Wednesday, November 25, 2020

မရှိမဖြစ်KPI (မင်းခေါင်)

 မရှိမဖြစ်KPI (မင်းခေါင်)




KPI ဆိုတာဘာလဲ

KPI တွေဟာ လုပ်ငန်းတွေကို သူတို့ရဲ့မဟာဗျူဟာမြောက်ရည်မှန်း ချက်၊ ပန်းတိုင်တွေအပေါ်မှာ ဘယ်လောက်ထိ ဆောင်ရွက်နိုင်ပြီလဲဆိုတာကို နားလည်ဖို့ကူညီပေးပါတယ်။ ဒီထက်ပိုပြီးအကျယ်တဝင့်ပြောရရင် KPI တွေဟာ လုပ်ငန်းတွေအနေနဲ့ သူတို့သွားရမည့်ရည်မှန်းချက်ပန်းတိုင်အပေါ်မှာ သွားနေပြီလား၊ ဘယ်နားရောက်နေပြီလဲလို့ သူတို့နဲ့သက်ဆိုင် သူတွေကို ပြောပြ ပေးတဲ့ အရေးကြီးသတင်းအချက်အလက်တွေပဲဖြစ်ပါ တယ်။ ဒါ့အပြင် KPIs တွေဟာ လုပ်ငန်းတွေကို ရှုပ်ထွေးလှတဲ့နားလည်ဖို့ ခက်လှတဲ့လုပ်ငန်းရဲ့အောင်မြင်စွာစွမ်းဆောင်နိုင်မှုတွေကို ပိုမိုနားလည်ဖို့လွယ်ကူတဲ့ Indicators  တွေအဖြစ် ပြောင်းလဲပေးပြီး ဆုံးဖြတ်ချက်ချမှတ် မှုပိုမိုလွယ်ကူစေမယ့်အပြင် လုပ်ငန်းစွမ်းဆောင်ရည်ကိုပါ တိုးတက်စေပါ လိမ့်မယ်။


ကြည့်လိုက်ရင် ရှုပ်သလိုထင်ရတဲ့ KPIs  ဟာ တကယ်တော့ ကျနော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ကိစ္စရပ်တချို့နဲ့ အလားသဏ္ဍာန်ဆင်ပါ တယ်။ ဥပမာကြည့်အောင် - ကျနော်တို့နေထိုင်မကောင်းလို့ဆရာဝန်သွားပြတယ်ဆိုပါစို့။ ဆရာဝန်က ကျနော်တို့က ဘာပြောမလဲ။ သေချာတာက ဘာဖြစ်တာလဲ လို့စမေးမယ်။ နောက်ပြီး သူဆက်လုပ်မှာက ပေါင်ချိန်မယ်၊ သွေးတိုင်း မယ်၊ အဖျားတိုင်းမယ်၊ နှလုံးခုန်နှုန်းတွေ တိုင်းမယ်မဟုတ်ပါ လား။ အဲဒီအချက်အလက်တွေဟာ ကျနော်တို့ ဘယ်လောက်ကျန်းမာ သလဲဆိုတာရဲ့ညွှန်းကိန်းတွေမဟုတ်ပါလား။ အလားတူပါပဲ။ KPIS တွေကိုကြည့်ပြီး ကျနော်တို့ရဲ့လုပ်ငန်းကို ကျနော်တို့အကဲဖြတ်လို့ ရနိုင်ပါတယ်။


          တကယ့်လက်တွေ့မှာတော့ ကျနော်တို့ဟာ KPI ကို သေချာနားမလည်ကြသလိုပဲ မလိုအပ်ဘဲ လျှောက်သုံးနေကြတာမျိုး ဖြစ်နေကြပါတယ်။ အများအားဖြင့် KPI တွေကို ငွေကြေးဆိုင်ရာကိန်းဂဏာန်းလောက်ပဲ ယူဆထားကြတာမျိုးလဲရှိလေရဲ့။ ဒါပေမဲ့ အဲလိုစဉ်းစားတာမှားပါတယ်။ KPI အတွက် သတင်းအချက်အလက်တွေဟာ လုပ်ငန်းအောင်မြင်ဖို့ အတွက် အကောင်းဆုံးအဖြေပေး နိုင်ဖို့နေရာပေါင်းစုံကရယူရတာဖြစ်ပါတယ်။  ရှုပ်ထွေးပြီး လက်ဆုပ်လက်ကိုင်ပြဖို့ခက်တဲ့ လုပ်ငန်းရဲ့အချက်အလက်တွေ ကို KPIs တွေသုံးပြီး ခြေရာခံတိုင်းတာလို့ရပါတယ်။ အထူးသဖြင့် လုပ်ငန်းအောင်မြင်ဖို့အရမ်းအရေးကြီးတဲ့အချက်အလက်တွေဟာ ဘယ် အခြေအနေကနေ ဘယ်အခြေအနေအထိ ရွေ့လျားနေသလဲ ကြည့်ပြီး စဉ်းစားဆုံးဖြတ်လို့ရတာပေါ့။ 


          မကောင်းတာတစ်ခုက တိုင်းတာလို့ရတဲ့အရာတစ်ခုနဲ့ တိုင်းတာသင့်တဲ့အရာတွေက အများအားဖြင့်ဆက်စပ်လို့မရတာပါ။ လိုတဲ့သတင်းအချက် အလက်ကဘာလဲရှာ၊ ပြီးတော့မှ Performance တိုင်းဖို့  Indicators ကို သေချာဒီဇိုင်းထုတ်မယ်ဆိုရင် အဲဒါဟာ KPI  ပဲဖြစ်ပါလိမ့်မယ်။ အဲဒီ KPI ကို ဖော်ထုတ်ပြီးအသုံးချရမယ့်အစား ကုမ္ပဏီတွေက ဘာလုပ်ကြသလဲဆိုတော့ရေခဲ  (ICE)


နည်းလမ်းကို သုံးကြပါတယ်။ အဲဒါက 


(၁) Identify everything that is easy to measure and count


 ဘယ်အရာတွေက တိုင်းတာလို့အလွယ်တကူရရှိနိုင်မလဲ သေချာရှာဖွေ ဖော်ထုတ်မယ်။


(၂) Collect and report the data on everything that is easy to measure and count


 -  ပြီးရင် အဲဒီအရာတွေနဲ့ပတ်သက်တဲ့ သ တင်းအချက်အလက်တွေကို စုဆောင်းပြီး အစီရင်ခံစာပြုစုမယ်။


(၃) End up scratching your head thinking, ‘What on earth does this all mean and what are we going to do with all this performance data?’  - ခေါင်းကုတ်ပြီးစဉ်းစားရပြီ (အဲဒီသတင်းအချက် အလက်တွေက ဘာကိုပြောပြနေတာလဲ။ အဲဒီအချက် အလက်တွေကို ကိုင် ပြီး ငါဘာဆက်လုပ်ရမလဲပေါ့)


          ကဲ။ မေးစရာရှိတာက မိတ်ဆွေတို့ကော။KPI ကို တကယ်စနစ်တကျ အသုံးချနေကြပြီလား။ ရေခဲတုံးကြီးပဲလုပ်နေကြ တာလား။


ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချမှတ်ဖို့အတွက် မရှိမဖြစ် KPI


          သေချာထိထိရောက်ရောက်သုံးနိုင်မယ်ဆိုရင် KPIs တွေဟာ ပိုကောင်းတဲ့၊ ပိုမှန်တဲ့ ဆုံးဖြတ်ချက်တွေကို စိုးရိမ်စိတ် အနည်းဆုံးနဲ့ချမှတ်နိုင်ဖို့လိုအပ်တဲ့အထောက်အထားတွေ၊ သတင်းအချက်အလက်တွေကို ပေးစွမ်းနိုင်ပါတယ်။ စီးပွားရေးမှာ လုပ်ငန်းအတွေ့အကြုံတွေ လိုတာမှန်တာပေါ့။နောက်ပြီး တစ်ခါတလေကျတော့ လိုအပ်တဲ့သတင်းအချက်အလက် တွေမရလိုက်ဘဲနဲ့ ဆုံးဖြတ်ချက်ချလိုက်ရတဲ့အချိန်တွေအများကြီး ကြုံကြရမှာပါ။ အဲဒီအချိန်မှာ အမှားအနည်းဆုံးနဲ့ သံသယရှင်းရှင်း၊ အပူအပင် ကင်းကင်းနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ကျတော့ KPIs တွေမရှိရင် ခက်သွားပြီ။


(၁)KPIs တွေကိုသုံးပြီး လုပ်ငန်းအတွက် အရေးကြီးတဲ့မေးခွန်းတွေနဲ့ ပတ်သက်ပြီး အဖြေရှာမယ်။ 


          စီးပွားရေးလုပ်ငန်းတွေအနေနဲ့ KPI ရှိမှသာ လုပ်ငန်းအတွက် အရေး ကြီးတဲ့မေးခွန်းတွေကို အဖြေရှာနိုင်မှာဖြစ်ပါတယ်။ လုပ်ငန်းရဲ့မဟာဗျူ ဟာအလိုက် ကိုယ့်လုပ်ငန်းဟာ ရည်မှန်းချက်ပန်းတိုင်ကိုသွားမယ့်လမ်း ကြောင်းပေါ်မှာ ရှိနေရဲ့လားဆိုတာ သိရဖို့အတွက် ကိုယ့်ကိုယ်ကိုယ်ပြန်မေး ရမယ့်မေးခွန်းတွေ အများကြီးရှိပါတယ်။ အဲဒီမေးခွန်းတွေကို သိပြီဆိုတာနဲ့ အဲဒီမေးခွန်းရဲ့ အဖြေကိုရှာဖို့ လိုအပ်မယ့်သတင်းအချက်အလက်တွေရှာဖို့လွယ်သွားပြီပေါ့။ လိုအပ်တဲ့သတင်းအချက်အလက်တွေရပြီဆိုရင် လုပ်ငန်း နဲ့ကိုက်ညီတဲ့ KPI ကိုဖော်ထုတ်ပြီး လုပ်ငန်းရဲ့မဟာဗျူဟာထဲမှာထည့်သုံးလို့ရပြီပေါ့။


          KPI တွေကိုအသုံးချပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို တိတိကျကျ တိုင်းတာနိုင်သလိုပဲ တစ်ဖန်


- ပြီးခဲ့တဲ့ကာလမှ ဘာရလဒ်တွေရခဲ့တယ်ဆိုတာအခြေခံပြီး အနာဂတ်မှာ တိုးတက်အောင် ဘာတွေဆက်လုပ်မယ်ပြင်ဆင်လို့ရသလို


- ကိုယ့်လုပ်ငန်းရဲ့ Stakeholder တွေကို ရှင်းပြတာ၊ လုပ်ငန်းရဲ့ Compliance ဘယ်လောက်ဖြစ်သလဲဆိုတာကို ဖော်ပြနိုင်တာစတဲh အကျိုးကျေးဇူးတွေရပါလိမ့်မယ်။ 


- လိုအပ်ချက်ပေါ်မှာ အာရုံစိုက်ပြီး အားထုတ်လုပ်ဆောင်စေနိုင်မှာဖြစ်တဲ့အပြင် Output ကိုလည်း ထိန်းချုပ်နိုင်စေမှာ ဖြစ်ပါတယ်။ 


(၂) KPIs ကိုသုံးပြီး စွမ်းဆောင်ရည်တိုးတက်အောင်လုပ်ကြမယ်


          တကယ်လို့သာ လုပ်ငန်းတွေမှာ လိုအပ်တဲ့သတင်းအချက်အလက်အပြည့်အစုံရှိမယ်ဆို ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်မယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ အဲဒီသတင်းအချက်အလက်တွေကတစ်ဆင့် ဘာတွေကအလုပ်ဖြစ်တယ်၊ ဘာတွေက အလုပ်မဖြစ်ဘူးဆိုတာ သင်ယူလို့ရနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်တက်လာစေမှာဖြစ်ပါတယ်။ ဒါအပြင် KPIs တွေ ဟာ တခြားအပြင် လောကမှာ ဘာတွေဖြစ်နေလဲဆိုတာကို သိစေနိုင်မယ့်အ ပြင် လုပ်ငန်းကိုလမ်းကြောင်းမှန်ပေါ်ရှိနေသလားဆိုတာကို သေချာ သိရှိစေပါလိမ့်မယ်။


(၃) ကိုယ့်လုပ်ငန်းရဲ့ Stakeholder တွေကို ရှင်းပြခြင်း လုပ်ငန်းရဲ့ Compliance ဘယ်လောက်ဖြစ်သလဲဆိုတာကို ဖော်ပြနိုင်ခြင်း


          KPIs တွေအနေနဲ့ လုပ်ငန်းရဲ့ Stakeholder တွေကို လိုအပ်တဲ့သတင်းအချက်အလက်တွေပေးနိုင်စွမ်းသလိုပဲ လုပ်ငန်းဟာ ဘယ်လောက်ထိ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နေသလဲဆိုတာကိုသိစေနိုင်ပါ တယ်။ အဲဒီရည်ရွယ်ချက်အတွက် တိုင်း တာမယ်ဆိုရင်တော့ Regulators တွေအတွက် လိုအပ်မယ့်အစီရင်ခံစာတွေ ညွှန်ကိန်းတွေ  (ဥပမာအားဖြင့်နှစ်စဉ်ဘဏ္ဍာရေး စာရင်းတွေ၊ အကောင့်တွေနဲ့ စွမ်းဆောင်ရည်အစီရင်ခံ စာတွေနဲ့သက်ဆိုင်တဲ့ အစီရင်ခံစာတွေ) ကို မဖြစ်မနေပြုစုရမှာဖြစ်ပါတယ်။ 


(၄) လိုအပ်ချက်ပေါ်မှာအာရုံစိုက်ပြီး အားထုတ်လုပ်ဆောင်စေနိုင်မှာဖြစ် ခြင်းနဲ့ Output ကိုလည်း ထိန်းချုပ်နိုင်စေနိုင်ခြင်း


          KPIs တွေကိုသုံးပြီး ဝန်ထမ်းတွေရဲ့ အလေ့အထကို အာရုံစိုက်နိုင်မှာ ဖြစ်သလို သူတို့ရဲ့ Output ကိုလည်း စောင့်ကြည့်ထိန်း ချုပ်နိုင်မှာဖြစ်ပါ တယ်။ နည်းနည်းတော့ လူသားမဆန်ဘူးလို့ ယူဆနိုင်သော်လည်း KPIs တွေနဲ့သာလျှင် ဝန်ထမ်းနဲ့လုပ်ငန်းအကြား အပြုသဘောဆောင်တဲ့ Dialogue တွေပြုလုပ်ဖို့ပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။ 


          ဥပမာအားဖြင့် မန်နေဂျာတစ်ယောက်ဟာ လုပ်နည်းလုပ်ဟန်တစ်ခုနဲ့ ပတ်သက်ပြီး သိပ်ခေါင်းမာတယ်ပေါ့။ ဒါပေမဲ့ သူ့လုပ်ပုံလုပ်နည်းနဲ့ပတ်သက် ပြီး သူ့ဝန်ထမ်းတွေကလည်း နည်းနည်းမှသဘောမတူဘူးဆိုပါစို့။ အဲလိုအ ခြေအနေမျိုးမှာ KPIs ကသာလျှင် နှစ်ဘက်စလုံးအတွက် ဘယ်သူ့စဉ်းစား ချက်က မှန်ကန်သလဲ၊ ဘယ်သူ့ဆောင်ရွက်ချက်ကမှန်ကန်သလဲဆိုတာ ဘက် လိုက်မှုကင်းကင်းနဲ့ ဆုံးဖြတ်ပေးနိုင်ပါလိမ့်မယ်။ အလားတူပဲ။ 


ဝန်ထမ်းတစ်ယောက်က သူလုပ်ရမယ့်လုပ်ငန်းတာဝန်ကို သူမလုပ် ဘူးဆိုရင် KPIs တွေ က သူ့ရဲ့အားသာချက်၊ အားနည်းချက်တွေကို ချက်နဲ့လက်နဲ့ပြောပြနိုင်စေပါလိမ့်မယ်။ ထင်မြင်ယူဆချက်သက် သက်ဆိုတာက အငြင်းပွားနိုင်စရာတွေ ဖြစ်နေတာကို။ KPIs နဲ့ကျတော့ ဘယ်သူမှငြင်းလို့မရတော့ဘူးပေါ့။¬¬


(ဆရာမင်းခေါင်)


(Zawgyi) 

မရွိမျဖစ္KPI (မင္းေခါင္)




KPI ဆိုတာဘာလဲ

KPI ေတြဟာ လုပ္ငန္းေတြကို သူတို့ရဲ့မဟာဗ်ဴဟာေျမာက္ရည္မွန္း ခ်က္၊ ပန္းတိုင္ေတြအေပၚမွာ ဘယ္ေလာက္ထိ ေဆာင္ရြက္နိုင္ၿပီလဲဆိုတာကို နားလည္ဖို့ကူညီေပးပါတယ္။ ဒီထက္ပိုၿပီးအက်ယ္တဝင့္ေျပာရရင္ KPI ေတြဟာ လုပ္ငန္းေတြအေနနဲ႔ သူတို့သြားရမည့္ရည္မွန္းခ်က္ပန္းတိုင္အေပၚမွာ သြားေနၿပီလား၊ ဘယ္နားေရာက္ေနၿပီလဲလို့ သူတို့နဲ႔သက္ဆိုင္ သူေတြကို ေျပာျပ ေပးတဲ့ အေရးႀကီးသတင္းအခ်က္အလက္ေတြပဲျဖစ္ပါ တယ္။ ဒါ့အျပင္ KPIs ေတြဟာ လုပ္ငန္းေတြကို ရွုပ္ေထြးလွတဲ့နားလည္ဖို့ ခက္လွတဲ့လုပ္ငန္းရဲ့ေအာင္ျမင္စြာစြမ္းေဆာင္နိုင္မွုေတြကို ပိုမိုနားလည္ဖို့လြယ္ကူတဲ့ Indicators  ေတြအျဖစ္ ေျပာင္းလဲေပးၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ မွုပိုမိုလြယ္ကူေစမယ့္အျပင္ လုပ္ငန္းစြမ္းေဆာင္ရည္ကိုပါ တိုးတက္ေစပါ လိမ့္မယ္။


ၾကည့္လိုက္ရင္ ရွုပ္သလိုထင္ရတဲ့ KPIs  ဟာ တကယ္ေတာ့ က်ေနာ္တို့ေန႔စဥ္ဘဝမွာ ၾကဳံေတြ႕ေနရတဲ့ကိစၥရပ္တခ်ိဳ့နဲ႔ အလားသ႑ာန္ဆင္ပါ တယ္။ ဥပမာၾကည့္ေအာင္ - က်ေနာ္တို့ေနထိုင္မေကာင္းလို့ဆရာဝန္သြားျပတယ္ဆိုပါစို့။ ဆရာဝန္က က်ေနာ္တို့က ဘာေျပာမလဲ။ ေသခ်ာတာက ဘာျဖစ္တာလဲ လို့စေမးမယ္။ ေနာက္ၿပီး သူဆက္လုပ္မွာက ေပါင္ခ်ိန္မယ္၊ ေသြးတိုင္း မယ္၊ အဖ်ားတိုင္းမယ္၊ ႏွလုံးခုန္ႏွုန္းေတြ တိုင္းမယ္မဟုတ္ပါ လား။ အဲဒီအခ်က္အလက္ေတြဟာ က်ေနာ္တို့ ဘယ္ေလာက္က်န္းမာ သလဲဆိုတာရဲ့ညႊန္းကိန္းေတြမဟုတ္ပါလား။ အလားတူပါပဲ။ KPIS ေတြကိုၾကည့္ၿပီး က်ေနာ္တို့ရဲ့လုပ္ငန္းကို က်ေနာ္တို့အကဲျဖတ္လို့ ရနိုင္ပါတယ္။


          တကယ့္လက္ေတြ႕မွာေတာ့ က်ေနာ္တို့ဟာ KPI ကို ေသခ်ာနားမလည္ၾကသလိုပဲ မလိုအပ္ဘဲ ေလၽွာက္သုံးေနၾကတာမ်ိဳး ျဖစ္ေနၾကပါတယ္။ အမ်ားအားျဖင့္ KPI ေတြကို ေငြေၾကးဆိုင္ရာကိန္းဂဏာန္းေလာက္ပဲ ယူဆထားၾကတာမ်ိဳးလဲရွိေလရဲ့။ ဒါေပမဲ့ အဲလိုစဥ္းစားတာမွားပါတယ္။ KPI အတြက္ သတင္းအခ်က္အလက္ေတြဟာ လုပ္ငန္းေအာင္ျမင္ဖို့ အတြက္ အေကာင္းဆုံးအေျဖေပး နိုင္ဖို့ေနရာေပါင္းစုံကရယူရတာျဖစ္ပါတယ္။  ရွုပ္ေထြးၿပီး လက္ဆုပ္လက္ကိုင္ျပဖို့ခက္တဲ့ လုပ္ငန္းရဲ့အခ်က္အလက္ေတြ ကို KPIs ေတြသုံးၿပီး ေျခရာခံတိုင္းတာလို့ရပါတယ္။ အထူးသျဖင့္ လုပ္ငန္းေအာင္ျမင္ဖို့အရမ္းအေရးႀကီးတဲ့အခ်က္အလက္ေတြဟာ ဘယ္ အေျခအေနကေန ဘယ္အေျခအေနအထိ ေရြ႕လ်ားေနသလဲ ၾကည့္ၿပီး စဥ္းစားဆုံးျဖတ္လို့ရတာေပါ့။ 


          မေကာင္းတာတစ္ခုက တိုင္းတာလို့ရတဲ့အရာတစ္ခုနဲ႔ တိုင္းတာသင့္တဲ့အရာေတြက အမ်ားအားျဖင့္ဆက္စပ္လို့မရတာပါ။ လိုတဲ့သတင္းအခ်က္ အလက္ကဘာလဲရွာ၊ ၿပီးေတာ့မွ Performance တိုင္းဖို့  Indicators ကို ေသခ်ာဒီဇိုင္းထုတ္မယ္ဆိုရင္ အဲဒါဟာ KPI  ပဲျဖစ္ပါလိမ့္မယ္။ အဲဒီ KPI ကို ေဖာ္ထုတ္ၿပီးအသုံးခ်ရမယ့္အစား ကုမၸဏီေတြက ဘာလုပ္ၾကသလဲဆိုေတာ့ေရခဲ  (ICE)


နည္းလမ္းကို သုံးၾကပါတယ္။ အဲဒါက 


(၁) Identify everything that is easy to measure and count


 ဘယ္အရာေတြက တိုင္းတာလို့အလြယ္တကူရရွိနိုင္မလဲ ေသခ်ာရွာေဖြ ေဖာ္ထုတ္မယ္။


(၂) Collect and report the data on everything that is easy to measure and count


 -  ၿပီးရင္ အဲဒီအရာေတြနဲ႔ပတ္သက္တဲ့ သ တင္းအခ်က္အလက္ေတြကို စုေဆာင္းၿပီး အစီရင္ခံစာျပဳစုမယ္။


(၃) End up scratching your head thinking, ‘What on earth does this all mean and what are we going to do with all this performance data?’  - ေခါင္းကုတ္ၿပီးစဥ္းစားရၿပီ (အဲဒီသတင္းအခ်က္ အလက္ေတြက ဘာကိုေျပာျပေနတာလဲ။ အဲဒီအခ်က္ အလက္ေတြကို ကိုင္ ၿပီး ငါဘာဆက္လုပ္ရမလဲေပါ့)


          ကဲ။ ေမးစရာရွိတာက မိတ္ေဆြတို့ေကာ။KPI ကို တကယ္စနစ္တက် အသုံးခ်ေနၾကၿပီလား။ ေရခဲတုံးႀကီးပဲလုပ္ေနၾက တာလား။


ဆုံးျဖတ္ခ်က္မွန္မွန္ကန္ကန္ခ်မွတ္ဖို့အတြက္ မရွိမျဖစ္ KPI


          ေသခ်ာထိထိေရာက္ေရာက္သုံးနိုင္မယ္ဆိုရင္ KPIs ေတြဟာ ပိုေကာင္းတဲ့၊ ပိုမွန္တဲ့ ဆုံးျဖတ္ခ်က္ေတြကို စိုးရိမ္စိတ္ အနည္းဆုံးနဲ႔ခ်မွတ္နိုင္ဖို့လိုအပ္တဲ့အေထာက္အထားေတြ၊ သတင္းအခ်က္အလက္ေတြကို ေပးစြမ္းနိုင္ပါတယ္။ စီးပြားေရးမွာ လုပ္ငန္းအေတြ႕အၾကဳံေတြ လိုတာမွန္တာေပါ့။ေနာက္ၿပီး တစ္ခါတေလက်ေတာ့ လိုအပ္တဲ့သတင္းအခ်က္အလက္ ေတြမရလိုက္ဘဲနဲ႔ ဆုံးျဖတ္ခ်က္ခ်လိုက္ရတဲ့အခ်ိန္ေတြအမ်ားႀကီး ၾကဳံၾကရမွာပါ။ အဲဒီအခ်ိန္မွာ အမွားအနည္းဆုံးနဲ႔ သံသယရွင္းရွင္း၊ အပူအပင္ ကင္းကင္းနဲ႔ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ဖို့က်ေတာ့ KPIs ေတြမရွိရင္ ခက္သြားၿပီ။


(၁)KPIs ေတြကိုသုံးၿပီး လုပ္ငန္းအတြက္ အေရးႀကီးတဲ့ေမးခြန္းေတြနဲ႔ ပတ္သက္ၿပီး အေျဖရွာမယ္။ 


          စီးပြားေရးလုပ္ငန္းေတြအေနနဲ႔ KPI ရွိမွသာ လုပ္ငန္းအတြက္ အေရး ႀကီးတဲ့ေမးခြန္းေတြကို အေျဖရွာနိုင္မွာျဖစ္ပါတယ္။ လုပ္ငန္းရဲ့မဟာဗ်ဴ ဟာအလိုက္ ကိုယ့္လုပ္ငန္းဟာ ရည္မွန္းခ်က္ပန္းတိုင္ကိုသြားမယ့္လမ္း ေၾကာင္းေပၚမွာ ရွိေနရဲ့လားဆိုတာ သိရဖို့အတြက္ ကိုယ့္ကိုယ္ကိုယ္ျပန္ေမး ရမယ့္ေမးခြန္းေတြ အမ်ားႀကီးရွိပါတယ္။ အဲဒီေမးခြန္းေတြကို သိၿပီဆိုတာနဲ႔ အဲဒီေမးခြန္းရဲ့ အေျဖကိုရွာဖို့ လိုအပ္မယ့္သတင္းအခ်က္အလက္ေတြရွာဖို့လြယ္သြားၿပီေပါ့။ လိုအပ္တဲ့သတင္းအခ်က္အလက္ေတြရၿပီဆိုရင္ လုပ္ငန္း နဲ႔ကိုက္ညီတဲ့ KPI ကိုေဖာ္ထုတ္ၿပီး လုပ္ငန္းရဲ့မဟာဗ်ဴဟာထဲမွာထည့္သုံးလို့ရၿပီေပါ့။


          KPI ေတြကိုအသုံးခ်ၿပီး လုပ္ငန္းစြမ္းေဆာင္ရည္ကို တိတိက်က် တိုင္းတာနိုင္သလိုပဲ တစ္ဖန္


- ၿပီးခဲ့တဲ့ကာလမွ ဘာရလဒ္ေတြရခဲ့တယ္ဆိုတာအေျခခံၿပီး အနာဂတ္မွာ တိုးတက္ေအာင္ ဘာေတြဆက္လုပ္မယ္ျပင္ဆင္လို့ရသလို


- ကိုယ့္လုပ္ငန္းရဲ့ Stakeholder ေတြကို ရွင္းျပတာ၊ လုပ္ငန္းရဲ့ Compliance ဘယ္ေလာက္ျဖစ္သလဲဆိုတာကို ေဖာ္ျပနိုင္တာစတဲh အက်ိဳးေက်းဇူးေတြရပါလိမ့္မယ္။ 


- လိုအပ္ခ်က္ေပၚမွာ အာ႐ုံစိုက္ၿပီး အားထုတ္လုပ္ေဆာင္ေစနိုင္မွာျဖစ္တဲ့အျပင္ Output ကိုလည္း ထိန္းခ်ဳပ္နိုင္ေစမွာ ျဖစ္ပါတယ္။ 


(၂) KPIs ကိုသုံးၿပီး စြမ္းေဆာင္ရည္တိုးတက္ေအာင္လုပ္ၾကမယ္


          တကယ္လို့သာ လုပ္ငန္းေတြမွာ လိုအပ္တဲ့သတင္းအခ်က္အလက္အျပည့္အစုံရွိမယ္ဆို ပိုေကာင္းတဲ့ဆုံးျဖတ္ခ်က္ေတြခ်မွတ္နိုင္မယ္ဆိုတာ ျငင္းစရာမရွိပါဘူး။ အဲဒီသတင္းအခ်က္အလက္ေတြကတစ္ဆင့္ ဘာေတြကအလုပ္ျဖစ္တယ္၊ ဘာေတြက အလုပ္မျဖစ္ဘူးဆိုတာ သင္ယူလို့ရနိုင္မွာျဖစ္ၿပီး စြမ္းေဆာင္ရည္တက္လာေစမွာျဖစ္ပါတယ္။ ဒါအျပင္ KPIs ေတြ ဟာ တျခားအျပင္ ေလာကမွာ ဘာေတြျဖစ္ေနလဲဆိုတာကို သိေစနိုင္မယ့္အ ျပင္ လုပ္ငန္းကိုလမ္းေၾကာင္းမွန္ေပၚရွိေနသလားဆိုတာကို ေသခ်ာ သိရွိေစပါလိမ့္မယ္။


(၃) ကိုယ့္လုပ္ငန္းရဲ့ Stakeholder ေတြကို ရွင္းျပျခင္း လုပ္ငန္းရဲ့ Compliance ဘယ္ေလာက္ျဖစ္သလဲဆိုတာကို ေဖာ္ျပနိုင္ျခင္း


          KPIs ေတြအေနနဲ႔ လုပ္ငန္းရဲ့ Stakeholder ေတြကို လိုအပ္တဲ့သတင္းအခ်က္အလက္ေတြေပးနိုင္စြမ္းသလိုပဲ လုပ္ငန္းဟာ ဘယ္ေလာက္ထိ စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ လုပ္ေဆာင္ေနသလဲဆိုတာကိုသိေစနိုင္ပါ တယ္။ အဲဒီရည္ရြယ္ခ်က္အတြက္ တိုင္း တာမယ္ဆိုရင္ေတာ့ Regulators ေတြအတြက္ လိုအပ္မယ့္အစီရင္ခံစာေတြ ညႊန္ကိန္းေတြ  (ဥပမာအားျဖင့္ႏွစ္စဥ္ဘ႑ာေရး စာရင္းေတြ၊ အေကာင့္ေတြနဲ႔ စြမ္းေဆာင္ရည္အစီရင္ခံ စာေတြနဲ႔သက္ဆိုင္တဲ့ အစီရင္ခံစာေတြ) ကို မျဖစ္မေနျပဳစုရမွာျဖစ္ပါတယ္။ 


(၄) လိုအပ္ခ်က္ေပၚမွာအာ႐ုံစိုက္ၿပီး အားထုတ္လုပ္ေဆာင္ေစနိုင္မွာျဖစ္ ျခင္းနဲ႔ Output ကိုလည္း ထိန္းခ်ဳပ္နိုင္ေစနိုင္ျခင္း


          KPIs ေတြကိုသုံးၿပီး ဝန္ထမ္းေတြရဲ့ အေလ့အထကို အာ႐ုံစိုက္နိုင္မွာ ျဖစ္သလို သူတို့ရဲ့ Output ကိုလည္း ေစာင့္ၾကည့္ထိန္း ခ်ဳပ္နိုင္မွာျဖစ္ပါ တယ္။ နည္းနည္းေတာ့ လူသားမဆန္ဘူးလို့ ယူဆနိုင္ေသာ္လည္း KPIs ေတြနဲ႔သာလၽွင္ ဝန္ထမ္းနဲ႔လုပ္ငန္းအၾကား အျပဳသေဘာေဆာင္တဲ့ Dialogue ေတြျပဳလုပ္ဖို့ပိုမိုအားေကာင္းေစမွာျဖစ္ပါတယ္။ 


          ဥပမာအားျဖင့္ မန္ေနဂ်ာတစ္ေယာက္ဟာ လုပ္နည္းလုပ္ဟန္တစ္ခုနဲ႔ ပတ္သက္ၿပီး သိပ္ေခါင္းမာတယ္ေပါ့။ ဒါေပမဲ့ သူ႔လုပ္ပုံလုပ္နည္းနဲ႔ပတ္သက္ ၿပီး သူ႔ဝန္ထမ္းေတြကလည္း နည္းနည္းမွသေဘာမတူဘူးဆိုပါစို့။ အဲလိုအ ေျခအေနမ်ိဳးမွာ KPIs ကသာလၽွင္ ႏွစ္ဘက္စလုံးအတြက္ ဘယ္သူ႔စဥ္းစား ခ်က္က မွန္ကန္သလဲ၊ ဘယ္သူ႔ေဆာင္ရြက္ခ်က္ကမွန္ကန္သလဲဆိုတာ ဘက္ လိုက္မွုကင္းကင္းနဲ႔ ဆုံးျဖတ္ေပးနိုင္ပါလိမ့္မယ္။ အလားတူပဲ။ 


ဝန္ထမ္းတစ္ေယာက္က သူလုပ္ရမယ့္လုပ္ငန္းတာဝန္ကို သူမလုပ္ ဘူးဆိုရင္ KPIs ေတြ က သူ႔ရဲ့အားသာခ်က္၊ အားနည္းခ်က္ေတြကို ခ်က္နဲ႔လက္နဲ႔ေျပာျပနိုင္ေစပါလိမ့္မယ္။ ထင္ျမင္ယူဆခ်က္သက္ သက္ဆိုတာက အျငင္းပြားနိုင္စရာေတြ ျဖစ္ေနတာကို။ KPIs နဲ႔က်ေတာ့ ဘယ္သူမွျငင္းလို့မရေတာ့ဘူးေပါ့။¬¬


(ဆရာမင္းေခါင္)

No comments: