Tuesday, August 14, 2018

အပယ်ခံ/အနှိမ်ခံဘဝကို ဘယ်လိုကျော်လွှားမလဲ



(How to Cope With Being a Social Outcast)

အထူးသဖြင့် ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ် တွေအတွက် အနှိမ်​ခံ/အပယ်ခံ (social outcast) တစ်ယောက်ဖြစ်နေရတာ အခက်​အခဲ ဖြစ်နေနိုင်ပါတယ်။ လူအများစုအနေနဲ့ လူမှုအ၀န်းအ၀ိုင်းအတွင်း ကာလအပိုင်းအခြား တစ်ခုအထိ အပယ်ခံ၊အဖြည့်ခံ အဖြစ် ဖြတ်​သန်းခဲ့ကြဖူးမှာပါ။

 အမှန်အားဖြင့် အဲ့သလိုအတွေ့အကြုံများဟာ ဖြစ်ရပ်မှန် စာပေနဲ့ ရုပ်ရှင်တွေကို  ဖန်တီးရာမှာ အမြဲလိုလို ထိခတ်စူးရှတဲ့ ရလဒ်​ကောင်းတွေ ပိုင်ဆိုင်ကြရပါတယ်။ အကျဉ်ခံနေရတာ ကိုယ့်အပြစ်မဟုတ်ဘူး။ စိတ်နှလုံးထဲမှာ အသိတရား၊ သိရှိနားလည်မှုတွေ ကိန်းနေမယ်ဆိုရင် ဘ၀ရဲ့ သည်အချိန်လေးကို ဖြတ်သန်းသွားနိုင်မယ် ပိုမိုပြီးလည်း ကောင်းမွန်လာပါလိမ့်မယ်။

သည်အချိန်အတောအတွင်း လူမှု အ၀န်းအ၀ိုင်းက ပစ်ပယ်ခံရမှုတွေအပေါ် ကျော်လွှားဖို့ ဘယ်လိုလုပ်မလဲ၊ ဘာလုပ်နိုင်မလဲ တွေးကြည့်ကြတာပေါ့။

ခွဲခြားနှိမ်ချမှုကို ရင်ဆိုင်ခြင်း 

(၁) ချစ်ခင်ရသောသူတစ်ယောက်ကို ယုံစားအပ်နှံပါ။ သို့သော် အဲဒါက ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း ကိုယ့်ဘ၀အတွက် အထောက်အကူပေးသူ၊ ပြီးတော့ အရာရာ နားထောင်ပေးသူကောင်း တစ်ယောက် ရှာဖွေရာမှာတော့ အကူအညီဖြစ်မှာပါ။ ကိုယ့်မိဘ ၊ အနှစ်သက်ရဆုံး ဆရာ/ဆရာမ၊ သို့မဟုတ် အခြား ချစ်ခင်ရသူ တစ်ယောက်ယောက် လိုလူမျိုးပေါ့။ လူငယ်တွေဟာ သက်တူရွယ်တူ အခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အနာတရ ဖြစ်တတ်တာကြောင့် ကူညီတတ်သော အရွယ်​​ရောက်​ပြီးသူများကို ယုံကြည်စွာ ဖွင့်ပြောသင့်ပါတယ်။

ဖယ်ကျဉ်ခံရချိန်မှာ ဘယ်လိုခံစားရတဲ့အကြောင်းပြောပြပါ။

ကြားရတဲ့အကြောင်းအရာများကို သေချာနားထောင် ခံစားနားလည်ပေးခြင်းက ကိုယ့်ခံစားချက် အဆင်ပြေဖို့ အကူအညီရပါတယ်။

အရွယ်ရောက်သူတစ်ဦးကို ဖွင့်ဟပြောခြင်းဖြင့် ကိုယ်တစ်ယောက်ထဲ မဟုတ်ကြောင်း သိခွင့်ရတာပေါ့။

(၂) ကိုယ်ဆက်ဆံနေထိုင်တဲ့ လူမှုအ၀န်းအ၀ိုင်း တစ်ခုထဲမှာသာ မကျင်လည်ပါနဲ့။ အင်တာနက် ခေတ်ကြီးမှာ မိတ်​​ဆွေ သူငယ်ချင်းရှာဖို့ မိတ်ဖွဲ့ဖို့ဆိုတာ လွယ်ပါတယ်။ မကြာခဏဆိုသလို ကျောင်းကဲ့သို့ နေရာတစ်ခုမှာ အနှိမ်​ခံ ဖယ်ကျဉ်ခံရသူတစ်ယောက်ကို အားကစားအသင်းအဖွဲ့တစ်ခုလို အခြားတစ်နေရာမှာတော့ လက်ခံကြပါလိမ့်မယ်။ ကိုယ့်​ကိုယ်​ကိုယ် နေရာစုံ ကဏ္ဍစုံမှာ ပစ်ထည့်ထားကာ မိတ်ဆွေဖွဲ့ခွင့် သူငယ်​ချင်းဖြစ်ခွင့် အခွင့်​အ​လမ်းတွေ တိုးခွင့်ရအောင် လုပ်ရမှာပေါ့။

ကိုယ်လည်းကြိုက်တဲ့ နှစ်သက်တဲ့ သင်ရိုးပြင်ပ လှုပ်ရှားမှုအစုံကို အဆင့်ဆင့်ပြုလုပ်ခြင်းဖြင့် သူငယ်ချင်းရှာဖို့ သူငယ်ချင်းရဖို့ အခွင့်​အလမ်း ပိုရနိုင်ပါတယ်။ တနေရာထဲနေ၊ ကျင်လည်နေကြနေရာမှာပဲ ကျင်လည်၊ ပေါင်းသင်းဆက်ဆံ ဖူးတဲ့ သူတွေနဲ့သာ ပေါင်းတာထက် ကိုယ့်စိတ်ဝင်စားမှု ကိုယ့် လှုပ်ရှားနေထိုင်မှုကို ဝေမျှလို့ရတဲ့ အခြားကလေးတွေကို ရှာတွေ့နိုင်တာလေ။

ကိုယ့်စိတ်ဝင်စားမှုအပေါ် အာရုံစိုက်ပါ။ အားကစားအသင်းတစ်ခု၊ အနုပညာသင်တန်းတစ်ခု၊ နွေရာသီ camp တစ်ခု သို့မဟုတ်​ အမှန်တကယ် စိတ်ဝင်စားတဲ့ အခြား လှုပ်ရှားမှုတစ်ခုကို ရှာဖွေ အဖွဲ့ဝင်ပါ။ သူငယ်ချင်း မိတ်ဆွေဖွဲ့ခွင့် အပါအ၀င် ကိုယ်စိတ်ဝင်စားရာကို ထိန်းသိမ်းဖို့ရယ် ၊ ပျော်ရွှင်နေမှုကို အာရုံစိုက်ဖို့ရယ် လိုပါမယ်။

ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား မြှင့်တင်ပါ။ ကြိုက်နှစ်သက်သော စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေကို ပါဝင်လှုပ်ရှားခြင်းဖြင့် ရည်​ရွယ်​ချက်​နဲ့ စိတ်အားပြင်းပြမှုရဲ့ အာရုံခံစားမှုတစ်ခုကို အမြတ်ရပါလိမ့်မယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာ တစ်ခုခုကို လုပ်နေခြင်းဖြင့် အဲ့ဒီ အရာမှာ နောက်ဆုံးတော့ ကျွမ်းကျင် ကောင်းမွန်လာပြီး မိမိကိုယ်​ကို ယုံကြည်မှုကလည်း တိုးလာပါလိမ့်မယ်။ မိမိကိုယ်​ကိုယ် ယုံကြည်သူများဟာ အခြားသူကို စွဲဆောင်မှုတစ်ခုပေးသလို ကိုယ့်တန်ဖိုးအကြောင်းကိုယ်လေ့လာခွင့်ရကာ မိတ်ဆွေဖွဲ့တဲ့ ကိစ္စမှာလည်း အကူအညီဖြစ်ပါတယ်။

အွန်လိုင်းကနေ သူငယ်ချင်းများစွာ ရှာဖို့ တွေးတောကြံဆပါ။ ကိုယ့်စိတ်ဝင်စားမှု ကိုယ့်ဝါသနာကို ဝေငှဖို့ အသက်​အရွယ်​ မတိမ်းမယိမ်းလူတွေ ရှာဖို့ ယနေ့ခေတ်မှာ အရင်ကထက် ပိုလွယ်နေပါပြီ။ ကိုယ်စိတ်ဝင်စားရာ အကြောင်းအရာနဲ့ နီးစပ်တဲ့ အင်တာနက်စာမျက်နှာများနဲ့ အသင်းအဖွဲ့ တွေကို ရှာဖွေပါ။ မိဘအစ်ကိုအစ်မများရဲ့ ထိန်းကွပ်​မှုအောက်မှာ အင်တာနက်ကို ယုံကြည်စွာ အသုံးပြုနိုင်ဖို့ အသေအချာလုပ်နော်။

(၃) ခပ်သေးသေးကနေ စတင်ပါ။ သူငယ်ချင်းအသစ်တစ်ယောက်ကို စတင်မိတ်ဆွေဖွဲ့ဖို့ အာရုံစိုက်ပါ။ ကျောင်းတွင် အရင်းအနီးဆုံး အနီးကပ်သူငယ်ချင်းတစ်ယောက်ရှိခြင်းကပင်  ကလေးတစ်ယောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကဏ္ဍမှာ
ခိုင်မာအားသန်မှုနဲ့ သူတို့ကိုယ်သူတို့ ယုံကြည်ကိုးစားမှု ပြသခွင့်ရပါတယ်။ သူငယ်ချင်းအများကြီးပိုင်ဆိုင်ထားတယ်ဆိုတာထက် သူငယ်ချင်းကောင်းတစ်ယောက်ပိုင်ဆိုင်ထားခြင်းက ပိုအရေးပါပါတယ်။ သူငယ်​ချင်းကောင်း တစ်ယောက်က အသိအကျွမ်း ဆယ်ယောက်ထက် ပိုကောင်းပါတယ်။

သူငယ်ချင်းဖြစ်ချင်မိသူတစ်ယောက်နဲ့ ကြုံဆုံရသောအချိန် သူ သို့မဟုတ် သူမနဲ့ စကားစမြည်တစ်ခု စပြောကြည့်ပါ။ သူ/သူမရဲ့ အကြောင်း၊ စိတ်ဝင်စားတတ်တဲ့ အ​ကြောင်းအရာများကို မေးခွန်းထုတ်ခြင်း သို့မဟုတ် နှစ်ဦးသား လက်ရှိ တွေ့ဆုံရာ လှုပ်ရှားမှုအကြောင်း အလာပသလ္လာပပြောပါ။

သူငယ်ချင်းဖြစ်ဖို့ အလားအလာရှိတဲ့သူနဲ့စကားပြောပြီး နောက်မှာတော့ ကိုယ်ဟာ ခင်မင်စရာ အသိအကျွမ်းတစ်ယောက်ဖြစ်ဖို့ လုံလောက်သလို ကိုယ်နဲ့ တစ်ခုခုပြုလုပ်ဖို့ အဲ့ဒီလူကို ဖိတ်ကြားပါ။ အစဦးတော့ ထိတ်လန့်စရာဆိုပေမဲ့ ဒါကပဲ အသိအကျွမ်းကနေ သူငယ်​ချင်း ဖြစ်ဖို့ တစ်ခုတည်းသော လမ်းကြောင်းပါပဲ။

အဆိုပါလူရဲ့ အဆက်​အသွယ်​ သတင်းစုံကို အရယူထား၊ သိထားလျှင် အပြင်ကို အတူထွက်တဲ့အခါ ဘာတွေလုပ်ကြမယ်လို့ ကြိုတင်စီစဉ်ထားနိုင်တာပေါ့။

သူငယ်ချင်းဖြစ်လာနိုင်သူက ဖိတ်ခေါ်မှု တစ်ခုခုလုပ်လာရင်လည်း လက်ခံလိုက်ပါ။

သူငယ်ချင်းကဏ္ဍ ပွင့်ပွင့်လင်းလင်း ဖြစ်ဖို့အတွက် အပြင်သွားဖို့ သို့မဟုတ် လုပ်ဆောင်ချက် တစ်ခုခုလုပ်ဖို့ ကြိုတင် အစီအစဉ်​ချတာပဲဖြစ်ဖြစ် ပြုလုပ်ပါ။

(၄) ခင်မင်မှုတစ်ခု အဆုံးသတ်​ခြင်းသည် ကျရှုံးမှုတစ်ခုမဟုတ်တာကို အသိအမှတ်ပြုပါ။ လူတစ်ဦးတစ်ယောက်ရဲ့ ဘ၀လမ်းကြောင်းအရ ဆက်ဆံရေး ရုတ်တရက်ဆိုသလို  ပြောင်းလဲနိုင်ပါတယ်။ အထူးသဖြင့် ကလေးဘ၀ သို့မဟုတ် ဆယ်ကျော်သက်နှစ်များလို ကာလတလျောက်မှာ ခင်မင်မှုတစ်ရပ်ကို အဆုံးသတ်ခဲ့ရပါလျှင် စိတ်မကောင်းစရာတစ်ခုဆိုသော်လည်း မလွဲဧကန် ဘ၀ရဲ့ အစိတ်​အပိုင်း တစ်ရပ်ရယ်ပါ။

သူငယ်ချင်းအချို့ ကိုယ့်ကိုစွန့်ခွာသွားခြင်းကို လက်သင့်ခံပါ။ အဲဒါကပဲ သူငယ်ချင်းအသစ်ရဖို့အတွက် အခွင့်​အလမ်း တစ်ရပ် ဖန်တီးလိုက်သလို ဖြစ်လာမှာပါ။

(၅) သိက္ခာရှိမှုနဲ့ ပျူပျူငှာငှာရှိမှု ပြန်လည် ကျင့်သုံးပါ။
သို့သော်လည်း ထိုအရာတွေဟာ ကိုယ်က ခင်မင်မှုကိစ္စတစ်ရပ်ကို အဆုံးသတ်လိုက်တဲ့ ပြုမူပုံဖြစ်သလို ခင်မင်ရင်းနှီးမှုများကို အဆုံးသတ်​တဲ့ သာမန်ကိစ္စဖြစ်နေခဲ့ပါတယ်။ သူငယ်ချင်း မဟုတ်သူတွေ အထူးသဖြင့် ကိုယ့်အပေါ် ဖယ်ကျဉ်ထားသလိုဆက်ဆံသူတွေအပေါ် ပြုမူမိတဲ့ အကျင့်စရိုက်ဖြစ်ခဲ့တာပေါ့။ ပိုမိုရင့်ကျက်တဲ့ လူတစ်ယောက်ဖြစ်လိုက်စမ်းပါလေ။

သိက္ခာရှိရှိနဲ့ ကင်းအောင်နေလိုက်ပါ။

ယခင် သူငယ်ချင်းဖြစ်ခဲ့ဖူးသူက အေးဆက်ဆက်ဆက်ဆံလာခြင်း သို့မဟုတ် တသီးတသန့် တကူးတက ဆက်ဆံလိုက်ရခြင်း ဘယ်လိုမျိုးလုပ်နေပါစေ ဒေါသစိတ်ကို ရှောင်ပြီး ဆက်ဆံပေးလိုက်ပါ။

အခြားလူများ သို့မဟုတ် အွန်လိုင်းမှာပဲဖြစ်ဖြစ် သူငယ်ချင်းဟောင်းဖြစ်ခဲ့တဲ့ သူတပါးအကြောင်း အပုပ်ချတာ သွားပုပ်လေလွင့်ပြောတာမလုပ်ပါနဲ့။ အဲ့ဒီကိစ္စဟာ ကိုယ့်ကို ခပ်နိမ့်နိမ့်လူအဖြစ်မြင်အောင်လုပ်သလို သူငယ်ချင်း အသစ်ဖြစ်နိုင်မယ့်လူတွေလည်း ကြောက်လန့်ကာေပြေးသွားနိုင်ပါတယ်။

အမှန်အားဖြင့် ခင်မင်မှု ပျက်သုဉ်းသွားသောသူ သို့မဟုတ် ကိုယ်မဟုတ်တဲ့ အခြားသူတွေကို အလွန်အမင်း အားမစိုက် အာရုံထားမနေဖို့လိုပါတယ်။ လှမ်းနေတဲ့ခြေလှမ်း အပေါ် အာရုံစိုက်ပြီး ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့အရာတွေကို ဖော်ဆောင်ပါ။ သူငယ်ချင်း အသစ်တွေ ရှာဖွေကာ ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင်စေတဲ့ လှုပ်ရှားမှုများကို ဆောင်ရွက်ပါ။

(၆) အွန်​လိုင်းပေါ်က ပျောက်မှာကြောက်တဲ့အမူအကျင့်ကို တမ်းတမ်းစွဲ ဖြစ်နေခြင်းအား ခုခံပါ။ အခြားသူတွေ update ပြုလုပ်နေတဲ့ အ​ကြောင်းအရာတွေ မကြာခဏ ဖတ်ခြင်း၊ ကိုယ်မပြုလုပ်နိုင်တဲ့၊ ဦးမဆောင်နိုင်လောက်တဲ့ ပျော်စရာကိစ္စ အခြားသူတွေလုပ်နေခြင်းကို စိတ်ထဲစွဲကာ လူမှုမီဒီယာအပေါ် အချိန်အတိုင်းအတာ အတော်များများပဲ ကုန်​ဆုံးနေတတ်တာမျိုးတွေပေါ့။ လူတွေဟာ သူတို့နေထိုင်စားသောက်သွားလာပုံတွေကို အွန်​လိုင်းပေါ်တင်ကြတာ နားလည်သဘောပေါက်ဖို့လိုပါတယ်။ ကိုယ်နဲ့ သက်တူရွယ်တူ သူတို့တွေဟာ သူတို့ပြောသလို ​ပျော်​စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ပြီးတော့ သူတို့​တွေ ပျော်ရွှင်ကြတယ်ဆိုဦး ဒါက ကိုယ်လည်း အလားတူ မပျော်ရွှင်ရလောက်ဘူးလို့ မဆိုလိုဘူးလေ။

`"likes" နဲ့ "friends" တွေကို မြင်နေရတဲ့ ပုံရိပ်​ယောင်လောကနဲ့ အပြင်မှာ လူခြင်း ခင်မင်ရတဲ့ကိစ္စ အတူတူ မဟုတ်တာကို နားလည်ပါ။ အွန်​လိုင်း follower ထောင် သောင်းရှိတဲ့ လူတစ်ယောက်ထက်  ကောင်းမွန်တဲ့ တကယ့် ဘ၀ထဲက သူငယ်​ချင်းအချို့နဲ့ ပိုမိုပျော်ရွှင်နိုင်ပါတယ်။

အဆင်မပြေတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ဆိုရှယ်မီဒီယာပေါ်မှတဆင့် တိုက်ခိုက် ဖြေရှင်းနေမယ့်အစား အွန်လိုင်းကို ခဏအသုံးမပြုဘဲ ရှောင်နေလိုက်ပါ။ ဆိုရှယ်မီဒီယာပေါ်က အဖော်အလှော်တွေရဲ့အကောင့်များကို နည်းနည်းလေး မကြည့်ဘဲရှောင်နေလိုက်။ အွန်လိုင်းသုံးလို့ ကုန်မယ့်အချိန်တွေမှာ အခြားသော လှုပ်ရှားမှုတွေကို လုပ်လို့ရတာပေါ့။ ကိုယ်ဘာကို တကယ်စိတ်ဝင်စားလည်း အာရုံစိုက် ၊ လက်တွေ့ ဘ၀ထဲမှာ သူငယ်​ချင်း အသစ်တွေရှာပါ။

အွန်လိုင်းပေါ်မှာ ကိုယ်ဘာပို့စ်တွေ တင်နေမိလဲဆိုတာ သတိထားပါ။ အင်တာနက်ပေါ်ကို ကိုယ်ဘာပို့စ်တင်တင် မဖျက်သရွေ့တော့ အမြဲတစေ ရှိနေနိုင်တာကိုး။ မကြင်နာတတ်တဲ့၊ အဆိုးဘက်ရောက်တဲ့ ဝေဖန်ခွဲခြားတဲ့ပို့စ်တွေ ကိုယ်ကလည်း မတင် မှတ်ချက်မပြုမိရအောင် ရှောင်ပါ။ ပိုမိုကောင်းမွန်သောသူအဖြစ်၊ ကိုယ်စိတ်စားရာကို အာရုံစိုက်၊ ကိုယ့်ကို လိုလားသော လူများနဲ့ လူမှုအဖွဲ့အုပ်စုအသစ် ဖန်တီးပါ။

(၇) အကုန်​လုံးကို ပုဂ္ဂိုလ်ရေးထိပါးမှု မပြုလုပ်ပါနဲ့။ လူတွေဟာ မကြာခဏဆိုသလို သူတို့ကိုယ်ပိုင် ပြဿနာများနဲ့ သူတို့ ပုဂ္ဂလိက ဘ၀ အပေါ်သာ အာရုံစိုက်ခဲ့ကြတာပါ။ အထူးသဖြင့် ကြီးကောင်ဝင်ချိန် ကာလမှာတော့ သူတို့​တွေက အခြားသူများအပေါ် အမှန်အကန် အာရုံစူးစိုက်မှု မပြုလုပ်ကြပါဘူး။ ကိုယ်အပါအ၀င် လူအတော်များများက သူတို့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် အပယ်ခံတစ်ယောက်လို ခံစားသွားရနိုင်ကြောင်း နားလည်သဘောမပေါက်ကြပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို တက်တက်ကြွကြွ အာရုံစိုက်အောင် ပြုလုပ်ပါမှ သူ သို့မဟုတ် သူမရဲ့ မုန်းတီးခြင်းမှတဆင့်ပေါ်ပေါက်ရသော စေတနာ ကိုယ့်ဆီဦးတည်လာတာကို လက်မခံပါနဲ့။ တစ်​ခါတစ်​ရံ မမြင်ဘဲ သတိမထားမိဘဲ တစ်​စုံတစ်​ရာကို ဖိတ်ခေါ်မှု ပြုခဲ့ပြီးသား ဖြစ်တတ်ပါတယ်။ ကိုယ်က သူနဲ့ သူငယ်ချင်းမိတ်ဆွေ တကယ်မဖြစ်ချင်ပါဘူးလို့ ထင်နေသူဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဆိုဆို ကြုံဆုံရသော သူတစ်ဦးအပေါ် ရင်းရင်းနှီးနှီး ခင်ခင်မင်မင်နဲ့ ဆက်ဆံပေးပါ။ အဲသလို လူတစ်ဦးတစ်ယောက်ဟာ ကိုယ့်သူငယ်ချင်း တစ်ယောက်ဖြစ်လာပါလိမ့်မယ်။

ဒါကပိုကောင်းပါတယ်။ လူမှုဝန်းကျင်က ဖယ်ထုတ်ခံရသလိုဖြစ်တာ၊ ခံစားရတာ ပျိုဖော်ဝင်ချိန်ကာလမှာ  ဖြစ်လေ့ရှိပြီး အုပ်​စုဖွဲ့ ဂိုဏ်းဂဏဖွဲ့တဲ့အလေ့ဟာလည်း အထက်တန်းကျောင်းပြီးချိန်၊ အဆုံးသတ်ချိန်မှာ ပျောက်ကွယ်သွားတာပါ။ ဘ၀ဟာ ပိုမိုကောင်းမွန်လာသလို ကိုယ်ဟာ အမြဲတမ်း အနှိမ်ခံ တစ်ယောက် ဖြစ်မနေပါဘူးလေ။ အကောင်းမြင်စိတ်နဲ့ နေထိုင်ပြီး ကိုယ်တစ်ယောက်ထဲ မဟုတ်တာကိုတော့သိပါ။

(၈) အမှန်တရားနဲ့ အတူနေထိုင်ပါ။ ဘာက ပေါ်ပြူ လာဖြစ်နေတာလဲဆိုပြီး လိုက်နေရင် ကိုယ့်စိတ်အားထက်သန်မှုနဲ့ ကိုယ်ဟာ ဘယ်လောက် နှစ်လိုဖွယ်ရှိ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့အပေါ် စိတ်ပျက်အောင် လုပ်သလိုဖြစ်နေပါတယ်။ သူငယ်ချင်း အစစ်အမှန်တွေကတော့ လွတ်လပ်ပြီး ပြိုင်ဘက်ကင်းတဲ့ ကိုယ်ရည်ကိုယ်သွေးအပေါ် လေးစားမှု ပေးပါလိမ့်မယ်။

ကိုယ့် အမှန်နဲ့ အမှား အသိတရားတွေရယ်၊ ကိုယ့် စိတ်အလိုဆန္ဒတွေရယ်ကြောင့် သူငယ်​ချင်းတွေရဖို့ ပို၍ဝေးကွာစေနိုင်ပါသေးတယ်။ ကိုယ်ရင်တတူ လူတွေအပေါ် တစ်ခုခုပြုလုပ်ဖို့ စိတ်ထဲ မသက်မသာခံစားရရင် အဲ့ဒီ အလုပ် ၊ပြုမူချက်ကို ဆက်မလုပ်ပါနဲ့။ ကိုယ့်သူငယ်ချင်း ကိုယ့်မိတ်ဆွေအပေါင်းအသင်း တစ်​စုံတစ်​ရာ အမှားပြုလုပ်ခဲ့ချိန် နှုတ်က ထုတ်ပြောဖို့လိုပါတယ်။

(၉) သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ပါစေ။ သူငယ်ချင်း တစ်ယောက် သို့မဟုတ် သူငယ်ချင်း အယောက် တစ်ရာပိုင်ဆိုင်နိုင်မလားဆိုတာထက် သူငယ်ချင်းကောင်းဆိုတဲ့ လူတွေဟာ မှန်ကန်မှုကို ကြည်နူးတတ်ပြီး ပေါ်ပြူလာဖြစ်နေမှု ကြာရှည်တာကို လိုလားတတ်ကြတယ်။

သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ အဓိပ္ပါယ်​က လေးစားသမှုရှိနေခြင်း၊ ဘက်မလိုက်ဘဲ တရားမျှတခြင်း၊ စိတ်ဝင်တစားရှိခြင်း၊ ယုံကြည်စိတ်ချစွာ အားကိုးရခြင်း၊ ရိုးသားခြင်း၊ ဂရုစိုက်မှုရှိခြင်းနှင့် ကြင်နာ ထောက်ထားတတ်သူဖြစ်နေခြင်းလို့ ဆိုလိုပါတယ်။

ဒီတော့ ကိုယ်က သူငယ်ချင်းကောင်းတစ်ယောက်လိုချင်တယ်ဆိုရင် ကိုယ်တိုင်လည်း သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နေရပါမယ်။ ကိုယ်က ဘယ်လိုသူငယ်ချင်းမျိုးလိုချင်လဲ ကိုယ်ကလဲ အဲ့သလို သူငယ်​ချင်းမျိုးဖြစ်နေဖို့ပါပဲ။ သူငယ်ချင်းကောင်းတစ်ယောက် ဖြစ်နေခြင်းက အခြားသော သူငယ်ချင်းအသစ်များကို ဆွဲ​ဆောင်​မှုတစ်ခုဖြစ်စေသလို ရှိပြီးသား သူငယ်ချင်းများကို ထိန်းသိမ်းနိုင်အောင်လည်း အကူအညီပေးပါတယ်။

ကြီးနိုင်ငယ်ညှဉ်းလုပ်မှုကို ရင်ဆိုင်ခြင်း 

(၁) အနိုင်ကျင့်မှု သို့မဟုတ် ကြီးနိုင်ငယ်ညှဉ်းလုပ်မှုကို ခွဲခြမ်းစိတ်​ဖြာကြည့်ပါ။အနိုင်ကျင့်တယ်ဆိုတာမှာ ပုံမှန် စနောက်ခြင်း သို့မဟုတ် အုပ်စုကနေ အဖယ်ရှားခံရခြင်းလို လွယ်​လင့်တကူ ဖြစ်နေတာတွေရဲ့အလွန် ထက်ကျော်လွန်ပါတယ်။ ဒီကိစ္စက အလေးအနက်ထားသင့်တဲ့ ပြဿနာတစ်ခုပါ။ ထိခိုက်စေသော၊ ရက်စက်သောနှင့် အ​တောမသတ်​သော စနောက်ခြင်းတွေ က အနိုင်ကျင့်မှုမှာ ပါဝင်ပါတယ်။ အနိုင်ကျင့်မှုသည် တမင်ပြုလုပ်သော နှိပ်စက်ညှဉ်းပန်းခြင်းလို့မည်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ စကားလုံးတွေနှင့် နက်နက်နဲနဲ သို့မဟုတ် စိတ်ဓာတ်ရေးရာ ဒုက္ခပေးခြင်းတွေပါဝင်နိုင်ပါတယ်။

ထိုးနှက်​ခြင်း၊ တိုးဖယ်ဝင်နေခြင်း၊ နာမည်ကို ဆိုးအောင်ခေါ်ခြင်း၊ ခြိမ်းခြောက်မှုများနှင့်အတူ ဒုက္ခရောက်နေသူရဲ့ ပိုက်​ဆံ သို့မဟုတ် လက်ဝယ်ရှိသည့်အရာများကို စနောက်ယူဆောင်ခြင်း ဥပမာ - ကလေးတစ်ယောက်ရဲ့ နေ့လယ်စာစားဖို့ပိုက်ဆံ သို့မဟုတ် စီးထားတဲ့ဖိနပ်ကိုယူလိုက်ခြင်းတွေကနေ အစပြုကာ အလှမ်းကျယ်လာနိုင်ပါတယ်။အချို့သောကလေးတွေဟာ အခြားကလေးတွေရဲ့ဖယ်ကြဉ်ထားခြင်း၊ မဟုတ်မဟပ် အတင်းပြောခံရခြင်းမျိုးတွေနဲ့ အနိုင်ကျင့်ခံရပါတယ်။

ဆိုရှယ်မီဒီယာ အသုံးပြု ခြင်း သို့မဟုတ် အီးမေးလ်ကို အသုံးပြုခြင်းဖြင့် အခြားသူများကို ပြောဆိုလိုက်တာမျိုး သို့မဟုတ် သူတို့တွေရဲ့ ခံစားချက်တွေကို နာကျင်အောင် ပြုလုပ်တာတွေကလည်း အနိုင်ကျင့်မှု ခေါင်းစည်းအောက် ပါဝင်နိုင်ပါတယ်။ အများအားဖြင့် ဆိုက်ဘာကနေ အနိုင်ကျင့်မှု(Cyber-bullying) တွေ တိုး၍တိုး၍လာနေပါတယ်။

(၂) ဘာကြောင့် ကြီးနိုင်ငယ်ညှဉ်း/အနိုင်ကျင့်မှု ဖြစ်ပေါ်လာရသလဲဆိုတာ လေ့လာပါ။အကြောင်းပြချက် များစွာကနေ အနိုင်ကျင့်မှု ဖြစ်ပွားပါတယ်။ တစ်​ခါတစ်​ရံ အနိုင်ကျင့်သူဖြစ်သွားတဲ့လူတစ်ယောက်အနေဖြင့် သူသည် အခြားလူတွေထက် ပိုအရေးပါတယ်၊ ကျော်ကြားထင်ရှားတယ်၊ သို့မဟုတ်​ထိန်းချုပ်နိုင်စွမ်းရှိတယ်ဆိုတာ ခံစားမိဖို့ အနိုင်ကျင့်ခံရမည့် လူတစ်ဦးကို လိုအပ်ပါတယ်။

ရံဖန်​ရံခါ မိသားစုဝင်များ သို့မဟုတ် အခြားကလေးများရဲ့ သူ့အပေါ်ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတဲ့ အခြေအနေကနေ ကလေးဟာ အနိုင်ကျင့်မှု အပေါ် အသားကျနေတတ်ပါတယ်။ တစ်ယောက်နာမည်ကို တစ်ယောက်က ဒီအတိုင်း ဦး/ကို မတပ်ဘဲခေါ်ဆိုခြင်း သို့မဟုတ်​ အကြမ်းဖက်မှုတွေနဲ့ အသားကျနေသော မိသားစုအသိုက်အ၀န်းကလာသူအဖို့ သူတို့ အမူအကျင့်ကို သာမန်ပဲလို့တွေးထင်နိုင်တာလည်းရှိပါတယ်။

တစ်ခါတလေ အနိုင်ကျင့်မှုဆိုတာ လတ်တလော ပေါ်ပြူလာဖြစ်နေတဲ့ ယဉ်ကျေးမှုမှ ပြုမူကျင့်ကြံပုံကို သင်ယူမိနေခြင်းပါပဲ။ အနိုင်ကျင့်ခြင်းက သာမန်ပါ သို့မဟုတ် အပြတ်မိုက်တယ်လို့ တွေးထင်အောင် ပြုလုပ်တတ်တဲ့ ပေါ်ပြူ လာယဉ်ကျေးမှု တစ်မျိုးဖြစ်ပါတယ်။ သေချာတာက ဖြစ်ရပ်မှန် တီဗီ အစီအစဉ်​ နှင့် အင်တာနက် ၀က်ဘ်ဆိုဒ် တွေကလည်း ပြုမူကျင့်ကြံပုံရဲ့ ဆိုလိုရင်းကို အထောက်အကူပြု ပါတယ်။

(၃) လူကြီးမိဘ တစ်ယောက်ယောက်ကို အသိပေးပါ။  ကြီးနိုင်ငယ်ညှဉ်း ကိစ္စက တစ်ယောက်တည်း ကိုယ့်ဘာသာကိုယ် လျှိုထားလို့ မသင့်တဲ့ အရာပါ။ ကိုယ်အနိုင်ကျင့်ခံရချိန်မှာ တစ်စုံတစ်ယောက်ကို ​ပြောပြပါ။ ကျောင်းအများစုနဲ့ လူမှုအဖွဲ့အစည်း အတော်များများဟာ အနိုင်ကျင့်မှုကို ဆန့်ကျင်တဲ့ မလိုလားတဲ့ ​ပေါ်လစီတွေ ရှိကြပါတယ်။

လူကြီးတစ်ယောက်ကို အကြောင်းကြားတာ၊ အစီရင်ခံတာ ပြုလုပ်ခြင်းဖြင့် လက်ရှိနေရာ လတ်တလောအချိန်မှာပဲ အနိုင်ကျင့်စော်ကားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးရင်း ရပ်​တန့်သွား၊ ပြေပျောက်သွားစေနိုင်ပါတယ်။

မိဘတစ်ယောက်၊ ဆရာတစ်ယောက်၊ နည်းပြတစ်ယောက်၊ကျောင်းအုပ်ကြီးတစ်ယောက်၊ ကျောင်းခန်းစောင့် တစ်ယောက် သို့မဟုတ် အခြား လူကြီး တစ်ယောက်ယောက်က အနိုင်ကျင့်ခံရခြင်းကို ကူညီကိုင်တွယ်ဖြေရှင်းပေးနိုင်ပါတယ်။ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူးဆိုတာ သတိရနော်။

(၄) အချစ်ရဆုံးသူတစ်ယောက်ကို ယုံကြည်စွာဖွင့်ပြောပါ။ ဘ၀မှာ ကိုယ့်မိဘတွေလို အနှစ်သက်ရဆုံး ဆရာတစ်ယောက်၊ သို့မဟုတ် အခြားသော ချစ်ခင်ရသူ တစ်ယောက်ယောက်ကဲ့သို့ နားထောင်ကောင်းသူတစ်ယောက် ၊ ဘ၀အတွက် ကူညီထောက်ပံ့သူတစ်ယောက်က ရှာဖွေဖို့ ခက်ခဲနိုင်ပေမယ့် အကူအညီဖြစ်မှာပါ။ လူငယ်တွေက သူတို့ အသက်​အရွယ်​၀န်းကျင် အခြားလူငယ်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အနာတရ ဖြစ်တတ်ကြတာဆိုတော့ သူတို့အနေနဲ့ ကိုယ့်အပေါ်အထောက်အကူပြုမည့် လူကြီးများကို စိတ်ချယုံကြည်စွာ ဖွင့်ပြောသင့်ပါတယ်။

အနိုင်ကျင့်စော်ကားခံရတဲ့အခါ ကိုယ်ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း ပြောဆိုပါ။

ကိုယ်ကြားရတဲ့အတိုင်း ခံစားရတဲ့အတိုင်း နားလည်စာနာပေးခြင်းခံရချိန် ဖိစီးနေတဲ့ စိတ်အခြေအနေတွေ တိုးတက် ကောင်းမွန်လာနိုင်ပါတယ်။

လူကြီးတစ်ယောက်ကို ပြောပြဆွေးနွေးနိုင်ခြင်းကိုက ကိုယ်တစ်ယောက်ထဲ မဟုတ်ကြောင်း သိခွင့်ရသလို ကိုယ့်စိတ်ခံစားမှုနှင့်ဆိုင်တဲ့ ပူပင်သောကတွေကို ကိုင်တွယ်ရာမှာ အကူအညီပေးပါလိမ့်မယ်။

(၅) လုံခြုံဘေးကင်းသော Heaven ကို ရှာဖွေပါ။ ကိုယ်အနိုင်ကျင့်ခံရချိန်မှာ အကူအညီသွားတောင်းလို့ရမယ့် အရွယ်ရောက် လူကြီးငါးယောက်လောက်တော့ အနည်းဆုံးရွေးထား ကြိုးစားထားရပါမယ်။ ကိုယ် အနိုင်ကျင့်ခံရလို့ ဒုက္ခရောက်ချိန် အနိုင်ကျင့်သူတွေစီက ထွက်ပြေး ကွားဝေးကာ ခိုနားနိုင်မယ့် ဘုရားရှိခိုးကျောင်း၊ လူမှု စောင့်ရှောက်ရေးဂေဟာ တစ်ခု၊ ကိုယ်ပိုင်တဲ့အိမ် စသဖြင့် နေရာတစ်ခုကို ရှာဖွေပါ။

(၆) အနိုင်ကျင့်မှုကို ရှောင်ကြဉ်ပါ။ မိတ်ဆွေတိုးတဲ့ စနစ်တစ်ခုကို အသုံးပြုပါ။ အနိုင်ကျင့်သည်ဆိုတဲ့စကားလုံးနဲ့ ခပ်ဝေးဝေးနေတာကောင်းပါတယ်။ တစ်ယောက်တည်း ဖြစ်နေတာကို ရှောင်ကြဉ်ခြင်းက ကာလတိုအတွင်းတော့ အကူအညီဖြစ်ကောင်း ဖြစ်နိုင်ပါရဲ့။ ဘယ်နေရာမှာ အနိုင်ကျင့်ခံရလေ့ရှိတယ် ဘယ်လိုဆိုတာသိနေရင် အဲ့ဒီ​နေရာ မသွားဖို့ရယ် ၊ လတ်​တ​လောအနိုင်ကျင့်ခံနေရချိန်ဆိုရင် ကိုယ်တစ်ယောက်ထဲ ဖြစ်မနေဖို့ကြိုးစားပါ။ ဘတ်​စ်​ကား တစ်စီးပေါ်မှာ ၊ စကြံင်္ံလမ်းထဲမှာ၊ သို့မဟုတ် ဘယ်နေရာမှာပဲဖြစ်ဖြစ် အနိုင့်ကျင့်ခြင်းကိစ္စကဖြစ်တာပါပဲ။

(၇) တည်တည်ငြိမ်ငြိမ် ဖြစ်နေပါစေ။ အနိုင်ကျင့်မှုကိစ္စမှာ `အနိုင်ကျင့်ခံရသူရဲ့ ရန်စမှုအပေါ် တုန့်ပြန်တဲ့အခြေအနေသည် အနိုင်ကျင့်သူက ဆက်လက် အနိုင်ကျင်ဖို့ အားပေးအားမြှောက်ပြုရာရောက်သည်´ဆိုတာ သိဖို့လိုတယ်။ အနိုင်ကျင့်ခံနေရချိန်ဆိုရင် တည်တည်ငြိမ်ငြိမ် အေးဆေး ရင်ဆိုင်ပါ။ ပြန်လည်တိုက်စစ်ဆင်တာ၊ အနိုင်ပြန်ကျင့်သလို ဖန်တီးတာတွေနဲ့ မတုန့်ပြန်ပါနဲ့။ သည်လိုလုပ်ခြင်းဖြင့် တစ်စထက်တစ်စ အကြမ်းဖက်မှု၊ ရုန်းရင်းဆန်ခတ်နှင့် တစ်ယောက်ယောက် ဒဏ်ရာအနာတရ ရလာနိုင်ပါတယ်။

ကိုယ် ငို​ကြွေးမိရင် သို့မဟုတ် စိတ်တို၊ စိတ်ဆတ်လာရင် အနိုင်ကျင့်မှုက ပိုမိုအားကောင်းလာအောင် လုပ်သလိုဖြစ်ပါတယ်။

ဘာမှ မတုန့်ပြန်ခြင်းကို လက်တွေ့လုပ်ပါ။ လက်တွေ့ကျကျ အတော်များများလုပ်ကြည့်ဖို့လိုတာပါပဲ။ စိတ်အနှောင့်အယှက်ဖြစ်စရာ ကြုံဆုံနေရတဲ့ အခြေအနေတစ်ခုမှာ အေးအေးဆေးဆေး၊တည်တည်ငြိမ်ငြိမ် ဘယ်လိုနေရမလဲ ရင်ဆိုင်ရမလဲဆိုတာ သင်ယူဖို့ အသုံးဝင်ပါတယ်။ နောက်ဆုံးတော့ ဘယ်လိုမှ တုန့်ပြန်မှုမရှိ ထင်မြင်ချက်မပေးနိုင်သူကို အနိုင်ဆက်ကျင့်ဖို့ထက် တစ်ယောက်တည်း ထားခဲ့မှာပါ။

တစ် ကနေ တစ်ဆယ်အထိ ရေတွက်ခြင်း သို့မဟုတ် အသက်ခပ်ပြင်းပြင်းရှုလိုက်ပါ။ တစ်​ခါတစ်​​လေ ရင်ဆိုင်နေရသော ပူပန်စရာတွေ ရှင်းလင်းသည့်တိုင်အောင် "poker face" လေးတစ်ခု ဆင်ယင်ထားခြင်းက အကောင်းဆုံး အရာပါလေ။

အနိုင်ကျင့်ခံရချိန် ပြုံးနေခြင်း သို့မဟုတ် ရယ်မောနေခြင်းကလည်း ပိုပြီးအနိုင်ကျင့်ဖို့ ရန်စသလို ဖြစ်နေနိုင်တယ်။ ဒါကြောင့် မူလဘူတ အခြေအနေ၊ တည်ငြိမ်တဲ့ မျက်နှာအမူအယာမပြောင်းလဲအောင် ထိန်းသိမ်းဖို့ကြိုးစားပါ။

(၈) အနိုင်ကျင့်သူအပေါ် သူငယ်ချင်း၊မိတ်ဆွေ စည်းမျဉ်း စည်းဘောင်တွေ မထားပါနဲ့တော့။ အနိုင်ကျင့်တဲ့ သူ/သူမရဲ့ ပြုမူကျင့်ကြံပုံက မသင့်လျော်ကြောင်း ပြောပါ။ ဥပမာ `မင်းလုပ်နေတာကို ငါမကြိုက်ဘူးနော် ရပ်လိုက်ဖို့ကောင်းပြီ´ သို့မဟုတ် `ဒါ မမှန်ကန်ဘူး...အနိုင်ကျင့်နေတာပဲ´ လို့ပြောလိုက်ပါ။

(၉) အဝေးကို လျှောက်သွားလိုက်ပါ။ အနိုင်ကျင့်သူကို ရပ်တန့်လိုက်ဖို့ ပြတ်​ပြတ်​သားသား ခိုင်ခိုင်မာမာပြောဆိုပြီး အဝေးကို လျှောက်လှမ်းသွားပါ။ ဖုန်းထဲမှာ တစ်ယောက်ယောက်ကို မက်ဆေ့စ်ပို့ သလိုပါပဲ ထိခိုက်စေသော ထင်မြင်ယူဆချက်ကို မသိကျိုးကျွံပြုဖို့ လမ်းကြောင်းတွေကို လက်တွေ့လုပ်ပါ။ အနိုင်ကျင့်သူအပေါ် မသိကျိုးကျွံပြုနေခြင်းက သူ/သူမ ဘာပြောပြော  ဂရုမစိုက်ဘူးလို့ အချက်ပြနေခြင်းဖြစ်ပါတယ်။ နောက်ဆုံးတော့ အနိုင်ကျင့်သူခမျာ ပျင်းလာမှာ သေချာသလောက်ရှိပြီး ကိုယ့်ကို တစ်ယောက်တည်း ထားခဲ့ပါလိမ့်မယ်။

(၁၀) အခွင့်အာဏာရှိသူ၊ ပိုင်ဆိုင်သူများကို အကြောင်းကြား အစီရင်ခံပါ။ ရုပ်ပိုင်းဆိုင်ရာအရ စတင်တိုက်ခိုက်မှုတစ်ခုခံရရင် သို့မဟုတ် နာကျင်စေရင် လူကြီးတစ်ယောက်နဲ့အတူ အာဏာပိုင်ကိုလည်း အကြောင်းကြားပါ။ ကိုယ်ခန္ဓာကို အနိုင်ကျင့်ခြင်းက ပြစ်မှုတွင်အကျုံးဝင်သော ကိုယ်ထိလက်ရောက်ကျူးလွန်မှုလို့ခေါ်ပြီး ဥပဒေနှင့်ဆန့်ကျင်ပါတယ်။ တစ်စုံတစ်ယောက်ကို ပြောခြင်းက အဆိုပါ အနိုင်ကျင့်သူကို အပြစ်ပေးခံရဖို့ သေချာအောင် လုပ်တာဖြစ်ပြီး ဘယ်သူတစ်ဦးတစ်ယောက်မှ ဆက်လက်မနာကျင်နိုင်အောင် လုပ်ခြင်းပါ။

(၁၁) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတဲ့ စိတ်​ဓာတ် အနေအထားကို နဂိုအတိုင်းပြန်ဖြစ်ပါစေ။
အနိုင်ကျင့်ခံနေရခြင်းက မိမိကိုယ်မိမိ တန်ဖိုးထားတတ်ခြင်းအား ဒဏ်ရာအနာတရ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဘာမှ အမှားမလုပ်ထားဘူးဆိုတာ သိဖို့ရယ် အဓိကပြဿနာ က အနိုင်ကျင့်မှု ဆိုတာသိဖို့ပါပဲ။ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်တယ်လို့ခံစားရအောင် ပြုလုပ်ပေးတဲ့ သူငယ်ချင်းများနဲ့ အချိန်ဖြုန်းပါ။

အသင်းအဖွဲ့ တွေ၊ အားကစားလှုပ်ရှားမှုတွေ၊ သို့မဟုတ် အခြားသောလှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်ရင်း `ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု´တည်ဆောက်ခြင်းဖြင့် ပျော်ရွှင်စေပါလိမ့်မယ်။ ပြီးတော့ အကောင်းဘက်မြင်သော ခင်မင်ရင်းနီးမှုကို တည်ဆောက်ရာမှာ အာရုံစိုက်ပါ။ ပြီးတော့ အဆိုပါအကြောင်းအရာအားလုံးကို တစ်စုံတစ်ယောက်အား ပြောပြပါ။

အကူအညီ ရှာဖွေပါ

(၁) လူကြီးတစ်ယောက်ကို ပြောပါ။ အနိုင်ကျင့်ခံနေရလျှင် သို့မဟုတ် ဘယ်လိုပဲ ပြုမူနေသည်ဖြစ်ပါစေ ဖယ်ကြဉ် ခံရသူတစ်ယောက်လို ခံစားနေရသောကြောင့် မပျော်ရွှင်မှုကို ခံစားရလျှင် ကိုယ်ယုံကြည်သူ လူကြီးတစ်ယောက်ကို ပြောပြပါ။ ဒီလိုပြောပြခြင်းဖြင့် ကိုယ့်ခံစားချက်အကြောင်း ဖွင့်ဟဖို့ အကူအညီရသလို လူကြီးအနေနဲ့လည်း ကိုယ့်ပြောပြချက်တွေအရ ဘယ်လို အကူအညီပေးရမလဲ သိသွားနိုင်ပါတယ်။ ဒါမှမဟုတ်​ ကြီးနိုင်ငယ်ညှဉ်း ကိစ္စကြောင့် အ​နှောင့်​အယှက်​ဖြစ်နေရတာကို ရပ်တန့်စေပါလိမ့်မယ်။

(၂) လူမှုရေးစွမ်းရည်မြှင့် အစီအစဉ်​တစ်ခု(a social skills program)မှာ စာရင်းပေးဖို့ ဆုံးဖြတ်ပါ။ ကိုယ်​က လူမှုရေးနှင့် ပတ်သက်သည့် အရိပ်အမြွက်တွေကို နားလည်တဲ့နေရာမှာ ပြဿနာ  ရှိနေရင်၊ သူငယ်ချင်း မိတ်ဆွေဖွဲ့ရာမှာ၊ လူမှု​ရေး သဘောထားကွဲလွဲမှုတွေနှင့် ရင်ဆိုင်ရာမှာ ၊ ဒါမှမဟုတ်​ အခြားသော လူမှု​စွမ်းဆောင်ရည်များမှာ အဆင်မပြေဖြစ်နေလျှင် ကိုယ့်ကို လူမှုရေး စွမ်းဆောင်ရည်များ သင်ပေးမယ့် ပရိုဂရမ်တစ်ခုမှာ စာရင်းသွင်းပေးဖို့ မိဘများကို မေးမြန်းရပါလိမ့်မယ်။

(၃) ရောဂါကုထုံး ရှာဖွေပါ။ ၀မ်းနည်းညိုးငယ်ခြင်း၊ သောကစိတ်ဝင်ခြင်း၊ ကျောင်းကိစ္စ ကျောင်းနဲ့သက်ဆိုင်မှုအ၀၀တွင် ရုန်းကန်လှုပ်ရှားနေရခြင်း၊ အိပ်စက်ရာမှာ အခက်​အခဲဖြစ်ခြင်း၊ အပြောင်းအလဲမရှိစွာ ၀မ်းနည်းခြင်း သို့မဟုတ် မပျော်ရွှင်ခြင်း ဒါမှမဟုတ်​ အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ်ပဲဖြစ်ဖြစ် အခြားသူတွေကိုပဲဖြစ်ဖြစ် အန္တရာယ်ပြုနေတယ်လို့ ခံစားရလျှင် လူကြီးတစ်ယောက်ကို ပြောပါ။ တိုင်ပင်ဆွေးနွေးပေးသူ/စိတ်ဓာတ်ရေးရာ ကုထုံးကို မှန်မှန်ကန်ကန် ပေးနိုင်သူကို ရှာပါ။ စိတ်အားငယ် စိတ်ဓာတ်ကျတာနဲ့ ရင်ဆိုင်ပြီးနောက်မှာတော့ ကြီးနိုင်ငယ်ညှဉ်းကိစ္စက ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း မကိုင်တွယ်သင့်တဲ့အရာဖြစ်ပါတယ်။

ဘာကြောင့် လူမှုဝန်းကျင်က ဖယ်ကြဉ်ခံရခြင်းဖြစ်သလဲ ဆိုတာ လေ့လာသင်ယူပါ။

(၁) အပယ်ခံ/အနှိမ်ခံ တစ်ယောက်က ဘာကြောင့် နာကျင်ခံခက်တဲ့ ခံစားမှု ခံစားရခြင်းဖြစ်နေလဲ လေ့လာပါ။ ပင်ကိုမူလကတည်းက လူတစ်ယောက်ဖြစ်နေခြင်းသည်ပင် လူမှုရေးကိစ္စအ၀၀နဲ့ သက်ဆိုင်သော မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးစိတ်ရဲ့ မျှော်လင့်ထားသော အောင်မြင်မှုပုံရိပ်ဟာ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် အကျိုးသက်ရောက်မှု နှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း လွန်ကဲစွာ တိုးတက်ဖွံ့ဖြိုးခြင်းပါ။ ဆင့်ကဲဖြစ်စဉ်နှင့်ဆိုင်သော ရှုမြင်ပုံတစ်ခုအရ လူလူခြင်း ငြင်းပယ်ခြင်း ဖြစ်စဉ်က အံ့​သြဖွယ်မဟုတ်သလို ပုဂ္ဂလိကအမြင်အရ အပယ်ခံ /အနှိမ်ခံ ဆိုတာ အနုတ်သဘောဆောင်တဲ့ အတွေ့အကြုံ များမဟုတ်ပါ။

(၂) ဘာကြောင့်များ အပယ်ခံ /အနှိမ်ခံကိစ္စဖြစ်ပွားရသလဲ လေ့လာပါ။ လူတွေဟာ ဘာကြောင့် အခြားသူကို ဖယ်​ထုတ်​တာမျိုး သို့မဟုတ် ကြဉ်တာမျိုးလုပ်ရတယ်ဆိုတာ အကြောင်းပြချက်အများကြီးရှိပါတယ်။ ဘာကြောင့်ကိုယ်ကရော ဖယ်ကြဉ်ခံထားရတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးဖို့ အကူအညီရနိုင်တာပေါ့လေ။  အဖယ်ကြဉ်ခံရတာ ကိုယ့်အပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီအကြောင်းကပဲ အခြားသူတွေ ဘယ်လိုထင်မြင်နေကြသလဲ တွေးနေလဲ နားလည်ဖို့ အကူအညီဖြစ်ပြီး၊ မိတ်ဆွေ သူငယ်ချင်းဖြစ်အောင် ဘယ်လိုပြုလုပ်ရမလဲ လေ့လာဆန်းစစ်မှု တစ်ခုခုရတာပေါ့။  ဖယ်ကြဉ်ထားသူတွေမှာမှ အဓိက လူအုပ်စု လေးခုရှိပါတယ်။

လူတစ်စု အုပ်စုတစ်ခု ရှိတယ်ဆိုပါစို့။ အဆိုပါအုပ်စုရဲ့ စီမံခန့်ခွဲမှုကို နှောင့်နှေးအောင် အ​နှောင့်​အယှက်​ ဖြစ်အောင် ပြုလုပ်​သူက ပထမ အမျိုးအစားပါ။ ဆင့်ကဲဖြစ်စဉ် ရှုမြင်ပုံတစ်ခုအရ မိမိတို့အုပ်စုထဲကို တစ်​စုံတစ်​ရာ ပေါင်းထည့်သည်ကို လက်ခံသော အစုအဖွဲ့ရဲ့ စီမံခန့်ခွဲမှုကို အ​နှောင့်​အယှက်​ ဖြစ်စေသူ တစ်စုံတစ်ယောက်ဟာ အပယ်ခံ/အနှိမ်ခံ ဖြစ်လာနိုင်ပါတယ်။ တစ်ခါတလေ အပေးအယူလုပ်ဖို့ အပြန်အလှန်သဘောထားမရှိ ခက်ခဲခြင်းကြောင့် အချို့လူတွေက ဖယ်​ထုတ်​ခံ အပယ်ခံဖြစ်ရပါတယ်။ အခြားအချိန်မှာတော့ လူတွေ အလွယ်​တကူ ဖယ်​ထုတ်​ခံရခြင်းက မတူကွဲပြားခြားနားနေလို့ပါတဲ့။ ပင်ကိုယ်အားဖြင့် လူတွေဟာ သူတို့နားမလည်တဲ့ သဘောက်မပေါက်တဲ့ အ​ကြောင်းအရာတွေကို ကြောက်လန့်တတ်ကြပါတယ်။

ဒုတိယ အနေနဲ့ ပြောချင်တာက မိမိတို့ အသင်းအဖွဲ့၊ လူအုပ်စု အတွင်းမှာ မတူကွဲပြားခြားနားနေမှုကို ခိုင်မာစွာနဲ့ အကောင်းဘက်ကနေ တွေးဆလေ့လာဖို့လိုပါတယ်။ မိမိတို့ လူစုထဲမှာ ဘယ်တစ်ယောက်က အန္တရာယ်ယူဆောင်လာသူဖြစ်မလဲ ဆန်းစစ်ကြည့်ပါ။ လူ့အသိုင်းအ၀ိုင်းမှာက ရန်မူသော ရန်လိုသောသူ၊ မိမိတို့ အစုအဖွဲ့ရဲ့ တန်​ဖိုးရှိ အချက်အချာအကြောင်းအရာကို ခြိမ်းခြောက်သူ၊ မယုံကြည်ထိုက်သောသူ စသော စသောသူများကို အစုအဖွဲ့အား ကာကွယ်ပေးသည့် နည်းလမ်းတစ်ခုအဖြစ် ဖယ်ကြဉ်ပစ်ကြပါတယ်။မိမိတို့ လူမှုအဖွဲ့အစည်းအား သတ်သတ်မှတ်မှတ် အကျိုးကျေးဇူး မပြုနိုင်သူများကိုပေါ့လေ။

တတိယအနေနဲ့ပြောရရင် တစ်​ခါတစ်​ရံ လူအုပ်စု သို့မဟုတ် အဖွဲ့တစ်ခုအနေဖြင့် အသင်းဝင် မန်ဘာပမာဏ တော်သင့်ပြီလို့ ခံစားမိတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးပဲရရ အသင်းထဲကို ထပ်မထည့် ထပ်ပြီးလက်မခံဖို့ ဆုံးဖြတ်လိုကြတယ်။ ပုဂ္ဂလိကဆုံးဖြတ်ချက်သက်သက်မဟုတ်ဘဲ အသင်းအဖွဲ့ အနေဖြင့် အသင်းဝင်ပမာဏ ထပ်တိုးလာဖို့ ပွားလာဖို့ စိတ်​မ၀င်​စားခြင်းဖြစ်ပါတယ်ဗျ။

စတုတ္ထအနေနဲ့ပြောရရင် မနာလိုစိတ် အဘိဇ္ဈာပွားသော လူအုပ်စုရှိနေတာမျိုး သိဖို့လိုတယ်။ ဉာဏ်​ပညာ မြင့်မားတာ၊ အားကစားစွမ်းရည်၊ အလှအပဆိုင်ရာ ၊ ဂီတဆိုင်ရာ ပင်ကိုစွမ်းရည် ၊ ကိုယ့်ကိုယ်ကိုယ် စိတ်ချယုံကြည်မှု၊ သို့မဟုတ် အပေါင်းလက္ခဏာဆောင်တဲ့ ထင်ရှားတဲ့ အမူအကျင့်တွေလို အခြားသူများ မရှိသော မပိုင်ဆိုင်သော ဂုဏ်ဒြပ် အရည်​အချင်းများ ပိုင်ဆိုင်ထားရင် မျက်မှောက်မှာ သူတို့ရဲ့ ချို့ယွင်းချက် လိုအပ်ချက်တွေကို သတိပေးသလို ဖြစ်နေနိုင်တာကိုး။ အဲဒါက သူတို့အတွက်  သိက္ခာကျတဲ့ ခါးသီးသော ခံစားချက်ဖြစ်နိုင်ပါတယ်။ ကိုယ့်ကိစ္စမဟုတ် သူတို့ အကြောင်းကိစ္စတစ်ခုပါ။

(၃) လူမှုဝန်းကျင်ကနေ ဘယ်လို အပယ်ခံ /အနှိမ်ခံ ရတယ်ဆိုတာသိခွင့်ရခဲ့ရင် စိတ်အ​နှောင့်​အယှက်​ ဖြစ်လာနိုင်တယ်ဆိုတာလည်း သိထားပါ။ လူတွေရဲ့ ဖယ်ကြဉ်ခံရခြင်းက စိတ်ဓာတ်ကျ ခြင်း၊ ပူပန်သောကရောက်ခြင်း၊ ဆေးဝါး တလွဲသုံးခြင်း၊ လူတွေနဲ့ အဆက်ပြတ် ကင်းကွာခြင်း၊ ကျောင်းအတွင်း စွမ်းဆောင်ရည် ကျဆင်းခြင်း၊ မိမိကိုယ်​ကို သတ်သေခြင်း၊ ပြီးတော့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများနဲ့သော်မှ အချိတ်အဆက် ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

အသိုက်​အ၀န်းကနေ ဖယ်ကြဉ်ခံရခြင်းက ဦး​ဏှောက်​ရဲ့ အခြေခံလုပ်ငန်းဆောင်တာကို ပြောင်းလဲနိုင်ပြီး ချို့ယွင်းချက်ရှိသော ဆုံးဖြတ်​ချက်​ချ ခြင်းများစီ ဦးတည်သွားစေပါတယ်။

(၄) လူမှုဝန်းကျင်က ဘယ်လို အပယ်ခံ /အနှိမ်ခံ ရတယ်ဆိုတာက ကောင်းကျိုးဖြစ်ထွန်းနိုင်စေတာကို လည်းသိဖို့လိုတယ်။ လတ်​တ​လော လေ့လာမှု တစ်ခုအရ သည်အပယ်ခံ /အနှိမ်ခံကိစ္စက တစ်​ခါတစ်​ရံ အပေါင်းလက္ခဏာ သဘောဆောင်နိုင်ပါတယ်။

သူတို့အမြင် သူတို့ယူဆချက်တွေက အခြားသူများနဲ့မတူခြင်းကို ဂုဏ်ယူသော တသီးတသန့် သဘောရှိသည့် လူ့များအနေနဲ့ လည်း လူ့အသိုက်အ၀န်းက ဖယ်ကြဉ်ခံရတတ်ပါတယ်။ သည်ကိစ္စမှာ အမှီအခိုကင်းကင်း လွတ်လပ်သည့် စိတ်ဓာတ်ရှိသူများအတွက် အဖယ်ကြဉ်ခံ/အပယ်ခံရတာက တီထွင်​ကြံဆနိုင်စွမ်းကို နှိုးဆော်အားပေးကူညီသမှု ဖြစ်နေနိုင်ပါတယ်။

လူအုပ်စု သို့မဟုတ် အသင်းအဖွဲ့ ရဲ့ အစိတ်​အပိုင်းတစ်ခုဖြစ်နေခြင်းက အမြဲတမ်းတော့ ပျော်ရွှင်ဖွယ် မဖြစ်လောက်ပါ။ အုပ်​စု / ဂိုဏ်းအဖွဲ့ ဆိုတာ အလွန်မွန်းကြပ်စေနိုင်တာပါ။ သူတို့ အသင်းဝင်များရဲ့ အသွင်​အပြင်​၊ အတွေးအမြင်၊ အ၀တ်အစား၊ ပြီးတော့ ဣနြေ္ဒရရနေတာ အဆင်ပြေတာကိုပဲ ထိန်းချုပ်နိုင်ဖို့ ကြိုးစားမယ်လေ။

အုပ်စုတစ်ခု ၊ ဂိုဏ်းအဖွဲ့ တစ်ဖွဲ့ရဲ့ အစိတ်​အပိုင်း သို့မဟုတ် အသင်းဝင်မဖြစ်ခြင်းက ကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာနေဖို့နဲ့ စစ်မှန်တဲ့ ခင်မင်ရင်းနီးမှုများ တိုးတက်ဖွံ့ဖြိုးဖို့ အကူအညီ ဖြစ်နိုင်ပါတယ်။ မိမိရဲ့ တီထွင်​ကြံဆမှု သို့မဟုတ် ပင်ကိုလက္ခဏာအား မွန်းကြပ်​မှု မဖြစ်စေပါ။

အမေး နဲ့ အဖြေအချို့ (Community Q&A)

(၁) Question :
ကျောင်းမှာ ကျနော်နဲ့ သူငယ်ချင်းဖြစ်ချင်သူ တစ်ယောက်မှ မရှိဘူး။ ကျနော်က ရုပ်ဆိုးလို့လား၊ ဘာကွာခြားနေလို့လဲဗျာ?

Answer:
လူတွေဘာတွေးနေလဲ ဘာထင်နေလဲဆိုတာ ဂရုမစိုက်သင့်ဘူး။ သူတို့နဲ့ မတူကွဲပြားနေတာကလည်း အဆိုးမဟုတ်ပါဘူး။ အ​ပေါ်ယံ အသွင်​အပြင်​ တစ်ခုတည်းကြောင့်တော့ ဟုတ်ဟန်မတူဘူးဗျ။ မိမိရဲ့ အပေါ်ယံ အသွင်​သဏ္ဌာန်​ကို သဘောမကျဘူးဆိုရင် ပြောင်းပစ်ပါ။ ဒါပေမဲ့နော် အတွင်းအနှစ်ကိုရော ပြောင်းလဲဖို့လိုမယ်။ ကောင်းမွန်မျှတတဲ့ ကိုယ်ရည်ကိုယ်သွေး တစ်ခုရှိခြင်း ပိုင်ဆိုင်ခြင်းက ပိုအရေးပါတာပေါ့။

(၂) Question:
ကျနော့် ဘ၀တစ်လျောက်လုံးလိုလို အပယ်ခံတစ်ယောက်ဖြစ်နေခဲ့တာပါ။ ကလေးတစ်ယောက်၊ ဆယ်ကျော်သက် တစ်ယောက်၊ လူကြီးတစ်ယောက် ဘယ်အရွယ်ကလို့ လက်ညှိုးထိုးပြရမလဲ မသိတော့ဘူး။ ကျနော်က တစ်သက်လုံး ဒီပုံစံ ဒီအနေအထား အတိုင်းဖြစ်နေရမယ်လို့ လူတွေက ဘာကြောင့်ထင်မြင်ယူဆ ကြတာလဲဗျာ။ သူတို့ ကျနော့်ကို စနောက်နေကြတာများလား။

Answer:
ကျနော်လည်းပဲ အပယ်ခံ အနှိမ်ခံ တစ်ယောက်ဖြစ်ခဲ့တာပါပဲ။ ဒါပေမဲ့ ကျနော်က သည်ကိစ္စကို ကောင်းတဲ့အရာတစ်ခုအဖြစ် မြင်ကြည့်ဖို့ကြိုးစားတယ်ဗျ။ ကျနော့်အမြင် ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ မိန်းက​လေးအားလုံးဟာ အရာရာ အလွန်​အကျွံ စိတ်ပုတ်လွန်းတယ်လို့။ ဒီ​တော့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်လေ `မင်း ပေါ်ပြူလာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပေါ်ပြူလာ ဖြစ်နေတဲ့ လူတွေက တကယ့် တဇွတ်​ထိုး အရိုင်းအစိုင်းတွေ၊ မင်း အဲ့သလို ဖြစ်ချင်လို့လား´ လို့။

ကျနော် အပယ်ခံ တစ်ယောက်လို့ စတင်ခံစားရတဲ့အချိန်တိုင်း ပြောခဲ့သလိုလေး ပြန်ပြန်သတိကပ်ရတာပါပဲ။ ရိုးရိုး သားသား ပြောရရင် ကျွန်တော် ဘယ်တစ်ခုမှ သိပ်ဂရုမစိုက်ပါဘူး။ အဲ့ဒီ ပေါ်ပြူလာ ဖြစ်တယ် ဆိုတဲ့ ကောင်မလေးတွေ ကျနော့်အတွက် အလုပ်လုပ်ပေးရတာနဲ့ အဆုံးသတ်​လိမ့်​မယ်​ တစ်နေ့နေ့ တစ်ချိန်ချိန်ပေါ့။

(၃) Question:
ကိုယ့်အိမ်မှာကိုပဲ ဖယ်ကြဉ်ခံနေရတယ်ဆိုတော့ အခြားမိသားစုဝင်တွေနဲ့ အပေးအယူအချိတ်အဆက်မိအောင် ဘယ်လိုလုပ်ရမလဲဗျ။ ကျွန်တော်စိတ်ဝင်စားတဲ့အရာတွေကို မိသားစုဝင်​များက အထောက်အပံ့မပြု ကြတာ အချိန်ကြာလာတော့ နာကျင်သလိုခံစားရတယ်။ ဘာက ပြဿနာ ဆိုတာ ကျွန်တော် တကယ်မသိဘူး။

Answer:
လူတိုင်းက မိမိတို့ကိုယ်ပိုင်အိမ်အတွင်းမှာ လုံခြုံစိတ်ချရပြီး သက်သောင့်သက်သာ ဖြစ်နေသင့်ပါတယ်။ လူတွေက သို့မဟုတ် မိသားစုဝင်တွေက ကိုယ့်ယူဆချက်/စိတ်ကူးကို နားထောင်မပေးဘူး၊ အထောက်အပံ့မပြုဘူးဆိုရင် ကိုယ့်ကိုယုံကြည်မှုရှိသူ ကိုယ်ကလည်း ယုံကြည်မိသူ တစ်စုံတစ်ယောက်ကို ပြောပြ ဖွင့်ဟပါ။ ဆရာတစ်ယောက်၊ လမ်းညွှန်ချက်ပေးနိုင်တဲ့ အကြံဉာဏ်​​ပေးသူ၊ သို့မဟုတ် ကိုယ့်အိမ်မှာမနေသော အခြား မိသားစုဝင်ဖြစ်ဖြစ် အားလုံးက ကောင်းမွန်တဲ့ ရွေးပိုင်ခွင့်ပါပဲ။

(၄) Question :
ကျွန်တော်နဲ့ ဒီဇိုင်း၊ ကာလာ တစက်ကလေးမှမတူတဲ့ အတန်းထဲက တစ်ယောက်ယောက်နဲ့ သူငယ်ချင်း ဘယ်လိုဖြစ်လို့ရမလဲဗျ။

Answer:
သူတို့ရဲ့ သူငယ်ချင်းဖြစ်ဖို့ တစ်စုံတစ်ယောက်နဲ့ အတိအကျကြီးတူနေဖို့ မလိုပါဘူး။ ကြိုးစားနေဖို့တော့လိုတယ်။ ကျောင်းချိန်ပြင်ပ သူတို့​ထဲက လူအများစုပါဝင်သော အသင်းအဖွဲ့ သို့မဟုတ် ကိုယ့်စိတ်ပါဝင်စားမှုကို  ဆွဲ​ဆောင်​မှုပေးနိုင်တဲ့ လှုပ်ရှားမှုအစီအစဉ်တွေမှာ ချိတ်ဆက် ပါဝင်ဖို့ ဆုံးဖြတ်ပါ။ ကိုယ်နဲ့ အကြိုက်စရိုက်တွေ အများစု ခပ်ဆင်ဆင်တူတဲ့  တစ်ယောက်ယောက်ကို တွေ့ဖို့ အခွင့်ကောင်းတစ်ခုပဲလေ။

Alex Aung (8 August 2018)

Ref: www.wikihow.com

No comments: