Tuesday, November 24, 2020

ဗုဒ္ဓဘာသာအယူ မှာ မိဘကျေးဇူးဟာ မြင့်မိုရ် မက ကြီ

“ဗုဒ္ဓဘာသာအယူ မှာ မိဘကျေးဇူးဟာ မြင့်မိုရ် မက ကြီးမြတ်ပါတယ်။ တဝက် မှန်ပါတယ် “




ဒါပေမဲ့ အမြဲ မမှန်ပါဘူး။

မိဘ ကလည်း မိဘ တာဝန် ကျေပွန် မှပါ။ အဲ့အတွက် ဘာသာတရားနဲ့ ညှိစွန်းလို့ အရွဲ့တိုက် ပြောဆိုခြင်း မဟုတ်ပါဘူး။ မိဘ နဲ့ သားသမီး ဆိုတာ ဘဝ ရေစက် ရှိလို့ ဆုံရတဲ့ သံသယ စက်ဝန်းထဲက ခရီးသည်တွေပါ။  ဗုဒ္ဓဘာသာ အယူမှာ လူတစ်ဦး ကွယ်လွန်ခြင်း နဲ့ မွေးဖွားခြင်း နိမိတ်ကြားမှာ မိဘကလဲ နောင် ဘဝ  မှာ ကိုယ်မွေးခဲ့တဲ့ ခန္ဓာ ကိုယ် ထဲက သားသမီးရဲ့ သားသမီး ပြန်ဖြစ်နိုင်တာပါပဲ။ တဘဝ နဲ့ တခန္ဓာကြားမှာ လူဖြစ်ခြင်းအတွက် “ ငါ့မိဘ”ဆိုတဲ့ မာန်တွေ ထားနေဖို့မလိုပါဘူး ... မဟုတ်လား နော့...

ပေးဆပ်တဲ့ ခန္ဓာ ကိုယ်ရဲ့ နာကျင်မှု နဲ့ တာဝန်ကျေပွန်ခြင်း ဝတ္တရားတွေ အားလုံး အတွက် မိဘကျေးဇူးဟာ ဆပ်မကုန်အောင် ကြီးမြတ်တယ် လို့ ဆိုလိုခြင်းဖြစ်ပါလိမ့်မယ်။ မွေးပေးလိုက်ရုံနဲ့ မိဘ တာဝန် မကျေပွန်သွားနိုင် ပါဘူး။ အမေ တစ်ယောက်ရဲ့ ကလေးမီးဖွားခြင်း နာကျင် မှု နဲ့ အဖေ တစ်ယောက်ရဲ့ ပခုံး ထမ်း တာဝန်တွေ ပြည့်လာခြင်း အရာ နှစ်ခုပေါင်းစပ်လို့ လူသားတစ်ယောက် မွေးဖွားလာတဲ့ အခါ မိဘတာဝန် ကို ပြည့်ပြည့်ဝဝ ယူနိုင်ဖို့ သာ ပိုခက်ခဲ တာပါ။ ကလေးတစ်ယောက်အတွက် Physical Support လို့ခေါ်တဲ့ ထမင်းကျွေး ကျောင်းထားပေးရုံအပြင် Mental Support အတွက် အတွေးအခေါ် ပိုင်းဆိုင်ရာ ဆုံးမ ပဲ့ပြင်မှုတွေ အပြင် သင်ကြားနားသွင်းမှုတွေကိုပါ သိပ်အစွန်း မရောက်နေဖို့ လိုပါတယ်။

အဆုံးမ မတော်ရင် ပရမ်းပတာ နဲ့ အောက်ခြေလွတ်နေတတ်သလို အဆုံးမ လွန်ပြန်ရင်လည်း ကိုယ့်သားသမီးဟာ သာမန်ထက် ချာ သွားတတ်ပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်း ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ ဆုံးမတာ နဲ့ နှိပ်စက်တာ ကို သည်းကွဲ ရဲ့လား?

ဆုံးမသလို နဲ့ နှိပ်စက်ခြင်း လို့ ဆိုတဲ့ အခါ Physically Abuse (ရုပ်ပိုင်းဆိုင်ရာ အရ)
Mentally Abuse (စိတ်ပိုင်းဆိုင်ရာ အရ)

အရှေ့တိုင်း နိုင်ငံနဲ့ အာရှမှာတော့ သားသမီးကို ပြောမရ ဆိုမရ ရင် ရိုက်နှက်တတ်ကြတာ သဘာဝပါပဲ။ မြန်မာပြည်မှာလည်း ထို့အတူ ဖြစ်သလို အဖေ သို့မဟုတ် အမေ ရိုက်တာ မခံဖူးတဲ့ သားသမီး ရှိမယ်တောင် မထင်ပါဘူး။ သားသမီးကို လိမ္မာစေချင်လို့ ၊ နားလည်စေချင်လို့ ဆိုတဲ့ စိတ်တခုနဲ့ ဆုံးမတဲ့ အခါ ကိုယ့်ရဲ့ အတ္တစိတ် မပါဖို့ အရမ်း အရေးကြီးပါတယ်။ အဲ့ဒါဟာ စိတ်ဖြေလက်ပျောက် သို့မဟုတ် ထွက်ပေါက်ရှာ ရိုက်နှက်ခြင်းပါပဲ။

အလုပ်တွေ ပင်ပန်းတဲ့အခါ
စိတ်ထဲမှာ ဖိအားတွေ အရမ်းများနေတဲ့အခါ

ကလေးက အမှား အသေး လေး လုပ်တာမြင်တာနဲ့ လက်ပါပြီး တန်းရိုက် တဲ့ မိဘတွေ ရှိကို ရှိပါတယ်။  ရိုးရိုးတန်းတန်း အပြစ်ပေးချင်လို့ ဆိုတာထက် စိတ်ထဲက ပါသလို အားရှိပါးရှိနဲ့ ခေါင်းအုံးရိုက်သလို တွယ် တာမျိုး ပါ။ လက် နဲ့ အားမရလို့ တံမြက်စည်းရိုး ၊ သစ်သား တုတ် ၊ နံရံ နဲ့ ဆောင့်တာတို့ လိုတာထက် ပိုလာရင် ၊ သွေးထွက်သံယိုတွေထိ ဖြစ်လာရင် ဒါက အိမ်တွင်း ကလေး သူငယ် နှိပ်စက်မှု (Child Abuse) ပါ ။ အမေ ဖြစ်နေလို့ ၊ အဖေ ဖြစ်နေလို့ ရိုက်သမျှ ၊ လုပ်သမျှ ခံနေရမယ် ဆိုတဲ့ ဥပဒေ မရှိပါဘူး။ ဒါပေမဲ့ အရိုးစွဲနေတဲ့ ဓလေ့ တော့ ရှိပါတယ်။ မြန်မာ Logic မှာ မိဘ ပြောသမျှ  ၊ လုပ်သမျှ အမှန်စကား ချည်း ပါပဲ ။ ဒါကြောင့်လဲ တချို့ မိဘတွေရဲ့ အတ္တအရိပ်ထဲက စိတ်ရော ကိုယ်ပါ အနှိပ်စက်ခံ လူတွေဟာ သားသမီး တွေ ဖြစ်လာတာပါ။  သူတို့ရဲ့ ဒေါသ တွေကို သားသမီး တွေ အပေါ် တနည်းနည်း နဲ့ ဖွင့်ချ လိုက်ရတဲ့ အခါ နေသာထိုင်သာရှိသွားတတ်ကြပါတယ်။

ပြောပြောဆိုဆိုနဲ့ သားသမီးကို အပြစ်တင်စကားတွေ တောက်လျှောက်ဆိုပြီး ကိုယ် ဘဝမှာ ပင်ပန်းသမျှ အားလုံး အတွက် မင်းက တရားခံလို့ သတ်မှတ် စကား ဆိုပါလိမ့်မယ်။ ကလေး ဆိုတာ ငို တာ ၊ စားတာ နဲ့ ဆော့တာ ဘာမှ မသိတဲ့ အရွယ်ပါ ။ ငိုလို့ ပိုရိုက်တယ်၊ ဆော့လို့ ပိုရိုက်တယ် ဆိုတဲ့ အကြောင်းပြချက်တွေ က အဓိပ္ပာယ်လုံးဝ ကို မရှိတာပါ ။ ငိုလို့ မချော့နိုင်ရင် ပစ်ထားလိုက်ပါ၊ ငိုတိုင်း မချော့တာ သိရင် အငိုရပ်ပြီး နောက် အကျင့်ရလာပါလိမ့်မယ်။ “ငါ ကျွေးတာ စား ၊ ငါ ပြောတာ နားထောင် ၊ ငါ ရိုက်သမျှခံ “ဆိုလို့ကတော့ ကိုယ်မွေးထားတာ နွားလား ၊ လူလား တွေးကြည့်ပါ။

“ Children are not joke “  ကလေးတွေဟာ ပျော်စေ ပြက်စေ ဆိုပြီး မွေးထုတ်လိုက်တာမဟုတ်ဘူး။ မိသားစုဘဝ လိုချင်ပါတယ် ၊ အမေအဖေ ဖြစ်ဖို့ အဆင့်သင့်ဖြစ်ပါပြီ ဆိုပြီး အိမ်ထောင်ပြုခဲ့ကြတာပဲ မဟုတ်လား? နှစ်ဦးနှစ်ဖက် ပေါင်းသင်းခဲ့ကြတာပဲ မလား ?

မတော်မဆ ဆိုပြီး ကလေးက ဗိုက်ထဲ ဝင် ဥသွားတာမျိုး မဟုတ်ဘူး။ ကိုယ်တိုင် ကိုယ်ကျ ဒီလူသား ဖြစ်အောင်ကို လိင်မှုကိစ္စကို ပြုခဲ့လို့  ကလေး ဆိုတာ ဖြစ်တည်လာတာပဲ။ အဲ့ အတွက် အချိန်မတန်သေးဘူး ထင်ရင် ၊ တာဝန်မခံနိုင်သေးဘူး ထင်ရင် ကာကွယ်ခဲ့ပါ။ ဆေးပညာ လောက ဆရာဝန်တွေ နဲ့  သေချာတိုင်ပင်ပြီး ဖျက်ချခဲ့လိုက်ပါ။ မွေးပြီးမှ တော့ “ နင့်ကို မလိုချင်ပဲ ရတယ် ၊ နင့်ကြောင့် ငါပိုပင်ပန်းရတယ် “ လို့ များ ကိုယ့်သွေးသားကို ဘယ်တော့မှ အပြစ် မတင်ပါနဲ့။ ကလေး တစ်ယောက်အတွက် လူဖြစ်ရခြင်း အဓိပ္ပာယ်မဲ့ အများကြီး မဲ့သွားစေပါတယ်။ လူကြီးတွေလိုတော့ ကလေးတွေက မတွေးတတ်ပါဘူး၊ သူဘာလို့ လူ ဖြစ်လာသလဲ ဆိုတာကို ပေါ့ ။ အဲ့ အတွက် “ငါ ရှိနေလို့ ငါ မိဘ ပင်ပန်းရတယ်၊ ငါ့မိဘက ငါ့ကို မချစ်ဘူး “ လို့ ပဲ တွေးမှာပါ။ ကိုယ့်ကို မကြိုက်နှစ်သက်ဘူး လို့ ထင်ရတဲ့  ပတ်ဝန်းကျင်နဲ့ မိဘ အရိပ်အောက်မှာ ကြီးပြင်းလာရတဲ့ သားသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ မှာ အများကြီး ချို့တဲ့ သွားပါတယ်။  သိမ်ငယ်စိတ် ၊ အားငယ်စိတ်၊ ကိုယ့်ကိုကိုယ် အထင်မကြီးတဲ့ စိတ် ၊ မျှော်လင့်ချက် မဲ့နေတဲ့ စိတ် ၊ မူမမှန်တဲ့ စိတ်၊ တောင်စဉ်ရေမရ တွေးနေတတ်တဲ့ စိတ်၊ လူကြောက်တဲ့ စိတ် ၊ သွေးသားထက် သူစိမ်းကို ပိုမင်တဲ့ စိတ်၊ အပြင်လောက ကိုပိုခုံမင်တဲ့ စိတ်  ၊ အပေါင်းအသင်း မက်တဲ့ စိတ် နဲ့ အဆိုးဆုံးက အရာရာတိုင်းမှာ ပျော့ညံ့သွားတဲ့ စိတ် တို့လို မျိုး သားသမီး သို့မဟုတ် လူငယ် တစ်ဦးရဲ့ စိတ်ဟာ မိဘက ပေးခဲ့တဲ့ စိတ်ဒဏ်ရာ သို့မဟုတ် Mentally Abuse လုပ်ခံရခြင်း ရဲ့ Side Effect တွေပါ။

မိဘ ဖြစ်နေရခြင်း ရဲ့ အကြောင်းအရာဟာ ကိုယ်တိုင်ရွေးချယ်မှုပါပဲ။ မိဘ ကျေးဇူး ဘယ်လောက်ကြီးပါတယ် ပြောပြော ...၊ မိဘ တာဝန် ဟာ သားသမီးအတွက် စိတ်ရော ကိုယ်အတွက်ပါ ကျေနိုင်မှပဲ ကျေးဇူးကြီးနိုင်ပါလိမ့်မယ်။  ကိုယ့် သားသမီး ကံကြီးထိုက်ဖို့ အကုသိုလ် တွေ ချည်း အလုံးလိုက် အရင်းလိုက် နဲ့ စတင်ခဲ့ပြီး မှ တချိန်က ကြောင်ဟာ ကျား ဖြစ်လာရင် “ အသား နဲ့ ငါး “ ချော့ ပေးလို့ရတဲ့ အရွယ် ကျော်သွားပြီး ဖြစ်ပါလိမ့်မယ်။ စံပြ မိဘ ဖြစ်ခြင်း / မဖြစ်ခြင်းထက် ကိုယ့် ရွေးချယ်မှု အတွက် ကိုယ့် Generation မှာ တာဝန်ကျေပွန် ဖို့ပါပဲ။ ဘာသာတရားတိုင်း မှာတော့ လိမ်တဲ့သူဟာ လိမ်တာပဲ၊ ခိုးတဲ့သူက ခိုးတာပဲ ၊ ဆိုးတဲ့သူက ဆိုးတာပဲ .. မကောင်းတဲ့သူက မကောင်းတာပါပဲ။ မိဘ ဖြစ်လို့ သားသမီး ဖြစ်လို့ ဆိုတဲ့ အောက်က အမြဲမှန်ခြင်း ၊ ကောင်းခြင်း ဆိုတာ မရှိပါဘူး။ “သားသမီး မကောင်း ၊ မိဘ ခေါင်း “ဆိုကြပေမဲ့  ဒါဟာ လောကီလောက ထဲက “သောက်ပိုစကား”ပါ ။ ဗုဒ္ဓဘာသာအယူ မှာ တော့ Karma (ကံကြမ္မာ)  ဆိုတာ - “ကိုယ် မကောင်း ကိုယ်ခံ၊ ကိုယ် ကောင်း ကိုယ်ခံ” ပါပဲ ။ ဘယ်သူ မှအမြဲ မမှန်ပါဘူး ...။

#Adminpan
#childandparentrelationship
#childabuse
#Truthbutbitter

———————————————————

“ဗုဒၶဘာသာအယူ မွာ မိဘေက်းဇူးဟာ ျမင့္မိုရ္ မက ႀကီးျမတ္ပါတယ္။ တဝက္ မွန္ပါတယ္ “




ဒါေပမဲ့ အၿမဲ မမွန္ပါဘူး။

မိဘ ကလည္း မိဘ တာဝန္ ေက်ပြန္ မွာပါ။ အဲ့အတြက္ ဘာသာတရားနဲ႔ ညႇိစြန္းလို႔ အ႐ြဲ႕တိုက္ ေျပာဆိုျခင္း မဟုတ္ပါဘူး။ မိဘ နဲ႔ သားသမီး ဆိုတာ ဘဝ ေရစက္ ရွိလို႔ ဆုံရတဲ့ သံသယ စက္ဝန္းထဲက ခရီးသည္ေတြပါ။  ဗုဒၶဘာသာ အယူမွာ လူတစ္ဦး ကြယ္လြန္ျခင္း နဲ႔ ေမြးဖြားျခင္း နိမိတ္ၾကားမွာ မိဘကလဲ ေနာင္ ဘဝ  မွာ ကိုယ္ေမြးခဲ့တဲ့ ခႏၶာ ကိုယ္ ထဲက သားသမီးရဲ႕ သားသမီး ျပန္ျဖစ္ႏိုင္တာပါပဲ။ တဘဝ နဲ႔ တခႏၶာၾကားမွာ လူျဖစ္ျခင္းအတြက္ “ ငါ့မိဘ”ဆိုတဲ့ မာန္ေတြ ထားေနဖို႔မလိုပါဘူး ... မဟုတ္လား ေနာ့...

ေပးဆပ္တဲ့ ခႏၶာ ကိုယ္ရဲ႕ နာက်င္မႈ နဲ႔ တာဝန္ေက်ပြန္ျခင္း ဝတၱရားေတြ အားလုံး အတြက္ မိဘေက်းဇူးဟာ ဆပ္မကုန္ေအာင္ ႀကီးျမတ္တယ္ လို႔ ဆိုလိုျခင္းျဖစ္ပါလိမ့္မယ္။ ေမြးေပးလိုက္႐ုံနဲ႔ မိဘ တာဝန္ မေက်ပြန္သြားႏိုင္ ပါဘူး။ အေမ တစ္ေယာက္ရဲ႕ ကေလးမီးဖြားျခင္း နာက်င္ မႈ နဲ႔ အေဖ တစ္ေယာက္ရဲ႕ ပခုံး ထမ္း တာဝန္ေတြ ျပည့္လာျခင္း အရာ ႏွစ္ခုေပါင္းစပ္လို႔ လူသားတစ္ေယာက္ ေမြးဖြားလာတဲ့ အခါ မိဘတာဝန္ ကို ျပည့္ျပည့္ဝဝ ယူႏိုင္ဖို႔ သာ ပိုခက္ခဲ တာပါ။ ကေလးတစ္ေယာက္အတြက္ Physical Support လို႔ေခၚတဲ့ ထမင္းေကြၽး ေက်ာင္းထားေပး႐ုံအျပင္ Mental Support အတြက္ အေတြးအေခၚ ပိုင္းဆိုင္ရာ ဆုံးမ ပဲ့ျပင္မႈေတြ အျပင္ သင္ၾကားနားသြင္းမႈေတြကိုပါ သိပ္အစြန္း မေရာက္ေနဖို႔ လိုပါတယ္။

အဆုံးမ မေတာ္ရင္ ပရမ္းပတာ နဲ႔ ေအာက္ေျခလြတ္ေနတတ္သလို အဆုံးမ လြန္ျပန္ရင္လည္း ကိုယ့္သားသမီးဟာ သာမန္ထက္ ခ်ာ သြားတတ္ပါတယ္။ သားသမီးရွိတဲ့ မိဘတိုင္း ကိုယ့္ကိုကိုယ္ ျပန္ေမးၾကည့္ပါ။ ဆုံးမတာ နဲ႔ ႏွိပ္စက္တာ ကို သည္းကြဲ ရဲ႕လား?

ဆုံးမသလို နဲ႔ ႏွိပ္စက္ျခင္း လို႔ ဆိုတဲ့ အခါ Physically Abuse (႐ုပ္ပိုင္းဆိုင္ရာ အရ)
Mentally Abuse (စိတ္ပိုင္းဆိုင္ရာ အရ)

အေရွ႕တိုင္း ႏိုင္ငံနဲ႔ အာရွမွာေတာ့ သားသမီးကို ေျပာမရ ဆိုမရ ရင္ ႐ိုက္ႏွက္တတ္ၾကတာ သဘာဝပါပဲ။ ျမန္မာျပည္မွာလည္း ထို႔အတူ ျဖစ္သလို အေဖ သို႔မဟုတ္ အေမ ႐ိုက္တာ မခံဖူးတဲ့ သားသမီး ရွိမယ္ေတာင္ မထင္ပါဘူး။ သားသမီးကို လိမၼာေစခ်င္လို႔ ၊ နားလည္ေစခ်င္လို႔ ဆိုတဲ့ စိတ္တခုနဲ႔ ဆုံးမတဲ့ အခါ ကိုယ့္ရဲ႕ အတၱစိတ္ မပါဖို႔ အရမ္း အေရးႀကီးပါတယ္။ အဲ့ဒါဟာ စိတ္ေျဖလက္ေပ်ာက္ သို႔မဟုတ္ ထြက္ေပါက္ရွာ ႐ိုက္ႏွက္ျခင္းပါပဲ။

အလုပ္ေတြ ပင္ပန္းတဲ့အခါ
စိတ္ထဲမွာ ဖိအားေတြ အရမ္းေနတဲ့အခါ

ကေလးက အမွား အေသး ေလး လုပ္တာျမင္တာနဲ႔ လက္ပါၿပီး တန္း႐ိုက္ တဲ့ မိဘေတြ ရွိကို ရွိပါတယ္။  ႐ိုး႐ိုးတန္းတန္း အျပစ္ေပးခ်င္လို႔ ဆိုတာထက္ စိတ္ထဲက ပါသလို အားရွိပါးရွိနဲ႔ ေခါင္းအုံး႐ိုက္သလို တြယ္ တာမ်ိဳး ပါ။ လက္ နဲ႔ အားမရလို႔ တံျမက္စည္း႐ိုး ၊ သစ္သား တုတ္ ၊ နံရံ နဲ႔ ေဆာင့္တာတို႔ လိုတာထက္ ပိုလာရင္ ၊ ေသြးထြက္သံယိုေတြထိ ျဖစ္လာရင္ ဒါက အိမ္တြင္း ကေလး သူငယ္ ႏွိပ္စက္မႈ (Child Abuse) ပါ ။ အေမ ျဖစ္ေနလို႔ ၊ အေဖ ျဖစ္ေနလို႔ ႐ိုက္သမွ် ၊ လုပ္သမွ် ခံေနရမယ္ ဆိုတဲ့ ဥပေဒ မရွိပါဘူး။ ဒါေပမဲ့ အ႐ိုးစြဲေနတဲ့ ဓေလ့ ေတာ့ ရွိပါတယ္။ ျမန္မာ Logic မွာ မိဘ ေျပာသမွ်  ၊ လုပ္သမွ် အမွန္စကား ခ်ည္း ပါပဲ ။ ဒါေၾကာင့္လဲ တခ်ိဳ႕ မိဘေတြရဲ႕ အတၱအရိပ္ထဲက စိတ္ေရာ ကိုယ္ပါ အႏွိပ္စက္ခံ လူေတြဟာ သားသမီး ေတြ ျဖစ္လာတာပါ။  သူတို႔ရဲ႕ ေဒါသ ေတြကို သားသမီး ေတြ အေပၚ တနည္းနည္း နဲ႔ ဖြင့္ခ် လိုက္ရတဲ့ အခါ ေနသာထိုင္သာရွိသြားတတ္ၾကပါတယ္။

ေျပာေျပာဆိုဆိုနဲ႔ သားသမီးကို အျပစ္တင္စကားေတြ ေတာက္ေလွ်ာက္ဆိုၿပီး ကိုယ္ ဘဝမွာ ပင္ပန္းသမွ် အားလုံး အတြက္ မင္းက တရားခံလို႔ သတ္မွတ္ စကား ဆိုပါလိမ့္မယ္။ ကေလး ဆိုတာ ငို တာ ၊ စားတာ နဲ႔ ေဆာ့တာ ဘာမွ မသိတဲ့ အ႐ြယ္ပါ ။ ငိုလို႔ ပို႐ိုက္တယ္၊ ေဆာ့လို႔ ပို႐ိုက္တယ္ ဆိုတဲ့ အေၾကာင္းျပခ်က္ေတြ က အဓိပၸာယ္လုံးဝ ကို မရွိတာပါ ။ ငိုလို႔ မေခ်ာ့ႏိုင္ရင္ ပစ္ထားလိုက္ပါ၊ ငိုတိုင္း မေခ်ာ့တာ သိရင္ အငိုရပ္ၿပီး ေနာက္ အက်င့္ရလာပါလိမ့္မယ္။ “ငါ ေကြၽးတာ စား ၊ ငါ ေျပာတာ နားေထာင္ ၊ ငါ ႐ိုက္သမွ်ခံ “ဆိုလို႔ကေတာ့ ကိုယ္ေမြးထားတာ ႏြားလား ၊ လူလား ေတြးၾကည့္ပါ။

“ Children are not joke “  ကေလးေတြဟာ ေပ်ာ္ေစ ျပက္ေစ ဆိုၿပီး ေမြးထုတ္လိုက္တာမဟုတ္ဘူး။ မိသားစုဘဝ လိုခ်င္ပါတယ္ ၊ အေမအေဖ ျဖစ္ဖို႔ အဆင့္သင့္ျဖစ္ပါၿပီ ဆိုၿပီး အိမ္ေထာင္ျပဳခဲ့ၾကတာပဲ မဟုတ္လား? ႏွစ္ဦးႏွစ္ဖက္ ေပါင္းသင္းခဲ့ၾကတာပဲ မလား ?

မေတာ္မဆ ဆိုၿပီး ကေလးက ဗိုက္ထဲ ဝင္ ဥသြားတာမ်ိဳး မဟုတ္ဘူး။ ကိုယ္တိုင္ ကိုယ္က် ဒီလူသား ျဖစ္ေအာင္ကို လိင္မႈကိစၥကို ျပဳခဲ့လို႔  ကေလး ဆိုတာ ျဖစ္တည္လာတာပဲ။ အဲ့ အတြက္ အခ်ိန္မတန္ေသးဘူး ထင္ရင္ ၊ တာဝန္မခံႏိုင္ေသးဘူး ထင္ရင္ ကာကြယ္ခဲ့ပါ။ ေဆးပညာ ေလာက ဆရာဝန္ေတြ နဲ႔  ေသခ်ာတိုင္ပင္ၿပီး ဖ်က္ခ်ခဲ့လိုက္ပါ။ ေမြးၿပီးမွ ေတာ့ “ နင့္ကို မလိုခ်င္ပဲ ရတယ္ ၊ နင့္ေၾကာင့္ ငါပိုပင္ပန္းရတယ္ “ လို႔ မ်ား ကိုယ့္ေသြးသားကို ဘယ္ေတာ့မွ အျပစ္ မတင္ပါနဲ႔။ ကေလး တစ္ေယာက္အတြက္ လူျဖစ္ရျခင္း အဓိပၸာယ္မဲ့ အမ်ားႀကီး မဲ့သြားေစပါတယ္။ လူႀကီးေတြလိုေတာ့ ကေလးေတြက မေတြးတတ္ပါဘူး၊ သူဘာလို႔ လူ ျဖစ္လာသလဲ ဆိုတာကို ေပါ့ ။ အဲ့ အတြက္ “ငါ ရွိေနလို႔ ငါ မိဘ ပင္ပန္းရတယ္၊ ငါ့မိဘက ငါ့ကို မခ်စ္ဘူး “ လို႔ ပဲ ေတြးမွာပါ။ ကိုယ့္ကို မႀကိဳက္ႏွစ္သက္ဘူး လို႔ ထင္ရတဲ့  ပတ္ဝန္းက်င္နဲ႔ မိဘ အရိပ္ေအာက္မွာ ႀကီးျပင္းလာရတဲ့ သားသမီးေတြဟာ စိတ္ပိုင္းဆိုင္ရာ မွာ အမ်ားႀကီး ခ်ိဳ႕တဲ့ သြားပါတယ္။  သိမ္ငယ္စိတ္ ၊ အားငယ္စိတ္၊ ကိုယ့္ကိုကိုယ္ အထင္မႀကီးတဲ့ စိတ္ ၊ ေမွ်ာ္လင့္ခ်က္ မဲ့ေနတဲ့ စိတ္ ၊ မူမမွန္တဲ့ စိတ္၊ ေတာင္စဥ္ေရမရ ေတြးေနတတ္တဲ့ စိတ္၊ လူေၾကာက္တဲ့ စိတ္ ၊ ေသြးသားထက္ သူစိမ္းကို ပိုမင္တဲ့ စိတ္၊ အျပင္ေလာက ကိုပိုခုံမင္တဲ့ စိတ္  ၊ အေပါင္းအသင္း မက္တဲ့ စိတ္ နဲ႔ အဆိုးဆုံးက အရာရာတိုင္းမွာ ေပ်ာ့ညံ့သြားတဲ့ စိတ္ တို႔လို မ်ိဳး သားသမီး သို႔မဟုတ္ လူငယ္ တစ္ဦးရဲ႕ စိတ္ဟာ မိဘက ေပးခဲ့တဲ့ စိတ္ဒဏ္ရာ သို႔မဟုတ္ Mentally Abuse လုပ္ခံရျခင္း ရဲ႕ Side Effect ေတြပါ။

မိဘ ျဖစ္ေနရျခင္း ရဲ႕ အေၾကာင္းအရာဟာ ကိုယ္တိုင္ေ႐ြးခ်ယ္မႈပါပဲ။ မိဘ ေက်းဇူး ဘယ္ေလာက္ႀကီးပါတယ္ ေျပာေျပာ ...၊ မိဘ တာဝန္ ဟာ သားသမီးအတြက္ စိတ္ေရာ ကိုယ္အတြက္ပါ ေက်ႏိုင္မွပဲ ေက်းဇူးႀကီးႏိုင္ပါလိမ့္မယ္။  ကိုယ့္ သားသမီး ကံႀကီးထိုက္ဖို႔ အကုသိုလ္ ေတြ ခ်ည္း အလုံးလိုက္ အရင္းလိုက္ နဲ႔ စတင္ခဲ့ၿပီး မွ တခ်ိန္က ေၾကာင္ဟာ က်ား ျဖစ္လာရင္ “ အသား နဲ႔ ငါး “ ေခ်ာ့ ေပးလို႔ရတဲ့ အ႐ြယ္ ေက်ာ္သြားၿပီး ျဖစ္ပါလိမ့္မယ္။ စံျပ မိဘ ျဖစ္ျခင္း / မျဖစ္ျခင္းထက္ ကိုယ့္ ေ႐ြးခ်ယ္မႈ အတြက္ ကိုယ့္ Generation မွာ တာဝန္ေက်ပြန္ ဖို႔ပါပဲ။ ဘာသာတရားတိုင္း မွာေတာ့ လိမ္တဲ့သူဟာ လိမ္တာပဲ၊ ခိုးတဲ့သူက ခိုးတာပဲ ၊ ဆိုးတဲ့သူက ဆိုးတာပဲ .. မေကာင္းတဲ့သူက မေကာင္းတာပါပဲ။ မိဘ ျဖစ္လို႔ သားသမီး ျဖစ္လို႔ ဆိုတဲ့ ေအာက္က အၿမဲမွန္ျခင္း ၊ ေကာင္းျခင္း ဆိုတာ မရွိပါဘူး။ “သားသမီး မေကာင္း ၊ မိဘ ေခါင္း “ဆိုၾကေပမဲ့  ဒါဟာ ေလာကီေလာက ထဲက “ေသာက္ပိုစကား”ပါ ။ ဗုဒၶဘာသာအယူ မွာ ေတာ့ Karma (ကံၾကမၼာ)  ဆိုတာ - “ကိုယ္ မေကာင္း ကိုယ္ခံ၊ ကိုယ္ ေကာင္း ကိုယ္ခံ” ပါပဲ ။ ဘယ္သူ မွအၿမဲ မမွန္ပါဘူး ...။

#Adminpan
#childandparentrelationship
#childabuse
#Truthbutbitter

No comments: