Saturday, November 17, 2012

G-mail Inbox


သူများကိုယ့် E-mail ကိုဖတ်မဖတ်
ကိုယ့်သူငယ်ချင်းစီကိုမေးလ်ပို့တာပဲဖြစ်ဖြစ် ၊ မိတ်ဆွေတွေ ချစ်သူ စသဖြင့် ကိုယ်အရေးတယူအီးမေးလ်ပို့ထား သူများက ကိုယ်ပို့ထားတဲ့ email ကိုဖတ်မဖတ်သိရအောင် လုပ်တဲ့နည်းလေးပါ။ အားလုံးအတွက် အတော်အသုံးဝင်မှာပါ။
ဆိုက်လေးရဲ့လိပ်စာက www.spypig.com ဖြစ်ပါတယ်။ အဲဒီကိုအရင်သွားလိုက်ပါ။ စမ်းကြည့်တော့မယ်ဆိုရင် ကိုယ့်မေးလ်အကောင့်လေးတွေကို ကြိုဖွင့်တားကြပါ။ ပြီးရင်ကိုယ်ပို့ချင်တဲ့သူရဲ့ Email ကို Compose Mail အနေနဲ့ ထားထားပါ။ စာကတော့ ကိုယ်ရေးချင်တာရေးပေါ့နော်။

ဆိုက်လေးရဲ့ Homepage ကိုရောက်ရင် ပုံမှန်အီးမေးလ်ပို့လို့ရတဲ့အနေအထားအတိုင်းမြင်ရမှာပါ။

(၁) ပထမဆုံး Your E-mail Address နေရာမှာ အသုံးပြုသူရဲ့ Mail address (eg. zawgyi@gmail.com) ကိုဖြည့်လိုက်ပါ။
(၂) ပြီးတော့ အဆင့်နှစ်နေရာမှာတော့ ကိုယ့် Message Title ပေါ့နော်။
(၃) အဆင့်သုံးမှာတော့ ကိုယ်ပို့မယ့် မေးလ်ထဲမှာထည့်ပေးလိုက်မယ့် ပုံလေးကို ရွေးပေးရပါမယ်။
(၄) ပြီးရင်တော့ အဆင့်လေးအနေနဲ့ Click to Create My SpyPig ဆိုတဲ့ Icon လေးကိုနှိပ်ပေးလိုက်ပါ။ပြီးရင် အောက်မှာ Window သေးသေးလေးထဲမှာ နံပါတ်လေးတွေအစဉ်လိုက် Count Down အနေနဲ့ တစ်မိနစ်နီးပါးပြနေပါလိမ့်မယ်။ 

အဲဒီကိုယ်ရွေးထားတဲ့ Spying Image လေးကို (ကျွန်တော်ကတော့ အဖြူဗလာကွက်လေးရွေးထား) Copy လုပ်ပြီး ကိုယ်ပို့မယ့် Email ထဲကို Paste လုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ပုံမှန်စာပို့နေကျအတိုင်းပဲ ကိုယ့် Mail ထဲက Send Button လေးကိုနှိပ်ပေးလိုက်ပါ။ 

အားလုံးပြီးသွားရင်တော့ စောင့်နေရုံပဲ ကျန်ပါတော့တယ်။ ကိုယ်ပို့လိုက်တဲ့ E-mail ကိုသူ ဘယ်အချိန်မှာ ဘယ်နှစ်ကြိမ်ဖတ်လဲ၊ ဘယ် IP Addressနဲ့ ဖတ်လဲဆိုတာကအစ ဒီ Spy Pig လေးက ကိုယ့်ဆီကို သတင်းပြန်ပို့ပါလိမ့်မယ်။ သတင်းပို့တဲ့အခါမှာလည်း ကိုယ့် E-mail ထဲကိုပဲ အချက်အလက်တွေ တိုက်ရိုက်ပို့ပေးတာဖြစ်တဲ့အတွက် ဘာအလုပ်မှမရှုပ်ဘဲ အတော့်ကိုအဆင်ပြေပါတယ်။

မြန်မာစာအခြားဖောင့်များမှ ဇော်ဂျီဖောင့်ပြောင်းပုံ
Win – Innwa , Win-Kalaw, Parabaik, Myazedi စတဲ့ မြန်မာ Font တွေကနေ ဇော်ဂျီ Font ကိုပြောင်းလဲပေးတဲ့ Font Convertor လေးပါ။

အောက်ပါ Link အတိုင်းသွားရောက်အသုံးပြုနိုင်ပါတယ်။


ကိုယ်ပြောင်းလဲချင်တဲ့ စာလုံးတွေကြားထဲမှာ Comma တို့ Space တို့ ရှိမနေရပါဘူး။ အဲဒါမှ အဆင်ပြေပြေနဲ့ ပြောင်းလဲနိုင်မှာပါ။
ဇော်ဂျီဖောင့်ကနေ တခြားဖောင့်ကိုပြောင်းချင်ရင် အပေါ်နားက Down Arrow လေးကိုနှိပ်ပြီး ပြန်ပြောင်းနိုင်ပါတယ်။

Virus ရှိ၊မရှိ စစ်မယ်ဆိုရင်
တကယ်ထိရောက်တဲ့နည်းလို့ မဆိုနိုင်ပေမယ့် ခန့်မှန်းနိုင်တဲ့နည်းလမ်းလေးပါ။
Start>Run>cmd ရိုက်ထည့်ပါ။ Command prompt ပေါ်လာပါမယ်။ cd\ ရိုက်ထည့်ပါ။ Enter နှိပ်ပါ။

ဒါအဆိုရင် please go to the Control Panel to install and configure system components ဆိုပြီး Dialog box လေးပေါ်လာရင် Virus မရှိပါဘူး။

မပေါ်ခဲ့ရင်တော့ Virus ရှိနေပါပြီ...။

အရုပ်ပါမြင်ရမှ ကျေနပ်မယ်ဆိုသူများအတွက် Videogtalk
Google က အသစ်ထပ်လုပ်လိုက်တာပါ။

Gmail မှာ Video ရတုန်းကတော့ သုံးရတာအဆင်မပြေဘူး။ လုပ်ရတာရှုပ်ပါတယ်။ Videogtalk ကတော့အတော်ကောင်းပါတယ်။ Gmail မှာသုံးရတာအဆင်မပြေသူတွေအတွက် Gtalkကနေ သုံးလို့ရနေပါပြီ။

ဒါပေမဲ့ မိမိသုံးနေကျ Gtalk Software နဲ့သုံးလို့မရပါဘူး။

Video Gtalk Software ကို ပေးထားတဲ့ Website မှာ Download ဆွဲရပါလိမ့်မယ်။ Website ရဲ့ Link ပေးထားပါတယ်။ အသံလည်းကြည်တယ်၊ ရုပ်လည်းပြတ်သားတယ်။ Connection ကောင်းဖို့တော့လိုပါတယ်။

Vzo Chat ကိုသုံးနေတဲ့လူတွေအတွက် သတင်းကောင်းပါ။ http://www.videogtalk.com
မှတ်ချက်။  ။ Videogtalk ကိုလက်တွေ့စမ်းသပ်အသုံးပြုသူတွေက ပြန်လည်အကြောင်းကြားလာပါတယ်။ ဗိုင်းရပ်စ်ပါနေကြောင်း၊ သတိထားပြီး သုံးစွဲကြစေလိုကြောင်း ပြန်လည်သတိပေးလိုက်ရပါတယ်။

Gtalk မှာကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲ စမ်းသပ်နည်း
Gtalk မှာကိုယ် chat မလုပ်ချင်တဲ့၊ မကျေနပ်တဲ့သူကို block လုပ်လို့ရတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။
ကိုယ် block လုပ်ချင်တဲ့သူရဲ့ ID ပေါ်မှာ Righ Click လုပ်ပြီး block ကိုရွေးလိုက်ရုံပါပဲ။ (သူများကိုသာ block လုပ်ချင်တာ.. ကိုယ့်ကို block လုပ်တာကိုတော့ သိပ်ကျေနပ်တာမဟုတ်ဘူး။ ဟုတ်တယ်ဟုတ်?)

အဲဒီတော့ ကိုယ့်ကို block လုပ်ထား၊မထား စစ်ကြည့်လို့ရပါတယ်။

ပထမဆုံး ကိုယ်သိချင်တဲ့သူကို ရွေးပါ။ ပြီးရင် 'Send voicemail' button ကိုနှိပ်ပြီး call လုပ်လိုက်ပါ။ (သူ့ကို offline အနေနဲ့ပဲ မြင်ရမှာမို့ အဲဒီအချိန်မှာ 'Send voicemail' button ပဲပေါ်နေမှာပါ) မိန်းကလေးသံနဲ့ 'The person you are trying to reach is unavailable. Please leave a message..' ဆိုတဲ့အသံ မျိုးကြားရရင်တော့ ကိုယ့်ကို block လုပ်မထားပါဘူး။ တကယ့်ကို offline ဖြစ်နေတာပါ။

အဲလိုမဟုတ်ဘဲ ခေါ်လိုက်တာနဲ့ ကျကျသွားတယ်၊ ဘာသံမှလည်းမကြားရဘူးဆိုရင်တော့...စိတ်မကောင်းပါဘူး...သင့်ကို block လုပ်ထားတာပါ။ ကဲ....ကိုယ့်ကို ဘယ်သူတွေ block လုပ်ထားသလဲသိချင်ရင် စမ်းကြည့်လိုက်ပါလား။ သိလာပါလိမ့်မယ်။

No comments: