Friday, April 6, 2007

Phone is Ringing!

ဖုန်းမြည်တဲ့အခါ
သင်ဟာ ဖုန်းနဲ့ စကားပြောရတာ နှစ်သက်သူတစ်ယောက်လား။
သင်ဟာ ဖုန်းအကြာကြီး စကားပြောရတာကို နှစ်သက်ပါသလား။
ဖုန်းမြည်နေပါတယ်။ သင့် သူငယ်ချင်းတစ်ယောက်ဆီက လာတာဖြစ်ပြီး သူ့ရဲ့နောက်ဆုံး ကျန်းမာရေးအခြေအနေ ကိုပြောပြနေပါတယ်။ သင်ဟာအလုပ်ရှုပ်နေပြီး အချိန်မရတဲ့အတွက် ပြန်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောပစ်ဖို့(ဒါမှ မဟုတ်) ဖုန်းချလိုက်ဖို့လည်း မလုပ်ချင်ပါဘူး။ ကဲ...ဘာလုပ်မလဲ။အချိန်အများကြီး ဖုန်းထဲမှာ မကုန်စေဖို့ ဘာ လုပ်မလဲ။ အချိန်စီမံခန့်ခွဲမှု အတိုင်ပင်ခံ Stephanie Wistonအောက်ပါအချက်တွေကို အကြံပေးထားပါတယ်။
(၁) “ဘာသတင်းထူးလဲ”စတဲ့ မေးခွန်းမျိုးတွေ ဖုန်းဝင်လာတဲ့အခါ မမေးလိုက်ပါနဲ့။ ဒီလိုမေးလိုက်ခြင်းအားဖြင့် တစ်ဖက်က စကားပြောနေတဲ့လူဟာ သင့်မှာ စကားပြောဖို့ အချိန်ရတယ်လို့ ထင်သွားစေပါတယ်။ “ဟဲလို” လို့ထူးပြီးတာနဲ့ ဖုန်းဆက်ရတဲ့လိုရင်းကို ပြောပါစေ။
(၂) ဥာဏ်နဲ့ယှဉ်ပြီးဖုန်းခေါ်ပါ။ သင်ဟာ လူတစ်ယောက်ဆီကို ဖုန်းဆက်ကိုဆက်ရမယ်။ ဒီနေ့မဆက်လို့ မဖြစ်ဘူး။ ဖုန်းထဲမှာ စကားအကြာကြီးပြောဖို့လည်း အချိန်မရဘူး။ဒါဆိုရင် သူ့ဆီကို နေ့လယ်စာ ဒါမှမဟုတ် ညစာမစားခင် အချိန်ကလေးကပ်ပြီး ဖုန်းဆက်လိုက်ပါ။ ဒါမှမဟုတ် သူ့အလုပ်ချိန်အပြီး ပင်ပန်းနေမယ့်အချိန်မှန်းပြီး ဖုန်းဆက်ပါ။ ဒီလိုအချိန်တွေမှာ လူအများစုဟာ စကားအများကြီး မပြောကြပါဘူး။
(၃)ဖုန်းထဲမှာ စကားစပြောတာနဲ့ ပြောနိုင်မယ့်အချိန်ကို ပြောလိုက်ပါ။စတာနဲ့ “ဟိုင်း...ငါဒီနေ့ အချိန်သိပ်မရဘူး။ ဒါပေမယ့် ငါနင့်ကို ပြောချင်တာက...”ဆိုပြီး လိုရင်းကို ခေါ်ရင်ခေါ်(ဒါမှမဟုတ်) “ငါနင်နဲ့ စကားပြောချင်တာက အများကြီး ပြောချင်ပါတယ်ဟာ။ဒါပေမယ့် ငါအခု လူကြုံမှာလိုက်တဲ့ ကိစ္စတွေ သွားလုပ်ရမှာမို့ အချိန်သိပ်မရဘူး” စသဖြင့် ဖုန်းပြောတာနဲ့အချိန်ကို ကန့်သတ်လိုက်ပါ။
(၄) ရပ်နားမှုကို အခွင့်ကောင်းယူလိုက်ပါ။ ဘယ်လောက်ပဲ စကားများတဲ့လူပဲဖြစ်ဖြစ် သူနဲ့ စကားပြောရင် သူ့စကားရပ်တာကိုစောင့်ပါ။ အသံခဏရပ်သွားတာနဲ့ တစ်ပြိုင်နက် ချက်ချင်းပြောဖို့ လိုတာက “ဟာ.. နင်ပြောတဲ့ အကြောင်းအရာတွေက အရမ်းကိုကောင်းပါတယ်” ဒါမှမဟုတ် “ဒီနေ့ နင်နဲ့စကားပြောရတာ အရမ်းကို အဖိုးတန် သွားပြီ” စသဖြင့် သူခဏနားပြီး စကားပြန်မဆက်နိုင်မီဖြတ်တောက်ပြောလိုက်ခြင်းကြောင့် စကားပြောတာ ပြီးပြီ လို့ယူဆလိုက်လို့ ရပါတယ်။ပြီးတာနဲ့ နှုတ်ဆက်ပြီး ဖုန်းချလိုက်ပါ။
(၅) အားမနာပါနဲ့။ တစ်ခါတစ်လေ တချို့လူတွေဟာ အချိန်မရဘူးလို့ ဘယ်လိုပဲ အထာပေးပေး နားမလည်ပါဘူး။ အရိပ်ပြလည်း အကောင်မမြင်ပါဘူး။ဒါဆိုရင် သူပြောနေတဲ့ စကားကိုကြားဖြတ်ပြီး “နင်နဲ့ စကားအကြာကြီး ပြော ချင်ပါတယ်။ဒါပေမယ့် အရေးတကြီးလုပ်စရာတွေ ရှိနေတယ်။နောက်မှ ဆက်လိုက်မယ်။ဒါပဲနော်”ဆိုပြီး ဖုန်းအမြန် ချလိုက်ပါ။
(၆) တစ်ယောက်ယောက်ကို အပြစ်ဖို့ပြီးဖုန်းပြောတာကို ရပ်နားပါ။ ဒါမှမဟုတ် တစ်ယောက်ယောက်ရဲ့ အကူ အညီကိုရယူပါ။ သင်ဟာဖုန်းစကားပြောရင်း လေကြောကို ဖြတ်လို့မရဘူးဆိုရင် တစ်ယောက်ယောက်ကို ကူညီဖို့ အချက်ပြလိုက်ပါ။ ဥပမာ ဖုန်းပြောရင်း၊လေကြောမိနေရင်း အသံကျယ်ကျယ်နဲ့ ဧည့်ခန်းဘက်လှည့်ပြီး “ဟဲ့.. ဟိုကြောင်၊ဆိုဖာတွေကို ကုတ်မနေနဲ့။ ဟဲ့...အိမ်မှာကြည့်ပြောမယ့်လူ မရှိဘူးလား။ဟာ...မရတော့ပါဘူး။ ဟို..ဟို နောက်မှ ပြန်ဆက်တော့မယ်နော်” ဆိုပြီး ကြောင်မောင်းမယ့်ပုံစံနဲ့ ဖုန်းချလိုက်ပါ။ ဒါတောင် သူကစောင့်ပါမယ်လို့ ပြောရင် အိမ်ကတစ်ယောက်ယောက်ကို မျက်ရိပ်ပြပြီး အော်ခိုင်းပါ။ “ဟဲ့...နင်ပေါင်မုန့် မီးကင်ထားတာ ကျွမ်းနေ ပြီနဲ့တူတယ်။ တူးနံ့နံတယ်” စသဖြင့် အကြောင်းပြချက်တစ်ခုကို တစ်ဖက်လူက ကြားအောင် အော်ပြောခိုင်းပါ။ ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။
(၇) နောက်ဆုံးအကြံပေးချက်အနေနဲ့ ဖုန်းနဲ့စကားအကြာကြီးပြောဖို့ အချိန်မရရင် ဖုန်းလုံးဝမပြောပါနဲ့။ သင့်မှာ အရမ်းအရေးကြီးတဲ့ ပြောစရာရှိနေရင် သူ့ဖုန်းထဲကို Mail Messageပို့ထားလိုက်ပါ။
Aprilလထုတ် Teen Magazineမှ တစ်ဆင့်ပြန်လည်ဝေမျှထားတာပါ။

No comments: