Thursday, November 12, 2020

💥ရန်ကုန်မှာစားသောက်ဆိုင်ဖွင့်မယ်ဆိုရင်💥

💥ရန်ကုန်မှာစားသောက်ဆိုင်ဖွင့်မယ်ဆိုရင်💥 




🍻စားသောက်ဆိုင် group ထဲက တစ်ယောက်နဲ့တစ်ယောက် သင်ပေးနေကြတဲ့ စာလေးတွေဖတ်ပြီး ကျွန်တော်ကိုယ်တိုင် self-taught လုပ်ထားတဲ့ စားသောက်ဆိုင် 

လစဉ် ကုန်ကျစရိတ် တွက်နည်း (Monthly Expenses & Budgeting) လေး share ပေးချင်လို့ပါ။ ကျွန်တော် အတွေ့အကြုံနည်း‌‌သေးတဲ့ အတွက် မှားနိုင်ပါတယ်။ 


🍻ယိုပေါက်များလွန်းတဲ့ ဒီလုပ်ငန်းမှာ Budget burst မဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ ကိုယ်က နာမည်ရှိပြီးသားလည်းမဟုတ်၊ မဟုတ်တော့ revenue လည်း မများနိုင်လောက်သေး (ရုတ်တရက်မပေါက်ရင်)၊ အတွေ့အကြုံလည်းနည်း၊ ငွေကလည်းပေါမနေ သေးရင် အောက်ပါ အခြေခံ အချက်လေး များက အသုံးဝင် ပါလိမ့်မယ်နော်။


ကိုယ်တိုင်တကယ်လုပ်ချင်သူများ ကိုယ့်အတွက် တစ်ခုခုရသွားရင် ကျေနပ်ပါပြီ ခင်ဗျာ။


👇👇👇


စား‌‌သောက်ဆိုင် ဖွင့်မယ်ဆို #လစဉ် အဓိက ကုန်ကျတာ အောက်ပါအတိုင်း (4) မျိုးရှိပါတယ်။  


(1) 💥HR Cost💥

-ပုံမှန်အနေနဲ့ လူတစ်ယောက်ကို ပျမ်းမျှ 1.9 သိန်း လောက်နဲ့ မြှောက်ရပါတယ် 

ဥပမာ လူ 20 * ၁.၉ သိန်း = ၃၈ သိန်းပါ

ဒီထဲမှာမှ (၃)မျိုး ပြန်ခွဲနိုင်ပါတယ်  


+ အခြေခံလစာ (Salary)

++ နေ့စဉ် စားစရိတ် နှင့် အဆောင် ရေ/မီး (Food, Utility & Accommodation) 

+++ Benefits (ကျမ်းမာရေး/entertainment/uniform) 


Breakdown လေးပါ 


+ အခြေခံလစာ (Basic Salary) 


အပေါ်မှာ ပြထားတဲ့ တစ်ယောက် ပျမ်းမျှ 1.9 သိန်း ထဲကမှ 1.2သိန်း (65%) ဝန်းကျင်လောက် သွားပါတယ်။ Hotel နီးပါး ဆိုင်အကြီးကြီးများအထိ အကြုံးဝင်ပါလိမ့်မယ်။ 


👉လူ 20 * 1.2 သိန်း = ၂၄ သိန်း 


++ နေ့စဉ်စားစရိတ်နဲ့ အဆောင် ရေ/မီး  (Food, Utility & Accommodation) 


လူများရင်များသလို၊ ထားရင်ထားသလို၊ ကျွေးရင်ကျွေးသလို ကုန်နိုင်ပါတယ်။ စားသောက်ဆိုင်ပိုင်ရှင်များ အနေဖြင့် အကောင်းဆုံးကတော့ နေရာရှိလျှင် ဆိုင်ဝန်းထဲ ဝန်ထမ်းများအားထားတာအကောင်းဆုံးပါပဲ။ အဆောင်စရိတ်၊ ကြို/ပို့/bus စရိတ်များ နည်းသွားမည် ဖြစ်သလို စည်းကမ်းထိမ်းသိမ်းဖို့လည်း လွယ်သွားပါလိမ့်မယ်။ ကိုယ့်ဝန်းထဲ ထားနိုင်ခဲ့ရင်လည်း အဆောင်စရိတ် သတ်သတ်မှတ်မှတ်ယူပါ။ စာရင်းထဲ ထင်းခနဲ ပေါ်လာအောင်ပါ။ တချိန်ချိန် မထားနိုင်တော့လို့ ဆိုင်ဝန်းအပြင်မှာ ထားရရင်လည်း budget ကရှိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ 


စားစရိတ်ကတော့ အကြမ်း တစ်ယောက် တစ်နေ့ ၁၀၀၀-၁၂၀၀ကျပ် ပါ (၁၀ ယောက် ဝန်းကျင် နှင့် အထက်ဆိုလျှင်)။ အိုးကြီးချက် နဲ့ ဆန်တစ်အိတ် ၃ သောင်းဝန်းကျင် နဲ့ဆို ဒီလောက်သွားပါလိမ့်မယ်။ အသားဟင်း ကောင်းကောင်း‌လေးလည်း နေ့တိုင်း ကျွေးနိုင်ပါလိမ့်မယ်။ ထမင်းကတော့ အဝပေါ့။ 


အပေါ်မှာ ပြထားတဲ့ တစ်ယောက် ပျမ်းမျှ 1.9 သိန်း ထဲကမှ 0.4သိန်း (20%) ဝန်းကျင်လောက် သွားပါတယ်။


👉လူ 20 * 0.4 သိန်း = ၈ သိန်း 


+++ Benefits (ကျမ်းမာရေး/entertainment/uniform) 


ဒါလေးတွေက မတွက်မိရင် အရေးမကြီးသလိုနဲ့ အရမ်းအရေးပါပါတယ်။ ဝန်ထမ်းများက သူတို့လုပ်နေရတဲ့ ဆိုင်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ လုံခြုံမှု အပြည့်အဝလိုချင်ပါလိမ့်မယ်၊ သစ်လွင်တဲ့ Uniform လေးများသာ ဝတ်ချင်ပါလိမ့်မယ်။ ပွဲတော်ရက်များ၊ ဆိုင် anniversary နေ့များမှာလည်း မုန့်ဖိုး၊ အပြင်တူတူစုထွက်၊ trip လေးများလည်း ထွက်ချင်ကြပါတယ်။  


အပေါ်မှာ ပြထားတဲ့ တစ်ယောက် ပျမ်းမျှ 1.9 သိန်း ထဲကမှ 0.3သိန်း (15%) ဝန်းကျင်လောက် သွားပါတယ်။ 


👉လူ 20 * 0.3 သိန်း = ၆ သိန်း 


👉 Total Monthly HR = ၃၈ သိန်း (လူ ၂၀) 

တစ်ယောက် ၁.၉ သိန်း 


(2) 💥 General Costs 💥 


Kitchen cost ပြီးရင် အများဆုံး နဲ့ ခန့်မှန်းရ တော်တော်ခက်ပါတယ်။ရောင်းအားပေါ်လည်း အများကြီး မူတည်ပြီး formula တစ်ခု ထွက်လာဖို့တော့ တော်တော် မလွယ်တာပါ။ Air Con ပါ/မပါ, သုံးတဲ့ Tissue quality, Marketing budget, ဆိုင်ရောင်းအား အများကြီး ပေါ်မူတည် ပြီး ပြောင်းလည်း နိုင်ပါတယ်။ General Cost ထဲပါတာလေးတွေကတော့ 


- Skynet & Wifi

- Utility (Exclude staff hostel)

- Maintenance 

- Fire Insurance

- Marketing Costs (Online & Offline)

- YCDC (အမှိုက်သိမ်း၊ ဆိုင်းဘုတ်ခွန်၊ အမြတ်ခွန်) 

- အရက်လိုင်စင် (if any) 

- Transportation & Car Rental (ကားဌားဖို့ဈေးကားသုံးလျှင်မလိုပါ၊ ဈေးနီးလျှင်လည်း သိပ်မလိုပါ) 

- Detergent/Soap/Toiletries

- Gas, Generator Petrol

- Takeaway & Plastic bags, Charcoal, Ice, Tissue, Straw, Chopsticks , etc 


In general မှန်းရခက်ပေမယ့် ဘီယာဆိုင် ခပ်လတ်လတ် (customer ၁၀၀ ခန့်ဆန့်) ဆို သိန်း ၂၅-၃၀ ဝန်းကျင်ခန့်လောက်တော့ ရှိပါတယ်။ ဒီ General cost ထဲ ရောင်းမည့် အစားသောက် စရိတ်စကများ လုံးဝ မပါဝင်ပါနော်။ လုံးဝ non food-related costs များသာဖြစ်ပါတယ်။ 


👉 General Cost = သိန်း ၃၀ (No air con) 


(3) 💥 Kitchen Costs 💥 


သူကတော့ ဆရာ့ ဆရာပါပဲ။ ဆိုင်တစ်ဆိုင် သိန်း ၁၀၀ မြတ်တာလည်း ဒီ kitchen၊ သိန်း ၁၀၀ ရှုံးတာလည်း ဒီ kitchen ဖြစ်နိုင်ပါတယ်။ အယိုအဖိတ်များ နိုင်သလို ဒီ kitchen က ထွက်တာကို လည်း လူလက်ခံ၊ ရောင်းရပြီ ဆိုရင်လည်း အပေါ်က ကုန်ကျစရိတ်များကို အေးဆေးပါပဲ။ main chef အနေနဲ့ ဟင်းပွဲ ကုန်ကျစရိတ်ကို တွက်နိုင်ရမှာ ဖြစ်သလို အသစ်သစ်များလည်း ထွက်နေ၊ ရှိပြီးသားများလည်း ပိုကောင်းအောင် လုပ်နေရမှာပါ။ 


Kitchen cost အတွက် Formula အကြမ်းလေးပါ 


ရောင်းမကောင်းတဲ့ ဆိုင်က revenue ရဲ့  ၅၀-၅၅% 

ပုံမှန် အိရောအိရော ရောင်းနေရင် ၄၀-၄၅% 

ရောင်းကောင်းပြီဆို ၃၀% 


ဘီယာဆိုင် (လူ ၁၀၀ ခန့်ဆန့်) တစ်ရက် ၁၅ သိန်း (တစ်လ သိန်း ၄၅၀) ကို ရောင်းကောင်းရတဲ့ ဆိုင်လို့ တွက်ပါက 

-Monthly Kitchen Cost = သိန်း ၄၅၀ * 30% = ၁၃၅ သိန်း ပါ။ 


တစ်ရက် ၅ သိန်း (တစ်လ သိန်း ၁၅၀) ကို ရောင်းမကောင်းဟု တွက်ပါက 

-Monthly Kitchen Cost = သိန်း ၁၅၀ * 50% = ၇၅ သိန်း ပါ။


Monthly kitchen cost က ဆိုင် အရှုံး/အမြတ်ကို အရမ်းစကားပြောပြီး #ကိုယ့်ဆိုင်အနေအထားနဲ့ရောင်းကောင်းမယ်ဆိုတဲ့ကိုယ်‌သေချာသတ်မှတ်တွက်ချက်ထားတဲ့ကိုယ့်targetကိုထိပြီဆိုရင် အခြား ကုန်ကျစရိတ်များ မျက်စိတစ်ဖက်မှိတ်ထား နိုင်ပါပြီ။ အေးဆေးပါ 


ဒီမှာ ဝန်ထမ်း 20-30 နဲ့ အရက်ဘီယာရောင်းပုံမှန်ပဲရောင်းရတဲ့ဆိုင်း တစ်ရက် ပျမ်းမျှ 7 သိန်း နဲ့တွက်ပါက 


👉 Kitchen Cost = တစ်ရက် ၇ သိန်း (တစ်လ သိန်း ၂၁၀) * ၄၅% = ၉၅ သိန်း 


(4) 💥 Shop Rental 💥 

အပေါ်ဆုံးမှာ ပြောခဲ့သလိုပဲ သေချာပေါက် ရောင်းရမည့် brand မဟုတ်သေး၊ ကိုယ်ကဒီလောကမှာ စမ်းတဝါးဝါးဖြစ်နေတုန်း၊ ငွေလည်းမပေါ အရှုံးမခံနိုင်‌ သေးဘူး ဆိုရင် rental မပေးရတဲ့ ကိုယ်ပိုင်မြေမှာလုပ် (or) မြေမရှိရင် အတတ်နိုင်ဆုံး rental နည်းတဲ့ နေရာမှာ စလုပ်တာအကောင်းဆုံးပါပဲ။ ကျွမ်းပြီးသား ပေါက်ပြီးသားဆို လုပ်ရဲမှာပါ။ ကိုယ်ကအခုမှ စလုပ်မယ်ဆို ပုံမှန်လောက်ပဲ ရောင်းရရင် လကုန် မမြတ်နိုင်ပါ။ ပုံမှန်လောက်မှ မရောင်းရရင် ရှုံးမှာသေချာပါတယ်။ ၆လ လား ၁နှစ်လား အရှုံးမခံနိုင်တော့ရင် ပိတ်ရမှာပါ။ မကျွမ်းသေးရင် ခပ်သေးသေးလေး စလုပ်သင့်ပါတယ်။ 

အပေါ်မှာ ဝန်ထမ်း အယောက် ၂၀-၃၀ လောက်ခန့်ထားမည့်ဆိုင်ဆိုတော့ ဒီမှာ rental ကို သိန်း ၂၀ လောက်ထားလိုက်ရ အောင်ပါ။ 


👉 Rental = သိန်း ၂၀ 


🍾🍾🍾Profit & Loss rough calculation 

(တစ်ရက် ပျမ်းမျှ ၇ သိန်း) 


✅ ဝင်ငွေ Revenue (monthly) = သိန်း ၂၁၀ 

အသုံး 

(1) Total Monthly HR = ၃၈ သိန်း (လူ ၂၀) 

တစ်ယောက် ၁.၉ သိန်း

(2) General Cost = ၃၀ သိန်း (No air con) 

(3) Kitchen Cost = တစ်ရက် ၇ သိန်း (တစ်လ သိန်း ၂၁၀) * ၄၅% = ၉၅ သိန်း 

(4) Rental = သိန်း ၂၀ 


✅အသုံး Total Expenses = ၁၈၃ သိန်း 

✅ Gross Profit = ၂၇ သိန်းခန့် Gross Profit ကျန်နိုင်ပါတယ်။ 


ဘာလို့ Net profit လို့ မသုံးသေးတာလည်းဆိုတော့ အခြား unexpected expenses လေးတွေ အများကြီး ရှိနိုင်ပါသေးတယ်။ ဈေးတက်/ကျ, depreciation, accidents နဲ့ တခြား expenses တွေလည်းပေါ်လာပါ လိမ့်မယ် သူ့အလိုလိုကို။ ဒါ့ကြောင့်လိုလိုမယ်မယ် ဒီထဲကမှ ၂၀% လောက်ဖယ်ထားနိုင်ရင်တော့ safe ဖြစ်နိုင်ပါတယ်။ 


✅ Net profit = Approximately သိန်း ၂၀ ခန့် 


အဲ့တော့ လူပေါင်း ၂၀-၂၅ ထိန်းရပြီး တစ်လ သိန်း ၂၁၀ ရောင်းရပါမှ သိန်း ၂၀ လောက် net profit ကျန်နိုင်တာပါ။ ဒါလည်း ပုံမှန်ရောင်းရမှပါ။ Net profit က 10% တောင်မရှိပါ။ 


ဒါပေမယ့် ကျနော်ခုန ပြောခဲ့သလိုပဲ revenue သာတက်အောင်ချပါ။ အပေါ်ကဆိုင်ပဲ တစ်ရက် revenue ၇ သိန်း‌ လောက် မဟုတ် ရောင်းကောင်းပြီ လို့ဆိုရမယ့် ပျမ်းမျှ ၁၅ သိန်း လောက်ဆိုရင်တော့ 👇


🍾🍾🍾Profit & Loss rough calculation 

(တစ်ရက် ပျမ်းမျှ ၁၅ သိန်း) 


✅ ဝင်ငွေ Revenue (monthly) = သိန်း ၄၅၀


အသုံး 

(1) Total Monthly HR = ၅၅ သိန်း (လူ ၃၀) 

တစ်ယောက် ၁.၉ သိန်း (လူပိုတိုးလာပါမယ် ၂၀ မှ ၃၀ သို့)

(2) General Cost = ၅၀ သိန်း (No air con) (ပိုရောင်းရတော့ ဒီမှာ ပိုတိုးပါတယ်)

(3) Kitchen Cost = တစ်ရက် ၁၅ သိန်း (တစ်လ သိန်း ၄၅၀) * ၃၀% =  ၁၃၅ သိန်း (kitchen cost က revenue ရဲ့ 30% သာကျန်ပါတော့မယ် ရောင်းရတယ်ဆိုတဲ့ amount ဖြစ်တဲ့အတွက်ပါ)

(4) Rental = သိန်း ၂၀ 


✅အသုံး Total Expenses = ၂၆၀ သိန်း 

✅ Gross Profit = သိန်း ၁၉၀ ခန့် Gross Profit ကျန်နိုင်ပါတယ်။ 

✅ Net profit = ဘယ်လို မဆို သိန်း ၁၅၀ ခန့် ကျန်မှာ ဖြစ်ပါတယ်


နားလည်ရလွယ်အောင် သေချာ ရေးပြထားပါတယ် ခင်ဗျာ။ ကျနော်ဆို အခြား တကယ်တော်တဲ့ ဆိုင်ရှင်တွေ လို kitchen ထဲဝင်ပြီး အစားအသောက် ပိသာချိန်  ဘာညာနဲ့ မတွက်တတ်ပါ။ အဲ့ဒါကြောင့် ကိုယ့်အားနည်းချက်ကို numbers & figures နဲ့ formula လေးထုတ်မှတ်ထားတတ်ပါတယ်။ ကိုယ်ဘာလုပ်လုပ် Budgeting & Accounting လေးကို သေသေချာချာလေး ပြင်ဆင်ထားတော့ အများကြီးကြို မှန်းနိုင်တာပေါ့ ခင်ဗျာ။ Bottom line ကတော့ ဆိုင် Revenue သာတက်အောင် ကြိုးစားကြပါခင်ဗျာ။ ယိုနေတာတွေနောက်မှ ပိတ်လို့ရပါတယ်။ ဆိုင်ရှင်များအားလုံး အောင်မြင်ပါစေ


💥မှတ်ချက်💥

 á€Ąâ€Œá€•á€ąá€Ťá€şá€€á€Ÿá€Ź တွေ အားလုံးတော့ ကိုယ့်ဘာသာကိုယ် တွက်တာ အမြဲ ကွက်တိပဲ၊ ကျနော့ဆိုင်တော့ မမြတ်ပါ။ 

မှားနေလားတော့မသိဘူး 😁 

လုပ်ကြည့်နော် မှားနေရင် ဆက်မလုပ်နဲ့၊ ကျနော့်လည်း ပြင်ပေး 😋


Note: On paper မှာ expense budget ကို အများဆုံး တွက်ထားပါနော်။ ရောင်းရမှာကို ပုံမှန်(သို့) ပုံမှန်အောက်သာတွက်ပါ။ ဒါမှ ကိုယ့်ဆိုင်လေး just in case အဆိုးဆုံးဖြစ်နေတောင် တွက်ထားတာနဲ့ သိပ်မကွာတော့ အိပ်ပျော်တာပေါ့ဗျာ


12th Nov 2020 

2:59am

#Sett_Aung


(Zawgyi) 


 đŸ’Ľá€›á€”á€šá€€á€Żá€”á€šá€™á€˝á€Źá€…á€Źá€¸á€ąá€žá€Źá€€á€šá€†á€­á€Żá€„á€šá€–á€źá€„á€ˇá€šá€™á€šá€šá€†á€­á€Żá€›á€„á€šđŸ’Ľ 




🍻စားေသာက္ဆိုင္ group ထဲက တစ္ေယာက္နဲ႔တစ္ေယာက္ သင္ေပးေနၾကတဲ့ စာေလးေတြဖတ္ၿပီး ကၽြန္ေတာ္ကိုယ္တိုင္ self-taught လုပ္ထားတဲ့ စားေသာက္ဆိုင္ 

လစဥ္ ကုန္က်စရိတ္ တြက္နည္း (Monthly Expenses & Budgeting) ေလး share ေပးခ်င္လို့ပါ။ ကၽြန္ေတာ္ အေတြ႕အၾကဳံနည္း‌‌ေသးတဲ့ အတြက္ မွားနိုင္ပါတယ္။ 


🍻ယိုေပါက္မ်ားလြန္းတဲ့ ဒီလုပ္ငန္းမွာ Budget burst မျဖစ္ဖို့က အရမ္းအေရးႀကီးပါတယ္။ ကိုယ္က နာမည္ရွိၿပီးသားလည္းမဟုတ္၊ မဟုတ္ေတာ့ revenue လည္း မမ်ားနိုင္ေလာက္ေသး (႐ုတ္တရက္မေပါက္ရင္)၊ အေတြ႕အၾကဳံလည္းနည္း၊ ေငြကလည္းေပါမေန ေသးရင္ ေအာက္ပါ အေျခခံ အခ်က္ေလး မ်ားက အသုံးဝင္ ပါလိမ့္မယ္ေနာ္။


ကိုယ္တိုင္တကယ္လုပ္ခ်င္သူမ်ား ကိုယ့္အတြက္ တစ္ခုခုရသြားရင္ ေက်နပ္ပါၿပီ ခင္ဗ်ာ။


👇👇👇


စား‌‌ေသာက္ဆိုင္ ဖြင့္မယ္ဆို #လစဥ္ အဓိက ကုန္က်တာ ေအာက္ပါအတိုင္း (4) မ်ိဳးရွိပါတယ္။  


(1) 💥HR Cost💥

-ပုံမွန္အေနနဲ႔ လူတစ္ေယာက္ကို ပ်မ္းမၽွ 1.9 သိန္း ေလာက္နဲ႔ ေျမႇာက္ရပါတယ္ 

ဥပမာ လူ 20 * ၁.၉ သိန္း = ၃၈ သိန္းပါ

ဒီထဲမွာမွ (၃)မ်ိဳး ျပန္ခြဲနိုင္ပါတယ္  


+ အေျခခံလစာ (Salary)

++ ေန႔စဥ္ စားစရိတ္ ႏွင့္ အေဆာင္ ေရ/မီး (Food, Utility & Accommodation) 

+++ Benefits (က်မ္းမာေရး/entertainment/uniform) 


Breakdown ေလးပါ 


+ အေျခခံလစာ (Basic Salary) 


အေပၚမွာ ျပထားတဲ့ တစ္ေယာက္ ပ်မ္းမၽွ 1.9 သိန္း ထဲကမွ 1.2သိန္း (65%) ဝန္းက်င္ေလာက္ သြားပါတယ္။ Hotel နီးပါး ဆိုင္အႀကီးႀကီးမ်ားအထိ အၾကဳံးဝင္ပါလိမ့္မယ္။ 


👉လူ 20 * 1.2 သိန္း = ၂၄ သိန္း 


++ ေန႔စဥ္စားစရိတ္နဲ႔ အေဆာင္ ေရ/မီး  (Food, Utility & Accommodation) 


လူမ်ားရင္မ်ားသလို၊ ထားရင္ထားသလို၊ ေကၽြးရင္ေကၽြးသလို ကုန္နိုင္ပါတယ္။ စားေသာက္ဆိုင္ပိုင္ရွင္မ်ား အေနျဖင့္ အေကာင္းဆုံးကေတာ့ ေနရာရွိလၽွင္ ဆိုင္ဝန္းထဲ ဝန္ထမ္းမ်ားအားထားတာအေကာင္းဆုံးပါပဲ။ အေဆာင္စရိတ္၊ ႀကိဳ/ပို့/bus စရိတ္မ်ား နည္းသြားမည္ ျဖစ္သလို စည္းကမ္းထိမ္းသိမ္းဖို့လည္း လြယ္သြားပါလိမ့္မယ္။ ကိုယ့္ဝန္းထဲ ထားနိုင္ခဲ့ရင္လည္း အေဆာင္စရိတ္ သတ္သတ္မွတ္မွတ္ယူပါ။ စာရင္းထဲ ထင္းခနဲ ေပၚလာေအာင္ပါ။ တခ်ိန္ခ်ိန္ မထားနိုင္ေတာ့လို့ ဆိုင္ဝန္းအျပင္မွာ ထားရရင္လည္း budget ကရွိႏွင့္ၿပီးသားျဖစ္ပါလိမ့္မယ္။ 


စားစရိတ္ကေတာ့ အၾကမ္း တစ္ေယာက္ တစ္ေန႔ ၁၀၀၀-၁၂၀၀က်ပ္ ပါ (၁၀ ေယာက္ ဝန္းက်င္ ႏွင့္ အထက္ဆိုလၽွင္)။ အိုးႀကီးခ်က္ နဲ႔ ဆန္တစ္အိတ္ ၃ ေသာင္းဝန္းက်င္ နဲ႔ဆို ဒီေလာက္သြားပါလိမ့္မယ္။ အသားဟင္း ေကာင္းေကာင္း‌ေလးလည္း ေန႔တိုင္း ေကၽြးနိုင္ပါလိမ့္မယ္။ ထမင္းကေတာ့ အဝေပါ့။ 


အေပၚမွာ ျပထားတဲ့ တစ္ေယာက္ ပ်မ္းမၽွ 1.9 သိန္း ထဲကမွ 0.4သိန္း (20%) ဝန္းက်င္ေလာက္ သြားပါတယ္။


👉လူ 20 * 0.4 သိန္း = ၈ သိန္း 


+++ Benefits (က်မ္းမာေရး/entertainment/uniform) 


ဒါေလးေတြက မတြက္မိရင္ အေရးမႀကီးသလိုနဲ႔ အရမ္းအေရးပါပါတယ္။ ဝန္ထမ္းမ်ားက သူတို့လုပ္ေနရတဲ့ ဆိုင္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ လုံျခဳံမွု အျပည့္အဝလိုခ်င္ပါလိမ့္မယ္၊ သစ္လြင္တဲ့ Uniform ေလးမ်ားသာ ဝတ္ခ်င္ပါလိမ့္မယ္။ ပြဲေတာ္ရက္မ်ား၊ ဆိုင္ anniversary ေန႔မ်ားမွာလည္း မုန႔္ဖိုး၊ အျပင္တူတူစုထြက္၊ trip ေလးမ်ားလည္း ထြက္ခ်င္ၾကပါတယ္။  


အေပၚမွာ ျပထားတဲ့ တစ္ေယာက္ ပ်မ္းမၽွ 1.9 သိန္း ထဲကမွ 0.3သိန္း (15%) ဝန္းက်င္ေလာက္ သြားပါတယ္။ 


👉လူ 20 * 0.3 သိန္း = ၆ သိန္း 


👉 Total Monthly HR = ၃၈ သိန္း (လူ ၂၀) 

တစ္ေယာက္ ၁.၉ သိန္း 


(2) 💥 General Costs 💥 


Kitchen cost ၿပီးရင္ အမ်ားဆုံး နဲ႔ ခန႔္မွန္းရ ေတာ္ေတာ္ခက္ပါတယ္။ေရာင္းအားေပၚလည္း အမ်ားႀကီး မူတည္ၿပီး formula တစ္ခု ထြက္လာဖို့ေတာ့ ေတာ္ေတာ္ မလြယ္တာပါ။ Air Con ပါ/မပါ, သုံးတဲ့ Tissue quality, Marketing budget, ဆိုင္ေရာင္းအား အမ်ားႀကီး ေပၚမူတည္ ၿပီး ေျပာင္းလည္း နိုင္ပါတယ္။ General Cost ထဲပါတာေလးေတြကေတာ့ 


- Skynet & Wifi

- Utility (Exclude staff hostel)

- Maintenance 

- Fire Insurance

- Marketing Costs (Online & Offline)

- YCDC (အမွိုက္သိမ္း၊ ဆိုင္းဘုတ္ခြန္၊ အျမတ္ခြန္) 

- အရက္လိုင္စင္ (if any) 

- Transportation & Car Rental (ကားဌားဖို့ေဈးကားသုံးလၽွင္မလိုပါ၊ ေဈးနီးလၽွင္လည္း သိပ္မလိုပါ) 

- Detergent/Soap/Toiletries

- Gas, Generator Petrol

- Takeaway & Plastic bags, Charcoal, Ice, Tissue, Straw, Chopsticks , etc 


In general မွန္းရခက္ေပမယ့္ ဘီယာဆိုင္ ခပ္လတ္လတ္ (customer ၁၀၀ ခန႔္ဆန႔္) ဆို သိန္း ၂၅-၃၀ ဝန္းက်င္ခန႔္ေလာက္ေတာ့ ရွိပါတယ္။ ဒီ General cost ထဲ ေရာင္းမည့္ အစားေသာက္ စရိတ္စကမ်ား လုံးဝ မပါဝင္ပါေနာ္။ လုံးဝ non food-related costs မ်ားသာျဖစ္ပါတယ္။ 


👉 General Cost = သိန္း ၃၀ (No air con) 


(3) 💥 Kitchen Costs 💥 


သူကေတာ့ ဆရာ့ ဆရာပါပဲ။ ဆိုင္တစ္ဆိုင္ သိန္း ၁၀၀ ျမတ္တာလည္း ဒီ kitchen၊ သိန္း ၁၀၀ ရွုံးတာလည္း ဒီ kitchen ျဖစ္နိုင္ပါတယ္။ အယိုအဖိတ္မ်ား နိုင္သလို ဒီ kitchen က ထြက္တာကို လည္း လူလက္ခံ၊ ေရာင္းရၿပီ ဆိုရင္လည္း အေပၚက ကုန္က်စရိတ္မ်ားကို ေအးေဆးပါပဲ။ main chef အေနနဲ႔ ဟင္းပြဲ ကုန္က်စရိတ္ကို တြက္နိုင္ရမွာ ျဖစ္သလို အသစ္သစ္မ်ားလည္း ထြက္ေန၊ ရွိၿပီးသားမ်ားလည္း ပိုေကာင္းေအာင္ လုပ္ေနရမွာပါ။ 


Kitchen cost အတြက္ Formula အၾကမ္းေလးပါ 


ေရာင္းမေကာင္းတဲ့ ဆိုင္က revenue ရဲ့  ၅၀-၅၅% 

ပုံမွန္ အိေရာအိေရာ ေရာင္းေနရင္ ၄၀-၄၅% 

ေရာင္းေကာင္းၿပီဆို ၃၀% 


ဘီယာဆိုင္ (လူ ၁၀၀ ခန္႔ဆန႔္) တစ္ရက္ ၁၅ သိန္း (တစ္လ သိန္း ၄၅၀) ကို ေရာင္းေကာင္းရတဲ့ ဆိုင္လို့ တြက္ပါက 

-Monthly Kitchen Cost = သိန္း ၄၅၀ * 30% = ၁၃၅ သိန္း ပါ။ 


တစ္ရက္ ၅ သိန္း (တစ္လ သိန္း ၁၅၀) ကို ေရာင္းမေကာင္းဟု တြက္ပါက 

-Monthly Kitchen Cost = သိန္း ၁၅၀ * 50% = ၇၅ သိန္း ပါ။


Monthly kitchen cost က ဆိုင္ အရွုံး/အျမတ္ကို အရမ္းစကားေျပာၿပီး #ကိုယ့္ဆိုင္အေနအထားနဲ႔ေရာင္းေကာင္းမယ္ဆိုတဲ့ကိုယ္‌ေသခ်ာသတ္မွတ္တြက္ခ်က္ထားတဲ့ကိုယ့္targetကိုထိၿပီဆိုရင္ အျခား ကုန္က်စရိတ္မ်ား မ်က္စိတစ္ဖက္မွိတ္ထား နိုင္ပါၿပီ။ ေအးေဆးပါ 


ဒီမွာ ဝန္ထမ္း 20-30 နဲ႔ အရက္ဘီယာေရာင္းပုံမွန္ပဲေရာင္းရတဲ့ဆိုင္း တစ္ရက္ ပ်မ္းမၽွ 7 သိန္း နဲ႔တြက္ပါက 


👉 Kitchen Cost = တစ္ရက္ ၇ သိန္း (တစ္လ သိန္း ၂၁၀) * ၄၅% = ၉၅ သိန္း 


(4) 💥 Shop Rental 💥 

အေပၚဆုံးမွာ ေျပာခဲ့သလိုပဲ ေသခ်ာေပါက္ ေရာင္းရမည့္ brand မဟုတ္ေသး၊ ကိုယ္ကဒီေလာကမွာ စမ္းတဝါးဝါးျဖစ္ေနတုန္း၊ ေငြလည္းမေပါ အရွုံးမခံနိုင္‌ ေသးဘူး ဆိုရင္ rental မေပးရတဲ့ ကိုယ္ပိုင္ေျမမွာလုပ္ (or) ေျမမရွိရင္ အတတ္နိုင္ဆုံး rental နည္းတဲ့ ေနရာမွာ စလုပ္တာအေကာင္းဆုံးပါပဲ။ ကၽြမ္းၿပီးသား ေပါက္ၿပီးသားဆို လုပ္ရဲမွာပါ။ ကိုယ္ကအခုမွ စလုပ္မယ္ဆို ပုံမွန္ေလာက္ပဲ ေရာင္းရရင္ လကုန္ မျမတ္နိုင္ပါ။ ပုံမွန္ေလာက္မွ မေရာင္းရရင္ ရွုံးမွာေသခ်ာပါတယ္။ ၆လ လား ၁ႏွစ္လား အရွုံးမခံနိုင္ေတာ့ရင္ ပိတ္ရမွာပါ။ မကၽြမ္းေသးရင္ ခပ္ေသးေသးေလး စလုပ္သင့္ပါတယ္။ 

အေပၚမွာ ဝန္ထမ္း အေယာက္ ၂၀-၃၀ ေလာက္ခန႔္ထားမည့္ဆိုင္ဆိုေတာ့ ဒီမွာ rental ကို သိန္း ၂၀ ေလာက္ထားလိုက္ရ ေအာင္ပါ။ 


👉 Rental = သိန္း ၂၀ 


🍾🍾🍾Profit & Loss rough calculation 

(တစ္ရက္ ပ်မ္းမၽွ ၇ သိန္း) 


✅ ဝင္ေငြ Revenue (monthly) = သိန္း ၂၁၀ 

အသုံး 

(1) Total Monthly HR = ၃၈ သိန္း (လူ ၂၀) 

တစ္ေယာက္ ၁.၉ သိန္း

(2) General Cost = ၃၀ သိန္း (No air con) 

(3) Kitchen Cost = တစ္ရက္ ၇ သိန္း (တစ္လ သိန္း ၂၁၀) * ၄၅% = ၉၅ သိန္း 

(4) Rental = သိန္း ၂၀ 


✅အသုံး Total Expenses = ၁၈၃ သိန္း 

✅ Gross Profit = ၂၇ သိန္းခန႔္ Gross Profit က်န္နိုင္ပါတယ္။ 


ဘာလို့ Net profit လို့ မသုံးေသးတာလည္းဆိုေတာ့ အျခား unexpected expenses ေလးေတြ အမ်ားႀကီး ရွိနိုင္ပါေသးတယ္။ ေဈးတက္/က်, depreciation, accidents နဲ႔ တျခား expenses ေတြလည္းေပၚလာပါ လိမ့္မယ္ သူ႔အလိုလိုကို။ ဒါ့ေၾကာင့္လိုလိုမယ္မယ္ ဒီထဲကမွ ၂၀% ေလာက္ဖယ္ထားနိုင္ရင္ေတာ့ safe ျဖစ္နိုင္ပါတယ္။ 


✅ Net profit = Approximately သိန္း ၂၀ ခန႔္ 


အဲ့ေတာ့ လူေပါင္း ၂၀-၂၅ ထိန္းရၿပီး တစ္လ သိန္း ၂၁၀ ေရာင္းရပါမွ သိန္း ၂၀ ေလာက္ net profit က်န္နိုင္တာပါ။ ဒါလည္း ပုံမွန္ေရာင္းရမွပါ။ Net profit က 10% ေတာင္မရွိပါ။ 


ဒါေပမယ့္ က်ေနာ္ခုန ေျပာခဲ့သလိုပဲ revenue သာတက္ေအာင္ခ်ပါ။ အေပၚကဆိုင္ပဲ တစ္ရက္ revenue ၇ သိန္း‌ ေလာက္ မဟုတ္ ေရာင္းေကာင္းၿပီ လို့ဆိုရမယ့္ ပ်မ္းမၽွ ၁၅ သိန္း ေလာက္ဆိုရင္ေတာ့ 👇


🍾🍾🍾Profit & Loss rough calculation 

(တစ္ရက္ ပ်မ္းမၽွ ၁၅ သိန္း) 


✅ ဝင္ေငြ Revenue (monthly) = သိန္း ၄၅၀


အသုံး 

(1) Total Monthly HR = ၅၅ သိန္း (လူ ၃၀) 

တစ္ေယာက္ ၁.၉ သိန္း (လူပိုတိုးလာပါမယ္ ၂၀ မွ ၃၀ သို့)

(2) General Cost = ၅၀ သိန္း (No air con) (ပိုေရာင္းရေတာ့ ဒီမွာ ပိုတိုးပါတယ္)

(3) Kitchen Cost = တစ္ရက္ ၁၅ သိန္း (တစ္လ သိန္း ၄၅၀) * ၃၀% =  ၁၃၅ သိန္း (kitchen cost က revenue ရဲ့ 30% သာက်န္ပါေတာ့မယ္ ေရာင္းရတယ္ဆိုတဲ့ amount ျဖစ္တဲ့အတြက္ပါ)

(4) Rental = သိန္း ၂၀ 


✅အသုံး Total Expenses = ၂၆၀ သိန္း 

✅ Gross Profit = သိန္း ၁၉၀ ခန႔္ Gross Profit က်န္နိုင္ပါတယ္။ 

✅ Net profit = ဘယ္လို မဆို သိန္း ၁၅၀ ခန႔္ က်န္မွာ ျဖစ္ပါတယ္


နားလည္ရလြယ္ေအာင္ ေသခ်ာ ေရးျပထားပါတယ္ ခင္ဗ်ာ။ က်ေနာ္ဆို အျခား တကယ္ေတာ္တဲ့ ဆိုင္ရွင္ေတြ လို kitchen ထဲဝင္ၿပီး အစားအေသာက္ ပိသာခ်ိန္  ဘာညာနဲ႔ မတြက္တတ္ပါ။ အဲ့ဒါေၾကာင့္ ကိုယ့္အားနည္းခ်က္ကို numbers & figures နဲ႔ formula ေလးထုတ္မွတ္ထားတတ္ပါတယ္။ ကိုယ္ဘာလုပ္လုပ္ Budgeting & Accounting ေလးကို ေသေသခ်ာခ်ာေလး ျပင္ဆင္ထားေတာ့ အမ်ားႀကီးႀကိဳ မွန္းနိုင္တာေပါ့ ခင္ဗ်ာ။ Bottom line ကေတာ့ ဆိုင္ Revenue သာတက္ေအာင္ ႀကိဳးစားၾကပါခင္ဗ်ာ။ ယိုေနတာေတြေနာက္မွ ပိတ္လို့ရပါတယ္။ ဆိုင္ရွင္မ်ားအားလုံး ေအာင္ျမင္ပါေစ


💥မွတ္ခ်က္💥

 á€Ąâ€Œá€ąá€•ášá€€á€Ÿá€Ź ေတြ အားလုံးေတာ့ ကိုယ့္ဘာသာကိုယ္ တြက္တာ အျမဲ ကြက္တိပဲ၊ က်ေနာ့ဆိုင္ေတာ့ မျမတ္ပါ။ 

မွားေနလားေတာ့မသိဘူး 😁 

လုပ္ၾကည့္ေနာ္ မွားေနရင္ ဆက္မလုပ္နဲ႔၊ က်ေနာ့္လည္း ျပင္ေပး 😋


Note: On paper မွာ expense budget ကို အမ်ားဆုံး တြက္ထားပါေနာ္။ ေရာင္းရမွာကို ပုံမွန္(သို့) ပုံမွန္ေအာက္သာတြက္ပါ။ ဒါမွ ကိုယ့္ဆိုင္ေလး just in case အဆိုးဆုံးျဖစ္ေနေတာင္ တြက္ထားတာနဲ႔ သိပ္မကြာေတာ့ အိပ္ေပ်ာ္တာေပါ့ဗ်ာ




12th Nov 2020 

2:59am

#Sett_Aung

No comments: