Friday, June 8, 2012

ကိုယ်အလေးချိန်လျှော့ချနေစဉ်အတွင်း ပြုလုပ်သင့်တဲ့ Skin Care



စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင်ပဲ ၀ိတ်ကျခြင်း၊ ၀ိတ်တက်ခြင်းတွေဟာ အရေပြားဆန့်တင်းခြင်း၊ ရှုံ့တွခြင်းတွေကို အလျင်အမြန် ဖြစ်ပေါ်စေတဲ့အတွက် အသားအရေပျက်စီးစေနိုင်ပါတယ်။ ဒါဟာ ၀ိတ်လျှော့ရာမှာ လူသိနည်းသလောက် ဂရုမစိုက်မိကြတဲ့ အချက်ပါပဲ။ သင် ၀ိတ်ချနေစဉ်အတွင်း ကိုယ်အလေးချိန်ဟာ မြန်မြန်ဆန်ဆန်ပဲ ကျဆင်းသွားမယ်ဆိုရင် သင့်အရေပြားရဲ့ Elasticity (ကျုံ့ဆန့်နိုင် ခြင်းစွမ်းအင်) တွေ အမှန်တကယ်ဆုံးရှုံးသွားမှာဖြစ်ပြီး အသားအရေဟာ အိတွဲကျလာမှာပါပဲ။ ဒါကြောင့် အရေပြားတွဲကျခြင်းဟာ သင်ထင်ထားသလို အလှကုန်ပစ္စည်းပြဿနာကြောင့်ချည်းပဲ မဟုတ်ဘူးဆိုတာ သတိပြုစေလိုပါတယ်။

ဖြည်းဖြည်းမှန်မှန်
အရေပြားတွဲကျခြင်း ပြဿနာက ကာကွယ်ဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ကိုယ်အလေးချိန်ကို အမြဲတမ်း ထိန်းသိမ်းထားသင့်ပါတယ်။ အရေပြားအလှအပကိုလည်း မထိခိုက်စေဘဲ ၀ိတ်လျှော့ချတဲ့နည်းကတော့ မှန်ကန်တဲ့စားအသောက်ပုံနဲ့ စနစ်ကျတဲ့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို ဖြည်းဖြည်းမှန်မှန် မပျက်မကွက် လုပ်ဆောင်သွားဖို့ပါပဲ။ ဒါကြောင့် မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန်ကျလွယ်တာ ကောင်းတယ်ဆိုတဲ့ အယူအဆကို အခုပဲပြောင်းလဲပစ်လိုက်သင့်ါပတယ်။ ဖြည်းဖြည်းနဲ့မှန်မှန် ကိုယ်အလေးချိန်ကျဆင်းနေတဲ့ ကာလ အတွင်းမှာ သင့်အရေပြားရဲ့ Elasticity တိုးမြှင့်ရေးကို ဂရုပြုစောင့်ရှောက်ရမှာဖြစ်ပြီး အရေပြားကျန်းမာရေးနဲ့ သင့်ရဲ့ကိုယ်အလေးချိန် သစ်ကို Adjust လုပ်ဖို့ အချိန်ပေးရမှာပဲဖြစ်ပါတယ်။

Exercise
ကိုယ်လက်လေ့ကျင့်ခန်းတွေဟာ ၀ိတ်လျှော့မှုမှာသာမက ခန္ဓာကိုယ်ရှိကြွက်သားတွေ သန်မာမှုကိုလည်း အကူအညီပေးပါတယ်။ ကြွက်သားတွေရဲ့တည်ဆောက်ပုံပြောင်းလဲခြင်းကြောင့် သင့်အရေပြား လျော့ကျအိတွဲမှုကို ထိထိရောက်ရောက် တားမြစ်ပေး မှာဖြစ်ပါတယ်။

Skin Care
အဲဒီလိုအရေပြားလျော့တွဲကျမှုကို အကာအကွယ်လုပ်ရမယ့် Skin Care ကတော့ Lotion ဒါမှမဟုတ် အဆီပါဝင်မှုရှိတဲ့ Moisturizer တစ်မျိုးမျိုးကို အရေပြားထဲ စိမ့်ဝင်သွားအောင် လိမ်းပေးဖို့ပါပဲ။ဒါမှသင့်အရေပြားက လိုအပ်တဲ့ ပုံမှန်အစိုဓာတ်ကို ရနေမှာပဲဖြစ်ပါ တယ်။စားသောက်ပုံမှာလည်း အရည်ရွှမ်းတဲ့ သစ်သီးဝလံ၊ ရေဓာတ်ပမာဏ ပိုမိုပါဝင်တဲ့ အစားအစာ(ဥပမာ - အဟာရစွပ်ပြုတ်တစ် မျိုးမျိုး) စတာတွေကို အားပြုစားသုံးပေးရပါမယ်။ အချိန်ရမယ်ဆိုရင် နူးညံ့တဲ့အဆီတစ်မျိုးနဲ့ ခန္ဓာကိုယ်ကိုလိမ်းကျံနှိပ်နယ်ပေးပါ။ Massage လုပ်ခြင်းက အရေပြားရဲ့ Elasticity ကို အထောက်အကူပြုပါတယ်။ ဒါပြင် တစ်ပတ်မှာ(၂)ကြိမ်လောက် အရေပြားကို Scrub လုပ်ပြီး အစိုဓာတ်ပါတဲ့ Moisturizer လိမ်းပေးခြင်းဖြင့် ၀ိတ်ချနေစဉ်အတွင်း သင့်အရေပြားရဲ့ နူးညံ့ချောမွတ်မှုနဲ့ Elasticity ကိုထိန်းသိမ်း ဖို့ အကြံပြုဖော်ပြပေးလိုက်ပါတယ်။

Credit: Fashion IMAGE Magazine – Feb 2012

No comments: