Thursday, March 22, 2007

Diet and Weight Loss(1)

*ခန္ခာကိုယ်တွင်းအဆီများသည့်လက္ဓဏာ
ခန္ဓာကိုယ်တွင်းအဆီများလာလျှင်- -ဗိုက်ခေါက်ထူလာမည် -ဂုတ်ပိုးတက်လာမည် -တင်ပါးကြီးလာမည် -ပါးစုန့်ထွက်လာမည် ဤသည်တို့ကားသိသာထင်ရှားသောအပြင်ပန်းလက္ခဏာများဖြစ်သည်။ အတွင်းလက္ခဏာများကား- -အသွားအလာ လေးလံထိုင်းမှိုင်းမည်။ -အထိုင်အထနှေးကွေးမည်။ -အထက်အဆင်းမောမည်။ -အပြေးအလွှားမလုပ်ချင်ဖြစ်မည်။ ဤသည်တို့ကား သင့်ကျန်းမာရေးကို သတိပေးလာသော အချက်ပေးသံများဖြစ်ပေသည်။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာအသေးစားလေးများဖြစ်သော စိတ်တိုလွယ်ခြင်း၊စိတ်ညစ် တတ်လာခြင်း၊စိတ်အလိုမကျခြင်း စသည့်စိတ်ဝေဒနာများပါ ဖိစီးကပ်ငြိလာတတ်ပေ သည်။ဝခြင်းသည်ဆေးပညာရှုထောင့်မှကြည့်လျှင် ရောဂါဖြစ်သည်သာမက အရပ်သား လောကတွင်လည်း အများစုက အထူးသဖြင့် အသက်ကြီးသူများက လက်မခံကြတော့ ပေ။ ၀ခြင်း(Fat)သည် အဆီများခြင်းဖြစ်သကဲ့သို့ အလွန်ဝခြင်း(Obesity)သည်လည်း ကြောက်စရာကောင်း သောပြဿနာတစ်ရပ်ဖြစ်ပေသည်။
*၀ခြင်းကိုထိန်းချုပ်နည်းများ
လူတစ်ယောက်ဝလာပြီဆိုလျှင် ပြန်မပိန်ချင်တော့ပေ။ပိန်အောင် လုပ်ရမည်ကိုပျင်းလာကြ ပေသည်။ဤသည်ကိုက အလုပ်တစ်ခုခုကိုလုပ်ရန် လေးလံထိုင်းမှိုင်းလာသော အနိမ့်ဆုံး ရောဂါလက္ခဏာပင်ဖြစ်သည်။ ၀ခြင်းကို တစ်ဖက်ပါထိန်းချုပ်နည်းများဖြင့်ထိန်းချုပ်၍ရ သည်။ -ဓာတ်စာဖြင့်ချိန်ညှိ၍စားသောက်ခြင်း -လေ့ကျင့်ခန်းလုပ်ဆောင်ခြင်း -ခံတွင်းပျက်စေသော ဆေးဝါးများမှီဝဲခြင်း -အပြုအမူအနေအထိုင် သတိထားဆင်ခြင်ခြင်း(အစာနည်းနည်းစား၍ လေ့ကျင့်ခန်းများ များလုပ်)တို့တွင် ခံတွင်းပျက်စေသောဆေးဝါးများမှီဝဲ၍ ပိန်စေသောနည်းသည် နောက် ဆက်တွဲဆိုးကျိုးများဖြစ်ပေါ်လာစေနိုင်ပါသည်။အကောင်းဆုံးနည်းမှာ အပြုအမူအနေ အထိုင် သတိထားဆင်ခြင်ခြင်းဖြင့် မ၀စေသောနည်းပင်ဖြစ်ပေသည်။ ဓာတ်စာညှိ၍စားသောက်ခြင်း(Dietary Therapy)ကုထုံးသည်လည်း အတိအကျ လိုက်နာနိုင်ပါမှ အကျိုးရှိထိ ရောက်ပေမည်။ဤနည်းသည် ကယ်လိုရီထိန်းချုပ်နည်း(Caloric Restriction)ပင်ဖြစ်သည်။ အစားအသောက်များမှ ရသောကယ်လိုရီစွမ်းအား က အသုံးပြုနေသော ကယ်လိုရီစွမ်းအားထက်ပိုများနေ ပါကသင်၏ ခန္ဓာကိုယ် ၀ဖြိုးလာ မည်ဖြစ်သည်။ တူမျှနေပါမှ ခန္ဓာကိုယ်အလေးချိန်ကျ ဆင်းနေမည်။ သို့မဟုတ် အစား အသောက်များမှရ သော ကယ်လိုရီက နည်းပါမှ ခန္ဓာ ကိုယ်အလေးချိန်ကျမည်ဖြစ်သည်။
*၀လာလျှင်ဤရောဂါများသတိထား
-၀လာလျှင်ခါးနာမည် -သွေးဖိအားတက်ကာ သွေးတိုးမည်။ -နှလုံးသွေးကြောကျဉ်းကာ လေဖြတ်မည်။ ၀လာလျှင် ၀မ်းဗိုက်နှင့်ချက်ပတ်လည်တွင် အဆီအိတ်များဖြစ်ပေါ်လာပြီး ခန္ဓာကိုယ် ရှေ့ပိုင်း အလေးချိန်တိုးလာမည်ဖြစ်သည်။ဤသည်ကို အများက ဗိုက်ရွှဲသည်ဟုခေါ်ပေ သည်။ထိုအခါ ရွှဲလာသောဗိုက်ကိုထိန်းထားနိုင်ရန် ခါးမှကြွက်သားများက တောင့်တင်းပေး ရမည်ဖြစ်ရာ ၀လာတာကြာလေ ခါးနာလေဖြစ်လာမည်မှာအေကန်ပင်။ ထို့ပြင်ဝလာသောအခါ သွေးထဲ၌အဆီဓာတ်ပိုများလာပြီး သေးငယ်သောသွေးကြောလေး များ(Capillaries)ပိတ်ဆို့ကျဉ်းမြောင်းပြီးသွေးစီးဆင်းနှုန်းနှေးကွေးလာမည်ဖြစ်သည်။ ထိုမှတစ်ဆင့် သွေးကြောကျဉ်းရောဂါဖြစ်လာပြီး လေဖြတ်ခြင်း(Stoke)ဖြစ်နိုင်ပေသည်။ သွေးဖိ အားပိုမိုတက်လာသည်နှင့်အမျှသွေးတိုးရောဂါပါဖိစီးလာကာ သူ၏အဖော်ဖြစ် သောနှလုံးရောဂါလည်း တစ်ပါတည်းပါလာနိုင်ပေသည်။ ဤသည်တို့မှာကားဝခြင်း၏ အပြစ်များဖြစ်၍ မိမိခန္ခာ ကိုယ် အား ၀ခြင်းမှကင်း၍ ဆလင်း ဘော်ဒီဟုခေါ်သော သွယ်လျလျခန္ဓာကိုယ်ဖြစ်ကာ အဆီကျ၍ လှပစေရန် လေ့ကျင့်ခန်း လုပ်ဆောင်၍ အဆီချ၊ဓာတ်စာဖြင့်ချိန်ညှိ၍ သတိရှိရမည်ဖြစ်ပေသည်။
*၀ိတ်ကျသွားပြီး အရေပြားအကြေးခွံပျောက်စေဖို့
ခန္ခာကိုယ်အလေးချိန် လျော့ကျသွားပြီး အရေပြားအကြေးခွံပျောက်စေဖို့ ဥရောပတိုက်၌ ပထမဦးဆုံးတီထွင်ခဲ့သော အသံလွန်လှိုင်းကုထုံးသည် ဆရာဝန်များ၏ ကျယ်ပြန့်စွာအသုံးပြုမှုကြောင့် လွန်ခဲ့သော(၁၀)နှစ်အတွင်း ဥရောပတိုက်၌ခေတ်စားလာပြီ ဖြစ်သည်။ယင်းနည်းသည် အဆီများသောအသားမျှင်များ(Adipose Tissue)အကြား ကြိမ်နှုန်းနိမ့်သော အသံလွန်လှိုင်းကို ဖြတ်သန်းစေခြင်းဖြင့် ခန္ဓာကိုယ်ရှိအဆီများကို အရည် အဖြစ်သို့ ပြောင်းလဲပစ်ပြီးအသားများအကြားစိမ့်ဝင်သွားကာ အနံရည်အဖြစ်စွန့်ပစ်ထုတ်နိုင် သောနည်းဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် လေ့လာမှုများအရ ၈၀ရာခိုင်နှုန်းအောင်မြင်မှုရရှိခဲ့သည်ဟုဆိုသည်။ပျှမ်းမျှ အားဖြင့် ချက်တစ်ဝိုက်၈စင်တီမီတာပတ်လည်နှင့် တင်ပါးတစ်ဝိုက် ၁၀စင်တီမီတာပတ်လည် တို့ရှိအဆီများကို လျော့ကျစေသည်ဟုဆိုပါသည်။အဆီထူသောနေရာတစ်ဝိုက်တွင် ၁၀ရက် မတိုင်မီသိသိသာသာ ပျော့ပျောင်းလာစေပါသည်။ ကုသခံသူများက ဤနည်းသုံးပြီး မကြာမီခြေထောက်များပိုမိုပေါ့ပါးသွက်လက်လာပြီး အကျီအ၀တ်အစားဆိုက်လျှော့ရသည်ဟု ထောက်ခံပြောဆိုပြီး ခန္ခာကိုယ်ခြေလက် အစိတ် အပိုင်းအားလုံး သွေးလည်ပတ်နှုန်း ပိုမိုကောင်းမွန်လာသည်ဟုဆိုပါသည်။ သုတေသီများ၏တွေ့ရှိချက်အရ ကြိမ်နှုန်းနိမ့်အသံလွန်လှိုင်း(Low frequency Ultrasound)သည် အရေပြားသန့်ရှင်းမှုကိုလည်း အကျိုးပြုစေသည်ဟုဆိုပါသည်။ အရေပြားများအကြေးခွံကဲ့သို့ ဖြစ်နေသောသူများကိုလည်း ထိုကုထုံးဖြင့်ကုသခြင်းဖြင့် ထိုနေရာတစ်ဝိုက်ရှိ အကြေးခွံအရေအတွက် လျော့ကျစေပြီး ရေဓာတ်ပိုမိုတိုးပွားလာစေကာ အရေပြားကို ချောမွတ်လာစေသည်ဟုဆိုပါသည်။

1 comment:

Unknown said...

ကြိမ်နှုန်းနိမ့်အသံလွန်လှိုင်း(Low frequency Ultrasound)အဲ့ဒါက ဘယ်နိုင်ငံတွေမှာရနိုင်လဲဆိုတာ သိချင်လို့ပါ