Tuesday, November 25, 2008

Cinema

ရုပ်ရှင်
(မင်းဆွေနှစ် (မုံရွာ))

ကျွန်တော်ရုံထဲဝင်တော့
ဇာတ်လမ်း စနေပြီ
ကိုယ့်နေရာက ဘယ်မှန်း မသိ
အမှောင်ထဲမှာ ဟိုစမ်း ဒီစမ်း
ပိတ်ကားပေါ်မှာ
ဇာတ်လိုက်က ပြေး၊ လူကြမ်းက လိုက်
ငါ့မှာ ဟိုတိုက် ဒီတိုက်
လူနေရာ မရ
ငယ်ငယ်တုန်းက ရွှေဘ

နောက်တော့
ဇာတ်လိုက်တွေ တစ်ယောက်ပြီး တစ်ယောက်ပြောင်း
မနက်ခင်းကလည်း တမ်းချင်းတွေနဲ့
အလင်းရောင်ကလည်း ငွေနားကွပ်နဲ့
ရေတံခွန် အတု
တောင်တန်း အတု
သစ်ပင် အတု

လူက လွဲရင် အားလုံး အထူးပြုလုပ်ချက်တွေ
စိတ်ရှုပ် နားရှုပ် ရင်ရှုပ်
ညက အိပ်မက်ကို အန်ထုတ်လိုက်မှ
လောကကြီးက နေသာထိုင်သာ

နောက်ဆုံး
ဘ၀ကို တစ်က ပြန်စချင်တာနဲ့
ရုံထဲက ထွက်လိုက်တယ်
အပြင်မှာ မိုးတွေ ရွာလို့။

1 comment:

Anonymous said...

ကျေးဇူးပါ ဆရာမင်းဆွေနှစ်ရဲ့ကဗျာလေး ဝေမျှတဲ့အတွက်...