Monday, October 18, 2010

မေတ္တာစွမ်းမှ ငြိမ်းချမ်းရ (ဖျာပုံ မောင်ဆွေယဉ်)

- ငါ့မျက်လုံးအစုံ မမှုန်သမျှ
လောကကို ကောင်းမြင်သိ ကြည့်ရမယ်ပ။

- ငါ့ပါးစပ်ပွင့်နေသမျှ
လောကကိုကောင်းမြင်သဘော ပြောရမယ်ပ။

- ငါ့ခြေလက်သန်မာနေသမျှ
လောကကိုကောင်းမြင်လမ်း၊ လျှောက်လှမ်းစေမယ်ပ။

- ငါ့ခန္ဓာကိုယ် သက်စိုနေသမျှ
မေတ္တာချို တရားဓမ္မနဲ့
လောကကိုကောင်းကျိုးဖဲ့ ထမ်းရွက်ရမယ်ပ။

- အဓိက စိတ်ဓာတ်ဟာ
ဖြူစင်စွာ ကြည်လင်မှ။
သူပြုံးလည်း ကိုယ်ပြုံးပြ
သူမုန်းလည်း ကိုယ်ပြုံးပြ
သူဆိုးလည်း ကိုယ်ပြုံးပြ
သူငြိုလည်း ကိုယ်ပြုံးပြ
သူညစ်လည်း ကိုယ်ပြုံးပြ
ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ပါဘူး။
မေတ္တာသာ ကမ္ဘာလွှမ်း
ငြိမ်းချမ်းစေမယ်ပ။

(အလင်းသစ်၊ အမှတ် ၅၊ မတ်လ၊ ၂၀၁၀)

No comments: