Friday, January 10, 2020

ကြာဆံဆီချက် - ရွှေတောင်ခေါက်ဆွဲ - ကြက်ဆီထမင်းလုံး - ကြက်ခြောက်ကြော် နှင့် ဒိန်ချဉ်ဆော့

ကြက်ဆီထမင်းလုံး (Hainanese Chicken Rice Balls)
-----------------------------------------


ကြက်ပြုတ်ရန်အတွက် ပါဝင်ပစ္စည်းများ
• ကြက်သား  -  ၁.၂  ကီလိုဂရမ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ကြက်သွန်မြိတ်  -  ၄၀ ဂရမ်
• ချင်း  -  ၄၀ ဂရမ်

ကြက်ဆီထမင်းအတွက် ပါဝင်ပစ္စည်းများ
• ထိုင်း Jasmine ဆန်  -  ၄ ခွက် (ထမင်းပေါင်းအိုးထဲက ခွက်)
• ချင်း  -  ၁၅ ဂရမ် (ပါးပါးလှီးပါ)
• ကြက်သွန်ဖြူ  -  ၁ လုံး ( ၃၀ ဂရမ်)
• ကြက်ဆီ  -  စားပွဲဇွန်း ၅ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• ကြက်သားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပဲငံပြာရည်အနောက်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း
• ဆွမ်းမွှေးရွက်  -  ၄ ရွက်
• ကြက်ပြုတ်ရည်  -  ၁ လီတာ (၅ ခွက်)

ငရုတ်ဆော့စ် (အချဉ်ရည်) လုပ်ရန်အတွက် ပါဝင်ပစ္စည်းများ
Chill Dipping Sauce
• ငရုတ်သီးမှည့်အနီ  -  ၆၀ ဂရမ်
• ငရုတ်သီးမှည့်အနီအသေး  -  ၃၀ ဂရမ်
• ချင်း  -  ၃၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၅ မြွှာ
• သံပရာရည်  -  စားပွဲဇွန်း ၂ ဇွန်း
• ရှလကာရည်  -  စားပွဲဇွန်း ၂ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ကြက်ပြုတ်ရည်  -  စားပွဲဇွန်း ၄ ဇွန်း
• နှမ်းဆီမွှေး  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချင်းကြက်သွန်မြိတ်ဆော့စ်အတွက် ပါဝင်ပစ္စည်းများ
• ချင်း  -  ၂၄ ဂရမ် (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်ဖြူ  -  ၃၅ ဂရမ် (နုပ်နုပ်စဉ်းပါ)
• ကြက်သွန်မြိတ်  -  ၆ ပင် (ပါးပါးလှီးထားပါ) (၄၀ ဂရမ်)
• ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• နှမ်းဆီမွှေး  -  စားပွဲဇွန်း ၂ ဇွန်း

ကြက်သားအတွက် အရသာဆော့စ်စပ်ရန် ပါဝင်ပစ္စည်းများ
• ကြက်ပြုတ်ရည်  -  စားပွဲဇွန်း ၃ ဇွန်း
• ပဲငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• သကြား  -  စားပွဲဇွန်း ၁ ဇွန်း
• နှမ်းဆီမွှေး  -  စားပွဲဇွန်း ၁ ဇွန်း

Garnish အတွက် ပါဝင်ပစ္စည်းများ
• သခွားသီး
• နံနံပင်


ပြုလုပ်နည်း
 ၁။ ကြက်ဆီထမင်းအတွက် ဆန်ကို ရေ ၃-၄ ကြိမ် ဆေးပြီး ၁ နာရီခန့် ရေစိမ်ထားပါ။ (ဒီလိုရေစိမ်ခြင်းအားဖြင့် ကြက်ဆီထမင်းက ပျော့ပျောင်းပြီး အရသာရှိမှာ ဖြစ်ပါ တယ်။) (ဆန်ရွေးချယ်ရာမှာ ထိုင်း Jasmine ဆန်ကို သုံးခြင်းအားဖြင့် ကြက်ဆီ ထမင်းက အိနေမှာဖြစ်ပြီး မာခြင်းမရှိပါ။)
 ၂။ ကြက်ကောင်လုံးရဲ့အတွင်းနဲ့အပြင်ကို ဆားဖြင့် ပွတ်ပေးပါ။ (ဒီလို ဆားနဲ့ပွတ်ပေးခြင်း အားဖြင့် ကြက်သားရဲ့ အရေခွံကို ချောမွေ့စေပါတယ်။)
 ၃။ ပြီးလျှင် ချင်းနှင့် ကြက်သွန်မြိတ်ကို ကြက်ရဲ့အတွင်းပိုင်းထဲ ထည့်ပါ။ ကြက်ပေါင် ပြုတ်မည်ဆိုပါက ချင်းနှင့် ကြက်သွန်မြိတ်ကို အိုးထဲထည့်ပါ။
 ၄။ ကြက်ပြုတ်ရန် ရေနွေးအိုးတည်ထားပါ။ ရေဆူတာနဲ့  ကြက်ကို ရေနွေးအိုးထဲ ထည့်ပြီး ရေနွေးအိုးထဲ ကြက်ကို နှစ်လိုက်၊ ဆွဲပြီး မလိုက် ၃-၄ ကြိမ်ခန့် လုပ်ပါ။ (ဒီလို အကြိမ်ကြိမ်မတင်ရခြင်းက ကြက်သားအရေခွံတင်းလာစေရန်ဖြစ်ပါတယ်။ ပြီးတော့ ကြက်တစ်ကောင်လုံးရဲ့ အတွင်းပိုင်းက များသောအားဖြင့် အေးနေတယ်။ ဒီလိုမတင် ခြင်းအားဖြင့် အတွင်းအပြင် အပူချိန်မျှတပြီး ကြက်သားအတွင်းပိုင်းနဲ့ အပြင်ပိုင်း အကျက်ညီမှာ ဖြစ်ပါတယ်။)
 ၅။ ပြီးလျှင် မိနစ် ၂၀ ခန့် ပြုတ်ပါ။ ပြီးလျှင် မီးပိတ်၍ အဖုံးဖုံးပြီး မိနစ် ၅၀ ခန့် ထားပါ။
 ၆။ မိနစ် ၅၀ ပြည့်ပြီဆိုလျှင် ကြက်ကို ရေနွေးအိုးထဲမှ ဆယ်ယူပြီး ရေခဲရေထဲမှာ စိမ်ထားပါ။ (ရေခဲရေထဲမှာ စိမ်ခြင်းအားဖြင့် ကြက်သားအကျက်မလွန်တော့ဘဲ ကြက်သားက ပျော့ပျောင်းကာ အရေခွံက ချောမွေ့နေပြီး အရသာပိုရှိစေပါတယ်။)
 ၇။ ပြီးလျှင် ရေခဲရေထဲက ဆယ်ယူပြီး လေသလပ်ခံထားပါ။ ပြီးလျှင် ကြိုက်နှစ်သက် သလို ခုတ်ပါ။
 ၈။ ကြက်ဆီထမင်းချက်ရန်အတွက် ကြက်ဆီကို ဒယ်အိုးထဲထည့်ပါ။ ပြီးလျှင် ချင်းနှင့် ကြက်သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ရေစစ်ထားတဲ့ ဆန်ထည့်ပြီး မွှေပါ။ ကြက်သားမှုန့်၊ ပဲငံပြာရည်အနောက်နှင့် ဆားထည့်ပါ။
 ၉။ ပြီးလျှင် ချက်မည့်အိုးထဲ ပြောင်းထည့်ပါ။ ကြက်ပြုတ်ရည်ထည့်ပါ။ ပြီးလျှင် ဆွမ်းမွှေး ရွက်ထည့်ပြီး ချက်ပါ။
 ၁၀။ ထမင်းချက်နေစဉ်မှာ ကြက်သားအတွက် ဆော့စ်နဲ့ Dipping Sauce လုပ်ရမှာ ဖြစ်ပါ တယ်။
 ၁၁။ ဦးစွာ ငရုတ်သီးဆော့စ်အတွက် လိုအပ်တဲ့ ငရုတ်သီးအနီ၊ ဆား၊ ကြက်သွန်ဖြူ၊ ချင်း၊ သံပရာရည်၊ ရှလကာရည်နှင့် ကြက်ပြုတ်ရည်ထည့်ပြီး လျှပ်စစ် Blender နဲ့ ကြိတ်ပါ။ ပြီးလျှင် ပန်းကန်ထဲပြောင်းထည့်၍ နှမ်းဆီမွှေးထည့်ပြီး မွှေပါ။
 ၁၂။ ချင်းနှင့် ကြက်သွန်မြိတ် Dipping Sauce လုပ်ရန်အတွက် ဒယ်အိုးအသေးတစ်လုံးကို မီးဖိုပေါ်မှာ တင်ပါ။ ပြီးလျှင် ဆီထည့်ပါ။ ဆီပူလျှင် မီးပိတ်ပြီး နုပ်နုပ်စဉ်းထားတဲ့ ချင်း၊ ကြက်သွန်ဖြူနှင့် ပါးပါးလှီးထားတဲ့ကြက်သွန်မြိတ်ထည့်ပြီး မွှေပါ။ ပြီးလျှင် နှမ်းဆီမွှေး ထည့်မွှေပြီး ပန်းကန်လုံးထဲထည့်ပါ။
 ၁၃။ ကြက်သားအတွက် အရသာဆော့စ်လုပ်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲ ပဲငံပြာ ရည်အကြည်၊ သကြား၊ ကြက်ပြုတ်ရည်နှင့် နှမ်းဆီမွှေးထည့်ပြီး မွှေပါ။
 ၁၄။ ကြက်ဆီထမင်းကျက်ပြီဆိုလျှင် အပူခံပုံးထဲပြောင်းထည့်၍ ပိတ်စဖြင့်ဖုံးပြီး အဖုံးပိတ် ထားပါ။ (ကြက်ဆီထမင်းကို ထမင်းပေါင်းအိုးထဲ ဆက်ပြီးထားမည်ဆိုလျှင် အပူရှိန် ကြောင့် ကြက်ဆီထမင်းက ခြောက်သွားနိုင်ပါတယ်။ အပူခံပုံးထဲထည့်ပြီး သိမ်းတဲ့အခါ မှာလည်း ပိတ်စဖြင့်ဖုံးရပါမယ်။ မဖုံးပါက ကြက်ဆီထမင်းရဲ့ အပူရှိန်ကြောင့် အငွေ့ ထွက် ပြီး အဖုံးမှတစ်ဆင့် ချွေးများထွက်လာနိုင်ပါတယ်။ ထွက်လာတဲ့ ချွေးကို ပိတ်စက စုပ်ယူ ထားမှာဖြစ်တဲ့အတွက် ကြက်ဆီထမင်းမှာ ချွေးကျခြင်းကနေ ကာကွယ်နိုင်ပါတယ်။)
 ၁၅။ ကြက်သားကို ကြိုက်နှစ်သက်သလို ခုတ်ပြီး အဆင်သင့်လုပ်ထားတဲ့ ဆော့စ်လောင်းပါ။
 ၁၆။ ကြက်ဆီထမင်းကို ကြိုက်နှစ်သက်ရာအရွယ် လုံးပြီး ကြက်သား၊ သခွားသီး၊ Dipping Sauce နဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါတယ်။
-------------------------------------------
Myint Oo Tha

ရွှေတောင်ခေါက်ဆွဲ
-------------------------


ရွှေတောင်ဟင်းရည်အတွက် ပါဝင်ပစ္စည်းများ
• ကြက်ရိုး  -  ၅၅၀ ဂရမ်
• ကြက်ရင်ပုံသား  -  ၅ဝဝ ဂရမ်
• ကြက်ပေါင်  -  ၅ ပေါင်
• အုန်းနို့  -  ၂ဝဝ မီလီလီတာ
• ရေ  -  ၈ လီတာ
• ဆား  -  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သားဆီကျန်ရေကျန်ဟင်းနှင့် ရွှေတောင်ဟင်းရည်အတွက် အနှစ်
• ကြက်သွန်နီ  -  ၁၅၀ ဂရမ်
• ကြက်သွန်ဖြူ  -  ၄၀ ဂရမ်
• နနွင်းမှုန့်  -  အနည်းငယ်
• ငရုတ်သီးမှုန့်  -  စားပွဲဇွန်း ၂ /၃ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၃ ဇွန်း + စားပွဲဇွန်း ၃ ဇွန်း
• ရေ  -  ၄ဝဝ မီလီလီတာ
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အုန်းနို့ချက်ရန်အတွက် ပါဝင်ပစ္စည်းများ
• အုန်းနို့  -  ၅ဝဝ မီလီလီတာ
• ဆား  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• သကြား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ရွှေတောင်ခေါက်ဆွဲနှင့် စားရန်အတွက် ပါဝင်ပစ္စည်းများ
• ဂျုံခေါက်ဆွဲအစို  -  ၁ ပိဿာ
• မုန့်ြွကပ်ကြော်
• ငရုတ်သီးဆီချက်
• မွှေးပဲမှုန့်အကျက်
• ကြက်သွန်နီ
• ကြက်သွန်မြိတ်
• ငရုတ်သီးအကျက်မှုန့်


ပြုလုပ်နည်း
၁။ ကြက်ရိုးဟင်းရည်အတွက် ကြက်ရိုးကို နူးအောင် ပြုတ် ထားပါ။ ပြီးလျှင် အရိုးကို ဆယ်ယူထားပါ။ ကြက်ပြုတ်ရည် ၂.၇ လီတာရအောင် ယူထားပါ။
၂။ ဟင်းအနှစ်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီး မှုန့်နှင့် နနွင်းမှုန့်တို့ကို ရောပြီး ထောင်းထားပါ။ ပြီးလျှင် တစ်ဝက်စီ ခွဲထားပါ။
၃။ ကြက်သားဆီကျန်ရေကျန် ချက်ရန်အတွက် ဆီအိုး တည်ပါ။ အိုးထဲ ဆီ ၃ ဇွန်း ထည့်ပြီး ဆီပူလာလျှင် ထောင်း ထားတဲ့ အနှစ်တစ်ဝက်ထည့်ပြီး ဆီသတ်ပါ။ ကြက်သွန် အစိမ်းနံ့ပျောက်ပြီး မွှေးလာလျှင် ကြက်ပေါင်ထည့်ပါ။ ပြီးလျှင် ရေ ၄ဝဝ မီလီလီတာ၊ ဆားနှင့် အသားမှုန့်တို့ကို ထည့်၍ ကြက်သားနူးပြီး ဆီကျန် ရေကျန် ချက်ပါ။
၎။ ရွှေတောင်ခေါက်ဆွဲဟင်းရည်ချက်ရန်အတွက် ကျန်တဲ့ ဟင်းအနှစ်ကို ဆီသတ်ရန် အိုးထဲ ဆီ ၃ ဇွန်းထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သား ၅ဝဝ ဂရမ်ထည့်ပြီး
ချက်ပါ။
၅။ ပြီးလျှင် ကြက်သားအသားတင်းလာလျှင် ကြက်ပြုတ်ရည် ထည့်ပါ။ ဆူလာပြီဆိုလျှင် အုန်းနို့ထည့်ပါ။ ဟင်းရည်ကျဲကျဲ ချက်ပါ။ အရသာအတွက် ဆားနှင့် အသားမှုန့်ကို ထည့်ပါ။
၆။ ရွှေတောင်ခေါက်ဆွဲအတွက် အဓိကဖြစ်တဲ့ အုန်းနို့ချက် ရန်  အိုးအသေးတစ်လုံးထဲ အုန်းနို့၊ ဆားနှင့် သကြားတို့ကို ထည့်ပြီး ပျစ်သည်အထိ ကျိုပါ။
၇။ ကြက်သွန်နီနှင့် ကြက်သွန်မြိတ်ကို ပါးပါလှီးထားပါ။
၈။ ပွဲပြင်တဲ့အခါ ပန်းကန်ထဲ ခေါက်ဆွဲထည့်ပါ။ ပြီးလျှင် ရွှေတောင်ခေါက်ဆွဲဟင်းရည်ထည့်ပါ။
၉။ ပြီးလျှင် ဟင်းရည်ထဲ ကြက်သားထည့်၊ ငရုတ်သီးဆီချက်၊ မွှေးပဲမှုန့်အကျက်မှုန့်၊ အုန်းနို့၊ ဆီနှင့် မုန့်ြွကပ်ကြော်တို့ကို ထည့်ပါ။ ပြီးလျှင် အစပ်ကြိုက်ပါက ငရုတ်သီး အကျက်မှုန့်ထည့်ပြီး စားနိုင်ပါတယ်။
၁၀။ အသားများများစားချင်တဲ့သူများအတွက် ပွဲပြင်တဲ့အခါမှာ ချက်ထားတဲ့ ကြက်သား ဆီကျန်ရေကျန် ချက်ဟင်းရည်နဲ့ ကြက်ပေါင်တစ်ပေါင်စီ ထည့်ပြီး သုံးဆောင်ပါ။
---------------------------------
Myint Oo Tha

ကြာဆံဆီချက်
--------------------


 ကြာဆံဆီချက်က ပြုလုပ်ရလွယ်ကူပြီး အဆာပြေစာအဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။ ပြုလုပ်နည်းများမှာ တစ်ယောက်နှင့်တစ်ယောက် အနည်းငယ်ကွဲပြားနိုင်ပါတယ်။ ဆိုဖီယာရဲ့ ကြာဆံဆီချက်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ (၁ ပွဲစာ)
• ဆန်ကြာဆံ  -  ၁ ထုပ် (၄ဝဝ ဂရမ်)
• ကြက်သား  -  ၁ စိတ်
• ကြက်သွန်ဖြူဆီချက်  -  ၁ ပန်းကန်
• နှမ်း ဟွားကျောက်ဆီချက်  -  ၁ ပန်းကန်
• ဆားရည်  -  ၁ ပန်းကန်
• ပဲငံပြာရည်အကြည်  -  အနည်းငယ်
• မြေပဲထောင်း
• ငရုတ်သီးဆီချက်
• ကြက်သွန်နီကြော်
• ကြက်သွန်မြိတ်
• နံနံပင်
• သံပရာသီး/နှစ်သက်ရာအချဉ်သုပ်

ပြုလုပ်နည်း
၁။ ဆန်ကြာဆံကို ၁ နာရီခန့် ကြိုပြီး ရေစိမ်ထားပါ။
၂။ လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ပါ။ ကြက်သားကို နှစ်သက် သလို လှီးဖြတ်ပြီး ပြုတ်ထား၊ ကြော်ချက်ထားပါ။
၃။ ဆီချက်ပြင်ဆင်ရန်အတွက် ကြာဆံကို ရေနွေးဆူဆူထဲ ပျော့အောင် ပြုတ်ပြီး ပန်းကန်ထဲထည့်၍ ဆားရည် စားပွဲဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲဇွန်း ၁ ဇွန်း၊ ကြက်သွန်ဖြူဆီချက် ၁ ဇွန်း၊ နှမ်းဆီချက် ၁ ဇွန်း ထည့်ပြီး မွှေပါ ။
၎။ အရသာအပေါ့အငန်မြည်းပြီး လိုအပ်ပါက ထပ်မံဖြည့်စွက်ပေးပါ။
၅။ ပြီးလျှင် အပေါ်မှာ ကြက်သား၊ မြေပဲထောင်း၊ ငရုတ်သီးဆီချက် ကြက်သွန်မြိတ်၊ နံနံပင်၊ ကြက်သွန်နီကြော်ဖြူးပြီး နှစ်သက်ရာ အချဉ် သုပ်၊ ကြက်ပြုတ်ရည်ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်
ပါဝင်ပစ္စည်းများ
• နှမ်းလှော်  -  ၁ ပန်းကန်
• ဟွားကျောက်မှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• ဆီပူ  -  ၁ ပန်းကန်


ပြုလုပ်နည်း
၁။ နှမ်းလှော်ကိုထောင်းပြီး စတီး (သို့)ြွေကပန်းကန်ထဲ ထည့်ပါ။
၂။ ဟွားကျောက် ဇီချွမ်းငရုတ်ကောင်းကို လှော်ပြီး ထောင်းထားပါ။
၃။ နှမ်းလှော်ထောင်းပန်းကန်ထဲ ဟွားကျောက်မှုန့် ၁ ဇွန်း ထည့်ပါ။
၎။ မီးဖိုပေါ်မှာ ဆီတစ်ပန်းကန်စာ အပူပေးပြီး အနည်းငယ်ကျွမ်းအောင် တည်ထားပါ။
၅။ ဆီပူပါက နှမ်းလှော်ထောင်းနှင့် ဟွားကျောက်အရော ပန်းကန်ထဲ လောင်းထည့်ပြီး အဖုံးအုပ်ထားပါ။ ၅ မိနစ်ခန့်မှာ သုံးရန်အသင့်ဖြစ်ပါပြီ။
၆။ နှမ်းထောင်းနှင့် ဟွားကျောက်ကို မရောဘဲ သီးသန့်လည်း ပြုလုပ် နိုင်ပါတယ်။
-----------------------------
Sofia

အလွယ်ကူဆုံး ကြက်ခြောက်ကြော်နည်း နှင့် ဒိန်ချဉ်ဆော့


ဒီကြက်ခြောက်ကြော်နည်းလေးကတော့ လုပ်ရတာ အရမ်းလွယ်တဲ့အပြင်စားလို့လဲ အရမ်းကိုကောင်းပါတယ်။ အိစံတို့အိမ်မှာဆိုရင် တပတ်တခါလောက်ကိုလုပ်စားဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကလဲ ကြက်သားအပါအဝင်မှ ၄ မျိုးပဲပါပြီး အိမ်မှာအလွယ်တကူရှိတဲ့ပစ္စည်းတွေသုံးထားလို့  ချက်ချင်းထလုပ်လို့ရတဲ့နည်းလေးပါ။ အဲ့တော့လိုက်လုပ်စားကြည့်နော်။ သူနဲ့ တွဲစားဖို့အတွက်လဲဒိန်ချဉ်ဆော့ကို လုပ်ပြထားပါတယ်။ အားလုံး ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ကြက်ခြောက်ကြော်အတွက်)
၁။ ကြက်သား - ၄၀ သား (သို့) ၁ ပေါင် နှင့် ၁၀ အောင်စ
၂။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
၃။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၂ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ အကြော်မှုန့် (တန်ပူရာမှုန့်) - ထမင်းစားဇွန်း ၇ ဇွန်းမောက်မောက်

ပါဝင်ပစ္စည်းများ (ဒိန်ချဉ်ဆော့အတွက်)
၁။ ဒိန်ချဉ် - ထမင်းစားဇွန်း ၃ ဇွန်းမောက်မောက်
၂။ နုတ်နုတ်စဉ်းထားသော နံနံပင် - ထမင်းစားဇွန်း ၁ဇွန်းမောက်မောက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၎။ သကြား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ

အလွယ်ကူဆုံး ကြက်ခြောက်ကြော်နည်း နှင့် ဒိန်ချဉ်ဆော့

ဒီကြက်ခြောက်ကြော်နည်းလေးကတော့ လုပ်ရတာ အရမ်းလွယ်တဲ့အပြင်စားလို့လဲ အရမ်းကိုကောင်းပါတယ်။ အိစံတို့အိမ်မှာဆိုရင် တပတ်တခါလောက်ကိုလုပ်စားဖြစ်ပါတယ်။ ပါဝင်ပစ္စည်းကလဲ ကြက်သားအပါအဝင်မှ ၄ မျိုးပဲပါပြီး အိမ်မှာအလွယ်တကူရှိတဲ့ပစ္စည်းတွေသုံးထားလို့  ချက်ချင်းထလုပ်လို့ရတဲ့နည်းလေးပါ။ အဲ့တော့လိုက်လုပ်စားကြည့်နော်။ သူနဲ့ တွဲစားဖို့အတွက်လဲဒိန်ချဉ်ဆော့ကို လုပ်ပြထားပါတယ်။ အားလုံး ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ (ကြက်ခြောက်ကြော်အတွက်)
၁။ ကြက်သား - ၄၀ သား (သို့) ၁ ပေါင် နှင့် ၁၀ အောင်စ
၂။ သကြား - လက်ဖက်ရည်ဇွန်း ၂ ဇွန်းခွဲ
၃။ ပဲငံပြာရည် အကျဲ - ထမင်းစားဇွန်း ၂ ဇွန်း နှင့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၎။ အကြော်မှုန့် (တန်ပူရာမှုန့်) - ထမင်းစားဇွန်း ၇ ဇွန်းမောက်မောက်

ပါဝင်ပစ္စည်းများ (ဒိန်ချဉ်ဆော့အတွက်)
၁။ ဒိန်ချဉ် - ထမင်းစားဇွန်း ၃ ဇွန်းမောက်မောက်
၂။ နုတ်နုတ်စဉ်းထားသော နံနံပင် - ထမင်းစားဇွန်း ၁ဇွန်းမောက်မောက်
၃။ ဆား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ
၎။ သကြား - လက်ဖက်ရည်ဇွန်း ၈ ပုံတပုံ

Ei San

No comments: