Friday, August 14, 2020

ငါးဆီဖောင်းအလှူသုပ် - ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ဟင်း - ဒူးရင်းသီး ကြက်သားချက်

ဒေသအစားအစာ.. ငါးဆီဖောင်းအလှူသုပ်
=========================
စံလွင် (ငါးဦးစီး)


ငါးဆီဖောင်းဆိုတာက ပင်လယ်ပိုင်းဒေသနဲ့ ဆက်စပ်နေတဲ့ ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်   အစရှိတဲ့ နေရာဒေသတွေ မှာသာထွက်တဲ့  ပင်လယ်စာ  စားစရာတစ်မျိုးပါ။ ငါးဆီ ဖောင်းက အရိုးမာ ငါးမျိုးစိတ်တွေမှာသာပါရှိပြီး ဆီဖောင်း အရွယ်အစားနဲ့ ငါးအမျိုးအစားကိုလိုက်ပြီး တန်ဖိုးကြီးမြင့် ပါတယ်။ ကသ ပေါင်း၊ ကသမျှင် အစရှိတဲ့ ငါးကြီးငါးကောင်း တွေရဲ့ ဆီဖောင်းဆို အလေးချိန်တစ်ကျပ်သားကို သိန်းနဲ့ချီ ပြီး ပေါက်ဈေးရှိပါတယ်။

ငါးဆီဖောင်းကို ဆီဖောင်းဟင်းချို၊  ငါးဆီဖောင်းသုပ် စသည်ဖြင့် ဟင်းလျာများအဖြစ်  တန်ဖိုးထားစားသုံးကြပါ တယ်။ ပင်လယ်ပိုင်းဒေသ ရေလုပ်ငန်းရွာတွေမှာ ပြုလုပ် တဲ့  အလှူအတန်းတွေမှာဆိုရင်  ငါးဆီဖောင်းသုပ်ကို ဟင်းလျာကောင်းအဖြစ်    ထည့်သွင်းလေ့ရှိကြပါတယ်။ အဲဒီ    ဆီဖောင်းမျိုးတွေကတော့     အများအားဖြင့် ငါးရောင်၊   ငါးထွေ   အစရှိတဲ့ ငါးမျိုးစိတ်တွေကရတဲ့ ဆီဖောင်းတွေ ဖြစ်ပါတယ်။

ငါးဆီဖောင်းတွေကို ငါးခြောက်ခွဲတဲ့အခါ သီးခြား ဖယ်ပြီး နေလှန်းကာ နှစ်ပေါက်သိမ်းဆည်း စုဆောင်းထား ပြီး   ဈေးကောင်းနဲ့    ပြန်လည်ရောင်းချကြပါတယ်။ ငါးဆီဖောင်းသုပ်မယ်ဆိုရင်    ဆီဖောင်းခြောက်များကို ဒယ်အိုးမှာ မီးအေးအေးနဲ့ ကျက်အောင်လှော်ပြီးရင် ပွလာ အောင် ရေ ၁၀ မိနစ်လောက် စိမ်ရပါတယ်။ ဆီဖောင်းသုပ် ဖို့လိုအပ်တဲ့   ပစ္စည်းအမည်တွေက   အောက်ပါအတိုင်း လိုအပ်ပါတယ်-

 ငါးဆီဖောင်းခြောက် နို့ဆီဘူးတစ်လုံး
 ကြက်သွန်နီ ၃ လုံး
 ဆီ ၂ ကျပ်ခွဲသား
 ရှောက်ရွက် ၁ စည်း
 နံနံပင် ၁ စည်း
 ငရုတ်သီးစိမ်းတောင့် ၅ တောင့်
 သံပရာသီး ၁ လုံး
 ငံပြာရည်/ ပဲမှုန့် သင့်ရုံ

ဦးစွာ   ကြက်သွန်နီဥကြီးတစ်လုံးကို   ကြက်သွန်နီ ဆီကျက်ချက်၊ ကျန်နှစ်လုံးကို ပါးပါးလှီးရေစစ်ထား၊ ငရုတ် သီးစိမ်း၊  ရှောက်ရွက်တွေကို  ရေဆေးပြီး အနေတော်လှီး၊ နံနံပင်ကို အရွက်ကလေးတွေသင်ထား၊ ပြီးပါက ရေစိမ်ပြီး ရေစစ်ထားသော ဆီဖောင်းများကို ကတ်ကြေးဖြင့် အချောင်း ကလေးများသဖွယ် အနေတော်ဖြတ်ပါ။ အားလုံးအသင့်ဖြစ် က ဇလုံတစ်လုံးတွင် အစုံထည့်ကာပဲမှုန့်ဖြူး၊ ငံပြာရည်ဖျန်း၊ သံပရာရည်ညှစ်ကာ  အစာများနှံ့သွားအောင်  ဖွဖွနယ် ပါမယ်။   ရှောက်ရွက်နံ့ကလေးသင်းနေတဲ့    ငါးဆီဖောင်း အလှူသုပ်ကို  မြည်းစမ်းဖူးသူတိုင်း နှစ်သက်ကြပါတယ်။ အလှူသုပ်ဟုခေါ်ကြခြင်းမှာ အများစာအတွက် အိုးကြီး ခွက်ကြီးနဲ့ထည့်ကာ  သုပ်ကြ၍ဖြစ်သည်။   ဆီဖောင်း အလှူသုပ်မှာ   စားရာ၌    စီးစီးပိုင်ပိုင်ရှိပြီး  ဝါးရာ၌ ထုတ်ထုတ်ကလေးနှင့် အရသာတွေ့လှသော ပင်လယ်စာ ဟင်းလျာတစ်မျိုးဖြစ်ကြောင်းပါဗျာ ...။

ကြေးမုံသတင်းစာမှ

ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ဟင်း
--------------------------------------------


 ဝက်ဆီဖတ်ဆိုသည်က အဆီထုတ်ထားသည့် ဝက်သားကို ဆိုလိုပါသည်။ ဒယ်အိုးတွင် အဆီ၊ အသား၊ အခေါက်တွဲနေသည့် ဝက်သားအစိမ်းကို မီးအပူတိုက်ကာ အဆီထုတ်ယူထားသည့်အတွက် အဆီထုတ်ပြီးသား ဝက်ဆီဖတ်မှာ ကြော်ထားသကဲ့သို့ ရှိသည်။ အအီဓာတ်လျော့နေသည့်အတွက် သရေစာအဖြစ် စားကြသကဲ့သို့ ဟင်းလျာအဖြစ်လည်း အကြိုက်များသည်။

ပါဝင်ပစ္စည်းများ
ဝက်ဆီဖတ်  -  ၁၀ ကျပ်သား
ချဉ်ပေါင်ရွက်  -  ၃ စည်း
ကြက်သွန်နီ  -  ၂ လုံး
ရေချိုငါးပိရည်  -  စားပွဲဇွန်း ၄ ဇွန်း
ငရုတ်သီးစိမ်းတောင့်  -  ၅ တောင့်
ပင်စိမ်းရွက်  -  ၁ စည်း
ဆား  -  သင့်ရုံ
နနွင်း  -  သင့်ရုံ

ပြုလုပ်နည်း
 ဝက်ဆီဖတ်များကို သင့်တော်သောအရွယ် ပိုင်းထားပါ။ ချဉ်ပေါင်ရွက်များကို ခြွေ၊ ရေဆေးပြီး စစ်ထားပါ။ ကြက်သွန်နီကို အခွံသင်ပြီး ခပ်ကြမ်း ကြမ်းလှီးပါ။ ငရုတ်သီးစိမ်းတောင့်များခြွေ ရေဆေးပြီး ထက်ခြမ်းခြမ်းပါ။ အားလုံးပြီးပါက ရေစစ်ထားသည့် ချဉ်ပေါင်ရွက်များကို ဒယ်အိုး၌ လှော်ပါ။ ချဉ်ပေါင်ရွက် များ နွမ်းလာပါက ရေအနည်းငယ်ထည့်ကာ အရွက် များကြေအောင် မွှေပြီး ငါးပိရည်လောင်းကာ ရေကို လိုသလောက် ထည့်ချက်ပါ။ ဟင်းအိုးပွက်ပွက်ဆူ လာပါက အပေါ့အငန်မြည်းကာ အသင့်ပြင်ထားသော ဝက်ဆီဖတ်များထည့်ကာ အနှံ့မွှေ၊ ငရုတ်သီးစိမ်း ခွဲခြမ်းနှင့် ပင်စိမ်းအုပ်ကာ မီးဖိုမှချပါ။ ပင်စိမ်းနံ့ တသင်းသင်းနှင့် ချဉ်ချဉ်စပ်စပ်၊ လေးလေးပင်ပင် ဝက်ဆီဖတ်ချဉ်ပေါင်ရွက် ကရင်ချက်ကို မြိန်ယှက်စွာ စားသုံးနိုင်မည်ဖြစ်ပါသည်။
---------------------------------
စံလွင် (ငါးဦးစီး)

ဒူးရင်းသီး ကြက်သားချက်
------------------------------


 ကြက်သားကို သီးနှံများနှင့် ရောနှောချက်ပြုတ် သည့်အခါ အများအားဖြင့် အာလူး၊ ဘူးသီး၊ ကျောက် ဖရုံ စသည်တို့နှင့် ချက်ကြပါသည်။ ထားဝယ်နှင့် မွန် ပြည်နယ် ကျေးလက်ဒေသများဘက်တွင်မူ ဒူးရင်းသီး ကို ကြက်သားနှင့် ရောချက်စားကြသည်။ အထူးသဖြင့် ဒူးရင်းခြံများပေါများသည့် ကျေးလက်များတွင် ဖြစ်ကြပါ၏။ မိမိစားဖူးသမျှ တိုင်းရင်းဟင်းလျာများဒူးရင်းသီးကြက်သားချက်သည် အရသာဩဇာနှင့် ပြည့်စုံသော ဟင်းလျာတစ်ခွက်ဟု ဆိုချင်ပါသည်။

ပါဝင်ပစ္စည်းများ
တိုင်းရင်းကြက်အသားနုနု  -  ၃၀ ကျပ်သား
ဆီ  -  ၅ ကျပ်သား
ကြက်သွန်နီ  -  ၂ လုံး
ကြက်သွန်ဖြူ  -  ၁ လုံး
ငရုတ်သီးအခြောက်  -  ၂ တောင့်
တိုင်းရင်းဒူးရင်းသီးအစိမ်းမြွှာ  -  ၅ မြွှာ
ဆား  -  သင့်ရုံ
နနွင်း  -  သင့်ရုံ

ပြုလုပ်ပုံ
 ကြက်သားကို အနေတော်တုံးကာ ရေစင်စင် ဆေးပြီး ရေစစ်ကာ ဆား၊ နနွင်း နယ်ထားပါ။ ငရုတ်သီးအခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ညက်ညက်ထောင်းပါ။ ဒူးရင်းကြက်သားချက်မည် ဆိုပါက မမှည့်သေးသည့် ဒူးရင်းသီး အသီးအရင့်ကို သုံးရပါသည်။ ဒူးရင်းမြွှာများကို အစေ့ဖယ်ပြီး အသား ချည်းသတ်သတ် သင်ထားပါ။ အားလုံးပြီးပါက ဇလုံ တစ်လုံး၌ အရသာသွင်းထားသော ကြက်သားများကို ထည့်ကာ ငရုတ်သီး၊ ကြက်သွန်ထောင်းပြီးသား အရောနှင့်အတူ ဆီထည့်ပြီး အနှံ့နယ်ကာ ဒယ်အိုးကို မီးဖို၌ အဖုံးပိတ်တည်ပါ။ (ဒန်အိုးအစား ဒယ်အိုးကို သုံးပါသည်) ဟင်းအိုးဆီပြန်လာပါက အနှံ့မွှေပေးကာ ဆုံဆေးရေထည့်၍ အဖုံးပိတ်ချက်ပါ။ ကြက်သားနူးရန် ရေလိုအပ်သလောက်ထည့်ကာ ချက်ရပါမည်။ ကြက်သားများနူးလောက်ပါက ဆီမပြန်မှီ ဒူးရင်းမြွှာ အသားများထည့်ကာ ဆီပြန်အောင် ချက်ပါမည်။ ဒူးရင်းမြွှာအသားများထည့်ပြီးပါက ဒယ်ပြားဇွန်းဖြင့် အိုးမကပ်အောင် ဂရုစိုက်၍ မွှေပေးရန် လိုပါသည်။ ဆီပြန်လာပါက မီးဖိုမှချ၍ သုံးဆောင်နိုင်ပါပြီ။ ဒူးရင်း သီး၏ အနံ့အရသာသည် ဟင်းအသားနှင့် အနှစ် အတွင်း စိမ့်ဝင်နေသည်ဖြစ်၍ အရသာ အထူးကောင်း မွန်ကာ အချိုအဆိမ့်နှစ်သက်သူများ အကြိုက်တွေ့စေမည့် ဒေသဟင်းလျာတစ်ခွက် ဖြစ်ပါသည်။
------------------------------------
ဦးစံလွင် (ငါးဦးစီး)


(Zawgyi)

ေဒသအစားအစာ.. ငါးဆီေဖာင္းအလွူသုပ္
=========================
စံလြင္ (ငါးဦးစီး)


ငါးဆီေဖာင္းဆိုတာက ပင္လယ္ပိုင္းေဒသနဲ႔ ဆက္စပ္ေနတဲ့ ကမ္းရိုးတန္း၊ ျမစ္ဝကၽြန္းေပၚ   အစရွိတဲ့ ေနရာေဒသေတြ မွာသာထြက္တဲ့  ပင္လယ္စာ  စားစရာတစ္မ်ိဳးပါ။ ငါးဆီ ေဖာင္းက အရိုးမာ ငါးမ်ိဳးစိတ္ေတြမွာသာပါရွိၿပီး ဆီေဖာင္း အရြယ္အစားနဲ႔ ငါးအမ်ိဳးအစားကိုလိုက္ၿပီး တန္ဖိုးႀကီးျမင့္ ပါတယ္။ ကသ ေပါင္း၊ ကသမၽွင္ အစရွိတဲ့ ငါးႀကီးငါးေကာင္း ေတြရဲ့ ဆီေဖာင္းဆို အေလးခ်ိန္တစ္က်ပ္သားကို သိန္းနဲ႔ခ်ီ ၿပီး ေပါက္ေဈးရွိပါတယ္။

ငါးဆီေဖာင္းကို ဆီေဖာင္းဟင္းခ်ိဳ၊  ငါးဆီေဖာင္းသုပ္ စသည္ျဖင့္ ဟင္းလ်ာမ်ားအျဖစ္  တန္ဖိုးထားစားသုံးၾကပါ တယ္။ ပင္လယ္ပိုင္းေဒသ ေရလုပ္ငန္းရြာေတြမွာ ျပဳလုပ္ တဲ့  အလွူအတန္းေတြမွာဆိုရင္  ငါးဆီေဖာင္းသုပ္ကို ဟင္းလ်ာေကာင္းအျဖစ္    ထည့္သြင္းေလ့ရွိၾကပါတယ္။ အဲဒီ    ဆီေဖာင္းမ်ိဳးေတြကေတာ့     အမ်ားအားျဖင့္ ငါးေရာင္၊   ငါးေထြ   အစရွိတဲ့ ငါးမ်ိဳးစိတ္ေတြကရတဲ့ ဆီေဖာင္းေတြ ျဖစ္ပါတယ္။

ငါးဆီေဖာင္းေတြကို ငါးေျခာက္ခြဲတဲ့အခါ သီးျခား ဖယ္ၿပီး ေနလွန္းကာ ႏွစ္ေပါက္သိမ္းဆည္း စုေဆာင္းထား ၿပီး   ေဈးေကာင္းနဲ႔    ျပန္လည္ေရာင္းခ်ၾကပါတယ္။ ငါးဆီေဖာင္းသုပ္မယ္ဆိုရင္    ဆီေဖာင္းေျခာက္မ်ားကို ဒယ္အိုးမွာ မီးေအးေအးနဲ႔ က်က္ေအာင္ေလွာ္ၿပီးရင္ ပြလာ ေအာင္ ေရ ၁၀ မိနစ္ေလာက္ စိမ္ရပါတယ္။ ဆီေဖာင္းသုပ္ ဖို့လိုအပ္တဲ့   ပစၥည္းအမည္ေတြက   ေအာက္ပါအတိုင္း လိုအပ္ပါတယ္-

 ငါးဆီေဖာင္းေျခာက္ နို့ဆီဘူးတစ္လုံး
 ၾကက္သြန္နီ ၃ လုံး
 ဆီ ၂ က်ပ္ခြဲသား
 ေရွာက္ရြက္ ၁ စည္း
 နံနံပင္ ၁ စည္း
 င႐ုတ္သီးစိမ္းေတာင့္ ၅ ေတာင့္
 သံပရာသီး ၁ လုံး
 ငံျပာရည္/ ပဲမွုန္႔ သင့္႐ုံ

ဦးစြာ   ၾကက္သြန္နီဥႀကီးတစ္လုံးကို   ၾကက္သြန္နီ ဆီက်က္ခ်က္၊ က်န္ႏွစ္လုံးကို ပါးပါးလွီးေရစစ္ထား၊ င႐ုတ္ သီးစိမ္း၊  ေရွာက္ရြက္ေတြကို  ေရေဆးၿပီး အေနေတာ္လွီး၊ နံနံပင္ကို အရြက္ကေလးေတြသင္ထား၊ ၿပီးပါက ေရစိမ္ၿပီး ေရစစ္ထားေသာ ဆီေဖာင္းမ်ားကို ကတ္ေၾကးျဖင့္ အေခ်ာင္း ကေလးမ်ားသဖြယ္ အေနေတာ္ျဖတ္ပါ။ အားလုံးအသင့္ျဖစ္ က ဇလုံတစ္လုံးတြင္ အစုံထည့္ကာပဲမွုန္႔ျဖဴး၊ ငံျပာရည္ဖ်န္း၊ သံပရာရည္ညႇစ္ကာ  အစာမ်ားႏွံ့သြားေအာင္  ဖြဖြနယ္ ပါမယ္။   ေရွာက္ရြက္နံ့ကေလးသင္းေနတဲ့    ငါးဆီေဖာင္း အလွူသုပ္ကို  ျမည္းစမ္းဖူးသူတိုင္း ႏွစ္သက္ၾကပါတယ္။ အလွူသုပ္ဟုေခၚၾကျခင္းမွာ အမ်ားစာအတြက္ အိုးႀကီး ခြက္ႀကီးနဲ႔ထည့္ကာ  သုပ္ၾက၍ျဖစ္သည္။   ဆီေဖာင္း အလွူသုပ္မွာ   စားရာ၌    စီးစီးပိုင္ပိုင္ရွိၿပီး  ဝါးရာ၌ ထုတ္ထုတ္ကေလးႏွင့္ အရသာေတြ႕လွေသာ ပင္လယ္စာ ဟင္းလ်ာတစ္မ်ိဳးျဖစ္ေၾကာင္းပါဗ်ာ ...။

ေျကးမုံသတင္းစာမွ

ဝက္ဆီဖတ္ခ်ဥ္ေပါင္ရြက္ ကရင္ဟင္း
--------------------------------------------


 ဝက္ဆီဖတ္ဆိုသည္က အဆီထုတ္ထားသည့္ ဝက္သားကို ဆိုလိုပါသည္။ ဒယ္အိုးတြင္ အဆီ၊ အသား၊ အေခါက္တြဲေနသည့္ ဝက္သားအစိမ္းကို မီးအပူတိုက္ကာ အဆီထုတ္ယူထားသည့္အတြက္ အဆီထုတ္ၿပီးသား ဝက္ဆီဖတ္မွာ ေၾကာ္ထားသကဲ့သို့ ရွိသည္။ အအီဓာတ္ေလ်ာ့ေနသည့္အတြက္ သေရစာအျဖစ္ စားၾကသကဲ့သို့ ဟင္းလ်ာအျဖစ္လည္း အႀကိဳက္မ်ားသည္။

ပါဝင္ပစၥည္းမ်ား
ဝက္ဆီဖတ္  -  ၁၀ က်ပ္သား
ခ်ဥ္ေပါင္ရြက္  -  ၃ စည္း
ၾကက္သြန္နီ  -  ၂ လုံး
ေရခ်ိဳငါးပိရည္  -  စားပြဲဇြန္း ၄ ဇြန္း
င႐ုတ္သီးစိမ္းေတာင့္  -  ၅ ေတာင့္
ပင္စိမ္းရြက္  -  ၁ စည္း
ဆား  -  သင့္႐ုံ
နႏြင္း  -  သင့္႐ုံ

ျပဳလုပ္နည္း
 ဝက္ဆီဖတ္မ်ားကို သင့္ေတာ္ေသာအရြယ္ ပိုင္းထားပါ။ ခ်ဥ္ေပါင္ရြက္မ်ားကို ေႁခြ၊ ေရေဆးၿပီး စစ္ထားပါ။ ၾကက္သြန္နီကို အခြံသင္ၿပီး ခပ္ၾကမ္း ၾကမ္းလွီးပါ။ င႐ုတ္သီးစိမ္းေတာင့္မ်ားေႁခြ ေရေဆးၿပီး ထက္ျခမ္းျခမ္းပါ။ အားလုံးၿပီးပါက ေရစစ္ထားသည့္ ခ်ဥ္ေပါင္ရြက္မ်ားကို ဒယ္အိုး၌ ေလွာ္ပါ။ ခ်ဥ္ေပါင္ရြက္ မ်ား ႏြမ္းလာပါက ေရအနည္းငယ္ထည့္ကာ အရြက္ မ်ားေၾကေအာင္ ေမႊၿပီး ငါးပိရည္ေလာင္းကာ ေရကို လိုသေလာက္ ထည့္ခ်က္ပါ။ ဟင္းအိုးပြက္ပြက္ဆူ လာပါက အေပါ့အငန္ျမည္းကာ အသင့္ျပင္ထားေသာ ဝက္ဆီဖတ္မ်ားထည့္ကာ အႏွံ့ေမႊ၊ င႐ုတ္သီးစိမ္း ခြဲျခမ္းႏွင့္ ပင္စိမ္းအုပ္ကာ မီးဖိုမွခ်ပါ။ ပင္စိမ္းနံ့ တသင္းသင္းႏွင့္ ခ်ဥ္ခ်ဥ္စပ္စပ္၊ ေလးေလးပင္ပင္ ဝက္ဆီဖတ္ခ်ဥ္ေပါင္ရြက္ ကရင္ခ်က္ကို ၿမိန္ယွက္စြာ စားသုံးနိုင္မည္ျဖစ္ပါသည္။
---------------------------------
စံလြင္ (ငါးဦးစီး)

ဒူးရင္းသီး ၾကက္သားခ်က္
------------------------------


 ၾကက္သားကို သီးႏွံမ်ားႏွင့္ ေရာေႏွာခ်က္ျပဳတ္ သည့္အခါ အမ်ားအားျဖင့္ အာလူး၊ ဘူးသီး၊ ေက်ာက္ ဖ႐ုံ စသည္တို့ႏွင့္ ခ်က္ၾကပါသည္။ ထားဝယ္ႏွင့္ မြန္ ျပည္နယ္ ေက်းလက္ေဒသမ်ားဘက္တြင္မူ ဒူးရင္းသီး ကို ၾကက္သားႏွင့္ ေရာခ်က္စားၾကသည္။ အထူးသျဖင့္ ဒူးရင္းၿခံမ်ားေပါမ်ားသည့္ ေက်းလက္မ်ားတြင္ ျဖစ္ၾကပါ၏။ မိမိစားဖူးသမၽွ တိုင္းရင္းဟင္းလ်ာမ်ားဒူးရင္းသီးၾကက္သားခ်က္သည္ အရသာဩဇာႏွင့္ ျပည့္စုံေသာ ဟင္းလ်ာတစ္ခြက္ဟု ဆိုခ်င္ပါသည္။

ပါဝင္ပစၥည္းမ်ား
တိုင္းရင္းၾကက္အသားႏုႏု  -  ၃၀ က်ပ္သား
ဆီ  -  ၅ က်ပ္သား
ၾကက္သြန္နီ  -  ၂ လုံး
ၾကက္သြန္ျဖဴ  -  ၁ လုံး
င႐ုတ္သီးအေျခာက္  -  ၂ ေတာင့္
တိုင္းရင္းဒူးရင္းသီးအစိမ္းႁမႊာ  -  ၅ ႁမႊာ
ဆား  -  သင့္႐ုံ
နႏြင္း  -  သင့္႐ုံ

ျပဳလုပ္ပုံ
 ၾကက္သားကို အေနေတာ္တုံးကာ ေရစင္စင္ ေဆးၿပီး ေရစစ္ကာ ဆား၊ နႏြင္း နယ္ထားပါ။ င႐ုတ္သီးအေျခာက္၊ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴကို ညက္ညက္ေထာင္းပါ။ ဒူးရင္းၾကက္သားခ်က္မည္ ဆိုပါက မမွည့္ေသးသည့္ ဒူးရင္းသီး အသီးအရင့္ကို သုံးရပါသည္။ ဒူးရင္းႁမႊာမ်ားကို အေစ့ဖယ္ၿပီး အသား ခ်ည္းသတ္သတ္ သင္ထားပါ။ အားလုံးၿပီးပါက ဇလုံ တစ္လုံး၌ အရသာသြင္းထားေသာ ၾကက္သားမ်ားကို ထည့္ကာ င႐ုတ္သီး၊ ၾကက္သြန္ေထာင္းၿပီးသား အေရာႏွင့္အတူ ဆီထည့္ၿပီး အႏွံ့နယ္ကာ ဒယ္အိုးကို မီးဖို၌ အဖုံးပိတ္တည္ပါ။ (ဒန္အိုးအစား ဒယ္အိုးကို သုံးပါသည္) ဟင္းအိုးဆီျပန္လာပါက အႏွံ့ေမႊေပးကာ ဆုံေဆးေရထည့္၍ အဖုံးပိတ္ခ်က္ပါ။ ၾကက္သားႏူးရန္ ေရလိုအပ္သေလာက္ထည့္ကာ ခ်က္ရပါမည္။ ၾကက္သားမ်ားႏူးေလာက္ပါက ဆီမျပန္မွီ ဒူးရင္းႁမႊာ အသားမ်ားထည့္ကာ ဆီျပန္ေအာင္ ခ်က္ပါမည္။ ဒူးရင္းႁမႊာအသားမ်ားထည့္ၿပီးပါက ဒယ္ျပားဇြန္းျဖင့္ အိုးမကပ္ေအာင္ ဂ႐ုစိုက္၍ ေမႊေပးရန္ လိုပါသည္။ ဆီျပန္လာပါက မီးဖိုမွခ်၍ သုံးေဆာင္နိုင္ပါၿပီ။ ဒူးရင္း သီး၏ အနံ့အရသာသည္ ဟင္းအသားႏွင့္ အႏွစ္ အတြင္း စိမ့္ဝင္ေနသည္ျဖစ္၍ အရသာ အထူးေကာင္း မြန္ကာ အခ်ိဳအဆိမ့္ႏွစ္သက္သူမ်ား အႀကိဳက္ေတြ႕ေစမည့္ ေဒသဟင္းလ်ာတစ္ခြက္ ျဖစ္ပါသည္။
------------------------------------
ဦးစံလြင္ (ငါးဦးစီး)

No comments: