Monday, March 12, 2007

Sunday Talk at my Hostel.

မနေ့က တနင်္ဂနွေဆိုတော့ အလုပ်အားရက်ပေါ့။သူငယ်ချင်းကအဆောင်ကိုလာလည်ပါတယ်။ သူက ဗုဒ္ဓဘာသာမဟုတ်ပါဘူးသူက ကျွန်တော့်အိပ်ယာဘေးက ဘာသာရေးစာအုပ်တစ်ချို့ကိုတွေ့သွားပြီး ကျွန်တော့်ကို မေးခွန်းတစ်ချို့မေးပါတယ်။ ကျွန်တော်လည်းသိသလောက်သာဖြေနိုင်တာပေါ့။ကျွန်တော်က အခုမှ မိရိုးဖလာ ဗုဒ္ဓဘာသာအဆင့်မှာပဲရှိသေးတာကိုး။သူပြန်သွားတော့ ကျွန်တော်တော်တော်ရှက်မိပါ တယ် သေသေချာချာမဖြေလိုက်နိုင်ဘူးကိုး။ ညကျတော့ အဆောင်ပိုင်ရှင် ဦးလေးနဲ့ တိုင်ပင်ဖြစ်ပါတယ်၊ မေးမြန်းဆွေးနွေးဖြစ်ပါတယ်။ ကျွန်တော်သိလိုက်သမျှကို သူငယ်ချင်းတွေ အခြားသူတွေလည်း သိစေလိုတဲ့ သဘောနဲ့ ဝေမျှလိုက်ပါတယ်။
(၁) ဗုဒ္ဓဘာသာကို ဘာကြောင့်ကိုးကွယ်တာလဲ?
ဗုဒ္ဓဘာသာကိုကိုးကွယ်တဲ့သဘောတရားကတော့ လောကကြီးငြိမ်းချမ်းသာဖို့ ဗုဒ္ဓဘာသာကို ကိုးကိုယ် တယ်။တစ်နည်းဆိုရသော် ဒုက္ခကင်းဝေးချမ်းသာဖို့အရေးအတွက် ကိုးကွယ်ကြပါတယ်။ လူတွေ ဒုက္ခရောက်နေကြတာကတော့ လောဘ၊ဒေါသ၊မောဟတွေ လွန်ကဲနေကြတဲ့အတွက် ဆင်းရဲ ဒုက္ခခံစားကြ ရတာဖြစ်တယ်။ဒါကြောင့် လောဘနည်းရေး၊ဒေါသနည်းရေး၊မောဟနည်းရေးအတွက် သဘာဝနိယာမကို အခြေခံသော ဗုဒ္ဓကျင့်စဉ်ကို နှစ်သက်၍ ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။
(၂)ဘုရားဘာကြောင့်ရှိခိုးတာလည်း?ဘာကြောင့်ကိုးကွယ်တာလည်း?
ရှိခိုးခြင်းဆိုတာပူဇော်ခြင်းဖြစ်သည်။ ရှိခိုးပူဇော်ရခြင်းသည် ယုံကြည်ခြင်းဟူသော သဒ္ဓါပေါ်မူတည်တယ်။ ဒါကြောင့် ဘုရားတည်းဟူသောရတနာ၊တရားတည်းဟူသောရတနာ၊သံဃာတည်းဟူသောရတနာများမှ တစ်ပါးကိုးကွယ်ရာမရှိဟု မမှိတ်မသုန်ယုံကြည်ပြီး ပူဇော်ကန်တော့ခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာဝင်ဆို သည်မှာ ရတနာမြတ်သုံးပါးကို ယုံကြည်သူများကိုသာဆိုလိုသည်။
လောဘနည်းရေး၊ မောဟနည်းရေး၊ဒေါသနည်းရေး ကျင့်သုံးမှသာလျှင် သတ်တ၀ါတိုင်းသတ်တ၀ါတိုင်း ငြိမ်းအေးချမ်းသာမည်မှာ သဘာတရားဖြစ်သည်။ ယင်းသဘာဝတရားကို ဖော်ထုတ်လမ်းညွန်မှုပြုသူမှာ သမ္မာသမ္ဗုဒ္ဓဖြစ်သည်။ ဒါကြောင့် သံသရာကြီးရဲ့ ဒုက္ခကင်းဝေးလွတ်မြောက်စေပြီး အမြိုက်တရား နိဗ္ဗာန် ချမ်းသာကို လူ၊နတ်၊ဗြဟ္မာ သတ်တ၀ါတိုင်းအား ကယ်မလမ်းညွန်ပေးနိုင်သော ကျေးဇူးရှင် ဗုဒ္ဓမြတ်စွာ ဘုရားရှင်ကို ကိုးကွယ်ခြင်းဖြစ်သည်။
(၃) ဈေးရောင်းနေရင်း ပုတီးစိပ်တယ်၊ဈေးစကားပြောတယ် ဈေးရောင်းတယ် ဒါဟာ?မနက်ကတော့ မေတ္တာ
ပို့အမျှအတန်းဝေတယ်၊ ညနေကျတော့ အိမ်ကကြက်ကို သတ်စားတယ်၊ ဒါဟာဘာလည်း?
မေတ္တာ ပို့အမျှဝေတယ်ဆိုတာ ကုသိုလ်ကောင်းမှုလုပ်တာဖြစ်တယ်၊အိမ်က ကြက်ကိုသတ်စားတာက အကုသိုလ်အလုပ်လုပ်တာဖြစ်တယ်။မြတ်စွာဘုရားက ကုသိုလ်အလုပ်လုပ်တာကို ဘုရားကလက်ခံပြီး၊ အကုသိုလ်အလုပ်လုပ်တာကို ဘုရားက ပစ်ပယ်ပါတယ်။သို့သော် ဘုရားက မည်သူ့ကိုမျှ လုပ်ရ၊မလုပ်ရဟု အတင်းအကြပ် ခိုးစေခြင်းမရှိပါ။ ပြုသူကောင်းမှုလုပ်ရင် ကောင်းကျိုးခံစားရမည်ဖြစ်ပြီး၊မကောင်းမှုလုပ်ရင် မကောင်းကျိုးကိုခံစားရမည်ဖြစ်သည်။
ကိုယ်ကျင့်တရားဆိုသည်မှာ သီလ၊သမာဓိကိုဆိုလိုသည်။ သီလဆိုသည်မှာ ကာယကံ၊၀စီကံ ထိမ်းခြင်းဖြစ် သည်။ သမာဓိဆိုသည်မှာ ရိုးသားဖြောင့်မတ်ခြင်းကိုဆိုလိုသည်။ဈေးသည်သည် စိတ်ပုတီးစိတ်၊မေတ္တာေ ၀ နေခြင်းသည် မေတ္တာ ဘာဝနာပွားများနေသည်ဟု မှတ်ယူနိုင်သော်လည်း သူရောင်းတဲ့ဈေးသည် သမာ အာဇီဝကျမကျ သိရှိဖို့ခဲယဉ်းသည်။မေတ္တာ ဘာဝနာပွားများပြီး သမာအာဇီဝကျသောရောင်းဝယ်မှုဖြစ်လျှင် မြင့်မြတ်သောကိုယ်ကျင့်ပြည့်စုံသူ သမာဓိရှိသူပြောရပါမယ်။ သမာအာဇီဝမကျရောင်းဝယ်သူဖြစ်လျှင်မူ သီလသမာဓိမရှိသူဟု မှတ်ယူနိုင်သည်။
ကုသိုလ်၊အကုသိုလ်နှစ်မျိုးလုံးပြုလုပ်နေသူဟုသာ မှတ်ယူရမည်ဖြစ်ပြီး ကြောင်းကျိုးဆက်နွယ်မှု ဓမ္မနိယာမ အရ ကုသိုလ်ပြုလျှင် ကုသိုလ်အကျိုးခံစားရမည်၊အကုသိုလ်ပြုလျှင် အကုသိုလ်အကျိုးခံစားရမည်မှာ သဘာဝနိယာမမှာ အခြေခံသောဗုဒ္ဓဘာသာတရားတော်နှင့်အညီ စဉ်းစားရမည်ဖြစ်သည်။
(၄)အပြစ်ရှိတဲ့သူတစ်ယောက်ဟာ အပြစ်ပြုခံရသူကို ရှိခိုးကန်တော့လိုက်ရင် အပြစ်ဟာ ကြေပျက်သွား ရောလား?
အကုသိုလ်ကံ၊ကုသိုလ်ကံဟာ အာနိသင်ချန်ပြီး ပျောက်ပြယ်သွားဒါမှမဟုတ်အကျိုးပေးတတ်ပါတယ်။ အဲဒီအာနိသင်ဟာ
- ဒီဘ၀မှာပြုတဲ့အကုသိုလ်၊ကုသိုလ်ဟာ ဒီဘ၀မှာပဲ အကျိုးပေးတာ၊အဟောသိကံဖြစ်သွားတာလည်း ရှိတယ်။
- နောက်ဘ၀မှာမှ အကုသိုလ်ကံ၊ကုသိုလ်ကံ အကျိုးပေးတာ၊အဟောသိကံဖြစ်သွားတာလည်း ရှိတယ်။
- သံသရာတစ်လျှောက်လုံး အာနိသင်ရှိနေတတ်တဲ့ အကုသိုလ်ကံ၊ကုသိုလ်ကံလည်းရှိတယ်။
အာနိသင်ပြုသူဟာ အာနိသင်အကျိုးကို နိဗ္ဗာန်မရခင်အထိခံရမည်မှာ အမှန်ဖြစ်သည်။ ဒေ၀ဒတ်ဟာ မြတ်စွာဘုရားရှင်ကို သွေးစိမ်းထွက်အောင်လုပ်တယ်။ဘုရားရှင်က အပြစ်မယူစိတ်မဆိုးသောလည်း ဒေ၀ဒတ်ဟာ မြေမြိုခံခဲ့ရတယ်။ ကာယကံရှင်က ခွင့်ပြုသော်လည်း ပြုလုပ်တဲ့ ကံကမပျောက်တဲ့အတွက် ပြုလုပ်သော အကုသိုလ်အကြောင်းတရားကြောင့် အကျိုးတရားကိုခံစားရမည်သာဖြစ်သည်။ပြီးတော့ အဲဒီဦးလေးကပြောပါသေးတယ်...ရှိခိုးကန်တော့တယ်ဆိုတာ နောက်ဒီလိုမပြုတော့ပါဘူးဟု ၀န်ခံကတိပြုရာရောက်သလို ကိုယ့်ကိုယ်ကိုယ်လည်း ၀န်ခံကတိထားရာရောက်ပါသတဲ့။

No comments: