Friday, August 10, 2018

Army base stew (Budae-jjigae) - ပုစွန်ဆီထမင်း - အမဲအူစွပ်ပြုတ် - ဒံပေါက်

ကိုရီးယားဘူဒဲဂျီကဲ



ပါဝင်ပစ္စည်းများ
၁.၀က်သားပြား ၁ဘူး
၂.ကြက်အူချောင်း (Sausage) ၄ချောင်း
၃.ကြက်သား ၆၀ဂရမ်
၎.Baked beans (ပဲပိစပ်အနှစ်) စားပွဲတင်ဇွန်း ၃ဇွန်း
၅.ငါးသီးစုံ ၁ထုပ်
၆.ကြက်ဥတို့ဟူး ၁ထုပ်
၇.ကြက်သွန်မြိတ် အနည်းငယ်
၈.ကြက်သွန်နီ ၁ခြမ်း
၉.ကင်ချီ ၁ခွက်
၁၀.ချိစ် ၁ပြား
၁၁.Ramen Noodle ၁ထုပ်
၁၂.ပဲပြား ၁တုံး
၁၃. ကြက်ရိုး အနည်းငယ်

ဆော့စ်လုပ်ရန်
၁.ငြုပ်သီးမှုန့် စားပွဲတင်ဇွန်း ၁ဇွန်း
၂.ငြုပ်အနှစ် စားပွဲတင်ဇွန်း ၁ဇွန်း
၃.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၁ဇွန်း
၎.ကြက်သွန်ဖြူ (နုပ်နုပ်စင်းပြီး) စားပွဲတင်ဇွန်း ၁ဇွန်း
၅.ဆား အနည်းငယ်
၆.ငရုတ်ကောင်း အနည်းငယ်
၇. Soul Juice ၃ ဇွန်း (ကျနော်ကြိုက်လို့ )


ကြက်သားပြုလုပ်ရန်
၁.ရှာလကာရည် စားပွဲတင်ဇွန်း ၁ဇွန်း
၂.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း တစ်ဝက်
၃.ကြက်သွန်ဖြူ (နုပ်နုပ်စင်းပြီး) စားပွဲတင်ဇွန်း ၁ဇွန်း
၎.ငရုတ်ကောင်း အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
၁.ကြက်ရိုးများပြုတ်ပြီး ကြက်ပြုတ်ရည်ရအောင် ပြင်ဆင်ထားပါ။

၂.ပဲပြားနှင့် ၀က်သားပြားကို လေးထောင့်အတုံးလေးများ တုံးပါ။

၃.ဂျပန်တို့ဟူးကို အ၀ိုင်းအပြားလေးများဖြစ်အောင် လှီးပါ။

၅.၀က်သားပြား၊ ကြက်ဥချောင်း၊ ငါးသီးစုံတို့ကို ရေနွေးနှင့် ဇကာထဲတွင် ဖျောပါ။


၆.နုပ်နုပ်စဉ်းပြီး ကြက်သားကို ရှာလကာရည်၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်အကြည်၊ ငရုတ်ကောင်းတို့နှင့် နယ်ပြီး နှပ်ထားပါ။

၇.ငြုပ်အနှစ်ကို ကြက်သွန်ဖြူ၊ ငြုပ်သီးမှုန့််၊ ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်းတို့နှင့် ရောမွှေပြီး အနှစ်ရအောင် ပြုလုပ်ပါ။

၈.ပြုတ်မည့်အိုးထဲသို့ ကြက်သွန်နီ၊ ၀က်သားပြား၊ ပဲပြား၊ ဂျပန်ကြက်ဥ တိုဟူး၊ ကြက်အူချောင်း၊ ငါးသီးစုံတို့ကို ဘေးပတ်ပတ်လည်တွင် အစီအရီထည့်ပါ။


 ၉.အိုးအလယ်တွင် ကင်မ်ချီ၊ နှပ်ထားသော ကြက်သား၊ ပဲပိစပ်အနှစ်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးအနှစ်တို့ကို ထည့်ပါ။

၁၀. အိုးထဲသို့ ကြက်ပြုတ်ရည်လောင်းပြီး အရည်များနှင့် အနှစ်များ သမသွားစေရန် အနည်းငယ်မွှေပေးပါ။

၁၁.ခေါက်ဆွဲထည့်ပါ။ ခေါက်ဆွဲပေါ်တွင် ချိစ်ထည့်ပါ။

၁၂.အရသာရှိသော ဘူဒဲဂျီကဲကို သုံးဆောင်နိုင်ပါပြီ။


Ko Mahm´s Kitchen 

ပုစွန်ဆီထမင်း



 ငယ်ငယ်က ရန်ကုန်က အစ်မတွေပို့ပေးမှ ပုစွန်ဆီကို စားရပါတယ်။ အညာမှာ ဆိုတော့ ပုစွန်ဆီဆိုတာ မရှိသလောက်ရှားပါးပါတယ်။ အိမ်မှာ ပုစွန်ဆီကို ထမင်းပူပူ လေးနဲ့ နယ်ပြီး မနက်စာကျွေးပါတယ်။ အိမ်မှာ မနက်စာဆိုတော့ ငါးမုန့်ကြော်၊ ပါပလာ ကြော်၊ စားတော်ပဲပြုတ်တို့နဲ့ စားပါတယ်။

 ဧရာဝတီတိုင်းဘက်ရောက်မှ ပုစွန်ဆီထမင်းကို သရက်သီး၊ ငှက်ပျောသီးတို့နဲ့ စားရမှန်း သိတာပါ။ အဲဒီတော့မှ အညာမှာ ငါးရည်ကျို၊ ငါးခြောက်ရည်ကျိုချက်ရင် ထမင်းဖြူ၊ သရက်သီးမှည့်နဲ့စားတာကို သတိရမိတယ်။ ပြီးတော့ မွန်ပြည်နယ်မှာဆိုရင် ထမင်းနဲ့ နာနတ်သီးစားသလိုပေါ့။

ပါဝင်ပစ္စည်းများ
• ပုစွန်ဆီ                           -  စားပွဲဇွန်း ၂ ဇွန်း (၈၀ ဂရမ်)
• ဆီ                                       - စားပွဲဇွန်း ၇ ဇွန်း ( ၈၀ ဂရမ်)
• ငှက်ပျောသီး                           - ၂ လုံး
• သရက်သီး                              - ၄ လုံး
• ထမင်းဖြူပူပူ - ပန်းကန်လုံး ၄ လုံး

ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပုစွန်ဆီချက်မည်ဆိုလျှင် ပုစွန်နှင့်ဆီကို ဆတူရောပြီး ချက်ရပါတယ်။ မီးပူပူမှာ ချက်မိလျှင်လည်း ပုစွန်ဆီတူးပြီး ခါးသွားမှာ ဖြစ်ပါတယ်။
၂။ အဲဒါကြောင့် ချက်မည့်အိုးထဲ ပုစွန်ဆီနှင့် ဆီထည့်ပြီး အရင်ဆုံး ရောစပ်သွား အောင် မွှေထားပါ။
၃။ ဆီနှင့် ပုစွန်ဆီ ရောသွားပြီဆိုလျှင် မီးဖိုပေါ်တင်ပြီး မီးအေးအေးနဲ့ ချက်ပါ။
၎။ အချိန်ကြာကြာချက်ဖို့မလိုပါ။ ဆီပူလာလျှင် အဆက်မပြတ်မွှေပြီးသည်နှင့် မီးကို ပိတ်လိုက်ပါ။
၅။ ဒါဆိုလျှင် ပုစွန်မွှေးမွှေးလေး ရပါပြီ။
၆။ ထမင်းပူပူကို ပန်းကန်လုံး ၁ လုံး (တစ်ယောက်စာ) ကို ဇလုံထဲထည့်ပြီး ပုစွန်ဆီ ၂ ဇွန်း၊ ဆားအနည်းငယ်ထည့်ပြီး နယ်ပါ။
၇။ ပြီးလျှင် သရက်သီး၊ ငှက်ပျောသီးတို့နဲ့ သုံးဆောင်ပါ။
.....................................
MyintOoTha

အမဲအူစွပ်ပြုတ် (Chinese Beef Tripe Soup)


 အမဲအူ (သို့) ဆိတ်အူစွပ်ပြုတ်ကို ဟင်းအဖြစ် တည်ခင်းနိုင်သလို အဆာ ပြေစာအဖြစ်လည်း စားသောက်လေ့ရှိကြပါတယ်။ များသောအားဖြင့် ဆောင်း တွင်းအခါ မြန်မာပြည်ပွဲဈေးတန်းတွေမှာ အများဆုံးရောင်းချလေ့ရှိကြပါတယ်။ ယခုချက်ထားတာလေးကတော့ တရုတ်ချက်နည်းပုံစံလေးဖြစ်ပါတယ်။ ချက် ကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်းများ
• အမဲအူ/ဆိတ်အူ  - ၅၀ဝ ဂရမ်
• အမဲသား/ဆိတ်သား - ၂၀ဝ ဂရမ်
• ကြက်သွန်နီ - ၃ လုံး
• ကြက်သွန်ဖြူ - ၁ လုံး
• ချင်း - ၁ တက် (ကြီးကြီး)
• ရှောက်ကော (တရုတ်မဆလာ) - ၃ လုံး
• ဟွားကျောက် (ဇီချွမ်းငရုတ်ကောင်း) - စားပွဲဇွန်း ၁/၂ ဇွန်း
• ဆား - ၁ ဇွန်း
• ဟင်းခတ်မှုန့် - ၁ ဇွန်း
တွဲဖက်စားရန်
• ကြက်သွန်မြိတ်
• နံနံပင်
• ငရုတ်သီးစိမ်း/ချင်း (နုပ်နုပ်စဉ်း)


ပြင်ဆင်ချက်ပြုတ်ပုံ 
၁။ အမဲအူကို လိုသလိုလှီးဖြတ်ပြီး ရေဆေး၍ သန့်စင်ထားပါ။
၂။ အိုးတစ်အိုးထဲ ရေထည့်ပြီး ရေနွေးတစ်အိုး တည်ထားပါ။ ရေဆူပါက လှီးဖြတ်ထားသော အမဲအူနှင့် ချင်းတစ်ဝက်ကို ထုပြီး ထည့်ပြုတ်ပါ။
>>ဆိတ်အူဖြင့် ချက်လိုပါက မန်ကျည်းမှည့်ဖြင့် နယ်ဆေးပြီး ရေနွေးဖျောစဉ် သစ်ကြံပိုး ခေါက်ထည့်ပြီး ပြုတ်ပါက အညှီနံ့သက်သာစေပါတယ်။
၃။ အမဲအူကို ရေဆူဆူမှာ ၅ မိနစ်ခန့် ပြုတ်ပြီးပါက ဆန်ခါတစ်ခုဖြင့် စစ်ချပြီး ရေပြန်ဆေး၍ စစ်ထားပါ။
၎။ ကြက်သွန်နီကို လေးစိတ်စိတ်ထားပါ။ ချင်းကိုလည်း ထုပြားထားပါ။ ကြက်သွန်ဖြူကို
အမြှောင်းလိုက် ထည့်နိုင်ပါတယ်။ ရှောက်ကောကို ထုထားပါ။
၅။ အားလုံးအဆင်သင့်ဖြစ်ပါက စွတ်ပြုတ်ချက်မည့်အိုးထဲ ရေစစ်ထားသော အမဲအူ၊
ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် ရှောက်ကောတို့ကို ထည့်ပါ။ ဆားထည့်ပြီး ရေမြုပ် အောင်ထည့်ပြီး တည်ပါ။
၆။ ဆူပွက်ပါက မီးနည်းနည်းလျှော့ထားပြီး တက်လာသော အညစ်အကြေးများကို ခပ် ထုတ်ပေးပါ။ (ဟင်းရည်ကြည်ရန်)
၇။ မီးအေးအေးဖြင့် အမဲအူများ နူးအိလာသည်အထိ တည်ပေးပြီး ဟင်းခတ်မှုန့်နှင့် ဟွားကျောက်ထည့်ကာ ဟင်းရည်အပျစ်အကျဲကို လိုသလိုဖန်တီးပြီး အရသာ အပေါ့ အငန်မြည်း၍ မီးပိတ်ထားပါ။
၈။ ကြက်သွန်မြိတ်၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ ချင်း သေးသေးစိတ်တို့ကို ထည့်ပြီး ပူပူစပ်စပ် မွှေးကြိုင်သော အမဲအူစွပ်ပြုတ်ကို တည်ခင်းနိုင်သလို ပုံစံတစ်မျိုးဖြင့် အသားလုံး၊ ငါးလုံး၊ ငုံးဥ၊ မုန်ညင်းစိမ်း၊ မုန်ညင်းဖြူတို့ကို ထည့်၍လည်း တည်ခင်းသုံးဆောင်နိုင်ပါတယ်။ အချဉ်နှစ်သက်ပါက သံပရာသီးထည့်ပြီး သုံးဆောင်နိုင်ပါတယ်။

......................
Sofia


ဒံပေါက်

ချက်နည်းကတော့ တစ်ယောက်နှင့် တစ်ယောက် မတူတာလေးတွေတော့ရှိမှာပါ။ စည့် အကြိုက် Rice Cooker နဲ့ချက်ကြည့်တာကို ပြန်ရှယ်ပေးတာပါချစ်တို့....
ကြက်သားဒံပေါက် (Hitachi Rice cooker ဖြင့် ချက်ထားပါသည်)

ပါဝင်ပစ္စည်းများ 
ဒန်ပေါက်ဆန် ခွက် ၂ ခွက် ခွဲ
ကုံကုမံ  လက်ဖက်ဇွန်း လေးပုံ တစ်ပုံ ဇွန်း (ရေနွေး စားပွဲဇွန်း ၃ ဇွန်းဖြင့်စိမ်ထားပါ) (Saffron)
ကြက်ပြုတ်ရည် ၁ ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
စပျစ်သီးခြောက် စားပွဲဇွန်း ၃ ဇွန်း ခွဲ
ပဲစိမ်း ခွက် တစ်ဝက် ခွက် (ဟင်းချက်ရန်တိုင်းသောခွက်)
ထောပတ် စားပွဲဇွန်း ၂ ဇွန်းခွဲ

အနှစ်လုပ်ရန်
နေကြာဆီ စားပွဲဇွန်း ၆ ဇွန်း ခွဲ
ကြက်သွန်နီ ၃ လုံး (ခတ်ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ ၃ မွှာ (တစ်ပြားရိုက် ပါးပါးလှီး)
ချင်း လက်မအရွယ် (နုတ်နုတ်ပါးပါးလှီးထားပါ)
ကြက်ပေါင်းရင်းသား ၆၇၅ ဂရမ် (အတုံလိုက်ထားပါ)
ကာရီအနှစ်အနီ စားပွဲဇွန်း ၃ ဇွန်း ခွဲ
ဆား လက်ဖက်ဇွန်း လေးပုံ တစ်ပုံ ဇွန်း
မဆာလာ လက်ဖက်ဇွန်း လေးပုံ တစ်ပုံ ဇွန်း
ခရမ်းချဉ်သီး ၃-၄ လုံး (၈ ခြမ်းလှီးထားပါ)
နနွင်းမှုန့် လက်ဖက်ဇွန်း တစ်ဝက် ဇွန်း
ကရဝေးရွက် ၃ ရွက်
ဖာလာစေ့ ၄ စေ့
လေးညင်းပွင့် ၅ ပွင့်
သစ်ကြပိုးခေါက် ၂ ခေါက်
သီဟိုဠ်စေ့ စားပွဲဇွန်း ၅ ဇွန်း

ဒန်ပေါက်နှင့်တွဲစားရန်
ခရမ်းချဉ်သီး ၃ တုံး (အစိတ်လေးတွေစိတ်ထားပါ)
ငရုတ်သီးစိမ်း ၃ တောင့် (ပါးပါးလှီးထားပါ)
နံနံပင် ၃ ပင် (အနေတော် လှီးထားပါ)
သံပုရာရည် လက်ဖက်ဇွန်း ၂ ဇွန်း
ဆား အနည်းငယ်


ပြုလုပ်ရန်
၁။ မကပ်သော ဒယ်အိုးထဲ ဆီထည့်ပြီး မီးအနေတော် ဖြင့်ပူအောင်တည်ပါ။ ဆီပူလျင် ကရဝေးရွက်၊ ဖာလာစေ့၊ လေးညင်းပွင့် ၊ သစ်ကြပိုးခေါက်၊ သီဟိုဠ်စေ့ များကို ထည့်ပြီး သေချာမွေပြီး အနံမွေးလာသည်အထိတည်ပါ။ ပြီး လျင် အမွှေးနံသာ အရွက်အစေ့များကို ပုကန်ထဲ ဆယ်ထားပြီး ကြက်သားကလွဲလို့ ကျန်အနှစ်လုပ်ရန်ပါဝင် ပစ္စည်းများကို အိုးထဲ ထည့်ပြီး ဆီသတ်ပါ။ အနှစ်များ ဆီပြန်လာလျင် ကြက်သားတုံး ရောပြီး ၁၀ မိနစ်လောက် ထပ်တည်ပါ။ လိုအပ်လျင် ရေအနည်းငယ် ထည့်ပါ။
၂။ ထမင်းပေါင်းအိုးထဲ ဒန်ပေါက်ဆန် ကြက်ပြုတ်ရည် ၊ ရေ ထည့်ပြီး တည်ထားပါ။ ထမင်း မကျက်တစ်ကျက်မှာ ကျန်ပါဝင်ပစ္စည်းများ ထမင်းထဲ ထည့်ပြီး ထမင်းနဲ့ နှံ့အောင်သေချာ မွှေပါ။ ရေစားပွဲဇွန်း ၃ ဇွန်းလောက် ထည့်မွှေပါ။ ထမင်းများ ထမင်းပေါင်းအိုးထဲ သေချာ ဖျန့်ထည့်ပြီး အပေါ်မှ ဆီသတ်ထားသော အနှစ်နဲ့ ကြက်သားတုံးများ ဖျန့်တင်ပြီး Bread/Cake ကိုခလုပ်ကိုရွေးပြီး အချိန် မိနစ် ၂၅-၃၀ ချိန်ပါ။ Cook ခလုပ်နိပ်ပြီး ချက်ထားပါ။ ကျက်လျင် off/Warm ခလုပ်လေး မီးစိမ်းပြလျင် ရပါပြီး။
၃။ ဒန်ပေါက်နှင့်တွဲစားရန် ပါဝင်ပစ္စည်းများကို ဖန်ဇလုံ ထဲ ထည့်နယ်ပါ။ စားခံနည်းမှ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး ဘေးမှ ခရမ်းချဉ်သီးသုပ်ဖြင့်အတူ သုံးဆောင်ပါ။

Syilwin Foodsgarden

No comments: