Wednesday, November 10, 2010

7 Deadly skin sins

အသားအရေပျက်စီးစေခြင်းအကြောင်းတရား ၇ချက်

အခုဖော်ပြမယ့် အကျင့်ဆိုးတွေကို ပယ်ဖျောက်နိုင်မယ်ဆိုရင်တော့ ပိုပြီး ကြည်လင်ဝင်းပတဲ့ အသားအရေကို ရရှိမှာ မလွဲပါဘူး။ အဲဒီ အကျင့်ဆိုးတွေကတော့...

၁။ ၀က်ခြံညှစ်ခြင်း
ဝက်ခြံအဖုအပိမ့်တွေ ညှစ်ခြင်းအားဖြင့် ဘက်တီးရီးယားများ ချွေးပေါက်အတွင်းပိုင်း ပိုမိုဝင်ရောက်ပြီးအနာဖြစ်ကာ အမာရွတ်များ ကျန်ခဲ့ စေပါတယ်။ အကယ်၍ ညှစ်ရမယ်ဆိုသည့် တိုင်အောင်မှ ပထမအကြိမ် ညှစ်လို့မရရင် နောက်ထပ် မကြိုးစားဖို့ အရေပြားဆိုင်ရာ အတိုင် ပင်ခံ Dr. Ang Por ကပြောပါတယ်။ ၀က်ခြံကို ဆက်ညှစ်မယ့်အစား benzoyl peroxide သို့မဟုတ် Salicylic acid ပါသော treatment cream လိမ်းပေးစေလိုပါတယ်။

၂။ အယ်လ်ကိုဟောအလွန်အကျွံသောက်ခြင်း
Dr. Ang ရဲ့အဆိုအရ အယ်လ်ကိုဟော အသောက်များတဲ့အခါ ခန္ဓာကိုယ်မှအရေပြားကို ပျက်စီးစေတဲ့ Free radical များ ပိုမိုထုတ်လုပ် ပါတယ်။ ၄င်း free radical များက စောစီးစွာ အိုးမင်းရင့်ရော်မှုကိုဖြစ်စေပါတယ်။ ၄င်းအပြင် အယ်လ်ကိုဟောက သွေးကြောတွင်း inflammatory agents ၏ level ကိုတိုးမြင့်စေတဲ့အတွက် အရေပြားကို ပိုပြီး ပျော့တွဲစေပါတယ်။

၃။ မသန့်ရှင်းသောမိတ်ကပ်ဘရှပ်များ သုံးခြင်း
ဖုန်တက်ပြီး မသန့်ရှင်းတဲ့ မိတ်ကပ်ဘရှပ်များ သုံးတဲ့အခါ ချွေပေါက်များ ပိတ်ပြီး ဘက်တီးရီးယားကြောင့် infection ၀င်တတ်ပါတယ်။ မိမိသုံးနေတဲ့ ဘရှပ်များကို shampoo ခပ်ပျော့ပျော့ဖြင့် လစဉ်ဆေးကြောပေးပါ။ ဒါမှမဟုတ်ဖြင့် Make up brush cleanser ပုံမှန်ဆေး ကြောသန့်စင်ပေးပါ။

၎။ မျက်လုံးမကြာခဏပွတ်ခြင်း
မျက်လုံးတစ်ဝိုက်ရှိ အရေပြားဟာ အလွန်ပဲ နုနယ်ပါတယ်။ ၄င်းဧရိယာတစ်ဝိုက်ကို မကြာခဏပွတ်ပေးမယ်ဆိုရင် အရေပြားအောက်မှာ ရှိတဲ့ သွေးကြောမျှင်လေးတွေ ပေါက်ကုန်ပါတယ်။ ၄င်းအကျိုးဆက်ကြောင့် မျက်အိမ်မို့ဖောင်းခြင်း၊ မျက်ကွင်းညိုခြင်းနှင့် ကြည်လင်မှု မရှိ ဖြစ်တတ်ပါတယ်။ မျက်လုံးတစ်ဝိုက် ယားယံတဲ့အခါ ဂွမ်းတံနှင့် အသာတို့ပြီးသာ အယားဖြေပါ။

၅။ Sunscreen မလိမ်းခြင်း
UVB နှင့် UVB နှစ်မျိုးမှ ကာကွယ်ဖို့ အနည်းဆုံး SPF 30 ပါတဲ့ sunscreen ကို မဖြစ်မနေလိမ်းပေးဖို့လိုပါတယ်။ လိမ်းတဲ့ sunscreen ပမာဏလုံလောက်ဖို့လည်း အရေးကြီးပါတယ်။ sunscreen တစ်ခါညစ်လျှင် လက်ညှိုးအရွယ်အစား ပမာဏက လုံလောက်တယ်လို့ Estee Lauder အလှကုန်ရဲ့ Basic Science Research ဌာနရဲ့ Senior vice president Dr. Daniel Varosh ကပြောပါတယ်။

၆။ ညဘက်မှာ skincare လိမ်းဖို့မေ့ခြင်း
ညဘက် အိပ်နေစဉ်မှာ ခန္ဓာကိုယ်အပူချိန် အနည်းငယ် မြှင့်တက်လေ့ရှိပါတယ်။ skincare လိမ်းထားတဲ့အခါ အရေပြားက ၄င်း skincare ကိုပိုပြီး စုပ်ယူနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် ညဘက် အိပ်ရာဝင်ချိန်မှာ မျက်နှာသန့်စင်ပြီး skincare တစ်မျိုးမျိုးလိမ်းပေးခြင်းက အသား အရေလှလိုသူများ မဖြစ်မနေ လုပ် သင့်တဲ့အလုပ်တစ်ခုပါ။

၇။ အားကစား လှုပ်ရှားမှု မရှိခြင်း
လေ့ကျင့်ခန်းလုပ်ခြင်းက စိတ်ဖိစီးမှုကို လျော့ပါးစေပါတယ်။ အရေပြားရှိ သွေးနှင့် အောက်စီဂျင် လှည့်ပတ်မှုကို ပိုမိုကောင်းမွန်စေပါ တယ်။ ၄င်းအကျိုးဆက်ကြောင့် အသားအရေပိုပြီး ကြည်လင်ဝင်းပစေပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ခန္ဓာကိုယ်မှ အဆိပ် အတောက်များကို ချွေးမှတစ်ဆင့် စွန့်ပစ်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း အရေပြားကို သန့်စင်ပေးဖို့လိုသလို ရေလုံလောက်စွာ သောက်ပေးဖို့လည်း အရေးကြီးပါတယ်။ သို့မဟုတ်ပါက မကြာခင်မှာ ၀က်ခြံထွက်လာတာမျိုး ကြုံရတတ်ပါတယ်။

Ref: Online

No comments: