Friday, February 10, 2017

ထမနဲ (အလွယ်နည်း) - ငါးထမင်းနယ် - ငါးခူမွကြော်သုပ် - ၀က်ကြွပ်ကြော်






ထမနဲ (အလွယ်နည်း)


လွယ်ကူပြီး အချိန်အကြာကြီး ထိုးစ၇ာမလိုပဲ စားလို့ ကောင်းတဲ့ ထမနဲ ထိုးနည်းပါ။

တပို့ တွဲ လပြည့်နေ့ေ၇ာက်ခါနီးတော့ ထမနဲ စမ်းထိုးကြည့်တယ်။ ၂ ခါမြောက်မှာ အ၇သာရှိပြီး လွယ်ကူတဲ့ နည်းကို ၇လို့ မျှဝေတာပါ။ အိစံကတော့ ကောက်ညှင်းအမည်းနဲ့ လုပ်တဲ့ ထမနဲ ကိုကြိုက်တော့ ကောက်ညှင်းအမည်းကိုပဲသုံးထားပါတယ်။ ကောက်ညှင်းအမည်းနဲ့ ဆိုတော့ နှမ်းကိုလဲ အဖြူကိုပဲ သုံးထားပါတယ်။ ဒီ နည်းက အမ၀မ်းကွဲ တယောက် ကသင်ပေးထားတာပါ။

ပါဝင်သောပစ္စည်းများ
၁။ ကောက်ညှင်းအမည်း (သို့ ) အဖြူ - ဆန်ချိန်ခွက် ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ ဆန်ချိန်ခွက်)
၂။ နှမ်းအဖြူ - ထမင်းစားဇွန်း ၂ ဇွန်း
(ကောက်ညှင်း အဖြူကို သုံးလျှင် နှမ်း အမည်း ထမင်းစားဇွန်း ၁ ဇွန်း နှင့် နှမ်းအဖြူ ထမင်းစားဇွန်း ၁ ဇွန်း)
၃။ အုံးသီး အဖတ်- ၁ ခွက် (သို့ ) လက်တဆုပ်စာ
၎။ မြေပဲ - ခွက် တ ၀က်
၅။ ဂျင်း - လက်တဆစ်
၆။ ဆီ - ခွက် လေးပုံ သုံးပုံ
၇။ ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ

ပြုလုပ်နည်း
၁။ ဂျင်းကို အချောင်းလေးများဖြစ်အောင် လှီးထားပါ။ မြေပဲ တ၀က်ကို ထောင်းထားပါ။ (အ၇မ်းညက်စ၇ာမလိုပါ။) နောက်ထပ် မြေပဲ တ၀က်ကို အလုံးကွဲ၇ုံ ပဲ ထောင်းပါ။
၂။ ကောက်ညှင်း အမည်းကို ပေါင်းအိုးထဲမှာ ထည့်ရ်ျေ၇အမှတ် ၄ မှာထားပြီး ထမင်းချက်တဲ့ အတိုင်းချက်ပါ။ ကောက်ညှင်းကျက်လျှင် ၁၅ မိနစ် ခန့် အဖုံးမဖွင့်ပဲ နှပ်ထားပါ။ (ရေနည်းနည်း ကျန်နေတတ်ပါတယ်။)
၃။ ထမနဲ ထိုးမည့် ဒယ်အိုးထဲ တွင် ဆီထည့်ရ်ျ ဆီ ကျက် လာလျှင် အုံးသီးဖတ် များထည့်ကြော်ပါ။ အနီေ၇ာင် သန်းလာလျှင် အုံးသီးဖတ်များကို ဆယ်ထားပါ။
၎။ အုံးသီးဖတ် ကြော်ထားသော ဆီထဲကို ဂျင်း ထည့်ပါ။ ဂျင်း အနံ မွှေးလာလျှင် ချက်ထားသော ကောက်ညှင်းများကို ထည့်ပါ။ ထမင်းအိုးထဲ မှာ ရေအနည်းငယ် ကျန်နေခဲ့ လျှင် အဲေ၇ကိုပါထည့်ရ်ျ လုံးပါ။ ဆားထည့်ပါ။ ၅ မိနစ်လောက် လုံးပြီးလျှင် အနည်းငယ် ညက်အောင်ထောင်းထားသော မြေပဲများကိုထည့်ပါ။ ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ရေခြောက်ပြီး ကောက်ညှင်း များ လုံးလာပြီး ဆီပြန်လာသည်အထိ ထိုးပါ။
၅။ ရေခြောက်ပြီး ကောက်ညှင်းများလုံးလာလျှင် နှမ်း၊ အလုံးကွဲ၇ုံထောင်းထားသောမြေပဲ နှင့် ကြော်ထားသော အုံးသီးဖတ် တ၀က်ကို ထည့်ရ်ျ မွှေပါ။ အကုန် နှံ့ လျှင် မီးဖိုပေါ်မှ ချပါ။
၆။ ပန်းကန်ထဲတွင်ထမနဲ ကို ထည့် ချန်ထားသော အုံးသီးဖတ်ကြော်ကို အပေါ်က ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

(၁ ခွက်= 1 cup= 240 ml, ထမင်းစားဇွန်း = 1 tablespoon = 15ml, လက်ဖက်၇ည်ဇွန်း= 1 teaspoon = 5 ml)

No comments: