Wednesday, February 10, 2010

Burmese Recipes

-->
ဟင်းချက်စားတာမှာ အသားဟင်းကြီးပဲချက်စားရင် ၀မ်းချုပ်တတ်တယ်ဆိုတာကတော့လူတိုင်းသိကြပါတယ်။ ဒါကြောင့် ကိုက်လန်လေးပါကြော်စားကြရအောင်။ငါးခေါင်းကိုလည်း ချဉ်ပေါင်ရွက်နဲ့အရည် သောက်လေး မအီ အောင်ချက်ကြမယ်။ပြီးတော့ အငန်အရသာအတွက် ငါးကျည်းကျပ်တိုက်ကို အငန်အရသာလေးကဲပြီးကြော်စား
တာပေါ့နော်။

'ဂလု' လို့ တံတွေးမမျိုချပါဘူးနော်။ အဲဒါမြန်မာ့ဟင်းလျာပွဲမှာလောလောဆယ်ချက်ပြုတ်စားမိတဲ့ ဟင်းအတွဲအစပ်လေး တစ်ခုပါ။

ငါးကျည်းကျပ်တိုက် ငပိချက်
ပါဝင်ပစ္စည်းများ
ငါးကျည်း ၃၀သား
မန်ကျည်းသီး အနည်းငယ်
ကြက်သွန်နီ ၂၀ ကျပ်သား
ငံပြာရည် အနည်းငယ်
ကြက်သားမှုန့် အနည်းငယ်
ငရုတ်သီး အနည်းငယ်

အဆင့်ဆင့်ချက်ပြုတ်နည်း
ငါးကျည်းကျပ်တိုက် အကောင်လိုက်လေးတွေကို ရေဆေး၍ထွင်ပြီး ညက်သွားအောင်ပြန်ထောင်းပါ။ ကြက်သွန်နီ များကို ပါးပါးလှီးထားပါ။ပန်းကန်လုံးတစ်လုံးထဲသို့ မန်ကျည်းသီးထည့်၍ ရေစိမ်ထားပါ။ ငရုတ်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူများ ကို ရောထောင်း၍ ဒယ်အိုးထဲသို့ ဆီသတ်ပါ။ပြီးလျှင် ပါးပါး လှီးထားသော ကြက် သွန်များကို ထည့်ပါ။ကြက်သွန်များရဲလာလျှင် ထွင်ထားသော ငါးကျည်းကျပ်တိုက် များကိုထည့်၍မွှေပါ။ မန်ကျည်းနှစ်ရည်ထည့်ပါ။ ပြီးလျှင် ငံပြာရည်နှင့်ကြက်သားမှုန့်များကိုထည့်မွှေ၍ အပေါ့အငန်မြည်း စားလို့ရပါပြီ။

ကိုက်လန်ကြော်
ပါဝင်သောပစ္စည်းများ
၁။ ကိုက်လန် ၃စည်း
၂။ ကြက်သွန်နီ ၂ လုံး
၃။ ဆီ အနည်းငယ်
၎။ ကြက်သားမှုန့် အနည်းငယ်

ကိုက်လန်ကြော်နည်း
ကိုက်လန်များကို အရိုးသတ်သတ်၊ အရွက်သတ်သတ်သင်၍ ရေစင်အောင်ဆေးပြီးဆန်ကာထဲထည့် စစ်ထားပါ။ ကြက် သွန်နီကို ပါးပါးလှီး၍ ဒယ်အိုးထဲသို့ဆီအနည်းငယ်ထည့်ပြီး ကြက်သွန်ဆီသတ်ပါ။ ပြီးလျှင် ရေဆေးထားသော ကိုက် လန်အရိုးများကို အရင်ထည့်ကြော်ပါ။ ပြီးတော့မှ အရွက်ထည့်ပါ။ အချို့မှုန့်အစား ကြက်သားမှုန့် အနည်းငယ် ထည့်ပြီး မွှေပါ။ ထို့နောက် ပန်းကန်ပြားထဲထည့်၍သုံးဆောင်နိုင်ပါပြီ။

ငါးခေါင်းနှင့်ချဉ်ပေါင်

ပါဝင်ပစ္စည်းများ
၁။ ငါးခေါင်း (ငါးကြင်း/ငါးတန်) ၂ခေါင်း
၂။ ချဉ်ပေါင်ရွက် ၃ စည်း
၃။ ငရုတ်သီးအစိမ်းမှုန့် အနည်းငယ်
၎။ ကြက်သွန်ဖြူ၊နီ အနည်းငယ်
၅။ ငံပြာရည် အနည်းငယ်
၆။ ဟင်းခတ်မှုန့် အနည်းငယ်

ငါးခေါင်းများကို ရေစင်အောင်ဆေးပါ။ ကြက်သွန် ဖြူနီ၊ငရုတ်သီးအစိမ်းမှုန့်ကိုရောထောင်းပါ။ ချဉ်ပေါင်ရွက်များကို သင်၍ ရေဆေးပြီးစစ်ထားပါ။ ပထမဆုံး ငါးခေါင်းကို ဆီသတ်ပြီး သတ်သတ်ဖယ်ထားပါ။ ပြီးလျှင် ချဉ်ပေါင်ရွက်ကို ဒယ်အိုးထဲ ထည့်၍ ငံပြာရည်၊ ဟင်းခတ်မှုန့်များထည့်ပြီးကြေအောင်အရင်ချေပါ။ ချဉ်ပေါင်ရွက်များ ကြေသွားပြီဆိုရင် ဆီသတ်ထားသောငါးခေါင်းများကို ထည့်ပါ။ ရေအသင့်အတင့်ထပ်ထည့်၍ ဆူပွက်လာလျှင်
အပေါ့အငန်မြည်းပြီး သုံးဆောင်နိုင်ပါပြီ။

No comments: