Wednesday, June 20, 2012

မြတ်စွာဘုရား၏ ဓမ္မတာ ၃၀



ဓမ္မတာဆိုတာ လုပ်ရိုးလုပ်စဉ် ဖြစ်ရိုးဖြစ်စဉ်ဆိုတဲ့ အဓိပ္ပာယ်ရမယ်ထင်ပါတယ်။ အခု မြတ်စွာဘုရားရှင်နဲ့ပတ်သက်သော ဓမ္မတာ (၃၀) ကိုဖော်ပြပါရစေ။

မြတ်စွာဘုရား၏ ဓမ္မတာ ၃၀

(၁) မယ်တော်၏၀မ်း၌ ပဋိသန္ဓေနေတော်မူခြင်း၊

(၂) ထက်ဝယ်ဖြင့်သာ အပသို့ မျက်နှာပြုတော်မူခြင်း၊

(၃) မယ်တော်သည် ရပ်လျက်သာ ဖွားတော်မူခြင်း၊

(၄) ဖွားတော်မူပြီးနောက် ရွှေပြားထက်တွင် နင်းတော်မူခြင်း၊

(၅) မြောက်သို့ ၇ဖ၀ါးလှမ်းတော်မူ၍ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်စွာ ၃ခွန်းသောစကားကိုဆိုခြင်း၊

(၆) နိမိတ်ကြီး ၄ပါးထင်၍ သားတစ်ယောက်ဖွားမြင်ပြီးမှ တောထွက်တော်မူခြင်း၊

(၇) ရှေးဦးစွာ ရဟန်းအဖြစ် ခံယူတော်မူခြင်း၊

(၈) အယုတ်အားဖြင့် ၇ရက် ဒုက္ကရစရိယာ ကျင့်တော်မူခြင်း၊

(၉) ဘုရားဖြစ်မည့်နေ့၌ ဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊

(၁၀) မြက်ခင်းပေါ်တွင်နေ၍ ဘုရားဖြစ်တော်မူခြင်း၊

(၁၁) အာနာပါနကမ္မဋ္ဌန်းကို စီးဖြန်းတော်မူပြီး မာရ်စစ်သည်တို့ကို အောင်တော်မူခြင်း၊

(၁၂) ဗောဓိပင်၌သာ ၀ိဇ္ဇာ ၃ပါးကို အစပြု၍ စရဏ စသောဂုဏ်ကျေးဇူးတို့ကို ရတော်မူခြင်း၊

(၁၃) ဗောဓိပင်အနီး၌သာ ၇ရက် ၇လီနေတော်မူခြင်း၊

(၁၄) တရားဟောရန် သဟမ္ပတိဗြဟ္မာမင်း တောင်းပန်ခြင်း၊

(၁၅) မိဂဒါဝုန်၌သာ ဓမ္မစကြာတရားကို ဟောတော်မူခြင်း၊

(၁၆) ပါတိမောက်ကို တပို့တွဲလ၌သာ ပြတော်မူခြင်း၊

(၁၇) ဇေတ၀န်ကျောင်းတော်၌သာ အမြဲနေတော်မူခြင်း၊

(၁၈) သာဝတ္ထိပြည်၌သာ တန်ခိုးပြာဋိဟာကို ပြတော်မူခြင်း၊

(၁၉) တာဝတိံသာနတ်ပြည်၌သာ အဘိဓမ္မာတရားကို ဟောကြားတော်မူခြင်း၊

(၂၀) တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့သာ ဆင်းသက်တော်မူခြင်း၊

(၂၁) ဖလသမာပတ်ကို ၇ရက်တိုင်တိုင် ၀င်စားခြင်း၊

(၂၂) ညဥ့်ဦးယံနှင့် မိုးသောက်ယံတို့၌ အကျွတ်တရားရအံ့သူတို့ကို အမြဲကြည့်ရှုတော်မူခြင်း၊

(၂၃) အကြောင်းရှိလျှင် ရဟန်းတို့အား ၀ိနည်းသိက္ခာပုဒ်တော်တို့ကို ပညတ်တော်မူခြင်း၊

(၂၄) အတ္ထုပ္ပတ္တိရှိလျှင် ဇာတ်တရားကို ဟောကြားတော်မူခြင်း၊

(၂၅) ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌သာ ဗုဒ္ဓ၀င်တရားကို ဟောကြားတော်မူခြင်း၊

(၂၆) အာဂန္တုကရဟန်းတို့နှင့် အစေ့အစပ် ပဋိသန္ဓာရကို ပြုတော်မူခြင်း၊

(၂၇) ၀ါကျွတ်၍ အရပ်တစ်ပါးသို့ကြွလိုသော် ဒါယကာတို့အားပန်ကြားပြီးမှ ကြွတော်မူခြင်း၊

(၂၈) နေ့စဉ်နေ့တိုင်း ဆွမ်းဘုဉ်းမပေးမီ ပရိမဘတ္တကိစ္စ၊ ဆွမ်းဘုဉ်းပေးပြီးနောက် မစ္ဆိမဘတ္တကိစ္စ၊ ညဥ့်ဦးယံ၌ ပထမယာမကိစ္စ၊ သန်းခေါင်ယံ၌ မဇ္ဈိမယာမကိစ္စ၊ မိုးသောက်ယံ၌ မစ္ဆိမယာမကိစ္စတို့ကို ပြုတော်မူခြင်း၊

(၂၉) ပရိနိဗ္ဗာန် စံဝင်တော့မည့်နေ့၌ သားပြွမ်းဆွမ်းကို ဘုဉ်းပေးတော်မူခြင်း၊

(၂၉) ကုဋေ ၂သန်း ၄သိန်းသော ဖလသမာပတ်တို့ကို ၀င်စားပြီး ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း။

စာကြွင်း။  ။ ဗုဒ္ဓဘာသာနှင့်ပတ်သက်သော သိမှတ်ဖွယ် အခြေခံအကြောင်းအရာလေးများအားဆက်လက်ဝေငှပါမည်။

No comments: