Sunday, February 7, 2010

Skin care....what is?

အသားအရေ၀င်းပစိုပြေအောင် ဘာတွေက လုပ်ဆောင်ပေးသလဲ

လှပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့ဆိုတာ ခန္ဓာကိုယ်အတွင်းရော အပြင်ပါ ဂရုစိုက်လုပ်ဆောင် ထိန်းသိမ်းရတာမျိုးပါ။ ခန္ဓာကိုယ်အပြင်ပိုင်းအတွက် အသားအရေထိန်းသိမ်းနည်းတွေကို စနစ်တကျလိုက် နာမယ်၊ ခန္ဓာကိုယ်အတွက် လိုအပ် တဲ့အဟာရကို သမမျှတစွာ စားပေးမယ်ဆိုရင် သင့်အသားအရေလှပ စိုပြေနေမှာ မလွဲပါဘူး။

Clean, Nourish, Protect

သန့်ရှင်းစင်ကြယ်ခြင်း(Clean)၊ အဟာရဖြည့်တင်းခြင်း(Nourish) နဲ့ ကာကွယ်ခြင်း(Protect) ဆိုတဲ့ စကားလုံးသုံးလုံးက အသားအရေထိန်းသိမ်းရာမှာ မဖြစ်မနေလုပ်ရမယ့် အချက်များပဲဖြစ်ပါတယ်။ ဒါ့အပြင်နေရောင်ခြည်ကာကွယ်ဖို့ဆိုတာကို လည်း အထူးထည့်သွင်း စဉ်းစားရမှာပါ။

သန့်ရှင်းစင်ကြယ်ခြင်း (Clean)

မျက်နှာဆေးကြောသန့်စင်ခြင်းကို အနည်းဆုံးတစ်နေ့(၂)ကြိမ်ြ့ပုလုပ်ပါ။ ဒီနေရာမှာ တစ်ခုသိထားသင့်တာက pH ဆိုတဲ့ စကားစုပါ။ pH ဟာအရေပြားပေါ်ကအက်စစ်နဲ့ အယ်ကာလီမျှခြေကို ရည်ညွန်းတဲ့စကားလုံးဖြစ်ပါတယ်။ အချို့အစားအစာ များနဲ့ပစ္စည်းများက pH မျှခြေကို ထိခိုက်တဲ့အတွက် အရေပြားပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဥပမာ ဆပ်ပြာဆိုရင် အယ် လ်ကာလီဓာတ်များနိုင်တဲ့အတွက် အရေပြားပြဿနာ တစ်ခုခုဖြစ်နိုင်ပါတယ်။ မိတ်ကပ်လိမ်းထားတာကို သန့်စင်ဖို့အတွက် ဆိုရင်တော့ ဒီဖော်မြူလာနဲ့ထုတ်ထားတဲ့ ပစ္စည်းမျိုးသုံးဖို့ လိုပါလိမ့်မယ်။ တစ်ချို့တံဆိပ်တွေမှာ အယ်လ်ကာလီဓာတ်မပါ တဲ့ သန့်စင်ဆပ်ပြာမျိုး ဥပမာ – Soap Free ဆိုတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးတွေရှိတတ်ပါတယ်။ အဲဒီပစ္စည်းကို ထိခိုက်လွယ် အသားအရေပိုင်ရှင်များ၊ ၀က်ခြံထွက်လွယ်တဲ့အသားအရေပိုင်ရှင်များ သုံးစွဲသင့်ပါတယ်။

အဟာရဖြည့်တင်းခြင်း (Nourish)

တစ်နေ့ကို ရေ ၆ခွက်မှ ၈ခွက်သောက်ပေးပါ။(ဖန်ခွက်ကြီးရှစ်ခွက်)။ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို သန့်စင် စေပြီး အသားအရေစိုပြေစေပါတယ်။ ကျန်းမာဝင်းပစေပါတယ်။ နေ့ခင်းဘက်အတွက် moisturizer လိမ်းရမှာဖြစ်သလို အသက်ကြီးသူအသားအရေခြောက်သူများအတွက် ပိုပြီးပျစ်တဲ့ ညလိမ်းခရင်မ်ပါ လိမ်းပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ခြင်း(Protect)

အနည်းဆုံး SPF 15 ပါတဲ့ အလှကုန်ပစ္စည်းများလိမ်းပါ။ မနက်၁၀နာရီမှ ညနေ၄နာရီအထိ နေရောင်ခြည်ရဲ့အပူချိန်ကပြင်း ထန်တဲ့အတွက် ၄င်းအချိန်အတွင်း ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ အထူးသဖြင့် ကလေးနဲ့ဆယ်ကျော်သက်အရွယ်များ နေရောင်ခြည်ထိတွေ့မှုများရင် အရေပြားပြဿနာများ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်လို့အပြင်ထွက်မယ်ဆိုရင်လည်း ဦးထုပ်၊ ထီးများဆောင်းသွားသင့်သလို အ၀တ်အထည်ကိုလည်း ဂရတစိုက်ဝတ်ဆင်သင့်ပါတယ်။

သိထားရမယ့် Sunscreen အကြောင်း

အပြင်မထွက်ခင် Sunscreen ကို ၁၅မိနစ်၊ နာရီဝက်လောက်ကြိုးစားပြီးလိမ်းထားပါ။ ၄င်းအချိန်အတွင်း sunscreen များ အရေပြားထဲကောင်းစွာ စိမ့်ဝင်သွားနိုင်မှာဖြစ်ပါတယ်။ ချွေးထွက်တဲ့အခါ၊ ရေကူးတဲ့အခါမျိုးမှာ sunscreen ကိုထပ်ပြီး လိမ်းပေးပါ။

-           UVA (ultraviolet A) နှင့် UVB radiation နှစ်မျိုးစလုံးကာကွယ်ပေးနိုင်တဲ့ Sunscreen ရွေးသုံးပါ။ UVB ထိတွေ့ မှုများခြင်းက အရေပြားကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ UVA ကြောင့် အရေပြားတွန့်ခြင်း၊ တင်း တိပ်မှဲ့ခြောက်များထွက်ခြင်းတို့ ဖြစ်စေပါတယ်။

-           SPF ပမာဏတန်ဖိုးက အသားနေမလောင်ခင် နေပူထဲနေနိုင်တဲ့အချိန်ကို ညွှန်းဆိုတာဖြစ်ပါတယ်။ နေပူထဲထွက် ပြီး မိနစ်၂၀ကျော်မှာ စပြီးနေလောင်တယ်ဆိုရင် SPF 15 က (20x15) မိနစ် ၃၀၀ နေပူထဲနေနိုင်တယ်ဆိုတဲ့သဘောပါ။

အရေပြားအတွက် ဗီတင်မင်အေ၊ဘီ၊စီ

-           ဗီတင်မင်အေဟာ အရေပြားကို အားပြည့်သန်စွမ်းစေပြီး အရေအကြောင်းကင်းစေပါတယ်။ အသည်း၊ ဟင်းနုနွယ်၊ နို့၊ကြက်ဥအနှစ်၊ လိမ္မော်ရောင်အသီးများနှင့် ဟင်းသီးဟင်းရွက်များမှ နေပြီး ဗီတာမင်အေဓာတ် ရရှိနိုင်ပါတယ်။

-           ဗီတာမင်ဘီကတော့ ကျန်းမာရေးတဲ့အသားအရေအရောင် ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။ ၄င်းဗီတာမင်ဘီကို ကြက်သား၊ တူနာငါး၊ အာလူး၊ ကညွတ်၊ ပဲနှင့် ဖရဲသီးတို့မှာ တွေ့ရပါတယ်။

-           ဗီတာမင်စီကတော့ ကိုလာဂျင်ထုတ်လုပ်မှုကို တိုးမြှင့်စေပြီး အရေပြားပရိုတင်းအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အစားအစာတွေကတော့ ချဉ်သောအသီးများ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး၊ ဘရိုကိုလီနှင့် ဂေါ်ဖီထုပ် များဖြစ်ပါတယ်။

Ref: Internet

No comments: