Saturday, June 30, 2012

Electronic Transaction Law (Episode II)

အခန်း (၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဖြင့် အထောက်အကူပြုနိုင်ရန်၊

(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအ၀င်ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊

(ဂ) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်းပြည်ပ ဆက်သွယ်ဆာင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ်အချက်အလက်သတင်းလွှာများ၏စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ အကာအကွယ် ပေးနိုင်ရန်၊

(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကိုအသုံးပြု၍ ပြည်တွင်း ပြည်ပအချက်အလက်များကို အချိန်နှင့်တစ်ပြေး ညီ ထုတ်လွှင့်ပေးပို့ခြင်း၊ လက်ခံဖမ်းယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ပြုလုပ်နိုင်ရန်၊

(င) ကွန်ပျူတာ ကန်ွရက်ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်း ပြည်ပ အစိုးရဌာန၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကအဖွဲ့ အစည်းများနှင့် ပုဂ္ဂိုလ်များ ထိရောက်လျင်မြန်စွာ ဆက်သွယ်ပူးပေါင်း ဆောင်ရွက်နိုင်ရန်၊

အခန်း (၃)

သက်ဆိုင်ခြင်း

၎။ (က) ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် ပြည်တွင်း ပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု ၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအ၀င် စီးပွားရေးသက်ဆိုင်သောကိစ္စရပ်များတွင်ဖြစ်စေ၊ စီးပွားရေးနှင့်သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်တွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက် အလက်သတင်းလွှာအမျိုးအစား တစ်မျိုးမျိုးနှင့်သက်ဆိုင်စေရမည်။

(ခ) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင်ကျူးလွန်လျှင်ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့ လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်းကောင်း အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန် လျှင်ဖြစ်စေ ဤဥပေဒနှင့် သက်ဆိုင်စေရမည်။

၅။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ

(က) အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောသေတမ်းစာ၊

(ခ) လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၁၃ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောလွှဲပြောင်းနိုင်သောစာချုပ်စာတမ်း၊

(ဂ) ယုံကြည်အပ်နှံမှု အက်ဥပဒေ ပုဒ်မ ၃ တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသော ယုံကြည်အပ်နှံမှု၊

(ဃ) ကိုယ်စားလှယ်လွှဲပြောင်းခြင်း အက်ဥပဒေအရ ပေးအပ်သော ကိုယ်စားလှယ်စာ၊

(င)ပိုင်ဆိုင်ခွင့်ဆိုင်ရာစာတမ်းအမှတ်အသားများ၊

(စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မှတ်ပုံတင်ရမည်ဟု ပြဋ္ဌာန်းထားသည့် စာချုပ်စာတမ်းများ၊

(ဆ) ၀န်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော ကိစ္စများ။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

No comments: