Friday, December 11, 2009

မင်းသားခေါင်းဆောင်းထားသော ဘီလူးချစ်သူ

ယောက်ျားလေး...ကျွန်တော်လည်းယောက်ျားလေးပါပဲ။ ဒါပေမဲ့ ယောက်ျားတွေထဲက
မကောင်းတဲ့အကျင့် စရိုက်ရှိတဲ့ ယောက်ျားအမျိုးအစားတချို့ကိုထောက်ပြပြောပြသွားမှာဖြစ်ပါတယ်။ ကိုယ့်အပေါ် စစ်မှန်တဲ့ အချစ်စစ်နဲ့ချစ်တဲ့ Mr. Right နဲ့သာ သူငယ်ချင်းတို့
ဆုံဆည်းကြစေဖို့ ဆန္ဒရှိတဲ့အတွက်ဖြစ်ပါတယ်။


တချို့ယောက်ျားတွေဟာ ကိုယ့်ရဲ့ကြင်ဖက်အိမ်ထောင်ဘက်ကို
လက်ပါခြေပါနဲ့အနိုင်အထက်ယူ တတ်ကြတယ်။ ဒီလိုအနိုင်ကျင့်ချင်ကြတဲ့
ယောက်ျားတွေဟာ စိတ်ပိုင်းဆိုင်ရာအားဖြင့်သော်လည်းကောင်း၊
ကိုယ်ထိလက်ရောက်ရ သော်လည်းကောင်း၊နှုတ်အားဖြင့်သော်လည်းကောင်း၊
ကာမပိုင်းဆိုင်ရာမှာသော် လည်းကောင်း နိုင်ထက်ကလူပြုချင်ကြ ပါတယ်။ ဒီလို
ကိုယ့်အပေါ်နိုင်ထက်ကလူပြုချင်တဲ့ ယောက်ျားတွေရဲ့ အကျင့်၊စရိုက်တွေကို
ရှေးမဆွကတည်းက ကြိုမြင် ထားမှသာ ချစ်သူအဖြစ်၊ အိမ်ထောင်ဘက်အဖြစ်
ရွေးချယ်မိခြင်းမှ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ သူတို့ဘယ်သူတွေလည်း
ဆိုတာ သိချင်တယ်ဆိုရင် အောက်ပါအချက်ဆယ်ချက်နဲ့
စုံစမ်းထောက်လှမ်းနိုင်ပါတယ်။

(၁) သ၀န်တိုပိုင်ဆိုင်လို
ကိုယ့်ရဲ့ သူငယ်ချင်း၊မိသားစု၊လုပ်ဖော်ကိုင်ဖက်တွေအပေါ်စပြီး
မနာလိုဝန်တိုလာပြီး ကိုယ့်ကိုသူတို့နဲ့ ဝေးဝေးနေ
အောင်ကြိုးစားလာတာပဲဖြစ်တယ်။ အကြောင်းမရှိအကြောင်းရှာပြီး
ကိုယ့်ကိုတခြားယောက်ျား လေးတွေနဲ့စွပ်စွဲ ပြစ်တင်လာတာပဲဖြစ်တယ်။
ဘယ်သူနဲ့ဘယ်နေရာရောက်နေသလဲလို့ အမြဲမေးလေ့ရှိ လိမ့်မယ်။

(၂) ချုပ်ခြယ်ခြင်း
ကိုယ့်ရဲ့အချိန်တွေ၊ငွေကြေးပိုင်ဆိုင်မှုတွေ၊
ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှုတွေဖြစ်တဲ့ ကား၊ဖုန်းစတဲ့ ကိုယ်ပိုင်
ဆိုင်သမျှအရာ အားလုံးနီးပါးလွှမ်းမိုးချုပ်ကိုင်ချင်လာတာပဲဖြစ်တယ်။

(၃) အမြဲအနိုင်ယူအမှန်ယူ
သူပဲ အမြဲမှန်တယ်။ သူပဲကောင်းတယ်။ဘာပဲဖြစ်ဖြစ်
ကိုယ့်အပေါ်အနိုင်ယူချင်တယ်။ သူ့ဘက်က သူ့အပြုအမူတွေ အားလုံး၊
သူပြောသမျှအားလုံး၊သူ့ထင်မြင်ချက်အားလုံးဟာ အမြဲအမှန်ဘက်ကရှိနေ တယ်လို့
ယူဆထားတယ်။ နောက်ပြီး ကိုယ့်အပေါ်အပြစ်တင်ပြီး
သူ့ဘက်ကမှန်တဲ့အကြောင်းသက်သေထူ တတ်တယ်။
နှုတ်ဖြင့်ရိုင်းရိုင်းစိုင်းစိုင်းပြောတတ်တယ်။
ဒီလိုလူမျိုးရဲ့ရည်ရွယ်ချက်က ကိုယ့်ရဲ့စိတ်ပါဝါအားနည်းပြီး
သိမ်ငယ်ကြောက်ရွံ့လာအောင်လုပ်ဖို့ပဲဖြစ်တယ်။ ဒီလိုလုပ်ရ တာ သူတို့အတွက်
နေရထိုင်ရတာပိုကောင်းလာစေတယ်။

(၄) ကိုယ့်ကိုအပြစ်ပုံချမယ်
ကိုယ့်ကို သူက မင်းရူးနေပြီ။မင်းတော်တော်တုံးတာပဲ
စသဖြင့်ပြစ်တင်ပြောဆိုလိမ့်မယ်။ သူ့အနေနဲ့ကိုယ့်အပေါ်အနိုင်ယူ၊
အနိုင်ကျင့်ရတဲ့အကြောင်းရင်းက ကိုယ့်ကြောင့်လို့ ထင်ရအောင်
လုပ်လိုက်မယ်။ကိုယ်အသုံးမကျလို့ သူ့ဘက်ကအခုလို
အနိုင်ကျင့်၊အနိုင်ယူနေရသလို ပြောမယ်။

(၅) မျောက်စိတ်
သူ့စိတ်ဓာတ်ဟာ အမြဲပြောင်းလဲနေတတ်တယ်။ ရန်လို၊ ရန်မူချင်တဲ့စိတ်ကနေ
ချစ်ဖို့ကောင်းတဲ့အနေအထားကို ချက်ချင်း ပြောင်းလဲသွားတတ်တယ်။ ဒါမှမဟုတ်
အနိုင်အထက်ကျင့်ပြီးမှ ချက်ခြင်းပြန်ချော့တတ်တာမျိုးပေါ့။

(၆) အပြောနဲ့အဟောမညီ
သီချင်းတစ်ပုဒ်ရှိတယ်။တဲ့။ အဲဒီသီချင်းစာသားတွေက ကောင်မလေးတစ်ယောက်က
သူ့အပေါ်ကတိပေးပြီး မတည်တဲ့ အကြောင်းရေးထားတဲ့ စာသားတွေဖြစ်တယ်။
ကိုယ့်ချစ်သူကို နှင်းဆီတို့၊ ပန်းစည်းတို့ပေးမယ်ပြောပြီး မကြာခင်မေ့သွား
ရော၊ ပုလဲ၊စိန်၊ပတ္တမြားလည်ဆွဲ၊ ဘယက်စတဲ့ လက်ဝတ်ရတနာတွေဆင်ပေးမယ်ပြောပြီး
ဘယ်တော့မှ လက်ဝယ်ပိုင်ပိုင် မကိုင်ခဲ့ရတဲ့အကြောင်းတွေပေါ့။ ဒါတွေဟာ
လက်ရှိအပြင်လောကမှာလည်း ရှိပါတယ်။ ချစ်တယ်ပြောပြီး မကြာခဏ လက်ပါနေတာဟာ
ချစ်ခြင်းရဲ့ သက်သေတစ်ရပ်တော့မဟုတ်ပါဘူး။

(၇) အပြစ်ပေးခြင်း
အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်မယ်
ဆိုတဲ့ဆောင်ပုဒ်လက်ကိုင်ထားပြီး ကိုယ့်အပေါ်ကျင့်သုံးတာဟာ
တရားမျှတတဲ့အချစ်တစ်ခုတော့ မဟုတ်ပါဘူး။

(၈) တခြားမိန်းမတွေအပေါ်လည်း အလားတူဆက်ဆံ
အဲလို ကိုယ့်ကြင်ဖက်အပေါ်နိုင်ထက်ကလူလုပ်တတ်တဲ့သူဟာ
တခြားမိန်းမတွေအပေါ်မှာလည်း ရိုသေလေးစားမှုရှိမှာ မဟုတ်ဘူး။ သူ့အမေ၊
သူ့အစ်မနဲ့ သူ့ဘ၀တစ်လျှောက်လုံးမှာကြုံဆုံခဲ့တဲ့ မိန်းမတွေ အားလုံးအပေါ်
ရိုသေလေးစား သမှုနဲ့ ဆက်ဆံလိမ့်မှာ မဟုတ်ဘူး။ မိန်းမတွေကို
ထုံထိုင်းအနပြီး တန်ဖိုးမရှိတဲ့ ပစ္စည်းတစ်ခုအလား ဆက်ဆံလိမ့်မယ်။

(၉) နောက်ခံ သမိုင်းဆိုး
ဒီလိုလုပ်တတ်တဲ့ယောက်ျားတွေမှာ နောက်ခံသမိုင်းဆိုးတစ်ခုရှိလိမ့်မယ်။
မိန်းမတွေနဲ့ပတ်သက်ပြီးနိုင်ထက်ကလူ ဆက်ဆံ ခဲ့တဲ့
အတိတ်ဆိုးတစ်ခုတော့ရှိကြတယ်။ တိရစ္ဆာန်တွေအပေါ်အနိုင်ကျင့်တတ်တဲ့သူဟာ
မိန်းမတွေအပေါ်မှာလည်း အလား တူ နိုင်ထက်ကလူအနိုင်ကျင့်တတ်တယ်။

(၁၀) ယောက်ျားရိုင်းနဲ့ ဆက်နေသင့်မသင့်
ဒီလိုယောက်ျားမျိုးရဲ့ အကျင့်စရိုက်ဟာ နောက်ပိုင်းကောင်းသွား၊
ပြုပြင်သွားလိမ့်မယ်လို့ မယူဆပါနဲ့။ ရေရှည်မှာလည်း ဒီအတိုင်းပဲ
ဆက်ဆံသွားပါလိမ့်မယ်။

သူနဲ့မနေဘူး။ကွဲမယ်၊ကွာမယ်ဆိုရင်တော့ သူ့ဘက်ကတုံ့ပြန်လာနိုင်တဲ့အချက်က
ငိုယိုပြီးတောင်းပန်ခယလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကပျော့မသွားဖို့
အရေးကြီးပါတယ်။ နိုင်ထက်စီးနင်းပြုကျင့်တဲ့အိမ်ထောင်ရေးမျိုး၊
ဆက်ဆံရေးမျိုးဟာ အစကနဦးချစ်ခရီးမှာ ဘယ်တော့မှ
နိုင်ထက်စီးနင်းမလုပ်တတ်ဘူး ဆိုတဲ့သတိပေးစကားပြောကြားရင်း
ချစ်သူငယ်ချင်းတို့ ညီမတို့
စစ်မှန်တဲ့အချစ်စစ်နဲ့တွေ့ဆုံပိုင်ဆိုင်နိုင်ကြပါစေလို့။

Ref: 8 Days A week Journal Vol. 1 No. (38)

No comments: