Sunday, February 7, 2010

Get younger hair

သန်စွမ်းတောက်ပြောင်တဲ့ ဆံကေသာ

အသားအရေထိန်းသိမ်းဖို့ ငွေကြေးတော်တော်များများသုံးစွဲနေလား။ ဒါဆိုရင် သင့်ဆံပင်ကိုလည်း အရေးထားပြီး ဂရု စိုက်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့ အသက်၃၀ကျော်လာတာနဲ့ ဆံပင်သားတွေဟာ တဖြည်းဖြည်းအားနည်းပြီးပါး လာတတ်လို့ပါပဲ။ အသက်ကြီးလာလေ ပိုပြီးသိသာထင်ရှားလေဖြစ်ပါတယ်။

ဆံပင်သားတွေ ကျန်းမာသန်စွမ်းဖို့အတွက် ဦးရေပြားကို သွေးကောင်းစွာရောက်ဖို့လိုအပ်ပါတယ်။ အသက်ငယ်ရွယ်စဉ် တော့ ပြဿနာမရှိပေမဲ့ အသက်ရလာတာနဲ့အမျှ စိတ်ဖိစီးမှုအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ဦးရေပြားသို့သွေးပို့ လွှတ်အား လျော့နည်းလာပါတယ်။ ၄င်းက ဆံပင်သားရဲ့ သဘာဝ ရောင်ခြယ်ပစ္စည်း pinkment နှင့် အစိုဓာတ်များဆုံးရှုံး စေပါတယ်။ ဆံပင်ရှည်ထွက်နှုန်းလည်း နှေးလာပါတယ်။

သို့သော်လည်း ဆံပင်သားများအင်အား ပြည်လည်ပြည့်ဝစေရန်နှင့် အသက်အရွယ်ကြောင့် ဆံပင်သားပျက်စီးခြင်းကို ကာကွယ်ဖို့ နည်းလမ်းပေါင်းများစွာ ရှိပါတယ်။

ဆံပင်သားများကိုကာကွယ်ခြင်း

ပရိုတင်းဓာတ်ပ်ြည့်ဝအောင်စားပါ

ဆံပင်သားတွေက ပရိုတင်းဓာတ် ၁၀၀ရာခိုင်နှုန်းနီးပါးဖြင့် တည်ဆောက်ထားပါတယ်။ ဒါကြောင့် မိမိနေ့စဉ် စားသောက် နေတဲ့ အစားအစာထဲမှာ အဆီနည်းသောအသားနှင့် ငါးပါအောင်စားပါ။ ဆံပင်အမြစ် follicles ထဲသို့ သွေးပို့လွှတ်မှုအများ ဆုံးအချိန်ဖြစ်တဲ့ မနက်ပိုင်းမှာစားပေးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

အဆီစားပါ

အိုမီဂါ ၃ နှင့် အိုမီဂါ ၆ ကဲ့သို့ ဖက်တီးအက်ဆစ်များဟာ ဆံပင်သားထူးပြီး သန်စွမ်းစေဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဆောလ် မွန်ငါးနှင့် mackerel ငါးကဲ့သို့ အဆီများသောငါးများနှင့် အစေ့အဆံများတွင် ၄င်း ဖက်တီးအက်ဆစ်ဓာတ်များကြွယ်ဝစွာ ပါဝင်ပါတယ်။

ရေသောက်ပါ

အရေပြားလိုပဲ ဆံပင်ကလည်း ရေဓာတ်လိုအပ်တဲ့အတွက် တစ်နေ့ကို ရေ၆ဖန်ခွက်မှ ၈ခွက်အထိ သောက်ပေးသင့် ပါတယ်။

စိတ်ဖိစီးမှုနည်းအောင်ရှာပါ

စိတ်ဖိစီးမှု ခံစားရတဲ့အခါ ခန္ဓာကိုယ်က စွမ်းအင်နှင့် အဟာရဓာတ်များကို လျင်မြန်စွာ အသုံးပြုတာကြောင့် ဆံပင်ကဲ့သို့ အခြားခန္ဓာကိုယ် အစိတ်အပိုင်းက အဟာရနဲ့ စွမ်းအင်ရရှိမှ နည်းသွားပါတယ်။ ၄င်းက ဆံပင်သားတောက်ပမှုနည်းပြီး ကြွပ်ဆပ်ကာ ပုံသွင်းဖို့ခက်ပါတယ်။

ဆေးလိပ်ရှောင်ပါ။

ဆေးလိပ်သောက်ခြင်းက သွေးပို့လွှတ်မှု အားနည်းစေပြီး ဗီတာမင်နှင့် သတ္ထုဓာတ်များ ဆံပင်အမြစ် follicle သို့ လိုအပ်သ လောက် မရောက်ဘဲ ဖြစ်တတ်ပါတယ်။

ဆံပင်အကာအကွယ်များသုံးပါ

လေထုနှင့် မိုးရေကဲ့သို့ ပတ်ဝန်းကျင်နှင့်ထိတွေ့မှုကလည်း ဆံပင်သားခြောက်သွေ့ခြင်းအလွယ်တကူ ဖြီး၍မရခြင်းနှင့် ပျက်စီးဖို့ပိုပြီး လွယ်ကူပါတယ်။နေပူထဲ အချိန်အတော်ကြာ ထွက်မည့်အခါမျိုးမှာ UV ပါသော ဆံပင်ပုံသွင်းဆေးများသုံးပြီး ဦးထုပ်များဆောင်းပေးပါ။ ရေကူးပြီးတဲ့အခါ ဆံပင်ပျက်စီးစေတဲ့ ဆားငန်ရည်နှင့် ကလိုရင်းဓာတ်များ ပြောင်စင်သွားအောင် ရေကူးသမားများအတွက် အထူးထုတ်လုပ်ထား သည့် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်ပါ။

ဆံပင်ညှပ်ခြင်း

ဆံပင်ညှပ်တာ မိမိရဲ့ မျက်နှာပုံပန်းသဏ္ဌာန်ကိုပြောင်းစေပြီး နှစ်ရှည်ကြာနေတဲ့ ဆံပင်သားကို ဖယ်ရှားဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဥပမာ ဆံပင်ညှပ်ခြင်းဖြင့် မိမိမှာရှိတဲ့လှပတဲ့ အစိတ်အပိုင်းကို ပိုမို ပေါ်လွင်စေပြီး မလှတဲ့အပိုင်းကို ဖုံးကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး ပိုပြီးတောင် ပိန်သွားစေနိုင်ပါသေးတယ်။ ဥပမာ – ဟောလိဝုဒ် မင်းသမီး ဂျင်နီဖာ အင်နစ္စတန်ကိုကြည့်ပါ။ သူမရဲ့အသက်၄၀ရှိနေပေမဲ့ ၃၀ကျော်လောက်ပဲ ထင်နေရတာ ဆံပင်ပုံစံကြောင့်ပါ။ သူမရဲ့ ဆံပင်ရှည်ရှည်က ဘဲဥပုံ မျက်နှာနဲ့ မေးစေ့ချွန်ချွန်လေးကို ပိုမိုပေါ်လွင်စေပြီး ပါးရိုးကျယ်တာကို ဖုံးထားပေးတယ်။

မိမိနဲ့လိုက်ဖက်တဲ့ဆံပင် အရောင်ဆိုးတာကလည်း ဆံပင်ကို အသက်ဝင်လှပစေပါတယ်။ တစ်ခေါင်းလုံးပဲဆိုးဆိုး၊ highlight ပဲဆိုးဆိုး၊ ဆိုးတဲ့အရောင်က မိမိရဲ့နဂိုဆံပင်အရောင်ထက် နုတာကိုဆိုးမှသာ အသားအရေကို ပိုပြီးပေါ် လွင်စေမှာဖြစ်ပါတယ်။

ခေါင်းလျှော်တဲ့အခါတိုင်းမှာလည်း လက်ချောင်းမှာ အားထည့်ပြီး ဦးရေပြားကိုနှိပ်နယ်ပေးသင့်ပါတယ်။ ဒီနည်းက ဆံပင် အရင်းကို သွေးရောက်ရှိမှုများစေပြီး ဆံပင်သားများ သန်စွမ်းစေပါတယ်။ အပတ်စဉ် ဆံပင်ပေါင်းတင်ဆေး hair mask ကိုသုံးပေးခြင်းဖြင့် ဆံပင်သားများ နူးညံ့တောက်ပြောင်စေပါလိမ့်မယ်။

ဆံပင်ပုံသွင်းဖို့ ဆံပင်ဖြောင့်စက်နှင့် ကောက်တံများအသုံးပြုတဲ့အခါ အပူကြောင့် ဆံပင်ပျက်စီးခြင်းမှ ကာကွယ်ဖို့ စပရေး သို့မဟုတ် ခရင်မ်များ အရင်လိမ်းပေးသင့်ပါတယ်။ အပူကြာကြာ ပေးတာမျိုးလည်း မလုပ်သင့်ပါဘူး။ ရေစိုဆံပင်ကို လေနဲ့ အရင် မှုတ်ပြီးမှ အပူချောင်းတွေနဲ့ ပုံသွင်းပါ။

သဘာဝအတိုင်း သန်စွမ်းတဲ့ဆံပင်

ဘယ်အသက်အရွယ်မှာဆို ဦးရေပြားကျန်းမာပြီး သန်စွမ်းတဲ့ဆံပင်ရဖို့ အဟာရပြည့်ဝစွာ စားသုံးဖို့လိုအပ်ပါတယ်။ လိုအပ်တဲ့ အဟာရဓာတ်တွေကတော့ Alpha lipoic acid. ဒီ Antioxidant က စားလိုက်တဲ့ အစားအသောက်ကို စွမ်းအင်အဖြစ်ပြောင်းလဲဖို့ ခန္ဓာကိုယ်ကို ကူညီပေးပါတယ်။ free radical များကို တိုက်ထုတ်ပေးတယ်။

Magnesium -   ခန္ဓာကိုယ်တွင်း ပရိုတင်းပြုလုပ်မှုကို ကူညီပေးပါတယ်။ ဆံပင်သားက ပရိုတင်းဓာတ်အများဆုံးပါဝင် ပါတယ်။

Silica - ဆံပင်သား သန်စွမ်းအားပြည့်စေပြီး တောက်ပစေပါတယ်။

Zinc -   ဆဲလ်အသစ် ပြန်လည်ဖြစ်ပေါ်စေရန် တွန်းအားပေးပြီး ဆံပင်သားပိုပြီး ကျန်းမာသန်စွမ်းစေပါတယ်။

Essential Fatty Acid - ဦးရေပြား ကျန်းမာနေအောင် ထိန်းသိမ်းပေးပြီး ဆံပင်သားတောက်ပြောင်စေပါတယ်။ ငါးကြီး ဆီနှင့် လျှော်စေ့များမှ ရနိုင်ပါတယ်။


Ref: Internet

No comments: