Tuesday, November 1, 2011

ဧည့်သည်

လာတုန်းကလည်း တစ်ယောက်ထဲ

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လည်း တစ်ယောက်ထဲ

လက်တွဲခေါ်ကာ ဖော်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

လာပြီးတော့နား မသွားသေးခင်

ချိန်လေးတွင်မှ ၀န်းကျင်ယှက်နွယ်

နှောင်ကြိုးတွယ်ကြ ပြုံး ရယ် မဲ့ ငို

ချစ်မုန်းပိုကြ မလိုဒေါသ

လိုလောဘနှင့် ဘ၀ရိပ်မြုံ

ကကြိုးစုံခဲ့ ကံကုန်မိုးချုပ်

လက်တွဲဖြုတ်ခါ သုတ်သုတ်ဆောလျှင်

ခရီးနှင်သည် တို့လည်းဧည့်သည်ပါတကား...။

စာကြွင်း။ ။ နာရေးကူညီမှုအသင်းမှ ကမ်းသော ယပ်တောင်မှကူးယူထားသောကဗျာဖြစ်ပါသည်။

No comments: