Tuesday, November 4, 2008

5 Law of Wealth

ဓန ဥပဒေသ (ငါး)ရပ်
၁. ဓနဥစ္စာဟူသည် မမိရရှိသောဝင်ငွေ၏ ဆယ်ပုံတစ်ပုံထက်မနည်းသောငွေကို မိမိနှင့်မိမိ မိသားစု၏အနာဂာတ်အတွက် ချန်လှပ်သိမ်းဆည်းတတ်သူထံသို့သာ ၀မ်းမြောက်ပျူငှာစွာ ရောက်ရှိလာတတ်စမြဲဖြစ်သည်။


၂. ဓနဥစ္စာဟူသည် ယင်းအားအကျိုးဖြစ်အောင်ခိုင်းစေတတ်သောသူအတွက် ကျိုးနွံကျေနပ်စွာ အားထုတ်လုပ်ကိုင်ပေးတတ်စမြဲဖြစ်၍ ထိုသူ၏လက်၌ သိုးအုပ် နွားအုပ်များသဖွယ် အဆများပြားလာတတ်သော သဘောရှိပေသည်။

၃. ဓနဥစ္စာဟူသည် ယင်းအားဂရုတစိုက်မြှုပ်နှံမှုပြုသူ၊ ကျွမ်းကျင်လိမ်မာသောသူတို့၏ အကြံဥာဏ်ကို ရယူလုပ်ကိုင်သူများထံ၌သာ တွယ်ကပ်ခိုလှုံနေတတ်ကြသည်။

၎. ဓနဥစ္စာဟူသည် မိမိလည်းမကျွမ်းကျင်၊ကျွမ်းကျင်သူတို့လည်း အားမပေးသောအလုပ်မျိုး တွင်ရင်းနှီးမြှုပ်နှံသောသူတို့ထံမှ လျှောကျပျောက်ကွယ်သွားတတ်စမြဲဖြစ်သည်။

၅. ဓနဥစ္စာဟူသည် ယင်းမှလွန်ကဲလှသော အမြတ်အစွန်းမျိုးကိုမျှော်မှန်းသူများ၊ လူလိမ်လူညာတို့၏ ဖြားယောင်းသွေးဆောင်မှုနောက်သို့ လိုက်ပါနားယောင်တတ်သူများ၊ အတွေ့အကြုံနည်းပါးကာ စိတ်ကူးယဉ်ယဉ်ဖြင့် မဆင်မခြင်ရင်းနှီးမြှုပ်နှံမှုပြုသူများထံမှ ရှောင်ခွာထွက်ပြေးသွားတတ်စမြဲဖြစ်သည်။

No comments: