Wednesday, December 24, 2008

Clouds

မိုးတိမ်များ
(ညီမင်းညို)

တိမ်တွေမှာ
အိမ်ရှိသလား
မေမေ။

မျောချင်ရာမျောပြီး
လွင့်ချင်ရာလွင့်နေတာ
သူတို့ကမ္ဘာလား။

အခုပဲတွေ့လိုက်တယ်
နဂါးလိုလို ကျားလိုလို
အခုပဲတွေ့လိုက်တယ်
သမင်လိုလို ဆင်လိုလို

အဲသလို
ကောင်းကင်ပြာပြာမှာတိမ်တွေ
ခပ်သာသာရွေ့နေတာ
ကြည့်ကောင်းရဲ့မဟုတ်လား မေမေ။

ခုတော့
ကျွန်တော်သိလာခဲ့ပြီ။

မေမေ
တိမ်တွေမှာ
အိမ်မရှိဘူး။

No comments: