Sunday, October 12, 2014

Facebook မှ Content များကို သိမ်းဆည်းနည်း လေးနည်း



Facebook မှာ ဆောင်းပါးတစ်ပုဒ် ၊ သတင်းတစ်ပုဒ်ကို တွေ့မြင်ပြီး ဖတ်ချင်ပေမယ့် အချိန်မရတော့တဲ့ အခြေအနေမျိုးတွေ ကြုံတွေ့ရဖူးမှာပါ။ ဒီလို အခြေအနေမျိုးမှာ Facebook မှ Content များကို သိမ်းနည်းများက အရေးပါလာပါပြီ။ ဒီဆောင်းပါးမှာတော့ အလွယ်ကူဆုံး နည်းလမ်း လေးခုကို ရေးသားပေးလိုက်ပါတယ်။ 

Facebook ရဲ့ စွမ်းဆောင်ချက် အသစ်ကို အသုံးပြုပါ။

-------------------------------------------------------------
Facebook က မကြာမီကပဲ Save on Facebook လို့ ခေါ်တဲ့ Tool အသစ်ကို Desktop နဲ့ Mobile နှစ်မျိုးစလုံးမှာ မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ချက်က Facebook မှ Content များကို အလွယ်ကူဆုံး သိမ်းဆည်းပေးနိုင်လို့ လူများစွာက နှစ်သက်ကြပါတယ်။ ဒါ့အပြင် သင်သိမ်းဆည်းထားတဲ့ အရာများကို ပြန်လည် ဖတ်ရှုဖို့ သင့်ကို အသိပေးမှာ ဖြစ်ပါတယ်။

Facebook မှာ ဆောင်းပါးတစ်ပုဒ်ကို သိမ်းဆည်းဖို့အတွက် Status ရဲ့ ညာဘက်အပေါ်ထောင့်မှ အောက်စိုက်နေတဲ့ မျှားကို နှိပ်ပါ။ Save “ Name of Article” ကိုရွေးချယ်ပါ။ သိမ်းဆည်းထားတဲ့ ဆောင်းပါးကို ပြန်လည် ဖတ်ရှုဖို့ ဘယ်ဘက် Sidebar မှ Saved ကဏ္ဍကို သွားရမှာ ဖြစ်ပါတယ်။

Facebook က Links, Places, , Movies, TV, Music, Events နဲ့ အခြားအရာများကို သိမ်းဆည်းဖို့ ပြုလုပ်ထားပေမယ့် ဓါတ်ပုံများလို အချို့ အရာများကို သိမ်းဆည်းခွင့် မပေးထားပါဘူး။

ကန့်သတ်ချက်က ဒီလိုပါ။ Status မှာ Link Preview မပါရင် သိမ်းလို့ မရပါဘူး။
Facebook ရဲ့ စွမ်းဆောင်ချက် အသစ်က Built-In ပါရှိပြီး အခြား Third-Party Tools များမလိုအပ်တာက ကောင်းမွန်ပါတယ်။ ဒါပေမယ့် Content အမျိုးအစားအားလုံးကို သိမ်းဆည်းပေးနိုင်ခြင်း မရှိပါဘူး။

Facebook Favorite( Chrome Extension)
-----------------------------------------------------
Facebook မှ Content အားလုံးကို သိမ်းပေးနိုင်တာက Facebook Favorite ဆိုတဲ့ Chrome Extension ပါ။ Extension ကို ဘရောက်စာမှာ အင်စတော လုပ်ပြီးရင် Toolbar မှာ f စာလုံးနဲ့ ကြယ်ပုံလေးကို ပြသပေးမှာ ဖြစ်ပါတယ်။ Facebook ရဲ့ Home Page ကို Refresh လုပ်ပေးပါ။ ပြီးရင်တော့ Status တိုင်းရဲ့ အောက်ခြေမှာ Favorite ဆိုတဲ့ ခလုတ်ကို မြင်တွေ့ရမှာပါ။ အဲဒီခလုတ်ကို နှိပ်ပြီး လွယ်ကူစွာ သိမ်းဆည်းနိုင်ပါတယ်။

သိမ်းထားတဲ့ အရာများကို ပြန်လည် ကြည့်ချင်ရင် Toolbar မှ Facebook Favorite Icon ကိုနှိပ်ပါ။ ဒါဆိုရင် နောက်ထပ် Tab တစ်ခုဖွင့်ပေးပြီး သိမ်းထားတဲ့ အရာများကို List အနေနဲ့ ပြသပေးမှာပါ။ လင့်များကို နှိပ်ပြီး သက်ဆိုင်ရာ ဆောင်းပါး ၊ သတင်းများကို ဖတ်နိုင်ပါတယ်။

Evernote and Skitch
---------------------------
Evernote နဲ့ Skitch က Facebook မှသာမက အင်တာနက် စာမျက်နှာတိုင်းမှ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ ၊ ဗီဒီယို အားလုံးကို သိမ်းနိုင်ပါတယ်။ သိမ်းထားတာတွေကို Evernote Website , Mobile App, Desktop App အားလုံးမှာ Sync လုပ်ပြီး ပြန်လည် ကြည့်ရှုနိုင်ပါတယ်။
Skitch ကို Evernote ကပဲ တီထွင်ပေးထားတာ ဖြစ်ပြီး Screenshot ရိုက်နိုင်ပြီး ဓါတ်ပုံပေါ်မှာ စာရေးတာ၊ ပုံဆွဲတာတွေ ပြုလုပ်နိုင်ပါတယ်။
အဲဒီ Tool နှစ်ခုကို ပေါင်းစပ် အသုံးပြုရင် Facebook မှ Content များကိုသိမ်းနိုင်ရုံသာမက Edit ပြုလုပ်နိုင်အုံးမှာပါ။
Desktop အသုံးပြုသူများအတွက် Evernote Browser Extension ကို အသုံးပြုနိုင်ပါတယ်။ သိမ်းချင်တဲ့ Facebook Post မှ အချိန် သို့မဟုတ် နေ့ရက်ကို နှိပ်ပြီး Browser Toolbar ပေါ်မှ Extension Icon ကို နှိပ်လိုက်တာနဲ့ လွယ်ကူစွာ သိမ်းနိုင်ပါပြီ။
မိုဘိုင်းဖုန်းများမှာတော့ သိမ်းချင်တဲ့ အရာကို အီးမေးပို့ပါ။ သင့်ရဲ့ Evernote Email ထံသို့ ပေးပို့ပြီးသိမ်းနိုင်ပါတယ်။

Bit.ly
-------
Bit.ly က ၀က်ဆိုက် လိပ်စာများကို မှတ်ရလွယ်အောင် အတိုကောက် ပြုလုပ်ပေးတာပါ။ အဲဒီဝန်ဆောင်မှုက သူ့ရဲ့ အဓိက အလုပ်ဖြစ်ပေမယ့် Facebook မှ Content များကိုလည်း Bit.ly လိပ်စာများအဖြစ် ပြုလုပ်ပြီး သိမ်းပေးနိုင်ပါတယ်။ Bit.ly မှာ အကောင့်တစ်ခု ပြုလုပ်ပြီး Login ၀င်ပါ။ ဘယ်ဘက် Sidebar မှ Bundles ကိုနှိပ်ပြီး နာမည်နဲ့ အကြောင်းအရာတစ်ခု သတ်မှတ်ပေးပြီး Bundle တစ်ခု ပြုလုပ်ပါ။ ပြုလုပ်ထားတဲ့ Bundle တစ်ခုမှာ Facebook မှ Content များရဲ့ လိပ်စာကို ထည့်ပေးပြီး သိမ်းနိုင်ပါတယ်။ Facebook Post တစ်ခုရဲ့ အချိန် သို့မဟုတ် နေ့ရက်ကို နှိပ်ရင် Address Bar မှာ အဲဒီ Post ရဲ့ လိပ်စာကို သိနိုင်ပါတယ်။ Bundle တစ်ခုမှာ Content များစွာ သိမ်းနိုင်ပါတယ်။
သိမ်းထားတဲ့ အရာများကို လုံခြုံစေဖို့ ညာဘက်မှ Make Private ကို နှိပ်ပါ။ Bit.ly မှာ အရင်သိမ်းထားတဲ့ ဆောင်းပါးများကိုလည်း ရှာဖွေပြီး Bundle မှာ သိမ်းနိုင်ပါတယ်။

Facebook ဟာ သတင်းများ၊ ဆောင်းပါးများကို ဖတ်ရှုဖို့အတွက် အလွန်ကောင်းတဲ့ အရင်းအမြစ်တစ်ခုပါ။ ဖတ်ဖို့ အချိန်မရတဲ့ အခြေအနေမှာ အပေါ်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးခုက အသုံးဝင်မှာ ဖြစ်ပါတယ်။ သင်နဲ့ အသင့်တော်ဆုံး နည်းလမ်းကို ရွေးချယ်အသုံးပြုပါ။

Credit: Online Blog

No comments: