Wednesday, August 12, 2020

အာယု​ေဗၺဒ အသားျဖဴ​ ေဆးမ်ား

""အာယု​ဗ္ဗေဒ #အသားဖြူ​ ဆေးများ""


အိန္ဒိယမှာ ဒြာဗီဒီယမ်နွယ်​​တွေက အသားမဲပြီး အာရိယာန်နွယ်​တွေက အသားဖြူသည်ဟုဆိုကြပါသည်။
ဒြာဗီဒီယမ်​နွယ်​တွေ​တောင် အသားဖြူ​စေတဲ့ ​​ဆေးပညာကို အာယု​ဗ္ဗေဒဝဏ္ဏ(ဝဏျVarṇya) ​ဆေးပညာလို့​ခေါ်ပါသည်။
အာယု​ဗ္ဗေဒဝဏ္ဏ ​ဆေးပညာအပိုင်းမှာ
နှစ်​ပေါင်း​ထောင်ချီ အသားဖြူ​စေဖို့ သုံးခဲ့​သော ပရ​ဆေး​ပင်(၂၀)အ​ကြောင်း စုစည်းပြီး  တင်ပြပါမည်။

၁. Śveta Candana (Santalum album)
စဗန်တကန္တန

စန္ဒကူး (#နံသာဖြူ)သည် လိမ်း​ဆေးအဖြစ် အသုံးပြု​​​သောအခါ နံသာဖြူသား၌ပါဝင်​​သော အဆီသည်။
အသားအရည်ပျက်စီးခြင်းကိုကာကွယ်ပေးပြီး အသားဖြူ​စေသည်။

၂.Madhuyaṣṭi (Glycyrrhiza glabra)

မဓုရစတီ ​ခေါ် #နွယ်ချို ပင်များသည် အသားအ​ရေ ဖြူဝင်း​စေ၏။
နွယ်ချို နွယ်နှင့် နနွင်း​ပေါင်းကို အသားဖြူလိမ်း​ဆေး အဖြစ် သုံးကြသည်။
​သောက်​ဆေးအဖြစ် နွယ်ချိုအပြား​လေးများနှင့် နနွင်းစိမ်းဥ
လက်ဘက်​ခြောက် ​ပေါင်းစပ် လက်ဘက်ရည်ကြမ်းသည် အသားဖြူ​စေသည်။
​နေ​လောင် အမဲကွက်နှင့် အရည်ပြား​ပေါ် အမဲစက်တို့ကို ​ပျောက်ကင်း​စေသည်။

၃.Mañjiṣṭhā (Rubia cordifolia)
မန်ဂျိစုရ ​ခေါ်  #ပဲစိတ်နီ
ပဲစိတ်နီ အ​​စေ့နှင့်အမြစ်သည်  အ​ရေပြား​ပေါ်မှ အမဲစက်ကို ဖယ်ရှားနိုင်​သော ​သောက်​ဆေး လိမ်း​ဆေး ဖြစ်သည် အသားဖြူ​စေရာ၌ နာမည်​ကျော်အပင်ဖြစ်သည်။

၄.Nāgakesara (Mesua ferrea)

နာဂကာစရ​ခေါ်  #ကံ့​ကော်ပွင့် (ကံ​ကော်ဝတ်ဆံ)သည် လိမ်း​ဆေးအဖြစ်သုံးပါက
အ​ရေပြား​ကင်ဆာမဖြစ်​စေရန် ဓါတ်တိုးဆန့်ကျင် ဂုဏ်ရှိပြီး အ​ရေပြား၌ရှိ​သော မ​ကောင်း​သောအညစ်အ​ကြေးများကို ဖယ်ရှား​ပေးသည်။  အ​ရေပြားမှိုစွဲခြင်း​ပျောက်ကင်း​စေသည် ​နေ​လောင်ခြင်းကို ထိ​ရောက်စွာသက်သာ​စေသဖြင့် အသားဖြူ​ဆေးပင်ဖြစ်သည်။
နာဂကာစရ​ပင်အဖြစ် တစ်ချို့က (chestnut)​ခေါ် သစ်အယ်မျိုး၏ပန်းပွင့်ကို အသုံးပြုသည်။

၅.Padmaka (Prunus cerasoides)

   ပဒမာက​​ခေါ် #ချယ်ရီ​ခေါက် သည် နူနာ သမင်ဖြူ သမင်နီ ကု​ဆေး အဖြစ်သုံးကြ​သော်လည်း အလှကုန်​ဆေးပစ္စည်းများကြားတွင် နာမည်မ​​ကျော်​ပေ။
သို့​​သော် flavanone glycoside Puddumin-B ,Prunus cerasoidesစ​​သော ဓါတ်​ပေါင်း တို့က
အ​ရေပြား​ရောင်ခြယ် စနစ်ကို အကျိုးပြု​ကြောင်း ​လေ့လာ​တွေ့ရှိခဲ့သည်။
ထိုချယ်ရီ​ခေါက်သည် ​ရှေးနှစ်​ပေါင်းများစွာကတည်းက အာယု​ဗ္ဗေဒ​ဆေးပညာ၏ အစွမ်းထက်အသားဖြူ​လိမ်းဆေးတစ်ခုဖြစ်သည်။

၆.Śārivā (Hemidesmus indica)

ဆရီဗာ​ခေါ် #ဥပသကာ သည် ​သွေးသန့်​စေခြင်းနှင့် အ​ရေပြား​ရောဂါအမျိုးမျိုးအတွက် အစွမ်းထက်​ဆေးပင်ဖြစ်သည်။
​ဥပသကာမြစ်ကို ​သောက်​ဆေး လိမ်း​ဆေးအဖြစ် အသုံးပြုခြင်းသည် အသားအရည်ကို ဖြု​ဖွေး​တောက်ပ​စေသည်။

၇.Uṣīra (Vetiveria zizanoides)

ဥစရ​ခေါ် ဗာတီဗားမြက် (#သင်္ဘောမြက်​မွှေး)မြစ်​မွှေးမြက်
ကမ္ဘာတစ်ဝှမ်း အလှကုန်များတွင် အသုံးပြုသည့် မြစ်​မွှေးမြက် အဆီသည် ​ရှေးကတည်းက အာယု​ဗ္ဗေဒ​ဆေးပညာ၏ အသားဖြူ​ဆေးဖြစ်သည်။

၈.Lodhra (Symplocos racemosa)

လိုဒြာ​ခေါ် ​#ဒေါက်ရပ်ပင် အ​ခေါက်သည် လိမ်း​ဆေးအဖြစ် သုံးပါက အ​ရေပြားဆိုင်ရာ အဆိပ်များကိုသန့်စင်​စေပြီး အ​ရေပြား​ပေါ်မှဝက်ခြံစသည်ဖြစ်​စေ​သော ဗက်တီးယီးယားများကို ဖယ်ရှား​​​ပေးသည်။အ​ရေပြား အ​ရောင်ညိုခြင်းကို ဖယ်ရှား​ပေးပြီး အရည်ပြား နုပျိုခြင်း နူးညံ့ခြင်းကိုဖြစ်​စေသဖြင့် အသားဖြူ​ဆေးတစ်မျိုးပင်ဖြစ်သည်။

၉.Kuṣṭha (Saussurea lappa)

ကုရှဟ ​ခေါ် #ပန်းနု ပင်၏အမြစ်သည်
နူနာအမျိုးမျိုးအတွက် အစွမ်းထက်​ဆေးပင်ဖြစ်ပြီး အာယု​ဗ္ဗေဒ​ဆေးပညာ၏ အသားဖြူလိမ်း​ဆေး​ကောင်းတစ်ခုဖြစ်သည်။

၁၀.Tvak (Cinnamomum zeylanicum)(C. cassia)(C. tamāla)(C. INERS)

တားဗက်​ခေါ် #သစ်ဂျပိုး​ခေါက် များမှ ထုတ်ယူ​​သောအဆီသည် အသားဖြူ​ဆေးဖြစ်သည်။အ​ခေါက်ကို​သွေးလိမ်းခြင်းသည်လဲ အသားဖြူ​စေရန် အကျိုးရှိသည်။

၁၁.Kesar (Crocus sativus)
ခရီစာခေါ်  #ကုံကုမံ ပန်းဝတ်ဆံသည် လိမ်း​ဆေးအဖြစ် အသုံးပြုပါက အသားညို မှုကို တားစီးနိုင်​သောဓါတ်များက
အရည်ပြားကိုအကျိုးပြုသဖြင့် အသားဖြူ​စေသည်။ကုံကုမံသည် အ​ရေပြားကင်ဆာမဖြစ်​စေရန်လဲ ကူညီ​ထောက်ပံ့​ပေးသည်။

၁၂.Haridrā (Curcuma longa)

ဟရိဒ္ဒရ​ခေါ် #နနွင်း သည် ​နေ​ရောင်ခြည်ကာကွယ်နိုင်ခြင်း  အ​ရေပြား​ပျော့တွဲခြင်းကိုကာကွယ်ခြင်း အိုမင်းရင့်​ရော်မှုကို တားဆီး​ပေးခြင်း ဓါတ်တိုးဆန့်ကျင် ဂုဏ်ဖြင့် ကင်ဆာဖြစ်နှုန်းကို ​လျော့ချ​ပေးခြင်း  အဆီကိုစုပ်ယူ​ပေးခြင်း ဓါတ်မတည့်မှုကို​ပျောက်​စေခြင်း အ​ရေပြားစိုထိုင်းဆကိုထိမ်း​ပေးခြင်း စ​သော အချက်များ​ကြောင့် အ​ရေပြားအတွက်အ​ကောင်းဆုံး​ဆေးတစ်လက်ဖြစ်သည်။

နနွင်းပါဓါတ်များသည် လိမ်း​ပေးရုံမျှနှင့်
အ​ရေပြားတစ်ရှုးအထိပျံနှံ့အကျိုးရှိ​စေသည် ဆဲလ် အ​သေများကို နည်းပါး​စေပြီး အသားညိုခြင်းကို သက်သာ​စေသဖြင့် နာမည်​ကျော် အသားဖြူ​ဆေးပင်ဖြစ်သည်။  နနွင်းမြစ်ကို အစိုအတိုင်း​သွေးလိမ်းခြင်းက ပိုမိုထိ​ရောက်ပြီး အစိုမရပါကအမြစ်အ​ခြောက်များကိုလဲသုံးစွဲနိုင်သည်။

၁၃.Dāruharidrā (Berberis aristata)

ဒါရုဟရိဒ္ဒရ ​ခေါ်  #နနွင်းနွယ် (​#​ဆေး​ရွှေ) အမြစ်သည် အနာ​ပေါက် ယားနာ ဝက်သက် အဆိပ်နာ အ​ရေပြား​ရောဂါအမျိုးမျိုးအတွက် ကုသ​ဆေးဖြစ်​ပြီး
နနွင်းနွယ်ကိုလိမ်း​ဆေးအဖြစ်အသုံးပြုခြင်းသည်။ အ​ရေပြားပုံမမှန်ခြင်းကိုကာကွယ်​ပေးပြီး အသားကိုဖြူ​စေသည်။

၁၄.Mustaka (Cyperus rotundus) 
မူစတိကာ​ခေါ် #နွားမြက်ရင်းကြီး အမြစ်​ခေါင်းသည် အ​ရေပြား​​ရောဂါအတွက် တိုက်ရိုက်​ဆေး မဟုတ်​သော်လဲ ​သောက်​ဆေး အဖြစ် အသုံးပြုပါက ​သွေးသားသန့်စင်​စေပြီး အ​ရေပြား ​ရောဂါများကို အကျိုးပြုသည်။

နွားမြက်ရင်း​ခေါင်းကို ​သောက်​ဆေးတင်မက လိမ်း​ဆေးအဖြစ်ပါ အသုံးပြု​​သောအခါ အသားဖြူ​ဆေး အဖြစ် အသုံးပြုနိုင်သည်။

၁၅.Nimba (Azadirachta indica, commonly called neem)

နင်ဘာ့​ခေါ် #တမာ ရွက်ပြုတ်ရည် တမာ​ခေါက်ပြုတ်ရည် တမာဆီသည်  ကမ္ဘာတစ်ဝှမ်းမှ မျက်နှာသစ်​ဆေးများတွင် တွင်ကျယ်စွာအသုံးပြုသည်။

တမာသည်လဲ အသားကို ဖြူ​စေ​သော
​ရှေးအာယု​ဗ္ဗေဒ ​အစွမ်းထက်ဆေးတစ်မယ်ပင်ဖြစ်သည်။

၁၆.Khādira (Acacia catechu)

ကဒရိယ​ခေါ် #ရှားပင် ၏ အ​နှစ်သည်
အာယု​ဗ္ဗေဒကျမ်းများအဆိုအရ
အ​ကောင်းဆုံးအ​ရေပြားလိမ်း​ဆေးဖြစ်သည်။ အ​ရေပြား၏ အ​ရောင်အဆင်းကို ထွန်းလင်း​စေသဖြင့် အသားဖြူ​ဆေးစွမ်း​ကောင်း တစ်လက်ဖြစ်သည်။

၁၇.Āmalakī (Phyllanthus emblica)

အမလက ​ခေါ်​သော #ဇီးဖြူသီး သည်
​ရော​ဂါမျိုးစုံ​ပျောက်​ဆေးအဖြစ် ​ကျော်ကြားသည်။
လိမ်း​ဆေးအဖြစ် အသုံးပြု​သောအခါ
အ​ရေပြားကို ဖြူ​ဖွေး​စေ​သော သတ္တိရှိသဖြင့် အသီးနှစ်ကို အသားဖြူ​ဆေးအဖြစ် ​ရှေးကတည်းက သုံးစွဲခဲ့သည်။
အရွက် အ​ခေါက်ပြုတ်ရည်ကိုလဲ အ​ရေပြားသန့်စင်​ဆေးအဖြစ်သုံးနိုင်သည်။

၁၈.Harītakī (Terminalia chebula)

ဟာရိတက ​ခေါ်  #ဖန်ခါး သီး ဖန်ခါး​ခေါက်သည်  အစာအိမ်​ဆေးအဖြစ်​ကျော်ကြားသည်။
လိမ်း​ဆေးအဖြစ် အသုံးပြု​သောအခါ
အသားဖြူ​စေ​သော အာယု​ဗ္ဗေဒ ​ဆေးစွမ်း တစ်လက်ပင်ဖြစ်သည်။
အသားဖြူ​စေသည့် အစွမ်းသတ္တိကြီး
သဖြင့် ဖန်ခါးနှစ်သည် အနာဂတ် အလှကုန်များအတွက် အ​ရေးပါသည်။
ဖန်ခါး အသီး အရွက်အ​ခေါက် ပြုတ်​ရေသည် အ​ရေပြားနှင့် အနာများ သန့်စက်​ဆေးရည်အဖြစ် အသုံးပြုနိုင်သည်။

၁၉.Śuṇṭhi (Zingiber officinale)

စရန်သီ ​ခေါ် #ဂျင်း သည် ​​ရောဂါ​ပေါင်းစုံ ​ပျောက်​သော​ဆေးအဖြစ် နာမည်​ကျော်ဖြစ်သည်။
အ​ရေပြား​ကောင်းမွန်ကျန်းမာ​စေရန်
ဂျင်းကို စား​ပေးသင့်ပြီး
အသားဖြူ​စေရန် အခြား​ဆေးများနှင့်တွဲဖက်၍ လိမ်းနိုင်သည်။
ထိုသို့ လိမ်း​ဆေးအဖြစ်သုံးပါက ဂျင်း​ခြောက်သည် အ​ကောင်းဆုံးဖြစ်သည်။

၂၀.Padma (Nelumbo nucifera)

ပဒမ ​ခေါ် #ပဒုမ္မာကြာ သည် အပွင့်အရွက် အ​စေ့ ဥများကို စားစရာအဖြစ်သာမက
​ဆေးအဖြစ်ပါ အမျိုးမျိုးစားသုံး​သောအပင်ဖြစ်သည်။
အ​ရေပြားအတွက် လိမ်း​ဆေးအဖြစ်
ပဒုမ္မာ ကြာ​စေ့ကိုသုံးနိုင်သည်။
ပဒုမ္မာ​စေ့သည် ပျက်စီး​နေ​သော အ​ရေပြားကို အသစ်ပြန်လည် ဖြစ်​စေပြီး အသားအရည် နူးညံ့​စေ​သောဖြူ​စေ​သော သတ္တိရှိသဖြင့် အသုံးပြုရန်အ​ကောင်းဆုံးဖြစ်သည်။
ပဒုမ္မာကြာဝတ်ဆံကိုလဲ ​ရှေးနှစ်​ပေါင်းများစွာကပင် အသားလှ​ဆေးအဖြစ် လိမ်းခြယ်ခဲ့ကြသည်။

အထက်ပါ ​ပရ​ဆေးပင် (၂၀)သည် အာယု​ဗ္ဗေဒ​ဆေးပညာတွင် ထင်ရှား​ကျော်ကြား​သော အသားဖြူ​ဆေး အ​ရေပြားအလှအပဆေးများဖြစ်သည်။

ယခု အခါ အ​ရေပြားပြန်လည်နုပျို​စေရန် ကုထုံးများတွင် collagen ,glutathione စသည့် သဘာဝဓါတ်​ပေါင်းများပါဝင်သည့် အလှကုန်ပစ္စည်းများ ပိုမိုအသုံးပြုလာသည်ကို ​တွေ့ရပါ​သော်လဲ
အ​ခြေခံ အသုံးပြုရလွယ် ရှာ​ဖွေရလွယ်သည့် အာယု​ဗ္ဗေဒ အလှ အပ ​ဆေးအမယ်များကိုလဲ ဗဟုသုတအလို့ငှာ
အလှကုန်ပစ္စည်းထုတ်လုပ်သူများ အန္တရာယ်ကင်းအကျိုးရှိ ​ဆေးပစ္စည်းများသုံးစွဲ ပါဝင်နိုင်​စေရန် အလို့ငှာ တင်ပြလိုက်ရပါသည်။

#komyat
#မြန်မာ့​ဆေးဘက်ဝင်အပင်များ

စာကြွင်း ။     ။ အမျိုးအမည်ခေါင်းစဉ်များကို Click ထောက်ပြီးနှိပ်လိုက်ပါက အသေးစိတ် ထပ်မံရှင်းပြထားသော ဓာတ်​ပုံများ၊ အ​ကြောင်​းအရာများကို ဆက်လက်ဖတ်ရှုလေ့လာနိုင်ပါသည်။

(Zawgyi)

"အာယု​ေဗၺဒ အသားျဖဴ​ ေဆးမ်ား""


အိႏၵိယမွာ ျဒာဗီဒီယမ္ႏြယ္​​ေတြက အသားမဲၿပီး အာရိယာန္ႏြယ္​ေတြက အသားျဖဴသည္ဟုဆိုၾကပါသည္။
ျဒာဗီဒီယမ္​ႏြယ္​ေတြ​ေတာင္ အသားျဖဴ​ေစတဲ့ ​​ေဆးပညာကို အာယု​ေဗၺဒဝဏၰ(ဝဏ်Varṇya) ​ေဆးပညာလို့​ေခၚပါသည္။
အာယု​ေဗၺဒဝဏၰ ​ေဆးပညာအပိုင္းမွာ
ႏွစ္​ေပါင္း​ေထာင္ခ်ီ အသားျဖဴ​ေစဖို့ သုံးခဲ့​ေသာ ပရ​ေဆး​ပင္(၂၀)အ​ေၾကာင္း စုစည္းၿပီး  တင္ျပပါမည္။

၁. Śveta Candana (Santalum album)
စဗန္တကႏၲန

စႏၵကူး (#နံသာျဖဴ)သည္ လိမ္း​ေဆးအျဖစ္ အသုံးျပဳ​​​ေသာအခါ နံသာျဖဴသား၌ပါဝင္​​ေသာ အဆီသည္။
အသားအရည္ပ်က္စီးျခင္းကိုကာကြယ္ေပးၿပီး အသားျဖဴ​ေစသည္။

၂.Madhuyaṣṭi (Glycyrrhiza glabra)

မဓုရစတီ ​ေခၚ #ႏြယ္ခ်ိဳ ပင္မ်ားသည္ အသားအ​ေရ ျဖဴဝင္း​ေစ၏။
ႏြယ္ခ်ိဳ ႏြယ္ႏွင့္ နႏြင္း​ေပါင္းကို အသားျဖဴလိမ္း​ေဆး အျဖစ္ သုံးၾကသည္။
​ေသာက္​ေဆးအျဖစ္ ႏြယ္ခ်ိဳအျပား​ေလးမ်ားႏွင့္ နႏြင္းစိမ္းဥ
လက္ဘက္​ေျခာက္ ​ေပါင္းစပ္ လက္ဘက္ရည္ၾကမ္းသည္ အသားျဖဴ​ေစသည္။
​ေန​ေလာင္ အမဲကြက္ႏွင့္ အရည္ျပား​ေပၚ အမဲစက္တို့ကို ​ေပ်ာက္ကင္း​ေစသည္။

၃.Mañjiṣṭhā (Rubia cordifolia)
မန္ဂ်ိစုရ ​ေခၚ  #ပဲစိတ္နီ
ပဲစိတ္နီ အ​​ေစ့ႏွင့္အျမစ္သည္  အ​ေရျပား​ေပၚမွ အမဲစက္ကို ဖယ္ရွားနိုင္​ေသာ ​ေသာက္​ေဆး လိမ္း​ေဆး ျဖစ္သည္ အသားျဖဴ​ေစရာ၌ နာမည္​ေက်ာ္အပင္ျဖစ္သည္။

၄.Nāgakesara (Mesua ferrea)

နာဂကာစရ​ေခၚ  #ကံ့​ေကာ္ပြင့္ (ကံ​ေကာ္ဝတ္ဆံ)သည္ လိမ္း​ေဆးအျဖစ္သုံးပါက
အ​ေရျပား​ကင္ဆာမျဖစ္​ေစရန္ ဓါတ္တိုးဆန္႔က်င္ ဂုဏ္ရွိၿပီး အ​ေရျပား၌ရွိ​ေသာ မ​ေကာင္း​ေသာအညစ္အ​ေၾကးမ်ားကို ဖယ္ရွား​ေပးသည္။  အ​ေရျပားမွိုစြဲျခင္း​ေပ်ာက္ကင္း​ေစသည္ ​ေန​ေလာင္ျခင္းကို ထိ​ေရာက္စြာသက္သာ​ေစသျဖင့္ အသားျဖဴ​ေဆးပင္ျဖစ္သည္။
နာဂကာစရ​ပင္အျဖစ္ တစ္ခ်ိဳ့က (chestnut)​ေခၚ သစ္အယ္မ်ိဳး၏ပန္းပြင့္ကို အသုံးျပဳသည္။

၅.Padmaka (Prunus cerasoides)

   ပဒမာက​​ေခၚ #ခ်ယ္ရီ​ေခါက္ သည္ ႏူနာ သမင္ျဖဴ သမင္နီ ကု​ေဆး အျဖစ္သုံးၾက​ေသာ္လည္း အလွကုန္​ေဆးပစၥည္းမ်ားၾကားတြင္ နာမည္မ​​ေက်ာ္​ေပ။
သို့​​ေသာ္ flavanone glycoside Puddumin-B ,Prunus cerasoidesစ​​ေသာ ဓါတ္​ေပါင္း တို့က
အ​ေရျပား​ေရာင္ျခယ္ စနစ္ကို အက်ိဳးျပဳ​ေၾကာင္း ​ေလ့လာ​ေတြ႕ရွိခဲ့သည္။
ထိုခ်ယ္ရီ​ေခါက္သည္ ​ေရွးႏွစ္​ေပါင္းမ်ားစြာကတည္းက အာယု​ေဗၺဒ​ေဆးပညာ၏ အစြမ္းထက္အသားျဖဴ​လိမ္းေဆးတစ္ခုျဖစ္သည္။

၆.Śārivā (Hemidesmus indica)

ဆရီဗာ​ေခၚ #ဥပသကာ သည္ ​ေသြးသန္႔​ေစျခင္းႏွင့္ အ​ေရျပား​ေရာဂါအမ်ိဳးမ်ိဳးအတြက္ အစြမ္းထက္​ေဆးပင္ျဖစ္သည္။
​ဥပသကာျမစ္ကို ​ေသာက္​ေဆး လိမ္း​ေဆးအျဖစ္ အသုံးျပဳျခင္းသည္ အသားအရည္ကို ျဖဳ​ေဖြး​ေတာက္ပ​ေစသည္။

၇.Uṣīra (Vetiveria zizanoides)

ဥစရ​ေခၚ ဗာတီဗားျမက္ (#သေဘၤာျမက္​ေမႊး)ျမစ္​ေမႊးျမက္
ကမၻာတစ္ဝွမ္း အလွကုန္မ်ားတြင္ အသုံးျပဳသည့္ ျမစ္​ေမႊးျမက္ အဆီသည္ ​ေရွးကတည္းက အာယု​ေဗၺဒ​ေဆးပညာ၏ အသားျဖဴ​ေဆးျဖစ္သည္။

၈.Lodhra (Symplocos racemosa)

လိုျဒာ​ေခၚ ​#ေဒါက္ရပ္ပင္ အ​ေခါက္သည္ လိမ္း​ေဆးအျဖစ္ သုံးပါက အ​ေရျပားဆိုင္ရာ အဆိပ္မ်ားကိုသန္႔စင္​ေစၿပီး အ​ေရျပား​ေပၚမွဝက္ၿခံစသည္ျဖစ္​ေစ​ေသာ ဗက္တီးယီးယားမ်ားကို ဖယ္ရွား​​​ေပးသည္။အ​ေရျပား အ​ေရာင္ညိဳျခင္းကို ဖယ္ရွား​ေပးၿပီး အရည္ျပား ႏုပ်ိဳျခင္း ႏူးညံ့ျခင္းကိုျဖစ္​ေစသျဖင့္ အသားျဖဴ​ေဆးတစ္မ်ိဳးပင္ျဖစ္သည္။

၉.Kuṣṭha (Saussurea lappa)

ကုရွဟ ​ေခၚ #ပန္းႏု ပင္၏အျမစ္သည္
ႏူနာအမ်ိဳးမ်ိဳးအတြက္ အစြမ္းထက္​ေဆးပင္ျဖစ္ၿပီး အာယု​ေဗၺဒ​ေဆးပညာ၏ အသားျဖဴလိမ္း​ေဆး​ေကာင္းတစ္ခုျဖစ္သည္။

၁၀.Tvak (Cinnamomum zeylanicum)(C. cassia)(C. tamāla)(C. INERS)

တားဗက္​ေခၚ #သစ္ဂ်ပိုး​ေခါက္ မ်ားမွ ထုတ္ယူ​​ေသာအဆီသည္ အသားျဖဴ​ေဆးျဖစ္သည္။အ​ေခါက္ကို​ေသြးလိမ္းျခင္းသည္လဲ အသားျဖဴ​ေစရန္ အက်ိဳးရွိသည္။

၁၁.Kesar (Crocus sativus)
ခရီစာေခၚ  #ကုံကုမံ ပန္းဝတ္ဆံသည္ လိမ္း​ေဆးအျဖစ္ အသုံးျပဳပါက အသားညိဳ မွုကို တားစီးနိုင္​ေသာဓါတ္မ်ားက
အရည္ျပားကိုအက်ိဳးျပဳသျဖင့္ အသားျဖဴ​ေစသည္။ကုံကုမံသည္ အ​ေရျပားကင္ဆာမျဖစ္​ေစရန္လဲ ကူညီ​ေထာက္ပံ့​ေပးသည္။

၁၂.Haridrā (Curcuma longa)

ဟရိဒၵရ​ေခၚ #နႏြင္း သည္ ​ေန​ေရာင္ျခည္ကာကြယ္နိုင္ျခင္း  အ​ေရျပား​ေပ်ာ့တြဲျခင္းကိုကာကြယ္ျခင္း အိုမင္းရင့္​ေရာ္မွုကို တားဆီး​ေပးျခင္း ဓါတ္တိုးဆန္႔က်င္ ဂုဏ္ျဖင့္ ကင္ဆာျဖစ္ႏွုန္းကို ​ေလ်ာ့ခ်​ေပးျခင္း  အဆီကိုစုပ္ယူ​ေပးျခင္း ဓါတ္မတည့္မွုကို​ေပ်ာက္​ေစျခင္း အ​ေရျပားစိုထိုင္းဆကိုထိမ္း​ေပးျခင္း စ​ေသာ အခ်က္မ်ား​ေၾကာင့္ အ​ေရျပားအတြက္အ​ေကာင္းဆုံး​ေဆးတစ္လက္ျဖစ္သည္။

နႏြင္းပါဓါတ္မ်ားသည္ လိမ္း​ေပး႐ုံမၽွႏွင့္
အ​ေရျပားတစ္ရွုးအထိပ်ံႏွံ့အက်ိဳးရွိ​ေစသည္ ဆဲလ္ အ​ေသမ်ားကို နည္းပါး​ေစၿပီး အသားညိဳျခင္းကို သက္သာ​ေစသျဖင့္ နာမည္​ေက်ာ္ အသားျဖဴ​ေဆးပင္ျဖစ္သည္။  နႏြင္းျမစ္ကို အစိုအတိုင္း​ေသြးလိမ္းျခင္းက ပိုမိုထိ​ေရာက္ၿပီး အစိုမရပါကအျမစ္အ​ေျခာက္မ်ားကိုလဲသုံးစြဲနိုင္သည္။

၁၃.Dāruharidrā (Berberis aristata)

ဒါ႐ုဟရိဒၵရ ​ေခၚ  #နႏြင္းႏြယ္ (​#​ေဆး​ေရႊ) အျမစ္သည္ အနာ​ေပါက္ ယားနာ ဝက္သက္ အဆိပ္နာ အ​ေရျပား​ေရာဂါအမ်ိဳးမ်ိဳးအတြက္ ကုသ​ေဆးျဖစ္​ၿပီး
နႏြင္းႏြယ္ကိုလိမ္း​ေဆးအျဖစ္အသုံးျပဳျခင္းသည္။ အ​ေရျပားပုံမမွန္ျခင္းကိုကာကြယ္​ေပးၿပီး အသားကိုျဖဴ​ေစသည္။

၁၄.Mustaka (Cyperus rotundus)
မူစတိကာ​ေခၚ #ႏြားျမက္ရင္းႀကီး အျမစ္​ေခါင္းသည္ အ​ေရျပား​​ေရာဂါအတြက္ တိုက္ရိုက္​ေဆး မဟုတ္​ေသာ္လဲ ​ေသာက္​ေဆး အျဖစ္ အသုံးျပဳပါက ​ေသြးသားသန္႔စင္​ေစၿပီး အ​ေရျပား ​ေရာဂါမ်ားကို အက်ိဳးျပဳသည္။

ႏြားျမက္ရင္း​ေခါင္းကို ​ေသာက္​ေဆးတင္မက လိမ္း​ေဆးအျဖစ္ပါ အသုံးျပဳ​​ေသာအခါ အသားျဖဴ​ေဆး အျဖစ္ အသုံးျပဳနိုင္သည္။

၁၅.Nimba (Azadirachta indica, commonly called neem)

နင္ဘာ့​ေခၚ #တမာ ရြက္ျပဳတ္ရည္ တမာ​ေခါက္ျပဳတ္ရည္ တမာဆီသည္  ကမၻာတစ္ဝွမ္းမွ မ်က္ႏွာသစ္​ေဆးမ်ားတြင္ တြင္က်ယ္စြာအသုံးျပဳသည္။

တမာသည္လဲ အသားကို ျဖဴ​ေစ​ေသာ
​ေရွးအာယု​ေဗၺဒ ​အစြမ္းထက္ေဆးတစ္မယ္ပင္ျဖစ္သည္။

၁၆.Khādira (Acacia catechu)

ကဒရိယ​ေခၚ #ရွားပင္ ၏ အ​ႏွစ္သည္
အာယု​ေဗၺဒက်မ္းမ်ားအဆိုအရ
အ​ေကာင္းဆုံးအ​ေရျပားလိမ္း​ေဆးျဖစ္သည္။ အ​ေရျပား၏ အ​ေရာင္အဆင္းကို ထြန္းလင္း​ေစသျဖင့္ အသားျဖဴ​ေဆးစြမ္း​ေကာင္း တစ္လက္ျဖစ္သည္။

၁၇.Āmalakī (Phyllanthus emblica)

အမလက ​ေခၚ​ေသာ #ဇီးျဖဴသီး သည္
​ေရာ​ဂါမ်ိဳးစုံ​ေပ်ာက္​ေဆးအျဖစ္ ​ေက်ာ္ၾကားသည္။
လိမ္း​ေဆးအျဖစ္ အသုံးျပဳ​ေသာအခါ
အ​ေရျပားကို ျဖဴ​ေဖြး​ေစ​ေသာ သတၱိရွိသျဖင့္ အသီးႏွစ္ကို အသားျဖဴ​ေဆးအျဖစ္ ​ေရွးကတည္းက သုံးစြဲခဲ့သည္။
အရြက္ အ​ေခါက္ျပဳတ္ရည္ကိုလဲ အ​ေရျပားသန္႔စင္​ေဆးအျဖစ္သုံးနိုင္သည္။

၁၈.Harītakī (Terminalia chebula)

ဟာရိတက ​ေခၚ  #ဖန္ခါး သီး ဖန္ခါး​ေခါက္သည္  အစာအိမ္​ေဆးအျဖစ္​ေက်ာ္ၾကားသည္။
လိမ္း​ေဆးအျဖစ္ အသုံးျပဳ​ေသာအခါ
အသားျဖဴ​ေစ​ေသာ အာယု​ေဗၺဒ ​ေဆးစြမ္း တစ္လက္ပင္ျဖစ္သည္။
အသားျဖဴ​ေစသည့္ အစြမ္းသတၱိႀကီး
သျဖင့္ ဖန္ခါးႏွစ္သည္ အနာဂတ္ အလွကုန္မ်ားအတြက္ အ​ေရးပါသည္။
ဖန္ခါး အသီး အရြက္အ​ေခါက္ ျပဳတ္​ေရသည္ အ​ေရျပားႏွင့္ အနာမ်ား သန္႔စက္​ေဆးရည္အျဖစ္ အသုံးျပဳနိုင္သည္။

၁၉.Śuṇṭhi (Zingiber officinale)

စရန္သီ ​ေခၚ #ဂ်င္း သည္ ​​ေရာဂါ​ေပါင္းစုံ ​ေပ်ာက္​ေသာ​ေဆးအျဖစ္ နာမည္​ေက်ာ္ျဖစ္သည္။
အ​ေရျပား​ေကာင္းမြန္က်န္းမာ​ေစရန္
ဂ်င္းကို စား​ေပးသင့္ၿပီး
အသားျဖဴ​ေစရန္ အျခား​ေဆးမ်ားႏွင့္တြဲဖက္၍ လိမ္းနိုင္သည္။
ထိုသို့ လိမ္း​ေဆးအျဖစ္သုံးပါက ဂ်င္း​ေျခာက္သည္ အ​ေကာင္းဆုံးျဖစ္သည္။

၂၀.Padma (Nelumbo nucifera)

ပဒမ ​ေခၚ #ပဒုမၼာၾကာ သည္ အပြင့္အရြက္ အ​ေစ့ ဥမ်ားကို စားစရာအျဖစ္သာမက
​ေဆးအျဖစ္ပါ အမ်ိဳးမ်ိဳးစားသုံး​ေသာအပင္ျဖစ္သည္။
အ​ေရျပားအတြက္ လိမ္း​ေဆးအျဖစ္
ပဒုမၼာ ၾကာ​ေစ့ကိုသုံးနိုင္သည္။
ပဒုမၼာ​ေစ့သည္ ပ်က္စီး​ေန​ေသာ အ​ေရျပားကို အသစ္ျပန္လည္ ျဖစ္​ေစၿပီး အသားအရည္ ႏူးညံ့​ေစ​ေသာျဖဴ​ေစ​ေသာ သတၱိရွိသျဖင့္ အသုံးျပဳရန္အ​ေကာင္းဆုံးျဖစ္သည္။
ပဒုမၼာၾကာဝတ္ဆံကိုလဲ ​ေရွးႏွစ္​ေပါင္းမ်ားစြာကပင္ အသားလွ​ေဆးအျဖစ္ လိမ္းျခယ္ခဲ့ၾကသည္။

အထက္ပါ ​ပရ​ေဆးပင္ (၂၀)သည္ အာယု​ေဗၺဒ​ေဆးပညာတြင္ ထင္ရွား​ေက်ာ္ၾကား​ေသာ အသားျဖဴ​ေဆး အ​ေရျပားအလွအပေဆးမ်ားျဖစ္သည္။

ယခု အခါ အ​ေရျပားျပန္လည္ႏုပ်ိဳ​ေစရန္ ကုထုံးမ်ားတြင္ collagen ,glutathione စသည့္ သဘာဝဓါတ္​ေပါင္းမ်ားပါဝင္သည့္ အလွကုန္ပစၥည္းမ်ား ပိုမိုအသုံးျပဳလာသည္ကို ​ေတြ႕ရပါ​ေသာ္လဲ
အ​ေျခခံ အသုံးျပဳရလြယ္ ရွာ​ေဖြရလြယ္သည့္ အာယု​ေဗၺဒ အလွ အပ ​ေဆးအမယ္မ်ားကိုလဲ ဗဟုသုတအလို့ငွာ
အလွကုန္ပစၥည္းထုတ္လုပ္သူမ်ား အႏၲရာယ္ကင္းအက်ိဳးရွိ ​ေဆးပစၥည္းမ်ားသုံးစြဲ ပါဝင္နိုင္​ေစရန္ အလို့ငွာ တင္ျပလိုက္ရပါသည္။

#komyat
#ျမန္မာ့​ေဆးဘက္ဝင္အပင္မ်ား

စာႂကြင္း ။     ။ အမ်ိဳးအမည္ေခါင္းစဥ္မ်ားကို Click ေထာက္ၿပီးႏွိပ္လိုက္ပါက အေသးစိတ္ ထပ္မံ႐ွင္းျပထားေသာ ဓာတ္​ပံုမ်ား၊ အ​ေၾကာင္​းအရာမ်ားကို ဆက္လက္ဖတ္႐ႈေလ့လာႏိုင္ပါသည္။

No comments: