Saturday, April 7, 2007

My Love Stories (6)

ကိုယ်ရန်ကုန်ကိုလာရောက်လည်ပတ်တဲ့ သူနဲ့တွေ့ဆုံတဲ့ကာလဟာ လက်ချိုးရေတွက်လို့ ရပါတယ်။ဒီလို ရေတွက်လို့ရတဲ့နေ့တွေထဲမှာ သူနဲ့ခွဲခွာရတော့မယ့် အပြန်ခရီးကို စတင်ဖို့ ပြင်ဆင်ရတဲ့နေ့ကိုတော့ မရောက်ချင်ဆုံးပါပဲ။ဒါပေမဲ့ အခုရောက်လာခဲ့ပြီလေ။
သူလိုက်ပို့တဲ့ ယုဇနပလာဇာမှာ၊မင်္ဂလာဈေးမှာ ဘာပစ္စည်းမှ မည်မည်ရရ မ၀ယ်ဖြစ်ခဲ့ ပါဘူး။ သူဝယ်ပေးတဲ့ လက်ဆောင်၊ရထားပေါ်မှာ စားဖို့ဝယ်ပေးတဲ့မုန့်တွေ ကိုလက်ခံယူပြီး ကြိုက်မကြိုက် ပြန်မပြောခဲ့တော့ သူကမင်းဘာဖြစ်နေတာလည်းတဲ့၊မျက်နှာကလည်း တစ်မျိုးပဲ ကိုယ်နဲ့နေရတာ မကြိုက်လို့လား၊ကိုယ်ဝယ်ပေးတာ မနှစ်သက်လို့လား၊ ကိုယ့်ဘက်က တာဝန်မကျေတာဘာရှိလို့လဲ မေးတယ်....ကိုယ်ကတော့ ဘာမှမရှိပါဘူး လို့ပြန်ပြောခဲ့ပေမယ့် ရင်ထဲမှာတော့ ၀မ်းနည်းနေတယ်၊ပူဆွေးနေတယ်ဆိုတာ သူသိအောင် မပြောပြခဲ့ပါဘူး။
မွန်းကော်ဖီဆိုင်မှာ အတူစားဖြစ်တဲ့ မုန့်နဲ့ကော်ဖီတွေကလည်း ကိုယ့်ကို မချိုမြိန်စေတော့ သလို၊ညနေတိုင်း ၀ယ်စားနေကြ ဘူးသီးကြော်ဟာလည်း အရသာမရှိသလိုပါပဲ။သူသိမှာပါ လေ ပုံမှန်စားနေကျ အားရပါးရစားတဲ့ကိုယ့်ပုံစံနဲ့မတူဘဲ ထူးခြားမှုရှိနေတာကို။ဒါကြောင့် သူတိတ်ဆိတ်စွာ ကိုယ့်ဘေးကအဖော်ပြုပေးနေတာ.....။
ရန်ကုန်မှာ နေခွင့်ရတဲ့ဒီရက်လေးမှာ ပျော်ရွှင်စွာနဲ့ ပြီးဆုံးဖို့ သူစီစဉ်ပေးတာကို ကိုယ် မငြင်းဖြစ်ပါ။မနက်စော စော သူ့သူငယ်ချင်းရဲ့မွေးနေ့ပွဲလုပ်ရာ လမ်း၅၀ကို သူ့သူငယ်ချင်းလင်မယားရယ်၊ကိုယ်တို့ နှစ်ယောက်ရယ်သွားဖြစ်ကြတယ်။ သူ့ရဲ့သူငယ်ချင်းတွေအပေါ်နွေးထွေးစွာကူညီတတ်ပုံ၊ ဘုရားတရားကြည်ညိုပုံတွေကို ပိုသိခဲ့ရပါတယ်။
နေ့လည်ပိုင်းမှာ တိရစ္ဆာန်ဥယျာဉ်သွားပြီးရေကူးကြတယ်။နည်းနည်းတော့ရယ်ရသလိုပါပဲ။ အားလုံး ရေမကူးတတ်ကြဘူးလေ။သူတို့ထက်စာရင် ကိုယ်ကကူးတတ်တော့ ၀မ်းနည်းတာ တွေမေ့ထား အားရပါးရကူးပစ်လိုက်တော့တာ။
သူ့သူငယ်ချင်း လင်မယားကဒီနေ့ သူတို့အိမ်ကိုပြန်တော့မှာဖြစ်သလို ကိုယ်ဟာလည်း နောက်တစ်နေ့မနက်မှာ ပြန်ရတော့မှာပါလား။မတွေးချင်ပေမဲ့ လက်တွေ့မှာ ဒီလိုဖြစ်နေတာ ဆိုတော့လည်း....။
သူ့သူငယ်ချင်းကို ကိုယ်မနက်ဖြန်ပြန်တော့မှာဖြစ်ကြောင်း၊ရန်ကုန်ရောက်ခိုက်ချက်ပြုတ် ကျွေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းတွေကိုပြောဖြစ်ပါတယ်။သူကမေးတယ် ပြန်ဖို့ပြင် ဆင်တဲ့နေရာမှာ ဘာတွေကျန်ခဲ့သလဲတဲ့။ကိုယ်ကတော့ အားလုံးပြည့်စုံပါပြီလို့။ မဟုတ်ဘူး မင်းရဲ့ မေတ္တာတွေ၊သံယောဇဉ်တွေ ကျန်နေခဲ့မှာတဲ့။ ဟုတ်တယ်...ကိုယ့် သံယောဇဉ်က တော့ အမျှင်တန်းနေခဲ့မှာပါ။
ကိုယ်ရဲ့ သံယောဇဉ်တွေ၊မျှော်လင့်ချက်တွေ....တမ်းတမှုတွေ........တွေ။
စွန့်ခွာသွားတဲ့...ထားခဲ့ရတဲ့ခံစားမှုမျိုးကို တစ်ခါမှ နင့်နင့်သီးသီးမခံစားဖူးပါ။အရာရာ ဆုံးရှုံး ခဲ့ရတဲ့၊ ဆွန့်လွှတ်ထားခဲ့ရတဲ့ ခံစားမှုမျိုးကိုပေါ့။အခုတော့ ကိုယ်ဟာ ကမ္ဘာမြေက ထွက်ခွာ သွားရတဲ့ အာကာသယာဉ်တစ်စီးရဲ့ ခံစားမှုမျိုးကို ခံစားနေရပါတယ်။ ပျော်ရွှင်မှုတွေ၊ ကြည်နူးမှုတွေ၊ အေးချမ်းမှုတွေပေးတဲ့ စိမ်းလန်းရာကမ္ဘာမြေကို ဝေးကွာလာတဲ့ အရှိန်နှုန်း တဖြည်းဖြည်း မြန်လာသလို ကိုယ့်ရဲ့ ၀မ်းနည်းမှုနှုန်းဟာလည်း တရိပ်ရိပ်ပါ။
ရထားပြူတင်းပေါက်ကနေ နှုတ်ဆက်နေတဲ့ မင်းကို တစ်ခါလေးပဲ လှည့်ကြည့်ခဲ့တာ မင်းကို မနှုတ်ဆက်ချင်လို့ ဥပေက္ခာပြုထားခဲ့တာ မဟုတ်ပါဘူး။ဝမ်းနည်းနေတဲ့ ၊ မျက်ရည်ဝဲချင်ချင် ဖြစ်နေတဲ့ ကိုယ့်မျက်နှာကို မင်းမြင်တွေ့သွားမှာ စိုးရိမ်လို့ပါ။ပတ်ဝန်းကျင်က ကြည့်လာမည့် မျက်လုံးတွေကိုလည်း မမြင်ချင်လို့ဆိုတဲ့အသိလည်းပါတာပေါ့ကွာ။
ရထားလက်မှတ်ကို ၀ယ်လို့အဆင်မပြေတုန်းက ကိုယ်တော်တော်ဝမ်းသာသွားတယ်။ဘာ ကြောင့်လည်း ခရီးသွားဖို့ အဆင်မပြေဖြစ်နေတာကိုလို့ဆိုရင် ကိုယ်ရန်ကုန်ရောက်ရောက် ခြင်း ရထားလတ်မှတ်ကို ၀ယ်ဖြစ်အောင်ဝယ်ဖို့ အဖေကမှာလိုက်တာကို ဘာကြောင့် လျစ်လျူရှုဖြစ်တာလည်း...မင်းနဲ့တတ်နိုင်သမျှ ကြာကြာနေမယ်ဆိုတဲ့ မဖြစ်ညစ်ကျယ် စိတ်ကူးလေးပေါ်လာလို့ ဆိုမင်းရယ်မလား။
ထားလိုက်ပါတော့လေ.....မင်းနဲ့ မကြာခင်ဆုံမယ်ဆိုတဲ့ စိတ်ကူး၊သူလည်း ကိုယ့်လိုဝမ်း နည်းမနေမှာလားဆိုတဲ့အတွေးတွေနဲ့ ကိုယ်ဟာ ရထားကြီးခေါ်ဆောင်ရာကို ဝေ့လည်လည် မျက်ရည်တွေနဲ့ တစ်ညလုံး လမ်းဘက်ကိုသာ ကြည့်ရင်းလိုက်ပါခဲ့တာ....တဖြေးဖြေးနဲ့ မင်းရှိရာရန်ကုန်ကို ဝေးကွာခဲ့တာ...ဝေး. ...ဝေး။
မှောင်မိုက်နေတဲ့ ညများကိုဖြတ်သန်းရဦးမယ်....ကိုယ့်ရဲ့ အခန်းထဲက ကက်ဆက်တွေတီဗီ တွေလည်းနှုတ်ဆိတ်နေကြလိမ့်ဦးမယ်။ အဖေ့ရဲ့ မင်းဘာဖြစ်နေတာလည်း မေးသံကိုလည်း မကြာခဏကြားရဦးမယ်။ ဘာကြောင့်လည်း မမေးပါနဲ့။
ဘယ်တော့မှလည်း မပိုင်ဆိုနိုင်တဲ့၊ ရယူပိုင်ဆိုင်ခွင့်များ၊ တွေးတောင်မတွေးတောသင့်တဲ့ အပြုအမူ များကို မျှော်လင့် တမ်းတမက်မောမိတဲ့ ကိုယ်တို့အဖြစ်ဟာ တက်မက်မှုလား၊ စမ်းသပ်မှုလား၊ အချစ်တစ်ခုလား ဘာမှမသေချာမရေရာတဲ့ အကြောင်းအရာတစ်ခုလား မသိပါ။ ကိုယ့်ရင်ထဲမှာတော့ မင်းမရှိရင် မဖြစ်တော့လောက်အောင် ဆိုတဲ့ခံစားမှုမျိုးကို ခံစားနေရပါတယ်။ပိုတယ်လို့များ မင်းထင်မလား...။ဘာကြောင့်ဆိုတာကိုတော့ မမေးပါနဲ့ ကွာ။
ကိုယ်တို့ ရှေ့ဆက်ရမဲ့ဘ၀မှာ သူငယ်ချင်းအဖြစ်၊ မိတ်ဆွေအဖြစ် ရှိနေဦးမယ်၊ရှိနေကြမယ် ဆိုတာ နှစ်ဦးသားနားလည်နေကြတယ်၊မကြာခင်ပြန်ဆုံမယ်....ဒါပေမဲ့ ချစ်ခွင့် ပိုင်ဆိုင်ခွင့် ဆိုတာတော့ မရှိ....လုံးဝ...လုံးဝ။
“နီးစပ်ဖို့လည်း မလွယ်တော့ဘူး၊ ဝေးသွားဖို့လည်း မခံနိုင်ဘူး၊ တွဲလက်ကလေး လွတ်ကာ သွားချိန်၊တို့နှစ်ယောက်နှုတ်ဆက်ချိန်လေးတွေ ပြန်မြင်ယောင်မိတယ်......တို့ရဲ့အချစ်တွေ ဆောင်းအိပ်မက်လိုပဲ”....သီချင်းလေးမင်းကြားဖူးမှာပါနော်။ဟုတ်တယ် ကိုယ်တို့အချစ်တွေ ဟာလည်း ဆောင်းအိပ်မက်တွေပါ။အိပ်မက်ဆိုတာ နိုးလာချိန်မှာ ဘာမှမဟုတ်တာဘဲနော်..။
အေးစက်နေတဲ့ မိုးဖွဲတွေနဲ့အတူ ဝေ့၀ဲတိုက်ခတ်လာတဲ့ လေများကြောင့် လိုက်ကာတွေလှုပ် ရမ်းလာကြပြီ။ကိုယ့်ရဲ့ အခန်းလေးလည်းအေးစက်မာကျောလာတော့မည်။အေးစက်နေတဲ့ အခန်းထဲမှာ အထီးကျန်နေသူဟာကိုယ်တစ်ယောက်ထည်း။ သီချင်းတွေ၊ရုပ်ရှင်တွေ၊စာအုပ် တွေဟာ ကိုယ်နဲ့အဝေးဆုံး....။
ပြန်လည်တွေးဖြစ်နေတဲ့ ကိုယ့်ရဲ့ခရီးတစ်ခုအကြောင်း....ကိုယ့်ဘ၀မှာ မမေ့နိုင်တော့တဲ့ အဖြစ်အပျက်လေးတစ်ခု....တွေ့ဆုံခဲ့တဲ့ သူငယ်ချင်းချစ်သူ အားလုံး အခုအခါမှာတော့ တမ်းတမှု လွမ်းဆွတ်မှုတစ်ခု အဖြစ်သာ....။
အချစ်ဆိုတာ အနေနီးစပ်မှုလား၊လူပုဂ္ဂိုလ်နဲ့ သက်ဆိုင်ပါသလား၊နေရာဒေသ ပတ်ဝန်း ကျင် .....ကိုယ်တို့ အချစ်ကရော ဖြစ်သင့်ပါသလား...စိတ်လှုပ်ရှားမှုလေးပဲလား...အတွေးပေါင်းများစွာ...။
မတွေးချင်ဘူး...ဒါပေမဲ့ ရှေ့ဆက်ရမယ့်ကိုယ့်ဘ၀အတွက် မေ့နိုင်အောင် သာမာန်အဖြစ် အပျက်လေးတစ်ခု အဖြစ်သာ သဘောထားနိုင်အောင်ကျိုးစားရဦးတော့....မည်။
ကိုယ့် ကမ္ဘာ...ကိုယ့်အခန်းငယ်လေး မီးအလင်းရောင်ကင်းစွာ...အသံတိတ်ဆိတ်စွာ...အေးစက်နေတဲ့ အခန်းထဲမှာ ဂွမ်းစောင်ထူများရဲ့နွေးထွေးမှုကို သူ့ရင်ခွင်အဖြစ်စိတ်ကူးရင် ရင်း......။
ကျွန်တော်ရေးသားခဲ့သော စာလေးတွေနဲ့ပတ်သက်ပြီး....
- ကျွန်တော်ရေးထားတာတွေဟာ ဖတ်ရတာအဆင်ပြေချင်မှပြေပါ့မယ်။ကြိုတင်ရေးထား တာ မဟုတ်ဘဲ စိတ်ကူးထဲမှာပေါ်လာတဲ့ဟာကို လက်တန်းရေးခဲ့လို့ပဲဖြစ်ပါတယ်။
- ဖတ်ကောင်းအောင် ၀တ္ထုအသွင်ပေါ်လာအောင်မရေးဖွဲ့ခဲ့နိုင်ပါ။ဒိုင်ယာရီမှတ်တမ်းတစ်ခု အဖြစ်ပုံစံသာရေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲဒါတွေဟာ အဖြစ်မှန်တွေဖြစ်ပါတယ်။စိတ်ကူးသက် သက်မဟုတ်ပါ။
-အင်တာနက်သုံးရာကနေခင်မင်ခဲ့ရတဲ့ ချစ်ခင်နေဆဲသူငယ်ချင်းတစ်ယောက်အကြောင်းနဲ့ ကျွန်တော့်ရဲ့ ရန်ကုန်သွားခရီးစဉ်ကို ရောနှောရေးထားခြင်းဖြစ်ပါတယ်။
စိတ်ထဲမှာ ခံစားမိသမျှကို မျှဝေတဲ့သဘော၊ဖွင့်ဟလိုက်တဲ့သဘောပါပါတယ်။တခြားရည် ရွယ်ချက်မျိုးမရှိပါ။
ဖတ်မိသူရော၊မဖတ်မိသူများကိုပါ....ကျေးဇူးတင်ပါတယ်။

1 comment:

Hay Mar said...

မင်္ဂလာရှိသောနှစ်သစ်ဦးမှာ ဒီထက်ပိုပြီးရေးနိုင်ပါစေ ရွှေမင်းသားလေးရေ။