Wednesday, December 24, 2008

Nyin Lay Pyay

ညှင်းလေပြည်
(ဇာနည်)


စိတ်မကစားပါနှင့်
အတိတ်ခါးခါး မေ့လိုက်ပါ။

ကြောက်အားတွေနှင့်
ထောက်ထားမညှာ နှိပ်စက်အငြိုး
ချောက်ချားစရာ အိပ်မက်ဆိုးမှ
နိုးထစမ်းပါ။

အဖြေလွယ်သပေါ့
နေကွယ်တော့ လမင်းသာ
မုန်တိုင်းနောက်မှာ လေပြည်ဖြူး။

သဘာဝဘေးအရိုင်းကိုလည်း
လူတိုင်းမှာ အားအစွမ်းတွေနှင့်
မနားတမ်းသာ တည်ကာဆောက်ပါလို့
မမှားစခန်းသာ ညီစွာလျှောက်
မှုလောက်ပါဘူး။

No comments: