Thursday, August 20, 2020

လုပ်ဖော်ကိုင်ဖက်များနှင့်မဆွေးနွေးသင့်သော

လုပ်ဖော်ကိုင်ဖက်များနှင့်မဆွေးနွေးသင့်သောအကြောင်းအရာ (၈) ခု


#Alex_Aung

(ရုံးပိတ်ရက်ကလွဲလို့ နေ့စဉ်နဲ့အမျှ ေတွေ့ဆုံနေရသော လုပ်ဖော်ကိုင်ဖက်များအပေါ် အချိန်ကြာလာတော့ ရင်​းနှီးခင်မင်ပြီး မိမိအကြောင်း ၏သည်မရွေးပြောပြမိတယ်။ သည်အမူအကျင့်က မှန်ပါရဲ့လား။ #မဆွေဇင် ရဲ့ဆောင်းပါးကို ဖတ်ကြည့်ကြပါဦး)

လုပ်ငန်းခွင်ဘဝအောင်မြင်မှုဆိုသည်မှာ အလုပ်နေရာပတ်ဝန်းကျင်တွင် သင့်ကိုယ်သင် စီမံခန့်ခွဲပြီး ဖော်ပြသည့်ပုံရိပ်အပေါ်တွင်မူတည်ပါတယ်။ Professional တစ်ဦးရဲ့ ပုံရိပ်ကို ထင်ဟပ်စေတဲ့ နေထိုင်မှုပုံစံအတွက် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မလုပ်သင့်တဲ့ အကြောင်းအရာ (၈) ခု ရှိပါတယ်။

၁။ လုပ်ဖော်ကိုင်ဖက်များကို အထူးကုတစ်ယောက်လို သဘောထားခြင်း

လုပ်ဖော်ကိုင်ဖက်တွေကို အထူးကုတစ်ယောက်လိုသဘောထားပြီး ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာမကျေနပ်မှုတွေ၊ ပြဿနာတွေကို ပေါက်ပေါက်ဖောက်သလို ပြောပြပြီး စိတ်သာသာရာရအောင် လုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
ဘယ်လောက်ပဲ ဖော်ရွေတဲ့ လုပ်ဖော်ကိုင်ဖက်ပဲ ဖြစ်ပါစေ သင့်ရဲ့ ရိုမန့်တစ်ဖြစ်တဲ့အချစ်ရေးအကြောင်းနဲ့ ဆိုးရွားလှတဲ့ ကွာရှင်းမှုနဲ့ ဆိုင်တဲ့ အသေးစိတ်အကြောင်းအရာတွေကို နားထောင်ရဖို့ ငြီးငွေ့လာတတ်ပါတယ်။ ဒီလိုသာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာများကို ပြောပြနေမယ်ဆိုရင် သင့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ရရှိဖို့များပါတယ်။

၂။ လုပ်ဖော်ကိုင်ဖက်များနှင့် ပရောပရည်လုပ်ခြင်း

တချို့လူတွေက လုပ်ငန်းခွင်မှာ အချစ်ရေးဇာတ်လမ်းလေးတွေ ဖန်တီးတတ်ပါတယ်။ ဒါပေမဲ့လဲ သင့်အထက်လူကြီး ဒါမှမဟုတ် သင့်သဌေးကို ပရောပရည်လုပ်တာပဲဖြစ်ပါစေ၊ အိမ်ထောင်ရှိတဲ့လုပ်ဖော်ကိုင်ဖက်နဲ့ဖြစ်ပါစေ အချစ်ဇာတ်လမ်းဖန်တီးမိခဲ့ရင်တော့ ဒါဟာ သင့်ကို အကြီးအကျယ်ဒုက္ခရောက်စေမဲ့ ကိစ္စပဲဖြစ်ပါတယ်။
ရုံးကလုပ်တဲ့ပါတီတွေမှာ တွေ့ဆုံမှုနဲ့ အလုပ်ကိစ္စနဲ့သွားရတဲ့ခရီးတွေမှာ ရင်ခုန်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတွေ ဖြစ်ပေါ်တတ်ကြပါတယ်။ အဲ့ဒီလုပ်ဖော်ကိုင်ဖက်တွေက ပါတီပွဲအပြီးနဲ့ ခရီးစဉ်က ပြန်ရောက်တဲ့ နောက်ရက်တွေမှာပါ ပြန်လည်တွေ့ဆုံရန်လွယ်ကူနေတာကြောင့်ဖြစ်ပါတယ်။  လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဒီလို ပရောပရည်လုပ်ခြင်းဟာ သင့်ရဲ့ ပုံရိပ်ကို ကျဆင်းစေပြီး အခြားသူများရဲ့ လေးစားမှုကိုယုတ်လျော့စေလို့ သင့်ရဲ့ လုပ်ငန်းခွင်ဘဝကိုပါ ထိခိုက်နိုင်ပါတယ်။

၃။ ပိုင်ရှင် (သို့) အထက်လူကြီးနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကိုပြောခြင်း

သင့်ရဲ့ အလုပ်ပိုင်ရှင် ဒါမှမဟုတ် အထက်လူကြီးနဲ့ပတ်သက်ပြီး မကျေနပ်ချက်တွေကို လူများများသိအောင် မပြောသင့်ပါဘူး။ ဒီသတင်းတွေဟာ တစ်ချိန်မဟုတ်တစ်ချိန်တော့ သူ့ဆီကို ပြန်ရောက်မဲ့သတင်းတွေဖြစ်တဲ့အတွက် သူ့ကို ပိုပြီးဆိုးရွားတဲ့အခြေအနေပဲ ဖြစ်စေမှာပါ။ ဒါ့အပြင် စီမံခန့်ခွဲသူတွေက သင့်ကို အလုပ်တွဲလုပ်ရ ခက်ခဲတဲ့သူအဖြစ်လဲ သတ်မှတ်နိုင်ပါတယ်။

၄။  အလုပ်သစ်ရှာတဲ့အကြောင်း

Smart ကျလူတွေဟာ သူတို့အလုပ်မှာ နောက်ထပ် အလုပ်သစ်ရှာနေကြောင်း ဘယ်တော့မှ မပြောကြပါဘူး။ ဒီလိုသတင်းမျိုးဟာ လုပ်ငန်းပိုင်ရှင်ရဲ့ နားကို အမြန်ဆုံးရောက်နိုင်တဲ့အတွက် လက်ရှိအလုပ်ကနေ စွန့်ခွာလိုတဲ့ ဆန္ဒရှိကြောင်း လူသိထင်ရှားထုတ်ဖော်ပြောဆိုတတ်တဲ့ ဝန်ထမ်းတွေကိုလဲ အရေးပါ၊ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေကို တာဝန်မပေးတော့ပါဘူး။

၅။ အတင်းအဖျင်းနှင့် ကောလဟာလများဖြန့်ဝေခြင်း

အတင်းအဖျင်းပြောတဲ့အကျင့်ဟာ စွဲလန်းစေပြီး ရှောင်ရှားဖို့ခက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အတင်းအဖျင်းပြောတာနဲ့ ကောလဟာလ တွေဖြန့်တာဟာ ပြဿနာတွေကိုပဲ ဦးတည်ပြီးတော့ တစ်ဦးနဲ့တစ်ဦး မကျေနပ်မှုကိုသာ ဖြစ်စေတတ်ပါတယ်။

၆။ ရုံးတွင်းနိုင်ငံရေးကိစ္စများ
 
လူတိုင်းနီးပါး ရုံးတွင်နိုင်ငံရေးကို စိတ်ဝင်စားကြပါသည်။
သို့သော်ရုံးတွင်းနိုင်ငံရေးကစားကွက်များအား ပွင့်ပွင့်လင်းလင်း ချပြတာဟာ သင့်ဆီကိုသာ မြားဦးပြန်လှည့်လာမှာ ဖြစ်လို့ ရုံးတွင်းနိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်ရင် ရှောင်ရှားတာ အကောင်းဆုံးပါပဲ။

၇။ HOT ဖြစ်သော ကိစ္စများ
လူတွေရဲ့ မတူညီတဲ့ ကိစ္စ၊ တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးဖို့ခက်တဲ့ Hot ဖြစ်တဲ့ ကိစ္စတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မဆွေးနွေးတာအကောင်းဆုံးပါ။
သင့်မှာ ဘယ်လို အမြင်ပဲရှိရှိ ဘာသာရေးနှင့်နိုင်ငံရေးလို ကိစ္စမျိုးမှာတော့ ရုံးကလုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးတာကို ရှောင်သင့်ပါတယ်။ အဲ့လိုကိစ္စတွေကလက်သီးလက်မောင်းတန်းပြီး ဆွေးနွေးငြင်းခုန်ရတတ်တဲ့အတွက် ပျော်စရာကောင်းသလို လုပ်ဖော်ကိုင်ဖက်အချင်းချင်းရဲ့ ဆက်ဆံရေးကိုလဲ ပျက်ပြားစေပါတယ်။

၈။ အလွန်အကျူးအသေးစိတ်ပြောပြခြင်း
သင့်ဗိုက်ခွဲစိတ်မှု အသေးစိတ်အကြောင်းအရာတွေ၊ သင်မူးဝေအော့အန်တတ်တဲ့အကြောင်းတွေ၊ သင့်ရဲ့ လိင်မှုရေးရာကိစ္စတွေကို ဘယ်သူကမှ အသေးစိတ်မသိချင်ကြပါဘူး။ သင့်ရဲ့ professional ပုံရိပ်ကို ထိခိုက်စေနိုင်တဲ့ မလိုအပ်တဲ့ အသေးစိတ်အကြောင်းအရာတွေကို လုပ်ဖော်ကိုင်ဖက်တွေနဲ့ မပြောတာအကောင်းဆုံးပါ။

သင်ဟာ လူတွေထဲ လူတစ်ယောက်ဖြစ်လို့ ဒီလိုကိစ္စတွေကို အချိန်တိုင်းမှာ ရှောင်နိုင်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမဲ့လဲ သင့်ရဲ့ Professional ပီသတဲ့ ပုံရိပ်ကို တည်ဆောက်ဖို့ဆိုရင်တော့ ဒီလိုကိစ္စမျိုးတွေကို တတ်နိုင်သမျှ ရှောင်ရှားရမှာဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့ ကျွမ်းကျင်မှုပညာ၊ လုပ်ငန်းအတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ ပုံရိပ်တွေကို တည်ဆောက်ပြီး ကိုယ့်ကိုယ်ကိုရော အများကပါ လေးစားနိုင်သူတစ်ဦးဖြစ်လာမှာပါ။

ချစ်သော
မဆွေဇင်

(Zawgyi)

လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္မေဆြးေႏြးသင့္ေသာအေၾကာင္းအရာ (၈) ခု

#Alex_Aung

(႐ုံးပိတ္ရက္ကလြဲလို့ ေန႔စဥ္နဲ႔အမၽွ ေေတြ႕ဆုံေနရေသာ လုပ္ေဖာ္ကိုင္ဖက္မ်ားအေပၚ အခ်ိန္ၾကာလာေတာ့ ရင္​းႏွီးခင္မင္ၿပီး မိမိအေၾကာင္း ၏သည္မေရြးေျပာျပမိတယ္။ သည္အမူအက်င့္က မွန္ပါရဲ့လား။ #မေဆြဇင္ ရဲ့ေဆာင္းပါးကို ဖတ္ၾကည့္ၾကပါဦး)

လုပ္ငန္းခြင္ဘဝေအာင္ျမင္မွုဆိုသည္မွာ အလုပ္ေနရာပတ္ဝန္းက်င္တြင္ သင့္ကိုယ္သင္ စီမံခန႔္ခြဲၿပီး ေဖာ္ျပသည့္ပုံရိပ္အေပၚတြင္မူတည္ပါတယ္။ Professional တစ္ဦးရဲ့ ပုံရိပ္ကို ထင္ဟပ္ေစတဲ့ ေနထိုင္မွုပုံစံအတြက္ လုပ္ငန္းခြင္မွာ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မလုပ္သင့္တဲ့ အေၾကာင္းအရာ (၈) ခု ရွိပါတယ္။

၁။ လုပ္ေဖာ္ကိုင္ဖက္မ်ားကို အထူးကုတစ္ေယာက္လို သေဘာထားျခင္း

လုပ္ေဖာ္ကိုင္ဖက္ေတြကို အထူးကုတစ္ေယာက္လိုသေဘာထားၿပီး ကိုယ့္ရဲ့ ကိုယ္ေရးကိုယ္တာမေက်နပ္မွုေတြ၊ ျပႆနာေတြကို ေပါက္ေပါက္ေဖာက္သလို ေျပာျပၿပီး စိတ္သာသာရာရေအာင္ လုပ္ျခင္းမွ ေရွာင္ၾကဥ္ပါ။
ဘယ္ေလာက္ပဲ ေဖာ္ေရြတဲ့ လုပ္ေဖာ္ကိုင္ဖက္ပဲ ျဖစ္ပါေစ သင့္ရဲ့ ရိုမန႔္တစ္ျဖစ္တဲ့အခ်စ္ေရးအေၾကာင္းနဲ႔ ဆိုးရြားလွတဲ့ ကြာရွင္းမွုနဲ႔ ဆိုင္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကို နားေထာင္ရဖို့ ၿငီးေငြ႕လာတတ္ပါတယ္။ ဒီလိုသာ သင့္ရဲ့ ကိုယ္ေရးကိုယ္တာ ျပႆနာမ်ားကို ေျပာျပေနမယ္ဆိုရင္ သင့္အတြက္ ေကာင္းက်ိဳးထက္ ဆိုးက်ိဳးကိုသာ ရရွိဖို့မ်ားပါတယ္။

၂။ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ပေရာပရည္လုပ္ျခင္း

တခ်ိဳ့လူေတြက လုပ္ငန္းခြင္မွာ အခ်စ္ေရးဇာတ္လမ္းေလးေတြ ဖန္တီးတတ္ပါတယ္။ ဒါေပမဲ့လဲ သင့္အထက္လူႀကီး ဒါမွမဟုတ္ သင့္သေဌးကို ပေရာပရည္လုပ္တာပဲျဖစ္ပါေစ၊ အိမ္ေထာင္ရွိတဲ့လုပ္ေဖာ္ကိုင္ဖက္နဲ႔ျဖစ္ပါေစ အခ်စ္ဇာတ္လမ္းဖန္တီးမိခဲ့ရင္ေတာ့ ဒါဟာ သင့္ကို အႀကီးအက်ယ္ဒုကၡေရာက္ေစမဲ့ ကိစၥပဲျဖစ္ပါတယ္။
႐ုံးကလုပ္တဲ့ပါတီေတြမွာ ေတြ႕ဆုံမွုနဲ႔ အလုပ္ကိစၥနဲ႔သြားရတဲ့ခရီးေတြမွာ ရင္ခုန္စရာေကာင္းတဲ့ အခ်စ္ဇာတ္လမ္းေလးေတြ ျဖစ္ေပၚတတ္ၾကပါတယ္။ အဲ့ဒီလုပ္ေဖာ္ကိုင္ဖက္ေတြက ပါတီပြဲအၿပီးနဲ႔ ခရီးစဥ္က ျပန္ေရာက္တဲ့ ေနာက္ရက္ေတြမွာပါ ျပန္လည္ေတြ႕ဆုံရန္လြယ္ကူေနတာေၾကာင့္ျဖစ္ပါတယ္။  လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ဒီလို ပေရာပရည္လုပ္ျခင္းဟာ သင့္ရဲ့ ပုံရိပ္ကို က်ဆင္းေစၿပီး အျခားသူမ်ားရဲ့ ေလးစားမွုကိုယုတ္ေလ်ာ့ေစလို့ သင့္ရဲ့ လုပ္ငန္းခြင္ဘဝကိုပါ ထိခိုက္နိုင္ပါတယ္။

၃။ ပိုင္ရွင္ (သို့) အထက္လူႀကီးနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြကိုေျပာျခင္း

သင့္ရဲ့ အလုပ္ပိုင္ရွင္ ဒါမွမဟုတ္ အထက္လူႀကီးနဲ႔ပတ္သက္ၿပီး မေက်နပ္ခ်က္ေတြကို လူမ်ားမ်ားသိေအာင္ မေျပာသင့္ပါဘူး။ ဒီသတင္းေတြဟာ တစ္ခ်ိန္မဟုတ္တစ္ခ်ိန္ေတာ့ သူ႔ဆီကို ျပန္ေရာက္မဲ့သတင္းေတြျဖစ္တဲ့အတြက္ သူ႔ကို ပိုၿပီးဆိုးရြားတဲ့အေျခအေနပဲ ျဖစ္ေစမွာပါ။ ဒါ့အျပင္ စီမံခန႔္ခြဲသူေတြက သင့္ကို အလုပ္တြဲလုပ္ရ ခက္ခဲတဲ့သူအျဖစ္လဲ သတ္မွတ္နိုင္ပါတယ္။

၄။  အလုပ္သစ္ရွာတဲ့အေၾကာင္း

Smart က်လူေတြဟာ သူတို့အလုပ္မွာ ေနာက္ထပ္ အလုပ္သစ္ရွာေနေၾကာင္း ဘယ္ေတာ့မွ မေျပာၾကပါဘူး။ ဒီလိုသတင္းမ်ိဳးဟာ လုပ္ငန္းပိုင္ရွင္ရဲ့ နားကို အျမန္ဆုံးေရာက္နိုင္တဲ့အတြက္ လက္ရွိအလုပ္ကေန စြန႔္ခြာလိုတဲ့ ဆႏၵရွိေၾကာင္း လူသိထင္ရွားထုတ္ေဖာ္ေျပာဆိုတတ္တဲ့ ဝန္ထမ္းေတြကိုလဲ အေရးပါ၊ အေရးႀကီးတဲ့ လုပ္ငန္းကိစၥေတြကို တာဝန္မေပးေတာ့ပါဘူး။

၅။ အတင္းအဖ်င္းႏွင့္ ေကာလဟာလမ်ားျဖန႔္ေဝျခင္း

အတင္းအဖ်င္းေျပာတဲ့အက်င့္ဟာ စြဲလန္းေစၿပီး ေရွာင္ရွားဖို့ခက္တဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္း အတင္းအဖ်င္းေျပာတာနဲ႔ ေကာလဟာလ ေတြျဖန႔္တာဟာ ျပႆနာေတြကိုပဲ ဦးတည္ၿပီးေတာ့ တစ္ဦးနဲ႔တစ္ဦး မေက်နပ္မွုကိုသာ ျဖစ္ေစတတ္ပါတယ္။

၆။ ႐ုံးတြင္းနိုင္ငံေရးကိစၥမ်ား
 
လူတိုင္းနီးပါး ႐ုံးတြင္နိုင္ငံေရးကို စိတ္ဝင္စားၾကပါသည္။
သို့ေသာ္႐ုံးတြင္းနိုင္ငံေရးကစားကြက္မ်ားအား ပြင့္ပြင့္လင္းလင္း ခ်ျပတာဟာ သင့္ဆီကိုသာ ျမားဦးျပန္လွည့္လာမွာ ျဖစ္လို့ ႐ုံးတြင္းနိုင္ငံေရးကိစၥေတြနဲ႔ ပတ္သက္ရင္ ေရွာင္ရွားတာ အေကာင္းဆုံးပါပဲ။

၇။ HOT ျဖစ္ေသာ ကိစၥမ်ား
လူေတြရဲ့ မတူညီတဲ့ ကိစၥ၊ တစ္ေယာက္နဲ႔တစ္ေယာက္နားလည္ေပးဖို့ခက္တဲ့ Hot ျဖစ္တဲ့ ကိစၥေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မေဆြးေႏြးတာအေကာင္းဆုံးပါ။
သင့္မွာ ဘယ္လို အျမင္ပဲရွိရွိ ဘာသာေရးႏွင့္နိုင္ငံေရးလို ကိစၥမ်ိဳးမွာေတာ့ ႐ုံးကလုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ ေဆြးေႏြးတာကို ေရွာင္သင့္ပါတယ္။ အဲ့လိုကိစၥေတြကလက္သီးလက္ေမာင္းတန္းၿပီး ေဆြးေႏြးျငင္းခုန္ရတတ္တဲ့အတြက္ ေပ်ာ္စရာေကာင္းသလို လုပ္ေဖာ္ကိုင္ဖက္အခ်င္းခ်င္းရဲ့ ဆက္ဆံေရးကိုလဲ ပ်က္ျပားေစပါတယ္။

၈။ အလြန္အက်ဴးအေသးစိတ္ေျပာျပျခင္း
သင့္ဗိုက္ခြဲစိတ္မွု အေသးစိတ္အေၾကာင္းအရာေတြ၊ သင္မူးေဝေအာ့အန္တတ္တဲ့အေၾကာင္းေတြ၊ သင့္ရဲ့ လိင္မွုေရးရာကိစၥေတြကို ဘယ္သူကမွ အေသးစိတ္မသိခ်င္ၾကပါဘူး။ သင့္ရဲ့ professional ပုံရိပ္ကို ထိခိုက္ေစနိုင္တဲ့ မလိုအပ္တဲ့ အေသးစိတ္အေၾကာင္းအရာေတြကို လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မေျပာတာအေကာင္းဆုံးပါ။

သင္ဟာ လူေတြထဲ လူတစ္ေယာက္ျဖစ္လို့ ဒီလိုကိစၥေတြကို အခ်ိန္တိုင္းမွာ ေရွာင္နိုင္ဖို့ ခက္ပါလိမ့္မယ္။ ဒါေပမဲ့လဲ သင့္ရဲ့ Professional ပီသတဲ့ ပုံရိပ္ကို တည္ေဆာက္ဖို့ဆိုရင္ေတာ့ ဒီလိုကိစၥမ်ိဳးေတြကို တတ္နိုင္သမၽွ ေရွာင္ရွားရမွာျဖစ္ပါတယ္။ ဒါမွသာ သင့္ရဲ့ ကၽြမ္းက်င္မွုပညာ၊ လုပ္ငန္းအေတြ႕အၾကဳံနဲ႔ ေကာင္းမြန္တဲ့ ပုံရိပ္ေတြကို တည္ေဆာက္ၿပီး ကိုယ့္ကိုယ္ကိုေရာ အမ်ားကပါ ေလးစားနိုင္သူတစ္ဦးျဖစ္လာမွာပါ။

ခ်စ္ေသာ
မေဆြဇင္

No comments: