Saturday, August 15, 2020

❗❗❗လုပ်ငန်းခွင်အတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ရှိလာတဲ့အခါ သင်ဘယ်လိုကိုင်တွယ်မှာလဲ ?

❗❗❗လုပ်ငန်းခွင်အတွင်းမှာ  ခွဲခြားဆက်ဆံမှုတွေ
ရှိလာတဲ့အခါ သင်ဘယ်လိုကိုင်တွယ်မှာလဲ ?


#Htain_Lin_Kyaw(HR)

လုပ်ငန်းခွင်ထဲက များစွာလှသော ပြသာနာတွေကို ရှင်းလင်းရတဲ့အခါ သတိထားမိလာတာ တစ်ခုကိုရှိပါတယ် ။ တစ်ချို့သော ပြသာနာတွေက ဝန်ထမ်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့  စည်းမျဉ်းစည်းကမ်းကို  တိုက်ရိုက် ဖောက်ဖျက်ကျူးလွန်တာ တွေကို အရေးယူဆောင်ရွက်လို့ရတာ ရှိပေမဲ့ ဝန်ထမ်းအချင်းချင်း  ခွဲခြားဆက်ဆံတာ ၊ မမှန်စကား ပြောတာ အစရှိတာတွေက သိပေမဲ့
ဖြေရှင်း ဆောင်ရွက်ရခက်ခဲတဲ့ အပိုင်းဖြစ်ပါတယ် ။

လုပ်ငန်းခွင်ထဲမှာ မတူညီတဲ့ ပညာအရည်အချင်း ၊ သင်ယူလေ့လာမှု ၊ ကျွမ်းကျင်တတ်မြောက်မှုတွေက  မတူညီတဲ့ လုပ်ငန်းတာဝန် ၊ ရာထူးတာဝန်တွေအဖြစ် ခွဲဝေ သတ်မှတ်ထားခြင်းခံရစေပါတယ် ။ ဒီအပေါ်မှာ တစ်ချို့သော ဝန်ထမ်းတွေက ဒီရာထူးတာဝန်တွေအပေါ်မှာ မူတည်ပြီး ဝန်ထမ်းအချင်းချင်း ခွဲခြား ဆက်ဆံ တာ တွေ လုပ်ငန်းခွင်ထဲမှာ ရှိလာတဲ့အခါ  ကိုင်တွယ်ဖြေရှင်းရခက်ခဲပါတယ် ။

တစ်ချို့သော ခွဲခြားဆက်ဆံမှုတွေ ၊အဆင့်တန်းခွဲခြားမှုတွေက ထိရောက်တဲ့ ပြစ်မှုမျိုး မရှိတဲ့အတွက် အရေးယူဆောင်ရွက်ရတာ ခက်ခဲသလို ၊ပြောဆို သွန်သင်ဖို့ရာလည်း  လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေမှာ ဖြစ်တဲ့အတွက် သင့်အနေနဲ့ မိမိတာဝန်ယူနေရတဲ့ လုပ်ငန်းခွင်ထဲမှာ ဒိလို အခြေအနေမျိုးတွေ ရှိလာပြီဆိုရင် ဘယ်လို အကောင်းဆုံး ကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အရေးပါလာပါတယ် ။

ဒါကလည်း လူတစ်ယောက်ချင်းစီအလိုက် တည်ရှိနေတဲ့ လူသားဆန်မှု ၊ စာနာစိတ် ၊ ပွင့်လင်းဖော်ရွေမှု နဲ့ သက်ဆိုင် နေတာကြောင့်   အဆင့်အတန်းဆိုတဲ့ စကားလုံးကို သတ်မှတ်ရာမှာ ကွာခြားသွားပါလိမ့်မယ် ။

ဒီတော့ အောက်က ဥပမာ ပေးထားတာလေးကို တစ်ချက် ကြည့်ရအောင် ……❗❗❗

သင့်က ယာဉ်မောင်းဝန်ထမ်းတစ်ယောက်ဆိုပါစို့ ၊

နေ့လည်ဝန်ထမ်းတွေအားလုံး ထမင်းစားချိန် အတွင်းမှာ ထမင်းစားခန်းထဲ ရောက်လာမယ် ၊ လူများနေတာကြောင့် ထမင်းချိုင့်လေး ယူပြီး အနီးဆုံး လွတ်နေတဲ့ ခုံလေးမှာ ဝင်ထိုင်ပြီး ထမင်းစားဖို့ ပြင်ဆင်တဲ့အခါ …..

သင့်ဘေးက မန်နေဂျာ အမျိုးသမီးတစ်ယောက်က  လာထိုင်တဲ့ သင့်ကိုတစ်ချက်  ကြည့်ပြီး  တစ်ခြား ထမင်းစားပွဲ လွတ်နေတဲ့ နေရာကို ပြောင်းသွားတယ် ဆိုပါစို့ ….

မေးခွန်းလေးတွေကို မိမိဘာသာစိတ်ထဲမှာဖြေကြည့်ပေးပါ …. 👇👇👇

၁။ သင်က ဒီအခြေအနေမှာ ဘယ်လိုခံစားရမလဲ ?

၂။ ဒီဖြစ်ရပ်အပေါ် တစ်ခြား ဝန်ထမ်းတစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ ?

၃။ သင်က သူတို့အားလုံးကို စီမံခန့်ခွဲနေရတဲ့ သူတစ်ယောက်ဆိုရင်ကော ဘယ်လို ထင်မြင်ဆောင်ရွက်မိမှာလဲ?

သင့်စိတ်ထဲမှာ သာအဖြေ ပေးရင်း ဆောင်းပါးလေးကို ဆက်ဖတ်ပေးပါ …👌

ဒီလို ပုံစံတူ ဖြစ်ရပ်မျိုး မိမိ လုပ်ငန်းခွင် အတွင်းမှာဖြစ်ဖူး ၊မြင်ဖူးကြမှာပါ ၊ ဒီလိုအခြေအနေမျိုးကို ကိုင်တွယ် ဖြေရှင်းရာမှာ ပြစ်မှု မြောက်တဲ့ ဖြစ်ရပ်မျိုး တိုက်ရိုက်ဖြစ်စေတာ မဟုတ်တဲ့အတွက်  လူတစ်ယောက် ချင်းစီ ရဲ့ စိတ်နဲ့သာ သက်ဆိုင်တယ် လို့ တော်တေ်ာများများက ပြောဆိုကြပါလိမ့်မယ် ၊ အခြေခံအားဖြင့် တော့ မှန်ကန်ကောင်း မှန်ကန်ပါလိမ့်မယ် ။

ဒါပေမဲ့  အဆင့်အတန်း ခွဲခြားတာဟာ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ခွဲခြားမှုလို လုပ်ငန်းခွင်အတွင်းဖြစ်စေတဲ့ ပြစ်မှု အဖြစ် သတ်မှတ်လို့ မရတာကြောင့်  သေချာစွာ မစီမံနိုင် ဘူးဆိုရင် ရေရှည်မှာ အဖွဲ့အစည်းအတွက် ဆိုးကျိုး  ဖြစ်လာနိုင်တဲ့ အချက်အလက်တွေ ရှိလာပါတယ် ။

ဝန်ထမ်းတွေ အနေနဲ့ ရာထူးဆိုတာ တာဝန်ဖြစ်တယ်ဆိုတာ သေချာစွာမသိသေးတဲ့အခါ မိမိ လုပ်ငန်းခွင်မှာ ဖြစ်လာနိုင်လာတာတွေက

❗ဝန်ထမ်းအချင်းချင်းဆက်ဆံရေးပျက်ယွင်းခြင်း

❗အုပ်စုဖွဲ့ သီးခြား နေထိုင်လုပ်ကိုင်လာခြင်း

❗ပူးပေါင်းဆောင်ရွက်လိုစိတ် လျော့နည်းခြင်း

❗အခြေခံ ဝန်ထမ်းငယ်များ အတွက် စိတ်ပိုင်းဆိုင်ရာ လျော့နည်းအားကျလာခြင်းနဲ့

❗အဖွဲ့အစည်းပေါ်  ယုံကြည်မှု နည်းပါးလာခြင်းတို့ကို ရင်ဆိုင် ရလာနိုင်ပါတယ် ။

ဒီပြသာနာမျိုးက အခြေခံ ဝန်ထမ်းငယ်တွေနဲ့ တစ်ခြားဝန်ထမ်းတွေဆီမှာသာ ဖြစ်ကြတာ မဟုတ်ပါဘူး။ ပညာအရည်အချင်း  ၊ ငွေကြေးဓန ပိုင်းဆိုင်ရာ သာလွန်မှု တွေအပေါ်မှာလည်း အဆင့်အတန်း ခွဲခြား မှုတွေကို ပြုလုပ်ကြတာလည်း တွေ့ရတတ်ပါတယ် ။

ဒီတော့ မိတ်ဆွေ အနေနဲ့ ဒီအပိုင်းကို ကိုယ်တွယ် ဖြေရှင်းရာမှာ အသုံးပြု ဆောင်ရွက်လို့ ရမယ့် အချက်အလက် တစ်ချို့ တင်ပြချင်ပါတယ် ။

🔹လုပ်ငန်းခွင်အတွင်း စတင်ဝင်ရောက်လာတဲ့ ဝန်ထမ်းသစ်တွေကို ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး သေချာရှင်းလင်းအောင် ပြောဆို ပေးပါ ။ မိမိတို့ လုပ်ငန်းအတွင်း အဆင့့်အတန်းခွဲခြားခြင်းကို  လက်မခံ ကြောင်းနဲ့  ဒါကို စောင့်ကြည့် ကိုင်တွယ်နေကြောင်း တိကျစွာ သိရှိဖို့ လိုပါတယ် ။ မိမိတို့ အဖွဲ့အစည်းက ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ အခွင့်အရေးကို အလေးထားကြောင်း ပေါ်လွင်ပါစေ ။

🔹ဝန်ထမ်းအားလုံးရဲ့ နှစ်စဉ် အကဲဖြတ်မှု မှတ်တမ်းတွေမှာ ဒီအချက် ထည့်သွင်း အကဲဖြတ်လို့ရပါတယ် ၊ ဒါကိုလည်း ဝန်ထမ်းအားလုံးကို သေချာစွာ အသိပေးထားပါ ။ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှု အဆင့်အတန်းခွဲခြားမှုတွေကို ဝန်ထမ်းအချင်းချင်း ပြန်လည် အကဲဖြတ်မှုတွေ ပြုလုပ် ဆောင် ရွက်ပေးလို့ရပါတယ် ။

🔹အခါအားလျော်စွာ  ဒါနဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲလေးလုပ်ပေးပါ ၊ လုပ်ငန်းခွင်အတွင်းက လိင်ပိုင်းဆိုင်ရာ ထိပါး နှောက်ယှက်မှု ၊ ခွဲခြားဆက်ဆံခြင်း ၊အဆင့်အတန်းခွဲခြားခြင်း ၊ ယုံကြည် ကိုးကွယ်မှု ကို ခွဲခြား ဆက်ဆံခြင်းတွေ နဲ့ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေ ၊ အသိပညာ ပေးပွဲတွေ  ပြုလုပ် ဆောင် ရွက်ပေးပါ ။

🔹ဝန်ထမ်းတစ်ယောက်ချင်းစီရဲ့ တန်ဖိုးကို အလေးထားကြောင်းပြသပါ ။ လူသားဆန်တဲ့ အပြုအမူမျိုးက အဖွဲ့အစည်းအတွင်းအရေးကြီးကြောင်းနဲ့ အဆင့်အတန်းဆိုတဲ့ ဝေါဟာရ အပေါ် တိကျတဲ့ သတ်မှတ် ချက်မျိုး ဖော်ဆောင်ပေးပါ ။ လုပ်ငန်းအတွင်းမှာ ရှိရမယ့် Ethic (ကျင့်ဝတ်) နဲ့ လူအသိုက်အဝန်းမှာ ထားရှိသင့်တဲ့ ကျင့်ဝတ်များကို  နားလည်စေရန် ဖော်ဆောင်ပါ ။

🔹အကယ်၍ အဆင့်အတန်းခွဲခြားမှု မျိုး ပြုလုပ်ခံရပါက  အားပေးနှစ်သိမ့်ခြင်း  အစီအစဉ်များ ပြုလုပ် ပေးနိုင်ပါတယ် ။ ဒါတွေက ဆောင်ရွက်လို့ရနိုင်မယ့်နည်းလမ်းတစ်ချို့ပါ ၊

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ကြုံတွေ့ရတတ်တာလေးကိုတစ်ခု ပြောချင်ပါတယ် ၊ အထက်ကပေးခဲ့တဲ့ ဥပမာဖြစ်တဲ့  မန်နေဂျာ အမျိုးသမီးနဲ့ ယာဉ်မောင်း တို့ဖြစ်စဉ်မှာ အခြေအနေတစ်ချို့ ထည့်သွင်း ပေးချင်း ပါတယ် ။

ဒါကတော့ ထမင်းစားဖို့ လာထိုင်တဲ့ ယာဉ်မောင်းက ချွေးနံ့ နဲ့ ကိုယ်နံ့ဆိုးက ထွက်နေမယ် ၊ မန်နေဂျာ အမျိုးသမီးကလည်း အရမ်းအသန့်ကြိုက်သူ ဖြစ်နေခဲ့မယ် ဆိုရင် ကျွန်တော်တို့စဉ်းစားမိတဲ့ ရှထောင့် ပြောင်းလဲ သွားနိုင်ပါတယ် ။

ဒီလိုဖြစ်စဉ်မျိုးလည်းဖြစ်တတ်သလို ၊ အဆင့်အတန်းခွဲခြားသူ တို့ရဲ့  လျောက်လဲ ချေပချက်လည်းဖြစ်နေတတ်တာကို သတိပြုမိစေလိုတာကြောင့်ပါ ။

လုပ်ငန်းခွင်တွေမှာ ယာဉ်မောင်း၊အထွေထွေ လုပ်သားတွေ ၊သန့်ရှင်းရေး ဝန်ဆောင်မှု ဆောင်ရွက်သူ တွေ နဲ့  အတူမထိုင်ဘူး ၊ထမင်းအတူမစားဘူး ၊ ရင်းနှီး ဖော်ရွေစွာ စကားပြောရတာ နိမ့်ပါးတယ် လို့ယူဆသူ တစ်ချို့ကို တွေ့ဖူး မြင်ဖူး ကြုံံဖူးပါတယ် ။

ဒါက ကျွန်တော် တို့ လူ့အဖွဲ့အစည်းမှာ တကယ်ဖြစ်နေသလို ၊ လူတစ်ဦးချင်းစီရဲ့ အလုပ်အကိုင်အပေါ်မှာ ခွဲခြား ဆက်ဆံခြင်းက သေးသိမ်တဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း  ကျွန်တော် တစ်ဦး တည်းရဲ့ အမြင်အရ ဆန့်ကျင်ပါတယ် ။ တစ်ချို့ အခြေအနေတွေမှာ လုပ်ငန်းသဘောအရ သီးခြား ဆက်ဆံရ ပေမဲ့   ဒါကလည်း အလုပ်နဲ့သက်ဆိုင်တဲ့ ကိစ္စရပ်တွေမှာပဲဖြစ်သင့်ပါတယ်  ။

လူတစ်ဦးချင်းစိရဲ့ အလုပ်အကိုင်အပေါ် လေးစားမှု နဲ့ အလုပ်တစ်ခုရဲ့ ဂုဏ်သိက္ခာကို နားလည် သဘောပေါက် စေဖို့လိုပါတယ် ။ အဆင့်အတန်းရှိတဲ့ အလုပ်ဆိုတာ  ပညာအရည်အချင်း ၊ ရာထူးတာဝန် ၊ဝင်ငွေ ဒါတွေနဲ့ တိုင်းတာမယ် ဆိုရင် မှားယွင်းပါလိမ့်မယ် ၊ မိမိ အလုပ်အပေါ် ဘယ်လောက်အထိ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်သလဲ  ၊ စ်ိတ်စေတနာ နဲ့ အားစိုက်မှု တွေ ရှိနေသမျှ  လုပ်ကိုင်သူ ဟာ မိမိလုပ်ငန်းကို အဆင့်အတန်း ရှိစွာ လုပ်ကိုင်နေသူလို့သတ်မှတ်လို့ရနိုင်ပါတယ် ။

တကယ်တော့ လုပ်ငန်းခွင်ထဲမှာမှ မဟုတ်ပါဘူး ၊ လူ အသိုက်အဝန်းမှာ  လူတစ်ဦးရဲ့ အလုပ်ကိုင် ၊ရာထူးတာဝန် ၊ငွေကြေးအပေါ်မှာ ခွဲခြားဆက်ဆံခြင်းဟာ ရှိမနေသင့်တဲ့အရာဖြစ်ပါတယ် ။ ခက်တာက လူတိုင်းမှာ မတူညီတဲ့ ခံစားချက်များစွာ ရှိတဲ့အတွက် ဒါကို မရှိအောင် ဆောင်ရွက်လို့မရနိုင်ပါဘူး၊

ဒီတော့ သင့်အဖွဲ့အစည်းမှာသာ ဒီလိုအဆင့်အတန်းခွဲခြားတာတွေ  အတတ်နိုင်ဆုံး နည်းပါးအောင်သာ ဆောင်ရွက်ဖို့ ပြင်ဆင်ထားမယ် ဆိုရင်  ဝန်ထမ်းအချင်းချင်း ပိုမိုနားလည်ရင်းနှိးလာပြီး ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ကာ အဖွဲ့အစည်း အတွက် အကျိုးရှိစေမှာဖြစ်ပါတယ် ။

#ထိန်လင်းကျော် (HR)

(Zawgyi)

❗❗❗လုပ္ငန္းခြင္အတြင္းမွာ  ခြဲျခားဆက္ဆံမွုေတြ
ရွိလာတဲ့အခါ သင္ဘယ္လိုကိုင္တြယ္မွာလဲ ?


#Htain_Lin_Kyaw(HR)

လုပ္ငန္းခြင္ထဲက မ်ားစြာလွေသာ ျပသာနာေတြကို ရွင္းလင္းရတဲ့အခါ သတိထားမိလာတာ တစ္ခုကိုရွိပါတယ္ ။ တစ္ခ်ိဳ့ေသာ ျပသာနာေတြက ၀န္ထမ္းေတြ အေနနဲ႔ သတ္မွတ္ထားတဲ့  စည္းမ်ဥ္းစည္းကမ္းကို  တိုက္ရိုက္ ေဖာက္ဖ်က္က်ဴးလြန္တာ ေတြကို အေရးယူေဆာင္ရြက္လို့ရတာ ရွိေပမဲ့ ၀န္ထမ္းအခ်င္းခ်င္း  ခြဲျခားဆက္ဆံတာ ၊ မမွန္စကား ေျပာတာ အစရွိတာေတြက သိေပမဲ့
ေျဖရွင္း ေဆာင္ရြက္ရခက္ခဲတဲ့ အပိုင္းျဖစ္ပါတယ္ ။

လုပ္ငန္းခြင္ထဲမွာ မတူညီတဲ့ ပညာအရည္အခ်င္း ၊ သင္ယူေလ့လာမွု ၊ ကၽြမ္းက်င္တတ္ေျမာက္မွုေတြက  မတူညီတဲ့ လုပ္ငန္းတာ၀န္ ၊ ရာထူးတာ၀န္ေတြအျဖစ္ ခြဲေဝ သတ္မွတ္ထားျခင္းခံရေစပါတယ္ ။ ဒီအေပၚမွာ တစ္ခ်ိဳ့ေသာ ၀န္ထမ္းေတြက ဒီရာထူးတာ၀န္ေတြအေပၚမွာ မူတည္ၿပီး ၀န္ထမ္းအခ်င္းခ်င္း ခြဲျခား ဆက္ဆံ တာ ေတြ လုပ္ငန္းခြင္ထဲမွာ ရွိလာတဲ့အခါ  ကိုင္တြယ္ေျဖရွင္းရခက္ခဲပါတယ္ ။

တစ္ခ်ိဳ့ေသာ ခြဲျခားဆက္ဆံမွုေတြ ၊အဆင့္တန္းခြဲျခားမွုေတြက ထိေရာက္တဲ့ ျပစ္မွုမ်ိဳး မရွိတဲ့အတြက္ အေရးယူေဆာင္ရြက္ရတာ ခက္ခဲသလို ၊ေျပာဆို သြန္သင္ဖို့ရာလည္း  လူတစ္ေယာက္ရဲ့ လြတ္လပ္ခြင့္ကို ထိပါးေစမွာ ျဖစ္တဲ့အတြက္ သင့္အေနနဲ႔ မိမိတာ၀န္ယူေနရတဲ့ လုပ္ငန္းခြင္ထဲမွာ ဒိလို အေျခအေနမ်ိဳးေတြ ရွိလာၿပီဆိုရင္ ဘယ္လို အေကာင္းဆုံး ကိုင္တြယ္ ေျဖရွင္းမလဲဆိုတာ အေရးပါလာပါတယ္ ။

ဒါကလည္း လူတစ္ေယာက္ခ်င္းစီအလိုက္ တည္ရွိေနတဲ့ လူသားဆန္မွု ၊ စာနာစိတ္ ၊ ပြင့္လင္းေဖာ္ေရြမွု နဲ႔ သက္ဆိုင္ ေနတာေၾကာင့္   အဆင့္အတန္းဆိုတဲ့ စကားလုံးကို သတ္မွတ္ရာမွာ ကြာျခားသြားပါလိမ့္မယ္ ။

ဒီေတာ့ ေအာက္က ဥပမာ ေပးထားတာေလးကို တစ္ခ်က္ ၾကည့္ရေအာင္ ……❗❗❗

သင့္က ယာဥ္ေမာင္း၀န္ထမ္းတစ္ေယာက္ဆိုပါစို့ ၊

ေန႔လည္၀န္ထမ္းေတြအားလုံး ထမင္းစားခ်ိန္ အတြင္းမွာ ထမင္းစားခန္းထဲ ေရာက္လာမယ္ ၊ လူမ်ားေနတာေၾကာင့္ ထမင္းခ်ိဳင့္ေလး ယူၿပီး အနီးဆုံး လြတ္ေနတဲ့ ခုံေလးမွာ ၀င္ထိုင္ၿပီး ထမင္းစားဖို့ ျပင္ဆင္တဲ့အခါ …..

သင့္ေဘးက မန္ေနဂ်ာ အမ်ိဳးသမီးတစ္ေယာက္က  လာထိုင္တဲ့ သင့္ကိုတစ္ခ်က္  ၾကည့္ၿပီး  တစ္ျခား ထမင္းစားပြဲ လြတ္ေနတဲ့ ေနရာကို ေျပာင္းသြားတယ္ ဆိုပါစို့ ….

ေမးခြန္းေလးေတြကို မိမိဘာသာစိတ္ထဲမွာေျဖၾကည့္ေပးပါ …. 👇👇👇

၁။ သင္က ဒီအေျခအေနမွာ ဘယ္လိုခံစားရမလဲ ?

၂။ ဒီျဖစ္ရပ္အေပၚ တစ္ျခား ၀န္ထမ္းတစ္ေယာက္အေနနဲ႔ ဘယ္လိုျမင္သလဲ ?

၃။ သင္က သူတို့အားလုံးကို စီမံခန္႔ခြဲေနရတဲ့ သူတစ္ေယာက္ဆိုရင္ေကာ ဘယ္လို ထင္ျမင္ေဆာင္ရြက္မိမွာလဲ?

သင့္စိတ္ထဲမွာ သာအေျဖ ေပးရင္း ေဆာင္းပါးေလးကို ဆက္ဖတ္ေပးပါ …👌

ဒီလို ပုံစံတူ ျဖစ္ရပ္မ်ိဳး မိမိ လုပ္ငန္းခြင္ အတြင္းမွာျဖစ္ဖူး ၊ျမင္ဖူးၾကမွာပါ ၊ ဒီလိုအေျခအေနမ်ိဳးကို ကိုင္တြယ္ ေျဖရွင္းရာမွာ ျပစ္မွု ေျမာက္တဲ့ ျဖစ္ရပ္မ်ိဳး တိုက္ရိုက္ျဖစ္ေစတာ မဟုတ္တဲ့အတြက္  လူတစ္ေယာက္ ခ်င္းစီ ရဲ့ စိတ္နဲ႔သာ သက္ဆိုင္တယ္ လို့ ေတာ္ေတ္ာမ်ားမ်ားက ေျပာဆိုၾကပါလိမ့္မယ္ ၊ အေျခခံအားျဖင့္ ေတာ့ မွန္ကန္ေကာင္း မွန္ကန္ပါလိမ့္မယ္ ။

ဒါေပမဲ့  အဆင့္အတန္း ခြဲျခားတာဟာ ယုံၾကည္ကိုးကြယ္မွု ဆိုင္ရာ ခြဲျခားမွုလို လုပ္ငန္းခြင္အတြင္းျဖစ္ေစတဲ့ ျပစ္မွု အျဖစ္ သတ္မွတ္လို့ မရတာေၾကာင့္  ေသခ်ာစြာ မစီမံနိုင္ ဘူးဆိုရင္ ေရရွည္မွာ အဖြဲ႕အစည္းအတြက္ ဆိုးက်ိဳး  ျဖစ္လာနိုင္တဲ့ အခ်က္အလက္ေတြ ရွိလာပါတယ္ ။

၀န္ထမ္းေတြ အေနနဲ႔ ရာထူးဆိုတာ တာ၀န္ျဖစ္တယ္ဆိုတာ ေသခ်ာစြာမသိေသးတဲ့အခါ မိမိ လုပ္ငန္းခြင္မွာ ျဖစ္လာနိုင္လာတာေတြက

❗၀န္ထမ္းအခ်င္းခ်င္းဆက္ဆံေရးပ်က္ယြင္းျခင္း

❗အုပ္စုဖြဲ႕ သီးျခား ေနထိုင္လုပ္ကိုင္လာျခင္း

❗ပူးေပါင္းေဆာင္ရြက္လိုစိတ္ ေလ်ာ့နည္းျခင္း

❗အေျခခံ ၀န္ထမ္းငယ္မ်ား အတြက္ စိတ္ပိုင္းဆိုင္ရာ ေလ်ာ့နည္းအားက်လာျခင္းနဲ႔

❗အဖြဲ႕အစည္းေပၚ  ယုံၾကည္မွု နည္းပါးလာျခင္းတို့ကို ရင္ဆိုင္ ရလာနိုင္ပါတယ္ ။

ဒီျပသာနာမ်ိဳးက အေျခခံ ၀န္ထမ္းငယ္ေတြနဲ႔ တစ္ျခား၀န္ထမ္းေတြဆီမွာသာ ျဖစ္ၾကတာ မဟုတ္ပါဘူး။ ပညာအရည္အခ်င္း  ၊ ေငြေၾကးဓန ပိုင္းဆိုင္ရာ သာလြန္မွု ေတြအေပၚမွာလည္း အဆင့္အတန္း ခြဲျခား မွုေတြကို ျပဳလုပ္ၾကတာလည္း ေတြ႕ရတတ္ပါတယ္ ။

ဒီေတာ့ မိတ္ေဆြ အေနနဲ႔ ဒီအပိုင္းကို ကိုယ္တြယ္ ေျဖရွင္းရာမွာ အသုံးျပဳ ေဆာင္ရြက္လို့ ရမယ့္ အခ်က္အလက္ တစ္ခ်ိဳ့ တင္ျပခ်င္ပါတယ္ ။

🔹လုပ္ငန္းခြင္အတြင္း စတင္၀င္ေရာက္လာတဲ့ ၀န္ထမ္းသစ္ေတြကို ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး ေသခ်ာရွင္းလင္းေအာင္ ေျပာဆို ေပးပါ ။ မိမိတို့ လုပ္ငန္းအတြင္း အဆင့့္အတန္းခြဲျခားျခင္းကို  လက္မခံ ေၾကာင္းနဲ႔  ဒါကို ေစာင့္ၾကည့္ ကိုင္တြယ္ေနေၾကာင္း တိက်စြာ သိရွိဖို့ လိုပါတယ္ ။ မိမိတို့ အဖြဲ႕အစည္းက ၀န္ထမ္းတစ္ေယာက္ခ်င္းစီရဲ့ အခြင့္အေရးကို အေလးထားေၾကာင္း ေပၚလြင္ပါေစ ။

🔹၀န္ထမ္းအားလုံးရဲ့ ႏွစ္စဥ္ အကဲျဖတ္မွု မွတ္တမ္းေတြမွာ ဒီအခ်က္ ထည့္သြင္း အကဲျဖတ္လို့ရပါတယ္ ၊ ဒါကိုလည္း ၀န္ထမ္းအားလုံးကို ေသခ်ာစြာ အသိေပးထားပါ ။ လုပ္ငန္းခြင္အတြင္း ခြဲျခားဆက္ဆံမွု အဆင့္အတန္းခြဲျခားမွုေတြကို ၀န္ထမ္းအခ်င္းခ်င္း ျပန္လည္ အကဲျဖတ္မွုေတြ ျပဳလုပ္ ေဆာင္ ရြက္ေပးလို့ရပါတယ္ ။

🔹အခါအားေလ်ာ္စြာ  ဒါနဲ႔ပတ္သတ္တဲ့ ေဆြးေႏြးပြဲေလးလုပ္ေပးပါ ၊ လုပ္ငန္းခြင္အတြင္းက လိင္ပိုင္းဆိုင္ရာ ထိပါး ေႏွာက္ယွက္မွု ၊ ခြဲျခားဆက္ဆံျခင္း ၊အဆင့္အတန္းခြဲျခားျခင္း ၊ ယုံၾကည္ ကိုးကြယ္မွု ကို ခြဲျခား ဆက္ဆံျခင္းေတြ နဲ႔ပတ္သတ္တဲ့ ေဆြးေႏြးပြဲေတြ ၊ အသိပညာ ေပးပြဲေတြ  ျပဳလုပ္ ေဆာင္ ရြက္ေပးပါ ။

🔹၀န္ထမ္းတစ္ေယာက္ခ်င္းစီရဲ့ တန္ဖိုးကို အေလးထားေၾကာင္းျပသပါ ။ လူသားဆန္တဲ့ အျပဳအမူမ်ိဳးက အဖြဲ႕အစည္းအတြင္းအေရးႀကီးေၾကာင္းနဲ႔ အဆင့္အတန္းဆိုတဲ့ ေဝါဟာရ အေပၚ တိက်တဲ့ သတ္မွတ္ ခ်က္မ်ိဳး ေဖာ္ေဆာင္ေပးပါ ။ လုပ္ငန္းအတြင္းမွာ ရွိရမယ့္ Ethic (က်င့္၀တ္) နဲ႔ လူအသိုက္အ၀န္းမွာ ထားရွိသင့္တဲ့ က်င့္၀တ္မ်ားကို  နားလည္ေစရန္ ေဖာ္ေဆာင္ပါ ။

🔹အကယ္၍ အဆင့္အတန္းခြဲျခားမွု မ်ိဳး ျပဳလုပ္ခံရပါက  အားေပးႏွစ္သိမ့္ျခင္း  အစီအစဥ္မ်ား ျပဳလုပ္ ေပးနိုင္ပါတယ္ ။ ဒါေတြက ေဆာင္ရြက္လို့ရနိုင္မယ့္နည္းလမ္းတစ္ခ်ိဳ့ပါ ၊

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး ၾကဳံေတြ႕ရတတ္တာေလးကိုတစ္ခု ေျပာခ်င္ပါတယ္ ၊ အထက္ကေပးခဲ့တဲ့ ဥပမာျဖစ္တဲ့  မန္ေနဂ်ာ အမ်ိဳးသမီးနဲ႔ ယာဥ္ေမာင္း တို့ျဖစ္စဥ္မွာ အေျခအေနတစ္ခ်ိဳ့ ထည့္သြင္း ေပးခ်င္း ပါတယ္ ။

ဒါကေတာ့ ထမင္းစားဖို့ လာထိုင္တဲ့ ယာဥ္ေမာင္းက ေခၽြးနံ့ နဲ႔ ကိုယ္နံ့ဆိုးက ထြက္ေနမယ္ ၊ မန္ေနဂ်ာ အမ်ိဳးသမီးကလည္း အရမ္းအသန္႔ႀကိဳက္သူ ျဖစ္ေနခဲ့မယ္ ဆိုရင္ ကၽြန္ေတာ္တို့စဥ္းစားမိတဲ့ ရွေထာင့္ ေျပာင္းလဲ သြားနိုင္ပါတယ္ ။

ဒီလိုျဖစ္စဥ္မ်ိဳးလည္းျဖစ္တတ္သလို ၊ အဆင့္အတန္းခြဲျခားသူ တို့ရဲ့  ေလ်ာက္လဲ ေခ်ပခ်က္လည္းျဖစ္ေနတတ္တာကို သတိျပဳမိေစလိုတာေၾကာင့္ပါ ။

လုပ္ငန္းခြင္ေတြမွာ ယာဥ္ေမာင္း၊အေထြေထြ လုပ္သားေတြ ၊သန္႔ရွင္းေရး ၀န္ေဆာင္မွု ေဆာင္ရြက္သူ ေတြ နဲ႔  အတူမထိုင္ဘူး ၊ထမင္းအတူမစားဘူး ၊ ရင္းႏွီး ေဖာ္ေရြစြာ စကားေျပာရတာ နိမ့္ပါးတယ္ လို့ယူဆသူ တစ္ခ်ိဳ့ကို ေတြ႕ဖူး ျမင္ဖူး ႀကံဳံဖူးပါတယ္ ။

ဒါက ကၽြန္ေတာ္ တို့ လူ႔အဖြဲ႕အစည္းမွာ တကယ္ျဖစ္ေနသလို ၊ လူတစ္ဦးခ်င္းစီရဲ့ အလုပ္အကိုင္အေပၚမွာ ခြဲျခား ဆက္ဆံျခင္းက ေသးသိမ္တဲ့ လုပ္ရပ္တစ္ခုျဖစ္ေၾကာင္း  ကၽြန္ေတာ္ တစ္ဦး တည္းရဲ့ အျမင္အရ ဆန္႔က်င္ပါတယ္ ။ တစ္ခ်ိဳ့ အေျခအေနေတြမွာ လုပ္ငန္းသေဘာအရ သီးျခား ဆက္ဆံရ ေပမဲ့   ဒါကလည္း အလုပ္နဲ႔သက္ဆိုင္တဲ့ ကိစၥရပ္ေတြမွာပဲျဖစ္သင့္ပါတယ္  ။

လူတစ္ဦးခ်င္းစိရဲ့ အလုပ္အကိုင္အေပၚ ေလးစားမွု နဲ႔ အလုပ္တစ္ခုရဲ့ ဂုဏ္သိကၡာကို နားလည္ သေဘာေပါက္ ေစဖို့လိုပါတယ္ ။ အဆင့္အတန္းရွိတဲ့ အလုပ္ဆိုတာ  ပညာအရည္အခ်င္း ၊ ရာထူးတာ၀န္ ၊၀င္ေငြ ဒါေတြနဲ႔ တိုင္းတာမယ္ ဆိုရင္ မွားယြင္းပါလိမ့္မယ္ ၊ မိမိ အလုပ္အေပၚ ဘယ္ေလာက္အထိ တာ၀န္ေက်ပြန္ေအာင္ ေဆာင္ရြက္နိုင္သလဲ  ၊ စ္ိတ္ေစတနာ နဲ႔ အားစိုက္မွု ေတြ ရွိေနသမၽွ  လုပ္ကိုင္သူ ဟာ မိမိလုပ္ငန္းကို အဆင့္အတန္း ရွိစြာ လုပ္ကိုင္ေနသူလို့သတ္မွတ္လို့ရနိုင္ပါတယ္ ။

တကယ္ေတာ့ လုပ္ငန္းခြင္ထဲမွာမွ မဟုတ္ပါဘူး ၊ လူ အသိုက္အ၀န္းမွာ  လူတစ္ဦးရဲ့ အလုပ္ကိုင္ ၊ရာထူးတာ၀န္ ၊ေငြေၾကးအေပၚမွာ ခြဲျခားဆက္ဆံျခင္းဟာ ရွိမေနသင့္တဲ့အရာျဖစ္ပါတယ္ ။ ခက္တာက လူတိုင္းမွာ မတူညီတဲ့ ခံစားခ်က္မ်ားစြာ ရွိတဲ့အတြက္ ဒါကို မရွိေအာင္ ေဆာင္ရြက္လို့မရနိုင္ပါဘူး၊

ဒီေတာ့ သင့္အဖြဲ႕အစည္းမွာသာ ဒီလိုအဆင့္အတန္းခြဲျခားတာေတြ  အတတ္နိုင္ဆုံး နည္းပါးေအာင္သာ ေဆာင္ရြက္ဖို့ ျပင္ဆင္ထားမယ္ ဆိုရင္  ၀န္ထမ္းအခ်င္းခ်င္း ပိုမိုနားလည္ရင္းႏွိးလာၿပီး ေကာင္းမြန္ေသာ ဆက္ဆံေရးတည္ေဆာက္ကာ အဖြဲ႕အစည္း အတြက္ အက်ိဳးရွိေစမွာျဖစ္ပါတယ္ ။

#ထိန္လင္းေက်ာ္ (HR)

No comments: