“မနာလိုခြင်းတွေအကြောင်း”
ပျော်ရွှင်မှုနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ လူတွေကို စစ်တမ်းလေး ကောက်တာပေါ့။ မင်းကို ပိုက်ဆံ ၅ သိန်းပေးမယ်၊ မင်းသူငယ်ချင်းတွေကို ၃ သိန်း ပေးမယ်၊ ယူမလားဆို ယူမယ်ပေါ့။ နောက်တစ်မျိုး ထပ်မေးတယ်။ မင်းကို ၁၀ သိန်း ပေးမယ်၊ နဂိုထက် ၂ ဆ များသွားတယ်နော်။ မင်းသူငယ်ချင်းတွေကိုတော့ ၁၂ သိန်း ပေးမယ်၊ ဘယ်လိုလဲ ဆိုပြီး မေးတော့ လူတော်တော်များများဟာ ပထမ Option ကိုပဲ ရွေးသွားကြတယ်တဲ့။
ပြောချင်တာကတော့ ကျွန်တော်တို့ဟာ ကိုယ် ဘယ်လောက် ရနေလဲ ဆိုတာထက် လူ့အသိုင်းအဝိုင်းထဲမှာ ရှိတဲ့ ကိုယ့်ရဲ့ အဆင့် (Status in the society) ကို ပိုမက်မောကြတယ် ဆိုတာပဲ။
စာမေးပွဲကျတယ်ဆိုလည်း သူငယ်ချင်းတွေနဲ့ အတူတူဆို သိပ်ပြဿနာ မရှိဘူး။ သူငယ်ချင်းတွေက အောင်ပြီး ကိုယ်တစ်ယောက်တည်း ကျတယ်ဆို အဆင်မပြေတော့ဘူး။
တကယ်ဆို သူငယ်ချင်းရဲ့ ကျခြင်း၊ အောင်ခြင်းဟာ ကိုယ့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး။ ပထမကို ရွေးလို့ ကိုယ်က ဒုတိယ ဖြစ်ကျန်ခဲ့ရတာလည်း မဟုတ်ဘူး။ ခုနက ကိစ္စဆိုလည်း ကိုယ့်ဟာကိုယ် ၁၀ သိန်းရ တော်ပြီပေါ့။ ဒါပေမဲ့ သူများတွေက ၁၂ သိန်း ရတယ်လည်း ဆိုရော၊ နဂိုရရမှာထက် ၄ ဆ ပိုရသွားတယ်လည်း ဆိုရော၊ မကြိုက်တော့ဘူး။
လူဆိုတော့ ဒီလိုပဲ သူများနဲ့ နှိုင်းတတ်တဲ့သဘော ရှိတယ်။ လူ့သဘာဝလို့တောင် ဆိုရမလားပဲ။ ခုလို ဆိုရှယ်မီဒီယာခေတ်ကျ ပိုဆိုးသွားတယ်။ ဘယ်သူ ဘာဖြစ်နေပြီ ဆိုတာ အကုန်သိနေရတာကိုး။ ဒီကြားထဲ ကျွန်တော်တို့ကလည်း ကောင်းတဲ့ကိစ္စ၊ အောင်မြင်တဲ့ကိစ္စမှ ပို့စ်တင်တတ်ကြတာမို့လား။ အဲ့တော့ လူတွေကို သူများနဲ့ နှိုင်းယှဉ်ခြင်း၊ သိမ်ငယ်စေခြင်း၊ မနာလိုခြင်း၊ အဲဒီကနေမှ တိုက်ခိုက်အပုပ်ချခြင်းတွေ ပိုပြီး ဖြစ်လာစေတော့တယ်။
ဖေ့စ်ဘွတ်မှာ သတိထား ကြည့်လိုက်ရင် အဲ့လိုစိတ်ကလေးတွေကို အများကြီး တွေ့ရလိမ့်မယ်။ (ဝေဖန်စရာမို့ ဝေဖန်တိုင်း မနာလို ဖြစ်နေတယ် ဆိုတဲ့ တစ်ဖက်စွန်းကိုလည်း မရောက်စေချင်ပါဘူး။) ရေးနေတဲ့ ကျွန်တော်ကိုယ်တိုင်မှာလည်း အဲ့လိုစိတ်မျိုး ရှိတာပဲ။ ဒီလောက်ကြီး ဖြူစင်နေတာ မဟုတ်ဘူး။ ဥပမာ ကိုယ် ကြည့်မရတဲ့ လူတစ်ယောက် ဆဲခံနေရပြီဆို စိတ်ထဲနည်းနည်းလေးတော့ ဝမ်းသာတာပဲ။ ပြီးမှ သူ ဒါကို ရေးလို့၊ ဒီလိုလုပ်လို့ မကြိုက်တာက သက်သက်၊ သူ့ရဲ့ တန်ဖိုးက သက်သက် ဆိုတာမျိုး အတွေးကို ပြန်ပြင်ယူရတာ။ မနာလိုစိတ်ကို သတိလေးကပ်ပြီး ထိန်းချုပ်ပယ်သတ်နေရတာ။
လူဆိုတာက ကိုယ်နဲ့ လုံး၀ မသက်ဆိုင်တဲ့ သူတွေဆို မနာလို မဖြစ်ဘူး။ ကိုယ် လုံး၀ လက်လှမ်းမမီလောက်အောင် အောင်မြင်နေရင်လည်း မနာလို မဖြစ်ဘူး။ ကိုယ်နဲ့လည်း နယ်ပယ်ချင်း တူတယ်၊ အပြတ်အသတ်ကြီးလည်း ဖြစ်မနေဘူးဆိုရင်တော့ မနာလို ဖြစ်တတ်တယ်။
အဲ့လို မနာလို ဖြစ်ရတဲ့ အကြောင်းရင်းတွေကို လိုက်ဖတ်ကြည့်တော့ -
၁။ ကိုယ့်ကိုယ်ကိုယ် မကျေနပ်တာ (Dissatisfaction)
ကိုယ့်မှာ ရှိတာကို ကိုယ်မမြင်ဘဲ ကိုယ့်မှာ မရှိတာတွေကိုပဲ ကွက်ကြည့်ပြီး မကျေမနပ် ဖြစ်နေသူတွေပေါ့။ ဥပမာ ကိုယ်က အမျိုးသားရှိတယ်။ မိသားစုလည်း ပျော်ပျော်ရွှင်ရွှင်ပဲ။ ဒါပေမဲ့ အပြင်အလုပ် မလုပ်ရတဲ့အတွက် သူ့ကိုယ်သူ မကျေနပ်ဘူး။ ဒီအခါ ကိုယ့်အမျိုးထဲကဖြစ်ဖြစ်၊ သူငယ်ချင်းထဲကဖြစ်ဖြစ် ကိုယ်ပိုင်အလုပ် လုပ်နေသူဆိုရင် ကြည့်မရဘူး။ နောက်ကွယ်မှာ မကောင်းပြောတယ်။ သူတစ်ပါးအလုပ်ကို လှောင်ပြောင်တယ်။
၂။ သူများနဲ့ နှိုင်းယှဉ်တာ (Comparison with others)
ဒါကတော့ အပေါ်မှာ ပြောခဲ့သလို လူ့သဘာဝပါပဲ။ ဒါကိုမှ ဆိုရှယ်မီဒီယာက မီးလောင်ရာလေပင့် လုပ်ပေးတယ်။ ဒါကြောင့်လည်း သတိလေး ထားပြီး သုံးကြဖို့ ပြောလာရတာ။
၃။ ဂုဏ်မောက်တာ၊ မာနကြီးတာ (Pride)
သူတို့ကျ တစ်မျိုး။ ကိုယ့်ကိုယ်ကိုယ်မှ ကောင်းတယ်၊ တော်တယ် ထင်တာ။ အဲ့လိုလူတွေက တစ်ဖက်သားကို မလေးစားဘူး။ အားနည်းချက်ကို မရရအောင် ရှာပြီး နှိမ်တယ်။ ဥပမာ ငါက ဘာလို့ ဒီလိုလူမျိုးနဲ့၊ ခုမှ တက်သစ်စလေးနဲ့ တွဲပြီး ပြောရမှာလဲတို့ (ဒီနေရာမှာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းသူမို့ အလုပ်တွဲမလုပ်ချင်တာကို မဆိုလိုပါဘူးနော်)၊ သူ့နာမည်ကို ကိုယ်မသိဘူး ဆိုပြီး ချိုးလိုက်တာမျိုးတို့ လုပ်တတ်ကြတယ်။
၄။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု အားနည်းတာ (Low self-esteem)
ကောင်လေးဖြစ်ဖြစ်၊ ကောင်မလေးဖြစ်ဖြစ် သိပ်သဝန်တိုတတ်တဲ့ ရည်းစားတွေ၊ အိမ်ထောင်ဖက်တွေဆို ကြည့်လိုက်။ အများစုဟာ သူတို့ကိုယ်သူတို့ အားမရဘူး။ သူ့ရည်းစား၊ သူ့အိမ်ထောင်ဖက်ရဲ့ ပတ်ဝန်းကျင်မှာ ရှိသမျှ လူတွေဟာ သူ့ထက်သာတယ်လို့ ထင်နေတယ်။ ဒီတော့ စိတ်ယိုင်သွားမှာ စိုးတယ်။ အဲဒီအခါ သဝန်တိုတယ်။ ချုပ်ချယ်တယ်။ များသောအားဖြင့် အလုပ်မလုပ်၊ ဝင်ငွေမရှာနိုင်တဲ့ အမျိုးသား၊ အမျိုးသမီး၊ လိင်မှုဆိုင်ရာမှာ မစွမ်းဆောင်နိုင်တဲ့ အမျိုးသား၊ ကလေးမွေးမပေးနိုင်တဲ့ အမျိုးသမီးတွေမှာ အဲ့လို တွေ့ရတတ်တယ်။ (Gender ခွဲထားတာ မဟုတ်ဘဲ ဖြစ်တတ်တဲ့ သဘောကို ရေးထားတာပါ။)
၅။ လိုချင်တပ်မက်စိတ် များတာ (Desire)
ဘဝမှာ သိပ်ပြီးလည်း မအောင်မြင်ချင်၊ အေးအေးချမ်းချမ်းပဲ ဖြတ်သန်းချင်တဲ့သူတွေဟာ မနာလိုစိတ်လည်း နည်းတတ်ကြတယ်။ ဘယ်သူ့ကိုမဆို မုဒိတာ ပွားနိုင်တယ်။ လိုချင်တပ်မက်စိတ်၊ အောင်မြင်လိုစိတ်၊ အရာရာမှာ ပထမ ဖြစ်လိုစိတ် ရှိသူတွေကတော့ ပိုပြီး မနာလိုမိတတ်တယ်။
တခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါသေးတယ်။ ခုက ဖတ်မိသလောက် ပြောရတာ။ အဲ့လို မနာလိုစိတ်များရင် ဘာဖြစ်လာတတ်လဲဆို စိတ်ဓါတ်ကျတတ်တယ်။ ကိုယ့်ဘဝကိုယ် အားမရဘူး။ သူများကို မကောင်းပြောဖို့၊ တိုက်ခိုက်ဖို့ပဲ စဉ်းစားတယ်။ အတင်းပြောတယ်။ အပုပ်ချတယ်။ သူများနဲ့ တစ်ချိန်လုံး နှိုင်းယှဉ်နေတဲ့အတွက် ဘယ်လောက်ပဲ ပြည့်စုံနေပါစေ၊ မကျေနပ်နိုင်ဘူး။ သိန်း ၃၀၀ တန် ကားစီးနေလည်း ၅၀၀ တန် လိုချင်နေတုန်းပဲ။ သိန်း ၅၀၀ တန် ရသွားလည်း ၁ ထောင်တန် လိုချင်နေတုန်းပဲ။ မိဘ၊ သူငယ်ချင်း၊ ချစ်သူ၊ အိမ်ထောင်ရေး၊ လုပ်ငန်းခွင် ဘယ်လိုဆက်ဆံရေးမျိုးမဆို အဆင်မပြေတတ်ဘူး။ သူ့ကို ဦးစားပေးမှ ကြိုက်တယ် ဆိုတာမျိုး ဖြစ်နေတာကိုး။
ကျွန်တော်ထင်တယ်။ အနည်းနဲ့အများသာ ကွာမယ်။ ကျွန်တော်တို့အားလုံးမှာ မနာလိုစိတ်တွေ ရှိကြတာချည်းပါပဲ။ ဒီအတွက် အကြံပေးချင်တာတွေကတော့ -
၁။ ရိုးသားပါ။
ဒီစာကို ဖတ်ပြီး သူများတွေကိုပဲ မျက်စိထဲ မမြင်ယောင်ပါနဲ့။ ကိုယ့်ရဲ့ မနာလိုစိတ်ကိုလည်း ကိုယ်ပြန်ကြည့်ပါ။ အရှိအရှိအတိုင်း လက်ခံပါ။
၂။ ကိုယ့်မှာ ရှိတာတွေကို တန်ဖိုးထားတတ်ပါစေ။
ဖြစ်နိုင်ရင် စာအုပ်ထဲ ချရေးထားပါ။ ဥပမာ ကိုယ့်မှာ ပျော်စရာ မိသားစု ရှိတယ်၊ အလုပ်အကိုင် ရှိတယ်၊ ကျန်းမာရေး ကောင်းတယ်၊ လေ့လာသင်ယူနိုင်တဲ့ ဦးနှောက်ရှိတယ် စသဖြင့်ပေါ့။
၃။ ဆိုရှယ်မီဒီယာကို သတိထားသုံးပါ။
အောင်မြင်နေတာ မြင်တိုင်း အရာရာ အဆင်ပြေနေတယ် မထင်နဲ့။ ဒီအပိုင်းလေးပဲ ကွက်ပြလို့ ကိုယ်မြင်ရတာ။ အားလုံးဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကိုယ်တော့ ခွေးဖြစ်နေကြတာချည်းပဲ။ ဒီလို သဘောပေါက်ထားပါ။
၄။ သူများအကြောင်း မတွေးမိအောင် အလုပ်များများ လုပ်ပါ။
အလုပ်ရှုပ်နေရင် ဘယ်သူ ဘယ်ရောက်လို့ ဘာတွေလုပ်ပြီး ဘာဖြစ်နေတယ်၊ ငါ့ကို ဘယ်လိုတွေ ပြောနေကြပြီ ဆိုတာ တကယ်ကို မတွေးနိုင်တော့တာပါ။ အလုပ်အားတဲ့သူဟာ မနာလိုစိတ် ပိုဖြစ်တတ်ပါတယ်။ အလုပ်တွေ ရှုပ်တဲ့အခါ နားရက်လိုချင်ကြပေမဲ့ တကယ်သာ အလုပ်နားရကြည့်။ သိမ်ငယ်စိတ်၊ အားမရတဲ့စိတ်၊ မနာလိုတဲ့စိတ်တွေ သိသိသာသာကို ဖြစ်လာတာပါ။
၅။ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ပါစေ။
မပြည့်တဲ့အိုး ဘောင်ဘင်ခတ် ဆိုသလိုပဲ။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု မရှိတဲ့လူဟာ မနာလို ပိုဖြစ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတဲ့သူကတော့ သူတစ်ပါးကိုလည်း လေးစားတယ်။ တန်ဖိုးထားတတ်တယ်။
ဒီအတွက် အတွေးတွေ၊ အပြောတွေနဲ့တင် မရဘူး။ လုပ်ရပ်ပါ လိုလာတယ်။ လူတစ်ယောက်ဟာ ကိုယ့်ကိုယ်ကိုယ် လေးစားတတ်ဖို့၊ Self-image ကောင်းဖို့ဆိုရင် CAC ဆိုတဲ့ ၃ ချက် မဖြစ်မနေ လိုတယ်။
၁) ကျွမ်းကျင်မှု - Competence
၂) ပြီးမြောက်အောင်မြင်မှု - Achievement
၃) ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှု - Contribution
အဲဒါတွေရှိမှ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် လေးစားနိုင်တယ်။ ကျွန်တော်ဆို ကျွန်တော့်ရဲ့ အားသာချက်တွေ၊ ကျွန်တော် လုပ်နိုင်ခဲ့တာတွေ၊ အများအကျိုးအတွက် လုပ်ခဲ့တာတွေကို စုပြီး ရေးထားတယ်။ စိတ်ဓါတ်ကျတိုင်း ပြန်ပြန်ဖတ်တယ်။ အားယူတယ်။ အဲဒီစာရင်းထဲ ထပ်ထပ်ထည့်နိုင်အောင် ကြိုးစားတယ်။ ဒါကြောင့် အတိုက်ခိုက်ခံရလေ ပိုလေ့လာဖြစ်လေ၊ စာပိုရေးဖြစ်လေ၊ အများအတွက် ပိုလုပ်ဖြစ်လေပဲ။ တစ်နည်းအားဖြင့် ကျွန်တော့်ရဲ့ Self-image ကို ပြန်ပြန်မြှင့်နေတာပဲ။
မနာလိုစိတ်ဟာ သဘာ၀ ဆိုပေမဲ့ သတိထားကိုင်တွယ်ဖို့ ကောင်းပါတယ်။ တခြားသူတွေ အောင်မြင်လို့ ကိုယ့်မှာ မနာလို ဖြစ်ရတယ်ဆို တခြားသူတွေကို မအောင်မြင်ဘဲ နေခိုင်းလို့ မရပါဘူး။ အဓိက ပြဿနာက ကိုယ့်အတွင်းစိတ်ထဲမှာ ရှိနေတာပါ။ ဒါကို ဖြေရှင်းဖို့က ကိုယ့်မှာပဲ တာဝန်ရှိပါတယ်။
၁၃.၁၁.၂၀၂၀
Ref: Thriveboston
(Zawgyi)
“မနာလိုျခင္းေတြအေၾကာင္း”
ေပ်ာ္ရႊင္မွုနဲ႔ ပတ္သက္တဲ့ စာအုပ္တစ္အုပ္မွာ ဖတ္ဖူးတယ္။ လူေတြကို စစ္တမ္းေလး ေကာက္တာေပါ့။ မင္းကို ပိုက္ဆံ ၅ သိန္းေပးမယ္၊ မင္းသူငယ္ခ်င္းေတြကို ၃ သိန္း ေပးမယ္၊ ယူမလားဆို ယူမယ္ေပါ့။ ေနာက္တစ္မ်ိဳး ထပ္ေမးတယ္။ မင္းကို ၁၀ သိန္း ေပးမယ္၊ နဂိုထက္ ၂ ဆ မ်ားသြားတယ္ေနာ္။ မင္းသူငယ္ခ်င္းေတြကိုေတာ့ ၁၂ သိန္း ေပးမယ္၊ ဘယ္လိုလဲ ဆိုၿပီး ေမးေတာ့ လူေတာ္ေတာ္မ်ားမ်ားဟာ ပထမ Option ကိုပဲ ေရြးသြားၾကတယ္တဲ့။
ေျပာခ်င္တာကေတာ့ ကၽြန္ေတာ္တို့ဟာ ကိုယ္ ဘယ္ေလာက္ ရေနလဲ ဆိုတာထက္ လူ႔အသိုင္းအဝိုင္းထဲမွာ ရွိတဲ့ ကိုယ့္ရဲ့ အဆင့္ (Status in the society) ကို ပိုမက္ေမာၾကတယ္ ဆိုတာပဲ။
စာေမးပြဲက်တယ္ဆိုလည္း သူငယ္ခ်င္းေတြနဲ႔ အတူတူဆို သိပ္ျပႆနာ မရွိဘူး။ သူငယ္ခ်င္းေတြက ေအာင္ၿပီး ကိုယ္တစ္ေယာက္တည္း က်တယ္ဆို အဆင္မေျပေတာ့ဘူး။
တကယ္ဆို သူငယ္ခ်င္းရဲ့ က်ျခင္း၊ ေအာင္ျခင္းဟာ ကိုယ့္အေပၚ ဘာသက္ေရာက္မွုမွ မရွိဘူး။ ပထမကို ေရြးလို့ ကိုယ္က ဒုတိယ ျဖစ္က်န္ခဲ့ရတာလည္း မဟုတ္ဘူး။ ခုနက ကိစၥဆိုလည္း ကိုယ့္ဟာကိုယ္ ၁၀ သိန္းရ ေတာ္ၿပီေပါ့။ ဒါေပမဲ့ သူမ်ားေတြက ၁၂ သိန္း ရတယ္လည္း ဆိုေရာ၊ နဂိုရရမွာထက္ ၄ ဆ ပိုရသြားတယ္လည္း ဆိုေရာ၊ မႀကိဳက္ေတာ့ဘူး။
လူဆိုေတာ့ ဒီလိုပဲ သူမ်ားနဲ႔ ႏွိုင္းတတ္တဲ့သေဘာ ရွိတယ္။ လူ႔သဘာဝလို့ေတာင္ ဆိုရမလားပဲ။ ခုလို ဆိုရွယ္မီဒီယာေခတ္က် ပိုဆိုးသြားတယ္။ ဘယ္သူ ဘာျဖစ္ေနၿပီ ဆိုတာ အကုန္သိေနရတာကိုး။ ဒီၾကားထဲ ကၽြန္ေတာ္တို့ကလည္း ေကာင္းတဲ့ကိစၥ၊ ေအာင္ျမင္တဲ့ကိစၥမွ ပို့စ္တင္တတ္ၾကတာမို့လား။ အဲ့ေတာ့ လူေတြကို သူမ်ားနဲ႔ ႏွိုင္းယွဥ္ျခင္း၊ သိမ္ငယ္ေစျခင္း၊ မနာလိုျခင္း၊ အဲဒီကေနမွ တိုက္ခိုက္အပုပ္ခ်ျခင္းေတြ ပိုၿပီး ျဖစ္လာေစေတာ့တယ္။
ေဖ့စ္ဘြတ္မွာ သတိထား ၾကည့္လိုက္ရင္ အဲ့လိုစိတ္ကေလးေတြကို အမ်ားႀကီး ေတြ႕ရလိမ့္မယ္။ (ေဝဖန္စရာမို့ ေဝဖန္တိုင္း မနာလို ျဖစ္ေနတယ္ ဆိုတဲ့ တစ္ဖက္စြန္းကိုလည္း မေရာက္ေစခ်င္ပါဘူး။) ေရးေနတဲ့ ကၽြန္ေတာ္ကိုယ္တိုင္မွာလည္း အဲ့လိုစိတ္မ်ိဳး ရွိတာပဲ။ ဒီေလာက္ႀကီး ျဖဴစင္ေနတာ မဟုတ္ဘူး။ ဥပမာ ကိုယ္ ၾကည့္မရတဲ့ လူတစ္ေယာက္ ဆဲခံေနရၿပီဆို စိတ္ထဲနည္းနည္းေလးေတာ့ ဝမ္းသာတာပဲ။ ၿပီးမွ သူ ဒါကို ေရးလို့၊ ဒီလိုလုပ္လို့ မႀကိဳက္တာက သက္သက္၊ သူ႔ရဲ့ တန္ဖိုးက သက္သက္ ဆိုတာမ်ိဳး အေတြးကို ျပန္ျပင္ယူရတာ။ မနာလိုစိတ္ကို သတိေလးကပ္ၿပီး ထိန္းခ်ဳပ္ပယ္သတ္ေနရတာ။
လူဆိုတာက ကိုယ္နဲ႔ လုံး၀ မသက္ဆိုင္တဲ့ သူေတြဆို မနာလို မျဖစ္ဘူး။ ကိုယ္ လုံး၀ လက္လွမ္းမမီေလာက္ေအာင္ ေအာင္ျမင္ေနရင္လည္း မနာလို မျဖစ္ဘူး။ ကိုယ္နဲ႔လည္း နယ္ပယ္ခ်င္း တူတယ္၊ အျပတ္အသတ္ႀကီးလည္း ျဖစ္မေနဘူးဆိုရင္ေတာ့ မနာလို ျဖစ္တတ္တယ္။
အဲ့လို မနာလို ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကို လိုက္ဖတ္ၾကည့္ေတာ့ -
၁။ ကိုယ့္ကိုယ္ကိုယ္ မေက်နပ္တာ (Dissatisfaction)
ကိုယ့္မွာ ရွိတာကို ကိုယ္မျမင္ဘဲ ကိုယ့္မွာ မရွိတာေတြကိုပဲ ကြက္ၾကည့္ၿပီး မေက်မနပ္ ျဖစ္ေနသူေတြေပါ့။ ဥပမာ ကိုယ္က အမ်ိဳးသားရွိတယ္။ မိသားစုလည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ပဲ။ ဒါေပမဲ့ အျပင္အလုပ္ မလုပ္ရတဲ့အတြက္ သူ႔ကိုယ္သူ မေက်နပ္ဘူး။ ဒီအခါ ကိုယ့္အမ်ိဳးထဲကျဖစ္ျဖစ္၊ သူငယ္ခ်င္းထဲကျဖစ္ျဖစ္ ကိုယ္ပိုင္အလုပ္ လုပ္ေနသူဆိုရင္ ၾကည့္မရဘူး။ ေနာက္ကြယ္မွာ မေကာင္းေျပာတယ္။ သူတစ္ပါးအလုပ္ကို ေလွာင္ေျပာင္တယ္။
၂။ သူမ်ားနဲ႔ ႏွိုင္းယွဥ္တာ (Comparison with others)
ဒါကေတာ့ အေပၚမွာ ေျပာခဲ့သလို လူ႔သဘာဝပါပဲ။ ဒါကိုမွ ဆိုရွယ္မီဒီယာက မီးေလာင္ရာေလပင့္ လုပ္ေပးတယ္။ ဒါေၾကာင့္လည္း သတိေလး ထားၿပီး သုံးၾကဖို့ ေျပာလာရတာ။
၃။ ဂုဏ္ေမာက္တာ၊ မာနႀကီးတာ (Pride)
သူတို့က် တစ္မ်ိဳး။ ကိုယ့္ကိုယ္ကိုယ္မွ ေကာင္းတယ္၊ ေတာ္တယ္ ထင္တာ။ အဲ့လိုလူေတြက တစ္ဖက္သားကို မေလးစားဘူး။ အားနည္းခ်က္ကို မရရေအာင္ ရွာၿပီး ႏွိမ္တယ္။ ဥပမာ ငါက ဘာလို့ ဒီလိုလူမ်ိဳးနဲ႔၊ ခုမွ တက္သစ္စေလးနဲ႔ တြဲၿပီး ေျပာရမွာလဲတို့ (ဒီေနရာမွာ ကိုယ္က်င့္သိကၡာ ပ်က္ယြင္းသူမို့ အလုပ္တြဲမလုပ္ခ်င္တာကို မဆိုလိုပါဘူးေနာ္)၊ သူ႔နာမည္ကို ကိုယ္မသိဘူး ဆိုၿပီး ခ်ိဳးလိုက္တာမ်ိဳးတို့ လုပ္တတ္ၾကတယ္။
၄။ ကိုယ့္ကိုယ္ကိုယ္ ေလးစားမွု အားနည္းတာ (Low self-esteem)
ေကာင္ေလးျဖစ္ျဖစ္၊ ေကာင္မေလးျဖစ္ျဖစ္ သိပ္သဝန္တိုတတ္တဲ့ ရည္းစားေတြ၊ အိမ္ေထာင္ဖက္ေတြဆို ၾကည့္လိုက္။ အမ်ားစုဟာ သူတို့ကိုယ္သူတို့ အားမရဘူး။ သူ႔ရည္းစား၊ သူ႔အိမ္ေထာင္ဖက္ရဲ့ ပတ္ဝန္းက်င္မွာ ရွိသမၽွ လူေတြဟာ သူ႔ထက္သာတယ္လို့ ထင္ေနတယ္။ ဒီေတာ့ စိတ္ယိုင္သြားမွာ စိုးတယ္။ အဲဒီအခါ သဝန္တိုတယ္။ ခ်ဳပ္ခ်ယ္တယ္။ မ်ားေသာအားျဖင့္ အလုပ္မလုပ္၊ ဝင္ေငြမရွာနိုင္တဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး၊ လိင္မွုဆိုင္ရာမွာ မစြမ္းေဆာင္နိုင္တဲ့ အမ်ိဳးသား၊ ကေလးေမြးမေပးနိုင္တဲ့ အမ်ိဳးသမီးေတြမွာ အဲ့လို ေတြ႕ရတတ္တယ္။ (Gender ခြဲထားတာ မဟုတ္ဘဲ ျဖစ္တတ္တဲ့ သေဘာကို ေရးထားတာပါ။)
၅။ လိုခ်င္တပ္မက္စိတ္ မ်ားတာ (Desire)
ဘဝမွာ သိပ္ၿပီးလည္း မေအာင္ျမင္ခ်င္၊ ေအးေအးခ်မ္းခ်မ္းပဲ ျဖတ္သန္းခ်င္တဲ့သူေတြဟာ မနာလိုစိတ္လည္း နည္းတတ္ၾကတယ္။ ဘယ္သူ႔ကိုမဆို မုဒိတာ ပြားနိုင္တယ္။ လိုခ်င္တပ္မက္စိတ္၊ ေအာင္ျမင္လိုစိတ္၊ အရာရာမွာ ပထမ ျဖစ္လိုစိတ္ ရွိသူေတြကေတာ့ ပိုၿပီး မနာလိုမိတတ္တယ္။
တျခားအေၾကာင္းရင္းေတြလည္း ရွိနိုင္ပါေသးတယ္။ ခုက ဖတ္မိသေလာက္ ေျပာရတာ။ အဲ့လို မနာလိုစိတ္မ်ားရင္ ဘာျဖစ္လာတတ္လဲဆို စိတ္ဓါတ္က်တတ္တယ္။ ကိုယ့္ဘဝကိုယ္ အားမရဘူး။ သူမ်ားကို မေကာင္းေျပာဖို့၊ တိုက္ခိုက္ဖို့ပဲ စဥ္းစားတယ္။ အတင္းေျပာတယ္။ အပုပ္ခ်တယ္။ သူမ်ားနဲ႔ တစ္ခ်ိန္လုံး ႏွိုင္းယွဥ္ေနတဲ့အတြက္ ဘယ္ေလာက္ပဲ ျပည့္စုံေနပါေစ၊ မေက်နပ္နိုင္ဘူး။ သိန္း ၃၀၀ တန္ ကားစီးေနလည္း ၅၀၀ တန္ လိုခ်င္ေနတုန္းပဲ။ သိန္း ၅၀၀ တန္ ရသြားလည္း ၁ ေထာင္တန္ လိုခ်င္ေနတုန္းပဲ။ မိဘ၊ သူငယ္ခ်င္း၊ ခ်စ္သူ၊ အိမ္ေထာင္ေရး၊ လုပ္ငန္းခြင္ ဘယ္လိုဆက္ဆံေရးမ်ိဳးမဆို အဆင္မေျပတတ္ဘူး။ သူ႔ကို ဦးစားေပးမွ ႀကိဳက္တယ္ ဆိုတာမ်ိဳး ျဖစ္ေနတာကိုး။
ကၽြန္ေတာ္ထင္တယ္။ အနည္းနဲ႔အမ်ားသာ ကြာမယ္။ ကၽြန္ေတာ္တို့အားလုံးမွာ မနာလိုစိတ္ေတြ ရွိၾကတာခ်ည္းပါပဲ။ ဒီအတြက္ အႀကံေပးခ်င္တာေတြကေတာ့ -
၁။ ရိုးသားပါ။
ဒီစာကို ဖတ္ၿပီး သူမ်ားေတြကိုပဲ မ်က္စိထဲ မျမင္ေယာင္ပါနဲ႔။ ကိုယ့္ရဲ့ မနာလိုစိတ္ကိုလည္း ကိုယ္ျပန္ၾကည့္ပါ။ အရွိအရွိအတိုင္း လက္ခံပါ။
၂။ ကိုယ့္မွာ ရွိတာေတြကို တန္ဖိုးထားတတ္ပါေစ။
ျဖစ္နိုင္ရင္ စာအုပ္ထဲ ခ်ေရးထားပါ။ ဥပမာ ကိုယ့္မွာ ေပ်ာ္စရာ မိသားစု ရွိတယ္၊ အလုပ္အကိုင္ ရွိတယ္၊ က်န္းမာေရး ေကာင္းတယ္၊ ေလ့လာသင္ယူနိုင္တဲ့ ဦးေႏွာက္ရွိတယ္ စသျဖင့္ေပါ့။
၃။ ဆိုရွယ္မီဒီယာကို သတိထားသုံးပါ။
ေအာင္ျမင္ေနတာ ျမင္တိုင္း အရာရာ အဆင္ေျပေနတယ္ မထင္နဲ႔။ ဒီအပိုင္းေလးပဲ ကြက္ျပလို့ ကိုယ္ျမင္ရတာ။ အားလုံးဟာ ကိုယ့္နည္းကိုယ္ဟန္နဲ႔ ကိုယ္ေတာ့ ေခြးျဖစ္ေနၾကတာခ်ည္းပဲ။ ဒီလို သေဘာေပါက္ထားပါ။
၄။ သူမ်ားအေၾကာင္း မေတြးမိေအာင္ အလုပ္မ်ားမ်ား လုပ္ပါ။
အလုပ္ရွုပ္ေနရင္ ဘယ္သူ ဘယ္ေရာက္လို့ ဘာေတြလုပ္ၿပီး ဘာျဖစ္ေနတယ္၊ ငါ့ကို ဘယ္လိုေတြ ေျပာေနၾကၿပီ ဆိုတာ တကယ္ကို မေတြးနိုင္ေတာ့တာပါ။ အလုပ္အားတဲ့သူဟာ မနာလိုစိတ္ ပိုျဖစ္တတ္ပါတယ္။ အလုပ္ေတြ ရွုပ္တဲ့အခါ နားရက္လိုခ်င္ၾကေပမဲ့ တကယ္သာ အလုပ္နားရၾကည့္။ သိမ္ငယ္စိတ္၊ အားမရတဲ့စိတ္၊ မနာလိုတဲ့စိတ္ေတြ သိသိသာသာကို ျဖစ္လာတာပါ။
၅။ ကိုယ့္ကိုယ္ကိုယ္ ေလးစားတတ္ပါေစ။
မျပည့္တဲ့အိုး ေဘာင္ဘင္ခတ္ ဆိုသလိုပဲ။ ကိုယ့္ကိုယ္ကိုယ္ ေလးစားမွု မရွိတဲ့လူဟာ မနာလို ပိုျဖစ္တတ္တယ္။ ကိုယ့္ကိုယ္ကိုယ္ ေလးစားတဲ့သူကေတာ့ သူတစ္ပါးကိုလည္း ေလးစားတယ္။ တန္ဖိုးထားတတ္တယ္။
ဒီအတြက္ အေတြးေတြ၊ အေျပာေတြနဲ႔တင္ မရဘူး။ လုပ္ရပ္ပါ လိုလာတယ္။ လူတစ္ေယာက္ဟာ ကိုယ့္ကိုယ္ကိုယ္ ေလးစားတတ္ဖို့၊ Self-image ေကာင္းဖို့ဆိုရင္ CAC ဆိုတဲ့ ၃ ခ်က္ မျဖစ္မေန လိုတယ္။
၁) ကၽြမ္းက်င္မွု - Competence
၂) ၿပီးေျမာက္ေအာင္ျမင္မွု - Achievement
၃) ပတ္ဝန္းက်င္ကို အက်ိဳးျပဳနိုင္မွု - Contribution
အဲဒါေတြရွိမွ လူဆိုတာ ကိုယ့္ကိုယ္ကိုယ္ ေလးစားနိုင္တယ္။ ကၽြန္ေတာ္ဆို ကၽြန္ေတာ့္ရဲ့ အားသာခ်က္ေတြ၊ ကၽြန္ေတာ္ လုပ္နိုင္ခဲ့တာေတြ၊ အမ်ားအက်ိဳးအတြက္ လုပ္ခဲ့တာေတြကို စုၿပီး ေရးထားတယ္။ စိတ္ဓါတ္က်တိုင္း ျပန္ျပန္ဖတ္တယ္။ အားယူတယ္။ အဲဒီစာရင္းထဲ ထပ္ထပ္ထည့္နိုင္ေအာင္ ႀကိဳးစားတယ္။ ဒါေၾကာင့္ အတိုက္ခိုက္ခံရေလ ပိုေလ့လာျဖစ္ေလ၊ စာပိုေရးျဖစ္ေလ၊ အမ်ားအတြက္ ပိုလုပ္ျဖစ္ေလပဲ။ တစ္နည္းအားျဖင့္ ကၽြန္ေတာ့္ရဲ့ Self-image ကို ျပန္ျပန္ျမႇင့္ေနတာပဲ။
မနာလိုစိတ္ဟာ သဘာ၀ ဆိုေပမဲ့ သတိထားကိုင္တြယ္ဖို့ ေကာင္းပါတယ္။ တျခားသူေတြ ေအာင္ျမင္လို့ ကိုယ့္မွာ မနာလို ျဖစ္ရတယ္ဆို တျခားသူေတြကို မေအာင္ျမင္ဘဲ ေနခိုင္းလို့ မရပါဘူး။ အဓိက ျပႆနာက ကိုယ့္အတြင္းစိတ္ထဲမွာ ရွိေနတာပါ။ ဒါကို ေျဖရွင္းဖို့က ကိုယ့္မွာပဲ တာဝန္ရွိပါတယ္။
၁၃.၁၁.၂၀၂၀
Ref: Thriveboston
No comments:
Post a Comment