Tuesday, November 18, 2008

For Morning Breakfast

ဆောင်းတွင်းမနက်ခင်းလေးမှာ ရေနွေးကြမ်းလေးနဲ့ မြည်းရအောင် ဒါမှမဟုတ် အပြင်းပြေ ၀ါးရအောင် စိတ်ကူးလေးနဲ့ တင်လိုက်ပါတယ်။သူငယ်ချင်းတို့ အလွယ်တကူလုပ်စားနိုင်ပါစေ။

နာနတ်သီးနဲ့ ၀က်နံရိုးကြော်

ဝက်နံရိုး - ၂၅ ကျပ်သား
ကြက်သွန်ဖြူ - အနည်းငယ် (ကျေညက်အောင်ထောင်းထားပါ။)
ပဲငံပြာရည်အနောက် - အနည်းငယ်
ငါးငံပြာရည် - အနည်းငယ်
နာနတ်ရည် - အနည်းငယ် (သဘာဝနာနတ်ရည်)
ဆီ - အနည်းငယ်
(၀က်နံရိုး ၂၅ကျပ်သားအတွက် ကြက်သွန်ဖြူ၊ ဆား၊သကြား၊ငံပြာရည်တို့ကို သင့်တင့်မျှတရုံ သုံးရန်သာဖြစ်ပါတယ်။ စားပွဲတင်ဇွန်း တစ်ဝက် ပတ်ဝန်းကျင်ထည့်ရုံမျှဖြင့် သင့်တင့်နိုင်ပါတယ်။)

ချက်ပြုတ်ပြင်ဆင်ပုံ
ဝက်နံရိုးများကို ရေစင်အောင်ဆေးပါ။စားရ အဆင်ပြေနိုင်မည့် အရွယ်တော်အတုံးလေးများ တုံးပါ။ နာနတ်ရည်ထဲတွင် နာရီဝက်မှ တစ်နာရီအတွင်း ကြာအောင်စိမ်ထားလိုက်ပါ။
အဲဒီနောက် စောစောက အဆင့်ဆင့်ပြုပြင်ထားတဲ့ ကြက်သွန်ဖြူ၊ ဆား၊သကြား၊ပဲငံပြာရည် စတဲ့ အဆာပလာထဲမှာ နာရီဝက်ကနေ တစ်နာရီထိ နယ်ဖတ်ပြီး စိမ်ထားလိုက်ပါ။ ဒါမှ အဲဒီအနံ့၊ အရသာ၊ အချို၊အငန်၊ အစပ်တွေဟာ ၀က်နံရိုးထဲမှာ စိမ့်ဝင်ပြီး အရသာကောင်းမွန်စေရန်ဖြစ်ပါသည်။
အားလုံးအဆင်သင့်ဖြစ်၊ လုပ်စရာအလုပ်တွေ ပြီးစီးပြီဆိုကာမှ နောက်ဆုံးအဆင့်ကြော်ဖို့ အစီအစဉ်ပဲ ဖြစ်ပါတယ်။ ဒယ်အိုးထဲမှာ သင့်တင့်သလောက်လေးသာဆီထည့်ပြီး မပြင်းလွန်းတဲ့ သင့်တင့်သလောက် မီးအပူပေးပြီး ကြော်ဖို့ပါ။ ကျက်ရင် အရောင်ပြောင်းသွားပါလိမ့်မယ်။ ကျက်ပြီဆိုကာမှ နှစ်သက်သလို အတွဲအဖက် အသီးအရွက်များနဲ့ တွဲဖက်ပြီး ကြိုက်သလောက် စားသုံးရန် ဖြစ်ပါတယ်။

ပြောင်းဖူးလုံးကြော်
ပါဝင်သည့်ပစ္စည်းများ
ပြောင်းဖူး - ၁ခွက်ခွဲစာခန့် (၂ဖူးခန့်)
ဝက်သား - ၁ခွက်ခွဲစာခန့် (နှုတ်နှုတ်စဉ်း)
ကြက်ဥ - ၁လုံး
နံနံမြစ် - စားပွဲတင်ဇွန်း ၁ဇွန်း(နှုတ်နှုတ်စဉ်း)
ကြက်သွန်ဖြူ - စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းစေ့ - လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ
ဂျုံမှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဟင်းသီးဟင်းရွက်ဆီ
ခရမ်းချဉ်သီးဆော့စ်

အဆင့်ဆင့်ချက်ပြုတ်ပုံ
- နံနံမြစ်၊ကြက်သွန်ဖြူ နှင့်ငရုတ်ကောင်းစေ့များကို ရောထောင်းပြီးသပ်သပ်ဖယ်ထားပါ။
- ပြောင်းဖူး၊၀က်သား၊ဂျုံမှုန့်နှင့် ကြက်ဥကို ရောနှယ်ပါ။ ပြီးလျှင်ထောင်းထားသော ကြက်သွန်ဖြူ၊ ငရုတ်ကောင်းများထည့်ပြီး သမအောင်ရောမွှေပေးပါ။
- ၄င်းနောက် ဆားနှင့်သကြားထည့်နှယ်ပါ။ဆီပူအိုးထဲသို့ ပြောင်းဖူးလုံးများလုံးပြီးထည့်ကြော်ပါ။ ပြောင်းဖူးများ ရွှေဝါရောင်သမ်းလာလျှင် အိုးထဲမှဆယ်ပြီး ဆီစစ်ထားပါ။ ပြောင်းဖူးအားလုံး ကြော်ပြီးသည့်အခါ ၄င်းကိုငရုတ်သီးဆော့စ် သို့မဟုတ် ခရမ်းချဉ်သီးဆော့စ်နှင့် ပူပူနွေးနွေးတွဲဖက် သုံးဆောင်ပါ။

အမဲသားဟင်းအခြောက်
ပါဝင်သောပစ္စည်းများ
အမဲသား - ၃၀ကျပ်သား
ကြက်သွန်နီ - ၃လုံး
ခရမ်းချဉ်သီး - ၃လုံး
မုန်လာဥနီ - ၃တောင့်
ဝိုင် - အနည်းငယ်
ဆား -အနည်းငယ်
ပဲငါးပိမှုန့်(သို့)ငါးမှုန့် - အနည်းငယ်
ထောပတ် -အနည်းငယ်
ကြက်သွန်မြိတ် -၁စည်း
ငရုတ်ကောင်းမှုန့် -သင့်ရုံ
ဆီ -သင့်ရုံ

ပြုလုပ်ပုံအမဲသားကို ခပ်ပါးပါးလှီးပြီး ၄င်းအထဲသို့ ၀ိုင်၊ဆား၊ငါးမှုန့်(သို့)ပဲငါးပိမှုန့်တို့ကို ထည့်ပါ။ ပြီးလျှင် ရေနွေးငွေ့ ဖြင့်ပေါင်းပါ။ ၄င်းနောက် ဆီပူထိုးပြီးကြော်ပါ။ ၄င်းကြော်နေစဉ် ထောပတ်ထည့်ပါ။ လှီးထားသော မုန်လာ ဥနီ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်တို့ထည့်ပြီး ရောမွှေပါ။ ပြီးလျှင် ငရုတ်ကောင်းမှုန့် ထည့်ဖြူးပါ။ ၀ိုင်နှင့် ဆား အနည်းငယ်ထည့်ပါ။

No comments: