Wednesday, March 7, 2007

News

ကျွန်တော်ဖတ်ဖြစ်တဲ့ စာစောင်မဂဇင်းတွေမှာ ပါတဲ့ သတင်းအထွေထွေကို စိတ်ဝင်စားလို့ ဖတ်ဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း စိတ်ဝင်စားမယ်လို့ကိုယ်ထင်တယ်။ သိပြီးသားဆိုရင် လည်းအဲဒီသတင်းကို ပြန်နွေးတယ်လို့သဘောထားလို့ရတာပေါ့လေ။
(1)ဆေးလိပ်ဖြတ်နည်း မထောက်ခံ
တရုတ်တို့သည် ရူယံ(RUYAM)အမည်ရှိ တရုတ်ဆေးလိပ်ဖြတ် အတံကို တရုတ်ပြည်တွင် ရောင်းချရာ ဒေါ်လာ သန်း၁၂၅ပင်ရောင်းချခဲ့ပြီး ဖြစ်သည်။ ရူယံ အဓိတ်ပါယ်မှာ “စီးကရက်နှင့် တူသည်”ဟုအဓိတ်ပါယ်ရပြီးဆေးတံအတွင် နစ်ကိုတင်ပါသော အလုံးငယ်များထည့် သောက် ရှူရသော အတံဖြစ်သည်။ ဆေးလိပ်ဖြတ်ရာတွင် NRTခေါ် “နစ်ကိုတင် ရီပလေ့စ်မင့် သာရပီ” ဆေးလိပ်အစား နစ်ကိုတင်ကို ရှူစေပြီး ဆေးလိပ်ဖြတ်ရန်ဖြစ်သည်။
တရုတ်ပြည်တွင် ရောင်းချနေသော်လည်း “ရူယံ”သည် ဆေးလိပ်ဖြတ်ရာတွင် အသုံးပြုနိုင် သည်ဟု worldကျန်းမာရေးအဖွဲ့မှ မထောက်ခံချေ။ အကြောင်းမူ ထိုအလုံးတစ်လုံးစီတွင် နစ်ကိုတင် ၁၈မီလီဂရမ်ပါပြီး စီးကရက်တစ်လိပ်ပါ နစ်ကိုတင် ၁.၂ မီလီဂရမ်ထက် များနေသောကြောင့် မထောက်ခံခြင်းဟုဆိုသည်။ ပါရဂူတို့ အဆိုအရ နစ်ကိုတင် အစားထိုး ဆေးလိပ်ဖြတ်ရာတွင် နစ်ကိုတင်ကို အကန့်အသတ်နှင့်နည်းနည်းစီ ထည့်ပြီးမှ ဖြတ်သင့်သည် ဆိုသည်။
(၂) ၀မ်းပျက်ဝမ်းလျှော ရောဂါအတွက် စမ်းသပ်စစ်ဆေးရေး နည်းလမ်းသစ် ရှာဖွေ တွေ့ရှိ
ဘရာဇီး သိပ်ပံပညာရှင်များက ကလေးများတွင် ဖြစ်ပွားတတ်သော ၀မ်းပျက်ဝမ်းလျှောရောဂါ အတွက် အကုန်အကျသက်သာပြီး အစွမ်းထက်သော စမ်းသပ်ရှာဖွေရေးနည်းလမ်းတစ်ရပ်ကို အောင်မြင်စွာရှာဖွေတွေ့ရှိခဲ့ကြောင်း Wednesdayတွင် Istituto Oswaldo Cruz သုတေသန လုပ်ငန်းက ကြောညာခဲ့သည်။
ဘရာဇီးနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးငယ်၃၀၀၀၀၀ခန့်မှာ ၀မ်းပျက်ဝမ်းလျှောရောဂါ ကြောင့် နှစ်စဉ်နှစ်တိုင်း ဆေးရုံတက် ဆေးဝါးကုသမှုခံယူနေရလျှက်ရှိသည်။ ထို့ကြောင့် အထူး ကုဆရာဝန်ကြီးများက ကလေးငယ်များအား အရည်အသွေးပြည့်ဝသော သောက်ရေနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို ဂရုတစိုက် ကျွေးမွေးကြရန် မိဘများအား တိုက်တွန်းထားသည်။
လူနာ၏ ခန်ဓာကိုယ်မှ အရည်ကြည်တစ်စက်မျှကို ရယူပြီးနောက် စမ်းသပ်စစ်ဆေးရသော အဆိုပါ စမ်းသပ်မှုသည် စက်ကန့်သုံးဆယ်အတွင်း ရောဂါအခြေအနေကို သိရှိနိုင်သည်။ အဆိုပါ စမ်းသပ်မှုအား Instituto Oswaldo Cruz သိပ်ပံသုတေသနလုပ်ငန်းမှ သုတေသန ပညာရှင် Wablemir de Castro Silveria ကတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါတွေ့ရှိမှု အတွက် ဘရာဇီး ကျန်းမာရေးဝန်ကြီးဌာနက ၄င်းအားဆုချီမြင့်ခဲ့သည်။ အချို့သော ရောဂါဖြစ်ပွားမှုများ တွင် ၂၄နာရီအတွင်း စမ်းသပ်စစ်ဆေးပြီး ကုသရေးကိုပါ တစ်ပါတည်း ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။
(၃) အနာနှင့်လျှပ်စစ်
ဗြိတိန်နှင့် သြစတြေးလျမှ သုတေသီတို့သည် အနာအမြန်ပျောက်စေရန် အနာရှိရာသို့ လျှပ်စစ် ဓာတ်အား သင့်စေကြသည်။ ဓာတ်အားကြောင့် ကလာပ်စည်းများ ပုံမှန်ပြန်ကောင်းမှု မြန်ဆန် စေသည် ဆိုသည်။ အရေခွံသည် လျှပ်စစ်ဘက်ထရီကဲ့သို့ဖြစ်ပြီး ကလာပ်စည်းများအတွင်း လျှပ်စစ်စီးဆင်းစေသည်။ ဒဏ်ရာရလျှင် အရေခွံစုတ်ရွေ့ လျှပ်စစ်မစီးတော့။ အနာ ၁ဒသမ၂မီလီမိတာ ဝေးရာနှိုက် လျှပ်စစ်သင့်စေသော် အရေခွံတွင်း လျှပ်စစ်ပြန်စီးရွေ့ ကလာပ်စည်းများ လျင်မြန်စွာ ကျန်းမာစေသည်။

No comments: