Tuesday, February 7, 2017

ငါ့ဒူးဘာကြောင့်နာရသလဲ ?

ငါ့ဒူးဘာကြောင့်နာရသလဲ ?


.................................. #ဒေါက်တာခင်မိုးမိုး

လှုပ်လှုပ်ရှားရှားနေထိုင်တာက သင့်အဆစ်တွေနဲ့ ခန္ဓာကိုယ်တစ်ခုလုံးအတွက် အလွန်ကောင်းပေမယ့် ထိခိုက်ဒဏ်ရာရခဲ့ရင်တော့ သင့်ဒူးတွေက အရင်ဆုံးခံရတဲ့ အထဲမှာပါပါတယ်။ ဒူးနဲ့ပတ်သက်ပြီး အဖြစ်အများဆုံး ပြဿနာတွေထဲမှာ

အရွတ် ဒဏ်ပိတာ၊ အရွတ်ရောင်ရမ်းတာနဲ့ အရိုးနုစုတ်ပြဲတာတွေပါဝင်ပါတယ်။ သင့်ဒူးခေါင်းက အရင်က ဒဏ်ရာရခဲ့ဖူးပြီး ကုသမှုထိထိရောက်ရောက်မံယူထားရင် မကြာခဏ ဒဏ်ရာပြန်ရပြီး တစ်ချိန်လုံး ဒူးနာနေတတ်ပါတယ်။

ဒူးခေါင်းနာရသည့်အကြောင်းရင်းများ

၁။ Bursitis (အဆီအိတ်ရောင်ရမ်းခြင်း)

Bursa ဆိုတာ အဆစ်အပေါ်ဘက် အရေပြားအောက်မှာရှိနေတဲ့ အဆီအိတ်လေးဖြစ်ပြီး အဆစ်ရွေ့လျားမှုလုပ်တိုင်း ပွတ်တိုက်မှုမရှိအောင် ကာကွယ်ပေးထားပါတယ်။ သူ့ကို အသုံးပြုဖန်များလွန်းတာ၊ လိမ့်ကျတာ ဒါမှမဟုတ် မကြာခဏ ဒူးကွေးရတာ၊ ဒူးထောက်ရတာကြောင့် ဒူးဆစ်ဖုံးအပေါ်မှာရှိတဲ့ Bursa ဟာ ပွတ်တိုက်ခံရတာများလာပြီး ရောင်ရမ်းမှုဖြစ်လာကာ ဒူးဆစ်ရောင်ရမ်းနာကျင်လာတယ်။
...
၂။ ဒူးဆစ်ဖုံးပြုတ်သွားခြင်း (Dislocated Kneecap)

ဒူးဆစ်ဖုံးပြုတ်ထွက်သွားတာကြောင့် ဒူးဆစ်ရောင်ရမ်းပြီး နာကျင်မှု ဖြစ်တာပါ။ Patellardislocation လို့လည်း ခေါ်ပါတယ်။
...
၃။ Sliotibial (IT)Band Syndrome

Sliotibial ဆိုတာက ပေါင်ကနေ ဒူးခေါင်းအပြင်ဘက်ကို ဆက်သွယ်ထားတဲ့အရွတ်ပါ။ လှုပ်ရှားမှု လွန်သွားတဲ့အခါမှာ ရောင်ရမ်းမှုဖြစ်လာပြီး ဒူးခေါင်းအပြင်ဘက်မှာ နာကျင်မှုဖြစ်တာပါ။ တောင်ဆင်းလမ်းမှာ ပြေးရတဲ့သူတွေမှာ  အဖြစ်များပါတယ်။
...
၎။ အရိုးနုအစပြုတ်ထွက်ခြင်း (Loose Cartilage)

တစ်ခါတစ်ရံမှာ ဒူးကို ထိခိုက်ဒဏ်ရာရမိတာကြောင့် အရိုးနုအစအပိုင်းတွေ ပြုတ်ထွက်လာပြီးအဆစ်အတွင်း ရောက်ရှိသွားတာကြောင့် ရောင်ရမ်းတာနဲ့ နာကျင်တာတွေ ဖြစ်လာပါတယ်။ ဒူးကို လှုပ်ရှားမှုပြုလုပ်တိုင်း ဒူးနာတတ်တဲ့ အမျိုးအစားပါ။
...
၅။ Osgood-Schlatter Disease

ဒူးဆစ်အတွင်းက အရိုးနဲ့ တခြားအစိတ်အပိုင်းတွေ ပြောင်းလဲမှုဖြစ်သေးတဲ့ အသက်ငယ်ရွယ်သူတွေမှာ ဖြစ်တတ်တဲ့ ပြဿနာပါ။ ဒူးဆစ်ဖုံးက အရွတ်တွေ အရေပြားနဲ့ တွယ်ဆက်နေတဲ့ ဒူးခေါင်း အောက်နေရာမှာ အဖု(Bump)ပေါ်လာပြီး နာကျင်တာပါ။ လေ့ကျင့်ခန်းအလွန်အကျွံလုပ်သူတွေက ဒီနေရာကို ပွတ်တိုက်မိဖန်များတာကြောင့် ဖြစ်တာပါ။ ဆယ်ကျော်သက်အရွယ်တွေမှာ အဖြစ်များပါတယ်။
...
၆။ အရိုးအဆစ်ရောင်ခြင်း

အသက် ၅၀ ကျော်မှာ အဖြစ်များတဲ့ ပြဿနာပါ။ လှုပ်ရှားမှုပြုလုပ်တဲ့အခါတိုင်း အဆစ်က ရောင်ပြီး ကိုက်ခဲတာပါ။ အရိုးအဆစ်ရောင်ရောဂါကြောင့် ဖြစ်တဲ့ အဆစ်တိုင်း မနက်အိပ်ရာထခါစမှာ တောင့်တင်းနေတတ်ပါတယ်။
...
၇။ ဒူးခေါင်းဖုံးအရွတ်ရောင်ရမ်းခြင်း(Patellar Tendinitis)

ဒူးခေါင်းနဲ့ ခြေသလုံးရိုးကို ဆက်သွယ်ထားတဲ့ အရွတ်ရောင်ရမ်းမှု ဖြစ်တာပါ။ လေ့ကျင့်ခန်းအလုပ်လွန်တာကြောင့်ပါ။ ကြိုးခုန်တာလိုမျိုး မကြာခဏ ခုန်ရတဲ့ လှုပ်ရှားမှုမျိုးကြောင့် ဖြစ်တဲ့အတွက် Jumper's knee လို့လည်း ခေါ်ပါတယ်။

၈။ Patellofemoral Pain Syndrome
 ခြေထောက်အတွင်း ကြွက်သားထု တစ်ခုနဲ့တစ်ခု အရွယ်ပမာဏချင်းမတူညီ တာ၊ တင်းနေတာနဲ့ Alignment ပြဿ နာကြောင့်ဖြစ်တဲ့ ပြဿနာပါ။ သင့်ဒူး ခေါင်းက သင်ရဲ့ ခန်္ဓာကိုယ်အလေးချိန် ကို ထမ်းမထားနိုင်တဲ့အတွ

က်ကြောင့်ပါ။ ထိခိုက်ဒဏ်ရာရတာကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒီပြဿနာဟာ အမျိုးသမီး တွေမှာ ပိုအဖြစ်များပါတယ်။
..........

ဒူးခေါင်းဒဏ်ရာရရင် ဘယ်လိုခံစားရသလဲ?

ဒူးခေါင်းနာကျင်တဲ့ဝေဒနာက သင် ဖြစ်တဲ့ ပြဿနာပေါ်မူတည်ပြီး ကွဲပြားသွားပါတယ်။ များသောအားဖြင့် -
► ခြေထောက်ကွေးတာ(အထူးသဖြင့် လှေကားအဆင်း) ဒါမှမဟုတ် ဆန့်တာတွေ ပြုလုပ်ချိန်မှာ နာကျင်ခြင်း၊
► ရောင်ရမ်းခြင်း
► ဒူးခေါင်းက ကိုယ်အလေးချိန်ကို ထမ်းမထားနိုင်ခြင်း
► ဒူးခေါင်းရွေ့လျားဖို့ ခက်ခဲခြင်း

ဒီလိုပြဿနာတွေဖြစ်ခဲ့ရင်ဆရာဝန်နဲ့ပြသပြီး သင့်ဒူးခေါင်းကို စစ်ဆေးပါ။
..........

ဒူးခေါင်းနာကျင်တဲ့ဝေဒနာ သက်သာအောင် 

သင်ရဲ့ ဒဏ်ရာရတဲ့အခြေအနေပေါ် မူတည်ပြီး ကုသမှု ကွဲပြားသွားနိုင်ပါတယ်။ နာကျင်မှုဝေဒနာ အမြန်သက်သာအောင် -

► ဒူးခေါင်းကို အနားပေးပါ။
► ရေခဲကပ်ပါ။ တစ်ကြိမ်ကို ၁၅-၂၀ မိနစ်အထိ လေးနာရီကြာတိုင်း ကပ်ပေးပါ။ ဒူးနာတာ ပျောက်တဲ့အထိ ၂-၃ရက်လောက်ပြုလုပ်ပေးရပါမယ်။
► ဒူးကို ဖိအားပေးပါ။
► ကျုံ့နိုင်ဆန့်နိုင်တဲ့ပတ်တီး ဒါမှမဟုတ် ဒူးခေါင်းအစွပ်နဲ့ ဒူးကို စွပ်ထားပေးတာက ရောင်ရမ်းမှုတွေ သက်သာစေနိုင်ပါတယ်။
► ဒူးခေါင်းကိုမြှင့်တင်ထားပါ။ သင်ထိုင်နေစဉ် ဒါမှမဟုတ် လဲလျောင်းနေစဉ် မှာ ဒူးခေါင်းအောက်မှာ ခေါင်းအုံးတစ်လုံး ခုထားပေးပါ။
► ရောင်ရမ်းမှုပျောက်ဆေးတွေ မှီဝဲပါ။
► ဒူးသန်မာတဲ့လေ့ကျင့်ခန်းနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းကိုပြုလုပ်ပေးပါ။ (ဒူးလေ့ကျင့်ခန်းကို Good Health Journal အပတ်စဉ် (၆၂၃၊ ၄-၁-၂၀၁၇ထုတ်)မှာ ဖော်ပြပေးထားပါတယ်.. https://www.facebook.com/permalink.php?story_fbid=933493223418437&id=390774211023677 )
► တချို့ဒူးနာတဲ့ဝေဒနာရှင်တွေအနေနဲ့ ဒီလိုပြုလုပ်တာနဲ့ မပျောက်ကင်းတတ်ကြပါဘူး။ ဥပမာအားဖြင့် အဆီအိတ်ရောင်ရမ်းတာကြောင့်ဖြစ်ရင် ဒူးခေါင်းအဆီအိတ်ထဲက အရည်တွေကို စုပ်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ အဆစ်ရောင်တာေ

ကြာင့်ဖြစ်ရင် စတီးရွိုက်ထိုးဆေးအသုံးပြုဖို့ လိုအပ်နိုင်ပါတယ်။ အရွတ်စုတ်ပြဲတာ ဒါမှမဟုတ် ဒူးခေါင်းဒဏ်ရာရတာကြောင့် ဖြစ်ရင်ခွဲစိတ်ကုသဖို့လိုအပ်နိုင်ပါတယ်။
..........

ဒူးနာတဲ့ဝေဒနာ ဘယ်တော့သက်သာလာနိုင်မလဲ?

ဝေဒနာသက်သာတာကတော့ ထိခိုက်ဒဏ်ရာရတဲ့အခြေအနေပေါ်မှာ မူတည်ပါတယ်။ တချို့လူတွေက တခြားသူတွေထက် ပျောက်ကင်းနှုန်းမြန်ဆန်တတ်ကြပါတယ်။ ဒူးနာတဲ့ဝေဒနာ သက်သာပေမယ့်လည်း ဒူးနာဝေဒနာ ပိုမဆိုးသွား

အောင်တော့ ထပ်မံဂရုစိုက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် အပြေးကစားသမားတွေက ရေကူးလေ့ကျင့်ခန်းပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဒူးခေါင်းဟာ ခန္ဓာကိုယ်အတွင်းမှာ အကြီးမားဆုံးအဆစ်ဖြစ်ပြီး လမ်းလျှောက်တာ၊ ပြေးတာနဲ့ လေ့ကျင့်ခန်းပြုလုပ်တာတွေကြောင့် နေ့စဉ် နေ့တိုင်း ဒဏ်ပိခံနေရပါတယ်။ ဒါကြောင့် ဒူးခေါင်းတစ်ဖက် ဒါမှမဟုတ် နှစ်ဖက်ဒဏ်ရာရခဲ့ရင် ဒူြး

ပန်လည်လှုပ်ရှားနိုင်အောင်ပြုလုပ်ဖို့လိုအပ်ပါတယ်။ အလွန်အမင်းနာကျင်နေရင် ဒါမှမဟုတ် ဒူးခေါင်းကို ရွေ့ လျားမှုမပြုလုပ်နိုင်ရင် ဆရာဝန်နဲ့ ပြသပြီး ချက်ချင်းကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဝေဒနာအဲဒီလောက်မဆိုးခဲ့ရင်တော့ RICE

နည်းလမ်းကို အသုံးပြုပေးရပါမယ်။ R = Rest (အနားပေးတာ)၊ I= Ice (ရေခဲကပ်တာ)၊ C=Compression (ဒူးစွပ်ဝတ်တာ)၊ E=Elevation (ဒူးခေါင်းကိုမြှင့်တင်ထားတာ)ပဲဖြစ်ပါတယ်။ အောက်ပါလက္ခဏာတွေ ရှိမှသာ သင်ရဲ့ ပုံမှန်

နေ့စဉ်လုပ်ငန်းတွေကို ပြုလုပ်သင့်ပါတယ်။

► သင့်ဒူးခေါင်းကွေးစဉ် ဒါမှမဟုတ် ဆန့်စဉ်မှာ ဒူးခေါင်းနာကျင်မှုမရှိတော့ရင်
► သင်လမ်းလျှောက်တာ၊ လမ်းမြန်မြန်လျှောက်တာ ဒါမှမဟုတ် ခုန်နေစဉ်မှာ ဒူးခေါင်းနာကျင်မှုမရှိတော့ရင်
► သင့်ဒဏ်ရာရဒူးခေါင်းက တခြားဒူးတစ်ဖက်လို သန်မာနေခဲ့ရင်
► ဒူးခေါင်းနာကျင်မှုဝေဒနာ ကောင်းကောင်း မပျောက်သေးဘဲ ဒူးကို ပြန်လည်အသုံးပြုရင် နောက်ထပ်ဒဏ်ရာ ပြန်လည်ရရှိဖို့ အလွန်လွယ်ကူနိုင်တာကြောင့်ပါ။
..........

ဒူးမနာအောင် ဘယ်လိုကာကွယ်မလဲ?

ဒူးနာရတဲ့အကြောင်းရင်းအားလုံးကို မကာကွယ်နိုင်ပေမယ့် ဒူးနာတာနည်းပါးအောင်တော့ အောက်ပါနည်းလမ်းတွေ ပြုလုပ်ပေးနိုင်ပါတယ်။

► သင့်ဒူးခေါင်းနာကျင်နေရင် လေ့ကျင့် ခန်းလုပ်တာ ရပ်လိုက်ပါ။
► ဒူးလေ့ကျင့်ခန်းတွေကို ပြုလုပ်ရင် တဖြည်းဖြည်းနဲ့ တိုးပြီး ပြုလုပ်သွားပါ။
► လေ့ကျင့်ခန်းမပြုလုပ်ခင်နဲ့ ပြုလုပ်ပြီးတိုင်း ခြေထောက်ဆွဲဆန့်လေ့ကျင့်ခန်း ပြုလုပ်ပါ။
► ဘုရားရှိခိုးတာလိုမျိုး မကြာခဏ ဒူးထောက်တဲ့အနေအထားတွေ ပြုလုပ်ရမယ်ဆိုရင် ဒူးစွပ်စွပ်ထားပါ။
► သင့်ခြေဖ၀ါးနဲ့သင့်တော်ပြီး ခြေထောက်ကို အထောက်အပံ့ပေးနိုင်မယ့် ဖိနပ်ကိုသာ စီးပါ။
► ပေါင်ကြွက်သားတွေ သန်မာအောင် ဆွဲဆန့်လေ့ကျင့်ခန်းနဲ့ ကြွက်သားသန်မာစေတဲ့လေ့ကျင့်ခန်းတွေ ပြုလုပ်ပါ။
► သင်ကအ၀လွန်နေခဲ့ရင် ကိုယ်အလေးချိန်ကိုလျှော့ချပါမှ ဒူးဆစ်အပါအ၀င် ခန်္ဓာကိုယ်ရဲ့အဆစ်အားလုံးအပေါ်မှာ ဖိအားသက်ရောက်မှုနည်းသွားမှာပါ။

#ဒေါက်တာခင်မိုးမိုး
Good Health Journal 626

Credit:
https://www.facebook.com/Good-Health-Journal-390774211023677/

No comments: