
🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈🌈

Thursday, August 22, 2019

အတင္စီးခံရတဲ့အခါ




(Zawgyi)

ကၽြန္ေတာ္တုိ႕ဘ၀မွာ တစ္ေယာက္ေယာက္က အႏုိင္က်င့္တာ၊ ေစာ္ကားတာ၊ ဗိုလ္က်တာ၊ တင္စီးတာ၊ တည္႕တည္႕ေျပာရရင္ လူပါး၀တာမ်ိဳးေတြ ၾကံဳဖူးၾကမွာပါ။ ေက်ာင္းမွာျဖစ္ျဖစ္၊ လုပ္ငန္းခြင္မွာျဖစ္ျဖစ္၊ ေနာက္ဆံုး သြားရင္းလာရင္းျဖစ္ျဖစ္ေပါ့။ ကုိယ့္အခ်င္းခ်င္းလည္း ရွိမယ္၊ လူမ်ိဳးျခားက လုပ္တာလည္း ရွိမယ္။ ျဖတ္သန္းတဲ့ လုပ္ငန္းနယ္ပယ္၊ ၾကံဳေတြ႕ရတဲ့သူေတြေပၚ မူတည္ျပီး အနည္းနဲ႕အမ်ားသာ ကြာမယ္၊ လူတုိင္းေတာ့ တစ္ခါမဟုတ္တစ္ခါ ၾကံဳဖူးၾကလိမ့္မယ္။

နည္းနည္းေလာက္ ျပန္စဥ္းစားၾကည္႕ၾကည္႕ပါ။ အဲ့လိုၾကံဳရတဲ့အခါ ဘယ္လိုခံစားရသလဲ၊ ဘယ္လိုတံု႕ျပန္ခဲ့မိသလဲ။ မ်ားေသာအားျဖင့္ေတာ့ စိတ္တုိမယ္၊ ငိုမိမယ္၊ ျပင္းျပင္းထန္ထန္ တံု႕ျပန္မိခ်င္လည္းမိမယ္။ ဒီကေနမွတဆင့္ အလုပ္ထြက္လိုက္တာ၊ အလုပ္ျပဳတ္တာ၊ အမုန္းပြားတာေတြ ျဖစ္ရင္လည္း ျဖစ္ခဲ့မယ္။ ဒီေဆာင္းပါးေလးမွာေတာ့ ကၽြန္ေတာ္ကိုယ္တုိင္ ၾကံဳခဲ့ရတုန္းက ေတြးမိခဲ့တာေလးေတြအေပၚ အေျခခံျပီး ေ၀မွ်ခ်င္ပါတယ္။

၁။ စိတ္ထိန္းႏုိင္ဖုိ႕ လိုပါတယ္။

ဘယ္သူမဆုိ ျဖစ္ျဖစ္ခ်င္းေတာ့ စိတ္တုိတာပဲ။ အဲဒါကို မထိန္းႏုိင္လုိက္တဲ့အခါ ေနာက္ဆက္တြဲ ျပႆနာေတြ ျဖစ္လာႏုိင္တယ္။ လူမႈကြန္ရက္ေတြမွာလည္း ေတြ႕ဖူးတယ္၊ ကားပါကင္လုရင္း ျပႆနာျဖစ္ၾကရာကတဆင့္ ကုိယ္ထိလက္ေရာက္ လုပ္ၾကတယ္ ဆုိတာမ်ိဳး။ ရံုးေတြ၊ အလုပ္ေတြမွာဆုိရင္ေတာ့ ေနာက္ပုိင္းအလုပ္လုပ္သမွ် တစ္ေယာက္နဲ႕တစ္ေယာက္ ဘယ္လုိမွ အဆင္မေျပေတာ့တာမိ်ဳး၊ စကားေတြလြန္၊ ႏႈတ္ေတြကၽြံသြားလုိ႕ အလုပ္ထြက္လုိက္ရတာမ်ိဳးေတြထိ ျဖစ္တတ္တာေပါ့။ ျပန္စဥ္းစားၾကည္႕ရင္ မတန္ဘူးဆုိတာ သတိထားမိလိမ့္မယ္။ ဒါေၾကာင့္ ျဖစ္ျဖစ္ခ်င္းမွာ စိတ္ထိန္းဖုိ႕ လိုတယ္ ေျပာတာပါ။

ၾကားဖူးတာေလးတစ္ခုရွိတယ္၊ 90/10 principle တဲ့။ ဘာလဲဆုိေတာ့ ဘ၀မွာ ၾကံဳေတြ႕ရသမွ် အရာေတြအားလံုးရဲ႕ ၁၀ ရာခိုင္ႏႈန္းဟာ သူ႕အလိုလိုျဖစ္လာတာ ျဖစ္ျပီးေတာ့ က်န္တဲ့ ၉၀ ရာခိုင္ႏႈန္းကေတာ့ အဲဒီ ၁၀ ရာခုိင္ႏႈန္းကို ဘယ္လုိတံု႕ျပန္လုိက္သလဲ ဆုိတာရဲ႕ အက်ိဳးဆက္ပါတဲ့။ ဥပမာေျပာရရင္ လမ္းမွာ ကားပိတ္လို႕ စိတ္တုိတုိနဲ႕ အလုပ္ကိုေရာက္သြားတယ္ ဆုိပါေတာ့။ ကားပိတ္တာက ကုိယ့္ေၾကာင့္မဟုတ္ဘူး၊ ကုိယ္ထိန္းခ်ဳပ္လို႕လည္း မရဘူး။ ဒါေပမယ့္ အဲဒါကုိ စိတ္တုိတယ္၊ တုိတဲ့စိတ္ကုိ အလုပ္သယ္သြားေတာ့ ဟုိမွာ လုပ္ေဖာ္ကုိင္ဖက္ေတြ၊ Customer ေတြနဲ႕ ျပႆနာတက္ျပီး တစ္ေနကုန္ အဆင္မေျပေတာ့ဘူး။ ဒီေတာ့ ကားပိတ္တာဟာ ေရွာင္လႊဲလို႕မရတဲ့ ၁၀ ရာခုိင္ႏႈန္း၊ က်န္တဲ့ ၉၀ ရာခုိင္ႏႈန္းကေတာ့ ကားပိတ္တဲ့အေပၚ တံု႕ျပန္လိုက္တဲ့ ကုိယ့္လုပ္ရပ္ရဲ႕ အက်ိဳးဆက္ေတြ ျဖစ္ပါတယ္။

ဒီလိုေလးျမင္ၾကည္႕လုိက္တဲ့အခါ တခုခုတံု႕ျပန္ေတာ့မယ္ ဆုိတဲ့အခါတုိင္း ကုိယ့္စိတ္ကုိကုိယ္ ပုိျပီး ထိန္းခ်ဳပ္ႏုိင္လာတယ္။ ခဏေလးပဲ စိတ္က လြတ္ထြက္သြားတာပဲ၊ ဒါေပမယ့္ ေနာက္မွာ ဆက္လိုက္လာမယ့္ ျပႆနာက အမ်ားၾကီး။ ဒီအတြက္ မလဲသင့္ဘူးလုိ႕ ျမင္လာတယ္။ ေနာက္ပံုျပင္တစ္ခုလည္း ရွိေသးတယ္။ ေျမြတစ္ေကာင္ဟာ သူ႕ေခါင္းေပၚမွာ ပ်ားလာနားလို႕ စိတ္ေတြတုိရင္း တုိရင္း ေနာက္ဆံုး ေမာင္းလာေနတဲ့ လွည္းရဲ႕ ဘီးေအာက္ကို ေခါင္း၀င္ခံလိုက္တယ္တဲ့။ နားေနတဲ့ပ်ားလည္း ေသ၊ သူကုိယ္တုိင္လည္း ေသ။ ဒါေၾကာင့္ ဒီစိတ္တိုစရာေလးတစ္ခုအတြက္နဲ႕ ကိုယ့္ရဲ႕ တျခားအရာေတြကို အဆံုးရံႈးမခံပါနဲ႕။ မလဲပစ္ပါနဲ႕။ ဒီထက္ပုိေကာင္းတဲ့ ေျဖရွင္းနည္းကို ေခါင္းေအးေအးနဲ႕ ရွာေဖြပါ။

၂။ ျပတ္သားတဲ့သူတစ္ေယာက္ ျဖစ္ပါေစ။

စိတ္ကိုထိန္းရမယ္လို႕ ေျပာလိုက္တာဟာ အရာအားလံုး ငံု႕ခံလာရမယ္လုိ႕ မဆုိလိုပါဘူး။ ျပတ္ျပတ္သားသား ေျပာရဲဆုိရဲဖုိ႕ လိုပါတယ္။ ဘာလုိ႕ဆုိေတာ့ လူရဲ႕သေဘာက သည္းခံတဲ့သူဆုိ ပုိျပီး အႏုိင္ယူတတ္လို႕ပါပဲ။

လူေတြကို ၃ မ်ိဳး ၃ စားခြဲလုိ႕ရပါတယ္။ ကုိယ့္တစ္ဖက္တည္းသိျပီး သူတစ္ပါးကို နစ္နစ္နာနာ ေျပာတတ္၊ အႏုိင္ယူတတ္တဲ့ Aggressive type သမားေတြရယ္၊ ျပိဳင္လာရင္ အရံႈးေပး၊ ႏွလံုးေအးတဲ့ေဆး ဆုိျပီး ဘာလုပ္လုပ္ ျငိမ္ခံေနတတ္တဲ့ Passive type သမားေတြရယ္၊ ေနာက္ဆံုးတစ္ခုကေတာ့ သူတစ္ပါးကိုလည္း ေလးစားသလို၊ ကုိယ့္အခြင့္အေရးလည္း ကုိယ္သိတယ္၊ ေတာင္းဆုိရဲတယ္၊ ျပီးေတာ့ ကုိယ့္တာ၀န္လည္း ကုိယ္ေက်ေအာင္လုပ္တယ္၊ ဒီလိုလူမ်ိဳးကိုေတာ့ Assertive type လို႕ေခၚပါတယ္။ ခိုင္မာျပတ္သားတဲ့သူလို႕ ျမန္မာလို ျပန္ခ်င္တယ္။ ကၽြန္ေတာ္တို႕ အဲဒီပံုစံအတုိင္း ျဖစ္ဖုိ႕ လိုပါတယ္။ တစ္ဖက္က အႏုိင္ယူသမွ် သည္းခံေနရင္ ကုိယ္ဟာ အႏုိင္ယူလို႕ရတဲ့သူလုိ႕ ထင္သြားေတာ့မွာပါ။ ရန္ျပန္ျဖစ္ဖုိ႕မဟုတ္ဘဲ ကုိယ္ေျပာစရာရွိတာကိုေတာ့ ရဲရဲတင္းတင္း ေျပာႏုိင္ဖုိ႕ လိုပါတယ္။

၃။ တႏံု႕ႏံု႕ ခံစားမေနပါနဲ႕။

အဲ့လိုအႏုိ္င္ယူခံလိုက္ရျပီးရင္ အမ်ားစု စိတ္ထဲမွာ တႏံု႕ႏံု႕နဲ႕ ခံစားေနရတတ္ပါတယ္။ သူက ငါ့ကို ဒီလိုလုပ္ရသလားေပါ့။ ဘာမွျပန္မေျပာ၊ မလုပ္ခဲ့ရရင္ ပိုလုိ႕ေတာင္ ခံစားေနရတတ္တယ္။ တကယ္ဆုိ စဥ္းစားၾကည္႕၊ ဟုိလူက ေျပာျပီး ျပီးသြားျပီ။ ေမ့ေတာင္ေမ့ေနျပီ။ ကုိယ့္မွာသာ တႏံု႕ႏံု႕နဲ႕ ျဖစ္က်န္ခဲ့တာ။ နာက်ည္းလို႕မဆံုး၊ ၀မ္းနည္းလို႕မဆံုး၊ ခံစားလို႔မဆံုး ျဖစ္ေနတာ။ တြက္ၾကည္႕ရင္ ဘယ္ေလာက္ရံႈးသလဲ။ အေျပာလည္း ခံရတယ္။ ဒဏ္ရာကလည္း တစ္သက္လံုး က်န္ေနခဲ့တယ္။ ငယ္ငယ္က သင္ရတဲ့ စာတစ္ပုဒ္လိုပဲ၊ တုိက္ပြဲမွာ ထိသြားလို႕ နဖူးမွာ က်န္ခဲ့တဲ့ အမာရြတ္ကုိ မွန္ထဲမွာၾကည္႕တုိင္း ရံႈးနိမ့္ေနရေတာ့မယ့္ စစ္သူၾကီးလို ျဖစ္ေနတယ္။ ဒါေၾကာင့္ ထပ္ကာထပ္ကာ အရံႈးမခံပါနဲ႕။ အဲဒီခံစားခ်က္ကုိ တတ္ႏုိင္သေလာက္ စိတ္ထဲက ဖယ္ထုတ္ၾကည္႕ပါ။ မဖယ္ထုတ္ႏုိင္ေသးသေရြ႕ ရံႈးေနရတယ္ဆုိတာကုိ မေမ့ပါနဲ႕။

၄။ ကုိယ့္အဆင့္နဲ႕ကိုယ္ ေနပါ။

တစ္ခါတစ္ေလလည္း ေတြးမိတတ္ၾကတယ္၊ ငါ သူေျပာတဲ့အတုိင္း ျပန္ေျပာလိုက္ရမလား၊ သူလုပ္တဲ့အတုိင္း ျပန္လုပ္လိုက္ရမလား ဆုိျပီးေတာ့ေပ့ါ။ ကၽြန္ေတာ္ကုိယ္တုိင္လည္း အဲ့လိုေတြးဖူးတာပဲ။ ဒါေပမယ့္ အဲ့လိုလက္တံု႕ျပန္ေတာ့မယ္ဆုိတဲ့အခါတုိင္း အဆင့္အတန္း ဆုိတဲ့ စကားလံုးက ကၽြန္ေတာ့္ေခါင္းထဲ ၀င္လာတယ္။ တကယ္ေတာ့ အဆင့္အတန္းဆုိတာ ဘယ္ေလာက္ခ်မ္းသာတယ္၊ ဘာေတြ ၀တ္စားထားတယ္ ဆိုတာထက္ ကုိယ့္ရဲ႕ ကုိယ္အမူအရာ၊ ႏႈတ္အမူအရာ၊ စိတ္ေနစိတ္ထားေတြကသာ အဓိက ကုိယ္စားျပဳတာ ျဖစ္ပါတယ္။ သူေျပာသလို ျပန္ေျပာလိုက္ရလုိ႕ အားရတာထက္ အဲ့ဒီအဆင့္အတန္း ဆံုးရံႈးသြားမွာကုိ ပုိႏွေျမာမိပါတယ္။ ဒါေၾကာင့္ ကုိယ့္စိတ္ကုိယ္ထိန္းတယ္။ ရိုင္းရုိင္းစိုင္းစုိင္း မတံု႕ျပန္မိေအာင္ေနတယ္။ ေဘးပတ္၀န္းက်င္က တစ္ေယာက္ေယာက္ ျမင္လိုက္ရရင္လည္း ကုိယ္ဟာ အထင္ေသးစရာ ျဖစ္မေနေတာ့ဘူးေပါ့။

၅။ ပန္းခ်ီကားလုိက်င့္ပါ။

မွန္တစ္ခ်ပ္ဟာ သူ႕ေရွ႕ကို ေရာက္လာတဲ့လူရဲ႕ မ်က္ႏွာေပၚ မူတည္ၿပီး တူညီတဲ့ ပံုရိပ္ကို ျပန္ထုတ္ေပးပါတယ္။ ၿပံဳးရင္ ျပန္ၿပံဳးျပတယ္၊ မဲ့ရင္လည္း ျပန္မဲ့ျပတယ္။ သူ႕ဘ၀က သူ႕ေရွ႕ လာရပ္တဲ့သူအေပၚမွာ မူတည္ေနတယ္။ တခ်ိဳ႕ေတြ ခံယူထားတဲ့ သင္ေကာင္းလွ်င္ ကၽြႏု္ပ္မဆုိးပါ ဆုိတာ ဒါမ်ိဳးေပါ့။ ဒါေပမဲ့ သိပ္လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္က်ေတာ့ ဒီလိုမဟုတ္ဘူး။ သူ႕ေရွ႕လာၿပီး ၿပံဳးပဲျပျပ၊ မဲ့ပဲျပျပ၊ သူကေတာ့ လွပတဲ့ ရုပ္ပံုေလးကို အၿမဲျပေနမွာ ျဖစ္ပါတယ္။

ကၽြန္ေတာ္တုိ႕လည္း အဲဒီ ပန္းခ်ီကားလို ခံယူႏုိင္ဖုိ႕ လိုတယ္။ သူေကာင္းလုိ႕ ကုိယ္ေကာင္းတာ၊ သူ မေကာင္းလို႕ ကုိယ္ကလည္း ျပန္မေကာင္းတာေတြက စိတ္ဓါတ္ျမင့္ျမတ္သူေတြ လုပ္ေလ့မရွိပါဘူး။ သူတို႕ဟာ သူတုိ႕ပံုစံအတုိင္းပဲ ေနပါတယ္။ ကုိယ့္ေရွ႕ ဘယ္လုိလာလုပ္ျပေနသလဲ ဆုိတာနဲ႔ မဆုိင္ဘူး၊ သူတုိ႕ရဲ႕ ကိုယ္ပုိင္မူနဲ႕ပဲ ဆုိင္တယ္။ လက္စားေခ်တယ္၊ တံု႕ျပန္တယ္ ဆုိတာမ်ိဳးေတြ သူတုိ႕ဆီမွာမရွိဘူး။ ဒါေတြအတြက္နဲ႔လည္း တန္ဖုိးရွိတဲ့ အခ်ိန္ေတြကို အလဟႆ အကုန္မခံဘူး။

၆။ သူတို႕ကုိ ေျပာင္းလဲမေပးပါနဲ႕၊ ကုိယ္ မေျပာင္းလဲသြားေအာင္သာ ထိန္းပါ။

ၾကည္႕ဖူးတဲ့ ဇာတ္ကားတစ္ခုရွိတယ္။ မတရားမႈေတြကို ကုိယ္က်ိဳးစြန္႕ အနစ္နာခံရင္း တိုက္ဖ်က္ေပမယ့္လည္း ေနာက္ဆံုးမွာ မတရားသူေတြကသာ ပန္းပန္သြားတယ္ဆုိတာကုိ ရုိက္ျပထားတဲ့ ဇာတ္ကားေလးေပါ့။ အဲဒီကားအဆံုးသတ္မွာ ဇာတ္ေကာင္တစ္ေယာက္ ေျပာသြားတဲ့ စကားေလး သိပ္လွပါတယ္။ “တကယ္ေတာ့ ကၽြန္မတုိ႕ဟာ ေလာကၾကီးကို ေျပာင္းလဲႏုိင္မလားလုိ႕ ၾကိဳးစားခဲ့ၾကတယ္၊ တကယ္တမ္း ကၽြန္မတုိ႕ရုန္းကန္လႈပ္ရွားခဲ့ၾကတာဟာ ေလာကၾကီးကုိ ကၽြန္မတုိ႕က ေျပာင္းလဲႏုိင္ဖုိ႕မဟုတ္ဘဲ ေလာကၾကီးက ကၽြန္မတုိ႕ကို မေျပာင္းလဲပစ္ႏုိင္ဖို႕ပဲ ျဖစ္တယ္” တဲ့။

ဟုတ္တယ္၊ အရင္ကေတာ့ အဲ့လိုပဲ၊ ေလာကၾကီးကုိ ေျပာင္းလဲဖုိ႕၊ ကုိယ့္ပတ္၀န္းက်င္က လူေတြကုိ ေျပာင္းလဲဖုိ႕ စိတ္ကူးခဲ့ဖူးတယ္။ ဒါေပမယ့္ တကယ့္လက္ေတြ႕မွာ အင္မတန္ခက္ခဲတာကုိ ေတြ႕ရတယ္။ တစ္ခ်ိန္လံုး ဆုိးလာခဲ့တဲ့ လူတစ္ေယာက္ဟာ ေနာင္တေတြရျပီး ေျပာင္းလဲသြားတယ္ဆုိတာ ဇာတ္ကားေတြထဲေလာက္ပဲ ရွိတယ္။ အျပင္မွာကေတာ့ သူတို႕ေတြဟာ ေနာင္တလည္း မရဘူး၊ မွားမွန္းလည္း မသိၾကဘူး။ ဒါေၾကာင့္ သူတုိ႕ကုိ မွားမွန္းသိေအာင္၊ ေနာင္တရေအာင္ ၾကိဳးစားေနမယ့္အစား ကုိယ္က သူတို႕လို ျဖစ္မသြားေအာင္ပဲ ထိန္းသိမ္းတာက ပုိလက္ေတြ႕က်ပါလိမ့္မယ္။

ေဒါက္တာ ျဖိဳးသီဟ

(၈.၁၂.၂၀၁၈ ထုတ္ Voice Weekly ပါ ေဆာင္းပါး)


(Unicode)

ကျွန်တော်တို့ဘဝမှာ တစ်ယောက်ယောက်က အနိုင်ကျင့်တာ၊ စော်ကားတာ၊ ဗိုလ်ကျတာ၊ တင်စီးတာ၊ တည့်တည့်ပြောရရင် လူပါးဝတာမျိုးတွေ ကြုံဖူးကြမှာပါ။ ကျောင်းမှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ်၊ နောက်ဆုံး သွားရင်းလာရင်းဖြစ်ဖြစ်ပေါ့။ ကိုယ့်အချင်းချင်းလည်း ရှိမယ်၊ လူမျိုးခြားက လုပ်တာလည်း ရှိမယ်။ ဖြတ်သန်းတဲ့ လုပ်ငန်းနယ်ပယ်၊ ကြုံတွေ့ရတဲ့သူတွေပေါ် မူတည်ပြီး အနည်းနဲ့အများသာ ကွာမယ်၊ လူတိုင်းတော့ တစ်ခါမဟုတ်တစ်ခါ ကြုံဖူးကြလိမ့်မယ်။

နည်းနည်းလောက် ပြန်စဉ်းစားကြည့်ကြည့်ပါ။ အဲ့လိုကြုံရတဲ့အခါ ဘယ်လိုခံစားရသလဲ၊ ဘယ်လိုတုံ့ပြန်ခဲ့မိသလဲ။ များသောအားဖြင့်တော့ စိတ်တိုမယ်၊ ငိုမိမယ်၊ ပြင်းပြင်းထန်ထန် တုံ့ပြန်မိချင်လည်းမိမယ်။ ဒီကနေမှတဆင့် အလုပ်ထွက်လိုက်တာ၊ အလုပ်ပြုတ်တာ၊ အမုန်းပွားတာတွေ ဖြစ်ရင်လည်း ဖြစ်ခဲ့မယ်။ ဒီဆောင်းပါးလေးမှာတော့ ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတုန်းက တွေးမိခဲ့တာလေးတွေအပေါ် အခြေခံပြီး ဝေမျှချင်ပါတယ်။

၁။ စိတ်ထိန်းနိုင်ဖို့ လိုပါတယ်။

ဘယ်သူမဆို ဖြစ်ဖြစ်ချင်းတော့ စိတ်တိုတာပဲ။ အဲဒါကို မထိန်းနိုင်လိုက်တဲ့အခါ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်တယ်။ လူမှုကွန်ရက်တွေမှာလည်း တွေ့ဖူးတယ်၊ ကားပါကင်လုရင်း ပြဿနာဖြစ်ကြရာကတဆင့် ကိုယ်ထိလက်ရောက် လုပ်ကြတယ် ဆိုတာမျိုး။ ရုံးတွေ၊ အလုပ်တွေမှာဆိုရင်တော့ နောက်ပိုင်းအလုပ်လုပ်သမျှ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ အဆင်မပြေတော့တာမျိုး၊ စကားတွေလွန်၊ နှုတ်တွေကျွံသွားလို့ အလုပ်ထွက်လိုက်ရတာမျိုးတွေထိ ဖြစ်တတ်တာပေါ့။ ပြန်စဉ်းစားကြည့်ရင် မတန်ဘူးဆိုတာ သတိထားမိလိမ့်မယ်။ ဒါကြောင့် ဖြစ်ဖြစ်ချင်းမှာ စိတ်ထိန်းဖို့ လိုတယ် ပြောတာပါ။

ကြားဖူးတာလေးတစ်ခုရှိတယ်၊ 90/10 principle တဲ့။ ဘာလဲဆိုတော့ ဘဝမှာ ကြုံတွေ့ရသမျှ အရာတွေအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းဟာ သူ့အလိုလိုဖြစ်လာတာ ဖြစ်ပြီးတော့ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ အဲဒီ ၁၀ ရာခိုင်နှုန်းကို ဘယ်လိုတုံ့ပြန်လိုက်သလဲ ဆိုတာရဲ့ အကျိုးဆက်ပါတဲ့။ ဥပမာပြောရရင် လမ်းမှာ ကားပိတ်လို့ စိတ်တိုတိုနဲ့ အလုပ်ကိုရောက်သွားတယ် ဆိုပါတော့။ ကားပိတ်တာက ကိုယ့်ကြောင့်မဟုတ်ဘူး၊ ကိုယ်ထိန်းချုပ်လို့လည်း မရဘူး။ ဒါပေမယ့် အဲဒါကို စိတ်တိုတယ်၊ တိုတဲ့စိတ်ကို အလုပ်သယ်သွားတော့ ဟိုမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ Customer တွေနဲ့ ပြဿနာတက်ပြီး တစ်နေကုန် အဆင်မပြေတော့ဘူး။ ဒီတော့ ကားပိတ်တာဟာ ရှောင်လွှဲလို့မရတဲ့ ၁၀ ရာခိုင်နှုန်း၊ ကျန်တဲ့ ၉၀ ရာခိုင်နှုန်းကတော့ ကားပိတ်တဲ့အပေါ် တုံ့ပြန်လိုက်တဲ့ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။

ဒီလိုလေးမြင်ကြည့်လိုက်တဲ့အခါ တခုခုတုံ့ပြန်တော့မယ် ဆိုတဲ့အခါတိုင်း ကိုယ့်စိတ်ကိုကိုယ် ပိုပြီး ထိန်းချုပ်နိုင်လာတယ်။ ခဏလေးပဲ စိတ်က လွတ်ထွက်သွားတာပဲ၊ ဒါပေမယ့် နောက်မှာ ဆက်လိုက်လာမယ့် ပြဿနာက အများကြီး။ ဒီအတွက် မလဲသင့်ဘူးလို့ မြင်လာတယ်။ နောက်ပုံပြင်တစ်ခုလည်း ရှိသေးတယ်။ မြွေတစ်ကောင်ဟာ သူ့ခေါင်းပေါ်မှာ ပျားလာနားလို့ စိတ်တွေတိုရင်း တိုရင်း နောက်ဆုံး မောင်းလာနေတဲ့ လှည်းရဲ့ ဘီးအောက်ကို ခေါင်းဝင်ခံလိုက်တယ်တဲ့။ နားနေတဲ့ပျားလည်း သေ၊ သူကိုယ်တိုင်လည်း သေ။ ဒါကြောင့် ဒီစိတ်တိုစရာလေးတစ်ခုအတွက်နဲ့ ကိုယ့်ရဲ့ တခြားအရာတွေကို အဆုံးရှုံးမခံပါနဲ့။ မလဲပစ်ပါနဲ့။ ဒီထက်ပိုကောင်းတဲ့ ဖြေရှင်းနည်းကို ခေါင်းအေးအေးနဲ့ ရှာဖွေပါ။

၂။ ပြတ်သားတဲ့သူတစ်ယောက် ဖြစ်ပါစေ။

စိတ်ကိုထိန်းရမယ်လို့ ပြောလိုက်တာဟာ အရာအားလုံး ငုံ့ခံလာရမယ်လို့ မဆိုလိုပါဘူး။ ပြတ်ပြတ်သားသား ပြောရဲဆိုရဲဖို့ လိုပါတယ်။ ဘာလို့ဆိုတော့ လူရဲ့သဘောက သည်းခံတဲ့သူဆို ပိုပြီး အနိုင်ယူတတ်လို့ပါပဲ။

လူတွေကို ၃ မျိုး ၃ စားခွဲလို့ရပါတယ်။ ကိုယ့်တစ်ဖက်တည်းသိပြီး သူတစ်ပါးကို နစ်နစ်နာနာ ပြောတတ်၊ အနိုင်ယူတတ်တဲ့ Aggressive type သမားတွေရယ်၊ ပြိုင်လာရင် အရှုံးပေး၊ နှလုံးအေးတဲ့ဆေး ဆိုပြီး ဘာလုပ်လုပ် ငြိမ်ခံနေတတ်တဲ့ Passive type သမားတွေရယ်၊ နောက်ဆုံးတစ်ခုကတော့ သူတစ်ပါးကိုလည်း လေးစားသလို၊ ကိုယ့်အခွင့်အရေးလည်း ကိုယ်သိတယ်၊ တောင်းဆိုရဲတယ်၊ ပြီးတော့ ကိုယ့်တာဝန်လည်း ကိုယ်ကျေအောင်လုပ်တယ်၊ ဒီလိုလူမျိုးကိုတော့ Assertive type လို့ခေါ်ပါတယ်။ ခိုင်မာပြတ်သားတဲ့သူလို့ မြန်မာလို ပြန်ချင်တယ်။ ကျွန်တော်တို့ အဲဒီပုံစံအတိုင်း ဖြစ်ဖို့ လိုပါတယ်။ တစ်ဖက်က အနိုင်ယူသမျှ သည်းခံနေရင် ကိုယ်ဟာ အနိုင်ယူလို့ရတဲ့သူလို့ ထင်သွားတော့မှာပါ။ ရန်ပြန်ဖြစ်ဖို့မဟုတ်ဘဲ ကိုယ်ပြောစရာရှိတာကိုတော့ ရဲရဲတင်းတင်း ပြောနိုင်ဖို့ လိုပါတယ်။

၃။ တနုံ့နုံ့ ခံစားမနေပါနဲ့။

အဲ့လိုအနိုင်ယူခံလိုက်ရပြီးရင် အများစု စိတ်ထဲမှာ တနုံ့နုံ့နဲ့ ခံစားနေရတတ်ပါတယ်။ သူက ငါ့ကို ဒီလိုလုပ်ရသလားပေါ့။ ဘာမှပြန်မပြော၊ မလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။ တကယ်ဆို စဉ်းစားကြည့်၊ ဟိုလူက ပြောပြီး ပြီးသွားပြီ။ မေ့တောင်မေ့နေပြီ။ ကိုယ့်မှာသာ တနုံ့နုံ့နဲ့ ဖြစ်ကျန်ခဲ့တာ။ နာကျည်းလို့မဆုံး၊ ဝမ်းနည်းလို့မဆုံး၊ ခံစားလို့မဆုံး ဖြစ်နေတာ။ တွက်ကြည့်ရင် ဘယ်လောက်ရှုံးသလဲ။ အပြောလည်း ခံရတယ်။ ဒဏ်ရာကလည်း တစ်သက်လုံး ကျန်နေခဲ့တယ်။ ငယ်ငယ်က သင်ရတဲ့ စာတစ်ပုဒ်လိုပဲ၊ တိုက်ပွဲမှာ ထိသွားလို့ နဖူးမှာ ကျန်ခဲ့တဲ့ အမာရွတ်ကို မှန်ထဲမှာကြည့်တိုင်း ရှုံးနိမ့်နေရတော့မယ့် စစ်သူကြီးလို ဖြစ်နေတယ်။ ဒါကြောင့် ထပ်ကာထပ်ကာ အရှုံးမခံပါနဲ့။ အဲဒီခံစားချက်ကို တတ်နိုင်သလောက် စိတ်ထဲက ဖယ်ထုတ်ကြည့်ပါ။ မဖယ်ထုတ်နိုင်သေးသရွေ့ ရှုံးနေရတယ်ဆိုတာကို မမေ့ပါနဲ့။

၄။ ကိုယ့်အဆင့်နဲ့ကိုယ် နေပါ။

တစ်ခါတစ်လေလည်း တွေးမိတတ်ကြတယ်၊ ငါ သူပြောတဲ့အတိုင်း ပြန်ပြောလိုက်ရမလား၊ သူလုပ်တဲ့အတိုင်း ပြန်လုပ်လိုက်ရမလား ဆိုပြီးတော့ပေ့ါ။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုတွေးဖူးတာပဲ။ ဒါပေမယ့် အဲ့လိုလက်တုံ့ပြန်တော့မယ်ဆိုတဲ့အခါတိုင်း အဆင့်အတန်း ဆိုတဲ့ စကားလုံးက ကျွန်တော့်ခေါင်းထဲ ဝင်လာတယ်။ တကယ်တော့ အဆင့်အတန်းဆိုတာ ဘယ်လောက်ချမ်းသာတယ်၊ ဘာတွေ ဝတ်စားထားတယ် ဆိုတာထက် ကိုယ့်ရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်နေစိတ်ထားတွေကသာ အဓိက ကိုယ်စားပြုတာ ဖြစ်ပါတယ်။ သူပြောသလို ပြန်ပြောလိုက်ရလို့ အားရတာထက် အဲ့ဒီအဆင့်အတန်း ဆုံးရှုံးသွားမှာကို ပိုနှမြောမိပါတယ်။ ဒါကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းတယ်။ ရိုင်းရိုင်းစိုင်းစိုင်း မတုံ့ပြန်မိအောင်နေတယ်။ ဘေးပတ်ဝန်းကျင်က တစ်ယောက်ယောက် မြင်လိုက်ရရင်လည်း ကိုယ်ဟာ အထင်သေးစရာ ဖြစ်မနေတော့ဘူးပေါ့။

၅။ ပန်းချီကားလိုကျင့်ပါ။

မှန်တစ်ချပ်ဟာ သူ့ရှေ့ကို ရောက်လာတဲ့လူရဲ့ မျက်နှာပေါ် မူတည်ပြီး တူညီတဲ့ ပုံရိပ်ကို ပြန်ထုတ်ပေးပါတယ်။ ပြုံးရင် ပြန်ပြုံးပြတယ်၊ မဲ့ရင်လည်း ပြန်မဲ့ပြတယ်။ သူ့ဘဝက သူ့ရှေ့ လာရပ်တဲ့သူအပေါ်မှာ မူတည်နေတယ်။ တချို့တွေ ခံယူထားတဲ့ သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ ဆိုတာ ဒါမျိုးပေါ့။ ဒါပေမဲ့ သိပ်လှပတဲ့ ပန်းချီကားတစ်ချပ်ကျတော့ ဒီလိုမဟုတ်ဘူး။ သူ့ရှေ့လာပြီး ပြုံးပဲပြပြ၊ မဲ့ပဲပြပြ၊ သူကတော့ လှပတဲ့ ရုပ်ပုံလေးကို အမြဲပြနေမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့လည်း အဲဒီ ပန်းချီကားလို ခံယူနိုင်ဖို့ လိုတယ်။ သူကောင်းလို့ ကိုယ်ကောင်းတာ၊ သူ မကောင်းလို့ ကိုယ်ကလည်း ပြန်မကောင်းတာတွေက စိတ်ဓါတ်မြင့်မြတ်သူတွေ လုပ်လေ့မရှိပါဘူး။ သူတို့ဟာ သူတို့ပုံစံအတိုင်းပဲ နေပါတယ်။ ကိုယ့်ရှေ့ ဘယ်လိုလာလုပ်ပြနေသလဲ ဆိုတာနဲ့ မဆိုင်ဘူး၊ သူတို့ရဲ့ ကိုယ်ပိုင်မူနဲ့ပဲ ဆိုင်တယ်။ လက်စားချေတယ်၊ တုံ့ပြန်တယ် ဆိုတာမျိုးတွေ သူတို့ဆီမှာမရှိဘူး။ ဒါတွေအတွက်နဲ့လည်း တန်ဖိုးရှိတဲ့ အချိန်တွေကို အလဟဿ အကုန်မခံဘူး။

၆။ သူတို့ကို ပြောင်းလဲမပေးပါနဲ့၊ ကိုယ် မပြောင်းလဲသွားအောင်သာ ထိန်းပါ။

ကြည့်ဖူးတဲ့ ဇာတ်ကားတစ်ခုရှိတယ်။ မတရားမှုတွေကို ကိုယ်ကျိုးစွန့် အနစ်နာခံရင်း တိုက်ဖျက်ပေမယ့်လည်း နောက်ဆုံးမှာ မတရားသူတွေကသာ ပန်းပန်သွားတယ်ဆိုတာကို ရိုက်ပြထားတဲ့ ဇာတ်ကားလေးပေါ့။ အဲဒီကားအဆုံးသတ်မှာ ဇာတ်ကောင်တစ်ယောက် ပြောသွားတဲ့ စကားလေး သိပ်လှပါတယ်။ “တကယ်တော့ ကျွန်မတို့ဟာ လောကကြီးကို ပြောင်းလဲနိုင်မလားလို့ ကြိုးစားခဲ့ကြတယ်၊ တကယ်တမ်း ကျွန်မတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာဟာ လောကကြီးကို ကျွန်မတို့က ပြောင်းလဲနိုင်ဖို့မဟုတ်ဘဲ လောကကြီးက ကျွန်မတို့ကို မပြောင်းလဲပစ်နိုင်ဖို့ပဲ ဖြစ်တယ်” တဲ့။

ဟုတ်တယ်၊ အရင်ကတော့ အဲ့လိုပဲ၊ လောကကြီးကို ပြောင်းလဲဖို့၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာ အင်မတန်ခက်ခဲတာကို တွေ့ရတယ်။ တစ်ချိန်လုံး ဆိုးလာခဲ့တဲ့ လူတစ်ယောက်ဟာ နောင်တတွေရပြီး ပြောင်းလဲသွားတယ်ဆိုတာ ဇာတ်ကားတွေထဲလောက်ပဲ ရှိတယ်။ အပြင်မှာကတော့ သူတို့တွေဟာ နောင်တလည်း မရဘူး၊ မှားမှန်းလည်း မသိကြဘူး။ ဒါကြောင့် သူတို့ကို မှားမှန်းသိအောင်၊ နောင်တရအောင် ကြိုးစားနေမယ့်အစား ကိုယ်က သူတို့လို ဖြစ်မသွားအောင်ပဲ ထိန်းသိမ်းတာက ပိုလက်တွေ့ကျပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ

(၈.၁၂.၂၀၁၈ ထုတ် Voice Weekly ပါ ဆောင်းပါး)

Wednesday, August 21, 2019

သင္ အိပ္ရင္ ေဟာက္တတ္ပါသလား?


သင္ အိပ္ရင္ ေဟာက္တတ္ပါသလား။ ဒါေလးေတြ စမ္းၾကည့္ပါ။ သက္သာပါလိမ့္မယ္။ ။


ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

အိပ္ရင္ ေဟာက္တတ္တဲ့သူေတြကို အနားမွာ ထားမအိပ္ခ်င္ၾကတာ လူတိုင္းပါ။ သူကေတာ့ အိပ္ေမာက်ျပီး ကိုယ္ကေတာ့ သူ႕ အသံၾကားျ႔ီး  တစ္ညလံုး မအိပ္ႏုိ္င္ ဘဲနဲ႔ လူးလိမ္႔ေနရေရာ။ ဒီလို ေဟာက္တတ္တဲ့သူတစ္ေယာက္ ကိုယ့္အနားမွာ ရွိေနျပီ ဆိုလို႔ကေတာ့ ခုေျပာျပတဲ့  နည္းေတြနဲ႔ သူ႕ေဟာက္တာကို ေပ်ာက္ေအာင္ လုပ္ရင္လုပ္။ မလုပ္ရင္ေတာ့ အိပ္ေရးပ်က္မွာက ကိုယ္ပဲ ျဖစ္ေနလိမ့္မယ္။

ေဟာက္တတ္တဲ့သူေတြ မေဟာက္ေအာင္ ဘယ္လိုလုပ္လို႕ရလဲ ။  ။

၁။ ကိုယ့္ရဲ႕ အိပ္ေနတဲ့ ပံုစံကို ေျပာင္းျပီးအိပ္ပါ။  ။
ပက္လက္လွန္ အိပ္ရင္ လွ်ာက လည္ေခ်ာင္းနားကို သြားပိတ္ေနသလိုျဖစ္ျပီး ေလဝင္ေပါက္က်ဥ္းသြားတတ္လို႕ ေဟာက္တာျဖစ္ပါတယ္။ ဒါေၾကာင့္ စစခ်င္းအိပ္တဲ့အခ်ိန္မွာတည္းက ေစာင္းအိပ္ရင္ ေဟာက္တာ သက္သာပါလိမ့္မယ္။ ဒါမွမဟုတ္ အိပ္တည္းက ကိုယ့္ေက်ာဘက္မွာ ဖက္လံုး ခံအိပ္ရင္လည္း ေဘးကို ေစာင္းေနတတ္လို႕ ေဟာက္တာ သက္သာပါလိမ့္မယ္။

၂ ။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်ပါ။  ။
ဝတတ္တဲ့သူေတြဟာ ပိန္တဲ့သူေတြထက္စာရင္ပုိေဟာက္တတ္ၾကပါတယ္။ ကိုယ္အေလးခ်ိန္တက္လာလို႔ လည္ပင္းမွာ မ်ားလာတဲ့ အဆီေတြေၾကာင့္ ေလဝင္ေပါက္က်ဥ္းသြာျပီး ေဟာက္တတ္ၾကပါတယ္။ ဝတဲ့သူ ေတြက ေဟာက္တတ္တယ္္ဆိုေပမယ့္လည္း ပိန္တဲ့သူေတြက လံုးဝ မေဟာက္ဘူးလို႕ေတာ့ မဆိုလိုပါဘူး။ ကိုယ္က ပိန္တုန္းက မေဟာက္တတ္ဘဲ ဝေတာ့မွာ ေဟာက္တတ္လာတယ္ဆိုရင္ေတာ့ ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လုိက္တာနဲ႕ ေဟာက္တာကို သက္သာေစမွာပါ။

၃ ။ အရက္ ျဖတ္ပါ။
အရက္တုိ႕၊ အိပ္ေဆးတို႕ဆိုတာ သင့္လည္ပင္းတစ္ဝုိက္နဲ႕ အာေခါင္က ၾကြက္သားေတြကို ေျပေလ်ာ့ေစတာေၾကာင့္ သင့္ကို ပိုျပီး ေဟာက္ေစတတ္ပါတယ္။ အိပ္ရာမဝင္ခင္ ၄ နာရီ ၅နာရီ ေလာက္အလိုတည္းက အရက္ ေသာက္ထားရင္ အိပ္တဲ့အခ်ိန္မွာ ေဟာက္တာပိုဆိုးတတ္ပါတယ္။ ဒါေပမယ့္ နဂိုတည္းက မေဟာက္တတ္တဲ့သူေတြကေတာ့ အရက္ေသာက္ျပီးလည္း ေဟာက္တာမ်ိဳး မျဖစ္တတ္ပါဘူး။

၄ ။ အိပ္ခိ်န္မွန္ပါေစ။  ။
အိပ္ခ်ိန္လံုေလာက္ေအာင္ မအိပ္ဘဲ အလုပ္ပင္ပင္ပန္းပန္းလုပ္ထားတဲ့သူေတြ  အိပ္ရင္ၾကြက္သားေတြ ပိုျပီး ေပ်ာ့ဖတ္ေနတတ္တာေၾကာင့္ အသက္ရွဴလမ္းေၾကာင္း က်ဥ္းသြားပိတ္သြားျပီး ပိုေဟာက္တတ္ၾကပါတယ္။

၅ ။ ေခါင္းအံုး ေျပာင္းလိုက္ပါ။
သင့္အိပ္ရာေပၚမွာ ရွိေနတဲ့ ဓာတ္မတည့္တာကို ျဖစ္ေစတဲ့ ပိုးမႊားေတြ၊ ေၾကာင့္ ႏွာေစးႏွာပိတ္ျဖစ္ေစျပီး အသက္ရွဴလို႕ မေကာင္းေတာ့လို႔ ေဟာက္တတ္ပါတယ္။ ဒါေၾကာင့္ အိပ္ရာကို သန္႔သန္႕ရွင္းရွငိးထားပါ။ ေပ်ာ့တဲ့ ေခါင္းအံုးထက္စာရင္ မာတဲ့ေခါင္းအံုးကို သံုးပါ။

၆ ။ ေရဓာတ္ျပည့္ေနပါေစ ။ ။
အာေခါင္ေျခာက္ေနတဲ့အခါ လည္ပင္းတစ္ဝိုက္က ၾကြက္သားေတြ ပုိကပ္ေနႏုိင္တာေၾကာင့္ ေလဝင္ေပါက္က်ဥ္းသြားျပီး ပိုေဟာက္တတ္ပါတယ္။ဒါေၾကာင့္ ေရဓာတ္ျပည့္ဝေအာင္လို႔  ေဟာက္တတ္တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ေန႕ကို ေရ ၁၁ ဖန္ခြက္ေသာက္သင့္ျပီး အမ်ိဳးသားတစ္ဦးကေတာ့ ေရ ၁၆ ဖန္ခြက္ေသာက္သင့္ပါတယ္။

ဒါေတြကေတာ့ ကိုယ္ကေဟာက္တတ္ရင္ပဲျဖစ္ျဖစ္၊ ကိုယ့္အိမ္သားေတြ ေဟာက္တတ္ရင္ပဲျဖစ္ျဖစ္ ေဟာက္တာကို သက္သာေအာင္ လုပ္လို႕ ရတဲ့ နည္းလမ္းတစ္ခ်ိဳ႕ျဖစ္ပါတယ္။ ဒီနည္း အကုန္လံုးက ေဟာက္တာကို လံုးဝ မေပ်ာက္ေစရင္ေတာင္ သက္သာသြားေအာင္ လုပ္ႏုိင္တာေၾကာင့္ စမ္းၾကည့္တာ မမွားဘူးေနာ္ ။  ။

မူလေရးသားတင္ဆက္သူ - Hello ဆရာ၀န္​ 

Tuesday, August 20, 2019

ပန္းအိုးက်ကဲြသြားခဲ့ေသာ္




(Zawgyi)

ျမန္မာဇာတ္ကားေတြ အၾကည္႕မ်ားသူဆုိ ဒါကို သေဘာေပါက္မယ္ထင္ပါတယ္။ မင္းသားနဲ႕ မင္းသမီး ခ်စ္သူႏွစ္ေယာက္ ခ်ိန္းေတြ႕ျပီး အိမ္ျပန္ဖို႕ျပင္ေနတုန္း မိုးက ရုတ္တရက္ရြာလာတယ္။ အဲဒါနဲ႕ မိုးခိုလိုက္ေရာေပါ့ေလ။ အဲဒီအခ်ိန္ မုိးကျခိမ္းေတာ့ မင္းသမီးက ေၾကာက္ျပီး မင္းသားကို ဖက္၊ အဲဒီမွာ မင္းသားနဲ႕မင္းသမီး တစ္ေယာက္ကုိတစ္ေယာက္ ၾကည္႕ရင္း ၾကည္႕ရင္းနဲဲ႕ ေနာက္တစ္ခန္းက် ဘာဆက္ျပမလဲဆုိ ပန္းအုိးက်ကြဲသြားတာကို ျပတယ္။ ဒါဆုိ ပရိသတ္က သေဘာေပါက္ျပီ၊ မင္းသားနဲ႕ မင္းသမီး ဘာျဖစ္သြားတယ္ဆိုတာကို။ အဲဒီလိုနဲ႕ ေနာက္ႏွစ္ခန္းေလာက္ဆုိ မင္းသမီးက ပ်ိဳ႕မယ္၊ အန္မယ္၊ ေခါင္းမူးမယ္။ ဒါဆိုလည္း ပရိသတ္က သိျပန္ျပီ။ မင္းသမီး ကုိယ္၀န္ရွိသြားျပီ၊ ေနာက္ဆက္တြဲ ျပႆနာေတြ တက္ေတာ့မယ္။

ခု ဒီေဆာင္းပါးမွာ ေရးမယ့္ အေၾကာင္းအရာေလးက အဲဒါပါ။ ဒီလိုမိ်ဳး မရည္ရြယ္ပါဘဲနဲ႕ အေျခအေနတစ္ခုမွာ ထိန္းခ်ဳပ္မႈလြတ္သြားလို႕ ခ်စ္နယ္ကၽြံသြားတယ္ဆုိတာမ်ိဳးက ျဖစ္ႏုိင္ပါတယ္။ ေနာက္ျပီး ခုေခတ္မွာ လူငယ္တခ်ိဳ႕ဆုိရင္ အင္မတန္ေခတ္ဆန္လာၾကတယ္။ လက္မထပ္ခင္ သမီးရည္းစားဘ၀မွာကတည္းက အတူေနတာမ်ိဳးေတြေတာင္ ရွိလာျပီ။ ဒါေတြကို မွန္တယ္၊ မွားတယ္ ျငင္းခုန္ေနၾကတာထက္ ပိုလုပ္သင့္တာက လူငယ္ေတြကုိ ဒီလိုအတူေနျခင္းရဲ႕ ေနာက္ဆက္တြဲျပႆနာေတြ ေပၚမလာေအာင္ ဘယ္လိုလုပ္သင့္တယ္ ဆုိတာ အသိပညာေပးထားဖုိ႕ပါပဲ။

အဲဒီလိုမ်ား အေၾကာင္းေၾကာင္းေၾကာင့္ မေတာ္တဆ ပန္းအိုးက်ကြဲသြားရင္ ဘာေတြဆက္ျဖစ္ႏုိင္သလဲ၊ ဘာလုပ္ဖုိ႕လိုမလဲ။

ဆက္ျဖစ္ႏုိင္တာကေတာ့ ႏွစ္ခ်က္ရွိပါတယ္။ ပထမတစ္ခ်က္က HIV/ AIDS လို လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ရသြားႏုိင္တယ္။ ေနာက္တစ္ခုက မလိုခ်င္ေသးဘဲ၊ အဆင္သင့္မျဖစ္ေသးဘဲ ကုိယ္၀န္ရသြားႏုိင္တယ္။ တကယ္ေတာ့ ကြန္ဒံုးသံုးျပီးသာ အတူေနလိုက္ရင္ ဒီျပႆနာႏွစ္ခုလံုး အဆင္ေျပတယ္။ သို႕ေသာ္လည္း ခုက မေတာ္တဆ မရည္ရြယ္ဘဲ ျဖစ္သြားတာမို႕ ဒီလုိသံုးလိုက္မိမယ္ မဟုတ္ဘူး။ ဒါဆို ေရာဂါအတြက္က ကုိယ့္နဲ႕မွားမိတဲ့သူရဲ႕ အေနအထားေပၚ မူတည္ျပီး ဆရာ၀န္ဆီ သြားတုိင္ပင္ေဆြးေႏြးဖုိ႕ လိုမယ္။ ဒီေဆာင္းပါးမွာေတာ့ ေနာက္ဆက္တြဲျပႆနာတစ္ခုျဖစ္တဲ့ ကုိယ္၀န္မရေအာင္ ဘယ္လိုလုပ္ရမလဲဆုိတာကိုသာ ေျပာခ်င္ပါတယ္။

ဒီလို မေမွ်ာ္လင့္ထားတဲ့ အေျခအေနတစ္ခု ျဖစ္သြားျပီဆုိရင္ ကုိယ္၀န္မရသြားဖုိ႕အတြက္ အခ်ိန္မီလွမ္းတားေပးႏုိင္တဲ့ ေဆးတစ္မ်ိဳးရွိပါတယ္။ အဲဒါကေတာ့ အေရးေပၚကုိယ္၀န္တားေဆးပါပဲ။ ဒီေဆးကုိ ဆက္ဆံမိျပီး နာရီ ၁၂၀ အတြင္းမွာ ေသာက္မယ္ဆိုရင္ ကုိယ္၀န္တားေပးႏုိင္စြမ္း ၈၇ % ရွိပါတယ္။ နာရီ ၁၂၀ ဆုိေပမယ့္ ေစာေစာေသာက္ေလ ေကာင္းေလပါပဲ။ ဘယ္လုိအမ်ိဳးသမီးနဲ႕မဆုိလည္း သင့္ေတာ္ပါတယ္။ တစ္ၾကိမ္တစ္ခါပဲ ေသာက္ရတာမို႕ပါ။ ေနာက္ျပီး ရွင္းရွင္းလင္းလင္း သိေစခ်င္တာက ဒီေဆးဟာ ကုိယ္၀န္ပ်က္က်ေစတဲ့ေဆး မဟုတ္ဘဲ ကုိယ္၀န္မရခင္မွာ အခ်ိန္မီတားေပးလိုက္တာသာ ျဖစ္တယ္ ဆုိတာပါပဲ။

ေသာက္ပံုေသာက္နည္းကေတာ့ ႏွစ္လံုးပါတဲ့ေဆးဆုိရင္ ႏွစ္လံုးစလံုးကို တစ္ျပိဳင္တည္းေသာက္လုိက္ပါ။ ၁၂ နာရီျခားေသာက္စရာ မလိုေတာ့ပါဘူး။ အဲ့လိုျခားေနရင္ ေမ့တတ္လို႕ပါ။ တစ္ျပိဳင္တည္းေသာက္ႏုိင္တယ္။ အာနိသင္အတူတူပဲ။ ေနာက္ျပီး ေဆးလံုးတစ္လံုးတည္းပါတဲ့ ေဆးေတြလည္း ရွိလာျပီ။ ဒါဆုိရင္ေတာ့ အဲဒီတစ္လံုးတည္းကိုပဲ ေသာက္လိုက္ရံုပါပဲ။ ေသာက္ျပီး ၂ နာရီအတြင္း အန္ထြက္ရင္ေတာ့ ထပ္ေသာက္ဖုိ႕ လုိမယ္။ မအန္ရင္ေတာ့ ေသာက္စရာ မလိုေတာ့ဘူး။ အင္မတန္ ရုိးရွင္းပါတယ္။

ေဘးထြက္ဆုိးက်ိဳးအေနနဲ႕ေတာ့ ဒီေဆးေသာက္ရင္ မူးတာ၊ ပ်ိဳ႕အန္တာ၊ ရင္သားေတြ တင္းျပီးနာတာ၊ ရာသီေသြး ပံုမမွန္ဆင္းတာ၊ ပံုမွန္ေပၚရမယ့္ရက္မွာ ေပၚမလာဘဲ ေနာက္က်ေနတာမ်ိဳး ျဖစ္တတ္ပါတယ္။ မ်ားေသာအားျဖင့္ မိန္းကေလးေတြက ဒီေဆးေသာက္ျပီး ရာသီေပၚရမယ့္ရက္မွာ ေပၚမလာတဲ့အခါ ကုိယ္၀န္မ်ားရသြားျပီလား စိုးရိမ္တတ္ၾကပါတယ္။ ဒီေဆးေၾကာင့္ ရာသီေနာက္က်တာမ်ိဳး ျဖစ္ႏုိင္တာမုိ႕ တအားစိုးရိမ္စရာ မလိုဘူး။ တစ္ဖက္မွာလည္း ဒီေဆးေသာက္ပါရက္နဲ႕ ကုိယ္၀န္ရသြားႏုိင္တာမ်ိဳးက ရွိေနျပန္ေတာ့ အေကာင္းဆံုးက ဆီးစစ္ၾကည္႕တာပါပဲ။ မရွိေသးဘူးလို႕ အေျဖထြက္ရင္ေတာ့ ဒါဟာ ေဆးေၾကာင့္ ရာသီေနာက္က်တာပဲေပါ့။

လူၾကီးမိဘေတြကေတာ့ ဒီေဆးေတြ ေပၚလာတဲ့အခါမွာ တအားစိတ္ပူၾကတယ္၊ လူငယ္ေတြက ဒါေတြရွိေနတာ သိသြားရင္ ပုိျပီး မဟုတ္တာ လုပ္ကုန္ေတာ့မွာေပါ့ တဲ့။ စဥ္းစားစရာက ဒီေဆးေတြ မေပၚခင္ကေရာ ဒီလို မေတာ္တဆ ျဖစ္သြားတယ္ဆုိတာေတြက မရွိႏုိင္ဘူးလား။ ရွိႏုိင္တာေပါ့။ ဒီလိုအေျခအေနမွာ ဒီေဆးေတြ ရွိေနေတာ့ အေရးေပၚ ကုိယ္၀န္တားလိုက္လို႕ရတယ္။ ဒါဆုိ မလိုခ်င္ဘဲနဲ႕ ကုိယ္၀န္မရေတာ့ဘူးေပါ့။

ဒါျဖင့္ ေမးစရာျဖစ္လာတယ္၊ ဒီေဆးကို လူငယ္ေတြက ပဲၾကီးေလွာ္၀ါးသလို ၀ါးေနၾကတယ္၊ တစ္လတည္းမွာကို အၾကိမ္ၾကိမ္အခါခါ အတူေနတယ္၊ ေနျပီးတုိင္း ဒီေဆးကို ေသာက္ေနၾကတယ္၊ အဲဒါကိုေရာ ဘယ္လိုေျပာမလဲ။

ရွင္းပါတယ္။ အဲဒါက လူငယ္ေတြကို လိင္မႈဆုိင္ရာ အသိပညာေတြ ေပးမထားျခင္းရဲ႕ ရလဒ္ပါပဲ။ သူတို႕သိတာ အတူေနျပီးရင္ ဒီေဆးေသာက္လိုက္၊ ကုိယ္၀န္မရေတာ့ဘူး၊ ဒါပဲ။ ဒီေတာ့ ဒီလိုေတြလုပ္ကုန္တာ မဆန္းပါဘူး။ တကယ္ဆုိ ဒီေဆးက အေရးေပၚ အေျခအေန၊ ေမွ်ာ္လင့္မထားတဲ့အခ်ိန္မွာ အတူေနမိလိုက္တာ၊ အဓမၼျပဳက်င့္ခံလုိက္ရတာေတြမွာသာ ေနာက္ဆက္တြဲအေနနဲ႕ ကုိယ္၀န္မရေအာင္ ေသာက္ရတာမ်ိဳးပါ။ အိမ္ေထာင္သည္တစ္ေယာက္၊ ဒါမွမဟုတ္လည္း အိမ္ေထာင္ေတာ့ မက်ေသးေပမယ့္ အိမ္ေထာင္သည္လုိ ပံုမွန္ဆက္ဆံမႈရွိတဲ့သူတစ္ေယာက္ အသံုးျပဳသင့္တဲ့ေဆး မဟုတ္ပါဘူး။ အဲ့လိုေရရွည္သံုးရင္ ဘာျဖစ္မယ္ ဆုိတဲ့ ေတြ႕ရွိခ်က္မ်ိဳး ဒီေန႕ထိ မေျပာႏုိင္ေသးေပမယ့္ ဒီနည္းဟာ တျခားကုိယ္၀န္တားနည္းေတြနဲ႕စာရင္ ထိေရာက္မႈနည္းတယ္။ ၈၇ % ပဲရွိတယ္။ ဒီေတာ့ ဒါကို ေသာက္ပါရက္နဲ႕ ကုိယ္၀န္ရသြားႏုိင္တယ္။ ကားေတြျဖတ္ေနတဲ့ လမ္းကို မ်က္စိမွိတ္ကူးသလိုပဲ၊ တစ္ၾကိမ္လြတ္မယ္၊ ႏွစ္ၾကိမ္လြတ္မယ္၊ ေနာက္တစ္ၾကိမ္က် ကားတိုက္သြားမယ္။ ဒါေၾကာင့္ ထပ္ကာထပ္ကာ သံုးမေနသင့္ဘူး။ အေရးေပၚအေျခအေနမွ သံုးရမယ္။ ပံုမွန္ဆက္ဆံမႈရွိေနရင္ တျခားကိုယ္၀န္တားနည္း သံုးတာက ပုိစိတ္ခ်ရလိမ့္မယ္။ ဒီအသိ လူငယ္ေတြကို ေပးထားဖုိ႕လုိတယ္။ ဒါမွသာ ခုနကေျပာသလို လူၾကီးေတြ စိတ္ပူေနတဲ့ကိစၥေတြ နည္းသြားမွာျဖစ္သလို၊ မလိုခ်င္ဘဲ ကုိယ္၀န္ရသြားတာေတြ၊ ႏွစ္စဥ္ႏွစ္စဥ္ တရိပ္ရိပ္တက္လာတဲ့ ဆယ္ေက်ာ္သက္ကုိယ္၀န္ေဆာင္ႏႈန္းေတြ ေလ်ာ့သြားမွာျဖစ္ပါတယ္။

ဒါေၾကာင့္ ကၽြန္ေတာ္ အခုေရးတဲ့ေဆာင္းပါးေရာ၊ ဒီအေရးေပၚ ကုိယ္၀န္တားေဆးေရာက လူငယ္ေတြ မဟုတ္တာပိုလုပ္ေအာင္ ေျမွာက္ေပးေနၾကတာ မဟုတ္ပါဘူး။ မေမွ်ာ္လင့္ဘဲ ျဖစ္လာတဲ့ အေျခအေနတစ္ရပ္အေနနဲ႕ ပန္းအိုးက်ကြဲသြားခဲ့ရင္ ေနာက္ဆက္တြဲ ကုိယ္၀န္ရမလာေအာင္ တားဆီးႏုိင္ၾကဖို႕သာ ရည္ရြယ္ပါတယ္။


(Unicode)

မြန်မာဇာတ်ကားတွေ အကြည့်များသူဆို ဒါကို သဘောပေါက်မယ်ထင်ပါတယ်။ မင်းသားနဲ့ မင်းသမီး ချစ်သူနှစ်ယောက် ချိန်းတွေ့ပြီး အိမ်ပြန်ဖို့ပြင်နေတုန်း မိုးက ရုတ်တရက်ရွာလာတယ်။ အဲဒါနဲ့ မိုးခိုလိုက်ရောပေါ့လေ။ အဲဒီအချိန် မိုးကခြိမ်းတော့ မင်းသမီးက ကြောက်ပြီး မင်းသားကို ဖက်၊ အဲဒီမှာ မင်းသားနဲ့မင်းသမီး တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ကြည့်ရင်းနဲ့ နောက်တစ်ခန်းကျ ဘာဆက်ပြမလဲဆို ပန်းအိုးကျကွဲသွားတာကို ပြတယ်။ ဒါဆို ပရိသတ်က သဘောပေါက်ပြီ၊ မင်းသားနဲ့ မင်းသမီး ဘာဖြစ်သွားတယ်ဆိုတာကို။ အဲဒီလိုနဲ့ နောက်နှစ်ခန်းလောက်ဆို မင်းသမီးက ပျို့မယ်၊ အန်မယ်၊ ခေါင်းမူးမယ်။ ဒါဆိုလည်း ပရိသတ်က သိပြန်ပြီ။ မင်းသမီး ကိုယ်ဝန်ရှိသွားပြီ၊ နောက်ဆက်တွဲ ပြဿနာတွေ တက်တော့မယ်။

ခု ဒီဆောင်းပါးမှာ ရေးမယ့် အကြောင်းအရာလေးက အဲဒါပါ။ ဒီလိုမျိုး မရည်ရွယ်ပါဘဲနဲ့ အခြေအနေတစ်ခုမှာ ထိန်းချုပ်မှုလွတ်သွားလို့ ချစ်နယ်ကျွံသွားတယ်ဆိုတာမျိုးက ဖြစ်နိုင်ပါတယ်။ နောက်ပြီး ခုခေတ်မှာ လူငယ်တချို့ဆိုရင် အင်မတန်ခေတ်ဆန်လာကြတယ်။ လက်မထပ်ခင် သမီးရည်းစားဘဝမှာကတည်းက အတူနေတာမျိုးတွေတောင် ရှိလာပြီ။ ဒါတွေကို မှန်တယ်၊ မှားတယ် ငြင်းခုန်နေကြတာထက် ပိုလုပ်သင့်တာက လူငယ်တွေကို ဒီလိုအတူနေခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေ ပေါ်မလာအောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာ အသိပညာပေးထားဖို့ပါပဲ။

အဲဒီလိုများ အကြောင်းကြောင်းကြောင့် မတော်တဆ ပန်းအိုးကျကွဲသွားရင် ဘာတွေဆက်ဖြစ်နိုင်သလဲ၊ ဘာလုပ်ဖို့လိုမလဲ။

ဆက်ဖြစ်နိုင်တာကတော့ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က HIV/ AIDS လို လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ရသွားနိုင်တယ်။ နောက်တစ်ခုက မလိုချင်သေးဘဲ၊ အဆင်သင့်မဖြစ်သေးဘဲ ကိုယ်ဝန်ရသွားနိုင်တယ်။ တကယ်တော့ ကွန်ဒုံးသုံးပြီးသာ အတူနေလိုက်ရင် ဒီပြဿနာနှစ်ခုလုံး အဆင်ပြေတယ်။ သို့သော်လည်း ခုက မတော်တဆ မရည်ရွယ်ဘဲ ဖြစ်သွားတာမို့ ဒီလိုသုံးလိုက်မိမယ် မဟုတ်ဘူး။ ဒါဆို ရောဂါအတွက်က ကိုယ့်နဲ့မှားမိတဲ့သူရဲ့ အနေအထားပေါ် မူတည်ပြီး ဆရာဝန်ဆီ သွားတိုင်ပင်ဆွေးနွေးဖို့ လိုမယ်။ ဒီဆောင်းပါးမှာတော့ နောက်ဆက်တွဲပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုသာ ပြောချင်ပါတယ်။

ဒီလို မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခု ဖြစ်သွားပြီဆိုရင် ကိုယ်ဝန်မရသွားဖို့အတွက် အချိန်မီလှမ်းတားပေးနိုင်တဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ အရေးပေါ်ကိုယ်ဝန်တားဆေးပါပဲ။ ဒီဆေးကို ဆက်ဆံမိပြီး နာရီ ၁၂၀ အတွင်းမှာ သောက်မယ်ဆိုရင် ကိုယ်ဝန်တားပေးနိုင်စွမ်း ၈၇ % ရှိပါတယ်။ နာရီ ၁၂၀ ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ဘယ်လိုအမျိုးသမီးနဲ့မဆိုလည်း သင့်တော်ပါတယ်။ တစ်ကြိမ်တစ်ခါပဲ သောက်ရတာမို့ပါ။ နောက်ပြီး ရှင်းရှင်းလင်းလင်း သိစေချင်တာက ဒီဆေးဟာ ကိုယ်ဝန်ပျက်ကျစေတဲ့ဆေး မဟုတ်ဘဲ ကိုယ်ဝန်မရခင်မှာ အချိန်မီတားပေးလိုက်တာသာ ဖြစ်တယ် ဆိုတာပါပဲ။

သောက်ပုံသောက်နည်းကတော့ နှစ်လုံးပါတဲ့ဆေးဆိုရင် နှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်လိုက်ပါ။ ၁၂ နာရီခြားသောက်စရာ မလိုတော့ပါဘူး။ အဲ့လိုခြားနေရင် မေ့တတ်လို့ပါ။ တစ်ပြိုင်တည်းသောက်နိုင်တယ်။ အာနိသင်အတူတူပဲ။ နောက်ပြီး ဆေးလုံးတစ်လုံးတည်းပါတဲ့ ဆေးတွေလည်း ရှိလာပြီ။ ဒါဆိုရင်တော့ အဲဒီတစ်လုံးတည်းကိုပဲ သောက်လိုက်ရုံပါပဲ။ သောက်ပြီး ၂ နာရီအတွင်း အန်ထွက်ရင်တော့ ထပ်သောက်ဖို့ လိုမယ်။ မအန်ရင်တော့ သောက်စရာ မလိုတော့ဘူး။ အင်မတန် ရိုးရှင်းပါတယ်။

ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ဒီဆေးသောက်ရင် မူးတာ၊ ပျို့အန်တာ၊ ရင်သားတွေ တင်းပြီးနာတာ၊ ရာသီသွေး ပုံမမှန်ဆင်းတာ၊ ပုံမှန်ပေါ်ရမယ့်ရက်မှာ ပေါ်မလာဘဲ နောက်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ များသောအားဖြင့် မိန်းကလေးတွေက ဒီဆေးသောက်ပြီး ရာသီပေါ်ရမယ့်ရက်မှာ ပေါ်မလာတဲ့အခါ ကိုယ်ဝန်များရသွားပြီလား စိုးရိမ်တတ်ကြပါတယ်။ ဒီဆေးကြောင့် ရာသီနောက်ကျတာမျိုး ဖြစ်နိုင်တာမို့ တအားစိုးရိမ်စရာ မလိုဘူး။ တစ်ဖက်မှာလည်း ဒီဆေးသောက်ပါရက်နဲ့ ကိုယ်ဝန်ရသွားနိုင်တာမျိုးက ရှိနေပြန်တော့ အကောင်းဆုံးက ဆီးစစ်ကြည့်တာပါပဲ။ မရှိသေးဘူးလို့ အဖြေထွက်ရင်တော့ ဒါဟာ ဆေးကြောင့် ရာသီနောက်ကျတာပဲပေါ့။

လူကြီးမိဘတွေကတော့ ဒီဆေးတွေ ပေါ်လာတဲ့အခါမှာ တအားစိတ်ပူကြတယ်၊ လူငယ်တွေက ဒါတွေရှိနေတာ သိသွားရင် ပိုပြီး မဟုတ်တာ လုပ်ကုန်တော့မှာပေါ့ တဲ့။ စဉ်းစားစရာက ဒီဆေးတွေ မပေါ်ခင်ကရော ဒီလို မတော်တဆ ဖြစ်သွားတယ်ဆိုတာတွေက မရှိနိုင်ဘူးလား။ ရှိနိုင်တာပေါ့။ ဒီလိုအခြေအနေမှာ ဒီဆေးတွေ ရှိနေတော့ အရေးပေါ် ကိုယ်ဝန်တားလိုက်လို့ရတယ်။ ဒါဆို မလိုချင်ဘဲနဲ့ ကိုယ်ဝန်မရတော့ဘူးပေါ့။

ဒါဖြင့် မေးစရာဖြစ်လာတယ်၊ ဒီဆေးကို လူငယ်တွေက ပဲကြီးလှော်ဝါးသလို ဝါးနေကြတယ်၊ တစ်လတည်းမှာကို အကြိမ်ကြိမ်အခါခါ အတူနေတယ်၊ နေပြီးတိုင်း ဒီဆေးကို သောက်နေကြတယ်၊ အဲဒါကိုရော ဘယ်လိုပြောမလဲ။

ရှင်းပါတယ်။ အဲဒါက လူငယ်တွေကို လိင်မှုဆိုင်ရာ အသိပညာတွေ ပေးမထားခြင်းရဲ့ ရလဒ်ပါပဲ။ သူတို့သိတာ အတူနေပြီးရင် ဒီဆေးသောက်လိုက်၊ ကိုယ်ဝန်မရတော့ဘူး၊ ဒါပဲ။ ဒီတော့ ဒီလိုတွေလုပ်ကုန်တာ မဆန်းပါဘူး။ တကယ်ဆို ဒီဆေးက အရေးပေါ် အခြေအနေ၊ မျှော်လင့်မထားတဲ့အချိန်မှာ အတူနေမိလိုက်တာ၊ အဓမ္မပြုကျင့်ခံလိုက်ရတာတွေမှာသာ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်မရအောင် သောက်ရတာမျိုးပါ။ အိမ်ထောင်သည်တစ်ယောက်၊ ဒါမှမဟုတ်လည်း အိမ်ထောင်တော့ မကျသေးပေမယ့် အိမ်ထောင်သည်လို ပုံမှန်ဆက်ဆံမှုရှိတဲ့သူတစ်ယောက် အသုံးပြုသင့်တဲ့ဆေး မဟုတ်ပါဘူး။ အဲ့လိုရေရှည်သုံးရင် ဘာဖြစ်မယ် ဆိုတဲ့ တွေ့ရှိချက်မျိုး ဒီနေ့ထိ မပြောနိုင်သေးပေမယ့် ဒီနည်းဟာ တခြားကိုယ်ဝန်တားနည်းတွေနဲ့စာရင် ထိရောက်မှုနည်းတယ်။ ၈၇ % ပဲရှိတယ်။ ဒီတော့ ဒါကို သောက်ပါရက်နဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။ ကားတွေဖြတ်နေတဲ့ လမ်းကို မျက်စိမှိတ်ကူးသလိုပဲ၊ တစ်ကြိမ်လွတ်မယ်၊ နှစ်ကြိမ်လွတ်မယ်၊ နောက်တစ်ကြိမ်ကျ ကားတိုက်သွားမယ်။ ဒါကြောင့် ထပ်ကာထပ်ကာ သုံးမနေသင့်ဘူး။ အရေးပေါ်အခြေအနေမှ သုံးရမယ်။ ပုံမှန်ဆက်ဆံမှုရှိနေရင် တခြားကိုယ်ဝန်တားနည်း သုံးတာက ပိုစိတ်ချရလိမ့်မယ်။ ဒီအသိ လူငယ်တွေကို ပေးထားဖို့လိုတယ်။ ဒါမှသာ ခုနကပြောသလို လူကြီးတွေ စိတ်ပူနေတဲ့ကိစ္စတွေ နည်းသွားမှာဖြစ်သလို၊ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာတွေ၊ နှစ်စဉ်နှစ်စဉ် တရိပ်ရိပ်တက်လာတဲ့ ဆယ်ကျော်သက်ကိုယ်ဝန်ဆောင်နှုန်းတွေ လျော့သွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော် အခုရေးတဲ့ဆောင်းပါးရော၊ ဒီအရေးပေါ် ကိုယ်ဝန်တားဆေးရောက လူငယ်တွေ မဟုတ်တာပိုလုပ်အောင် မြှောက်ပေးနေကြတာ မဟုတ်ပါဘူး။ မမျှော်လင့်ဘဲ ဖြစ်လာတဲ့ အခြေအနေတစ်ရပ်အနေနဲ့ ပန်းအိုးကျကွဲသွားခဲ့ရင် နောက်ဆက်တွဲ ကိုယ်ဝန်ရမလာအောင် တားဆီးနိုင်ကြဖို့သာ ရည်ရွယ်ပါတယ်။

မူလေရးသားတင္ဆက္သူ - ေဒါက္တာၿဖိဳးသီဟ