Tuesday, January 7, 2020

အဆီစားသုံးမွုမ်ားျခင္း၊ အဝလြန္ျခင္းႏွင့္ ကင္ဆာ

အဆီစားသုံးမှုများခြင်း၊  အဝလွန်ခြင်းနှင့် ကင်ဆာ
-------------------------------



 မိမိတို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ က အစာလမ်းကြောင်းတစ်လျှောက်မှာ ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်ပွားမှုနှင့် နှီးနွှယ်ဆက်စပ်ပတ်သက်နေပါ တယ်။ အစာလမ်းကြောင်းဆိုင်ရာမှာ ပါးစပ်၊ လည်ချောင်း၊ အစာြွပန်၊ အစာအိမ်၊ အူသိမ်၊ အူမကြီးတို့သာမက လုပ်ငန်းသဘောအရ ပတ်သက်နေတဲ့ အသည်း၊ သည်းခြေ၊ ပဲ(န်)ခရိယက်(စ်) (Pancreas) တို့လည်း ပါဝင်ပါတယ်။ ပဲ(န်)ခရိယက်(စ်)က အင်ဆူလင် (Insulin) ဟော်မုန်းထုတ်လုပ်ပေးတဲ့အပြင် အစာခြေ အင်ဇိုင်း (Digestive Enzymes) တွေလည်း ထုတ်လုပ် ပေးတဲ့အတွက် အစာလမ်းကြောင်းထဲမှာ ထည့်သွင်းပြောဆိုခြင်း ဖြစ်ပါတယ်။

 နေ့စဉ်စားသုံးတဲ့ အစားအစာတွေက အစာလမ်း ကြောင်း ပြင်ပက ရင်သား၊ ကျောက်ကပ် စတဲ့  အင်္ဂါတွေ မှာ ကင်ဆာရောဂါဖြစ်တာနှင့်လည်း နှီးနွှယ်ဆက်စပ် ပတ်သက်မှုရှိပါတယ်။ ြွကက်ကလေးတွေကို အဆီများ များကျွေးလေ ရင်သားကင်ဆာဖြစ်နိုင်ခြေများလေ ဆိုတဲ့ အချက်ကို ၁၉၅၀ ပြည့်နှစ်လောက်မှာ Silverstone နဲ့ Tannenbaum ဆိုသူ ပညာရှင်တို့က အစီရင်ခံခဲ့ပါ တယ်။ သူတို့က နိုင်ငံအသီးသီးမှာ လူတွေရဲ့ အဆီစားသုံးမှု ပမာဏနှင့် ကင်ဆာဖြစ်နှုန်း/ကင်ဆာကြောင့် သေနှုန်း တို့ရဲ့ ဆက်နွှယ်မှုကို သုတေသနပြုခဲ့ပြီး ၁၉၇၅ ခုနှစ်မှာ စာတမ်းတင်ခဲ့ရာမှာ အဆီစားသုံးမှုများတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေ ကင်ဆာရောဂါ ပိုပြီးအဖြစ်များတယ် ဆိုတာကို တွေ့ရှိခဲ့ပါတယ်။

 ၁၉၈၀ ပြည့်နှစ်တွေအတွင်းမှာ နိုင်ငံအများအပြား က အဆီစားသုံးမှု လျှော့ချရေးပေါ်လစီတွေ ချမှတ်ခဲ့ကြ ပါတယ်။ ချမှတ်ရတဲ့အကြောင်းရင်းတွေအနက် တစ်ခုက အဆီစားသုံးမှုများခြင်းနှင့် ရင်သားကင်ဆာဖြစ်ပွားမှု ဆက်စပ်ပတ်သက်နိုင်တယ်ဆိုတဲ့အချက်လည်း ပါဝင်ခဲ့ ပါတယ်။ အဆီစားသုံးမှုများခြင်းက-
 - ကယ်လိုရီ (Calorie - အင်အား) ရရှိမှုကို များစေ ပါတယ်။
 - ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
 ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းနှင့် အားကစား မှန်မှန် ပြုလုပ်ခြင်းက-
 - ခန္ဓာကိုယ်မှာ အဆီကို လျော့စေပါတယ်။
 - ကိုယ်အလေးချိန်ကို လျော့စေပါတယ်။ အဝလွန် ခြင်းမဖြစ်အောင် ထိန်းပေးနိုင်ပါတယ်။
 ပညာရှင်တွေအနေနဲ့ အဆီနှင့် ကင်ဆာရောဂါတို့ရဲ့ ဆက်နွှယ်ပတ်သက်မှုကို လေ့လာတဲ့အခါ-
• အဆီစားသုံးမှုများခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်း တို့ရဲ့  တိုက်ရိုက်ပတ်သက်မှု၊
• အဆီစားသုံးမှုများခြင်းကြောင့် ကယ်လိုရီရရှိမှုများ ခြင်းနှင့် ကင်ဆာဖြစ်ခြင်းတို့ရဲ့ ပတ်သက်မှု၊
• အဆီစားသုံးမှုများခြင်းကြောင့် ကိုယ်အလေးချိန် တက်ခြင်း၊ အဝလွန်ခြင်းနှင့် ကင်ဆာရောဂါဖြစ်ခြင်း တို့ရဲ့  ပတ်သက်မှု၊
• ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကင်ဆာရောဂါ တို့ရဲ့ ပတ်သက်မှု စသဖြင့် ရှုထောင့်အမျိုးမျိုး ခွဲခြား ပြီး ဆန်းစစ်ရပါတယ်။ စာရှုသူတွေအနေနဲ့တော့ အားလုံးကို ရောပြီး သိထားရုံနှင့် လုံလောက်ပါ တယ်။

အဆီစားသုံးခြင်းနှင့် ကင်ဆာရောဂါဖြစ်ပွားမှုတို့ တိုက်ရိုက် ဆက်စပ်ပတ်သက်ပုံ

 အဆီနှင့် ကင်ဆာရောဂါတို့ရဲ့ တိုက်ရိုက်ဆက်စပ်ပုံ ကို ဝက်သား၊ အမဲသား၊ ဆိတ်သား စတဲ့ အဆီများတဲ့ အသားတွေကို ကင်ပြီး စားတဲ့ ဥပမာနှင့် တင်ပြပါမယ်။

 သုတေသနတွေအရ မီးကင်ထား၊ မီးဖုတ်ထား၊ ဘာဘီကျူး (Barbecue) လုပ်ထားတဲ့ အစားအစာတွေမှာ ကျန်းမာရေးအတွက် မကောင်းတဲ့ပစ္စည်းတွေ ပါလာနိုင် ပါတယ်။ ဒီပစ္စည်းတွေက ကာလကြာရှည်လာတဲ့အခါ ကင်ဆာရောဂါဖြစ်လာစေနိုင်တယ်ဆိုတာ တွေ့ထားပါ တယ်။ အသားတွေကို အပူချိန်ပြင်းပြင်းနှင့် မီးကင်၊ မီးမြှိုက်တဲ့အခါတွေမှာ အသားတွေနဲ့ တွဲပြီးပါနေတဲ့ အဆီ တွေက တဖျစ်ဖျစ်မြည်ပြီး အပြင်ကို ထွက်လာပါတယ်။ အဲဒီအဆီတွေက မီးသွေးပေါ်၊ မီးဖိုပေါ်ကိုကျပြီး ပြင်းလှတဲ့ အပူရှိန်ကြောင့် အခိုးအငွေ့အဖြစ် ပျံတက်လာပါတယ်။ အဲဒီ အဆီခိုး၊ အဆီငွေ့တွေမှာ Polycyclic Aromatic Hydrocarbons (PAH) ဆိုတဲ့ ဒြပ်ပေါင်းတွေ ပါဝင်နေပါ တယ်။ အဆီငွေ့တွေက အပေါ်ကို ပျံတက်လာပြီး အသား ကို အငွေ့ရိုက်ပါတယ်။ ဒီလိုနဲ့ အသားမှာ PAH ဒြပ်ပေါင်း တွေ ကပ်ငြိနေပါတော့တယ်။ အသားကင်တွေမှာ မီးခိုး ရိုက်ထားလို့ အရောင်မည်းနေတဲ့ အပိုင်းတွေမှာ ကင်ဆာ ဖြစ်စေနိုင်တဲ့ PAH ဒြပ်ပေါင်းတွေ ရှိနေတယ်လို့ ပြော တာပါ။

 မည်းတူးနေတဲ့ အသားကင်တွေကို လူက စားလိုက် ပြီး PAH ဒြပ်ပေါင်းတွေက လူ့ခန္ဓာကိုယ်ထဲရောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အင်ဇိုင်း (Enzyme) တွေရဲ့ ဓာတ်ပြုပြင်ပေးမှု (Bioactivation) ကြောင့် ဒီဒြပ်ပေါင်း တွေက ခန္ဓာကိုယ် ရုပ်ကလာပ်စည်း (Cell - ဆဲလ်) တွေ ထဲက  ဒီအင်အေ (DNA) ကို ဖျက်ဆီးနိုင်စွမ်း (တစ်နည်း) ကင်ဆာဖြစ်စေနိုင်စွမ်းကို ရရှိသွားခြင်း ဖြစ်ပါတယ်။ ဒီလို ဓာတ်ပြုပြင်ပေးမှု (Bioactivation) ပြုလုပ်နိုင်စွမ်းက လူတစ်ယောက်နှင့်တစ်ယောက် မတူပါဘူး။ ဒါကြောင့် လည်း လူတစ်ယောက်က အကင်တွေစားပြီး ကင်ဆာ မဖြစ်ပေမယ့် အခြားတစ်ယောက်မှာ ကင်ဆာဖြစ်လာနိုင် ပါတယ်။ သူတစ်ပါးမှာ ကင်ဆာမဖြစ်ပေမယ့် မိမိမှာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်သူကတော့ အကင်စာတွေ ခဏခဏစားနေတာ ဘာကင်ဆာမှ မဖြစ် ပါဘူးဆိုပြီး သူများလုပ်သလို လိုက်မလုပ်ဖို့ သတိပေးချင် ပါတယ်။

 ကိုယ်အလေးချိန်များခြင်းနှင့် အဝလွန်ခြင်းဟာ အစာမျိုြွပန် (Oesophagus) မှာ Adenocarcinoma အမျိုးအစား ကင်ဆာဖြစ်နိုင်တဲ့အန္တရာယ်ကို များစေပါ တယ်။ အစာမျိုြွပန် (Oesophagus) ဆိုတာ လည်ချောင်း (Phatynx) နှင့် အစာအိမ် (Stomach) ကို ဆက်ထားတဲ့ ြွပန်ဖြစ်ပါတယ်။ ရင်ဘတ်ထဲမှာ ရှိပါတယ်။

အဆီစားသုံးမှုများခြင်းနှင့် အူမကြီး၊ စအိုကင်ဆာ
 အဆီစားသုံးမှုများခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းတို့က အူမကြီးနှင့် စအိုကင်ဆာဖြစ်ခြင်း၊ အူမကြီးနှင့် စအိုကင်ဆာတွေကြောင့် သေဆုံးမှုနှုန်း မြင့် ခြင်းတို့နှင့် ဆက်နွှယ်နေတယ်ဆိုတာ နိုင်ငံတကာမှာ တွေ့ ရပါတယ်။ အဆီစားသုံးမှုများခြင်းကြောင့် အဆီတွေကို အစာချက်ရာမှာကူညီဖို့ သည်းခြေအိတ် (Gall Bladder) ထဲက သည်းခြေရည် (Bile) တွေ အူထဲကို များများဝင်လာ ပါတယ်။ သည်းခြေရည်ထဲက အက်စစ် (Bile Acid) တွေ က အူမကြီးထဲကို ရောက်တဲ့အခါ အူမကြီးဆဲလ်တွေ
ကို ဖောက်ပြန်ပြောင်းလဲစေနိုင်စွမ်းရှိ (Potentially Mutagenic) ခြင်း၊ ကင်ဆာဖြစ်လာစေနိုင်စွမ်းရှိခြင်း က ဒီနေရာမှာ အဆီစားသုံးမှု များခြင်းနှင့် အူမကြီး ကင်ဆာဖြစ်ရခြင်းတို့ရဲ့ ဆက်နွှယ်မှုအတွက် ဖြေရှင်းချက် တစ်ခုဖြစ်ပါတယ်။

အဆီစားသုံးမှုများခြင်းနှင့်  ရင်သားကင်ဆာ
 အဆီစားသုံးမှု များခြင်းက ကင်ဆာဖြစ်ပွားမှု အန္တရာယ်ကို များစေသလားဆိုတာ ပညာရှင်တွေကြားမှာ နှစ် ၃၀ လောက် ငြင်းခုံကြပြီးတဲ့နောက် ပြည့်ဝဆီစားသုံးမှု များလွန်းတဲ့ အမျိုးသမီးတွေမှာ ကင်ဆာအမျိုးမျိုးဖြစ်ပွား နှုန်း မြင့်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ဥရောပ နိုင်ငံ ၁၀ နိုင်ငံမှာ နေထိုင်ကြသူအမျိုးသမီးဦးရေ ၃၃ရဝဝဝ ကို ၁၁ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုကြီးတစ်ခုအရ ပြည့်ဝဆီ အများဆုံး စားသုံးတဲ့ အမျိုးသမီးတွေက ပြည့်ဝဆီ အနည်းဆုံး စားသုံးတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ် ၃၀% လောက် ပိုများတာကို တွေ့ခဲ့ရပါတယ်။

 အဆီမျိုးစုံ စားသုံးမှု ပမာဏများခြင်း၊ ပြည့်ဝဆီ စားသုံးမှု ပမာဏများခြင်းတို့က ရင်သားကင်ဆာနှစ်မျိုး ဖြစ်ပွားနိုင်တဲ့ အန္တရာယ်ကို များစေတယ်ဆိုတာလည်း သိရပါတယ်။ အဲဒီ ရင်သားကင်ဆာနှစ်မျိုးက အီစထရိုဂျင် receptor (အီစထရိုဂျင်ကို လက်ခံနိုင်တဲ့နေရာ) ရှိတဲ့ ကင်ဆာမျိုးနှင့် ပရိုဂျက်စထရုံး receptor (ပရိုဂျက်စထရုံး ကို လက်ခံနိုင်တဲ့နေရာ) ရှိတဲ့ ကင်ဆာမျိုးတွေ ဖြစ်ပါ တယ်။ အီစထရိုဂျင် receptor ရှိတဲ့ ရင်သားကင်ဆာ မျိုးက အီစထရိုဂျင်ဆိုတဲ့ အမျိုးသမီးမျိုးပွားဟော်မုန်း ကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားပွားများ ပျံ့နှံ့နိုင်စွမ်း ပိုကောင်းကြပါတယ်။ ပရိုဂျက်စထရုံး receptor ရှိတဲ့ ရင်သားကင်ဆာမျိုးကတော့ ပရိုဂျက်စထရုံးဆိုတဲ့ အမျိုးသမီး မျိုးပွားဟော်မုန်းကြောင့် ကင်ဆာဆဲလ်တွေ ကြီးထွားပွားများ ပျံ့နှံ့နိုင်စွမ်း ပိုပြီးကောင်းကြပါတယ်။ ဒီလိုအမျိုးအစား ရင်သားကင်ဆာတွေက အဆီစားသုံးမှု များသူ အမျိုးသမီးတွေမှာ ပိုပြီးဖြစ်နိုင်တယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံ တွေက အမျိုးသမီးတွေမှာ အများဆုံးဖြစ်တဲ့ ရင်သား ကင်ဆာတွေက အီစထရိုဂျင် receptor ရှိတဲ့ ကင်ဆာမျိုးနှင့် ပရိုဂျက်စထရုံး receptor ရှိတဲ့ ကင်ဆာမျိုးတွေ ဖြစ်နေတဲ့အတွက် သူတို့ဆီမှာ ရင်သားကင်ဆာ ကာကွယ် ရေးလုပ်ငန်းတစ်ရပ်အနေနဲ့ အဆီစားသုံးမှုကို အထူး ဆင်ခြင်ကြဖို့ တိုက်တွန်းထားပါတယ်။

ဝဖြိုးခြင်းနှင့် ရင်သားကင်ဆာ
 မီးယပ်သွေးဆုံးပြီးအရွယ် အမျိုးသမီးတွေမှာဖြစ်တဲ့ ရင်သားကင်ဆာရောဂါက အဝလွန်ခြင်းနှင့် နှီးနွှယ်ဆက်စပ်မှု ရှိပါတယ်။ ဒီအရွယ်မှာ အဝလွန်သူတွေက မဝသူတွေထက် ကင်ဆာရောဂါဖြစ်နိုင်တဲ့ အန္တရာယ် ၅၀% လောက် ပိုပါတယ်။ သွေးထဲမှာ အီစထရိုဂျင် (Oestrogen) အာနိသင်ရှိတဲ့ ဟော်မုန်းတွေရဲ့ ပမာဏ များနေတာ ကြောင့်လို့ ယူဆရပါတယ်။ အဝလွန်သူတွေရဲ့ ခန္ဓာကိုယ်မှာ အများအပြားရှိနေတဲ့ အဆီဆဲလ် (Fat Cells) တွေကနေ အီစထရိုဂျင် အာနိသင်ရှိတဲ့ ဟော်မုန်း တွေကို ထုတ်လုပ်ပါတယ်။ အီစထရိုဂျင်အာနိသင်ရှိတဲ့ ဟော်မုန်းက ရင်သားကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို များစေပါတယ်။ မီးယပ်သွေးမဆုံးမီအရွယ်မှာ အဝလွန် ခြင်းက ရင်သား ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို မများစေ ပေမယ့်  ဒီအဝလွန်မှုအခြေအနေက မီးယပ်သွေးဆုံးပြီး တဲ့ အရွယ်အထိ ဆက်ပြီးရှိနေလျှင်တော့ အဲဒီအချိန်မှာ အန္တရာယ်ပေးလာနိုင်ပါတယ်။

ဝဖြိုးခြင်းနှင့်  သားအိမ်၊ မျိုးဥအိမ်ကင်ဆာ
 အဝလွန်တဲ့အမျိုးသမီးတွေမှာ သားအိမ်ကိုယ်ထည် ကင်ဆာ (Endometrial Cancer) ဖြစ်နိုင်တဲ့ အန္တရာယ် က မဝတဲ့သူတွေမှာထက် ၃ ဆလောက် ပိုပါတယ်။

 သားအိမ်ကိုယ်ထည်ကင်ဆာ ဖြစ်ပွားမှုကလည်း မီးယပ်သွေးဆုံးပြီးတဲ့အရွယ် အဝလွန်သူတွေမှာ အဆီ ဆဲလ်တွေက ထွက်တဲ့ အီစထရိုဂျင်အာနိသင်ရှိတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

 အသက်ငယ်ရွယ်စဉ် ကလေးဘဝမှာ အရမ်းဝခဲ့
တဲ့ အမျိုးသမီးငယ်တွေဟာ အသက်ကြီးလာတဲ့အခါ မျိုးဥအိမ် (Ovary) ကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ပိုများပါ တယ်။
 သည်းခြေအိတ်မှာ ကျောက်တည်ခြင်းက သည်းခြေ ကင်ဆာရောဂါဖြစ်ရခြင်းရဲ့ အကြောင်းတစ်ခု ဖြစ်သလို အဝလွန်ခြင်းက သည်းခြေကင်ဆာဖြစ်နိုင်ခြေကို များစေ ပါတယ်။

နို့ထွက်အဆီများ (Dairy Fat)
 မလိုင်အပြည့်နို့၊ ထောပတ်၊ မလိုင် အစရှိတဲ့ အဆီ များတဲ့ နို့ထွက်အစားအစာတွေ အများအပြား စားသုံးခြင်း က ရင်သားကင်ဆာ ကုသခံထားရသူတွေမှာ ဆက် လက်ပြီး အသက်ရှင်သန်နိုင်မှုအခွင့်အလမ်းကို ယုတ် လျော့စေတယ်လို့ ၂၀၁၃ ခုနှစ် မေလထုတ် Journal of The National Cancer Institute မှာ ဖော်ပြထားပါတယ်။ ဒါဟာ ဒီအစားအစာများမှ ဖြစ်လာတဲ့ အီစထရိုဂျင် ဟော်မုန်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ အနီးအနားကို ထိုး ဖောက်နေပြီဖြစ်တဲ့ ရင်သားကင်ဆာခံစားထားရသူ အမျိုးသမီးဦးရေ ၁၈၉၃ ဦးကို ၁၉၉၇ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ ၁၂ နှစ်ကျော် စောင့်ကြည့်လေ့လာခဲ့တဲ့ သုတေသန The Life After Cancer Epidemiology(LACE) Study မှာ အဆီများများစားတဲ့လူတွေက သေနှုန်းပိုမြင့်တာကို တွေ့ရပါတယ်။ အီတလီမှာပြုလုပ်တဲ့ သုတေသနမှာတော့ ဒါမျိုးမတွေ့ရပါဘူး။ ဒါဟာ အီတလီ နိုင်ငံက နို့ချက်စက်ရုံတွေမှာ ကျင့်သုံးတဲ့ နို့ချက်နည်းစနစ် တွေက နို့ထဲမှာ ပါလာတဲ့ အီစထရိုဂျင်ဟော်မုန်း ပမာဏ ကို လျှော့ချနိုင်လို့ ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါ တယ်။

 ၁၉၈၄ ခုနှစ်အတွင်း အီတလီနိုင်ငံမှာ ရင်သား ကင်ဆာလူနာဦးရေ ၃၆၈ ဦးနှင့် ကင်ဆာမရှိသူ အမျိုး သမီးဦးရေ ၃၇၃ ဦးကို နှိုင်းယှဉ်လေ့လာခဲ့တဲ့ သုတေသန မှာတော့ သုတေသီ Talamini နှင့် အဖွဲ့က နွားနို့သောက် ခြင်း၊ နို့ထွက်အစားအစာများစားသုံးခြင်းနှင့် ရင်သား ကင်ဆာဖြစ်ပွားမှုတို့ရဲ့  ဆက်စက်ပုံကို တွေ့ရှိခဲ့ပါတယ်။ ၁၉၈၆ ခုနှစ်က ပြင်သစ်နိုင်ငံမှာ ရင်သားကင်ဆာလူနာ ဦးရေ ၁၀၁၀ ဦးနှင့် ကင်ဆာမရှိသူဦးရေ ၁၉၅၀ ဦးကို နှိုင်းယှဉ် လေ့လာခဲ့တဲ့ သုတေသနမှာ သုတေသီ Le နှင့် အဖွဲ့က မလိုင်အပြည့် နွားနို့သောက်ခြင်း၊ ဒိန်ခဲစားသုံး ခြင်းနှင့် ရင်သားကင်ဆာဖြစ်ခြင်းတို့ရဲ့ ဆက်စပ်ပတ်သက် မှုကို တွေ့ရှိခဲ့ပါတယ်။ ထောပတ်စားသုံးမှု၊ ဒိန်ချဉ်စားသုံးမှု တို့နှင့် ရင်သားကင်ဆာဖြစ်ပွားမှုတို့ရဲ့ ဆက်စပ်မှုကိုတော့ မတွေ့ခဲ့ရပါဘူး။ လေ့လာမှုတွေမှာ တွေ့ရချက်တွေ ကွဲလွဲ တာက လူမျိုးမတူခြင်း၊ နို့ချက်တဲ့စနစ်မတူခြင်း စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။

ဝဖြိုးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနှင့် ကင်ဆာ
 ကယ်လိုရီစားသုံးမှုများခြင်း၊ ဝဖြိုးခြင်းနှင့် ကိုယ် လက်လှုပ်ရှားမှုနည်းခြင်းတို့က ကင်ဆာရောဂါကြောင့် သေဆုံးမှုတွေရဲ့ ၃၀% မှ ၃၅% လောက်နှင့် သက်ဆိုင်နေ ပါတယ်။ ကိုယ်အလေးချိန်များလွန်းခြင်းက ကင်ဆာ အမျိုးမျိုးနှင့် ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းနှင့် ပြောမယ်ဆိုရင် ၁၄% မှ ၂၀% လောက် ရှိပါ တယ်။ ဗြိတိန်နိုင်ငံ (United Kingdom - UK) နိုင်ငံမှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ BMI (Body Mass Index) များခြင်းက ကင်ဆာရောဂါ ၁၀ မျိုးလောက် (အနည်းဆုံး) ဖြစ်ပွားခြင်းနှင့် ဆက်နွှယ်နေတာကို တွေ့ရပါတယ်။ Body Mass Index-BMI (ခန္ဓာကိုယ် ဒြပ်ထု အညွှန်းကိန်း) ဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန်နှင့် အရပ်အမောင်းကို အချိုးချပြီး တွက်တဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။ ကိုယ်အလေးချိန်များပြီး အရပ် က နိမ့်နေလျှင်BMI များတယ်၊ အဝလွန်တယ်ပေါ့။ နှစ်စဉ် ဗြိတိန်နိုင်ငံ (UK) မှ နိုင်ငံသား ၁၂ဝဝဝ လောက်မှာဖြစ်တဲ့ ကင်ဆာတွေက ဝဖြိုးခြင်းနှင့် ဆက်စပ်နေတာကို တွေ့ရ ပါတယ်။

 ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကလည်း ကင်ဆာ ရောဂါဖြစ်ပွားမှုကို နည်းအမျိုးမျိုးနှင့် အားပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းက ကိုယ်အလေးချိန် များစေရုံသာမက ကိုယ်ခံစွမ်းအားစနစ် (Immune System) အပေါ်  မကောင်းတဲ့သက်ရောက်မှု၊ အင်ဒိုခရိုင်း စနစ် (Endocrine System) တွေအပေါ်  မကောင်းတဲ့ သက်ရောက်မှုတွေလည်း ရှိပါတယ်။ အစားအသောက် ကြောင့် ကင်ဆာရောဂါဖြစ်တယ်ဆိုရာမှာ ဟင်းသီး ဟင်းရွက်တွေ စားသုံးမှုနည်းခြင်း၊ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေ စားသုံးမှု နည်း ခြင်းတို့ထက် ကယ်လိုရီစားသုံးမှု များလွန်းခြင်းနှင့် ဝဖြိုး ခြင်းတို့ရဲ့ သက်ရောက်မှုက ပိုများတယ်လို့ ဆိုပါတယ်။

အဆီစားသုံးမှုနှင့်  ကင်ဆာဆဲလ်များ ပျံ့နှံ့နိုင်စွမ်း
 UK Charity Worldwide Cancer Research က တစ်စိတ်တစ်ပိုင်း ရန်ပုံငွေ ထောက်ပံ့ပြီး  The Institute for Research in Barcelona မှာ Professor Salvador ဦးဆောင်ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ ထူးခြားတဲ့ တွေ့ရှိချက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါက ကင်ဆာ ဆဲလ်တွေမှာ CD36 ဆိုတဲ့ ပရိုတင်းတစ်မျိုးကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီ ပရိုတင်းက ကင်ဆာဆဲလ် တွေရဲ့  အဝေးကို  ပျံ့နှံ့နိုင်စွမ်း (Metastasis) ကို  အားပေး ပါတယ်။ ကင်ဆာဆဲလ်တွေ ပျံ့နှံ့ပုံကို နှစ်မျိုးရှိတယ်လို့
သိထားနိုင်ပါတယ်။

ရင်သားမှာဖြစ်လာတဲ့ ကင်ဆာဆဲလ် တွေ ချိုင်း (ဂျိုင်း) ထဲက သားနံရည်ကျိတ်တွေဆီ ရောက်ရှိ ပျံ့နှံ့နေတာကို အနီးအနားသို့ ထိုးဖောက်ရောက်ရှိခြင်း (Local Invasion) လို့ ခေါ် ပြီး ရင်သားကင်ဆာဆဲလ်တွေ ဦးနှောက်ထဲအထိ ပျံ့နေတာ၊ အသည်းထဲက ကင်ဆာ ဆဲလ်တွေ အဆုတ်ထဲအထိ ပျံ့နေတာ၊ ဆီးကျိတ်ထဲက ကင်ဆာဆဲလ်တွေ အရိုးအထိ ပျံ့နေတာမျိုးကိုတော့ Metastasis လို့ ပြောပါတယ်။ ရင်သားထဲက ကင်ဆာ ဆဲလ်တွေ ဘယ်မှမပျံ့ဘဲ ရင်သားထဲမှာတင် ရှိနေတာ ထက် ချိုင်း (ဂျိုင်း) ထဲက သားနံရည်ကျိတ်တွေဆီ ပျံ့နေ တာက အခြေအနေ ပိုဆိုးတယ်။ ဦးနှောက်ထဲအထိ ပျံ့နေ တာက ပိုပြီးဆိုးတယ်ဆိုတာ လူအများ သိထားကြပြီး ဖြစ်ပါတယ်။ အဲဒီလို ကင်ဆာဆဲလ်တွေ စတင်ဖြစ်ပေါ်ရာ မူလအင်္ဂါအစိတ်အပိုင်းမှ အဝေးတစ်နေရာမှာရှိတဲ့ အင်္ဂါ တစ်ခုဆီကို ရောက်ရှိပျံ့နှံ့မှုကို ကင်ဆာဆဲလ်တွေရဲ့ နံရံ (Cell Wall) မှာ ရှိတဲ့ CD36 ဆိုတဲ့ ပရိုတင်းတွေက အားပေးတယ်ဆိုတာ သိလာပါပြီ။ CD36 တွေရဲ့ ထူးခြား ချက်က ဖက်တီးအက်စစ် (Fatty Acid) ဆိုတဲ့ အဆီ အက်စစ်တွေကို ရယူအသုံးပြုကြခြင်းပဲ ဖြစ်ပါတယ်။ အဆီစားသုံးမှုများခြင်းက CD36 ပရိုတင်းတွေရဲ့ ဖက်တီး အက်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် ကင်ဆာဆဲလ်တွေ ပျံ့နှံ့မှုကို အားပေးနိုင်သလားဆိုတာ ဆက်လက်လေ့လာကြရဦးမှာ ဖြစ်ပါတယ်။
----------------------------------
ဒေါက်တာလှကြည်

(Zawgyi) 

အဆီစားသုံးမွုမ်ားျခင္း၊  အဝလြန္ျခင္းႏွင့္ ကင္ဆာ
-------------------------------



 မိမိတို့ ေန႔စဥ္စားသုံးေနတဲ့ အစားအေသာက္ေတြ က အစာလမ္းေၾကာင္းတစ္ေလၽွာက္မွာ ကင္ဆာေရာဂါ အမ်ိဳးမ်ိဳး ျဖစ္ပြားမွုႏွင့္ ႏွီးႏႊယ္ဆက္စပ္ပတ္သက္ေနပါ တယ္။ အစာလမ္းေၾကာင္းဆိုင္ရာမွာ ပါးစပ္၊ လည္ေခ်ာင္း၊ အစာျြပန္၊ အစာအိမ္၊ အူသိမ္၊ အူမႀကီးတို့သာမက လုပ္ငန္းသေဘာအရ ပတ္သက္ေနတဲ့ အသည္း၊ သည္းေျခ၊ ပဲ(န္)ခရိယက္(စ္) (Pancreas) တို့လည္း ပါဝင္ပါတယ္။ ပဲ(န္)ခရိယက္(စ္)က အင္ဆူလင္ (Insulin) ေဟာ္မုန္းထုတ္လုပ္ေပးတဲ့အျပင္ အစာေျခ အင္ဇိုင္း (Digestive Enzymes) ေတြလည္း ထုတ္လုပ္ ေပးတဲ့အတြက္ အစာလမ္းေၾကာင္းထဲမွာ ထည့္သြင္းေျပာဆိုျခင္း ျဖစ္ပါတယ္။

 ေန႔စဥ္စားသုံးတဲ့ အစားအစာေတြက အစာလမ္း ေၾကာင္း ျပင္ပက ရင္သား၊ ေက်ာက္ကပ္ စတဲ့  အဂၤါေတြ မွာ ကင္ဆာေရာဂါျဖစ္တာႏွင့္လည္း ႏွီးႏႊယ္ဆက္စပ္ ပတ္သက္မွုရွိပါတယ္။ ျြကက္ကေလးေတြကို အဆီမ်ား မ်ားေကၽြးေလ ရင္သားကင္ဆာျဖစ္နိုင္ေျခမ်ားေလ ဆိုတဲ့ အခ်က္ကို ၁၉၅၀ ျပည့္ႏွစ္ေလာက္မွာ Silverstone နဲ႔ Tannenbaum ဆိုသူ ပညာရွင္တို့က အစီရင္ခံခဲ့ပါ တယ္။ သူတို့က နိုင္ငံအသီးသီးမွာ လူေတြရဲ့ အဆီစားသုံးမွု ပမာဏႏွင့္ ကင္ဆာျဖစ္ႏွုန္း/ကင္ဆာေၾကာင့္ ေသႏွုန္း တို့ရဲ့ ဆက္ႏႊယ္မွုကို သုေတသနျပဳခဲ့ၿပီး ၁၉၇၅ ခုႏွစ္မွာ စာတမ္းတင္ခဲ့ရာမွာ အဆီစားသုံးမွုမ်ားတဲ့နိုင္ငံေတြမွာ အမ်ိဳးသမီးေတြ ကင္ဆာေရာဂါ ပိုၿပီးအျဖစ္မ်ားတယ္ ဆိုတာကို ေတြ႕ရွိခဲ့ပါတယ္။

 ၁၉၈၀ ျပည့္ႏွစ္ေတြအတြင္းမွာ နိုင္ငံအမ်ားအျပား က အဆီစားသုံးမွု ေလၽွာ့ခ်ေရးေပၚလစီေတြ ခ်မွတ္ခဲ့ၾက ပါတယ္။ ခ်မွတ္ရတဲ့အေၾကာင္းရင္းေတြအနက္ တစ္ခုက အဆီစားသုံးမွုမ်ားျခင္းႏွင့္ ရင္သားကင္ဆာျဖစ္ပြားမွု ဆက္စပ္ပတ္သက္နိုင္တယ္ဆိုတဲ့အခ်က္လည္း ပါဝင္ခဲ့ ပါတယ္။ အဆီစားသုံးမွုမ်ားျခင္းက-
 - ကယ္လိုရီ (Calorie - အင္အား) ရရွိမွုကို မ်ားေစ ပါတယ္။
 - ကိုယ္အေလးခ်ိန္တက္ျခင္း၊ အဝလြန္ျခင္းတို့ကို ျဖစ္ေစနိုင္ပါတယ္။
 ကိုယ္လက္လွုပ္ရွားမွုေလ့က်င့္ခန္းႏွင့္ အားကစား မွန္မွန္ ျပဳလုပ္ျခင္းက-
 - ခႏၶာကိုယ္မွာ အဆီကို ေလ်ာ့ေစပါတယ္။
 - ကိုယ္အေလးခ်ိန္ကို ေလ်ာ့ေစပါတယ္။ အဝလြန္ ျခင္းမျဖစ္ေအာင္ ထိန္းေပးနိုင္ပါတယ္။
 ပညာရွင္ေတြအေနနဲ႔ အဆီႏွင့္ ကင္ဆာေရာဂါတို့ရဲ့ ဆက္ႏႊယ္ပတ္သက္မွုကို ေလ့လာတဲ့အခါ-
• အဆီစားသုံးမွုမ်ားျခင္းႏွင့္ ကင္ဆာေရာဂါျဖစ္ျခင္း တို့ရဲ့  တိုက္ရိုက္ပတ္သက္မွု၊
• အဆီစားသုံးမွုမ်ားျခင္းေၾကာင့္ ကယ္လိုရီရရွိမွုမ်ား ျခင္းႏွင့္ ကင္ဆာျဖစ္ျခင္းတို့ရဲ့ ပတ္သက္မွု၊
• အဆီစားသုံးမွုမ်ားျခင္းေၾကာင့္ ကိုယ္အေလးခ်ိန္ တက္ျခင္း၊ အဝလြန္ျခင္းႏွင့္ ကင္ဆာေရာဂါျဖစ္ျခင္း တို့ရဲ့  ပတ္သက္မွု၊
• ကိုယ္လက္လွုပ္ရွားမွုနည္းျခင္းႏွင့္ ကင္ဆာေရာဂါ တို့ရဲ့ ပတ္သက္မွု စသျဖင့္ ရွုေထာင့္အမ်ိဳးမ်ိဳး ခြဲျခား ၿပီး ဆန္းစစ္ရပါတယ္။ စာရွုသူေတြအေနနဲ႔ေတာ့ အားလုံးကို ေရာၿပီး သိထား႐ုံႏွင့္ လုံေလာက္ပါ တယ္။

အဆီစားသုံးျခင္းႏွင့္ ကင္ဆာေရာဂါျဖစ္ပြားမွုတို့ တိုက္ရိုက္ ဆက္စပ္ပတ္သက္ပုံ

 အဆီႏွင့္ ကင္ဆာေရာဂါတို့ရဲ့ တိုက္ရိုက္ဆက္စပ္ပုံ ကို ဝက္သား၊ အမဲသား၊ ဆိတ္သား စတဲ့ အဆီမ်ားတဲ့ အသားေတြကို ကင္ၿပီး စားတဲ့ ဥပမာႏွင့္ တင္ျပပါမယ္။

 သုေတသနေတြအရ မီးကင္ထား၊ မီးဖုတ္ထား၊ ဘာဘီက်ဴး (Barbecue) လုပ္ထားတဲ့ အစားအစာေတြမွာ က်န္းမာေရးအတြက္ မေကာင္းတဲ့ပစၥည္းေတြ ပါလာနိုင္ ပါတယ္။ ဒီပစၥည္းေတြက ကာလၾကာရွည္လာတဲ့အခါ ကင္ဆာေရာဂါျဖစ္လာေစနိုင္တယ္ဆိုတာ ေတြ႕ထားပါ တယ္။ အသားေတြကို အပူခ်ိန္ျပင္းျပင္းႏွင့္ မီးကင္၊ မီးျမႇိုက္တဲ့အခါေတြမွာ အသားေတြနဲ႔ တြဲၿပီးပါေနတဲ့ အဆီ ေတြက တဖ်စ္ဖ်စ္ျမည္ၿပီး အျပင္ကို ထြက္လာပါတယ္။ အဲဒီအဆီေတြက မီးေသြးေပၚ၊ မီးဖိုေပၚကိုက်ၿပီး ျပင္းလွတဲ့ အပူရွိန္ေၾကာင့္ အခိုးအေငြ႕အျဖစ္ ပ်ံတက္လာပါတယ္။ အဲဒီ အဆီခိုး၊ အဆီေငြ႕ေတြမွာ Polycyclic Aromatic Hydrocarbons (PAH) ဆိုတဲ့ ျဒပ္ေပါင္းေတြ ပါဝင္ေနပါ တယ္။ အဆီေငြ႕ေတြက အေပၚကို ပ်ံတက္လာၿပီး အသား ကို အေငြ႕ရိုက္ပါတယ္။ ဒီလိုနဲ႔ အသားမွာ PAH ျဒပ္ေပါင္း ေတြ ကပ္ၿငိေနပါေတာ့တယ္။ အသားကင္ေတြမွာ မီးခိုး ရိုက္ထားလို့ အေရာင္မည္းေနတဲ့ အပိုင္းေတြမွာ ကင္ဆာ ျဖစ္ေစနိုင္တဲ့ PAH ျဒပ္ေပါင္းေတြ ရွိေနတယ္လို့ ေျပာ တာပါ။

 မည္းတူးေနတဲ့ အသားကင္ေတြကို လူက စားလိုက္ ၿပီး PAH ျဒပ္ေပါင္းေတြက လူ႔ခႏၶာကိုယ္ထဲေရာက္တဲ့အခါ ခႏၶာကိုယ္ထဲမွာ ရွိေနတဲ့ အင္ဇိုင္း (Enzyme) ေတြရဲ့ ဓာတ္ျပဳျပင္ေပးမွု (Bioactivation) ေၾကာင့္ ဒီျဒပ္ေပါင္း ေတြက ခႏၶာကိုယ္ ႐ုပ္ကလာပ္စည္း (Cell - ဆဲလ္) ေတြ ထဲက  ဒီအင္ေအ (DNA) ကို ဖ်က္ဆီးနိုင္စြမ္း (တစ္နည္း) ကင္ဆာျဖစ္ေစနိုင္စြမ္းကို ရရွိသြားျခင္း ျဖစ္ပါတယ္။ ဒီလို ဓာတ္ျပဳျပင္ေပးမွု (Bioactivation) ျပဳလုပ္နိုင္စြမ္းက လူတစ္ေယာက္ႏွင့္တစ္ေယာက္ မတူပါဘူး။ ဒါေၾကာင့္ လည္း လူတစ္ေယာက္က အကင္ေတြစားၿပီး ကင္ဆာ မျဖစ္ေပမယ့္ အျခားတစ္ေယာက္မွာ ကင္ဆာျဖစ္လာနိုင္ ပါတယ္။ သူတစ္ပါးမွာ ကင္ဆာမျဖစ္ေပမယ့္ မိမိမွာ ျဖစ္ခ်င္ျဖစ္နိုင္ပါတယ္။ ဒါေၾကာင့္ ဘယ္သူကေတာ့ အကင္စာေတြ ခဏခဏစားေနတာ ဘာကင္ဆာမွ မျဖစ္ ပါဘူးဆိုၿပီး သူမ်ားလုပ္သလို လိုက္မလုပ္ဖို့ သတိေပးခ်င္ ပါတယ္။

 ကိုယ္အေလးခ်ိန္မ်ားျခင္းႏွင့္ အဝလြန္ျခင္းဟာ အစာမ်ိဳျြပန္ (Oesophagus) မွာ Adenocarcinoma အမ်ိဳးအစား ကင္ဆာျဖစ္နိုင္တဲ့အႏၲရာယ္ကို မ်ားေစပါ တယ္။ အစာမ်ိဳျြပန္ (Oesophagus) ဆိုတာ လည္ေခ်ာင္း (Phatynx) ႏွင့္ အစာအိမ္ (Stomach) ကို ဆက္ထားတဲ့ ျြပန္ျဖစ္ပါတယ္။ ရင္ဘတ္ထဲမွာ ရွိပါတယ္။

အဆီစားသုံးမွုမ်ားျခင္းႏွင့္ အူမႀကီး၊ စအိုကင္ဆာ
 အဆီစားသုံးမွုမ်ားျခင္း၊ ကိုယ္အေလးခ်ိန္မ်ားျခင္း၊ အဝလြန္ျခင္းတို့က အူမႀကီးႏွင့္ စအိုကင္ဆာျဖစ္ျခင္း၊ အူမႀကီးႏွင့္ စအိုကင္ဆာေတြေၾကာင့္ ေသဆုံးမွုႏွုန္း ျမင့္ ျခင္းတို့ႏွင့္ ဆက္ႏႊယ္ေနတယ္ဆိုတာ နိုင္ငံတကာမွာ ေတြ႕ ရပါတယ္။ အဆီစားသုံးမွုမ်ားျခင္းေၾကာင့္ အဆီေတြကို အစာခ်က္ရာမွာကူညီဖို့ သည္းေျခအိတ္ (Gall Bladder) ထဲက သည္းေျခရည္ (Bile) ေတြ အူထဲကို မ်ားမ်ားဝင္လာ ပါတယ္။ သည္းေျခရည္ထဲက အက္စစ္ (Bile Acid) ေတြ က အူမႀကီးထဲကို ေရာက္တဲ့အခါ အူမႀကီးဆဲလ္ေတြ
ကို ေဖာက္ျပန္ေျပာင္းလဲေစနိုင္စြမ္းရွိ (Potentially Mutagenic) ျခင္း၊ ကင္ဆာျဖစ္လာေစနိုင္စြမ္းရွိျခင္း က ဒီေနရာမွာ အဆီစားသုံးမွု မ်ားျခင္းႏွင့္ အူမႀကီး ကင္ဆာျဖစ္ရျခင္းတို့ရဲ့ ဆက္ႏႊယ္မွုအတြက္ ေျဖရွင္းခ်က္ တစ္ခုျဖစ္ပါတယ္။

အဆီစားသုံးမွုမ်ားျခင္းႏွင့္  ရင္သားကင္ဆာ
 အဆီစားသုံးမွု မ်ားျခင္းက ကင္ဆာျဖစ္ပြားမွု အႏၲရာယ္ကို မ်ားေစသလားဆိုတာ ပညာရွင္ေတြၾကားမွာ ႏွစ္ ၃၀ ေလာက္ ျငင္းခုံၾကၿပီးတဲ့ေနာက္ ျပည့္ဝဆီစားသုံးမွု မ်ားလြန္းတဲ့ အမ်ိဳးသမီးေတြမွာ ကင္ဆာအမ်ိဳးမ်ိဳးျဖစ္ပြား ႏွုန္း ျမင့္တယ္ဆိုတာကို ေလ့လာေတြ႕ရွိခဲ့ပါတယ္။ ဥေရာပ နိုင္ငံ ၁၀ နိုင္ငံမွာ ေနထိုင္ၾကသူအမ်ိဳးသမီးဦးေရ ၃၃ရဝဝဝ ကို ၁၁ ႏွစ္ၾကာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမွုႀကီးတစ္ခုအရ ျပည့္ဝဆီ အမ်ားဆုံး စားသုံးတဲ့ အမ်ိဳးသမီးေတြက ျပည့္ဝဆီ အနည္းဆုံး စားသုံးတဲ့ အမ်ိဳးသမီးေတြထက္ ရင္သားကင္ဆာျဖစ္နိုင္တဲ့ အႏၲရာယ္ ၃၀% ေလာက္ ပိုမ်ားတာကို ေတြ႕ခဲ့ရပါတယ္။

 အဆီမ်ိဳးစုံ စားသုံးမွု ပမာဏမ်ားျခင္း၊ ျပည့္ဝဆီ စားသုံးမွု ပမာဏမ်ားျခင္းတို့က ရင္သားကင္ဆာႏွစ္မ်ိဳး ျဖစ္ပြားနိုင္တဲ့ အႏၲရာယ္ကို မ်ားေစတယ္ဆိုတာလည္း သိရပါတယ္။ အဲဒီ ရင္သားကင္ဆာႏွစ္မ်ိဳးက အီစထရိုဂ်င္ receptor (အီစထရိုဂ်င္ကို လက္ခံနိုင္တဲ့ေနရာ) ရွိတဲ့ ကင္ဆာမ်ိဳးႏွင့္ ပရိုဂ်က္စထ႐ုံး receptor (ပရိုဂ်က္စထ႐ုံး ကို လက္ခံနိုင္တဲ့ေနရာ) ရွိတဲ့ ကင္ဆာမ်ိဳးေတြ ျဖစ္ပါ တယ္။ အီစထရိုဂ်င္ receptor ရွိတဲ့ ရင္သားကင္ဆာ မ်ိဳးက အီစထရိုဂ်င္ဆိုတဲ့ အမ်ိဳးသမီးမ်ိဳးပြားေဟာ္မုန္း ေၾကာင့္ ကင္ဆာဆဲလ္ေတြ ႀကီးထြားပြားမ်ား ပ်ံ႕ႏွံ့နိုင္စြမ္း ပိုေကာင္းၾကပါတယ္။ ပရိုဂ်က္စထ႐ုံး receptor ရွိတဲ့ ရင္သားကင္ဆာမ်ိဳးကေတာ့ ပရိုဂ်က္စထ႐ုံးဆိုတဲ့ အမ်ိဳးသမီး မ်ိဳးပြားေဟာ္မုန္းေၾကာင့္ ကင္ဆာဆဲလ္ေတြ ႀကီးထြားပြားမ်ား ပ်ံ႕ႏွံ့နိုင္စြမ္း ပိုၿပီးေကာင္းၾကပါတယ္။ ဒီလိုအမ်ိဳးအစား ရင္သားကင္ဆာေတြက အဆီစားသုံးမွု မ်ားသူ အမ်ိဳးသမီးေတြမွာ ပိုၿပီးျဖစ္နိုင္တယ္လို့ ေျပာျခင္း ျဖစ္ပါတယ္။ အေမရိကန္ျပည္ေထာင္စုႏွင့္ ဥေရာပနိုင္ငံ ေတြက အမ်ိဳးသမီးေတြမွာ အမ်ားဆုံးျဖစ္တဲ့ ရင္သား ကင္ဆာေတြက အီစထရိုဂ်င္ receptor ရွိတဲ့ ကင္ဆာမ်ိဳးႏွင့္ ပရိုဂ်က္စထ႐ုံး receptor ရွိတဲ့ ကင္ဆာမ်ိဳးေတြ ျဖစ္ေနတဲ့အတြက္ သူတို့ဆီမွာ ရင္သားကင္ဆာ ကာကြယ္ ေရးလုပ္ငန္းတစ္ရပ္အေနနဲ႔ အဆီစားသုံးမွုကို အထူး ဆင္ျခင္ၾကဖို့ တိုက္တြန္းထားပါတယ္။

ဝၿဖိဳးျခင္းႏွင့္ ရင္သားကင္ဆာ
 မီးယပ္ေသြးဆုံးၿပီးအရြယ္ အမ်ိဳးသမီးေတြမွာျဖစ္တဲ့ ရင္သားကင္ဆာေရာဂါက အဝလြန္ျခင္းႏွင့္ ႏွီးႏႊယ္ဆက္စပ္မွု ရွိပါတယ္။ ဒီအရြယ္မွာ အဝလြန္သူေတြက မဝသူေတြထက္ ကင္ဆာေရာဂါျဖစ္နိုင္တဲ့ အႏၲရာယ္ ၅၀% ေလာက္ ပိုပါတယ္။ ေသြးထဲမွာ အီစထရိုဂ်င္ (Oestrogen) အာနိသင္ရွိတဲ့ ေဟာ္မုန္းေတြရဲ့ ပမာဏ မ်ားေနတာ ေၾကာင့္လို့ ယူဆရပါတယ္။ အဝလြန္သူေတြရဲ့ ခႏၶာကိုယ္မွာ အမ်ားအျပားရွိေနတဲ့ အဆီဆဲလ္ (Fat Cells) ေတြကေန အီစထရိုဂ်င္ အာနိသင္ရွိတဲ့ ေဟာ္မုန္း ေတြကို ထုတ္လုပ္ပါတယ္။ အီစထရိုဂ်င္အာနိသင္ရွိတဲ့ ေဟာ္မုန္းက ရင္သားကင္ဆာျဖစ္နိုင္တဲ့ အႏၲရာယ္ကို မ်ားေစပါတယ္။ မီးယပ္ေသြးမဆုံးမီအရြယ္မွာ အဝလြန္ ျခင္းက ရင္သား ကင္ဆာျဖစ္နိုင္တဲ့ အႏၲရာယ္ကို မမ်ားေစ ေပမယ့္  ဒီအဝလြန္မွုအေျခအေနက မီးယပ္ေသြးဆုံးၿပီး တဲ့ အရြယ္အထိ ဆက္ၿပီးရွိေနလၽွင္ေတာ့ အဲဒီအခ်ိန္မွာ အႏၲရာယ္ေပးလာနိုင္ပါတယ္။

ဝၿဖိဳးျခင္းႏွင့္  သားအိမ္၊ မ်ိဳးဥအိမ္ကင္ဆာ
 အဝလြန္တဲ့အမ်ိဳးသမီးေတြမွာ သားအိမ္ကိုယ္ထည္ ကင္ဆာ (Endometrial Cancer) ျဖစ္နိုင္တဲ့ အႏၲရာယ္ က မဝတဲ့သူေတြမွာထက္ ၃ ဆေလာက္ ပိုပါတယ္။

 သားအိမ္ကိုယ္ထည္ကင္ဆာ ျဖစ္ပြားမွုကလည္း မီးယပ္ေသြးဆုံးၿပီးတဲ့အရြယ္ အဝလြန္သူေတြမွာ အဆီ ဆဲလ္ေတြက ထြက္တဲ့ အီစထရိုဂ်င္အာနိသင္ရွိတဲ့ ေဟာ္မုန္းေတြေၾကာင့္ ျဖစ္နိုင္ပါတယ္။

 အသက္ငယ္ရြယ္စဥ္ ကေလးဘဝမွာ အရမ္းဝခဲ့
တဲ့ အမ်ိဳးသမီးငယ္ေတြဟာ အသက္ႀကီးလာတဲ့အခါ မ်ိဳးဥအိမ္ (Ovary) ကင္ဆာျဖစ္နိုင္တဲ့ အႏၲရာယ္ပိုမ်ားပါ တယ္။
 သည္းေျခအိတ္မွာ ေက်ာက္တည္ျခင္းက သည္းေျခ ကင္ဆာေရာဂါျဖစ္ရျခင္းရဲ့ အေၾကာင္းတစ္ခု ျဖစ္သလို အဝလြန္ျခင္းက သည္းေျခကင္ဆာျဖစ္နိုင္ေျခကို မ်ားေစ ပါတယ္။

နို့ထြက္အဆီမ်ား (Dairy Fat)
 မလိုင္အျပည့္နို့၊ ေထာပတ္၊ မလိုင္ အစရွိတဲ့ အဆီ မ်ားတဲ့ နို့ထြက္အစားအစာေတြ အမ်ားအျပား စားသုံးျခင္း က ရင္သားကင္ဆာ ကုသခံထားရသူေတြမွာ ဆက္ လက္ၿပီး အသက္ရွင္သန္နိုင္မွုအခြင့္အလမ္းကို ယုတ္ ေလ်ာ့ေစတယ္လို့ ၂၀၁၃ ခုႏွစ္ ေမလထုတ္ Journal of The National Cancer Institute မွာ ေဖာ္ျပထားပါတယ္။ ဒါဟာ ဒီအစားအစာမ်ားမွ ျဖစ္လာတဲ့ အီစထရိုဂ်င္ ေဟာ္မုန္းေတြေၾကာင့္ ျဖစ္နိုင္ပါတယ္။ အနီးအနားကို ထိုး ေဖာက္ေနၿပီျဖစ္တဲ့ ရင္သားကင္ဆာခံစားထားရသူ အမ်ိဳးသမီးဦးေရ ၁၈၉၃ ဦးကို ၁၉၉၇ ခုႏွစ္မွ ၂ဝဝဝ ျပည့္ႏွစ္အထိ ၁၂ ႏွစ္ေက်ာ္ ေစာင့္ၾကည့္ေလ့လာခဲ့တဲ့ သုေတသန The Life After Cancer Epidemiology(LACE) Study မွာ အဆီမ်ားမ်ားစားတဲ့လူေတြက ေသႏွုန္းပိုျမင့္တာကို ေတြ႕ရပါတယ္။ အီတလီမွာျပဳလုပ္တဲ့ သုေတသနမွာေတာ့ ဒါမ်ိဳးမေတြ႕ရပါဘူး။ ဒါဟာ အီတလီ နိုင္ငံက နို့ခ်က္စက္႐ုံေတြမွာ က်င့္သုံးတဲ့ နို့ခ်က္နည္းစနစ္ ေတြက နို့ထဲမွာ ပါလာတဲ့ အီစထရိုဂ်င္ေဟာ္မုန္း ပမာဏ ကို ေလၽွာ့ခ်နိုင္လို့ ျဖစ္နိုင္တယ္လို့ သုံးသပ္ရပါ တယ္။

 ၁၉၈၄ ခုႏွစ္အတြင္း အီတလီနိုင္ငံမွာ ရင္သား ကင္ဆာလူနာဦးေရ ၃၆၈ ဦးႏွင့္ ကင္ဆာမရွိသူ အမ်ိဳး သမီးဦးေရ ၃၇၃ ဦးကို ႏွိုင္းယွဥ္ေလ့လာခဲ့တဲ့ သုေတသန မွာေတာ့ သုေတသီ Talamini ႏွင့္ အဖြဲ႕က ႏြားနို့ေသာက္ ျခင္း၊ နို့ထြက္အစားအစာမ်ားစားသုံးျခင္းႏွင့္ ရင္သား ကင္ဆာျဖစ္ပြားမွုတို့ရဲ့  ဆက္စက္ပုံကို ေတြ႕ရွိခဲ့ပါတယ္။ ၁၉၈၆ ခုႏွစ္က ျပင္သစ္နိုင္ငံမွာ ရင္သားကင္ဆာလူနာ ဦးေရ ၁၀၁၀ ဦးႏွင့္ ကင္ဆာမရွိသူဦးေရ ၁၉၅၀ ဦးကို ႏွိုင္းယွဥ္ ေလ့လာခဲ့တဲ့ သုေတသနမွာ သုေတသီ Le ႏွင့္ အဖြဲ႕က မလိုင္အျပည့္ ႏြားနို့ေသာက္ျခင္း၊ ဒိန္ခဲစားသုံး ျခင္းႏွင့္ ရင္သားကင္ဆာျဖစ္ျခင္းတို့ရဲ့ ဆက္စပ္ပတ္သက္ မွုကို ေတြ႕ရွိခဲ့ပါတယ္။ ေထာပတ္စားသုံးမွု၊ ဒိန္ခ်ဥ္စားသုံးမွု တို့ႏွင့္ ရင္သားကင္ဆာျဖစ္ပြားမွုတို့ရဲ့ ဆက္စပ္မွုကိုေတာ့ မေတြ႕ခဲ့ရပါဘူး။ ေလ့လာမွုေတြမွာ ေတြ႕ရခ်က္ေတြ ကြဲလြဲ တာက လူမ်ိဳးမတူျခင္း၊ နို့ခ်က္တဲ့စနစ္မတူျခင္း စတဲ့ အခ်က္ေတြေၾကာင့္ ျဖစ္နိုင္ပါတယ္။

ဝၿဖိဳးျခင္း၊ ကိုယ္လက္လွုပ္ရွားမွုနည္းျခင္းႏွင့္ ကင္ဆာ
 ကယ္လိုရီစားသုံးမွုမ်ားျခင္း၊ ဝၿဖိဳးျခင္းႏွင့္ ကိုယ္ လက္လွုပ္ရွားမွုနည္းျခင္းတို့က ကင္ဆာေရာဂါေၾကာင့္ ေသဆုံးမွုေတြရဲ့ ၃၀% မွ ၃၅% ေလာက္ႏွင့္ သက္ဆိုင္ေန ပါတယ္။ ကိုယ္အေလးခ်ိန္မ်ားလြန္းျခင္းက ကင္ဆာ အမ်ိဳးမ်ိဳးႏွင့္ ဆက္ႏႊယ္ေနတာကို ေတြ႕ရပါတယ္။ ရာခိုင္ႏွုန္းႏွင့္ ေျပာမယ္ဆိုရင္ ၁၄% မွ ၂၀% ေလာက္ ရွိပါ တယ္။ ၿဗိတိန္နိုင္ငံ (United Kingdom - UK) နိုင္ငံမွာ ျပဳလုပ္တဲ့ သုေတသနတစ္ခုမွာ BMI (Body Mass Index) မ်ားျခင္းက ကင္ဆာေရာဂါ ၁၀ မ်ိဳးေလာက္ (အနည္းဆုံး) ျဖစ္ပြားျခင္းႏွင့္ ဆက္ႏႊယ္ေနတာကို ေတြ႕ရပါတယ္။ Body Mass Index-BMI (ခႏၶာကိုယ္ ျဒပ္ထု အညႊန္းကိန္း) ဆိုတာ လူတစ္ေယာက္ရဲ့ ကိုယ္အေလးခ်ိန္ႏွင့္ အရပ္အေမာင္းကို အခ်ိဳးခ်ၿပီး တြက္တဲ့ နည္းတစ္မ်ိဳးျဖစ္ပါတယ္။ ကိုယ္အေလးခ်ိန္မ်ားၿပီး အရပ္ က နိမ့္ေနလၽွင္BMI မ်ားတယ္၊ အဝလြန္တယ္ေပါ့။ ႏွစ္စဥ္ ၿဗိတိန္နိုင္ငံ (UK) မွ နိုင္ငံသား ၁၂ဝဝဝ ေလာက္မွာျဖစ္တဲ့ ကင္ဆာေတြက ဝၿဖိဳးျခင္းႏွင့္ ဆက္စပ္ေနတာကို ေတြ႕ရ ပါတယ္။

 ကိုယ္လက္လွုပ္ရွားမွုနည္းျခင္းကလည္း ကင္ဆာ ေရာဂါျဖစ္ပြားမွုကို နည္းအမ်ိဳးမ်ိဳးႏွင့္ အားေပးပါတယ္။ ကိုယ္လက္လွုပ္ရွားမွုနည္းျခင္းက ကိုယ္အေလးခ်ိန္ မ်ားေစ႐ုံသာမက ကိုယ္ခံစြမ္းအားစနစ္ (Immune System) အေပၚ  မေကာင္းတဲ့သက္ေရာက္မွု၊ အင္ဒိုခရိုင္း စနစ္ (Endocrine System) ေတြအေပၚ  မေကာင္းတဲ့ သက္ေရာက္မွုေတြလည္း ရွိပါတယ္။ အစားအေသာက္ ေၾကာင့္ ကင္ဆာေရာဂါျဖစ္တယ္ဆိုရာမွာ ဟင္းသီး ဟင္းရြက္ေတြ စားသုံးမွုနည္းျခင္း၊ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ အစားအစာေတြ စားသုံးမွု နည္း ျခင္းတို့ထက္ ကယ္လိုရီစားသုံးမွု မ်ားလြန္းျခင္းႏွင့္ ဝၿဖိဳး ျခင္းတို့ရဲ့ သက္ေရာက္မွုက ပိုမ်ားတယ္လို့ ဆိုပါတယ္။

အဆီစားသုံးမွုႏွင့္  ကင္ဆာဆဲလ္မ်ား ပ်ံ႕ႏွံ့နိုင္စြမ္း
 UK Charity Worldwide Cancer Research က တစ္စိတ္တစ္ပိုင္း ရန္ပုံေငြ ေထာက္ပံ့ၿပီး  The Institute for Research in Barcelona မွာ Professor Salvador ဦးေဆာင္ျပဳလုပ္တဲ့ သုေတသနတစ္ခုမွာ ထူးျခားတဲ့ ေတြ႕ရွိခ်က္တစ္ခု ရွိခဲ့ပါတယ္။ အဲဒါက ကင္ဆာ ဆဲလ္ေတြမွာ CD36 ဆိုတဲ့ ပရိုတင္းတစ္မ်ိဳးကို ေဖာ္ထုတ္ ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီ ပရိုတင္းက ကင္ဆာဆဲလ္ ေတြရဲ့  အေဝးကို  ပ်ံ႕ႏွံ့နိုင္စြမ္း (Metastasis) ကို  အားေပး ပါတယ္။ ကင္ဆာဆဲလ္ေတြ ပ်ံ႕ႏွံ့ပုံကို ႏွစ္မ်ိဳးရွိတယ္လို့
သိထားနိုင္ပါတယ္။

ရင္သားမွာျဖစ္လာတဲ့ ကင္ဆာဆဲလ္ ေတြ ခ်ိဳင္း (ဂ်ိဳင္း) ထဲက သားနံရည္က်ိတ္ေတြဆီ ေရာက္ရွိ ပ်ံ႕ႏွံ့ေနတာကို အနီးအနားသို့ ထိုးေဖာက္ေရာက္ရွိျခင္း (Local Invasion) လို့ ေခၚ ၿပီး ရင္သားကင္ဆာဆဲလ္ေတြ ဦးေႏွာက္ထဲအထိ ပ်ံ႕ေနတာ၊ အသည္းထဲက ကင္ဆာ ဆဲလ္ေတြ အဆုတ္ထဲအထိ ပ်ံ႕ေနတာ၊ ဆီးက်ိတ္ထဲက ကင္ဆာဆဲလ္ေတြ အရိုးအထိ ပ်ံ႕ေနတာမ်ိဳးကိုေတာ့ Metastasis လို့ ေျပာပါတယ္။ ရင္သားထဲက ကင္ဆာ ဆဲလ္ေတြ ဘယ္မွမပ်ံ႕ဘဲ ရင္သားထဲမွာတင္ ရွိေနတာ ထက္ ခ်ိဳင္း (ဂ်ိဳင္း) ထဲက သားနံရည္က်ိတ္ေတြဆီ ပ်ံ႕ေန တာက အေျခအေန ပိုဆိုးတယ္။ ဦးေႏွာက္ထဲအထိ ပ်ံ႕ေန တာက ပိုၿပီးဆိုးတယ္ဆိုတာ လူအမ်ား သိထားၾကၿပီး ျဖစ္ပါတယ္။ အဲဒီလို ကင္ဆာဆဲလ္ေတြ စတင္ျဖစ္ေပၚရာ မူလအဂၤါအစိတ္အပိုင္းမွ အေဝးတစ္ေနရာမွာရွိတဲ့ အဂၤါ တစ္ခုဆီကို ေရာက္ရွိပ်ံ႕ႏွံ့မွုကို ကင္ဆာဆဲလ္ေတြရဲ့ နံရံ (Cell Wall) မွာ ရွိတဲ့ CD36 ဆိုတဲ့ ပရိုတင္းေတြက အားေပးတယ္ဆိုတာ သိလာပါၿပီ။ CD36 ေတြရဲ့ ထူးျခား ခ်က္က ဖက္တီးအက္စစ္ (Fatty Acid) ဆိုတဲ့ အဆီ အက္စစ္ေတြကို ရယူအသုံးျပဳၾကျခင္းပဲ ျဖစ္ပါတယ္။ အဆီစားသုံးမွုမ်ားျခင္းက CD36 ပရိုတင္းေတြရဲ့ ဖက္တီး အက္စစ္ လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးျခင္းအားျဖင့္ ကင္ဆာဆဲလ္ေတြ ပ်ံ႕ႏွံ့မွုကို အားေပးနိုင္သလားဆိုတာ ဆက္လက္ေလ့လာၾကရဦးမွာ ျဖစ္ပါတယ္။
----------------------------------
ေဒါက္တာလွၾကည္

No comments: