Sunday, November 30, 2008

chicken roll for you

စွဲမက်ဖွယ်ရာ ဒီဟင်းလျာ
ကြက်သား အဆာသွတ်လိပ်

ပါဝင်ပစ္စည်းများကြက်ရင်ပုံ (အရိုးမပါ) - ၄၀ကျပ်သား
ထောပတ် - ၂ဇွန်း
ချက်ပြီးထမင်း - အနည်းငယ်
ချိစ်ပြား - ၄ပြား
အရွက်ဖားမုန်လာ
နုပ်နုပ်စဉ်း(ပါစီရွက်) - ၂ဇွန်း
ကြက်သွန်ဖြူ နုပ်နုပ်စဉ်း - ၂ဇွန်း
မှို - အနည်းငယ်
ခေါက်ဆွဲ - ၁ထုပ်
ဆား၊ ငရုတ်ကောင်း - အနည်းငယ်
ဝိုင်ဖြူ - ၂ဇွန်း

ပြင်ဆင်ချက်ပြုတ်ပုံ
ထောပတ်ထဲတွင် ကြက်သွန်နီကို ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ဖယ်ထုတ်ထားပါ။ထမင်းနဲ့ ပါစီရွက်၊ ငရုတ်ကောင်းတို့ကို ရောနယ်ပါမယ်။ ကြက်သားကိုအလွှာလိုက်လှီးပြီး အလိပ်လိပ်လို့ရအောင် ဓားပြားနဲ့ ရိုက်ပြီး ပြားထားပါ။ ကြက်သားပြားပေါ် ချိစ်ပြားကိုတင်ပြီး နယ်ထားတဲ့ထမင်းကို တင်ပြီးလိပ်လိုက်ပါမယ်။ အလိပ်လေးတွေ ပြေမသွားအောင်ကြိုးဖြင့်ချည်ထားရပြီး၊ ချက်ပြီးရင်ပြန်ဖြေလို့ရပါတယ်။ ထောပတ်ကို အပူပေး၍ အလိပ်တွေကို ရွှေညိုရောင်ရအောင် ဆီပူထိုးရပါမယ်။ ထဲမှာ အပေါ်မီးနဲ့ ၁၀မိနစ်ခန့် အသားကျက်အောင် အပူပေးထားပါ။ မှိုကို အပူပေးထားတဲ့ ထောပတ်ထဲမှာ ရေနည်းနည်းထည့်ပြီး နူးညံ့သွား အောင် ကြော်ပါမယ်။ ထောပတ်ထဲမှာ ခေါက်ဆွဲပြားကိုမွှေ၊ ငရုတ်ကောင်းနဲ့ အရသာယူပါမယ်။ အားလုံးကြော် လှော်ပြီးရင်တော့ ပန်းကန်ထဲမှာ ခေါက်ဆွဲထည့်၊ မှိုကိုဘေးကရံ၊ ကြက်သားလိပ်ကို ခေါက်ဆွဲပေါ်တင်ပြီး ပါစီရွက်နဲ့ အလှဆင်ကာ အရသာရှိရှိစားသုံးနိုင်ပါပြီ။

No comments: