Sunday, November 22, 2020

လမ်းခွဲကြစို့

#လမ်းခွဲကြစို့ 




တစ်ခါတစ်ရံမှာ ကိုယ်ကိုင်ဆုပ်ထားတဲ့လက်တစ်စုံဟာ လက်တွဲဖို့မသင့်မှန်း သိလိုက်ရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ 


ဒီအသိဟာစောစောဝင်တတ်သလို နောက်ကျမှလည်းဝင်တတ်လေ့ရှိပါတယ်။ ရက်သတ္တပတ်ကြာမှ သိရလေ့ရှိသလို နှစ်ကာလကြာညောင်းတော့မှလည်း သိရလေ့ရှိပါတယ်။ ဘယ်လိုပဲ သိသိ ဒီအသိဟာ အသိနှောင်းဖြစ်သွားပါပြီ။ ဘာ ကြောင့်လည်းဆိုတော့ ကိုယ်ထင်မြင်ယူဆခဲ့တဲ့အချစ်ဟာ ကိုယ်တကယ်လိုချင်လိုအပ်တဲ့ အချစ်မဟုတ်မှန်း နောက်ကျမှ သိခဲ့ရလို့ပါပဲ။ 


လွန်နောင်တနဲ့အတူ လက်လွန်သွားတဲ့ အချစ်တွေကို ပြန်နှုတ်ရင်း တွဲထားတဲ့လက်တစ်စုံကို ပြန်ဖြုတ် တော့မယ်လို့ စိတ်ကူးဝင်လာပြီဆိုရင်တော့.......။ 


#လမ်းခွဲစကားပြောနည်း 


(၁) ကျွန်တော်၊ကျွန်မတို့ကြားမှာ စကားပြောဖို့ လိုနေပြီ။ 


(၂) ဒါမင်းအမှားမဟုတ်ပါဘူး။ ငါ့အမှားပါ။ 


(၃) ငါမင်းကို လိမ်ခဲ့မိတယ်။ 


(၄) အားလုံးအဆင်ပြေသွားမှာပါလို့ ငါပြောခဲ့တဲ့စကားကိုမင်းမှတ်မိသေးလား။ 


(၅) မင်း၊ရှင်ဟာ ငါ့၊ကျွန်မအတွက်တော့ ညီမ၊အစ်မ၊အစ်ကို၊မောင် တစ်ယောက်လိုပါပဲ။ 


(၆) ကျွန်မတို့၊ ငါတို့အနေနဲ့ သူငယ်ချင်းဖြစ်ရတာ ပိုကောင်းလိမ့်မယ်လို့ ယူဆတယ်။ 


(၇) ကျွန်မ၊ ငါ မင်းကိုဆက်မချစ်နိုင်တော့ဘူး။ 


(၈) ဘာလို့ အပြင်မှာပဲ အချိန်ဖြုန်းနေရတာလည်းဆိုတာ သိလား စတဲ့စကားများပဲဖြစ်တယ်။ 


လမ်းခွဲစကားပြောဖို့ စဉ်းစားပြီးသွားပြီဆိုရင်တော့ ဘယ်လိုလမ်းခွဲကြမလဲဆိုတာ ဆက်ကြည့်လိုက်ကြရအောင်......။ 


#လမ်းခွဲနည်း 


#အချိန်မဆွဲပါနဲ့။ 


အချိန်မဆွဲပါနဲ့။ ကိုယ့်သိစိတ်ကရော၊မသိစိတ်ကပါ လက်တွဲဖြုတ်ချင်နေပြီဆိုရင် တစ်ဖက်သူကိုဆက်ပြီး မျှော်လင့်ချက် တွေ၊ အကြင်နာအတုအယောင်တွေပေးမနေပါနဲ့တော့။ တစ်ဖက်သူပိုပြီး ခံစားရစေပါတယ်။ အချိန်ပိုကြာလေလေ ပိုခံစား ရလေလေပဲဖြစ်ပါတယ်။ ဒါကြောင့် လက်တွဲဖြုတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် တစ်ဖက်သားကြာကြာမခံစားရအောင် မြန်မြန်ရင်ဆိုင်လိုက်ပါ။ 


#ဖွင့်ပြောပါ ကိုယ်ဘာကြောင့်လက်တွဲဖြုတ်ချင်သလဲဆိုတာကို ဖွင့်ပြောလိုက်ပါ။ တစ်ယောက်ကိုတစ်ယောက် အပြစ်ဖို့တဲ့စကားတွေ ပြောမနေပါနဲ့ တစ်ယောက်နဲ့တစ်ယောက်အပြစ်ဖို့တဲ့စကားတွေပြောနေရင် ပြဿနာကပိုကြီးလာပါ လိမ့်မယ်။ ရန်ပွဲ အသွင်သို့ ဆောင်လာပါလိမ့်မယ်။ ဖွင့်ပြောတဲ့အခါမှာလည်း လူချင်းတွေ့ပြီး ဖွင့်ပြောတာဟာ အကောင်းဆုံးပါပဲ။ 


လူချင်း တွေ့ဖို့ရင်မဆိုင်ရဲ့ဘူးဆိုရင်လည်း ဖုန်းနဲ့သော်လည်းကောင်း၊ စာနဲ့သော်လည်းကောင်းပို့ပြီး အကျိုးအကြောင်းပြော နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလိုပြောတာဟာ ပြတ်စဲတဲ့အခါမှာ ကတောက်ကဆတ်ဖြစ်စေနိုင်ပါတယ်။ တစ်ဖက်ကို တန်ဖိုး မထား၊ မလေးစားရာကျပါတယ်။ 


#အမှန်အတိုင်းပြောပါ။ ကိုယ်နဲ့သူဘာကြောင့်ပြတ်စဲချင်ရတာလည်းဆိုတာကို အမှန်အတိုင်းပြောရပါမယ်။ လိမ်လည်ပြီးပြောဆို တာဟာပိုပြီးဆိုး သွားစေပါတယ်။


#ပြန်မဆက်ပါနှင့် 


ကိုယ့်ကို မချစ်တော့တဲ့သူ တစ်ယောက်နဲ့ပြတ်စဲပြီးသွားတဲ့နောက်ပိုင်းမှာ ကိုယ့်ဘက်ကချက်ခြင်းပြန်လည်ဆက်သွယ်မှု မပြုလုပ်ပါနှင့်။ 


တိုတောင်းတဲ့အချိန်ကာလအတွင်းမှာ ဘယ်လူမှ အလွယ်တကူမပြောင်းလဲနိုင်ပါဘူး ကိုယ့်အနေနဲ့ သူ့ ဘက်က စိတ်လည်ပြီး ကိုယ့်ကိုပြန်ချစ်လာဦးမယ်လို့ ထင်နေပေမယ့် အမှန်က မပြောင်းလဲဘူး။ 


အချစ်ဟာ အပြုံးလေးတစ်ပွင့်နဲ့အတူ ဖူးပွင့်လာတယ်။နောက်တော့ အနမ်းလေးနဲ့ကြီးပြင်းလာတယ်။ နောက်ဆုံးမှာတော့ မျက်ရည်လေးနဲ့ အဆုံးသတ်သွားရတယ်။ အဲဒီ့မျက်ရည်စနဲ့အဆုံးသတ်မှုကို မကျေနပ်ဘဲ ကိုယ့်ဘက်က အဆိုးသဘောဆန်ဆန်တုံ့ပြန်ဖို့ စိတ်ကူးဝင်လာပြီဆိုရင်တော့....။ 


#လမ်းခွဲပြီးနောက် ရှောင်ကြဉ်ရမည့် အရာများ 


(၁) လက်စားချေခြင်း။ 


(၂) ရိုင်းစိုင်းစွာတုံ့ပြန်မိခြင်း။ 


(၃) ဒေါသလွန်စွာထွက်မိခြင်း။ 


(၄) လူတိုင်းကို လက်ပါလိုခြင်း။ 


(၅) မစဉ်းစားဘဲ ပြုလုပ်လိုခြင်း။ 


(၆) ဒေါသတကြီးရန်မူလိုခြင်း စတဲ့အပြုအမူများကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ 


ဘယ်သူမဆို တစ်သက်အမြဲ လက်တစ်စုံကိုမြဲမြဲမြံမြံဆုပ်ကိုင်ထားချင်ကြတာပါပဲ။ ဒါပေမဲ့ အမှန်တကယ့်ကို လက်တွဲထား ဖို့မဖြစ်နိုင်တော့ဘူး မဆုပ်ကိုင်ချင်တော့လောက်အောင်ဖြစ်ကြရင် အဆင်ပြေပြေလေးပဲ နားလည်မှုနဲ့ လမ်းခွဲကြတာ ကိုဖြစ်စေချင်ပါတယ်။ အမုန်းမပါဘဲ ဆိုပါတော့.....။


#ဇာနည် 


Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009


(Zawgyi) 

#လမ္းခြဲၾကစို႔




တစ္ခါတစ္ရံမွာ ကိုယ္ကိုင္ဆုပ္ထားတဲ့လက္တစ္စံုဟာ လက္တြဲဖို႔မသင့္မွန္း သိလိုက္ရတဲ့အခါမ်ိဳးေတြ ရွိတတ္ပါတယ္။

ဒီအသိဟာေစာေစာ၀င္တတ္သလို ေနာက္က်မွလည္း၀င္တတ္ေလ့ရွိပါတယ္။ ရက္သတၲပတ္ၾကာမွ သိရေလ့ရွိသလို ႏွစ္ကာလၾကာေညာင္းေတာ့မွလည္း သိရေလ့ရွိပါတယ္။ ဘယ္လိုပဲ သိသိ ဒီအသိဟာ အသိေႏွာင္းျဖစ္သြားပါျပီ။ ဘာ ေၾကာင့္လည္းဆိုေတာ့ ကိုယ္ထင္ျမင္ယူဆခဲ့တဲ့အခ်စ္ဟာ ကိုယ္တကယ္လိုခ်င္လိုအပ္တဲ့ အခ်စ္မဟုတ္မွန္း ေနာက္က်မွ သိခဲ့ရလို႔ပါပဲ။

လြန္ေနာင္တနဲ႕အတူ လက္လြန္သြားတဲ့ အခ်စ္ေတြကို ျပန္ႏႈတ္ရင္း တြဲထားတဲ့လက္တစ္စံုကို ျပန္ျဖဳတ္ ေတာ့မယ္လို႔ စိတ္ကူး၀င္လာျပီဆိုရင္ေတာ့.......။

#လမ္းခြဲစကားေျပာနည္း

(၁) ကြၽန္ေတာ္၊ကြၽန္မတို႔ၾကားမွာ စကားေျပာဖို႔ လိုေနျပီ။

(၂) ဒါမင္းအမွားမဟုတ္ပါဘူး။ ငါ့အမွားပါ။

(၃) ငါမင္းကို လိမ္ခဲ့မိတယ္။

(၄) အားလံုးအဆင္ေျပသြားမွာပါလို႔ ငါေျပာခဲ့တဲ့စကားကိုမင္းမွတ္မိေသးလား။

(၅) မင္း၊ရွင္ဟာ ငါ့၊ကြၽန္မအတြက္ေတာ့ ညီမ၊အစ္မ၊အစ္ကို၊ေမာင္ တစ္ေယာက္လိုပါပဲ။

(၆) ကြၽန္မတို႔၊ ငါတို႔အေနနဲ႕ သူငယ္ခ်င္းျဖစ္ရတာ ပိုေကာင္းလိမ့္မယ္လို႔ ယူဆတယ္။

(၇) ကြၽန္မ၊ ငါ မင္းကိုဆက္မခ်စ္ႏိုင္ေတာ့ဘူး။

(၈) ဘာလို႔ အျပင္မွာပဲ အခ်ိန္ျဖဳန္းေနရတာလည္းဆိုတာ သိလား စတဲ့စကားမ်ားပဲျဖစ္တယ္။

လမ္းခြဲစကားေျပာဖို႔ စဥ္းစားျပီးသြားျပီဆိုရင္ေတာ့ ဘယ္လိုလမ္းခြဲၾကမလဲဆိုတာ ဆက္ၾကည့္လိုက္ၾကရေအာင္......။

#လမ္းခြဲနည္း

#အခ်ိန္မဆြဲပါနဲ႕။

အခ်ိန္မဆြဲပါနဲ႕။ ကိုယ့္သိစိတ္ကေရာ၊မသိစိတ္ကပါ လက္တြဲျဖဳတ္ခ်င္ေနျပီဆိုရင္ တစ္ဖက္သူကိုဆက္ျပီး ေမွ်ာ္လင့္ခ်က္ ေတြ၊ အၾကင္နာအတုအေယာင္ေတြေပးမေနပါနဲ႕ေတာ့။ တစ္ဖက္သူပိုျပီး ခံစားရေစပါတယ္။ အခ်ိန္ပိုၾကာေလေလ ပိုခံစား ရေလေလပဲျဖစ္ပါတယ္။ ဒါေၾကာင့္ လက္တြဲျဖဳတ္မယ္လို႔ ဆံုးျဖတ္လိုက္ျပီဆိုရင္ တစ္ဖက္သားၾကာၾကာမခံစားရေအာင္ ျမန္ျမန္ရင္ဆိုင္လိုက္ပါ။

#ဖြင့္ေျပာပါ ကိုယ္ဘာေၾကာင့္လက္တြဲျဖဳတ္ခ်င္သလဲဆိုတာကို ဖြင့္ေျပာလိုက္ပါ။ တစ္ေယာက္ကိုတစ္ေယာက္ အျပစ္ဖို႔တဲ့စကားေတြ ေျပာမေနပါနဲ႕ တစ္ေယာက္နဲ႕တစ္ေယာက္အျပစ္ဖို႔တဲ့စကားေတြေျပာေနရင္ ျပႆနာကပိုၾကီးလာပါ လိမ့္မယ္။ ရန္ပြဲ အသြင္သို႔ ေဆာင္လာပါလိမ့္မယ္။ ဖြင့္ေျပာတဲ့အခါမွာလည္း လူခ်င္းေတြ႕ျပီး ဖြင့္ေျပာတာဟာ အေကာင္းဆံုးပါပဲ။

လူခ်င္း ေတြ႕ဖို႔ရင္မဆိုင္ရဲ႕ဘူးဆိုရင္လည္း ဖုန္းနဲ႕ေသာ္လည္းေကာင္း၊ စာနဲ႕ေသာ္လည္းေကာင္းပို႔ျပီး အက်ိဳးအေၾကာင္းေျပာ ႏိုင္ပါတယ္။ ဒါေပမဲ့ အဲဒီလိုေျပာတာဟာ ျပတ္စဲတဲ့အခါမွာ ကေတာက္ကဆတ္ျဖစ္ေစနိုင္ပါတယ္။ တစ္ဖက္ကို တန္ဖိုး မထား၊ မေလးစားရာက်ပါတယ္။

#အမွန္အတိုင္းေျပာပါ။ ကိုယ္နဲ႕သူဘာေၾကာင့္ျပတ္စဲခ်င္ရတာလည္းဆိုတာကို အမွန္အတိုင္းေျပာရပါမယ္။ လိမ္လည္ျပီးေျပာဆို တာဟာပိုျပီးဆိုး သြားေစပါတယ္။

#ျပန္မဆက္ပါႏွင့္

ကိုယ့္ကို မခ်စ္ေတာ့တဲ့သူ တစ္ေယာက္နဲ႕ျပတ္စဲျပီးသြားတဲ့ေနာက္ပိုင္းမွာ ကိုယ့္ဘက္ကခ်က္ျခင္းျပန္လည္ဆက္သြယ္မႈ မျပဳလုပ္ပါႏွင့္။

တိုေတာင္းတဲ့အခ်ိန္ကာလအတြင္းမွာ ဘယ္လူမွ အလြယ္တကူမေျပာင္းလဲႏိုင္ပါဘူး ကိုယ့္အေနနဲ႕ သူ႕ ဘက္က စိတ္လည္ျပီး ကိုယ့္ကိုျပန္ခ်စ္လာဦးမယ္လို႔ ထင္ေနေပမယ့္ အမွန္က မေျပာင္းလဲဘူး။

အခ်စ္ဟာ အျပံဳးေလးတစ္ပြင့္နဲ႕အတူ ဖူးပြင့္လာတယ္။ေနာက္ေတာ့ အနမ္းေလးနဲ႕ၾကီးျပင္းလာတယ္။ ေနာက္ဆံုးမွာေတာ့ မ်က္ရည္ေလးနဲ႕ အဆံုးသတ္သြားရတယ္။ အဲဒီ့မ်က္ရည္စနဲ႕အဆံုးသတ္မႈကို မေက်နပ္ဘဲ ကိုယ့္ဘက္က အဆိုးသေဘာဆန္ဆန္တံု႔ျပန္ဖို႔ စိတ္ကူး၀င္လာျပီဆိုရင္ေတာ့....။

#လမ္းခြဲျပီးေနာက္ ေရွာင္ၾကဥ္ရမည့္ အရာမ်ား

(၁) လက္စားေခ်ျခင္း။

(၂) ရိုင္းစိုင္းစြာတံု႔ျပန္မိျခင္း။

(၃) ေဒါသလြန္စြာထြက္မိျခင္း။

(၄) လူတိုင္းကို လက္ပါလိုျခင္း။

(၅) မစဥ္းစားဘဲ ျပဳလုပ္လိုျခင္း။

(၆) ေဒါသတၾကီးရန္မူလိုျခင္း စတဲ့အျပဳအမူမ်ားကို ေရွာင္ၾကဥ္ရမွာျဖစ္ပါတယ္။

ဘယ္သူမဆို တစ္သက္အျမဲ လက္တစ္စံုကိုျမဲျမဲျမံျမံဆုပ္ကိုင္ထားခ်င္ၾကတာပါပဲ။ ဒါေပမဲ့ အမွန္တကယ့္ကို လက္တြဲထား ဖို႔မျဖစ္ႏိုင္ေတာ့ဘူး မဆုပ္ကိုင္ခ်င္ေတာ့ေလာက္ေအာင္ျဖစ္ၾကရင္ အဆင္ေျပေျပေလးပဲ နားလည္မႈနဲ႕ လမ္းခြဲၾကတာ ကိုျဖစ္ေစခ်င္ပါတယ္။ အမုန္းမပါဘဲ ဆိုပါေတာ့.....။

#ဇာနည္

Ref: 8 Days A week Journal Vol. 1 No. (31) – Oct. 23 – 30 2009


No comments: