Sunday, February 21, 2010

ကြွပ်ဆတ်ပြီး ပြတ်လွယ်တဲ့ဆံပင်သား - Brittle Hair

ဦးရေပြားကနေ စတင်ရှင်သန်ကြီးထွားလာတဲ့ ဆံပင်သားအသစ်တွေကို ပုံမှန်အားဖြင့်အတော်အသင့်ကျန်းမာတဲ့ ဆံပင် သားအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဦးရေပြားရဲ့ အပေါ်လွှာပိုင်းနဲ့ နီးကပ်စွာတည်ရှိနေတဲ့ အတွက်ကြောင့် ဆံပင်တွေရဲ့အ ရောင်ဟာ တောက်ပြောင်နေပြီး ပုံသွင်းရလွယ်ကူစေပါတယ်။ ဒါပေမဲ့ ကြာလာတာနဲ့အမျှ ရှည်ထွက်လာပြီးတဲ့ ဆံကေသာ တွေဟာ ဦးရေပြားနဲ့ ဝေးကွာနေပြီး သန်စွမ်းတောက်ပြောင်မှုတွေနဲ့ ကင်းကွာလာတတ်ပါတယ်။

ဆံပင်သားရဲ့ ဖြစ်ပေါ်လာမှုကို ပြန်လည်တွက်ဆကြည့်လိုက်ရင် တစ်လကို ပျှမ်းမျှအားဖြင့် ဆံပင်တွေဟာ တစ်စင်တီမီတာ နဲ့ တစ်စင်တီမီတာခွဲလောက်ပဲ ဆံပင်ရှည်ထွက်လာနိုင်ကြတာပါ။ နားရွက်နားလောက်ရှိတဲ့ ဆံပင်တွေကို တစ်နှစ်သက် တမ်းရှိတဲ့ ဆံပင်အဖြစ် ခန့်မှန်းကြပါတယ်။ ပုံမှန်အားဖြင့် တစ်ပတ်မှာ ဆံပင်ကိုနှစ်ခါလျှော်ဖြစ်ကြပြီး ပုံသွင်းဆေးရည်များ နဲ့စတိုင်လ်ကျလှပအော် ပြုပြင်လျက်ရှိကြပါတယ်။ ဒါကြောင့်တစ်နှစ်မှာ ဆံပင်ကိုအကြိမ်ရေ ရာချီပြီးလျှော်ကြတယ်။ နာရီ ပေါင်းများစွာ ဆံပင်ကို အပူပေးကြတယ်။ ဘရပ်ရှ်တွေ၊ ဘီးတွေနဲက မရေမတွက်နိုင်အောင်ဖြီးသင်ကြတယ်။ ဒီအခါမှာ ဆံပင်သားတွေဟာ ကျိုးပဲ့ပြတ်ထွက်ပြီး ပျက်စီးလာကြပါတယ်။ ဆံပင်သားအလွှာလေးတွေဟာလည်း ပြုစုထိန်းသိမ်းခြင်းမှ ကင်းဝေးပြီး ဆံပင်သားအရောင်တွေ မွဲခြောက်လာကာ ဖြီးသင်ပုံသွင်းရတာလည်း ခက်ခဲလာတတ်ပါတယ်။ ထို့အတူပဲ ဦးရေပြားအပြင်ဘက်က ဆံပင်သားတွေ ခြောက်သွေ့ပျက်စီးလာသလို ဦးရေပြားအတွင်းက အမျှင်လေးများပါ အကာ အကွယ် အထိန်းအကွပ်မဲ့သွားတဲ့အတွက်ကြောင့် လိုအပ်တဲ့ အဟာရတွေ ဆံပင်သားရဲ့ အဖျားတွေ ပြတ်ထွက်တာတို့၊ အဖျားနှစ်ခွတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဒီဆံပင်သားပိုင်ရှင်တွေအတွက် ပြုစုထိန်းသိမ်းနိုင်တဲ့ နည်းလမ်းတွေကို လေ့ လာပြီး ပြုပြင်ပေးနိုင်ပါတယ်။

ဆံပင်ကို ဂရုတစိုက်ကိုင်တွယ်ထိန်းသိမ်းခြင်း

Brittle Hair needs careful handling

ဆံပင်သားကို ကိုင်တွယ်ကြည့်တဲ့အခါ ကြမ်းတမ်းပြီး အဖျားတွေနှစ်ခွဖြစ်နေပြီဆိုရင် ဒီအခြေအနေမှာ ဆံပင်သားကျန်း မာသန်စွမ်းဖို့နဲ့ စတိုင်လ်ကျလှပဖို့အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးရမှဖြစ်ပါတယ်။ ဒီအခါမှာ ဆံပင်ကို ဂရုတစိုက်ကိုင် တွယ်ထိန်းသိမ်းတတ်ဖို့ အထူးလိုအပ်လှပါတယ်။ အထူးသဖြင့် ဆံပင်လျှော်တဲ့အခါ ဂရုစိုက်ရမှာဖြစ်ပြီး ပျော့ဆေးပါဝင်ပြီး သား ခေါင်းလျှော်ရည်ကို သုံးစွဲရမှာပါ။ ဒီခေါင်းလျှော်ရည်မှာ ဆံပင်သားကိုပြန်လည်ပြုပြင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါ ၀င်နေရပါမယ်။ အကောင်းဆုံးကတော့ ပျက်စီးခြောက်သွေ့တဲ့ဆံပင်(for damaged hair)တွေအတွက် သီးသန့်ထုတ်လုပ် ထားတဲ့ ခေါင်းလျှော်ရည်ကိုသုံးစွဲပါ။ ဒါမှသာ ဖြီးသင်ရလွယ်ကူစေပြီး ဦးရေပြားနဲ့ ပတ်သက်တဲ့ရောဂါတွေ မ၀င်ရောက်နိုင် အောင်လည်း ကာကွယ်တားဆီးပေးပါတယ်။

သုံးလေးကြိမ်လောက် ခေါင်းလျှော်ပြီးတိုင်းမှာ ဆံပင်သားအားဖြည့်ဆေးခရင်မ်တွေကိုပါ ဖြည့်စွက်လိမ်းပေးခြင်းအားဖြင့် ဆံပင်ကို ကျန်းမာသန်စွမ်းပြီး တောက်ပြောင်လှပစေမှာအမှန်ပါ။

ဆံပင်သား ကောင်းမွန်အောင် ဘယ်လိုပြန်ပြုပြင် ထိန်းသိမ်းမလဲ

How repair substances' work

ဆံပင်သားတွေ ခြောက်သွေ့ကြွပ်ဆတ်ပြီး ပြတ်လွယ်တဲ့ အနေအထားရောက်လာရင် ဆံပင်သားကောင်းမွန်လာအောင် အထူးဂရုပြုပြီး ပြန်လည်ထိန်းသိမ်းသင့်ပါတယ်။ ဒီအခါမှာ ဆံပင်သားထိန်းသိမ်းတဲ့ပစ္စည်းများ(Hair Treatment) ကိုသုံး စွဲပေးရပါမယ်။ ဒီပစ္စည်းတွေမှာ မော်လီကျူးလေးများနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ နည်းပညာနဲ့ ထုတ်လုပ်ထားပြီး အဓိက ကတော့ ဆံပင်သားဆန့်ကျုံ့နိုင်တဲ့ အစွမ်းတွေ ရရှိအောင် ပေးစွမ်းနိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်ရပါမယ်။ ဆံပင်သားဟာ ကီရာတင် (Keratin) ဆိုတဲ့ တစ်သျှူးမှာ အဓိကပါဝင်တဲ့ ပစ္စည်းတစ်မျိုးနဲ့ ပြုလုပ်ထားတာပါ။ ကီရာတင်ထုတ်လွှတ်မှု လျော့နည်းပြောင်းလဲလာရင် ဆံပင်သားပျက်စီးခြောက်သွေ့မှုတွေ ဖြစ်လာတာပါပဲ။ ဒီအခါမှာ ဆံပင်သားအလွှာလေးများပါ အဟာရလျော့နည်းလာပြီး ဆံပင်အရောင်တောက်ပြောင်ခြင်း မရှိတော့တာမျိုး ဖြစ်စေမှာပါ။ ဒါကြောင့်ဆံပင်သားကို ပြန် လည်ပြုစုကုသမှသာ ရလဒ်ကောင်းကို ရရှိစေနိုင်ပါတယ်။

ဆံပင်သားကျန်းမာသန်စွမ်းစေဖို့ ထိန်းသိမ်းပေးမယ့် ပစ္စည်းတွေရွေးချယ်တဲ့အခါမှာ အခုဖော်ပြပေးမယ့် ပစ္စည်းတွေ ပေါင်း စပ်ပါဝင်တာကို ရွေးချယ်သုံးစွဲသင့်ပါတယ်။ Silk Proteins , collagen နဲ့  keratin တို့ဟာ ဆံပင်သားကို နူးညံ့ချောမွတ် စေပါတယ်။ ထို့အတူပဲ Panthenol ကလည်းဆံပင်သားကောင်းမွန်စေဖို့ Vitamin B လိုပဲအားဖြည့်ပေးပြီး ဆံပင် ဆန့်ကျုံ့ နိုင်စေရုံမက အစိုဓာတ်ကိုပါ ပေးစွမ်းစေပါတယ်။ ဒီ့ပြင် ကောင်းမွန်စစ်မှန်တဲ့ သံလွင်ဆီ၊ ဂျုံနဲ့ပြုလုပ်ထားတဲ့ အဆီအနှစ် တွေနဲ့ jojoba အဆီတွေဟာ ဆံပင်သားပျက်စီးခြောက်သွေ့ခြင်းမှ ကင်းဝေးစေပြီး ပုံသွင်းရလွယ်ကူတဲ့ အနေအထားကိုပါ ပြန်လည်ရှရှိစေပါတယ်။

အကြံဥာဏ်လေးများ

(၁)        ဆံပင်အဖျားလေးတွေကို ဆီလီကွန်ဒြပ်ပေါင်းပါဝင်တဲ့ ခရင်မ်တွေနဲ့ သေချာစွာလိမ်းပေးပါ။ ဒါမှသာ အဖျား အက်ကွဲနေတာတွေကို ပြန်လည်ကောင်းမွန်စေမှာပါ။

(၂)        ဆံပင်သားပျက်စီးနေသူများနဲ့ ပြတ်လွယ်သူများဟာ ဘရပ်ရှ်ဘီးနဲ့ မဖြီးသင့်ပါဘူး။ ဘရပ်ရှ်နဲ့ ဖြီးရင် ပိုပြီး ကြမ်းတမ်းစေနိုင်တာကြောင့်ပါပဲ။ အမှန်တကယ်ကတော့ ဆံပင်သားဟာ သဘာဝအတိုင်းခြောက်သွေ့နေမှုကိုပိုပြီးနှစ် သက်ပါတယ်။ ဘရပ်ရှ်နဲ့ဖြီးသင်လိုက်ရင် ဦးရေပြားမှာ ကပ်ငြိနေတဲ့ အစိုဓာတ်တွေကို တစ်ခေါင်းလုံးပျံ့နှံ့သွားစေနိုင် လို့ပါပဲ။ ဒါဟာ သဘာဝကပေးတဲ့ နူးညံ့ချောမွတ်စေနိုင်တဲ့နည်းလမ်းပါ။

(၃)        ဆံပင်သားတွေ မရှုပ်ထွေးစေဖို့ ခေါင်းလျှော်ပြီးပါက ဘီးခပ်ကျဲကျဲ၊ မျက်နှာပြင်အသွားချောမွတ်တာမျိုးနဲ့ ဖြီး သင်သင့်ပါတယ်။ ဒါမှသာ ဆံပင်သားအလွှာတွေကို မပျက်စီးစေမှာပါ။ ဖြီးသင်တဲ့အခါမှာလည်း အထူးဂရုစိုက်ပေးပါ။ ကြမ်းတမ်းစွာဖြီးသင်မိခဲ့ရင် နာကျင်ခံစားရရုံမက ဆံပင်တွေကျွတ်ထွက်နိုင်ပါတယ်။

စာကြွင်း                       ။ သရဖူမဂ္ဂဇင်း (ဖေဖော်ဝါရီလ ၂၀၁၀) မှ နန်းအိအိဇာရဲ့ Brittle Hair ဆောင်းပါးမှ

No comments: