Saturday, April 7, 2007

My Love Stories (4)

ကိုယ်တို့လမ်းလျှောက်လာကြတယ်...ဘတ်စ်ကားဂိတ်ကိုရောက်တော့မှ သူ့ခြေလှမ်းကိုမှီ တော့တယ်။အမြန်..အမြန် ခြေလှမ်းတွေ ကိုယ်တို့မန္တလေးနဲ့မတူတာတော့ အမှန်ပါပဲ။
ဘာပဲဖြစ်ဖြစ်လေ...အခုရန်ကုန်ရောက်ပြီ...သူကလည်းနွေးထွေးစွာကြိုဆိုတယ်...ကိုယ် အဆင်ပြေမှာပါ...။
ညအိပ်ရာဝင်ချိန်မှာ တွေးနေတတ်သည့်အတွေးများဖြစ်တဲ့ သူကျွန်တော့်ကိုချစ်ကော ချစ်ရဲ့လား၊အသုံးချဖို့...လိုအပ်နေလို့ဆိုတာကြောင့်လား၊ကိုယ့်သံယောဇဉ်အပေါ်သူတစ် မျိုးများ မြင်နေမလား စသည့်စသည့်အတွေးများဟာ ကျွန်တော့်ရင်ဘတ်မှခုန်ထွက်ခါ ပြူတင်းပေါက်လေးမှ တစ်ဆင့်ပြုတ်ကျသွားတဲ့ နေ့လေးတစ်နေ့ပါပဲ။
သူ့အခန်းရှိရာပထမထပ်ကို တက်လာ၊သူ့အခန်းလေးကို ၀င် မြင်လိုက်ရ တာတွေက ကွန်ပျူတာတင်ထားတဲ့ စာရေးစာပွဲရယ်၊ တီဗွီနဲ့ ဒီဗီဒီဖွင့်စက်တွေ ပြီးတော့ စားပွဲရဲ့တစ်နေရာမှာ ကိုယ့်စာတွေကို ဘူးနဲ့သေချာထည့်ထားတာတွေကို မြင်လိုက်ရတယ်။
ကိုယ်ဘာမှ မစားရသေးတာသူသိနေတာ အံသြစရာမကောင်းပေမဲ့.. သူပြင်ထားတွေကို အရင်စားမလား၊အား အရည်သောက်မပါဘူး အောက်ထပ်ကစားသောက်ဆိုင်ကို ငါးခေါင်းဟင်းချိုလှမ်းမှာမယ်၊ ရေအရင်ချိုးမလား၊ပြီးရင် မင်းဝတ်ဖို့ဘောင်းဘီက ဒီမှာနော် စတဲ့စကားသံတွေနဲ့ အတူ သူ့ရဲ့ကရုစိုက်မှုအတွက် ကျေနပ်မိတာတော့အမှန်ပါ။ ကိုယ့်နားကို ကပ်လာတဲ့ သူ့ဆီက ရတဲ့ကိုယ်သင်းရနံ့ဟာ ကိုယ့်ကို ခံစားမှုတစ်ခုပေးနေ သလိုစိတ်ထဲမှာခံစားရတာ တစ်မျိုးလေးပေါ့။
ဘယ်လိုမှ ရှောင်လို့မဖြစ်တဲ့ အခန်းကျဉ်းလေး....သူရုတ်တရက်ဝင်လာတာကြောင့် အခန်းတံခါး မပိတ်ထားမိတဲ့ ကိုယ့်အဖြစ်...သူ..သူတံခါးကို ပြန်မပိတ်ပဲ ၀င်လာခဲ့ပြီ။ ပြီးတော့ ပူနွေးစိုစွတ်တဲ့ အနမ်းတွေ....နူးညံ့တဲ့ အထိအတွေ့....ပထမဆုံးနေ့မှာပဲ ဦးဆုံး အတွေ့အကြုံကိုခံစားရတဲ့ ရင်ခုန်တာတွေဟာ အခုပြန်စဉ်းစားတဲ့အချိန်အထိ ပူနွေးနေဆဲပါ။
ဒီနေ့....ရန်ကုန်မရောက်ဘူးတဲ့ ကိုယ့်ကို ဘုရားအစုံ၊ပြည်သူ့ဥယျာဉ် စတာတွေကိုလိုက်ပို့ မယ်လို့သူပြောထားတာလေ။ကိုယ်ကတော့ နေရာဒေသ အသစ်ဖြစ်တာကြောင့်ရော၊ နေမြင့်အောင် အိပ်ကျင့်မရှိတာကြောင့်ရော အစောကြီးနိုးနေတာကြောင့် ထမင်းကြော်၊ မီးဖိုထဲက ရှိတဲ့ မုန့်ညင်းချဉ်လို စားစရာတွေကိုတောင် အသင့်ပြင်ပြီးနေတာကြာလှပေါ့။
Wow....မနက်ခင်း တံခါးပေါက်ကနေ ၀င်လာတဲ့လေနွေးနွေးနဲ့ အတူ လမ်းမပေါ်မှာ ရှင်းလင်းနေလိုက်တာ။လမ်းပေါ်မှာ သွားလာနေသူနည်းနည်းကလွဲလို့ လူသွားလူလာ သိပ်မရှိ ပါလား။ဒီအချိန်ဆိုရင် ကိုယ်တို့မန္တလေးမှာ ဆူညံနေပြီ။ မျက်နှာချင်းဆိုင်က ပုဇွန်တောင် အထက်တန်းကျောင်းအဆောက်အအုံကြီးကိုဆောက်နေတာ မြင့်မှမြင့်။ကိုယ်လို အမြင့် ကြောက်သူဆိုရင် ဒီလိုကျောင်းမျိုးမှာ တက်ဖြစ်မှာ မဟုတ်ဘူး။
ဟာ...ဟ အိပ်နေတာကလည်း ကလေးလေးကျနေတာပဲ ကွေးကွေးလေး။သူ့ပါးကိုနမ်း လိုက်တော့ ဟာကွာ မင်းကလည်းအေးစက်နေတာပဲတဲ့။သူ့ကို အတင်းနှိုး...သူကအတင်း ပြန်အိပ် ပျော်စရာတော့ အကောင်းသား။
ကိုယ်ချက်ထားတာတွေကို အားရပါးရစားနေတဲ့အတွက် ကိုယ်တော့ ၀မ်းသာကြည်နူး မိတာ အမှန်။သူက မင်းသာဒီမှာ အလုပ်ရလို့ ကိုယ်နဲ့အတူနေရင် ကိုယ်တော့ ၀က်ပုပ်ကြီး ဖြစ်လာမှာပဲတဲ့။မြန်မြန် အလုပ်ရပါရစေ အဆင်ပြေပါစေလို့ ကိုယ်ဆုတောင်းရတော့မှာပေါ့။
မင်းနဲ့ အတူနေခွင့်ရဖို့.....ပျော်ရွှင်နိုင်ဖို့.....။

No comments: